Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 18

ဒီနေ့အတွက်JuYeonကောJaeHyunပါစိတ်တွေလှုပ်ရှားနေကြသည်။သူတို့လက်ထပ်တော့မည်လေ။JaeHyunရဲ့တောင်းဆိုမှုကြောင့်ပွဲတွေဘာတွေလုပ်မနေတော့ဘဲတရားရုံးသွားကာလက်မှတ်ထိုးလိုက်မည်ဟုနှစ်ယောက်လုံးဆုံးဖြတ်လိုက်ကြသည်။

အခုလည်းအခန်းရှေ့မှာနှစ်ယောက်သားစောင့်နေကြတုန်းတရာသူကြီးရဲ့လက်ထောက်ကောင်မလေးတစ်ယောက်မှ.....

"Lee JuYeonနဲ့Lee JaeHyunတို့ဝင်လို့ရပါပြီ"

ဟုပြောလာတော့နှစ်ယောက်သားတစ်ယောက်လက်တစ်ယောက်ကိုင်ကာအခန်းထဲကိုဝင်လိုက်သည်။အထဲကိုရောက်တော့တရာသူကြီးပေးတဲ့လက်ထပ်စာချုပ်ပေါ်မှာနှစ်ယောက်သားလက်မှတ်ရေးထိုးလိုက်ကြသည်။

အကုန်လုံးပြီးစီးသွားတော့နှစ်ယောက်သားတရားရုံးထဲကနေထွက်လာလိုက်ကြသည်။သေချာပေါက်အချငးချင်းလက်ကိုယှက်ကာတွဲပြီးတော့ပေါ့။တရားရုံးကမြင်သမျှလူတွေအကုန်လုံးကလည်းသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်ကလုပ်သွားသေးသည်။

ထိုအကြည့်တွေကလည်းအဓိပ္ပါယ်မတူတဲ့အကြည့်မျိုးတွေပေါ့။တစ်ချို့တွေကအားကျတဲ့အကြည့်မျိုးနဲ့ကြည့်ကြသလို....တစ်ချို့တွေကျပြန်တော့လည်းထူးဆန်းသလိုလိုအံ့သြသလိုလိုနှမြောသလိုလိုအကြည့်မျိူးဖြစ်သည်။

လူတွေလည်းတစ်ကယ်ပါပဲ။လူနှစ်ယောက်လက်ထပ်တာကိုအထူးအဆန်းလုပ်ရတယ်လို့။JaeHyunကတော့သူ့ကိုပြောဆိုကြမှာထက်သူ့ကြောင့်JuYeonအပြောခံရမှာကိုပိုကြောက်နေမိသည်။

ဒါကိုသတိထားမိတဲ့JuYeonကလည်းJaeHyunအားမငယ်စေရန်လက်ကိုဆုပ်ကိုင်ကာရဲရဲတင်းတင်းရှေ့ဆက်လျှောက်သည်။သူတို့နှစ်ယောက်ရဲ့ရှေ့ဆက်ရမဲ့ခရီးဟာလည်းဒီလိုပဲဖြစ်မှာပါ။

ကားပေါ်ရောက်တော့ရုတ်တစ်ရက်Ericဆီမှဖုန်းဝင်လာသည်။

"ဟယ်လို...Ericပြော"

"Hyung.....SangYeon Hyungဆိုင်ကိုလာခဲ့ဦး"

"အေးအေး"

"မောင်...ဘာတဲ့လည်း"

"အော်....SangYeon Hyungဆိုင်ကိုခနလောက်လာခဲ့ဦးတဲ့ကြည့်ရတာမုန့်သွားစားပြီးကဒ်မပါသွားလို့ထင်ပါတယ်"

"ဟဟ ဟုတ်လောက်မယ်"

ဒီလိုနဲ့သူတို့နှစ်ယောက်လည်းEricခေါ်တာကြောင့်JaeHyunအရင်အလုပ်လုပ်ခဲ့တဲ့SangYeonရဲ့Fujoshiတို့ရိပ်မြုံ...အဲလေ...Get it Got it cafeကိုသွားလိုက်ကြသည်။

ဆိုင်ရှေ့ကိုရောက်တော့ထူးထူးဆန်းဆန်းမှန်တွေကာထားသဖြင့်အထဲကိုတော့မမြင်ရ။သူတို့နှစ်ယောက်လည်းကားပေါ်မှဆင်းလိုက်ကြပြီးဆိုင်ထဲက်ုဝင်လိုက်သည်။ဝင်ဝင်ခြင်းမှာပဲ.....

"ဖောင်း!!!!!"

"Congradulations!!!!!"

SangYeonအပါအဝင်ဆိုင်ကJaeHyunရဲ့သူငယ်ချင်းတွေနဲ့ဖောက်သည်ကောင်မလေးတစ်နည်းအားဖြင့်ပြောရလျှင်Fujoshiမလေးတွေကောအကုန်လုံးJuYeonနဲ့JaeHyunကိုဂုဏ်ပြုပေးကြသည်။

"ဒါတွေဘယ်တုန်းကလုပ်လိုက်တာလဲ"

JuYeonမှမေးတော့SangYeonက

"မင်းတို့ကပွဲလည်းမလုပ်တော့ငါတို့အကုန်လုံးတိုင်ပင်ပြီးစီစဥ်လိုက်တာ"

"ကျေးဇူးတင်လိုက်တာ"

JaeHyunမှဝမ်းသာအားရဖြင့်ပြောတော့သူ့သူငယ်ချင်းဖြစ်တဲ့ChangMinက...

"ပြီးတော့ဒီမှာနင်တို့နှစ်ယောက်အတွက်တဲ့ငါ့ကိုကိုလုပ်ပေးထားတာ"

ဟုပြောရင်းပြလိုက်သည့်စားပွဲပေါ်မှခရမ်းရောင်ကိတ်မုန့်လေး။အပေါ်မှာလည်းသူတို့နှစ်ယောက်နာမည်ထိုးပေးထားသည်။

"YoungHoonက ကိတ်တောင်လုပ်တတ်နေပြီလား"

"ဟုတ်တယ်ငါလည်းအားရင်အားသလိုJacob Hyungဆီကသင်ထားတာကြိုက်မလားတော့မသိဘူး"

"ကြိုက်တာပေါ့"

"အာ....အကိုတို့ဒီမှာညီမတို့လည်းပေးစရာကျန်သေးတယ်"

ကြည့်လိုက်တော့ဆိုင်မှာအမြဲလာစားနေကြဖောက်သည်ကောင်မလေးနှစ်ယောက်Yuriနဲ့Chue Chue။

သူတို့နှစ်ယောက်ပေးလာသည့်အိတ်ကလေးကိုJaeHyunယူကာဖွင့်ကြည့်လိုက်တော့ဆင်တူခဲရောင်မာဖလာလေးနှစ်ခု။သူတို့နာမည်လည်းအတိုကောက်လေးထိုးပေးထားသည်။

"ညီမတို့ထိုးပေးထားတာစျေးကြီးတာတွေဘာတွေထက်ဒီလိုလေးတွေပေးတာပိုကောင်းမလားလို့စဥ်စားမိလို့လက်ခံပေးပါနော်နှစ်ယောက်သားလက်ထပ်သွားတဲ့အတွက်လည်းဝမ်းသာပါတယ်"

"ကျေးဇူးတင်ပါတယ်တန်ဖိုးထားပါ့မယ်"

JuYeonနဲ့JaeHyunမှကျေးဇူးတင်လိုက်တော့နှစ်ယောက်သားပျော်သွားလေရဲ့။ထိုစဥ်Ericမှ..

"ကဲကဲ...လက်ဆောင်တွေလည်းပေးပြီးပြီဆိုတော့အခုဒီကနှစ်ယောက်ပြန်လက်​​ဆောင်ပေးဖို့အချိန်ကျပြီ"

"ငါတို့ကဘာပြန်ပေးရမှာလဲ"

"ဟဲဟဲ...ဘာမှမလိုပါဘူးနမ်းရုံပဲ အဟိ😄"

"ဟုတ်တယ်မင်းတို့နမ်းရမယ်"

JaeHyunမှ

"ဟာ....ရှက်စရာကြီးကို"

သူပြောပြီးပြီးချင်းမှာပဲJuYeonကJaeHyunနှုတ်ခမ်းလေးကိုဖြတ်ခနဲလှမ်းနမ်းလိုက်တော့အကုန်လုံးထံမှအော်သံများကတစ်ဆိုင်လုံးဖုံးလွှမ်းသွားတော့သည်။

JaeHyunကတော့အကုန်လုံးရှေ့အနမ်းခံလိုက်ရတာမို့ရှက်ကာခေါင်းကိုသာအောက်ငုံ့ထားနေသည်။JuYeonကတော့ပြုံးစိစိကြီးနဲ့ပေါ့။

အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲမမည်တဲ့မင်္ဂလာပွဲလေးSangYeonဆိုင်မှာဖြစ်သွားတာပေါ့။

အကုန်လုံးပြီးသွားတော့BoMinလေးကိုမူကြိုသွားကြိုကာအိမ်ကိုသာပြန်လာလိုက်ကြသည်။

"Appaနဲ့Daddyလက်ထပ်တယ်ဆိုတာဘာပြောတာလဲဟင်"

"ဟင်"

သုံးယောက်သားတူတူTVကြည့်နေကြတုန်းBoMinလေးမှမေးလာသည့်မေးခွန်းကြောင့်JuYeonကောJaeHyunပါကြောင်သွားသည်။

"သားသားကဘယ်ကနေကြားလို့လဲ"

"ဦးဦးEricပြောတာကြားတာAppaနဲ့Daddyကလက်ထပ်လိုက်ပြီဆို"

အဲ့တော့JuYeonမှ....

"သားအနေနဲ့ဒါကိုသိဖို့ကအရမ်းငယ်သေးတယ်ခုသိထားရမှာလက်ထပ်တယ်ဆိုတာသူစိမ်းလူနှစ်ယောက်ချစ်သွားရင်ဘေးနားမှာတူတူရှိနေအောင်လို့လုပ်လိုက်တဲ့သဘောပဲ"

"အော်....ဒါဆိုသားသားလည်းကြီးလာရင်လက်ထပ်လို့ရတယ်ပေါ့"

"ရတာပေါ့သားရဲ့"

"ရေး....ဒါဆိုသားသားကြီးလာရင်RoWooကိုလက်ထပ်မယ်"

BoMinလေးပြောလိုက်သည့်စကားကြောင့်JaeHyunမှာသောက်လက်စApple Juiceတောင်သီးသွားသည်။

JuYeonကတော့အံ့သြသွားပြီး....

"နေပါဦးငါ့သားကSangYeon Hyungတူလေးကိုကြိုက်တာလား"

"ဟုတ်တယ်RoWooကချစ်စရာကောင်းတယ်လေAppaလိုပဲကြီးလာရင်လှမှာ"

တစ်ကယ့်ကိုအတည်ပေါက်နှင့်ပြောနေသောBoMinလေးကြောင့်JuYeonကောJaeHyunကောရယ်မိလိုက်ကြသည်။တစ်ကယ့်ကိုစကားတတ်လေးပါပဲ။
________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com