14
"ကျွန် ကျွန်တော့် ကိုမသတ်ပါနဲ့ ကျွန်တော်ကလူကောင်း "
ဟွေ့လုံ ပြောရင်းတစ်ဝက်မှာ လူပုံကနေ သားရဲပြောင်းပြောင်းသွားတာမို့ သူ့ရဲ့စကားကို အတော်လေးအချိန်ယူ နားထောင်လိုက်ရသည်။
"သူကသားရဲအရိုင်းအထီး"
"ဟင်"
ထို့ကြောင့် ခုလိုဆား တစ်မျိုးတည်းထည့်ထားတာကပင် သူတို့အတွက်အရသာရှိနေပြီဖြစ်သညျ။
"ကောင်းပြီလေ"
"အဆင့် ၇"
သားရဲကမ်ဘာ တွင် အထီးများက သူတို့ရဲ့စွမ်းအားကို အဆင့် ၁ မှ ၁၀ ထိနိမ့်ရာမှမြင့်ရာသို့သတ်မှတ်ထားသည်။
"ရတာပေါ့"
"ငါ လည်းရှာပေးမယ် "
"ငါ့တာဝန်တာထားလိုက်"
ဒါ ကိုယ့် acc နဲ့ sever
uni
ဖုန်းကျင်းကမြွေကို ဖမ်းရန် အနားသို့သွားလိုက်တော့ မြွေက ပိုပြီးလူးလွန့်လာကာ လူတစ်ယောက်အဖြစ်ပြောင်းသွားသည်။
ရုတ်တက် လူနှစ်ယောက်မှာ နှင့် ကြောင်တစ်ကောင် အေးခဲသွားသည်။ မီမီ က ထိုမြွေကြီးက လူပြောင်းသွားတာကိုမြင်တော့ လန့်သွားပြီး မိုမို နောက်သို့ပြေးသွား လေသည်။
"ကျွန် ကျွန်တော့် ကိုမသတ်ပါနဲ့ ကျွန်တော်ကလာကောင်း "
ထိုလူရဲ့စကားမဆုံးခင် ရုတ်တရက် မြွေပုံပြောင်းသွားသည်။
ခဏကြာတော့လူပုံပြန်ပြောင်းသွားပြန်သည်။
"ကျွန်တော်ကလူကောင်းတစ်ယောက်ပါ"
ထိုသို့ပြောပြီးနောက် မြွေပြောင်းသွားပြန်သည်။ ခဏကြာတော့လူပြန်ဖြစ်သွားသည်။
"ခင်ဗျား ထိုင်ပြီးပြောပါလား"
"ကျွန်တော်က အန်းဟွေ့လုံ ပါ ကျွန်တော်က လူပုံစံကိုမထိန်းနိုင်ဘူး အဲ့တာကြောင့် လူပုံပြောင်းရင် ဘယ်လောက်မှမကြာဘဲ သားရဲ ပြန်ဖြစ်ဖြစ်သွားလို့ မျိုးနွယ်စုက နှင်ထုတ်ခံရတာ"
ဟွေ့လုံ ပြောရင်းတစ်ဝက်မှာ လူပုံကေန သားရဲပြောင်းပြောင်းသွားတာမို့ သူ့ရဲ့စကားကို အတော်လေးအချိန်ယူ နားထောင်လိုက်ရသည်။
ဖုန်းကျင်း မျက်လုံးထဲ စာနာသည့် အရိပ်ရောင်များပေါ်လာသည်။
"ဟွေ့လုံက ဘယ်မျိုးနွယ်စုကလည်းဟင်"
သားရဲပုံပြန်ပြောင်းသွားသော ဟွေ့လုံ လူပုံပြန်ပြောင်းရပြန်သည်။
"ကျွန်တော်က အနက်ရောင် မြွေမျိုးနွယ်စုကပါ"
ထိုသို့ပြောပြီး သားရဲပုံပြောင်းသွားပြန်သည်။
"ကိုယ်ကြားဖူးတယ် အနက်ရောင်မြွေ ဘိုးဘေးတွေက အရင်တုန်းက ရေ ကိုထိန်းချုပ်နိုင်ကြတယ်"
ဖုန်းကျင်း က မိုမို ကြောင်တောင်တောင် ဖြစ်နေတာမြင်တော့ သူသိကြောင်း ဂုဏ်ယူစွာပြောလိုက်သည်။
ဟွေ့လုံ ကလည်း သူ့ရဲ့မြွေခေါင်းကို အပေါ်အောက် တညိ့မ်ညိမ့်ဖြင့် ဂုဏ်ယူစွာ ယမ်းပြနေသည်။ မီမီက မိုမိုနောက်ကနေထွက်ပြီး ဟွေ့လုံနား မသိမသာလေးတိုးကပ်သွားပြီး ဟွေ့လုံ ကိုစိတ်ဝင်စားစွာကြည့်နေသည်။ ထို့နောင် သူ့ရဲ့ ဖြူဖွေစပြည့်ဖောင်းသော လက်လေးကိုထုတ်ကာ ဟွေ့လုံ အမြီး ကို ဖွဖွလေးထိကြည့်လိုက်သည်။ သူ့ရဲ့လက်က ဟွေ့လုံအမြီးကို ထိမိသည်နှင့် မိုမိုထံနောက်လှည့်ပြေးတော့သည်။
ထို့နောက် ခေါင်းလေးထုတ်ပြီး ဟွေ့လုံကိုကြည့်လိုက်ပြီး ဟွေ့လုံ စိတ်မနဆိုးဘူး ဆိုမှ အသာလေးပြန်ထွက်လာသည်။ ဟွေ့လုံက မီမီ ကိုကြည့်နေတာမြင်တော့ မိုမိုက
"သူက မီမီ လို့ခေါ်တယ် ယာဉ်ပါးတဲ့ အရိုင်းသားရဲပါ"
"သူကသားရဲအရိုင်းအထီး"
ဖုန်းကျင်းကဖြည့်ပြောလိုက်သည်။
"ဟင်"
မိုမို ထိတ်လန့်စွာ ဖုန်းကျင်းကိုကြည့်လိက်ပြီး မီမီ ကိုချီပြီး သူ့အနောက်ဘက်ကို ကြည့်လိုက်သည်။ သူမြင်လိုက်ရတာက အမြီးအောက်က ချစ်စရာကောင်းသော အမွှေးလုံးလေးနှစ်လုံးပင် ။
မီမီ က သူ့ရှက်ရှက်ကို မိုမိုမြင်သွားတော့ မိုမို လက်ကနေခုန်ဆင်းကာ သူ့ဥလေး ကို လက်သေးသေးလေးဖြင့်ဖုံးလိုက်သည်။
"ကျွန်တော်က သူ့ကို အမလို့ထင်ခဲ့တာလေ"
မိုမို ဝမ်းနည်းစွာပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရတဲ့မီမီက ခဲတောင့်သွားကာ မိုမိုကို မယုံနိုင်သည့် အကြည့်ဖြင့်ကြည့်ရင်း ကျောပေးကာ သစ်ပင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
သွားလူတွေမကောင်းဘူး သူစိတ်နာတယ်ဟွန့်
"မီမီရေ အသားခြောက်လေးမစားချင်ဘူးလား"
မိုမိုက မီမီ စိတ်ဆိုးသွားတာ မြင်တော့ အသားခြောက်နှင့်မျှားလိုက်သည်။ အသားခြောဆိုတာနှင့် စိတ်ဓာတ်ကျနေသော မီမီ ကခေါင်းထောင်လာသည်။ ထို့နောက်မိုမိုဆီပြေးသွားပြီး အသားခြောက်ကို ဝါးနေလိုက်သည်။
ဟွန့် ဒီတစ်ခါခွင့်လွှတ်လိုက်မယ် အသားခြောက်ကြောင့်မဟုတ်ဘူးနော် သူကစိတ်သဘောထားပြည့်ဝတဲ့ကြောင်မို့လို့
မိုမို က အာလူးအချို့ကို ဆားနည်းနည်းဖြူးပြီး အတုံးသေးသေးလေး ဖြတ်ကာ ဟွေ့လုံ ကိုပေးလိုက်သည်။
ဟွေ့လုံကကျေးဇူးတင်သည့် အမူအရာလေးဖော်ပြကာ အာလူးကိုစားလိုက်သည်။
ထို့နောက်သူ့မျက်လုံးများကတောက်ပလာပြီး ဆက့တိုက်ဆိုသလို စားတော့သည်။ သူဒီလောက်အရသာရှိတာမျိုးမစားဖူးသေးဘူး။
မိုမိုက ဟွေ့လုံကိုကြည့်ကာ သာစရဲ ကမ္ဘာက သူတွေကိုသနားမိသွားသည်။ သူတို့က အသားကိုရိုးရိုးသာကင်စားကြပြီး အသီးအနှံတွေကိုညး အမများသာစားကြတာများသည်။ အထီးတွေက တစ်ခါတစ်လေမှသာစားကြသည်။
ထို့ကြောင့် ခုလိုဆား တစ်မျိုးတည်းထည့်ထားတာကပင် သူတို့အတွက်အရသာရှိနေပြီဖြစ်သည်။
ညစာစားပြီးနောက် သားမွှေးတွေကိုခင်းကာ အိပ်လိုက်သည်။ အိပ်ရာ က တစ်ခုတည်းရှိတာမို့ ဖုန်းကျင်းက ငှက်ပုံပြောင်းလိုက်ပြီး မိုမို ခေါင်းနားမှာအိပ်နေသည်။ မီမီ ကေတာ့မိုမို လက်မောင်းထဲခွေဝင်လာပြီး ဟွေ့လုံက မီးပုံနားမှာအိပ်နေသည်။
ထိုသို့နှင့် နေထွက်စပြုနေချိန် မိုမိုနိုးလာပြီး ထလိုက်တော့သူ့လက်မောင်းထဲခွေနေသည့် မီမီ ပါနိုးလာသည်။ ထို့နောက်သူ့ရဲ့ ခြေသည်းလေးတွေဆန့်ထုတ်ရင်း သမ်းလိုက်ကာ မိုမိုကိုပွတ်သပ်နေသည်။ မိုမို ဝါးတောက်ကိုဖွင့်ပြီး အဝါရောင်အသီးအနည်းငယ်ထုတ်လိုက်ပြီးဝါးလိုက်သည်။
ဖုန်းကျင်းကတော့ နေ့တိုင်းစားနေရတာမို့ အဆင်ပြေသွားပြီဖြစ်ကာ သူ့ရဲ့သွားတွေတောင်ပုလဲလုံးလေးလိုကဖြူလာပြီုဖြစ်သည်။
သူတို့ပစ္စည်းတွေသိမ်းပြီးနောက် ထွက်သွားဖို့လုပ်ချိန် ဟွေ့လုံက မိုမို ခြေထောက်ကို သူ့ရဲ့မြွေ အမြီးဖြင့်ရစ်ပတ်လိုက်သည်။
မိုမို ငုံ့ကြည့်ပြီး မေးလိုက်သည်။
"မင်း ငါတို့နဲ့လိုက်ချင်လို့လား"
မြွေလေးက သူ့ရဲ့ခေါင်းလေးကိုငြိမ့်လိုက်သည်။
"ငါတို့ရိက္ခာခိုးခံလိုက်ရတာကြောင့် ခင်ဗျားကို အစားစာသေချာကျွေးနိုင်မှာမဟုတ်ဘူး"
ဟွေ့လုံ သူ့ရဲ့မြွေခေါင်းကို ရပါတယ်ဆိုသည့် ပုံစံ ငြိမ့်ပြလိုက်သည်။
မိုမိုဟွေ့လုံတုံ့ပြန်မှု့ကိုကြည့်ကာ ဖုန်းကျင်းကိုလှည့်မေးလိုက်သည်။
"ရပါတယ် မင်းသာအဆင်ပြေရင် ကိုယ်ကကိစ္စမရှိပါဘူး "
"ကောင်းပြီလေ"
မိုမိုတွေးလိုက်သည်။ တစ်ယောက်ထက်ပိုလာတာလည်း ပြဿနာမရှိပါဘူးလေ။
ဟွေ့လုံ မိုမို ခွင့်ပြုချက်ကိုကြားတော့ပျော်သွားပြီး မိုမိုခြေထောက်ကနေ တွယ်တက်ကာ သူ့ရဲ့လက်ကိုရစ်ပတ်လိုက်သည်။
ဟွေ့လုံက သူ့ရဲ့ အရွယ်ကိုချုံ့လိုက်တာကြောင့် အခုဆိုသူက တစ်ပေလောက်သာ ရှိတော့သည်။ ထို့ကြောင့် သူမိုမို လက်ကိုရစ်ပတ်လိုက်တော့ မြွေပုံစံ လက်ကောက်လေးလိုဖြစ်နေသည်။
မိုမို မြွေရဲ့အေးစက်စက် အရေပြားကိုထိမိတော့ ရုတ်တရက်တောင့်သွားပြီး ပြန်အဆင်ပြေသွားသည်။ မြွေတွေရဲ့အရေပြားက ချွဲကျိကျိဖြစ် နိုင်လောက်သည်ဟုတွေးထားပေမယ့် အဲ့လိုမဟုတ်ဘဲ နည်းနည်းအေးစက်စက် ဖြစ်သည်ကလွဲရင်အဆင်ပြေသည်။
ဟွေ့လုံ မိုမိုလက်ကို ရစ်ပတ်လိုက်တာကိုမြင်တော့ မီမီက မနာလိုဖြစ်ပြီး ခုန်ကာမိုမို အနွေးထည် အဟလေး ထဲဝင်သွားပြိး ထိုအဟလေးကနေခေါင်းထုတ်ပြီး မြောင် ဟုအော်လိုက်သည်။
မိုမို ပြုံးပြီး မီမီရဲ့ အမွှေးပွပွလေးဖြစ်နေသောခေါင်းလေးကိုပွတ်ပေးလိုက်သည်။
"ဟွေ့လုံ က ဘယ်အဆင့်ရောက်ပြီလည်း"
"အဆင့် ၇"
ဟွေ့လုံက မိုမို လက်ကနေပြန်ဆင်းကာ လူပုံပြောင်းပြီးဖြေလိုက်သည်။
"ကျွန်တော့်ထက် ၃ ဆင့်တောင်မြင့်တာဘဲ"
သားရဲကမ္ဘာ တွင် အထီးများက သူတို့ရဲ့စွမ်းအားကို အဆင့် ၁ မှ ၁၀ ထိနိမ့်ရာမှမြင့်ရာသို့သတ်မှတ်ထားသည်။
အဆင့် ၁၀ ထိ တစ်ကိုယ်တည်း ကျင့်ကြံလို့ပေမယ့် အဆင့် ၁၀ ကျော်ပြီဆိုရင် နောက်တစ်ဆင့်တက်ဖို့ မိတ်ဖက်ရှာရသည်။ သူတို့မိတ်ဖက်က အားကောင်းလေ ပြောချင်တာ ကျောရှိတက်တူးက အရောင်ဆုံလေ အင်အားကြီးလေဖြစ်ကာ အထီးများကျင့်ကြံရာတွင်အတော်လေးအထောက်အကူပြုသည်။
အဆင့် ၁၀ ပြီးလျှင် ရွှေ့ပြောင်းခြင်း ဆိုသည့် ကျင့်စဉ်ရှိသည်။ ထိုကျင့်စဉ်က ကိုယ်နေသည့်ရွာမှ ထွက်ကာ မတူညီသည့်နယ်မြေထံသို့ ဆက်လက်ကျင့်ကြံရန် သွားရသည်။
ထိုမှတစ်ဆင့် အဖြူ အပြာ အနီ ဆိုပြီးရှိကာ တစ်ဆင့်တွင် အနိမ့် အလယ် အမြင့် ဆိုပြီး ရှိသည်။ ထိုအဆင့်တွေပြီးလျှင် တစ်ဖန် ရွှေ့ပြောင်းကျင့်စဉ်ဆိုသည့် နယ်မြေကိုတစ်ဖန်ပြောင်းရွေ့ရပြန်သည်။
ထို့နောက် ကနဦးကျင့်စဉ်ဆိုသည်ထိရှိသည်။ အခုထိတော့ ထိုအဆင့်ထိသာကြားဖူးသေးသည်။ ထို့ကြောင့် အထီးမ်ားက မိတ်ဖက်ရှာရာတွင် နောက်ကျောရှိ အမှတ်အရောင်စုံလေ ပိုကြိုက်လေဖြစ်ကာ သူတို့ကျင့်ကြံရာတွင်လည်းပိုမြန်စေသည်။
"ဒီနားမှရွာတွေဘာတွေရှိလား"
ဖုန်းကျင်းကမေးလိုက်သည်။
"ရှေ့မှာ ဥဒေါင်း ရွာရှိတယ်"
ဟွေ့လုံ ကပြောလိုက်သည်။
"ကိုယ်ကြားဖူးသလောက်ဆို ဥဒေါင်းတွေက အထီးရောအမရော အလှကြိုက်ကြတယ်တဲ့"
ဖုန်းကျင်းက မိုမိုကိုကြည့်ကာ သူသိသလောက်ကြွားလိုက်သည်။
ဟွေ့လုံကခေါင်းငြိမ့်ထောက်ခံသည်။
မိုမို ထိုစကားကြားတော့အကြံတစ်ခုရသွားသည်။
"ဖုန်းကျင်း ကျွန်တော့်ကို ဇိုင်းရွက်တွေရှာပေးလို့ရမလား "
"ရတာပေါ့"
"ငါ လည်းရှာပေးမယ် "
ဟွေ့လုံကရှေ့တက်လာကာပြောလိုက်သည်။
"ဒါဆိုဟွေ့လုံ ထင်းနည်းနည်းရှာပေးပါနော်"
"ငါ့တာဝန်တာထားလိုက်"
ထိုသို့ပြောပြီးမြွေပုံပြောင်းကာ တောထဲ ဝင်သွားသည်။ ဖုန်းကျင်းကတော့ ဇိုင်း ရွက်ရှာရန်သွားသည်။
မိုမို သူ့ အနွေးထည်ထဲက မီမီ ကိုချီပြီးအောက်ချလိုက်တော့မီမီက မကျေနပ်သလိုနှာမှုတ်သွားပြီး တစ်ဖက်သို့လှည့်လိုက်သည်။
မိုမိုက နယ်မြေထဲဝင်ပြီး အကြီးဆုံးဝါး အချို့နှင့် ကန်စွန်းဥခရမ်းနှင့် လိုလု သီးများကိုခူးလိုက်သည်။
လိုလုသီးကစိုက်တာမကြာသေးပေမယ့် သူ့နယ်မြေက အပင်များကြီးထွးတာမြန်သည်။
သူ ဝါးထိပ်ကိုဖြတ်လိုက်တော့ စွပ်ပြုတ်အိုးကြီးနှင့်တူသွားသည်။ သူဝါးထဲရေထည့်ကာ နယ်မြေထဲ ပစ်ထည့်ထားသည့် ဆေးပင်တစ်ချို့ယူပြီး ထွက်လာသည်။
ခဏကြာတော့ ဟွေ့လုံက သူ့အမြီးကြီးနှင့် ထင်းများကိုရစ်ပတ်သယ်ပြီး မိုမိုနားရောက်လာသည်။
မိုမို က မီးမွှေးလိုက်ပြီး ဆေးပင်နှစ်ပင်ကိုထည့်လိုက်သည်။
ဟွေ့လုံ မိုမိုကိုစိတ်ဝင်စားစွာကြည့်နေသည်။ မိုမိုက ထိုအကြည့်ကိုမြင်တော့ ဟွေ့လံ ဘာပြောချင်လည်းသိတာကြောင့် ရှင်းပြလိုက်သည်။
"ကျွန်တော်နဲ့ ဖုန်းကျင်းက သားရဲနတ်ဘုရား ကောင်းချီးပေးမခံရတဲ့သူတွေလေ ကျွန်တော်က အထီမဟုတ် အမမဟုတ် ဖြစ်နေတာ ဖုန်းကျင်းက သတ်မှတ်ထားတဲ့အမြင့်ထက်ပိုပြီးမြင့်အောင် ပျံလို့မရဘူးလေ "
ထိုစကားကိုကြားတော့ ဟွေ့လုံက ခေါင်းညိမ့်ပြီး သူ့အမြီးဖြင့် မိုမိုကို ဝမ်းမနည်းစေရန်ပုတ်ပေးလိုက်သည်။
မကြာခင်ဖုန်းကျင်းက ဇိုင်းရွက်အများအပြားဖြင့်ရောက်လာသည်။ မိုမိုက သူတို့ကို မနက္စာ ကန်စွန်းဥနှင့် အသားခြောက်မီးဖုတ်တို့ပေးလိုက်သည်။ ထို့နောက်သူ ဇိုင်းရွက်တွေကို သန့်ရှင်းရေးလုပ်ကာ လေးငါးခေါက်ခေါက်ပြီး ဆူလာပြီဖြစ်သည့် ဆေးပင်တွေထည့်ထားသော ရေထဲတွင် စိမ်လိုက်သည်။
ခဏ ကြာတော့ ရေက အစိမ်းရောင် ပြောင်းသွားပြီး မိုမိုက ရေတွေကိုသွန်လိုက်သည်။ ထိုအခါအိုးထဲရွိ ဇိုင်းရွက်များက အဖြူရောင်ဖြစ်သွားသည်။
မိုမို အိုးထဲရေထည့်ကာ ကန်စွန်းဥ ခရမ်းရောင်ကို ပြုတ်လိုက်သည်။ ခဏကြာတော့ အိုးထဲရှိရေများက ခမ်းရောင်ပြောင်းသွားတော့ အဖြူရောင် ဇိုင်း ရွက်အချို့ကို ထည့်လိုက်သည်။ အဖြူရောင်.ဇိုင်းရွက်များက တဖြည်းဖြည်း အရောင်ပြောင်းလာကပြီး ခဏကြာတော့ ခရမ်းရောင်ဖြစ်သွားသည်။
မိုမိုက ထိုအရွက်များကို သစ်ပင်ပေါ်မှာ အခြောက်ခံလိုက်ပြီး ကျန်သည့်ဇိုင်းရွက်ကို လိုလုသီးထည့်ထားသောရေထဲထည့်လိုက်သည်။
လိုလုသီးရည်များက ပန်းရောင်ဖြစ်တာကြောင့် အရွက်များက ပန်းရောင်ပြောင်းသွားသည်။
အခါဆိုသူ့မှာ အဖြူ ခရမ်းနှင့် ပန်းရောင် အစိမ်းရောင် ဇိုင်းရွက်တွေရှိနေပြီဖြစ်သည်။
ဖုန်းကျင်း နှင့် ဟွေ့လုံ က မိုမို ဘာလုပ်နေမှန်းမသိပေမယ့် ငြိမ်ပြီးကြည့်နေသည်။
ရေထည့်ထားသော ဝါးကျည်တောက် ကရေမရှိတာတွေ့တော့ ဟွေ့လုံကို ရေဘယ်မှာရှိလည်းမေးပြီး သားရဲပုံပြောင်းကာ ဝါးကျည်တောက် တွေကို ယူပြီး ပျံသွားသည်။ ထို့နောက်ရေဖြည့်ပြီးမိုမို နားမှာပြန်ချပေးကာ လူပုံမပြောင်းဘဲ သားရဲပုံနှင့်သာနေနေလိုက်သည်။
အချစ်လေးများ.. သာသာဘာလို့ update နောက်ကျနေရတာလည်း
အချောလေး.. အလုပ်ရှုပ်နေလို့ပါ
အချစ်လေးများ.. ဘာအလုပ် ( မျက်စောင်းထိုးပြီးမေး)
အချောလေး..ဂိမ်းဆော့နေလို့ပါ
ဆော့တဲ့လူရှိရင်အတူဆော့ရအောင်
game name.. life makeover
ဒါ ကိုယ့် acc နဲ့ sever
Bạn đang đọc truyện trên: Truyen4U.Com