Chapter 14
မနက်မိုးလင်းတော့JuYeonကအရင်နိုးထလာခဲ့သည်။နိုးနိုးချင်းမြင်လိုက်ရသည့်သူကသူ့ရဲ့နှစ်ယောက်မရှိချစ်ရတဲ့Jaeရဲ့မျက်နှာလေး။
တစ်နေ့တာရဲ့အစမှာချစ်ရတဲ့သူမျက်နှာကိုမြင်လိုက်ရခြင်းဟာအားဆေးတစ်ခွက်လိုပင်အစွမ်းထက်လှသည်။
အိပ်ပျော်နေတာလေးကအစချစ်ဖို့ကောင်းနေတော့JuYeonဘယ်နေနိုင်တော့မလဲ။ပါးလေးကိုသွားနမ်းမိတော့ဟိုကနိုးလာရဲ့။
"Morning Jae"
"အင်း....Morningမောင်"
အိပ်ချင်မူးတူးအသံလေးနဲ့သူ့ကိုမောနင်းပြောလာတာလေးကလည်းချစ်ဖို့ကောင်းနေပြန်သည်။
"မောင်အစောကြီးနိုးနေတာလား"
"ဟင့်အင်းခုနလေးကမှပါ"
"အော်...အခုဘယ်နှနာရီထိုးပြီလဲ"
"7နာရီထိုးလောက်ပြီထင်တယ်"
"ဟုတ်လားအဲ့တာဆိုထမယ်လေဒီနေ့အလုပ်သွားရမှာကိုBoMinလေးကိုလည်းမူကြိုပို့ရဦးမယ်"
"အင်းပါဒါနဲ့Jae....အလုပ်မလုပ်ပါတော့နဲ့လား"
"ဘာလို့လဲမောင်ရဲ့"
"မောင်တစ်ယောက်လုံးရှိနေတာကိုဘာလုပ်ဖို့အလုပ်လုပ်နေမှာတုန်း"
"မောင်တောင်အလုပ်လုပ်နေတဲ့ဟာကိုJaeကဒီအတိုင်းထိုင်နေလို့မှမကောင်းတာ"
"Jaeကဒီအတိုင်းလည်းထိုင်မနေပါဘူးအိမ်မှာပဲနေပြီးအိမ်အလုပ်လေးတွေလောက်ပဲလုပ်ပေါ့Jaeကိုအပြင်မှာဆိုမောင်စိတ်မချဘူး"
"အင်းပါဒါဆိုလည်းဒီလကုန်အထိတော့SangYeon Hyungက်ုကူလိုက်ဦးမယ်လေ"
"ဟုတ်ပါပြီ"
.................
မနက်စာစားတော့.....
"ဒီနေ့Appaကော Daddyကောမူကြိုလိုက်ပို့ပေးရမှာနော်ပြီးတော့ကျောင်းဆင်းရင်လည်းအရုပ်လိုက်ဝယ်ပေးရမှာနော်"
"အင်းပါသားလေးရဲ့Daddyမမေ့ပါဘူး"
ဒီလိုနဲ့ကတိအတိုင်းကျောင်းကိုနှစ်ယောက်လုံးကလိုက်ပို့ပေးပြီးJaeHyunအလုပ်ကိုလည်းJuYeonကိုယ်တိုင်လိုက်ပို့ပေးသည်။
ညနေကျောင်းဆင်းချိန်ရောက်တော့JaeHyunကိုအရင်ဝင်ကြိုလိုက်ပြီးမှBoMinလေးကိုသွားကြိုလိုက်သည်။
Ericလည်းပါလာသည်။BoMinကိုအရုပ်ဝယ်ပေးမယ်ဆိုတာသိတော့သူ့လည်းဝယ်ပေးပါလိူ့ပူဆာနေသည့်အတွက်JuYeonကိုယ်တိုင်ခေါ်လာခြင်းဖြစ်သည်။
BoMinလေးတို့ကျောင်းရှေ့ရောက်တော့JuYeonဆီကိုအလုပ်မှဖုန်းဝင်လာသည်။
"မောင်ဖုန်းခနပြောလိုက်ဦးမယ်Jaeသွားကြိုလိုက်နော်"
"အင်း"
JaeHyunကျောင်းရှေ့ကိုသွားတော့BoMinလေးကိုတွေ့သည်။ဒါပေမဲ့အရင်လိုသူ့ကိုမြင်တာနဲ့ပြေးပြီးလာဖက်တာမျိုးတော့မဟုတ်။ထိုင်ပြီးငိုနေလေသည်။ပြီးတော့ဘေးမှာလည်းကလေးတစ်ယောက်ကိုလက်ဆွဲထားတဲ့အမျိုးသမီးတစ်ယောက်ကိုလည်းတွေ့လိုက်ရသည်။
JaeHyunစိတ်ပူသည်နှင့်သွားလိုက်တော့BoMinလေးကသူ့ကိုမော့ကြည့်ရှာသည်။ပြီးတော့ငိုသံလေးနှင့်
"Appa"
"သားလေးဘာဖြစ်လို့လဲဘာလို့ငိုနေတာလဲAppaကိုပြောပါဦး"
ထိုစဥ်BoMinလေးမှမဖြေခင်ဘေးကရပ်နေတဲ့အမျိုးသမီးမှ
"ဒီမှာ....BoMinရဲ့Appaမလား"
"ဟုတ်ပါတယ်"
"ဒါဆိုတစ်ခါတည်းပြောလိုက်မယ်ဒီနေ့ရှင့်သားကကျွန်မသားကိုရိုက်လိုက်တယ်"
"ဗျာ..."
JaeHyunအံ့သြသွားသည်။တစ်ခါမှတစ်ခြားကလေးတွေနဲ့ရန်တောင်မဖြစ်ဖူးတဲ့ကလေးကဘယ်လိုဖြစ်ပြီးရိုက်ရဲမှာလဲ။
"ဟုတ်တယ်ဒီမှာကျွန်မသားကိုထိလို့ကတော့ကျွန်မငြိမ်ခံနေမှာမဟုတ်ဘူးနော်"
ထိုမိန်းမမှာလည်းတစ်ကယ့်ကိုဒေါသထွက်နေသည်ဖြစ်တာကြောင့်JaeHyunတောင်းပန်ရန်စလိုက်သည်။ဒါပေမဲ့သူ့သားကိုကြည့်လိုက်တော့ကလေးကဘာမှဖြစ်သည့်ပုံတောင်မပေါ်။ထိုစဥ်BoMinလေးမှ
"Appaသူကသားကိုအရင်ရန်လာလုပ်တာသားသားကိုခေါ်တာမိဘမဲ့တဲ့တစ်ခန်းလုံးကလူတွေခေါ်အောင်လည်းသူပြောတာRoWooပဲမပြောတာ"
ထိုအခါJaeHyunဒေါသထွက်သွားလေသည်။
"စကားနဲ့ပြောတာကဘာဖြစ်သွားမှာမလို့လဲအဲ့တာကိုရိုက်စရာလား"
"ဒီကအစ်မရဲ့သားကအရင်မှားတာလို့ကျွန်တော်ထင်တယ်"
"ဘာပြောတယ်"
"အစ်မကလေးတစ်ယောက်ကိုမိဘမဲ့လို့ခေါ်ခိုင်းရလောက်တဲ့အထိမသွန်သင်ဘူးလား"
"ရှင်ပြောတာလွန်သွားပြီနော်"
"အစ်မသားရဲ့စကားကပိုလွန်တာပေါ့"
"အမှန်ကိုအမှန်အတိုင်းပြောတာလေဘာမှားနေလို့လဲဒီကောင်လေးကတစ်ကယ်မိဘမဲ့ပဲဟာကို"
"ခင်ဗျားဘာစကားပြောလိုက်တာလဲ!!!"
ရုတ်တစ်ရက်ထွက်လာသည့်အသံပိုင်ရှင်ကိုကြည့်လိုက်တော့JuYeon။နောက်ကEricလည်းပါလာသည်။
ထိုမိန်းမကJuYeonမပါလားဘူးထင်ကာJaeHyunကိုထင်တိုင်းကြဲနေခြင်းဖြစ်သည်။အခုJuYeonပါလာမှန်းလည်းသိရောမျက်လုံးပြူးမျက်ဆံပြူးနှင့်ဖြစ်နေသည်။
"ခင်ဗျားပါးစပ်ကထပ်ပြီးကျွန်တော့်သားကိုအဲ့လိုစကားမျိုးပြောကြည့်....တစ်သက်လုံးပါးစပ်ပေါက်ပိတ်သွားချင်လား"
"အဲ့..အဲ့...အဲ့လိုမဟုတ်ပါဘူး"
"ခင်ဗျားပြောနေတာတွေကျွန်တော်ကြားတယ်ခင်ဗျားသားကဘာဖြစ်သွားလို့လဲသွေးထွက်သံယိုဖြစ်သွားလို့လား။ဆေးရုံတင်ပေးရမလား"
"မ..မဟုတ်ပါဘူး"
ထိုစဥ်ကျောင်းရှေ့သို့ကျောင်းအုပ်ကိုယ်တိုင်ကပါရောက်ချလာလေသည်။
"ဒီကCEO Leeတို့အထဲမှာထိုင်ပြီးအေးဆေးပြောကြပါလားရှင့်"
"မလိုဘူး....ဒီမှာကျွန်တော်ကခင်ဗျားတို့ကိုယုံလို့ဒီကျောင်းမှာကျွန်တော့်သားကိုထားတာနော်...ယုံကြည်မှုပျက်ရအောင်မလုပ်နဲ့"
"ဟုတ်ကဲ့ပါနောက်တစ်ခါဒီလိုထပ်မဖြစ်စေရပါဘူး"
JuYeonလည်းပြောစရာရှိတာပြောပြီးJaeHyunတို့ကိုခေါ်ကာကားဆီလာလိုက်သည်။စောနကJaeHyunကိုအသံကောင်းဟစ်ခဲ့တဲ့မိန်းမကတော့တုပ်တုပ်တောင်မလှုပ်ရဲ။
ဘယ်သူမလို့လဲ။Lee JuYeonမလား။လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့သူ့အသက်ကိုယူနိုင်သည်အထိပါဝါရှိသူမလို့သူဘာမှပြန်မပြောနိုင်ခြင်းဖြစ်သည်။
ကားထဲရောက်တော့BoMinလေးမှငိုသံလေးဖြင့်
"Appaနဲ့Daddyသားသားတောင်းပန်ပါတယ်နော်သားသားတစ်မင်ရိုက်လိုက်တာမဟုတ်ပါဘူးသူကသားသားကိုမိဘမဲ့လို့ခေါ်လို့သားသားမှာOmmaမရှိဘူးဆိုတာလည်းပြောလို့သားသားရိုက်လိုက်မိတာပါ"
အခုလိုမျိုးငါးနှစ်ကလေးလေးကသူမမှားတဲ့ကိစ္စအတွက်နဲ့JuYeonနဲ့JaeHyunဆူမှာကိုကြောက်ပြီးတောင်းပန်နေရှာသတဲ့။
ထိုအခါJaeHyunမှ
"မဟုတ်တာBoMinလေးကလည်းသားသားတောင်းပန်စရာမလိုပါဘူးသားသားဘာအမှားမှမလုပ်ခဲ့တာ"
"ဒါပေမဲ့သားသားသူ့ကိုရိုက်လိုက်မိတယ်လေ"
"သူဘာမှမဖြစ်သွားတာအဲ့တော့သားသားမှာအပြစ်မရှိဘူးနော်ပြီးတော့သားသားမှာAppaနဲ့Daddyလည်းရှိတယ်ဦးဦးEricလည်းရှိတယ်ဆိုတာမမေ့နဲ့နော်ဒါပေမဲ့နောက်တစ်ခါကျရင်တော့အဲ့လိုတစ်ခြားသူကိုမရိုက်ရဘူးနော်"
ထိုအခါမှခေါင်းငြိမ့်ပြလာတဲ့BoMinလေး။
"ဒါဆိုAppaကိုပြုံးပြပါဦး"
အဲ့တော့မှသူ့ကိုသွားလေးဖြီးပြီးပြုံးပြနေတဲ့BoMinလေးကိုJaeHyunတစ်ချက်နမ်းလိုက်သည်။ဘာအပြစ်မှမရှိတဲ့ကလေးကိုစိတ်ဒဏ်ရာမပေးချင်ဘူးလေ။
BoMinလေးကိုချော့နေသောJaeHyunကိုကြည့်ပြီးပီတိဖြစ်ရသူများမှာJuYeonနဲ့Ericပင်။
ဒီလိုနဲ့အရုပ်ဆိုင်ရောက်တော့BoMinနဲ့Ericကအရင်ပြေးပြီးဝင်သွားလေရဲ့။
အရုပ်ဆိုင်ထဲမှာလည်းအရုပ်ကိုဆိုဒ်စုံအရောင်စုံအမျိုးအစားစုံတဲ့အရုပ်တွေကိုအစီအရီတင်ထားသည်။JuYeonဝင်လာတာလည်းမြင်ရောဝန်ထမ်းတွေအကုန်လုံးကဦးညွှတ်ကာကြိုဆိုကြသည်။
BoMinလေးနဲ့Ericကသူတို့စိတ်ကြိုက်အရုပ်တစ်ရုပ်စီရွေးနေကြတုန်းJuYeonနဲ့JaeHyunကစောင့်ပေးနေကြသည်။
"မောင်...တော်ပါသေးရဲ့နော်BoMinလေးအငိုတိတ်သွားလို့"
"အင်းမောင်လည်းတွေးနေတာ"
"ဒါနဲ့ဒီဆိုင်ကအရုပ်တွေတော်တော်စုံတာပဲနော်။ညကျရင်ဖက်အိပ်ဖို့တစ်ရုပ်လောက်ဝယ်ရင်ကောင်းမလား"
"ဘာလုပ်ဖို့ဝယ်နေမှာလဲJaeရဲ့ဖက်အိပ်စရာမောင်တစ်ေယာက်လုံးရှိနေတာကို"
JuYeonပြောလိုက်သည့်စကားကြောင့်JaeHyunလေးခမျာမျက်နှာလေးကချက်ချင်းပန်းရောင်သန်းလာတော့သည်။မနီးမဝေးမှာရှိတဲ့ဝန်ထမ်းကောင်မလေးကလည်းကြားသွားသည်ထင်။ပြုံးစိစိနှင့်။
တစ်အောင့်ကြာတော့အရုပ်ရွေးခြင်းလုပ်ငန်းပြီးဆုံးသွားသဖြင့်ရွေးလာတဲ့အရုပ်တွေကိုဝယ်ပေးပြီးအိမ်ကိုသာပြန်လာလိုက်ကြသည်။အစကတော့အိမ်ကိုတန်းပြန်မယ်စီစဥ်ထားပေမဲ့ကလေးနှစ်ယောက်ကဗိုက်ဆာတယ်ဟုပူဆာသောကြောင့်အခုစားသောက်ဆိုင်ကိုမောင်းရလေတော့သည်။
Time skip......
အိမ်ပြန်ရောက်တော့ကလေးနှစ်ယောက်ကဝယ်လာတဲ့အရုပ်အသစ်တွေနဲ့ဆော့ေနကြသည်။JaeHyunကတော့ခြံထဲမှာလမ်းလျှောက်နေသည်။JuYeonကတော့မပြီးသေးတဲ့အလုပ်တစ်ချို့ကိုလက်စသတ်နေသည်။
ခြံထဲမှာလမ်းလျှောက်ရတာဟာဘာနဲ့မတူအောင်ခံစားချက်ကောင်းလွန်းသည်ဟုJaeHyunထင်မိသည်။လေပြေလေးတိုက်လိုက်တိုင်းခံစားမိတဲ့အေးမြမှုဟာလည်းလူကိုလန်းဆန်းသွားစေသည်။
JaeHyunအိမ်ထဲကိုမဝင်သေးဘဲပန်းခြံလေးထဲမကြာသေးခင်ကမှလုပ်ထားတဲ့ထိုင်ခုံတန်းလေးပေါ်မှာထိုင်လိုက်သည်။ခနကြာတော့JuYeonပါရောက်လာသည်။
"Jaeအိမ်ထဲမဝင်သေးဘူးလား"
"ဟင့်အင်းမဝင်ချင်သေးဘူး...ဒီမှာလာထိုင်လေ"
JuYeonလည်းသူ့ဘေးနားဝင်ထိုင်လိုက်ပြီးအတူတူညနေခင်းရဲ့အလှကိုခံစားနေကြသည်။
"ဒါနဲ့မောင်....ဒီပန်းခြံကမောင်ကိုယ်တိုင်လုပ်ထားတာလား"
"မဟုတ်ဘူး..မောင့်Ommaလုပ်ထားတာOmmaကJaeလိုပဲပန်းပင်လေးတွေကိုသိပ်သဘောကျတာ"
"အော်...အဲ့လိုကိုး"
JuYeonမှာသူ့Ommaအကြောင်းပြောပြီးလွမ်းလို့ထင်ပါရဲ့မျက်နှာမှာဝမ်းနည်းတဲ့အရိပ်အယောင်လေးချက်ချင်းပေါ်လာတာကိုJaeHyunသတိထားမိလိုက်သည်။
ဒါကြောင့်နှစ်သိမ့်တဲ့သဘောအနေနဲ့ပေါင်ပေါ်တင်ထားတဲ့JuYeonလက်လေးကိုသူ့လက်များနဲ့ဆုပ်ကိုင်ပေးလိုက်သည်။အဲ့တော့မှJuYeonကလည်းသူ့ကိုပြန်ကြည့်လာသည်။
JuYeonတစ်ယောက်သူ့ဘေးမှာသူ့ကိုပြုံးပြပြီးလက်ကလေးကိုင်ကာနှစ်သိမ့်ပေးလာတဲ့JaeHyunကိုကြည့်ပြီးရင်ခုန်လို့နေပြန်သည်။နှစ်ယောက်သားကတွဲနေတာတော့ဟုတ်ပေမဲ့လည်းအသားမကျသေးဘူးထင်သည်။
JaeHyunရဲ့အဲ့လိုမခို့တစ်ရို့အပြုံးလေးကိုJuYeonသိပ်သဘောကျသည်။သူအဲ့အပြုံးလေးနဲ့ပဲJaeHyunကိုစကြွေခဲ့တာမလား။အဓိပ္ပါယ်ပေါင်းမျိုးစုံပါဝင်နေတဲ့ထိုအပြုံးကိုကောဘယ်အရာနဲ့မှမတူအောင်လှပ၍နူးညံ့နေပါသောအပြုံးပိုင်ရှင်ကိုကောJuYeonမြတ်နိုးရပါသည်။
ဘေးနားကပန်းပင်လေးတွေတောင်မနာလိုစရာကောင်းလောက်သည်အထိလှပနေပါသောသူ့ရဲ့Jae။လေညှင်းတစ်ချက်တိုက်ခတ်သွားတော့အညိုရောင်ဆံနွယ်အိအိလေးတွေကလိုက်ပြီးယိမ်းနွဲ့သွားသည်။
"~မောင်~"
မခို့တစ်ရို့လေးပြုံးတတ်တဲ့နှုတ်ခမ်းပါလေးကနေခေါ်လာတာမောင်တဲ့။ထိုအသံလေးကိုလည်းJuYeonမြတ်နိုးရပြန်သည်။ဒါကြောင့်သူစိတ်ထိန်းမနေတော့ဘဲJaeHyunနားလေးကိုပိုလို့ပင်ကပ်သွားမိသည်။
နီးကပ်သွားတော့JaeHyunရဲ့ပါးပြင်လေးကိုသူ့ရဲ့လက်လေးနဲ့အသာကိုင်ကာနှုတ်ခမ်းပါးလေးကိုလည်းကိုင်မိလိုက်သည်။ကြည်လင်တောက်ပနေတဲ့မျက်ဝန်းလေးတွေမှိတ်ကျသွားတော့JuYeonသိလိုက်ပါပြီ။ဒါဟာသူ့ကိုနမ်းခွင့်ပေးတဲ့သဘောမလား။
အဲ့တော့ပိုလို့ပင်နီးကပ်သွားလိုက်ပြီးJaeHyunရဲ့နှုတ်ခမ်းပါးလေးကိုသူ့နှုတ်ခမ်းနဲ့ဖိကပ်လိုက်သည်။
JuYeon's pov - ချိုမြိန်လိုက်တာJaeရယ်....မောင့်ကိုမလွှတ်ပေးချင်တော့အောင်လုပ်နေတာပဲ။
JuYeonမှာအနမ်းတွေကိုပိုပြီးချဲ့ထွင်ပုံဖော်ရင်းJaeHyunရဲ့နှုတ်ခမ်းလေးကိုနမ်းနေမိသည်။JaeHyunကလည်းJuYeonရဲ့အနမ်းတွေထဲမှာစီးမျောလိုက်ပါရင်းပြန်လည်တုံ့ပြန်နေသည်။
နမ်းနေရင်းJaeHyunရဲ့အောက်နှုတ်ခမ်းလေးကိုကိုက်မိလိုက်တော့ညည်းသံသဲ့သဲ့လေးထွက်လာသည်။JuYeonနားထဲအဖို့တော့ထိုညည်းသံလေးဟာသံစဥ်လေးနှယ်သာယာလွန်းလှသည်။
တော်တော်ကြာအောင်နမ်းမိသွားတော့အသက်ရှုကြပ်လာလို့ထင်ပါရဲ့။JuYeonရဲ့ရင်ဘက်ကိုသူ့လက်ကလေးနဲ့လာတွန်းသည်။အဲ့တော့မှပဲJuYeonလည်းလွှတ်ပေးလိုက်သည်။
အနမ်းတွေကိုရပ်တန့်လိုက်တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြန်သည်။ဒီအတိုင်းကြည့်နေခြင်းတော့မဟုတ်။အဓိပ္ပါယ်ရှိလှတဲ့အကြည့်မျိုးနဲ့ကြည့်နေကြခြင်းသာ။
JuYeonရဲ့မျက်ဝန်းထဲမှ"Jaeကိုချစ်တယ်"ဟုပြောနေသလိုJaeHyunရဲ့မျက်ဝန်းထဲမှာလည်း"မောင့်ကိုချစ်တယ်"ဟုပြောနေသလိုပင်။
သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းဟာချစ်တယ်ဟုပြောစရာမလိုလောက်အောင်ကိုချစ်သည့်ချစ်ခြင်းမျိုးဖြစ်သည်။
သာယာလှတဲ့ညနေခင်းလေးဟာတော့အရမ်းချစ်ကြတဲ့ကောင်လေးနှစ်ယောက်အနမ်းများနဲ့ပြီးဆုံးသွားလေရဲ့။
_________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com