Chapter 4
JuYeonဒီနေ့နေ့လည်ပိုင်းထမင်းစားပြီးတော့ကော်ဖီသောက်ရန်ထွက်လာလိုက်သည်။ပုံမှန်ဆိုCompanyမှာပဲသောက်လေ့ရှိပေမဲ့ဒီနေ့တော့သူတစ်ကူးတစ်ကဆိုင်မှာသွားသောက်တော့မည်။
ကော်ဖီသောက်ရဖို့ထက်ပိုအရေးကြီးတဲ့အရာတစ်ခုရှိတယ်လေ။အပြုံးလေး...ဘယ်သူနဲ့မှမတူတဲ့အပြုံးလေးကောထိုအပြုံးပိုင်ရှင်လေးကိုကောတွေ့ချင်သဖြင့်အလုပ်တွေအမြန်လုပ်ကာနေ့လည်ပိုင်းကားဖြင့်သူတစ်ယောက်တည်းထွက်လာလိုက်သည်။
ဒါတောင်ညီတော်မောင်Ericကသူ့မခေါ်လို့စိတ်ကောက်တော်မူနေလေရဲ့။ဒါပေမဲ့JuYeonတို့ကတော့ဂရုမစိုက်။အပြန်မှသာသူ့အတွက်တစ်ခုခုဝယ်လာပေးလိုက်မည်လေ။
Companyကနေဆိုကော်ဖီဆိုင်ကိုရောက်ဖို့ဆယ့်ငါးမိနစ်လောက်တော့မောင်းရသည်။ဆိုင်ရှေ့လည်းရောက်တော့JuYeonချက်ချင်းပင်ကားပေါ်ကဆင်းကာဆိုင်ထဲဝင်လိုက်သည်။
မနေ့ကလည်းတစ်ခေါက်ရောက်ခဲ့ပေမဲ့သေချာမကြည့်ခဲ့ရတဲ့ဆိုင်လေးကဒီနေ့မှပဲသေချာကြည့်ဖြစ်တော့အတော်လေးကောင်းတဲ့ဆိုင်ပါလားလို့သူတွေးလိုက်သည်။
ကော်ဖီသောက်ရင်းစာဖတ်လို့ရအောင်စာအုပ်စင်အကြီးကြီးတွေလည်းထားပေးထားသည်။ဒါပေမဲ့သူဒီကိုလာရတာကော်ဖီဇိမ်ခံသောက်ဖို့မဟုတ်ဘူးလေ။
မထိုင်ခင်ဆိုင်ထဲကိုဝေ့ဝဲပြီးရှာလိုက်သည်။သူ့ရဲ့အပြုံးပိုင်ရှင်လေးကိုပေါ့။ဒါပေမဲ့လုံးဝမတွေ့ချေ။သူဆိုင်ထဲရောက်လာတော့ဆိုင်ထဲမှာထိုင်နေကြတဲ့သူတွေကသူ့ကိုသေချာကြည့်နေကြတာပေါ့။အေးပေါ့လေ။LeeJuYeonပဲကို။
သူလည်းဆိုင်ရဲ့စားပွဲတစ်ခုမှာဝင်ထိုင်လိုက်တော့အရပ်ရှည်ရှည်အသားဖြူဖြူနဲ့waiterလေးတစ်ယောက်သူ့နားကိုရောက်လာသည်။
"ဧည့်သည်...ဘာများသုံးဆောင်မလဲဗျ"
"JaeHyun....အဲမဟုတ်ပါဘူး....အမေရိကာနိုတစ်ခွက်"
JuYeonမှာJaeHyunကိုတွေ့ချင်ဇောကများနေတာမလို့စကားတွေတောင်မှားနေသည်။
"ဟုတ်ကဲ့....ခနစောင့်ပေးပါနော်"
တစ်အောင့်ကြာတော့ထိုကောင်လေးကပဲကော်ဖီခွက်လေးကိုင်ကာသူ့နားကိုလာချပေးသည်။
မနေနိုင်တော့တဲ့JuYeonကပဲ....
"ဟိုခန..."
"ဟုတ်ကဲ့"
"ဟို......JaeHyunကိုမတွေ့မိသလိုပဲနော်"
"အော်...Hyungကနေ့လည်ပိုင်းနားတော့ဆေးရုံသွားလိုက်တယ်ဗျ"
"ဆေးရုံ?...သူဘာဖြစ်လို့လဲ"
"Hyungရဲ့အမေပါဆေးရုံတင်ထားရလို့လေသူကနေ့လည်နားချိန်ရောက်တိုင်းသူ့အမေဆီသွားလေ့ရှိတယ်ဗျ"
"အော်"
JuYeon's pov - တွေ့ချင်လို့လာမှပဲနားချိန်နဲ့လာတိုးနေရလား။ဒီနေ့မရတော့လည်းနောက်နေ့ပေါ့
JuYeonလည်းကော်ဖီသောက်စရာရှိတာသောက်ပြီးEricအတွက်bubble teaတစ်ခွက်ဝယ်ကာCompanyကိုပြန်လာလိုက်သည်။ကော်ဖီရဲ့အရသာကတော့တော်တော်ကောင်းတာသူဝန်ခံပါသည်။ဒါပေမဲ့တွေ့ချင်တဲ့သူမတွေ့လိုက်ရတော့စိတ်တော့မကောင်း။
...................
ဒီနေ့လည်းJuYeonထပ်ပြီးဆိုင်သွားဖို့ပြင်နေတုန်းရုတ်တစ်ရက်အခန်းထဲကိုဝင်ရောက်လာတဲ့Eric...
"Hyung....အစည်းအဝေးရှိတယ်နော်ခနနေလာလိမ့်မယ်"
"ဟမ်...ဘယ်သူလဲ"
"Mr.Kimရဲ့Mallအသစ်ဆောက်ဖို့ကိစ္စလေသူလာမှာ"
"အင်းအင်းသိပြီ"
JuYeonလည်းအခြေအနေမပေးတာမလို့နောက်နေ့မှပဲသွားရန်ဆုံးဖြတ်လိုက်သည်။
Time skip.....
"JaeHyunရေ..."
"ဟုတ်ကဲ့SangYeon Hyung"
"HyungတူလေးကိုJacobနဲ့မူကြိုမှာသွားကြိုပေးပါလား....Hyungကားကိုပဲယူသွားလိုက်လေ...Hyungဧည့်သည်တစ်ယောက်နဲ့ချိန်းထားတာရှိလို့"
"ဟုတ်ကဲ့ရပါတယ်Hyung"
JaeHyunလည်းJacobကိုခေါ်ပြီးမူကြိုကိုလာလိုက်သည်။ဒါပေမဲ့JaeHyunမသိတာတစ်ခုကထိုမူကြိုကJuYeonရဲ့သားBoMinလေးတက်နေတဲ့မူကြိုဖြစ်သည်ကိုပင်။
BoMinလေးလည်းသူ့သူငယ်ချင်းဖြစ်သူ..တစ်နည်းပြောရလျှင်SangYeonရဲ့တူလေးဖြစ်သူနဲ့အတူတူထွက်လာတော့JaeHyunကိုမြင်လိုက်သည်။
"ဟင်...ဦးဦးချောချော!!!!"
"BoMinကလည်းငါ့ဦးဦးသူငယ်ချင်းကိုသိတာလား"
"အင်း"
ကလေးနှစ်ယောက်ကJaeHyunနဲ့Jacobနားကိုအပြေးလေးသွားလိုက်ကြသည်။
"အော်....BoMinလေးပါလား"
"ဦးဦးချောချောကိုသားသားကလွမ်းနေတာ"
BoMinလေးမှာပြောပြောဆိုဆိုနဲ့JaeHyunပေါ်ကိုပါခုန်တတ်လိုက်သေးသည်။
"ဒီကလေးနဲ့ဘယ်လိုသိတာလဲ"
JacobမှာSangYeonရဲ့တူလေးကိုချီလျက်ပင်မေးတော့
"မနေ့ကလေ...လမ်းပျောက်သွားလို့ကျွန်တော်တောင်လိုက်ကူပေးရတယ်ဆိုတဲ့ကလေး"
"အော်...."
"ဒါနဲ့BoMinလေးကိုDaddyလာကြိုမှာမဟုတ်ဘူးလား"
"ဟုတ်တယ်ဒါပေမဲ့ဦးဦးကိုတွေ့လို့သားသားပြေးလာတာ"
"အော်"
JuYeonကျောင်းရှေ့မှာသူ့သားလေးကိုစောင့်နေပေမဲ့ခုထက်ထိထွက်မလာသေးတော့ဘေးဘီကိုလှည့်ပတ်ပြီးရှာလိုက်သည်။
ရှာလိုက်တော့တွေ့ပါပြီသူ့သားကိုကောသူရဲ့အပြုံးပိုင်ရှင်ကိုကော။ဒါနဲ့ပဲJuYeonလည်းJaeHyunဆီသွားလိုက်သည်။
"Daddy!!!"
"Daddyကတော့သားလေးကိုရှာလိုက်ရတာလက်စသတ်တော့သူကဒီဦးဦးဆီမှာကို"
"ဟီး...."
"JaeHyun shi...ကျွန်တော်တို့ထပ်တွေ့ပြန်ပြီနော်"
"ဟုတ်ကဲ့...သားသားလေးရော့Daddyဆီသွား"
JuYeonလည်းJaeHyunဆီမှBoMinလေးကိုလှမ်းချီလိုက်ပြီး....
"ဒါနဲ့JaeHyun shiကဘယ်လိုဖြစ်ပြီး..."
"အော်..ကျွန်တော်RoWooလေးကိုလာကြိုတာ...BoMinလေးနဲ့သူငယ်ချင်းတွေမှန်းမသိခဲ့ဘူး"
JuYeonကြည့်လိုက်တော့JaeHyunဘေးမှာနောက်ထပ်ကလေးချီထားတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်သည်။
JuYeon's pov - ငါကတော့လူလွတ်ထင်နေတာကလေးတောင်ရှိတယ်တဲ့လား
JuYeonစိတ်မကောင်းဖြစ်သွားလေသည်။စစ်ပွဲမစခင်မြှားကုန်တယ်ပဲခေါ်ရမလား။အခုသူ့ပုံကအဲ့လိုဖြစ်နေသည်။ဒါပေမဲ့လည်းမသေချာတာမလို့သူအရဲစွန့်ပြီးမေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
"JaeHyun shiရဲ့အမျိုးသားလား"
"မဟုတ်ပါဘူးJuYeon shiရဲ့ဒါကျွန်တော့်အလုပ်ကအသိပါ...ဒီကလေးကကျွန်တော့်အလုပ်ရှင်ရဲ့တူလေး"
"အော်အဲ့လိုကိုး"
JuYeonစိတ်ထဲခုမှအပူလုံးကြီးကျသွားသည့်နှယ်။သူကျေနပ်ပါတယ်။JaeHyunကိုမြင်လိုက်ရလို့လေ။
"ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးJuYeon shi"
"ဟုတ်ကဲ့...သားသားဦးဦးကိုတာ့တာလုပ်လိုက်ဦးလေ"
"ဦးဦးချောချောတာ့တာ...RoWooလည်းတာ့တာ"
ဒီတစ်ခါတော့JaeHyunရဲ့အပြုံးလေးကတစ်မျိုးလေးလှနေပြန်သည်။
......................
"ဟူး....."
ခပ်ပြင်းပြင်းလေပူတစ်ချက်ကိုမှူတ်ထုတ်လိုက်မိသည်။အလုပ်စားပွဲရဲ့ထိုင်ခုံမှာထိုင်နေပေမဲ့စိတ်ကတော့လူတစ်ယောက်စီမှာသာ။
"Lee JaeHyun......Lee JaeHyun...မင်းပြုစားနိုင်လွန်းတယ်ကွာ"
"ဒေါက်........ဒေါက်"
"ဝင်ခဲ့"
"Hyungညစာစားမယ်လေ"
Ericမှညစာစားရန်လာခေါ်သောကြောင့်JuYeonထလိုက်သည်။ပြီးတော့
"Ericရေ....ငါ့ကိုJaeHyunအကြောင်းစုံစမ်းပေးဦး"
"JaeHyun?....အော်..ဟို....BoMinလေးကိုခေါ်လာပေးတဲ့Hyungလား"
"အင်း"
"ဒါနဲ့ဘာလို့တုန်း"
"လျှာမရှည်နဲ့စုံစမ်းဆိုစုံစမ်းထားလိုက်"
"အင်းပါ"
Eric's pov - Hyungထူးဆန်းနေတယ်......မဟုတ်မှလွဲရောသူJaeHyun Hyungကိုကြိုက်နေတာလား😳
...................
"Omma"
"အော်.....JaeHyunလေးလာပြီလား"
"ဟုတ်..ဒီမှာOmmaစားဖို့အသီးတွေဝယ်လာတယ်"
"Ommaလည်းခံတွင်းပျက်နေတာနဲ့အတော်ပဲ"
"Ommaအခုတစ်လောနေရတာသက်သာတယ်မလား.....မောတာတွေဘာတွေကောဖြစ်သေးလား"
"ဟင်...မဖြစ်ပါဘူးသားရဲ့....ဒါနဲ့သား"
"ဗျာ"
"အကြွေးတွေကောဘယ်လောက်ထိကျေပြီလဲ"
"မစိုးရိမ်ပါနဲ့Ommaရဲ့အကြွေးတွေက ကုန်သလောက်နီးနီးဖြစ်နေပါပြီOmmaသာနေမြန်မြန်ကောင်းအောင်နေပါ"
"အင်းပါသားရယ်"
JaeHyunရဲ့Ommaမှာသူ့သားလေးအတွက်စိတ်မကောင်းချေ။ကလေးက စာတော်ရဲ့သားနဲ့သူ့မှာကျောင်းတောင်ပြီးအောင်မတတ်လိုက်ရ။အသုံးမကျတဲ့အဖေကြောင့်ငါ့သားလေးမှာဝဋ်ခံနေရရှာတာဟုသာတွေးမိသည်။
အကြွေးတွေလည်းဆပ်ရတဲ့အပြင်သူ့အတွက်ဆေးရုံစရိတ်ပါရှာနေရတော့JaeHyunလေးတော်တော်ပင်ပန်းနေရှာမှာ။
JaeHyun's Omma's pov - သားလေးနောက်ဘဝကျရင်ဒီလိုမိဘမျိုးနဲ့ထပ်ပြီးမတွေ့ရပါစေနဲ့လို့သာOmmaဆုတောင်းပေးပါတယ်
"Omma...Omma"
"ဟင်ပြောလေသား"
"ဒီမှာအသီးစားလို့...သားခေါ်နေတာကြာပြီOmmaဘာတွေတွေးနေတာလဲ"
"မဟုတ်ပါဘူးသားရဲ့ပေးပေးစားမယ်"
............
"Hyungရော့....ဒီမှာ"
JuYeon ရုံးခန်းထဲမှာအလုပ်လုပ်နေတုန်းEricဝင်လာပြီးသူ့စားပွဲပေါ်ကိုဖိုင်တွဲတစ်ခုလာတင်သည်။
"ဘာလဲဒါက"
"Hyungစုံစမ်းခိုင်းထားတာလေ"
"JaeHyunလား"
"အင်း"
JuYeonလည်းဖိုင်တွဲကိုဖွင့်ကြည့်လိုက်တော့သူ့ရဲ့ကိုယ်ရေးရာဇဝင်မှတ်တမ်းကိုတွေ့လိုက်ရသည်။
"အဲ့ဒီ့JaeHyun HyungဘဝကသနားစရာပါHyungရေ.....အဖေကလောင်းကစားလုပ်ပြီးအကြွေးတွေမဆပ်နိုင်တော့သူကပဲအကြွေးတွေဒိုင်ခံဆပ်နေရတာတဲ့...တက္ကသိုလ်တောင်ပြီးအောင်မတတ်လိုက်ရဘူးတဲ့"
"သူ့အဖေကကော"
"ဘယ်ရောက်နေမှန်းတောင်မသိဘူးထွက်ပြေးသွားတာတဲ့...အဲ့တာသူ့အမေကလည်းနှလုံးရောဂါနဲ့ဆေးရုံတင်ထားရတော့အကြွေးတွေတစ်လှည့်...အမေ့ဆေးရုံစရိတ်တစ်လှည့်ရှာနေရတာတဲ့"
"အော်...."
JuYeonစိတ်ထဲအတော်လေးပင်ဝမ်းနည်းသွားရသည်။JaeHyunကိုလည်းပိုလို့ပင်သနားမိသွားသည်။
"မင်းဒါတွေကိုဘယ်လိုသိတာလဲ"
"အဲ့Hyungအလုပ်လုပ်နေတဲ့Cafeကတစ်ယောက်ကကျွန်တော်နဲ့onlineမှာဂိမ်းဆော့ရင်းခင်တာလေအဲ့တာနဲ့သူ့ကိုမေးကြည့်တာပြီးတော့သူ့ကိုယ်ရေးရာဇဝင်ဖိုင်တွဲကသူအရင်တက်ခဲ့တဲ့တက္ကသိုလ်ကဟာcopyယူလာတာ"
"အင်း...သိပြီ"
"ဒါနဲ့အကြွေးကဘယ်လောက်ရှိတာလဲဆိုတာကောသိလား"
"သိန်းတစ်ရာဆိုလား"
JuYeonလည်းEricပြောသမျှနားထောင်ပြီးသွားတော့JaeHyunရဲ့ကိုယ်ရေးရာဇဝင်ကိုသေချာကြည့်မိလိုက်သည်။
မွေးသက္ကရာဇ်ကိုသေချာကြည့်လိုက်တော့
"ဟင်....ငါ့ထက်နှစ်နှစ်တောင်ကြီးတာလား"
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com