Chapter 12
"Ericရေ...JuYeonပြန်မလာသေးဘူးလား"
"အင်းHyung...ဒီနေ့လုပ်ငန်းရှင်တစ်ယောက်ရဲ့ညစာစားပွဲရှိလို့နည်းနည်းနောက်ကျမယ်တဲ့"
"အော်..Ericအိပ်ချင်နေပြီလား"
"အင်း"
"ဒါဆိုလာလေHyung BoMinလေးနဲ့အတူချော့သိပ်ပေးမယ်"
"Ok"
အရင်ကဆိုညလုံးပေါက်ဂိမ်းဆော့တတ်သည့်EricလေးကJaeHyunရဲ့ဆုံးမမှုကြောင့်9နာရီကျော်ဆိုအိပ်တတ်သည်။
BoMinလေးနဲ့အတူချော့သိပ်ပြီးသွားတော့JaeHyunလည်းအောက်ထပ်ဆင်းလာကာJuYeonကိုစောင့်နေလိုက်သည်။
10နာရီကျော်တဲ့အထိပြန်မလာသေးတာမို့JaeHyunစိုးရိမ်သွားသည်။ဖုန်းဆက်ပြန်တော့လည်းလူကြီးမင်းနဲ့ပဲတိုးနေသဖြင့်ပို၍စိတ်ပူလာရသည်။
တစ်အောင့်ကြာတော့ခြံထဲကားသံကြားသဖြင့်ထွက်ကြည့်လိုက်တော့JuYeon။ကားကတော့သူကိုယ်တိုင်မောင်းလာခြင်းမဟုတ်။သူ့လူတွေထဲကတစ်ယောက်မောင်းလာခြင်းဖြစ်သည်။
ကးပေါ်ကဆင်းလာတော့ယိုင်တိယိုင်တိုင်နဲ့မူးလာသည်ထင်။ဘယ်လောက်တောင်သောက်လာသည်မသိ။EricပြောပုံအရဆိုJuYeonကသောက်နိုင်သည့်သူတစ်ဦးဖြစ်သည်။
ဒါကြောင့်လမ်းကိုတော့သူလျှောက်နိုင်သေးသည်။JaeHyunလည်းJuYeonနားကိုအမြန်သွားလိုက်ပြီးတွဲကူလိုက်သည်။
"JaeHyunလား"
"အင်း"
"မအိပ်သေးဘူးလား"
"ဟင့်အင်းJuYeonကိုစောင့်နေတာ"
တွဲကူပေးရင်းနဲ့ပဲအိမ်ထဲကိုရောက်လာသည်။ဒါပေမဲ့သူလှေကားကိုဘယ်လိုတက်ရမလဲ။JuYeonရဲ့ကိုယ်ကိုတွဲပြီးလှေကားကိုတက်ဖို့ဆိုတာမဖြစ်နိုင်။
ဒါပေမဲ့လည်းJaeHyunအားတင်းပြီးတွဲလိုက်သော်လည်းJuYeonကိုမနိုင်သည်မို့သူပစ်လဲသွားတော့သည်။မြေပြင်ကိုကျပြီဟုထင်ထားသော်လည်းသေချာကြည့်တော့JuYeonကသူ့ခါးကိုလှမ်းဖက်ထားသည့်အတွက်မြေပြင်ပေါ်ကိုမပြုတ်ကျ။
"မနိုင်ဘဲနဲ့မသယ်ပါနဲ့JaeHyunတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
JuYeonကြည့်ရတာစောနကလောက်တောင်မမူးတော့သလိုဖြစ်နေသည်မို့JaeHyunမေးလိုက်သည်။
"JuYeonမမူးဘူးလား"
"ဟက်....နှစ်ပုလင်းလောက်တောင်ကျွန်တော်ကအပျော့ပါ"
ရယ်တောင်ရယ်နေနိုင်သေးတယ်ဆိုတော့တစ်ကယ်မမူးဘူးဘဲဟုJaeHyunတွေးလိုက်သည်။ဒါဆိုဘာလဲစောနကမူးချင်ယောင်ဆောင်နေတာပေါ့။သူ့မှာတော့ခြံထဲကနေအိမ်ထဲအထိမနည်းသယ်လာခဲ့ရတာကို။
JaeHyun JuYeonဆီကနေရုန်းလိုက်ပြီး
"ဒါဆိုလည်းကိုယ့်ဟာကိုယ်သွားတော့"
အနည်းငယ်စိတ်ဆိုးနေမှန်းJuYeonသိတော့သူထပ်ပြီးစချင်လာတာနဲ့ရုတ်တစ်ရက်ကြီးလှေကားပေါ်ကိုတက်ဖို့ပြင်နေတဲ့JaeHyunကိုလက်ကနေဆွဲပြီးခါးလေးကနေအသာမချီလိုက်သည်။
"JuYeon...ဘာလုပ်တာလဲ...ပြန်ချပေး"
"တစ်ကယ်လွှတ်ချလိုက်ရမှာလား"
ပြောပြီးအနည်းငယ်ဆောင့်ချလိုက်တော့ပြုတ်ကျသွားမှာစိုးတာနဲ့JuYeonရဲ့ခါးပေါ်ကိုသူ့ခြေထောက်နှစ်ချောင်းကချိတ်မိသွားသည်။လက်များကလည်းJuYeonရဲ့လည်တိုင်ပေါ်မှာနေရာယူလျက်။
"ပြန်ချပေးဆိုလို့ချတော့မလို့ဟာကိုပိုပြီးတောင်ဖက်လာတယ်ပေါ့"
"အသာလေးပြန်ချပေးဖို့ပြောတာလေဆောင့်ချခိုင်းတာမှမဟုတ်တာကို"
"အင်းပါဒါပေမဲ့ခုတော့ဒီအတိုင်းလေးအပေါ်တက်ရအောင်"
JaeHyunတစ်ကယ်နားမလည်နိုင်တော့ပါ။ဒီနေ့မှJuYeonကတစ်မျိုးဖြစ်နေသလိုပင်ဟုသူတွေးမိသည်။
သူ့အခန်းထဲရောက်သည်အထိJaeHyunကိုမချပေးသေး။
"ဟို...JuYeon..ချပေးတော့လေအခန်းထဲရောက်နေပြီကို"
ပြောပြီးတော့မှပဲJaeHyunကိုအသာလေးချပေးတော့သည်။
"ဒါဆိုကျွန်တော်အခန်းထဲပြန်တော့မယ်"
အမြန်ထွက်သွားလိုက်တာမို့သူ့မှာတားချိန်တောင်မရလိုက်။အဲ့တော့JuYeonလည်းရေချိုးဖို့သာပြင်တော့သည်။
JaeHyunအခန်းထဲကထွက်လာတော့သူ့ရဲ့ပုံမှန်မဖြစ်နေသေးတဲ့စိတ်ကိုအမြန်ထိန်းစေနိုင်ရန်အောက်ထပ်ကိုဆင်းကာရေသွားသောက်မိသည်။
JuYeonသူ့ကိုချီပြီးအပေါ်တက်တော့သူ့ရဲ့နှလုံးသားမှာဆိုင်းတီးသည့်နှယ်တစ်ဒုန်းဒုန်းဖြစ်နေသည်။ဒါကြောင့်အဆုတ်ကပါပုံမှန်အလုပ်မလုပ်တော့သည်ထင်။အသက်ရှုတွေပါမှားလာရတော့သည်။
မီးဖိုချောင်ထဲကထွက်လာတော့ဧည့်ခန်းထဲကစားပွဲပေါ်မှာတွေ့လိုက်ရတဲ့JuYeonရဲ့လက်ဆွဲအိတ်။သူJuYeonကိုတွဲလာပေးတုန်းကမနိုင်တော့အိတ်ကိုစားပွဲပေါ်တင်ထားခဲ့မိတာပဲ။
JaeHyun's pov - ဟူး.....သူ့အခန်းထဲကိုထပ်သွားရဦးမှာပါလား
JaeHyunလည်းအိတ်ကိုယူပြီးJuYeonအခန်းတံခါးကိုခေါက်လိုက်သည်။နှစ်ချက်သုံးချက်လောက်ခေါက်ပေမဲ့လာမဖွင့်တာကြောင့်JaeHyunလည်းသူ့ဟာသူပဲဖွင့်ပြီးဝင်သွားလိုက်သည်။
အခန်းရောက်တော့JuYeonကိုမတွေ့။ရေချိုးနေသည်ထင်။ဒါကြောင့်JaeHyunလည်းအမြန်ထွက်ရပြီးရောဟုတွေးကာအိတ်ကိုစားပွဲပေါ်တင်ပြီးအမြန်ထွက်လာလိုက်သည်။
Time skip.....
မနက်ရောက်တော့ထုံးစံအတိုင်းEricနဲ့BoMinလေးကိုမနက်စာကျွေးနေတာပေါ့။ပိတ်ရက်လည်းဖြစ်တော့အလုပ်လည်းသွားစရာမလို။ဒါပေမဲ့ခုချိန်ထိJuYeonကထမလာသေးချေ။မနေ့ညကသောက်တာများသွားလို့ထင်ပါရဲ့။
မနက်စာစားပြီးသွားတော့BoMinလေးအရောင်ခြယ်တာကိုကူပေးနေသည်။Ericကတော့ဂိမ်းဆော့နေသည်။
"Appa..Daddyမနိုးသေးဘူးလား"
"အင်းမနိုးသေးဘူးBoMinလေးရဲ့"
"ဟင်Hyungကဒီအချိန်ထိတစ်ခါမှမအိပ်ဖူးပါဘူး။ကြည့်ရတာမနေ့ညကများသွားတယ်ထင်တယ်"
"အင်းဟုတ်လောက်မယ်"
"Appa Daddyကိုသွားနိုးလိုက်ပါလား"
"ဟုတ်တယ်Hyungသွားနိုးလိုက်ပါလားကျွန်တော်တို့သွားရင်ထမှာမဟုတ်ဘူး"
"အင်း...ဒါဆိုBoMinလေးဒါလေးဆက်ခြယ်နေလိုက်ဦးနော်"
"ဟုတ်ကဲ့"
JaeHyunလည်းJuYeonအခန်းရှေ့ရောက်တော့တံခါးခေါက်လိုက်သည်။ဒါပေမဲ့မဖွင့်ပေးသဖြင့်သူလည်းဒီအတိုင်းပဲဖွင့်ကာဝင်လိုက်သည်။
JuYeonကတော့အိပ်ယာပေါ်မှာခုထက်ထိအိပ်နေစဲ။JaeHyunလည်းကုတင်ဘေးကိုသွားလိုက်ပြီးJuYeonကိုလှုပ်နိုးလိုက်သည်။
"JuYeon...JuYeon....ထတော့"
ဒါလည်းJuYeonကတုပ်တုပ်တောင်မလှုပ်။JuYeonရဲ့လက်မောင်းကိုအသာလေးပုတ်လိုက်တော့လည်းမထသေး။
အဲ့တော့JaeHyunလည်းစိတ်မရှည်တာနဲ့ဆက်မနိုးတော့ဘဲထသွားမယ်အလုပ်ရုတ်တစ်ရက်လက်ကိုဆောင့်ဆွဲခံလိုက်ရသည်။
အမှန်ကJuYeonကJaeHyunအခန်းထဲကိုဝင်လာကတည်းကနိုးနေပြီးသားပါ။သူရဲ့Jaeလေးဘယ်လိုနှိုးမလဲဆိုတာသိချင်၍အိပ်ချင်ယောင်ဆောင်နေခြင်းဖြစ်သည်။
JuYeonတို့မနက်ခင်းမှာတောင်ဘယ်လိုတောင်အားရှိနေသည်မသိ။JaeHyunကိုတစ်ချက်ပဲဆွဲလိုက်တာဟိုကသူ့ရင်ခွင်ထဲကိုအော်တိုကျလာသည်။JaeHyunကတော့ရုတ်တစ်ရက်ဖြစ်သွားသည်မို့လန့်သွားသည်။
ရင်ခွင်ထဲရောက်လာမှာတော့JuYeonဘယ်လွှတ်ပေးတော့မလဲ။လက်နှစ်ဖက်လုံးနဲ့ရင်ခွင်ထဲကကောင်လေးကိုမထနိုင်စေရန်ဖက်ထားလိုက်သည်။အခွင့်အရေးဆိုတာနှစ်ခါမှမလာတတ်တာ။
"JuYeon...နိုးနေပြီဆိုလည်းထလေပြီးတော့လွှတ်ဦး"
"မလွှတ်ပေးပါဘူး"
"ထလို့...ဘယ်အချိန်ရှိနေပြီလဲ"
"မထချင်သေးဘူးကွာ"
"အဲ့တာဆိုလည်းလွှတ်ပေး"
JaeHyunကရင်ခွင်ထဲနေအတင်းရုန်းကာထနေတော့JuYeonပိုလို့ပင်တိုးကာဖက်လိုက်သည်။
"Lee JuYeon မစနဲ့တော့"
JaeHyun...JuYeonရင်ခွင်ထဲမှထချင်လွန်း၍တော့မဟုတ်။နီးကပ်နေသဖြင့်သူ့ရင်ခုန်သံကြားသွားမှာစိုး၍သာအတင်းရုန်းကာထနေခြင်းဖြစ်သည်။
"Jae..."
ရုတ်တစ်ရက်ကြီးသူ့နာမည်ကိုအဖျားဆွတ်ပြီးခေါ်လိုက်တဲ့JuYeonကြောင့်JaeHyunကြက်သီးများထသွားသည်။
ပြီးတော့မော့ကြည့်လိုက်မိတော့မျက်နှာနှစ်ခုနီးကပ်သွားလေသည်။ဘယ်လောက်တောင်နီးကပ်နေသလဲဆိုရင်JuYeonအသက်ရှုထုတ်လိုက်တဲ့လေတောင်JaeHyunပါးပေါ်ကိုရောက်လာသည်အထိနီးကပ်သွားသည်။
JuYeonကတော့သူ့ရဲ့Jaeမျက်နှာလေးကိုအသေးစိတ်လိုက်ကြည့်နေမိသည်။ပုလဲလုံးလေးပမာတောက်ပနေတဲ့မျက်ဝန်း...ချွန်ချွန်သွယ်သွယ်လေးဖြစ်နေတဲ့နှာတံ...စိုစွတ်နေတဲ့နှုတ်ခမ်းရဲရဲလေး...ပြေပြစ်နေတဲ့ပါးပြင်လေးနှစ်ဖက်။
JuYeon's pov - Jaeရယ်ကိုယ့်ကိုဘယ်လိုတောင်ဆွဲဆောင်နေတာလဲကွာ
"Ju...JuYeon"
JaeHyunခေါ်သံသေးသေးလေးကြားမှJuYeonငေးနေရာမှသတိပြန်ဝင်လာသည်။အဲ့တော့မှနှစ်ယောက်သားထလိုက်ကြပြီးJaeHyunကတော့ရှက်နေသည်ထင်ပါးလေးနှစ်ဖက်မှာရဲလို့။
JuYeonသူ့ဘေးမှာပါးလေးတွေရဲပြီးရှက်နေတဲ့ကောင်လေးကိုကြည့်ကာဘယ်လိုမှစိတ်မထိန်းနိုင်တော့တာနဲ့ပါးလေးကိုသူ့နှာခေါင်းနစ်ဝင်သွားသည်အထိနမ်းရှုံ့လိုက်သည်။
ရုတ်တစ်ရက်ကြီးအနမ်းခံလိုက်ရတော့JaeHyunမှာကြက်သေသည့်နှယ်ဖြစ်သွားသည်။JuYeonကတော့နမ်းပြီးသူမဟုတ်သည့်အတိုင်းထသွားကာရေချိုးခန်းထဲဝင်သွားသည်။
JaeHyunကတော့ကုတင်ပေါ်လေးမှာထိုင်ရက်သားကြောင်နေမိတုန်း။
JaeHyun's pov - နေပါဦး..အခုငါ့ပါးကိုသူနမ်းလိုက်တာလား....ငါ့ကိုနမ်းလိုက်တာ
JaeHyunထိုင်ပြီးကြောင်နေမိသည်မှာJuYeonမျက်နှာသစ်ပြီးပြန်ထွက်လာတဲ့အထိပင်။
"Jae ဘာထိုင်လုပ်နေတာလဲ"
JuYeonဆီကခေါ်သံကြားတော့မှလှည့်ကြည့်မိတော့JuYeonအဝတ်လဲမလို့ထင်ပါရဲ့။shirtကိုချွတ်နေသည်။
"JuYeonဘာလုပ်တာလဲ"
"အဝတ်အစားလဲမလို့လေဘာလဲထိုင်ကြည့်မလို့လား"
ပြုံးပြုံးကြီးနဲ့စနေတဲ့JuYeonကြောင့်JaeHyunရှက်ကာ
"ကြည့်....ကြည့်...ကြည့်စရာလားသွားပြီ"
ဟုဆိုကာထွက်ပြေးသွားလေသည်။
JuYeon's pov - ရှက်သွားတာလေးကလည်းချစ်ဖို့ကောင်းလိုက်တာကွာ
JuYeonသူ့ကိုယ်သူလည်းမသိတော့ချေ။မဖွင့်ပြောရသေးပေမဲ့ဒီလိုတွေလုပ်မိနေတာမှန်ရဲ့လားဟူသောအတွေးလေးတော့ဝင်မိသည်။မဟုတ်ရင်CEO Lee JuYeonကကောင်လေးတစ်ယောက်ကိုအိမ်ခေါ်ထားပြီးအနိုင်ကျင့်နေပါတယ်ဆိုတဲ့သတင်းတွေထွက်လာမှဖြင့်။
အဲ့တော့JuYeonတွေးမိလိုက်သည်က
"ငါJaeကိုဖွင့်ပြောဖို့လိုပြီ"
____________________________________
ကြိုက်တော့မယ်နော်😁
ခုတစ်လောနိုင်ငံရေးတွေကလည်းမတည်မငြိမ်ဖြစ်နေတော့အားလုံးသတိထားကြပါလို့။အနိုင်ရတော့မှာမလို့အားတင်းထားကြပါ။ကိုယ့်IDOL တွေကိုအပြည့်အဝလွတ်လွတ်လပ်လပ်stanနိုင်မဲ့နေ့ရောက်လာတော့မှာပါ။
မအလ တွေလက်ကမြင်းလို့ဟိုနေ့ကMV streamနေတုန်းမီးပျက်သွားလို့ပါ😄
အဲ့တော့အားလုံးFighting💪
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com