19
တံခါတံခါးဝကလူကနာက်င္ေနေသာ သူ႕ရဲ႕ လည္ပင္းကို လက္ျဖင့္ ပြတ္ကာအခန္းအလယ္သို႔ ေလ်ာက္လာသည္။
"သူက ေရသူတိုင္းျပည္ရဲ႕ ေမွာ္ဆရာ အယ္လ္ တဲ့ "
ဘယ္လ္က မိတ္ဆက္ေပးလာသည္။
"ေတြ႕ရတာဝမ္းသာပါတယ္"
အယ္လ္ ကမိုမိုေဘးက အေကာင္ေတြကိုခပ္စူးစူးၾကည့္ကာေျပာသည္။
"ေနာက္ဆုံးေတာ့ လူသားရွာေတြ႕ၿပီေပါ့"
"ေတြ႕ရတာဝမ္းသာပါတယ္ ကြၽန္ေတာ္က မိုမိုပါ "
"အင္း"
အယ္လ္က ထိုသို႔ေျပာကာ မိုမို ဆန႔္ထုတ္ထားေသာလက္ကိုမျမင္ခ်င္ေယာင္ေဆာင္သြားလိုက္သည္။
"အျမန္လုပ္တာေပါ့ လက္ေပး"
အယ္လ္ ကေျပာကာ ႁပြန္တစ္ခုကိုယူလိုက္သည္။
မိုမိုက အယ္လ္နဲ႕ပက္သက္ၿပီး ခံစားခ်က္သိပ္မေကာင္းေပ။
"အရွင္မ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို အခ်ိန္အခ်ိဳ႕ေပးပါလား"
မိုမိုကေတာင္းဆိုလိုက္သည္။ သူထိုေမွာ္ဆရာနဲ႕ပက္သက္ၿပီး အေတာ္ေလး ခံစားခ်က္မေကာင္းေပ။
"အရွင္မ ဒီကိစၥ ေႏွာင့္ေႏွးလို႔ မရဘူးေနာ္"
အယ္လ္က ထိတ္လန႔္တၾကားေျပာလိုက္မိသည္။ သူ႕အသံေၾကာင့္ ေရသူဘုရင္မက မ်က္ေမွာင္ၾကဳတ္သြားတာျမင္ေတာ့မွ သူေျပာတာလြန္သြားမွန္းသတိထားမိသြားသည္။
"ကြၽန္ေတာ္ကမင္းသားငယ္ေလးအတြက္စိုးရိမ္လို႔ပါ"
"ကြၽန္မ လည္းသူ႕အတြက္စိုးရိမ္ပါတယ္ဒါေပမယ့္ အတင္းအက်ပ္ေတာ့လုပ္လို႔မရဘူးေလ"
ေရသူဘုရင္မက ထိုသို႔ေျပာၿပီးေနာက္ မိုမို ဘက္သို႔လွည့္ကာ သူ႕(မိုမို) လက္ကိုကိုင္ၿပီး ေျပာလိုက္သည္။
"ေက်းဇူးျပဳၿပီး ကူညီေပးပါေနာ္"
"ကြၽန္ေတာ္ႀကိဳးစားပါ့မယ္"
အနားတြင္ရွိေသာ ဖုန္းက်င္းမွာ မိုမို လက္ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္ေနသည္။ သူ႕ပုံကိုၾကည့္ရတာ အခုခ်က္ခ်င္း အဲ့လက္ကိုဆြဲျဖဳတ္ခ်င္ေနသည့္ပုံ ရသည္။
ေရသူစုံတြဲ အခန္းထဲက ထြက္သြားေတာ့ အယ္လ္က ေနာက္မွလိုက္သြားကာ သူ႕မ်က္ႏွာက သိပ္အဆင္မေျပတဲ့ပုံေပၚေနသည္။
မိုမိုက အခန္းကိုပတ္ၾကည့္လိုက္ၿပီးေနာက္ ေထာင့္ရွိအိပ္ရာေပၚသို႔တက္သြားလိုက္သည္။
အိပ္ရာက ႏူးညံ့တဲ့ေရညွိေတြျဖင့္ျပဳလုပ္ထားၿပီး ေရညွိဆိုေပမယ့္ ခြၽဲမေနဘဲ အိအိေလးႏွင့္ အိပ္လို႔ေကာင္းမည့္ပုံေပၚေနသည္။
"ဟယ္လို"
မိုမို အသံေသးေသးေလးေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ တံခါးဝနားမွသူ႕ကိုေခ်ာင္းၾကည့္ေနသည့္ ခ်စ္စရာေကာင္းေသာ ေရသူေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။
"ဘယ္လိုကူညီေပးရမလဲ"
မိုမိုကေမးလိုက္သည္။
'' ခင္ဗ်ားကလူသားဘဲ"
ထိုသို႔ေျပာၿပီးေနာက္ ထိုေရသူကပုန္းေနရာမွ ထြက္လာသည္။ ထိုေရသူေလးက အျပာေရာင္ မ်က္လုံးဝိုင္းႀကီးမ်ားရွိၿပီး ေ႐ႊေရာင္ဆံႏြယ္ႏွင့္ အျပာေရာင္ အၿမီးကို ပိုင္ဆိုင္ထားၿပီး အ႐ုပ္ကေလးလို ခ်စ္ဖို႔ေကာင္းလွသည္။
"အဟမ္း ကြၽန္ေတာ္က ေရသူတိုင္းျပည္ရဲ႕ ဒုတိယမင္းသား ေတာ့ရစ္ ပါ"
ထိုေရသူထီးေလးက သူ႕ကိုယ္ကို အနည္းငယ္ဦးၫႊတ္ကာ သူ႕ကိုယ္သူမိတ္ဆက္ေနပုံက မူႀကိဳကေလးေလးတစ္ေယာက္က အေနာက္တိုင္းဝတ္စုံျပည့္ဝတ္ၿပီး ေအသအခ်ာကို အေလးနက္ထားၿပီး ဦးၫြတ္လိုက္သလိုခ်စ္ဖို႔ေကာင္းလြန္းလွသည္။
"ေတြ႕ရတာဝမ္းသာပါတယ္ မင္းသားငယ္ေလး ကြၽန္ေတာ္ကမိုမို အထီးသားရဲပါ "
မိုမို က ေတာ့ရစ္ ပုံစံကိုအတုခိုးကာ ဦးၫြတ္လိုက္သည္။ ထို႔ေနာက္သူ႕ေနာက္က လူေတြကိုစပ္စုသလိုၾကည့္ေနတာေၾကာင့္မိတ္ဆက္ေပးလိုက္သည္။
"သူက ဖုန္းက်င္း အနီေရာင္ငွက္မ်ိဳးႏြယ္စု ကအထီးပါ သူေလးက မီမီ လို႔ေခၚတယ္ ကြၽန္ေတာ္မ်ိဳးရဲ႕ ေၾကာင္ေလးပါ သူေကတာ့ အန္းေဟြ႕လုံ ေႁမြမ်ိဳးႏြယ္စုကပါ သူလည္းအထီးဘဲ "
"ဝါး.... မိုက္လိုက္တာ "
ေတာ့ရစ္က အံဩတႀကီး ေျပာလိုက္မိသည္။ သူတို႔ေရသူတိုင္းျပည္မွာ ခုလို အေမႊးပြပြ အေကာင္မ်ိဳးမျမင္ခဲ့ဖူးေပ။ သူအခန္းထဲဝင္ခ်င္ေပမယ့္ အခန္းထဲမွာ သူေနဖို႔ေရမရွိတာေၾကာင့္ျဖစ္ၿပီး သူကလည္း ေရာဂါေၾကာင့္ လူေျခေထာက္ေျပာင္းလို႔မရေပ။
"အာ မဟုတ္ေသးဘူး လာတဲ့အေၾကာင္းေမ့ေတာ့မို႔"
ေတာ့ရစ္ သူ႕ေခါင္းကိုခါကာ သူ႕ကိုယ္သူျပန္ေျပာလိုက္သည္။
"လူသား အဲေလ မိုမို ေက်းဇူးျပဳၿပီး အကူညီတစ္ခုေတာင္းလို႔ရမလား"
"ကြၽန္ေတာ္မ်ိဳးကူညီနိုင္ရင္ တတ္နိုင္သေလာက္ႀကိဳးစားပါ့မယ္"
"သူတို႔က ယုံၾကည္ရပါတယ္ အရွင့္သား"
ေတာ့ရစ္က တစ္ခုခုေျပာခ်င္ေပမယ့္ သူ႕ေဘးက ဖုန္းက်င္းတို႔ရွိေနတာေၾကာင့္ ေျပာရခက္ေနပုံရသည္။
"ႏွစ္ေယာက္တည္းေျပာလို႔ရမလား"
ေတာ့ရစ္ပုံက ေတာင္းပန္သည့္ပုံစံႏွင့္ၾကည့္လာသည္။ မိုမို ဖုန္းက်င့းကိုၾကည့္လိုက္ေတာ့ ဖုန္းက်င္းက ေခါင္းၿငိမ့္လိုက္တာေၾကာင့္မိုမို ေတာ့ရစ္နားသို႔သြားလိုက္သည္။
ဝိုး...
ရုတ္တရက္ေတာ့ရစ္က သူ႕လက္ကိုဆြဲကာ ေရရွိေသာ ဘက္ျခမ္းသို႔ဆြဲလိုက္သည္။
ထို႔ေနာက္သူ႕ရဲ႕ပုခုံးကိုကိုင္ကာ သူ႕ကိုစိုက္ၾကည့္ရင္းေမးလာသည္။
"ခင္ဗ်ားအဲ့မေကာင္းဆိုးဝါးႀကီးကိုေသြးေပးလိုက္ေသးလား"
"မေကာင္းဆိုးဝါး ?''
'' အယ္လ္ ကိုေျပာတာ"
"မေပးရေသးပါဘူး"
မိုမို ထိုစကားေျပာၿပီးေရာ ေတာ့ရစ္ထံမွသက္ျပင္းခ်သံရွည္ႀကီးကိုၾကားလိုက့ရသည္။
uni
uni စာမစစ္ထားပါဘူးေနာ္ ေနာက္မွျပန္စစ္ေပးမယ္
တံခါတံခါးဝကလူကနာကျင်နေသော သူ့ရဲ့ လည်ပင်းကို လက်ဖြင့် ပွတ်ကာအခန်းအလယ်သို့ လျောက်လာသည်။
"သူက ရေသူတိုင်းပြည်ရဲ့ မှော်ဆရာ အယ်လ် တဲ့ "
ဘယ်လ်က မိတ်ဆက်ပေးလာသည်။
"တွေ့ရတာဝမ်းသာပါတယ်"
အယ်လ် ကမိုမိုဘေးက အကောင်တွေကိုခပ်စူးစူးကြည့်ကာပြောသည်။
"နောက်ဆုံးတော့ လူသားရှာတွေ့ပြီပေါ့"
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က မိုမိုပါ "
"အင်း"
အယ်လ်က ထိုသို့ပြောကာ မိုမို ဆန့်ထုတ်ထားသောလက်ကိုမမြင်ချင်ယောင်ဆောင်သွားလိုက်သည်။
"အမြန်လုပ်တာပေါ့ လက်ပေး"
အယ်လ် ကပြောကာ ပြွန်တစ်ခုကိုယူလိုက်သည်။
မိုမိုက အယ်လ်နဲ့ပက်သက်ပြီး ခံစားချက်သိပ်မကောင်းပေ။
"အရှင်မ ကျေးဇူးပြုပြီး ကျွန်တော့်ကို အချိန်အချို့ပေးပါလား"
မိုမိုကတောင်းဆိုလိုက်သည်။ သူထိုမှော်ဆရာနဲ့ပက်သက်ပြီး အတော်လေး ခံစားချက်မကောင်းပေ။
"အရှင်မ ဒီကိစ္စ နှောင့်နှေးလို့ မရဘူးနော်"
အယ်လ်က ထိတ်လန့်တကြားပြောလိုက်မိသည်။ သူ့အသံကြောင့် ရေသူဘုရင်မက မျက်မှောင်ကြုတ်သွားတာမြင်တော့မှ သူပြောတာလွန်သွားမှန်းသတိထားမိသွားသည်။
"ကျွန်တော်ကမင်းသားငယ်လေးအတွက်စိုးရိမ်လို့ပါ"
"ကျွန်မ လည်းသူ့အတွက်စိုးရိမ်ပါတယ်ဒါပေမယ့် အတင်းအကျပ်တော့လုပ်လို့မရဘူးလေ"
ရေသူဘုရင်မက ထိုသို့ပြောပြီးနောက် မိုမို ဘက်သို့လှည့်ကာ သူ့(မိုမို) လက်ကိုကိုင်ပြီး ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကူညီပေးပါနော်"
"ကျွန်တော်ကြိုးစားပါ့မယ်"
အနားတွင်ရှိသော ဖုန်းကျင်းမှာ မိုမို လက်ကိုမျက်မှောင်ကြုတ်ပြီးကြည့်နေသည်။ သူ့ပုံကိုကြည့်ရတာ အခုချက်ချင်း အဲ့လက်ကိုဆွဲဖြုတ်ချင်နေသည့်ပုံ ရသည်။
ရေသူစုံတွဲ အခန်းထဲက ထွက်သွားတော့ အယ်လ်က နောက်မှလိုက်သွားကာ သူ့မျက်နှာက သိပ်အဆင်မပြေတဲ့ပုံပေါ်နေသည်။
မိုမိုက အခန်းကိုပတ်ကြည့်လိုက်ပြီးနောက် ထောင့်ရှိအိပ်ရာပေါ်သို့တက်သွားလိုက်သည်။
အိပ်ရာက နူးညံ့တဲ့ရေညှိတွေဖြင့်ပြုလုပ်ထားပြီး ရေညှိဆိုပေမယ့် ချွဲမနေဘဲ အိအိလေးနှင့် အိပ်လို့ကောင်းမည့်ပုံပေါ်နေသည်။
"ဟယ္လို"
မိုမို အသံသေးသေးလေးကြောင့် လှည့်ကြည့်လိုက်တော့ တံခါးဝနားမှသူ့ကိုချောင်းကြည့်နေသည့် ချစ်စရာကောင်းသော ရေသူလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
"ဘယ်လိုကူညီပေးရမလဲ"
မိုမိုကမေးလိုက်သည်။
'' ခင်ဗျားကလူသားဘဲ"
ထိုသို့ပြောပြီးနောက် ထိုရေသူကပုန်းနေရာမှ ထွက်လာသည်။ ထိုရေသူလေးက အပြာရောင် မျက်လုံးဝိုင်းကြီးများရှိပြီး ရွှေရောင်ဆံနွယ်နှင့် အပြာရောင် အမြီးကို ပိုင်ဆိုင်ထားပြီး အရုပ်ကလေးလို ချစ်ဖို့ကောင်းလှသည်။
"အဟမ်း ကျွန်တော်က ရေသူတိုင်းပြည်ရဲ့ ဒုတိယမင်းသား တော့ရစ် ပါ"
ထိုရေသူထီးလေးက သူ့ကိုယ်ကို အနည်းငယ်ဦးညွှတ်ကာ သူ့ကိုယ်သူမိတ်ဆက်နေပုံက မူကြိုကလေးလေးတစ်ယောက်က အနောက်တိုင်းဝတ်စုံပြည့်ဝတ်ပြီး အေသအချာကို အလေးနက်ထားပြီး ဦးညွတ်လိုက်သလိုချစ်ဖို့ကောင်းလွန်းလှသည်။
"တွေ့ရတာဝမ်းသာပါတယ် မင်းသားငယ်လေး ကျွန်တော်ကမိုမို အထီးသားရဲပါ "
မိုမို က တော့ရစ် ပုံစံကိုအတုခိုးကာ ဦးညွတ်လိုက်သည်။ ထို့နောက်သူ့နောက်က လူတွေကိုစပ်စုသလိုကြည့်နေတာကြောင့်မိတ်ဆက်ပေးလိုက်သည်။
"သူက ဖုန်းကျင်း အနီရောင်ငှက်မျိုးနွယ်စု ကအထီးပါ သူလေးက မီမီ လို့ခေါ်တယ် ကျွန်တော်မျိုးရဲ့ ကြောင်လေးပါ သူကေတာ့ အန်းဟွေ့လုံ မြွေမျိုးနွယ်စုကပါ သူလည်းအထီးဘဲ "
"ဝါး.... မိုက္လိုက္တာ "
တော့ရစ်က အံဩတကြီး ပြောလိုက်မိသည်။ သူတို့ရေသူတိုင်းပြည်မှာ ခုလို အမွှေးပွပွ အကောင်မျိုးမမြင်ခဲ့ဖူးပေ။ သူအခန်းထဲဝင်ချင်ပေမယ့် အခန်းထဲမှာ သူနေဖို့ရေမရှိတာကြောင့်ဖြစ်ပြီး သူကလည်း ရောဂါကြောင့် လူခြေထောက်ပြောင်းလို့မရပေ။
"အာ မဟုတ်သေးဘူး လာတဲ့အကြောင်းမေ့တော့မို့"
တော့ရစ် သူ့ခေါင်းကိုခါကာ သူ့ကိုယ်သူပြန်ပြောလိုက်သည်။
"လူသား အဲလေ မိုမို ကျေးဇူးပြုပြီး အကူညီတစ်ခုတောင်းလို့ရမလား"
"ကျွန်တော်မျိုးကူညီနိုင်ရင် တတ်နိုင်သလောက်ကြိုးစားပါ့မယ်"
"သူတို့က ယုံကြည်ရပါတယ် အရှင့်သား"
တော့ရစ်က တစ်ခုခုပြောချင်ပေမယ့် သူ့ဘေးက ဖုန်းကျင်းတို့ရှိနေတာကြောင့် ပြောရခက်နေပုံရသည်။
"နှစ်ယောက်တည်းပြောလို့ရမလား"
တော့ရစ်ပုံက တောင်းပန်သည့်ပုံစံနှင့်ကြည့်လာသည်။ မိုမို ဖုန်းကျင့းကိုကြည့်လိုက်တော့ ဖုန်းကျင်းက ခေါင်းငြိမ့်လိုက်တာကြောင့်မိုမို တော့ရစ်နားသို့သွားလိုက်သည်။
ဝိုး...
ရုတ်တရက်တော့ရစ်က သူ့လက်ကိုဆွဲကာ ရေရှိသော ဘက်ခြမ်းသို့ဆွဲလိုက်သည်။
ထို့နောက်သူ့ရဲ့ပုခုံးကိုကိုင်ကာ သူ့ကိုစိုက်ကြည့်ရင်းမေးလာသည်။
"ခင်ဗျားအဲ့မကောင်းဆိုးဝါးကြီးကိုသွေးပေးလိုက်သေးလား"
"မကောင်းဆိုးဝါး ?''
'' အယ်လ် ကိုပြောတာ"
"မေပးရေသးပါဘူး"
မိုမို ထိုစကားပြောပြီးရော တော့ရစ်ထံမှသက်ပြင်းချသံရှည်ကြီးကိုကြားလိုက့ရသည်။
uni
uni စာမစစ်ထားပါဘူးနော် နောက်မှပြန်စစ်ပေးမယ်
Bạn đang đọc truyện trên: Truyen4U.Com