Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 17

ညနေရောက်တော့JaeHyunလည်းBoMinလေးနဲ့ထမင်းစားဖို့ပြင်တော့သည်။ဒါပေမဲ့ထိုအချိန်မှာရောက်လာသည့်Eric။

"JaeHyun Hyung"

"အော်.....Ericပြန်ရောက်ပြီပေါ့JuYeonကော"

"ကျွန်တော်ပဲပြန်လာတာHyungက နေခဲ့တယ်"

"ဒါဆိုEricထမင်းစားမယ်လေ"

"Hyungထမင်းကိုဆိုင်မှာပဲသွားစားရအောင်"

"ဘာလို့တုန်းဒီမှာလည်းဟင်းတွေချက်ပြီးသားကို"

"ထားလိုက်ပါကျွန်တော်နဲ့အတူသွားမယ်BoMinလေးကိုပါခေါ်ခဲ့ Hyungအခုအဝတ်အစားသွားလဲလိုက်ဦး"

"အေးပါ"

ဇွတ်ကိုဆိုင်မှာသွားစားမယ်ပြောနေသည့်Ericကြောင့်JaeHyunလည်းအခန်းထဲဝင်ကာအဝတ်မြန်မြန်လဲလိုက်သည်။သူလည်းအမှန်အတိုင်းပြောရလျှင်ဆိုင်လေးတစ်ဆိုင်မှာပဲဖြစ်ဖြစ်သွားစားချင်နေခဲ့တာ။JuYeonနဲ့ကနောက်မှပဲသွားစားပါတော့မယ်ဟုသာတွေးရင်းအောက်ထပ်ကိုပြန်ဆင်းလာလိုက်သည်။

"Ok သွားကြမယ်"

ဒီလိုနဲ့EricကJaeHyunနဲ့BoMinလေးကိုခေါ်ကာစားသောက်ဆိုင်တစ်ဆိုင်ရှေ့သို့ရပ်လိုက်သည်။

"Hyungဆင်းလို့ရပြီ....ကျွန်တော်ကားပါကင်သွားထိုးလိုက်ဦးမယ်Hyungအရင်ဝင်နှင့်"

"အင်းအင်း..လာBoMinလေးသွားမယ်"

"အာ...HyungနေဦးBoMinလေးကိုက ကျွန်တော်ခေါ်ထားလိုက်မယ်ပြီးမှတူတူလာလိုက်မယ်နော်"

"အေး....အေးပါ"

JaeHyun's pov - ဒီနေ့Ericထူးဆန်းနေသလိုပဲ

JaeHyunလည်းဆိုင်ရဲ့ဝင်ပေါက်ကိုရပ်လိုက်တော့အဝင်ဝမှကောင်မလေးနှစ်ယောက်က

"Lee JaeHyunလားရှင့်"

"ဟုတ်ပါတယ်"

"ဒါဆိုကျွန်မတို့နဲ့အတူလိုက်ခဲ့ပေးပါရှင့်"

JaeHyunလည်းဘုမသိဘမသိကြောင်တောင်တောင်လေးနဲ့ဆိုင်ဝန်ထမ်းကောင်မလေးနှစ်ယောက်နောက်သို့လိုက်ခဲ့လိုက်သည်။

သူလာခဲ့သည့်လမ်းတစ်လျှောက်လုံးဆိုင်ရဲ့အပြင်အဆင်ကိုကြည့်မည်ဆိုလျှင်တော်တော်စျေးကြီးတဲ့ဆိုင်ပဲဟုသူတွေးမိသည်။ကြီးမားလွန်း၍ဆိုင်လားဟိုတယ်လားတောင်မသဲကွဲချင်တော့။

သွားရင်းနဲ့အခန်းတစ်ခုရဲ့တံခါးရှေ့ရောက်တော့ထိုကောင်မလေးနှစ်ယောက်ကရပ်လိုက်ပြီး

"Lee JaeHyun ရှင့်ဒီတံခါးအတိုင်းဝင်သွားလိုက်ပါ"

"ဒါနဲ့...ကျွန်တော့်ညီနဲ့သားပါလာသေးတယ်သူတို့..."

"အရင်ဆုံးဝင်သွားလိုက်ပါရှင့်"

"ဟုတ်ကဲ့ပါ"

JaeHyunလည်းအခန်းရဲ့တံခါးမကြီးကိုဆွဲဖွင့်ကာဝင်လိုက်တော့မှောင်မည်းနေသည်။ပြန်ထွက်မယ်အလုပ်လှည့်ကြည့်တော့တံခါးကိုအပြင်ဘက်မှပိတ်သွားသည်။

JaeHyun's pov - ဒါ...ဒါဇာတ်ကားတွေထဲမှာဆိုအသတ်ခံရခါနီးဖြစ်တတ်တာမလားဒါမှမဟုတ်သရဲထွက်လာတော့မဲ့အချိန်ဆိုဒီလိုဖြစ်တာမလား

သူလည်းတွေးမိတွေးရာတွေးနေတုန်းရုတ်တစ်ရက်မီးတန်းလေးတစ်ခုသူ့ရှေ့သို့ကျရောက်လာသည်။သူလည်းမီးရောင်ရှိရာသို့ခြေတစ်လှမ်းတိုးမိသွားတော့နောက်မီးတစ်ခုကလင်းလာသည်။

အဲ့လိုလှမ်းရင်းလှမ်းရင်းနဲ့ငါးလှမ်းလောက်လှမ်းပြီးသွားတော့ဘေးဘက်မှမီးများကဖြေးညင်းစွာလင်းထိန်လာတော့သည်။

တစ်ဖြည်းဖြည်းနဲ့ပုံပေါ်လာသည့်အခန်းကိုကြည့်လိုက်တော့တစ်ခန်းလုံးကိုအဖြူရောင်ရှိသည့်သစ်ခွပန်းများနှင့်နှင်းဆီပန်းများဖြင့်အလှဆင်ထားသည်။

မီးဆိုင်းများမှာလည်းလင်းထိန်နေပြီးအခန်းကိုပို၍ပင်တောက်ပစေသည်။JaeHyunကြည့်နေရင်းနှင့်ပင်ကြည်နူးလာရတော့သည်။

ဝေ့ဝဲ ကြည့်နေရင်းတည့်တည့်ကိုကြည့်မိသွားတော့JaeHyunသူ့မျက်လုံးပင်မယုံနိုင်လောက်အောင်ကိုဖြစ်သွားသည်။အကြောင်းမှာ..

သူရဲ့နှစ်ယောက်မရှိချစ်ရတဲ့JuYeonကပန်းစည်းတစ်ခုကိုကိုင်ကာရပ်နေပြီးဘေးက စားပွဲပေါ်မှာလည်းကိတ်မုန့်တစ်ခုကိုတွေ့လိုက်ရသည်။

သူအံ့သြစွာရပ်ကြည့်နေတုန်းမှာပဲJuYeonက

"Happy Birthdayပါမောင့်ရဲ့Jae"

ဟုပြောလာတော့JaeHyunမပြေးရုံတစ်မယ်လေးသွားကာJuYeonကိုလှမ်းဖက်လိုက်သည်။

( ဒီလိုလေးပေါ့နော်😍 )

"မောင်.....သိနေခဲ့တာလား"

"ဒါပေါ့ကိုယ့်ချစ်သူရဲ့မွေးနေ့ကိုမသိလောက်အောင်ထိမောင်မတုံးပါဘူး"

ဖက်နေရာကနေခွာပြီးJuYeonကိုသေချာကြည့်ကာJaeHyunပြုံးလိုက်မိသည်။

"အာ......Jaeအဲ့လိုပြုံးရင်မောင်တစ်ကယ်မနေနိုင်ဘူးကွာ"

"ဖြစ်ရတယ်.."

"ဒါJaeအတွက်လက်ဆောင်"

JuYeonကမ်းပေးလာသည့်လက်ထဲမှပန်းစည်းလေးကိုJaeHyunယူကာမွှေးလိုက်သည်။

"ဒါနဲ့ဒါတွေအကုန်လုံးမောင်စီစဥ်ထားတာလား"

"အင်း"

"အဲ့ဒါကြောင့်မနက်တုန်းကမသိချင်ယောင်ဆောင်နေတာကိုး..ဟွန့်...Jaeမှာတော့စိတ်မကောင်းဖြစ်လိုက်ရတာ"

"ဟဟ...အဲ့အတွက်တောင်းပန်ပါတယ်ဗျာ....မောင်ကJaeအတွက်ဒီလိုမွေးနေ့မှာsupriseတိုက်ချင်လို့ပါ"

"အင်းပါ"

"ဒါနဲ့......Jaeမောင်ပေးစရာရှိသေးတယ်"

"ထပ်ရှိသေးတာလား?"

"အင်း....."

ဟုပြောကာJuYeonဘောင်းဘီအိပ်ကပ်ထဲကဘူးလေးတစ်ခုကိုထုတ်ယူလိုက်ပြီးဒူးတစ်ဖက်ထောက်ကာထိုင်လိုက်သည်။

JuYeonလုပ်သမျှအပြုအမူတွေအကုန်လုံးကိုJaeHyunကြည့်ပြီးကြောင်နေမိသည်။

JuYeonလည်းအနည်းငယ်တော့စိတ်လှုပ်ရှားမိနေသည်။ပြောစရာတွေတန်းစီနေအောင်Ericကသင်ပေးလိုက်ပေမဲ့တစ်လုံးမှမမှတ်မိတော့ချေ။သူလည်းမထူးတော့ပါဘူးဟုတွေးကာလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးလက်ထဲမှဘူးလေးကိုJaeHyunရှေ့မှာဖွင့်လိုက်ကာပြောလိုက်သည်က......

"မောင်နဲ့လက်ထပ်နိုင်မလားJae"

JuYeonစကားဆုံးသည်နှင့်JaeHyunမှာဝင်သက်ထွက်သက်တွေမမှန်ချင်တော့ဘဲနှလုံးခုန်နှုန်းမှာလည်းမြန်လာတော့သည်။ဘယ်လောက်တောင်ခုန်တာမြန်သလဲဆိုရင်JaeHyunရဲ့နှလုံးသားတောင်ခုန်ပေါက်ပြီးJuYeonဆီရောက်သွားသလားထင်ရတဲ့အထိကိုခုန်နေမိသည်။

မျက်လုံးအိမ်ထဲသို့မျက်ရည်များမှာလည်းချက်ချင်းဝဲတက်လာပြီးတားမရတော့သည့်အဆုံးမျက်ရည်များမှကျလာတော့သည်။

ဘာမှလည်းပြန်မပြောဘဲရုတ်တစ်ရက်ကြီးထငိုသည့်JaeHyunကြောင့်JuYeonစိုးရိမ်သွားကာထလိုက်သည်။

"Jae...ဘာလို့ငိုတာလဲမောင့်ကိုလက်မထပ်ချင်လို့လားအဲ့လိုဆိုလည်း...."

"မဟုတ်ဘူး....မောင်နဲ့လက်မထပ်ချင်လို့မဟုတ်ပါဘူး"

"ဒါဆို...ဘာလို့ငိုတာလဲJaeရဲ့"

"ပျော်လွန်းလို့ပါ.....မောင်ကJaeကိုလက်ထပ်ခွင့်တောင်းတော့ပျော်လွန်းလို့"

"အော်....Jaeရယ်မငိုရဘူးလေကွာ....တိတ်တော့Jaeငိုရင်ခေါင်းကိုက်လာလိမ့်မယ်"

"အင်း"

JaeHyunလည်းမျက်ရည်တို့ကိုသုတ်ကာJuYeonကိုပြုံးပြလိုက်သည်။

"ဒါဆို.....Jaeမောင့်ကိုလက်ထပ်မယ်မလားဟင်"

JaeHyunမှာခေါင်းကိုသာတစ်ဆတ်ဆတ်ငြိမ့်ပြမိတော့သည်။

JuYeonလည်းJaeHyunရဲ့ဘယ်ဘက်လက်လေးက်ုအသာဆွဲယူလိုက်ပြီးလက်သူကြွယ်မှာလက်စွပ်လေးကိုဝတ်ပေးလိုက်တော့ကွက်တိပင်။လက်ချောင်းသွယ်သွယ်လေးပေါ်မှာလှပစွာနေရာယူထားတဲ့စိန်လက်စွပ်လေးကလည်းတစ်လက်လက်တောက်ပလျက်ရှိနေသည်။

JuYeonမှာJaeHyunရဲ့လက်သွယ်သွယ်လေးကိုအသာလေးနမ်းရှုံလိုက်သည်။

"ဒီမှာလေမောင်လည်းဝတ်ထားတယ်"

JuYeonလည်းသူ့ဘယ်လက်သူကြွယ်ကိုထောင်ပြရင်းပြောလိုက်သည်။

JaeHyunမှာတော့မျက်ရည်လေးတွဲလဲနှင့်ပြုံးပြလျက်။ပြီးတော့နှစ်ယောက်သားထပ်ပြီးထွေးပွေ့ထားလိုက်ကြသည်။

ခနကြာတော့JuYeonမှ.....

"Jaeညစာမစားရသေးဘူးမလား"

"အင်း"

"ဒါဆိုတူတူစားရအောင်"

ထိုမှJaeHyumလည်းEricနဲ့BoMinလေးကိုသတိရသွားတော့သည်။

"အယ်....ဟိုဟာEricနဲ့သားလေးကော"

"ဟိုမှာ"

JuYeonလက်လှမ်းပြသည့်နေရာကိုမော့ကြည့်လိုက်တော့အပေါ်ထပ်ကနေလက်လှမ်းပြနေသည့်ကလေးနှစ်ကောင်။

"Happy Birthday to you Happy Birthday to you Happy Birthday JaeHyun Appa Happy Birthday to you~~~"

ကလေးနှစ်ယောက်မှာအပေါ်ထပ်ကနေလှမ်းပြီးJaeHyunအတွက်မွေးနေ့ဆုတောင်းသီချင်း​လေးကိုဆိုပေးနေသည်။

"Appaနဲ့Daddy....သားသားကိုcakeကျွေးဦးနော်!!!!"

"ဟုတ်တယ်နှစ်ယောက်သားပဲမစားလိုက်ကြနဲ့ဦး!!!"

အပေါ်ထပ်ကနေကိုမရမကလှမ်းအော်ပြောနေသောကလေးနှစ်ကောင်ရယ်ပါ။

JuYeonနဲ့JaeHyunလည်းရယ်လိုက်ကြပြီး

"အေးပါကျွေးမှာပါCakeကအကြီးကြီးကို"

"ပို့ပေးလိုက်မယ်အဲ့ဒီ့ကို....အောက်ကိုမဆင်းလာကြနဲ့"

"မောင်ကလည်းကလေးနှစ်ယောက်ကိုဘာလို့လဲ"

"သူတို့နှစ်ယောက်ပါအတူရှိနေရင်Jaeကောင်းကောင်းစားရမှာမဟုတ်ဘူးအဲ့တာကြောင့်အပေါ်ထပ်ပို့ထားတာ"

JuYeonလည်းcakeကိုမီးထွန်းပေးပြီးတော့JaeHyunကိုမွေးနေ့ဆုတောင်းစေလိုက်သည်။

JaeHyunလည်းဆုတောင်းပြီးသွားတော့ဖယောင်းတိုင်မီးလေးများကိုမှုတ်လိုက်သည်။

"Jaeဘာဆုတောင်းလိုက်လဲ"

"မောင်ရယ်Jaeရယ်Ericရယ်BoMinလေးရယ်တို့နဲ့အတူတူသက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နေသွားရပါစေလို့ဆုတောင်းလိုက်တယ်"

"ပြည့်ပါတယ်Jaeဆုတောင်းကဘာလို့လဲဆိုတော့မောင်ကအဲ့ဆုတောင်းကိုပြည့်အောင်လုပ်ပေးမှာမလို့"

JuYeonမှာပြောရင်းဆိုရင်းJaeHyunလက်လေးကိုအသာဆွဲကိုင်လိုက်ကာ.....

"မောင်ကလေJaeနဲ့သက်ဆုံးတိုင်....မဟုတ်ဘူး...နောက်ဘဝဆက်တိုင်းဆက်တိုင်းအတူရှိနေသွားမှာ။Jaeငိုနေရင်နှစ်သိမ့်ပေးပြီးJaeပျော်နေရင်လည်းခံစားချက်တွေတူတူမျှဝေပြီးခံစားပေးသွားမှာ။ဒါကြောင့်Jaeကဘာကြောင်းတွေပဲရှိလာပါစေမောင့်နားကနေမထွက်သွားပါနဲ့နော်"

"အင်းပါJaeမောင့်နားကနေမထွက်သွားပါဘူးကတိပေးတယ်"

"ဟေ့...အောက်ကလင်လင်တို့ဒီတစ်သက်cakeလှီးဦးမှာလားစားချင်နေပြီ"

အပေါ်ကနေEricကလှမ်းအော်တော့မှနှစ်ယောက်သားမြန်မြန်cakeကိုလှီးကာပို့ခိုင်းရတော့သည်။

ဒီညလေးကတော့JaeHyunရဲ့တစ်သက်တာမှာမေ့မရသည့်မွေးနေ့ညလေးဖြစ်သွားပြီပေါ့။ဘယ်ဘက်လက်သူကြွယ်လေးကိုကြည့်ပြီးပီတိဖြစ်ရတာလည်းဘယ်နှစ်ခါမှန်းမသိတော့။

ညစာအဖြစ်စားရတဲ့steakကလည်းဒီနေ့မှပိုကောင်းနေသယောင်။Cakeကလည်းသူတစ်ခါမှမရခဲ့သည့်birthday cakeဖြစ်တာကြောင့်သူအရမ်းပျော်နေမိသည်။
......................

"​မောင်...."

"ပြောလေJae"

JaeHyunမှာJuYeonရဲ့ရင်ခွင်ထဲမှာလှဲနေရင်းခေါ်လိုက်သည်။

"Jaeတို့လက်ထပ်ရင်ဒီအတိုင်းပဲလက်ထပ်လို့ရမလားပွဲတွေဘာတွေလည်းမလုပ်ပဲနဲ့လေ"

"အင်းပါJaeကမလုပ်ချင်ဘူးဆိုရင်လည်းမောင်အတင်းအကြပ်မစီစဥ်ပါဘူး"

"ဒါပေမဲ့လည်းလေစဥ်းစားကြည့်ရင်မောင့်အသိုင်းအဝိုင်းကလူတွေမောင့်ကိုအပြစ်ပြောမှာလည်းJaeစိုးရိမ်တယ်။မောင်ကယောကျာ်လေးတစ်ယောက်နဲ့လက်ထပ်ထားပါတယ်ဆိုပြီးတော့...."

"Jae​တော်ပြီကွာ....ဆက်မပြောနဲ့တော့...သူတို့တွေကအရေးမကြီးပါဘူးဘာပြောပြောပေါ့။မောင်ကJaeဆိုတာလေးကိုပဲချစ်တာဘာပညတ်ချက်မှမပါဘူး။နောက်ဆိုJaeအဲ့လိုတွေမတွေးရတော့ဘူးနော်"

"အင်းပါJaeထပ်မတွေးတော့ပါဘူး"

JaeHyunပြောပြီးပြီးချင်းJuYeonရဲ့နှုတ်ခမ်းလေးကိုအသာသွားထိကာနမ်းလိုက်သည်။တစ်ကယ့်ကိုနူးနူးညံ့ညံ့လေးနမ်းလိုက်တာမလို့JuYeonတောင်မှင်သက်ရသည်။ဒါဟာJaeHyunဘက်မှပထမဦးဆုံးစနမ်းတာမလား။

စနမ်းတာJaeHyunဆိုပေမဲ့ထပ်ပြီးအနမ်းကိုပုံဖော်ကာဦးဆောင်နေသူမှာJuYeonပင်။သူသိပ်မြတ်နိုးရပါတယ်ဆိုတဲ့အပြုံးလေးတွေပြုံးတတ်သည့်နှုတ်ခမ်းပါးလေးကိုနမ်းရသည်မှာJuYeonအတွက်တော့ဘာနဲ့မှမတူညီသည့်ခံစားချက်ကောင်းကိုရသည်။

ချစ်ရတဲ့သူနဲ့အတူတစ်သက်တာကိုဖြတ်သန်းရတော့မယ်လို့တွေးလိုက်ရင်လည်းJuYeonပျော်ရပြန်သည်။မတော်တဆသူ့ဘဝထဲကိုဝင်ရောက်လာပြီးစဝင်ရောက်လာတဲ့နေ့မှာပဲသူ့နှလုံးသားတစ်ခုလုံးကိုအပြုံးလေးတစ်ခုနဲ့သိမ်းပိုက်ခဲ့တဲ့သူဟာအခုတော့သူနဲ့အတူအကြင်နာတွေဖလှယ်နေပြီးမကြာခင်မှာလည်းလက်ထပ်ရတော့မဲ့လူတစ်ယောက်ဖြစ်နေသည်။

ဘယ်သူထင်ထားမှာလဲနော်။သူလေးက ကိုယ့်ရဲ့ခင်ပွန်းဖြစ်လာမယ်လို့။တွေးနေမိရင်းမှာပဲရင်ဘတ်ကိုလက်သီးသေးသေးလေးနဲ့လာထုတော့မှသူအတွေးတို့ကိုရပ်တန့်ကာအနမ်းများကိုလည်းအဆုံးသတ်လိုက်သည်။

ဒါတောင်မလွှတ်ပေးခင်Jaeရဲ့အောက်နှုတ်ခမ်းလေးကိုအမိအရကိုက်လိုက်တော့ဟိုကညည်းသံလေးထွက်လာရဲ့။

ပြီးတော့Jaeရဲ့နှုတ်ခမ်းလေးကိုသေချာကြည့်မိလိုက်တာသူနမ်းတာဘယ်လောက်ပင်အားပါသွားသည်မသိ။နှုတ်ခမ်းလေးမှာနီရဲပြီးသွေးတောင်စို့နေသည်။ဒါပေမဲ့အဲ့တာလေးကလည်းသူ့ကိုထပ်နမ်းချင်အောင်ဆွဲ​ဆောင်နေသယောင်။ထပ်နမ်းရင်လည်းနှုတ်ခမ်းပေါက်ရုံကလွဲပြီးမရှိတော့၍ခံစားချက်ကိုတင်းကာထိုကောင်​​လေးကိုရင်ခွင်ထဲထည့်ပြီးအိပ်စက်ခြင်းဆီသို့ဦးတည်လိုက်သည်။

မနက်ဖြန်ကျရင်ချစ်ရသူရဲ့မျက်နှာလေးနဲ့နံနက်ခင်းကိုစတင်ရဦးမည်လေ။

____________________________________

နောက်နှစ်ပိုင်းသုံးပိုင်းလောက်ဆိုပြီးတော့မှာပါနော်

Thanks for reading🌸



Bạn đang đọc truyện trên: Truyen4U.Com