Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 1

"Daddy!!!!"

ကျောင်းကနေဆင်းလာသည်နှင့်ကျောင်းအပေါက်ဝတွင်ရပ်စောင့်နေသောအဖေဖြစ်သူကိုတွေ့သည့်အတွက်ကြောင့်BoMinတေစ်ယောက်ပျော်ပြီးသူ့အဖေဆီပြေးသွားလိုက်သည်။

JuYeonလည်းသူ့သားလေးသူ့ဆီရောက်သည်နှင့်ပွေ့ချီလိုက်ပြီးပါးလေးကိုဖြည်းညင်းစွာနမ်းလိုက်သည်။

"Aigoooo.....Daddyသားလေးဒီနေ့မူကြိုမှာစာကောသေချာလိုက်လုပ်ရဲ့လား"

"ဒါပေါ့Daddyရဲ့...ဒီနေ့တောင်သားသားတို့တီချယ်ကရေဘဝဲမှာလက်ဘယ်နှစ်ချောင်းပါလည်းမေးတာဘယ်သူမှမဖြေနိုင်ဘူးသာသားတစ်ယောက်ပဲဖြေနိုင်ခဲ့တာ"

ကလေးပီပီအဖေဖြစ်သူကိုစာမေးတာဖြေနိုင်သည့်အကြောင်းကိုဂုဏ်ယူဝံ့ကြွားစွာပြောနေသောသားလေးရယ်ပါ။

"ဟုတ်လား....Daddyသားလေးကတော်လိုက်တာ"

"ဟီး.."

"ကဲ......ခုအိမ်ပြန်ကြမယ်"

JuYeonလည်းသားဖြစ်သူကိုချီလျက်ပင်ကားထဲဝင်ထိုင်လိုက်ပြီးအိမ်ကိုပြန်လာလိုက်သည်။

"သားလေး......Daddyခုရေချိုးလိုက်ဦးမယ်သားသားကဦးဦးEricနဲ့ဆော့နေလိုက်ဦးနော်"

"ဟုတ်ကဲ့"

Ericကတော့အခြားလူမဟုတ်။JuYeonရဲ့လူယုံတော်ပင်ဖြစ်သည်။Ericငယ်ငယ်လေးကတည်းကJuYeonတို့အိမ်မှာနေလာပြီးJuYeonနှင့်ညီအကိုအရင်းလိုပင်ဖြစ်နေခဲ့သည်။

Ericကလည်းJuYeonတစ်ချက်မငြိုငြင်စေရ။JuYeonကလည်းEricကိုဆိုညီလေးအရင်းလိုပင်။

JuYeonရေချိုးပြီးဆင်းလာတော့ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီးဂိမ်းအတူတူဆော့နေကြတဲ့Ericနဲ့BoMinတို့တူဝရီးနှစ်ယောက်။

သူတို့ကိုကြည့်ပြီးJuYeonပြုံးမိသည်။သူ့မှာမိသားစုဆိုလို့သူတို့လေးတွေပဲကျန်ခဲ့တာမလား။ဖေဖေနဲ့မေမေပြီးတော့BoMinလေးရဲ့ဖခင်အရင်းဖြစ်သူJuYeonရဲ့အကိုတို့ဟာရုတ်တစ်ရက်ကြီးတစ်ပြိုင်နက်တည်းလောကကြီးကိုအရင်ကျောခိုင်းသွားခဲ့ကြသည်။

JuYeonရဲ့မရီးဖြစ်သူမှာလည်းနို့နံ့မစင်သေးတဲ့ကလေးတစ်ဖက်နဲ့ယောကျ်ားဆုံးသွားတဲ့အကြောင်းကြားတော့နှလုံးအမောဖောက်ပြီးကွယ်လွန်သွားခဲ့ပြန်သည်။

ဒါကြောင့်JuYeonတွင်ကျန်ခဲ့သည်ကEricရယ်သူ့တူBoMinလေးရယ်ပြီးတော့ဖေဖေ့ရဲ့ပိုင်ဆိုင်မှုတွေရယ်သာ။အဲ့တော့တစ်ယောက်တည်းကျန်ခဲ့တဲ့သားဖြစ်သူကပဲလုပ်ငန်းတွေအကုန်ဆက်ခံခဲ့ရသည်။

JuYeonအဖေရဲ့လုပ်ငန်းကတော့ဟိုတယ်တွေဦးစီးရပြီးအိမ်တွေဟိုတယ်တွေဆောက်သည့်အခါလုပ်ကိုင်ပေးသည့်Companyလည်းရှိသည်။

( မြန်မာမှာဆိုရင် ကျော် ဆောက်လုပ်ရေးလုပ်ငန်းလိုပေါ့။လိုချင်တဲ့ဒီဇိုင်းပြောပြီးဆောက်လုပ်ပေးတာမျိုးပါ။ )

ဒါပေမဲ့JuYeonအဖေရဲ့လုပ်ငန်းတွေကအဲ့လောက်ထိတော့ရိုးရှင်းမနေခဲ့ပါ။JuYeonရဲ့အဖေဟာဂိုဏ်းတစ်ခုကိုလည်းထောင်ထားသူဖြစ်ပါတယ်။လူဆိုးဂိုဏ်းတော့မဟုတ်ပေမဲ့လို့လူဆိုးတွေနဲ့ပတ်သက်ရတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

JuYeonဟာငယ်ငယ်ရွယ်ရွယ်နဲ့လုပ်ငန်းမှာလည်းကျွမ်းကျင်တာကတစ်ကြောင်းပြီးတော့သူ့ရဲ့တည်ငြိမ်ရင့်ကျက်တဲ့ပုံကတစ်ကြောင်းကြောင့်အခြားလုပ်ငန်းရှင်တွေကJuYeonကိုဆိုရင်ရှိန်ကြပါသည်။

Lee JuYeonဆိုတဲ့နာမည်ကြားရုံနဲ့တင်မသိတဲ့သူမရှိအကုန်လုံးကလေးစားခယကြသည်။ဒါဟာလည်းသူ့ရဲ့ဂုဏ်ရှိန်ဂုဏ်ဝါကြောင့်ပင်ဖြစ်သည်။JuYeonရဲ့အဘိုးဖြစ်သူဟာမကွယ်လွန်ခင်ကနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

အဘိုးဖြစ်သူဟာလည်းတည်ငြိမ်ရင့်ကျက်စွာပင်နိုင်ငံရေးလုပ်ရာတွင်တော်လွန်းတာကြောင့်အကုန်လုံးကလည်းရှိန်ကြသည်။အဘိုးရဲ့ဗီဇတွေဟာသားဖြစ်သူမှာမပါလာဘဲမြေးဖြစ်သူJuYeonဆီမှာပါလာသည့်ပုံပင်။

ဒါကြောင့်လည်းLeeမျိုးရိုးရဲ့ဂုဏ်ရှိန်ဂုဏ်ဝါကသမ္မတပင်သြချလောက်ရသည်အထိကြီးမားသည်။
..............

"သားသားနဲ့Ericထမင်းစားမယ်"

"ဟုတ်ကဲ့လာပါပြီ"

"ဒီနေ့တော့Daddyမခွံ့ကျွေးတော့ဘူးနော်"

"ဘာလို့လဲDaddyရဲ့"

"သားသားကကိုယ့်ဟာကိုယ်ထမင်းစားရမဲ့အရွယ်ရောက်နေပြီလေ"

"သားသားကထမင်းကိုယ့်ဟာကိုယ်စားတတ်ပါတယ်ဒါပေမဲ့Daddyခွံ့ကျွေးတာလေးကပိုစားလို့ကောင်းလို့ပါ"

ဒီကလေးဘယ်ကတည်းကဒီလိုချွဲတတ်သွားသည်မသိ။တည်ငြိမ်လွန်းလှပါတယ်ဆိုတဲ့LeeJuYeonတောင်သားလေးနဲ့ကျမှပဲတည်ငြိမ်မှုတွေဘယ်ရောက်သွားသည်မသိ။

"ဟုတ်ပါပြီဗျာ....Daddyသားလေးကခုလိုချွဲနေတော့ခွံ့ကျွေးရတော့မှာပေါ့"

"ရေး......."

BoMinလေးဘဝဟာလည်းသနားစရာအတိပင်။မိဘအရင်းဖြစ်သူတွေရဲ့မျက်နှာတောင်မမြင်ဖူးလိုက်။JuYeonအကိုဆုံးတော့BoMinလေးကနှစ်နှစ်သားအရွယ်လေးပဲရှိသေးသည်။

မကြာလိုက်အမေဖြစ်သူကပါဆုံးသွားတော့ဦးလေးဖြစ်သူJuYeonကပင်ကျွေးမွေးပြုစုစောင့်ရှောက်ပေးသည်။အဖေကိုတောင်အဖေဟုခေါ်ခွင့်မရလိုက်သည့်BoMinလေးက ကျန်ခဲ့သည့်JuYeonကိုပဲအဖေဟုသတ်မှတ်လိုက်သည်။

အဲ့တော့JuYeonကပဲတူလေးဖြစ်သူကိုသူ့သားအနေနဲ့မွေးစားလိုက်သည်။

ထမင်းစားလို့ပြီးသွားတော့BoMinလေးနဲ့အတူTVကြည့်နေကြသည်။TVကြည့်လို့ဝသွားတော့BoMinလေးအိပ်ချင်နေပြီလေ။

"ကဲ...အိပ်ချိန်ရောက်ပြီသားသား"

"ဟုတ်ကဲ့....ဒါနဲ့Daddy"

"ဟင်.."

"မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့သားသားကိုကစားကွင်းလိုက်ပို့ပေးပါလား"

"ပို့ပေးမှာပေါ့"

"တစ်ကယ်လား"

"Daddyဘယ်တုန်းကတိမတည်ဖူးလို့တုန်း"

"ဝါး....ပျော်လိုက်တာမနက်ဖြန်ကစားကွင်းသွားရတော့မယ်"

"အခုတော့အိပ်ရမယ်လေ"

"ဟုတ်ကဲ့"

JuYeon BoMinလေးကိုသိပ်ခဲ့ပြီးတော့စာကြည့်ခန်းထဲဝင်ကာမပြီးသေးတဲ့အလုပ်တစ်ချို့ကိုလက်စသတ်လိုက်သည်။မနက်ဖြန်လည်းBoMinလေးကိုကစားကွင်းလိုက်ပို့ပေးရမှာိလို့ဒီနေ့ညတော့သူစောစောအိပ်ဖို့ဆုံးဖြတ်လိုက်သည်။

စောစောဆိုပေမဲ့တစ်ခြားသူတွေအတွက်တော့မစောပေ။11နာရီဆိုတာJuYeonရဲ့အစောဆုံးအိပ်ချိန်ပင်။
............................

ဒီနေ့လည်းဆိုင်မှာလူများသည်မို့JaeHyunတို့စားပွဲထိုးပေးရတာလက်မလည်ပေ။ဒါဟာလည်းသူတို့ဆိုင်ရဲ့အားသာချက်တစ်ခုပင်။နေ့တိုင်းဆိုင်မှာလူမပြတ်။အခုလိုပိတ်ရက်ဆိုပိုတောင်များသေးသည်။

ဆိုင်ဟာပန်းခြံရယ်...ကစားကွင်းရယ်ရဲ့ကြားထဲမှာဖွင့်ထားတာမလို့နေရာကောင်းသည်ဟုဆိုရမည်။JaeHyunတို့ဆိုင်ပိုင်ရှင်ကစည်းစနစ်ကျသည့်အပြင်အရည်အချင်းရှိတာကြောင့်ဒီနားတစ်ဝိုက်မှာJaeHyunတို့ဆိုင်ကနာမည်ကြီးသည်။

စားပွဲထိုးချောချောလေးများကြောင့်လည်းပါသည်။ဆိုင်ကိုလာကြသည့်ဧည့်သည်များမှာအများစုကမိန်းကလေးများဖြစ်ကြသည်။ကော်ဖီလာသောက်သည်ဆိုသောအကြောင်းပြချက်ဖြင့်အဆင်လာငမ်းကြခြင်းဖြစ်သည်။

တစ်ချို့တွေကတော့အတွဲလာချောင်းကြခြင်းဖြစ်သည်။အကြောင်းမှာJaeHyunရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့စားပွဲထိုးကောင်လေးတွေထဲကYoungHoonနဲ့ChangMinနဲ့ကတစ်တွဲ.....SunWooနဲ့ChanHeeနဲ့တစ်တွဲဖြစ်သည်မို့ပင်။

ဒါကိုသိကြတဲ့Fujoshiလေးတွေကဆိုင်ကိုခနခနလာကာဓာတ်ပုံတွေရိုက်ကြအင်တာနက်ပေါ်တွေတင်ကြဆိုတော့သူတို့ဆိုင်မှာကြော်ငြာစရာတောင်မလိုလောက်အောင်ကိုနာမည်ကြီးသည်။

ဆိုင်နာမည်ကတော့ "Get it Got it" ဆိုပေမဲ့သူတို့တွေပေးထားသည့်နာမည်က "Fujoshiတို့ရိပ်မြုံ" တဲ့လေ။

ဒါတင်မကသေးဆိုင်ကကော်ဖီနဲ့မုန့်တွေဆိုဘယ်ဆိုင်နဲ့မှမတူစွာကောင်းလွန်းနေတာကတစ်ကြောင်းပြီးတော့ဆိုင်အပြင်အဆင်လေးကလည်းရိုးရိုးရှင်းရှင်းလေးနဲ့ချစ်စရာကောင်းသည်မို့အကုန်လုံးကသဘောကျကြသည်။နောက်ပြီးဆိုင်မှာကျောင်းသားကျောင်းသူလေးတွေအတွက်ကော်ဖီသောက်မုန့်စားရင်းစာလုပ်လို့ရအောင်နေရာလေးတွေလည်းစီစဥ်ပေးထားသည်။

ဒီနေ့လည်းကော်ဖီကိုဗန်းပြပြီးလာသောက်ကြတဲ့ဧည့်သည်မလေးတွေကိုစားပွဲထိုးပေးနေရတာထိုင်တောင်မထိုင်ရသေး။

"JaeHyunရေဒါလေးစားပွဲနံပါတ်7ကိုချပေးပါဦး"

"ဟုတ်ကဲ့"

ကော်ဖီဖျော်ဆရာKevinကပေးလိုက်သည့်ကော်ဖီနှစ်ခွက်ကိုဗန်းပေါ်မှာတင်ပြီးစားပွဲခုံနံပါတ်7သို့လာလိုက်သည်။

"မှာထားတဲ့ကော်ဖီရပါပြီဗျ"

"ဒီကအကို"

"ဗျာ"

ထိုင်နေသည့်ကောင်မလေးမှခေါ်တော့JaeHyunလည်းလှည့်ကြည့်လိုက်သည်။ကောင်မလေးကအထက်တန်းကျောင်းသူဖြစ်မည့်ပုံပင်။

"အကိုကော...ကောင်လေးမရှိဘူးလား"

"အော်....မရှိပါဘူးဗျ"

JaeHyunဖြေပြီးပြန်လာလိုက်သည်။ဒီလိုမေးခွန်းမျိုးတွေကသူနဲ့ယဥ်နေပါပြီ။ရောက်လာသည့်ကောင်မလေးတွေထဲအများစုဟာဒီလိုမေးခွန်းမျိုးကိုမေးတတ်ကြသည်မို့အဆန်းတော့မဟုတ်ချေ။

လူနည်းနည်းရှင်းသွားသည်မို့JaeHyunခနထိုင်ကာအမောဖြေနေမိသည်။ထိုင်နေရင်းမလှမ်းမကမ်းမှကောင်မလေးနှစ်ယောက်ပြောနေသည့်စကားကိုJaeHyunနားမထောင်မိပေးမဲ့အတိုင်းသားတော့ကြားနေရသည်။

"ဟဲ့ဒီနေ့ကစားကွင်းကိုLee JuYeonလာတယ်တဲ့"

"ဟိုဝန်ကြီးချုပ်ဟောင်းရဲ့မြေးလား"

"ဟုတ်တယ်"

"အော်....သူ့သားကိုလာပို့တာဖြစ်မှာပေါ့ဟ"

"အေးနော်....ငါစဥ်းစားနေတာLee JuYeonမိန်းမမယူဖူးလားမသိဘူး"

"နင်ကလည်းသားရှိနေတာကို"

"သူ့သားအရင်းမှမဟုတ်တာတူလေးကို...ခုချိန်ထိချစ်သူလည်းမထားမိန်းမလည်းမယူသေးတာ.....မဟုတ်မှလွဲရောသူကောင်လေးတွေများကြိုက်လို့လား"

"အေးနော်....နင်ပြောတာလည်းဟုတ်သား"

"ဒီဆိုင်ကဘယ်သူလေးတွေနဲ့လိုက်မယ်ထင်လဲ"

"အင်း....Kevin oppaနဲ့ကော"

"မဟုတ်တာ...Kevin Oppaက Semeလေ.....မုန့်လုပ်ပေးတဲ့Jacob oppaနဲ့ပဲလိုက်တာ"

"ဒါဆို...ဟိုJaeHyun Oppaနဲ့ဆိုလိုက်မယ်ထင်တယ်"

"အေးအေးလိုက်တယ်"

ကောင်မလေးနှစ်ယောက်ကတော့သူတို့ဘာသာသူတို့တွေShipပြီးအူယားနေကြသည်။JaeHyunကတော့ပင်လည်းပင်ပန်းနေသည်မို့သူတို့ပြောသမျှတော့သေချာမကြားလိုက်ချေ။

"ChanHee yah...မနိုင်မနင်းနဲ့မသယ်နဲ့လေပေးပေးအကိုသွားပစ်လိုက်မယ်"

အမှိုက်ထုပ်အားမနိုင်မနင်းသယ်လာသည့်ChanHeeကိုမြင်တော့JaeHyunသွားကူပေးလိုက်သည်။

ဆိုင်ပြင်နားမှာရှိတဲ့အမှိုက်ပုံးထဲကိုအမှိုက်ထုပ်တွေထည့်ပြီးဆိုင်ထဲပြန်ဝင်မယ်အလုပ်တစ်ယောက်ယောက်ငိုနေသံကြားသဖြင့်JaeHyunသွားကြည့်မိလိုက်တော့ကလေးတစ်ယောက်ဖြစ်နေလေသည်။
____________________________________

Thanks for reading🌸



Bạn đang đọc truyện trên: Truyen4U.Com