Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 10

JaeHyunတစ်ယောက်Ericနဲ့BoMinလေးကိုပုံပြင်ပြောပြကာသိပ်ခဲ့ပြီးဧည့်ခန်းထဲကိုလာလိုက်သည်။သူရောက်လာသည့်အချိန်မှစပြီးအရင်တုန်းကBoMinလေးကိုထိန်းခဲ့ရသည့်Ericကပါကလေးလုပ်နေသည်။

ထမင်းဆိုလည်းBoMinလေးလိုခွံ့ကျွေးမှစားသည်။အိပ်ပြီဆိုလည်းသူ့ရဲ့unicornရုပ်လေးကိုင်ကာBoMinအခန်းထဲကိုရောက်လာပြီးသူ့ကိုပါအတူတူချော့သိပ်ရသည်။

တစ်ကယ်ပါဒီကလေးလေးကိုကောဒီကလေးကြီးကိုကောJaeHyunတစ်ယောက်ထိန်းနေရသည်။ဒါပေမဲ့Ericဘဝလေးဟာလည်းသနားစရာပါ။မိဘတွေကအမေရိကမှာအလုပ်ကိုယ်စီနဲ့ငယ်ငယ်လေးကတည်းEricကိုမစောင့်ရှောက်ပေးခဲ့တော့မိဘမေတ္တာငတ်နေတယ်ပဲခေါ်ရမလား။

ဒါကြောင့်သူကJuYeonနဲ့JaeHyunကိုခင်တွယ်သည်။ငယ်ငယ်လေးတုန်းကမရခဲ့လိုက်ရတဲ့ဂရုစိုက်မှုတွေကိုJuYeonနဲ့JaeHyunနဲ့ကျမှပဲရတော့သည်။

JaeHyunဧည့်ခန်းထဲကိုလာလိုက်တော့TVထိုင်ကြည့်နေတဲ့JuYeon။ဒီညတော့အလုပ်မရှိလို့ထင်ပါရဲ့။သူ့လည်းမြင်တော့

"​အော်...JaeHyun...ကလေးနှစ်ယောက်အိပ်သွားပြီလား"

"အင်း"

"JuYeonဘာကားတွေကြည့်နေတာလဲ"

"ဒီလိုပါပဲလာတဲ့လိုင်းကဟာလျှောက်ပြောင်းကြည့်နေတာ"

"ဒါနဲ့JuYeonကိုတစ်ခုမေးစရာရှိလို့"

"မေးလေ"

"ကျွန်​တော့်ကိုအဲ့နေ့ညကအကြွေးလာတောင်းတဲ့လူသုံးယောက်လေသူတို့ကော..."

JaeHyunမေးလိုက်သည့်မေးခွန်းကိုဖြေဖို့JuYeonဆွံ့အနေသည်။သူသတ်လိုက်ပြီလို့ပြောလို့မှမရဘဲ။

"ဟို....သူတို့ကအဲ့နေ့ညကတည်းကပြန်သွားတာလေ"

"အော်....အကြွေးလည်းထပ်လာမတောင်းတော့လို့ပါကျွန်​တော်ဆပ်ဖို့ကျန်သေးတယ်"

"အဲ့ကိစ္စကိုတော့စိတ်မပူပါနဲ့...ကျွန်တော်ဖြေရှင်းထားလိုက်ပါပြီ"

"နေပါဦး...JuYeonကျန်တဲ့ငွေတွေပေးလိုက်တာလား"

"အင်း..."

"ဘာလို့လဲJuYeonရဲ့....ကျွန်​တော့်ကိုနည်းနည်းပါးပါးမေးပါဦးလား"

"တောင်းပန်ပါတယ်ကျွန်တော်မပြောပြခဲ့မိလို့ကျွန်တော်JaeHyunရဲ့လုံခြုံမှုအတွက်နဲ့လုပ်ခဲ့ရတာမလို့ပါဒါကြောင့်JaeHyunကဘာမှစိတ်မပူနဲ့တော့နော်"

Flash back....

JuYeonကနေဒါမသွားခင်တစ်ရက်အလိုတုန်းကJaeHyunအဖေငွေချေးခဲ့တဲ့tiger gangဆီသွားခဲ့သည်။

"Mr.Leeကဘယ်လိုဖြစ်ပြီးကျွန်တော်တို့လိုနိမ့်ကျတဲ့နေရာဆီလာတာပါလဲ"

"ကိုယ့်ဟာကိုယ်နိမ့်ကျမှန်းသိရင်အစကတည်းကဆင်ခြင်ပါလား"

"ဘာကိုဆိုလိုတာလဲမသိဘူး"

"မင်းတို့ဆီမှာလောင်းကစားကြွေးတွေမဆပ်နိုင်လို့သူ့သားကပြန်ဆပ်ပေးနေရတာတဲ့တစ်ယောက်ကိုသိတယ်မလား"

"သူ့သားကLee JaeHyunကိုပြောတာထင်တယ်"

"အေး...အကြွေးတွေမဆပ်နိုင်ရင်သူ့သားကိုအကြွေးအနေနဲ့သိမ်းလို့ရတယ်လို့သူ့အဖေပြောခဲ့လား"

"အဲ့လိုတော့မပြောခဲ့ပါဘူးဗျ"

"အဲ့တာကိုဘာလို့မင်းလူတွေကရာရာစစငါပိုင်တဲ့သူကိုလာစော်ကားရတာလဲ!!"

"ပိုင်တဲ့သူဆိုတော့....Lee JaeHyunက?"

"မင်းငါမေးတာမဖြေပဲငါ့ကိုပြန်မေးခွန်းထုတ်နေတာလား"

"မ...မဟုတ်ပါဘူး...အဲ့ကိစ္စက ကျွန်တော်မသိတဲ့ကိစ္စပါသူတို့သုံးယောက်ကိုအကြွေးတောင်းဖို့ပဲလွှတ်လိုက်တာပါတစ်ခြားဘာမှမပြောလိုက်ပါဘူး"

"တစ်ကယ်လား"

"တစ်ကယ်ပါဗျာ"

"ကောင်းပြီလေအခုသူကျန်တဲ့အကြွေးတွေကိုငါပေးမှာမလို့မင်းတို့ထပ်ပြီးနှောင့်ယှက်ဖို့မစဥ်းစားနဲ့တော့"

"ဟုတ်ကဲ့ပါ"

Tiger gangရဲ့ခေါင်းဆောင်မှာJuYeonရဲ့ခြေထောက်နဲ့ထိလုမတတ်ခေါင်းကိုငုံ့ကာပြောရသည်။မဟုတ်ရင်သူ့အားဘာလုပ်မည်မှန်းမသိ။

"အာ...မေ့တော့မလို့ဟိုသုံးကောင်ရဲ့အလောင်းကိုငါပို့ပေးလိုက်မှာမလို့မင်းတို့ပဲမြေမြှုပ်ပေးလိုက်တော့"

"ဟု....ဟုတ်ကဲ့ပါ"

Flash back end....

"JaeHyunကိုကျွန်​တော်စိုးရိမ်နေတာလည်းပါတော့မပြောပြခဲ့ဖြစ်တာပါကျွန်တော်အဲ့အကြွေးတွေကိုပြန်ဆပ်လိုက်ပြီမလို့အခုJaeHyunကOmmaကိုပဲတွေးတော့နော်"

"အင်းပါ...ကျေးဇူးတင်ပါတယ်JuYeon"

"မလိုပါဘူး....ဒါနဲ့ကျွန်တော်တို့ဘာကားကြည့်မလဲ"

"ရပါတယ်အခုလာနေတဲ့တစ်ကားပဲကြည့်ကြတာပေါ့"

ဇာတ်ကားကDramaလေးဖြစ်တာမလို့နှစ်ယောက်သားငြိမ်ပြီးကြည့်နေကြသည်။အစက​တေ့ာအကောင်းပါဒါပေမဲ့နောက်ဆုံးခန်းမှာမင်းသားနဲ့မင်းသမီးကနမ်းတော့
နှစ်ယောက်သားရှေ့မျက်နှာပဲနောက်ထားရမလိုနောက်မျက်နှာပဲရှေ့ထားရမလိုနဲ့ရှက်နေကြတာပေါ့။

ဒါပေမဲ့JuYeonကတော့JaeHyunရဲ့နှုတ်ခမ်းလေးကိုခိုးခိုးကြည့်ပြီးတံတွေးမျိုချမိနေတာဘယ်နှစ်ခါမှန်းမသိတော့။ဇာတ်ကားပြီးသွားမှပဲနှစ်ယောက်လုံးစိတ်အေးနိုင်ကြတော့သည်။

"JaeHyun first kissရဖူးလား"

"ဟင်"

ရုတ်တစ်ရက်မေးလိုက်သည့်JuYeonကြောင့်JaeHyunကြောင်သွားသည်။

"ဟင့်အင်းတစ်ခါမှမရဖူးဘူး"

"တစ်ကယ်ကြီးလား"

"အင်း...ဒါပေမဲ့ပါးကိုတော့လူတစ်ယောက်ရဲ့ပထမဆုံးနမ်းတာခံရဖူးတယ်"

JuYeonပြုံးမိသွားသည်။နမ်းတဲ့လူကသူကိုး။

"JuYeonကော.....first kissရဖူးလား"

"ကျွန်တော်လည်းမရဖူးဘူး..ဒါပေမဲ့ဘယ်လိုနမ်းရမလဲတော့သိတယ်"

JaeHyunမျက်နှာကိုသေချာကြည့်ပြီးပြောလိုက်သည်မို့JaeHyunမျက်နှာမှာပန်းရောင်သမ်းသွားသည်။

"နမ်းတာကနမ်းတာပဲကိုဟိုလိုနမ်းရမယ်ဒီလိုနမ်းရမယ်လို့ရှိလို့လား"

"ရှိတာပေါ့.....မယုံရင်တစ်ခါလောက်စမ်းမလား"

သူ့အနားကိုကပ်ကာပြောလိုက်သည်မို့JaeHyunတစ်​ယောက်ရဲ့မူမမှန်ခြင်းလုပ်ငန်းကစတင်လုပ်ဆောင်လေသည်။

JuYeonကတော့သူ့ဘေးမှာအရှက်သည်းနေတဲ့သူလေးကိုကြည့်ပြီးအူယားလို့မဆုံး။

နည်းနည်းသတိပြန်ကပ်တော့မှအနားမှာတိုးနေတဲ့JuYeonလက်မောင်းကိုအသာလေးရိုက်လိုက်ပြီး....

"JuYeon​နော်..လူကိုလာစနေတယ်သွားပြီအိပ်တော့မယ်"

ဟုဆိုကာရှက်ရှက်နဲ့ထွက်ပြေးသွားလေသည်။
..................

နှစ်လခန့်ကြာသော်........

JaeHyunတစ်ယောက်JuYeonတို့နဲ့အတူနေလာတာနှစ်လတောင်ရှိသွားပြီ။JuYeonနဲ့JaeHyunတို့ရဲ့ရင်းနှီးမှုဟာလည်းပိုမိုတိုးတက်လာခဲ့သည်။စလိုက်နောက်လိုက်နဲ့။

Ericနဲ့BoMinကတော့တစ်ကယ့်ကိုမနိုင်စိန်လေးတွေပါပဲ။ဟိုတစ်နေ့ကJaeHyunအလုပ်ကပြန်တော့ဒိုင်နိုဆောအရုပ်လေးBoMinအတွက်ဝယ်လာပေးတာကိုကလေးကြီးEricကသူ့အတွက်ကျတော့မဝယ်ပေးလို့တဲ့။စိတ်ကောက်တော်မူသွားသေးတယ်။

အဲ့တော့JaeHyunကပဲရအောင်ချော့ပြောပြီးသူကြိုက်တဲ့အရုပ်တစ်ရုပ်ဝယ်ပေးတော့မှစိတ်ကောက်ပြေသတဲ့လေ။တစ်ကယ့်ကိုကလေးနဲ့အပြိုင်ဆိုးနေတဲ့Ericပါ။

JaeHyunကတော့အားရင်အားသလိုOmmaဆီလည်းသွားဖြစ်သည်။Ommaရဲ့အခြေအနေကမကောင်းလာတဲ့အပြင်ပိုဆိုးနေတော့JaeHyunစိတ်ပူရပြန်သည်။

Ommaရဲ့နှလုံးဟာအကုနှေးခဲ့တာကြောင့်ကယ်လို့မမှီခြင်းဟုသာဆရာဝန်ကပြောသည်။ဒါပေမဲ့JaeHyunကတော့လက်မလျှော့ပါဘူး။ရအောင်ကယ်ဦးမယ်ဟူသောစိတ်ကလေးဖြင့်အားတင်းထားရသည်။

အခုလည်းOmmaဆီကပြန်လာပြီးကလေးနှစ်ယောက်ကိုထမင်းကျွေးကာဆော့ကူပေးနေသည်။အိမ်ရှေ့ကခြံလေးထဲမှာဆော့နေကြတာမလို့လေလေးကလည်းတစ်ဖြူးဖြူးနဲ့သာယာနေသည်။

"Appa ရော့"

BoMinလေးပေးတဲ့ဟာကိုကြည့်လိုက်တော့ခေါင်းဆောင်းလေတစ်ခု။မင်္ဂလာဆောင်ရင်သတို့သမီးတွေဆောင်းသလိုမျိုးလေ။

"Appaအတွက်လား"

"ဟုတ်တယ်သားသားနဲ့ဦးဦးEricလုပ်ထားပေးတာ"

ခေါင်းဆောင်းလေးကတော်တော်တော့လှသည်။ခြံထဲမှာရှိတဲ့ပန်းလေးတွေကိုသီကာနောက်ကအစဖြူလေးတွဲထားတော့တော်တော်လေးကြည့်လို့လှသည်။

"ဘယ်တုန်းကလုပ်လိုက်ကြတာလဲ"

"မနေ့ကလေဦးဦးEricနဲ့တူတူလုပ်ထားတာ"

"အော်...ဟုတ်ပါပြီကျေးဇူးပါBoMinလေး"

"ဟွန့်..ကျွန်တော့်ကိုကျတော့မတင်ဘူးကျွန်တော်လည်းလုပ်ထားတာပါနော်"

ဟော...ကြည့်Ericကအဲ့လိုကလေးနဲ့ကိုအပြိုင်ဆိုးလိုက်ရမှ။

"ဟ...ဟ အင်းပါဒီကEricလေးကိုလည်းကျေးဇူး"

"ဟီးဟီး...ဆောင်းကြည့်ပါဦးHyungရဲ့"

JaeHyunလည်းခေါင်းပေါ်လေးတင်ပြီးဆောင်းကြည့်လိုက်သည်။

"ဝါး.....Appaကလှလိုက်တာ"

"ဟုတ်ပငါတို့Hyungလှချက်ကမိန်းကလေးတွေတောင်အရှုံးပေးရလောက်တယ်"

"အမလေး...ပိုနေပြန်ပြီဒီကလေးတွေ"

"Hyungဒီကိုကြည့်"

Ericကလှမ်းပြီးဓာတ်ပုံအမိအရရိုက်လိုက်ပါသေးသည်။

(လှလွန်းတယ်မလား🤧)

ထိုစဥ်ခြံထဲသို့ဝင်လာသည့်ကားတစ်စီး။

"​အော်....Daddyပြန်လာပြီ"

သုံးယောက်သားထပြီးJuYeonကိုကြိုကြသည်။JaeHyunကတော့မေ့ပြီးခေါင်းဆောင်းလေးကိုမဖြုတ်မိ။

JuYeonကားပေါ်ကဆင်းတော့BoMinလေးကအပြေးလေးလာပြီးJuYeonပေါ်ကိုခုန်တက်ကာဖက်လေသည်။

"Daddy....Appaကိုကြည့်မလှဘူးလား"

BoMinလေးပြောမှJuYeonလည်းJaeHyunကိုကြည့်မိတော့။

JuYeon's pov - လှရက်လိုက်တာJaeရယ်...

JuYeonမှာJaeHyunကိုလှလွန်း၍မှင်သက်ကာငေးနေတုန်းEricဆီမှ

"အဟမ်း....."

ချောင်းဟန့်လိုက်တော့JuYeonအသိစိတ်ပြန်ဝင်လာပြီး

"အင်း..လှတာပေါ့ခေါင်းဆောင်းလေးကဘယ်သူလုပ်ပေးထားတာလဲ"

"သားသားနဲ့ဦးဦးEricနဲ့လုပ်ထားပေးတာ"

"​အော်...တော်လိုက်တာနှစ်ယောက်လုံးက"

JuYeonကတော့အိမ်ထဲမဝင်ခင်အချိန်အထိJaeHyunကိုခိုးကြည့်လို့ကိုမဆုံးတော့။လှတယ်လေ။ဒီလိုအလှလေးကိုမကြည့်မိရင်နောင်တရတာပေါ့။ဒါပေမဲ့Jaeကဘယ်အချိန်ကြည့်ကြည့်လှပါတယ်။

____________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com