Chapter 13
"Hyungဘာထိုင်လုပ်နေတာလဲ"
ခြံထဲကဒန်းပေါ်မှာထိုင်နေသည့်JuYeonကိုမြင်တော့Ericဘေးမှာဝင်ထိုင်လိုက်သည်။
"ဒီအတိုင်းပဲစဥ်းစားနေတာ"
"ဘာတွေစဥ်းစားနေတာလဲ"
"ငါJaeကိုဖွင့်ပြောရင်ကောင်းမလားလို့"
"ဖွင့်ပြောရင်ကောင်းမလားမဟုတ်ဘူးဖွင့်ကိုပြောသင့်တာ"
"ငါလည်းကြိုးစားကြည့်ပါသေးတယ်ဒါပေမဲ့ငါငြင်းခံရမှာကြောက်နေတာ"
"လာပြန်ပြီနောက်တစ်ယောက်..Hyungတို့နှစ်ယောက်ကလေတစ်ယောက်နဲ့တစ်ယောက်ချစ်နေရဲ့သားနဲ့ကိုငြင်းခံရမှာကြောက်နေတာနဲ့ပဲမဖွင့်ပြောတော့ဘူးလား"
"ဟမ်....Ericမင်းဘာကိုဆိုလိုချင်တာလဲတစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ"
"ကျွန်တော်မှမပြောရင်Hyungတို့နှစ်ယောက်ဒီတစ်သက်ညားတော့မှာမဟုတ်ဘူးကဲပြောပြမယ်"
Flash back...
လွန်ခဲ့သောနှစ်ရက်ခန့်က....
JaeHyun JuYeonအခန်းထဲမှာသန့်ရှင်းရေးလုပ်နေတုန်းစားပွဲပေါ်မှာတင်ထားတဲ့JuYeonရယ်Ericရယ်BoMinလေးရယ်အတူတူရိုက်ထားတဲ့ပုံကိုတွေ့သွားသည်။
JaeHyunလည်းထိုပုံလေးကိုကြည့်နေရင်းရုတ်တစ်ရက်ဘယ်ကတည်းကအခန်းထဲရောက်နေမှန်းမသိတဲ့Ericက
"Hyungကိုအဲ့လောက်တောင်သဘောကျတာလား"
"ဟင်...Ericဘယ်တုန်းကရောက်နေတာလဲ"
"ကျွန်တော်မေးတာအရင်ဖြေပါ"
"ဘာလဲ...ငါကBoMinလေးကိုကြည့်နေတာ"
"မလိမ်တတ်ဘဲနဲ့လိမ်ပြန်ပြီ.....Hyungကိုသဘောကျနေတာကျွန်တော်ကမသိရှာဘူးဆိုတော့"
"ဟာ...Ericကလည်း.....ဒါနဲ့Hyungအဲ့လောက်ထိသိသာနေလား"
"မသိသာပါဘူး...ကျွန်တော်ကတော်လွန်းလို့ရိပ်မိတာ....Hyungမဖွင့်ပြောချင်ဘူးလား"
"Ericကလည်းHyungတို့နှစ်ယောက်ကဖြစ်မှမဖြစ်နိုင်ဘဲဒါကတော့မပြောလည်းသိသာနေတာပဲကို"
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
"သူကမိန်းကလေးတွေပဲကြိုက်တာမလားအဲ့တော့ဖွင့်ပြောမိသွားရင်Hyungအငြင်းခံရမှာကြောက်တယ်"
"Hyungကလည်းဗျာ....မကြိုးစားကြည့်ဘဲနဲ့ဘယ်လိုလုပ်သိမှာလဲ"
"ဟင့်အင်း...Hyungခံစားချက်ကိုတစ်သက်လုံးရင်ထဲမှာသိမ်းထားဖို့ဆုံးဖြတ်ပြီးသွားပြီ"
Flash back end.....
"ဒါဆို....မင်းပြောချင်တာJaeလည်းငါ့ကိုသဘောကျနေတယ်ပေါ့"
"သိချင်ရင်ကာယကံရှင်ကိုကိုယ်တိုင်သွားမေးပါလား"
"Jaeဘယ်မှာလဲ"
"Hyungအခန်းထဲမှာအဝတ်ခေါက်နေတယ်"
Ericစကားဆုံးတာနဲ့ဒန်းပေါ်ကနေချက်ချင်းဝုန်းခနဲထကာအိမ်ပေါ်ထပ်ကိုJuYeonအမြန်ပြေးတက်သွားသည်။
အပေါ်ထပ်ကသူ့အခန်းထဲရောက်တော့အခန်းပေါက်ကိုကျောပေးကာအဝတ်ခေါက်နေသောJaeHyunကိုတွေ့လိုက်ရသည်။
"Jae"
ခေါ်လိုက်တော့လှည့်ကြည့်လာသည်။
"JuYeon...ဘာလိုလို့လဲ"
JuYeon..JaeHyunနားလေးကိုသွားလိုက်ပြီးJaeHyunလက်လေးနှစ်ဖက်ကိုဖြေးဖြေးချင်းဆုပ်ကိုင်လိုက်သည်။JaeHyunကတော့နားမလည်စွာဖြင့်ကြောင်နေလေရဲ့။
"Jae...ကျွန်တော်Jaeကိုပြောစရာရှိတယ်"
"ပြောလေ"
JuYeonလေပူတစ်ချက်ကိုခပ်ပြင်းပြင်းအရင်မှုတ်ထုတ်လိုက်သည်။ပြီးတော့အားယူကာ
"Jaeကိုကျွန်တော်ချစ်တယ်"
JaeHyunသူ့နားသူပင်မယုံနိုင်လောက်အောင်ဖြစ်သွားသည်။ဘာတဲ့။သူတစ်ဖက်သက်ချစ်နေရတဲ့သူကသူ့ကိုချစ်တယ်တဲ့လား။အံ့သြသွား၍လက်ထဲကခေါက်နေလက်စJuYeonရဲ့shirtတောင်ပြုတ်ကျသွားသည်။
သူပျော်သွားသည်။ပျော်လွန်း၍ဆွံ့အနေမိသည်။
"Jaeလည်းကျွန်တော့်ကိုသဘောကျနေတာမလား..Ericပြောပြတယ်"
"ဟင့်အင်း....သဘောမကျပါဘူး"
JaeHyunဖြေလိုက်သည့်အဖြေကြောင့်JuYeonကိုင်ထားသည့်လက်လေးနှစ်ဖက်ကိုလွှတ်ချမိသွားသည်။
JuYeon's pov - စဥ်းတောင်မစဥ်းစားပေးတော့ဘူးပဲ။ငါထင်တဲ့အတိုင်းအငြင်းခံရတာပါလား။
သိသိသာသာမျက်နှာပျက်သွားတဲ့JuYeonကိုကြည့်ပြီးJaeHyunရယ်ချင်မိသွားသည်။
ချက်ချင်းပဲJuYeonရဲ့ရင်ခွင်ထဲကိုဝင်လိုက်ပြီးနားနားလေးကပ်ကာပြောလိုက်သည်။
"သဘောမကျဘူး..ချစ်ပဲချစ်တာ"
ထိုအခါမှပဲJuYeonမျက်နှာမှာကျေနပ်သည့်အပြုံးလေးရောက်လာတော့သည်။သူ့ကိုဖက်တွယ်ပြီးရင်ခွင်ထဲဝင်လာတဲ့JaeHyunကိုပိုလို့ပင်တင်းကျပ်စွာပြန်ဖက်လိုက်သည်။
နှစ်ယောက်ကြားထဲကိုဘယ်လိုလေမှတိုးဝင်လို့မရသည်အထိနီးကပ်တင်းကျပ်စွာဖက်ထားမိသည်မှာမိနစ်အနည်းငယ်ကြာသွားသည်။
တစ်ယောက်ကိုယ်သင်းနံ့တစ်ယောက်ရှူရှိက်နေရသည်မှာလည်းကျေနပ်စရာကောင်းလှသည်။ချစ်ရသူနဲ့ပတ်သက်လာရင်ကိုယ်သင်းနံ့လေးကိုကအစချစ်မိသည်။ဒါဟာလည်းအချစ်ရဲ့စွမ်းအင်ပင်။
အတော်အတန်ကြာအောင်ဖက်ပြီးသွားတော့နှစ်ယောက်သားခွာလိုက်ကြပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးမိပြန်သည်။
JuYoenသိပ်မြတ်နိုးရပါတယ်ဆိုတဲ့အပြုံးလေးနဲ့ပြုံးလာတဲ့သူ့ချစ်သူလေးကိုကြည့်ပြီးကြည်နူးရပြန်သည်။
"Jae"
"ဟင်"
"တစ်ခုလောက်တောင်းဆိုချင်တယ်"
"ပြောလေ"
"ကျွန်တော့်ကို မောင် လို့ခေါ်ပါလားဟင်"
JaeHyunခေါင်းငြိမ့်ပြလိုက်သည်။အမှန်အတိုင်းပြောရလျှင်သူလည်းJuYeonကိုချစ်စနိုးလေးနဲ့ခေါ်ချင်နေခဲ့မိတာ။အခုတော့ဆန္ဒတွေပြည့်ဝသွားပြီပေါ့။
နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးကြည်နူးနေကြသည်မှာဘယ်လောက်ပင်ကြာသွားသည်မသိ။အပြင်ဘက်မှ
"ဦးဦးEric...Daddyအခန်းထဲကိုဘာတွေချောင်းကြည့်နေတာလဲ"
ဆိုတဲ့အသံလေးကြားတော့မှလွှတ်မိသွားသည်။အပြင်ကိုကြည့်လိုက်တော့သူတို့အခန်းထဲကိုချောင်းကြည့်နေတဲ့Ericရယ်..နေ့လည်တစ်ရေးတစ်မောအိပ်ပြီးလို့ပြန်ထလာတဲ့BoMinလေးရယ်ကိုတွေ့လိုက်ရသည်။
Eric's pov - BoMinရာဆက်အိပ်နေတာမဟုတ်ဘူးကောင်းခန်းရောက်နေတာကိုကွာ
..................
ညဘက်ထမင်းစားတော့Ericကသူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးစိစိနှင့်လုပ်နေသည်။
"မောင်နဲ့Jaeတဲ့...အဟိ😁"
"Eric!!! ထမင်းစားစရာရှိတာဆက်စားမလားမုန့်ဖိုးဖြတ်ရမလား"
JuYeonမှငေါက်လိုက်တော့ရုပ်ကိုမနည်းပြန်တည်ကာထမင်းစားရန်ပြင်လိုက်သည်။အပြောကတော့ထမင်းစားပါတယ်ပေါ့။တစ်ကယ်တမ်းကJaeHyunခွံ့ကျွေးနေရတာပါ။
"Appa...ထမင်းစားပြီးရင်သားသားနဲ့ပုံဆွဲကူပေးဦးနော်"
"အင်းပါ"
"ဒါနဲ့BoMinလေးပုံတော်တော်ဆွဲတတ်နေပြီပေါ့"
"ဒါပေါ့Daddyရဲ့Appaကူပေးတော့သားသားအများကြီးတော်လာတာ"
"ဟုတ်လားတော်တဲ့Daddyသားလေးကိုဆုချရမှာပေါ့ဘာလိုချင်လဲပြော"
"Umm...သားသားကိုအရုပ်အသစ်ဝယ်ပေး"
"ဟုတ်ပါပြီဒါဆိုမနက်ဖြန်အတူတူသွားဝယ်ကြမယ်"
"ရေးးး"
ထမင်းစားသောက်ပြီးသွားတော့JaeHyunကBoMinလေးကိုပုံဆွဲတာကူပေးပြီးEricနဲ့JuYeonကတော့စာကြည့်ခန်းထဲမှာအလုပ်လုပ်နေကြသည်။
အိပ်ချိန်လည်းရောက်တော့JaeHyunလည်းBoMinနဲ့Ericကိုသိပ်ခဲ့ပြီးအိပ်ရန်အခန်းထဲကိုလာလိုက်သည်။လာတော့အခန်းရှေ့မှာမအိပ်သေးဘဲရပ်စောင့်နေတဲ့JuYeon။
"ဟင်...မောင်...မအိပ်သေးဘူးလား"
ဒါဟာJaeHyunသူ့ကိုပထမဦးဆုံးအနေနဲ့မောင်လို့ခေါ်လိုက်ခြင်းဖြစ်သည်။ကြားလိုက်ရတဲ့JuYeonအဖို့တော့JaeHyunသူ့ကို မောင် လို့ခေါ်လိုက်တဲ့အသံလေးကနှလုံးသားထဲကိုပျားသကာရည်လောင်းချလိုက်သည့်နှယ်ချိုမြိန်လွန်းနေသည်။
JaeHyunကတော့သူမေးတာပြန်မဖြေဘဲတောင့်တောင့်ရပ်ကာပြုံးနေတဲ့JuYeonကြောင့်လက်မောင်းကိုအသာလေးပုတ်လိုက်သည်။
"မောင် မအိပ်သေးဘူးလားလို့"
"ဟမ်..အော်...Jae..အင်း...Jaeကိုစောင့်နေတာ"
"ဘာလို့လဲ"
"ဟို.....Jaeနဲ့အတူအိပ်ချင်လို့"
"ဟင်"
"တစ်ခြားဟာမတွေးပါနဲ့...ဒီအတိုင်းပဲဖက်အိပ်ရုံပဲအိပ်မှာပါ"
"အင်း"
.............
JuYeonအခန်းထဲအရောက်ကုတင်ပေါ်ရောက်တော့JaeHyunမှ
"အာ...ဟုတ်သားပဲ....ခေါင်းအုံးမယူလာမိဘူးသွားယူလိုက်ဦးမယ်"
"ဘာလို့သွားယူနေတော့မှာလဲဒီမှာလေ"
ပြောပြီးသူ့လက်မောင်းကိုပုတ်ပြတော့JaeHyunက
"အဲ့တာတော့ဟုတ်တယ်လေဒါပေမဲ့မောင်နာနေမှာပေါ့"
"မနာပါဘူးJaeရဲ့လာပါအိပ်ရအောင်"
JaeHyun လည်းJuYeonဘေးလေးမှာဝင်လှဲလိုက်ပြီးJuYeonလက်မောင်းလေးအပေါ်ကိုခေါင်းထားလိုက်သည်။
ထိုအခါJuYeonရဲ့ကျန်တဲ့လက်တစ်ဖက်ကJaeHyunခါးလေးပေါ်ကိုလှမ်းဖက်လိုက်သည်။JaeHyunကလည်းJuYeonကိုပြန်ဖက်ထားသည်။
"မောင်"
"ပြောလေJae"
"ကျေးဇူးတင်ပါတယ်နော်"
"ဘာအတွက်လည်းJaeရဲ့"
"အရာအားလုံးအတွက်လေ။Jaeစဥ်းစားနေတာအကယ်လို့မောင်သာJaeကိုအဲ့နေ့ညတုန်းကလာမကယ်ခဲ့ရင်အခုJaeဘယ်ဘဝရောက်နေမလဲဆိုတာစဥ်းစားမိရင်းနဲ့ကိုကြောက်လာတယ်"
"အော်..မဟုတ်တာJaeကလည်းမောင်ကတောင်လာတာနောက်ကျသွားခဲ့မိလို့Jaeကိုအားနာမိနေတာ...Jae...နောက်ထပ်အဲ့လိုအကြောင်းတွေထပ်မစဥ်းစားနဲ့တော့နော်Jaeစိတ်ဆင်းရဲနေတာမောင်မကြည့်ရက်လို့ပါ"
"အင်းပါမောင်ရဲ့Jaeထပ်မတွေးတော့ပါဘူး"
"Jaeချစ်တယ်နော်"
"Jaeကပိုချစ်တာ"
"ဟင့်အင်းမောင်ကအများကြီးပိုချစ်တာ"
"အင်းပါအင်းပါအခုတော့အိပ်ရအောင်"
ထိုနေ့ညလေးကBoMinလေးအခန်းထဲမှာကလေးကြီးနဲ့ကလေးလေးနှစ်ယောက်လည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသလိုနောက်တစ်ခန်းထဲမှာလည်းအရမ်းချစ်ကြတဲ့ကောင်လေးနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ဖက်ကာနှစ်ခြိုက်စွာအိပ်ပျော်နေလေရဲ့။
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com