Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 14

မနက်မိုးလင်းတော့JuYeonကအရင်နိုးထလာခဲ့သည်။နိုးနိုးချင်းမြင်လိုက်ရသည့်သူကသူ့ရဲ့နှစ်ယောက်မရှိချစ်ရတဲ့Jaeရဲ့မျက်နှာလေး။

တစ်နေ့တာရဲ့အစမှာချစ်ရတဲ့သူမျက်နှာကိုမြင်လိုက်ရခြင်းဟာအားဆေးတစ်ခွက်လိုပင်အစွမ်းထက်လှသည်။

အိပ်ပျော်နေတာလေးကအစချစ်ဖို့ကောင်းနေတော့JuYeonဘယ်နေနိုင်တော့မလဲ။ပါးလေးကိုသွားနမ်းမိတော့ဟိုကနိုးလာရဲ့။

"Morning Jae"

"အင်း....Morningမောင်"

အိပ်ချင်မူးတူးအသံလေးနဲ့သူ့ကိုမောနင်းပြောလာတာလေးကလည်းချစ်ဖို့ကောင်းနေပြန်သည်။

"မောင်အစောကြီးနိုးနေတာလား"

"ဟင့်အင်းခုနလေးကမှပါ"

"အော်...အခုဘယ်နှနာရီထိုးပြီလဲ"

"7နာရီထိုးလောက်ပြီထင်တယ်"

"ဟုတ်လားအဲ့တာဆိုထမယ်လေဒီနေ့အလုပ်သွားရမှာကိုBoMinလေးကိုလည်းမူကြိုပို့ရဦးမယ်"

"အင်းပါဒါနဲ့Jae....အလုပ်မလုပ်ပါတော့နဲ့လား"

"ဘာလို့လဲမောင်ရဲ့"

"မောင်တစ်ယောက်လုံးရှိနေတာကိုဘာလုပ်ဖို့အလုပ်လုပ်နေမှာတုန်း"

"မောင်တောင်အလုပ်လုပ်နေတဲ့ဟာကိုJaeကဒီအတိုင်းထိုင်နေလို့မှမကောင်းတာ"

"Jaeကဒီအတိုင်းလည်းထိုင်မနေပါဘူးအိမ်မှာပဲနေပြီးအိမ်အလုပ်လေးတွေလောက်ပဲလုပ်ပေါ့Jaeကိုအပြင်မှာဆိုမောင်စိတ်မချဘူး"

"အင်းပါဒါဆိုလည်းဒီလကုန်အထိတော့SangYeon Hyungက်ုကူလိုက်ဦးမယ်လေ"

"ဟုတ်ပါပြီ"
.................

မနက်စာစားတော့.....

"ဒီနေ့Appaကော Daddyကောမူကြိုလိုက်ပို့ပေးရမှာနော်ပြီးတော့ကျောင်းဆင်းရင်လည်းအရုပ်လိုက်ဝယ်ပေးရမှာနော်"

"အင်းပါသားလေးရဲ့Daddyမမေ့ပါဘူး"

ဒီလိုနဲ့ကတိအတိုင်းကျောင်းကိုနှစ်ယောက်လုံးကလိုက်ပို့ပေးပြီးJaeHyunအလုပ်ကိုလည်းJuYeonကိုယ်တိုင်လိုက်ပို့ပေးသည်။

ညနေကျောင်းဆင်းချိန်ရောက်တော့JaeHyunကိုအရင်ဝင်ကြိုလိုက်ပြီးမှBoMinလေးကိုသွားကြိုလိုက်သည်။

Ericလည်းပါလာသည်။BoMinကိုအရုပ်ဝယ်ပေးမယ်ဆိုတာသိတော့သူ့လည်းဝယ်ပေးပါလိူ့ပူဆာနေသည့်အတွက်JuYeonကိုယ်တိုင်ခေါ်လာခြင်းဖြစ်သည်။

BoMinလေးတို့ကျောင်းရှေ့ရောက်တော့JuYeonဆီကိုအလုပ်မှဖုန်းဝင်လာသည်။

"မောင်ဖုန်းခနပြောလိုက်ဦးမယ်Jaeသွားကြိုလိုက်နော်"

"အင်း"

JaeHyunကျောင်းရှေ့ကိုသွားတော့BoMinလေးကိုတွေ့သည်။ဒါပေမဲ့အရင်လိုသူ့ကိုမြင်တာနဲ့ပြေးပြီးလာဖက်တာမျိုးတော့မဟုတ်။ထိုင်ပြီးငိုနေလေသည်။ပြီးတော့ဘေးမှာလည်းကလေးတစ်ယောက်ကိုလက်ဆွဲထားတဲ့အမျိုးသမီးတစ်ယောက်ကိုလည်းတွေ့လိုက်ရသည်။

JaeHyunစိတ်ပူသည်နှင့်သွားလိုက်တော့BoMinလေးကသူ့ကိုမော့ကြည့်ရှာသည်။ပြီးတော့ငိုသံလေးနှင့်

"Appa"

"သားလေးဘာဖြစ်လို့လဲဘာလို့ငိုနေတာလဲAppaကိုပြောပါဦး"

ထိုစဥ်BoMinလေးမှမဖြေခင်ဘေးကရပ်နေတဲ့အမျိုးသမီးမှ

"ဒီမှာ....BoMinရဲ့Appaမလား"

"ဟုတ်ပါတယ်"

"ဒါဆိုတစ်ခါတည်းပြောလိုက်မယ်ဒီနေ့ရှင့်သားကကျွန်မသားကိုရိုက်လိုက်တယ်"

"ဗျာ..."

JaeHyunအံ့သြသွားသည်။တစ်ခါမှတစ်ခြားကလေးတွေနဲ့ရန်တောင်မဖြစ်ဖူးတဲ့ကလေးကဘယ်လိုဖြစ်ပြီးရိုက်ရဲမှာလဲ။

"ဟုတ်တယ်ဒီမှာကျွန်မသားကိုထိလို့ကတော့ကျွန်မငြိမ်ခံနေမှာမဟုတ်ဘူးနော်"

ထိုမိန်းမမှာလည်းတစ်ကယ့်ကိုဒေါသထွက်နေသည်ဖြစ်တာကြောင့်JaeHyunတောင်းပန်ရန်စလိုက်သည်။ဒါပေမဲ့သူ့သားကိုကြည့်လိုက်တော့ကလေးကဘာမှဖြစ်သည့်ပုံတောင်မပေါ်။ထိုစဥ်BoMinလေးမှ

"Appaသူကသားကိုအရင်ရန်လာလုပ်တာသားသားကိုခေါ်တာမိဘမဲ့တဲ့တစ်ခန်းလုံးကလူတွေခေါ်အောင်လည်းသူပြောတာRoWooပဲမပြောတာ"

ထိုအခါJaeHyunဒေါသထွက်သွားလေသည်။

"စကားနဲ့ပြောတာကဘာဖြစ်သွားမှာမလို့လဲအဲ့တာကိုရိုက်စရာလား"

"ဒီကအစ်မရဲ့သားကအရင်မှားတာလို့ကျွန်တော်ထင်တယ်"

"ဘာပြောတယ်"

"အစ်မကလေးတစ်ယောက်ကိုမိဘမဲ့လို့ခေါ်ခိုင်းရလောက်တဲ့အထိမသွန်သင်ဘူးလား"

"ရှင်ပြောတာလွန်သွားပြီနော်"

"အစ်မသားရဲ့စကားကပိုလွန်တာပေါ့"

"အမှန်ကိုအမှန်အတိုင်းပြောတာလေဘာမှားနေလို့လဲဒီကောင်လေးကတစ်ကယ်မိဘမဲ့ပဲဟာကို"

"ခင်ဗျားဘာစကားပြောလိုက်တာလဲ!!!"

ရုတ်တစ်ရက်ထွက်လာသည့်အသံပိုင်ရှင်ကိုကြည့်လိုက်တော့JuYeon။နောက်ကEricလည်းပါလာသည်။

ထိုမိန်းမကJuYeonမပါလားဘူးထင်ကာJaeHyunကိုထင်တိုင်းကြဲနေခြင်းဖြစ်သည်။အခုJuYeonပါလာမှန်းလည်းသိရောမျက်လုံးပြူးမျက်ဆံပြူးနှင့်ဖြစ်နေသည်။

"ခင်ဗျားပါးစပ်ကထပ်ပြီးကျွန်တော့်သားကိုအဲ့လိုစကားမျိုးပြောကြည့်....တစ်သက်လုံးပါးစပ်ပေါက်ပိတ်သွားချင်လား"

"အဲ့..အဲ့...အဲ့လိုမဟုတ်ပါဘူး"

"ခင်ဗျားပြောနေတာတွေကျွန်တော်ကြားတယ်ခင်ဗျားသားကဘာဖြစ်သွားလို့လဲသွေးထွက်သံယိုဖြစ်သွားလို့လား။ဆေးရုံတင်ပေးရမလား"

"မ..မဟုတ်ပါဘူး"

ထိုစဥ်ကျောင်းရှေ့သို့ကျောင်းအုပ်ကိုယ်တိုင်ကပါရောက်ချလာလေသည်။

"ဒီကCEO Leeတို့အထဲမှာထိုင်ပြီးအေးဆေးပြောကြပါလားရှင့်"

"မလိုဘူး....ဒီမှာကျွန်တော်ကခင်ဗျားတို့ကိုယုံလို့ဒီကျောင်းမှာကျွန်တော့်သားကိုထားတာနော်...ယုံကြည်မှုပျက်ရအောင်မလုပ်နဲ့"

"ဟုတ်ကဲ့ပါနောက်တစ်ခါဒီလိုထပ်မဖြစ်စေရပါဘူး"

JuYeonလည်းပြောစရာရှိတာပြောပြီးJaeHyunတို့ကိုခေါ်ကာကားဆီလာလိုက်သည်။စောနကJaeHyunကိုအသံကောင်းဟစ်ခဲ့တဲ့မိန်းမကတော့တုပ်တုပ်တောင်မလှုပ်ရဲ။

ဘယ်သူမလို့လဲ။Lee JuYeonမလား။လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့သူ့အသက်ကိုယူနိုင်သည်အထိပါဝါရှိသူမလို့သူဘာမှပြန်မပြောနိုင်ခြင်းဖြစ်သည်။

ကားထဲရောက်တော့BoMinလေးမှငိုသံလေးဖြင့်

"Appaနဲ့Daddyသားသားတောင်းပန်ပါတယ်နော်သားသားတစ်မင်ရိုက်လိုက်တာမဟုတ်ပါဘူးသူကသားသားကိုမိဘမဲ့လို့ခေါ်လို့သားသားမှာOmmaမရှိဘူးဆိုတာလည်းပြောလို့သားသားရိုက်လိုက်မိတာပါ"

အခုလိုမျိုးငါးနှစ်ကလေးလေးကသူမမှားတဲ့ကိစ္စအတွက်နဲ့JuYeonနဲ့JaeHyunဆူမှာကိုကြောက်ပြီးတောင်းပန်နေရှာသတဲ့။

ထိုအခါJaeHyunမှ

"မဟုတ်တာBoMinလေးကလည်းသားသားတောင်းပန်စရာမလိုပါဘူးသားသားဘာအမှားမှမလုပ်ခဲ့တာ"

"ဒါပေမဲ့သားသားသူ့ကိုရိုက်လိုက်မိတယ်လေ"

"သူဘာမှမဖြစ်သွားတာအဲ့တော့သားသားမှာအပြစ်မရှိဘူးနော်ပြီးတော့သားသားမှာAppaနဲ့Daddyလည်းရှိတယ်ဦးဦးEricလည်းရှိတယ်ဆိုတာမမေ့နဲ့နော်ဒါပေမဲ့နောက်တစ်ခါကျရင်တော့အဲ့လိုတစ်ခြားသူကိုမရိုက်ရဘူးနော်"

ထိုအခါမှခေါင်းငြိမ့်ပြလာတဲ့BoMinလေး။

"ဒါဆိုAppaကိုပြုံးပြပါဦး"

အဲ့တော့မှသူ့ကိုသွားလေးဖြီးပြီးပြုံးပြနေတဲ့BoMinလေးကိုJaeHyunတစ်ချက်နမ်းလိုက်သည်။ဘာအပြစ်မှမရှိတဲ့ကလေးကိုစိတ်ဒဏ်ရာမပေးချင်ဘူးလေ။

BoMinလေးကိုချော့နေသောJaeHyunကိုကြည့်ပြီးပီတိဖြစ်ရသူများမှာJuYeonနဲ့Ericပင်။
ဒီလိုနဲ့အရုပ်ဆိုင်ရောက်တော့BoMinနဲ့Ericကအရင်ပြေးပြီးဝင်သွားလေရဲ့။

အရုပ်ဆိုင်ထဲမှာလည်းအရုပ်ကိုဆိုဒ်စုံအရောင်စုံအမျိုးအစားစုံတဲ့အရုပ်တွေကိုအစီအရီတင်ထားသည်။JuYeonဝင်လာတာလည်းမြင်ရောဝန်ထမ်းတွေအကုန်လုံးကဦးညွှတ်ကာကြိုဆိုကြသည်။

BoMinလေးနဲ့Ericကသူတို့စိတ်ကြိုက်အရုပ်တစ်ရုပ်စီရွေးနေကြတုန်းJuYeonနဲ့JaeHyunကစောင့်ပေးနေကြသည်။

"မောင်...တော်ပါသေးရဲ့နော်BoMinလေးအငိုတိတ်သွားလို့"

"အင်းမောင်လည်းတွေးနေတာ"

"ဒါနဲ့ဒီဆိုင်ကအရုပ်တွေတော်တော်စုံတာပဲနော်။ညကျရင်ဖက်အိပ်ဖို့တစ်ရုပ်လောက်ဝယ်ရင်ကောင်းမလား"

"ဘာလုပ်ဖို့ဝယ်နေမှာလဲJaeရဲ့ဖက်အိပ်စရာမောင်တစ်​ေယာက်လုံးရှိနေတာကို"

JuYeonပြောလိုက်သည့်စကားကြောင့်JaeHyunလေးခမျာမျက်နှာလေးကချက်ချင်းပန်းရောင်သန်းလာတော့သည်။မနီးမဝေးမှာရှိတဲ့ဝန်ထမ်းကောင်မလေးကလည်းကြားသွားသည်ထင်။ပြုံးစိစိနှင့်။

တစ်အောင့်ကြာတော့အရုပ်ရွေးခြင်းလုပ်ငန်းပြီးဆုံးသွားသဖြင့်ရွေးလာတဲ့အရုပ်တွေကိုဝယ်ပေးပြီးအိမ်ကိုသာပြန်လာလိုက်ကြသည်။အစကတော့အိမ်ကိုတန်းပြန်မယ်စီစဥ်ထားပေမဲ့ကလေးနှစ်ယောက်ကဗိုက်ဆာတယ်ဟုပူဆာသောကြောင့်အခုစားသောက်ဆိုင်ကိုမောင်းရလေတော့သည်။

Time skip......

အိမ်ပြန်ရောက်တော့ကလေးနှစ်ယောက်ကဝယ်လာတဲ့အရုပ်အသစ်တွေနဲ့ဆော့​ေနကြသည်။JaeHyunကတော့ခြံထဲမှာလမ်းလျှောက်နေသည်။JuYeonကတော့မပြီးသေးတဲ့အလုပ်တစ်ချို့ကိုလက်စသတ်နေသည်။

ခြံထဲမှာလမ်းလျှောက်ရတာဟာဘာနဲ့မတူအောင်ခံစားချက်ကောင်းလွန်းသည်ဟုJaeHyunထင်မိသည်။လေပြေလေးတိုက်လိုက်တိုင်းခံစားမိတဲ့အေးမြမှုဟာလည်းလူကိုလန်းဆန်းသွားစေသည်။

JaeHyunအိမ်ထဲကိုမဝင်သေးဘဲပန်းခြံလေးထဲမကြာသေးခင်ကမှလုပ်ထားတဲ့ထိုင်ခုံတန်းလေးပေါ်မှာထိုင်လိုက်သည်။ခနကြာတော့JuYeonပါရောက်လာသည်။

"Jaeအိမ်ထဲမဝင်သေးဘူးလား"

"ဟင့်အင်းမဝင်ချင်သေးဘူး...ဒီမှာလာထိုင်လေ"

JuYeonလည်းသူ့ဘေးနားဝင်ထိုင်လိုက်ပြီးအတူတူညနေခင်းရဲ့အလှကိုခံစားနေကြသည်။

"ဒါနဲ့မောင်....ဒီပန်းခြံကမောင်ကိုယ်တိုင်လုပ်ထားတာလား"

"မဟုတ်ဘူး..မောင့်Ommaလုပ်ထားတာOmmaကJaeလိုပဲပန်းပင်လေးတွေကိုသိပ်သဘောကျတာ"

"​အော်...အဲ့လိုကိုး"

JuYeonမှာသူ့Ommaအကြောင်းပြောပြီးလွမ်းလို့ထင်ပါရဲ့မျက်နှာမှာဝမ်းနည်းတဲ့အရိပ်အယောင်လေးချက်ချင်းပေါ်လာတာကိုJaeHyunသတိထားမိလိုက်သည်။

ဒါကြောင့်နှစ်သိမ့်တဲ့သဘောအနေနဲ့ပေါင်ပေါ်တင်ထားတဲ့JuYeonလက်လေးကိုသူ့လက်များနဲ့ဆုပ်ကိုင်ပေးလိုက်သည်။အဲ့တော့မှJuYeonကလည်းသူ့ကိုပြန်ကြည့်လာသည်။

JuYeonတစ်ယောက်သူ့ဘေးမှာသူ့ကိုပြုံးပြပြီးလက်ကလေးကိုင်ကာနှစ်သိမ့်ပေးလာတဲ့JaeHyunကိုကြည့်ပြီးရင်ခုန်လို့နေပြန်သည်။နှစ်ယောက်သားကတွဲနေတာတော့ဟုတ်ပေမဲ့လည်းအသားမကျသေးဘူးထင်သည်။

JaeHyunရဲ့အဲ့လိုမခို့တစ်ရို့အပြုံးလေးကိုJuYeonသိပ်သဘောကျသည်။သူအဲ့အပြုံးလေးနဲ့ပဲJaeHyunကိုစကြွေခဲ့တာမလား။အဓိပ္ပါယ်ပေါင်းမျိုးစုံပါဝင်နေတဲ့ထိုအပြုံး​​ကိုကောဘယ်အရာနဲ့မှမတူအောင်လှပ၍နူးညံ့နေပါသောအပြုံးပိုင်ရှင်ကိုကောJuYeonမြတ်နိုးရပါသည်။

ဘေးနားကပန်းပင်လေးတွေတောင်မနာလိုစရာကောင်းလောက်သည်အထိလှပနေပါသောသူ့ရဲ့Jae။လေညှင်းတစ်ချက်တိုက်ခတ်သွားတော့အညိုရောင်ဆံနွယ်အိအိလေးတွေကလိုက်ပြီးယိမ်းနွဲ့သွားသည်။

"~မောင်~"

မခို့တစ်ရို့လေးပြုံးတတ်တဲ့နှုတ်ခမ်းပါလေးကနေခေါ်လာတာမောင်တဲ့။ထိုအသံလေးကိုလည်းJuYeonမြတ်နိုးရပြန်သည်။ဒါကြောင့်သူစိတ်ထိန်းမနေတော့ဘဲJaeHyunနားလေးကိုပိုလို့ပင်ကပ်သွားမိသည်။

နီးကပ်သွားတော့JaeHyunရဲ့ပါးပြင်လေးကိုသူ့ရဲ့လက်လေးနဲ့အသာကိုင်ကာနှုတ်ခမ်းပါးလေးကိုလည်းကိုင်မိလိုက်သည်။ကြည်လင်တောက်ပနေတဲ့မျက်ဝန်းလေးတွေမှိတ်ကျသွားတော့JuYeonသိလိုက်ပါပြီ။ဒါဟာသူ့ကိုနမ်းခွင့်ပေးတဲ့သဘောမလား။

အဲ့တော့ပိုလို့ပင်နီးကပ်သွားလိုက်ပြီးJaeHyunရဲ့နှုတ်ခမ်းပါးလေးကိုသူ့နှုတ်ခမ်းနဲ့ဖိကပ်လိုက်သည်။

JuYeon's pov - ချိုမြိန်လိုက်တာJaeရယ်....မောင့်ကိုမလွှတ်ပေးချင်တော့အောင်လုပ်နေတာပဲ။

JuYeonမှာအနမ်းတွေကိုပိုပြီးချဲ့ထွင်ပုံဖော်ရင်းJaeHyunရဲ့နှုတ်ခမ်းလေးကိုနမ်းနေမိသည်။JaeHyunကလည်းJuYeonရဲ့အနမ်းတွေထဲမှာစီးမျောလိုက်ပါရင်းပြန်လည်တုံ့ပြန်နေသည်။

နမ်းနေရင်းJaeHyunရဲ့အောက်နှုတ်ခမ်းလေးကိုကိုက်မိလိုက်တော့ညည်းသံသဲ့သဲ့လေးထွက်လာသည်။JuYeonနားထဲအဖို့တော့ထိုညည်းသံလေးဟာသံစဥ်လေးနှယ်သာယာလွန်းလှသည်။

တော်တော်ကြာအောင်နမ်းမိသွားတော့အသက်ရှုကြပ်လာလို့ထင်ပါရဲ့။JuYeonရဲ့ရင်ဘက်ကိုသူ့လက်ကလေးနဲ့လာတွန်းသည်။အဲ့တော့မှပဲJuYeonလည်းလွှတ်ပေးလိုက်သည်။

အနမ်းတွေကိုရပ်တန့်လိုက်တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြန်သည်။ဒီအတိုင်းကြည့်နေခြင်းတော့မဟုတ်။အဓိပ္ပါယ်ရှိလှတဲ့အကြည့်မျိုးနဲ့ကြည့်နေကြခြင်းသာ။

JuYeonရဲ့မျက်ဝန်းထဲမှ"Jaeကိုချစ်တယ်"ဟုပြောနေသလိုJaeHyunရဲ့မျက်ဝန်းထဲမှာလည်း"မောင့်ကိုချစ်တယ်"ဟုပြောနေသလိုပင်။

သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းဟာချစ်တယ်ဟုပြောစရာမလိုလောက်အောင်ကိုချစ်သည့်ချစ်ခြင်းမျိုးဖြစ်သည်။

သာယာလှတဲ့ညနေခင်းလေးဟာတော့အရမ်းချစ်ကြတဲ့ကောင်လေးနှစ်ယောက်အနမ်းများနဲ့ပြီးဆုံးသွားလေရဲ့။
_________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com