Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 4

JuYeonဒီနေ့နေ့လည်ပိုင်းထမင်းစားပြီးတော့ကော်ဖီသောက်ရန်ထွက်လာလိုက်သည်။ပုံမှန်ဆိုCompanyမှာပဲသောက်လေ့ရှိပေမဲ့ဒီနေ့တော့သူတစ်ကူးတစ်ကဆိုင်မှာသွားသောက်တော့မည်။

ကော်ဖီသောက်ရဖို့ထက်ပိုအရေးကြီးတဲ့အရာတစ်ခုရှိတယ်လေ။အပြုံးလေး...ဘယ်သူနဲ့မှမတူတဲ့အပြုံးလေးကောထိုအပြုံးပိုင်ရှင်လေးကိုကောတွေ့ချင်သဖြင့်အလုပ်တွေအမြန်လုပ်ကာနေ့လည်ပိုင်းကားဖြင့်သူတစ်ယောက်တည်းထွက်လာလိုက်သည်။

ဒါတောင်ညီတော်မောင်Ericကသူ့မခေါ်လို့စိတ်ကောက်တော်မူနေလေရဲ့။ဒါပေမဲ့JuYeonတို့ကတော့ဂရုမစိုက်။အပြန်မှသာသူ့အတွက်တစ်ခုခုဝယ်လာပေးလိုက်မည်လေ။

Companyကနေဆိုကော်ဖီဆိုင်ကိုရောက်ဖို့ဆယ့်ငါးမိနစ်လောက်တော့မောင်းရသည်။ဆိုင်ရှေ့လည်းရောက်တော့JuYeonချက်ချင်းပင်ကားပေါ်ကဆင်းကာဆိုင်ထဲဝင်လိုက်သည်။

မနေ့ကလည်းတစ်ခေါက်ရောက်ခဲ့ပေမဲ့သေချာမကြည့်ခဲ့ရတဲ့ဆိုင်လေးကဒီနေ့မှပဲသေချာကြည့်ဖြစ်တော့အတော်လေးကောင်းတဲ့ဆိုင်ပါလားလို့သူတွေးလိုက်သည်။

ကော်ဖီသောက်ရင်းစာဖတ်လို့ရအောင်စာအုပ်စင်အကြီးကြီးတွေလည်းထားပေးထားသည်။ဒါပေမဲ့သူဒီကိုလာရတာကော်ဖီဇိမ်ခံသောက်ဖို့မဟုတ်ဘူးလေ။

မထိုင်ခင်ဆိုင်ထဲကိုဝေ့ဝဲပြီးရှာလိုက်သည်။သူ့ရဲ့အပြုံးပိုင်ရှင်လေးကိုပေါ့။ဒါပေမဲ့လုံးဝမတွေ့ချေ။သူဆိုင်ထဲရောက်လာတော့ဆိုင်ထဲမှာထိုင်နေကြတဲ့သူတွေကသူ့ကိုသေချာကြည့်နေကြတာပေါ့။အေးပေါ့လေ။LeeJuYeonပဲကို။

သူလည်းဆိုင်ရဲ့စားပွဲတစ်ခုမှာဝင်ထိုင်လိုက်တော့အရပ်ရှည်ရှည်အသားဖြူဖြူနဲ့waiterလေးတစ်ယောက်သူ့နားကိုရောက်လာသည်။

"ဧည့်သည်...ဘာများသုံးဆောင်မလဲဗျ"

"JaeHyun....အဲမဟုတ်ပါဘူး....အမေရိကာနိုတစ်ခွက်"

JuYeonမှာJaeHyunကိုတွေ့ချင်ဇောကများနေတာမလို့စကားတွေတောင်မှားနေသည်။

"ဟုတ်ကဲ့....ခနစောင့်ပေးပါနော်"

တစ်အောင့်ကြာတော့ထိုကောင်လေးကပဲကော်ဖီခွက်လေးကိုင်ကာသူ့နားကိုလာချပေးသည်။

မနေနိုင်တော့တဲ့JuYeonကပဲ....

"ဟိုခန..."

"ဟုတ်ကဲ့"

"ဟို......JaeHyunကိုမတွေ့မိသလိုပဲနော်"

"​အော်...Hyungကနေ့လည်ပိုင်းနားတော့ဆေးရုံသွားလိုက်တယ်ဗျ"

"ဆေးရုံ?...သူဘာဖြစ်လို့လဲ"

"Hyungရဲ့အမေပါဆေးရုံတင်ထားရလို့လေသူကနေ့လည်နားချိန်ရောက်တိုင်းသူ့အမေဆီသွားလေ့ရှိတယ်ဗျ"

"​အော်"

JuYeon's pov - တွေ့ချင်လို့လာမှပဲနားချိန်နဲ့လာတိုးနေရလား။ဒီနေ့မရတော့လည်းနောက်နေ့ပေါ့

JuYeonလည်းကော်ဖီသောက်စရာရှိတာသောက်ပြီးEricအတွက်bubble teaတစ်ခွက်ဝယ်ကာCompanyကိုပြန်လာလိုက်သည်။ကော်ဖီရဲ့အရသာကတော့တော်တော်ကောင်းတာသူဝန်ခံပါသည်။ဒါပေမဲ့တွေ့ချင်တဲ့သူမတွေ့လိုက်ရတော့စိတ်တော့မကောင်း။
...................

ဒီနေ့လည်းJuYeonထပ်ပြီးဆိုင်သွားဖို့ပြင်နေတုန်းရုတ်တစ်ရက်အခန်းထဲကိုဝင်ရောက်လာတဲ့Eric...

"Hyung....အစည်းအဝေးရှိတယ်နော်ခနနေလာလိမ့်မယ်"

"ဟမ်...ဘယ်သူလဲ"

"Mr.Kimရဲ့Mallအသစ်ဆောက်ဖို့ကိစ္စလေသူလာမှာ"

"အင်းအင်းသိပြီ"

JuYeonလည်းအခြေအနေမပေးတာမလို့နောက်နေ့မှပဲသွားရန်ဆုံးဖြတ်လိုက်သည်။

Time skip.....

"JaeHyunရေ..."

"ဟုတ်ကဲ့SangYeon Hyung"

"HyungတူလေးကိုJacobနဲ့မူကြိုမှာသွားကြိုပေးပါလား....Hyungကားကိုပဲယူသွားလိုက်လေ...Hyungဧည့်သည်တစ်ယောက်နဲ့ချိန်းထားတာရှိလို့"

"ဟုတ်ကဲ့ရပါတယ်Hyung"

JaeHyunလည်းJacobကိုခေါ်ပြီးမူကြိုကိုလာလိုက်သည်။ဒါပေမဲ့JaeHyunမသိတာတစ်ခုကထိုမူကြိုကJuYeonရဲ့သားBoMinလေးတက်နေတဲ့မူကြိုဖြစ်သည်ကိုပင်။

BoMinလေးလည်းသူ့သူငယ်ချင်းဖြစ်သူ..တစ်နည်းပြောရလျှင်SangYeonရဲ့တူလေးဖြစ်သူနဲ့အတူတူထွက်လာတော့JaeHyunကိုမြင်လိုက်သည်။

"ဟင်...ဦးဦးချောချော!!!!"

"BoMinကလည်းငါ့ဦးဦးသူငယ်ချင်းကိုသိတာလား"

"အင်း"

ကလေးနှစ်ယောက်ကJaeHyunနဲ့Jacobနားကိုအပြေးလေးသွားလိုက်ကြသည်။

"​အော်....BoMinလေးပါလား"

"ဦးဦးချောချောကိုသားသားကလွမ်းနေတာ"

BoMinလေးမှာပြောပြောဆိုဆိုနဲ့JaeHyunပေါ်ကိုပါခုန်တတ်လိုက်သေးသည်။

"ဒီကလေးနဲ့ဘယ်လိုသိတာလဲ"

JacobမှာSangYeonရဲ့တူလေးကိုချီလျက်ပင်မေးတော့

"မနေ့ကလေ...လမ်းပျောက်သွားလို့ကျွန်တော်တောင်လိုက်ကူပေးရတယ်ဆိုတဲ့ကလေး"

"​အော်...."

"ဒါနဲ့BoMinလေးကိုDaddyလာကြိုမှာမဟုတ်ဘူးလား"

"ဟုတ်တယ်ဒါပေမဲ့ဦးဦးကိုတွေ့လို့သားသားပြေးလာတာ"

"​အော်"

JuYeonကျောင်းရှေ့မှာသူ့သားလေးကိုစောင့်နေပေမဲ့ခုထက်ထိထွက်မလာသေးတော့ဘေးဘီကိုလှည့်ပတ်ပြီးရှာလိုက်သည်။

ရှာလိုက်တော့တွေ့ပါပြီသူ့သားကိုကောသူရဲ့အပြုံးပိုင်ရှင်ကိုကော။ဒါနဲ့ပဲJuYeonလည်းJaeHyunဆီသွားလိုက်သည်။

"Daddy!!!"

"Daddyကတော့သားလေးကိုရှာလိုက်ရတာလက်စသတ်တော့သူကဒီဦးဦးဆီမှာကို"

"ဟီး...."

"JaeHyun shi...ကျွန်​တော်တို့ထပ်တွေ့ပြန်ပြီနော်"

"ဟုတ်ကဲ့...သားသားလေးရော့Daddyဆီသွား"

JuYeonလည်းJaeHyunဆီမှBoMinလေးကိုလှမ်းချီလိုက်ပြီး....

"ဒါနဲ့JaeHyun shiကဘယ်လိုဖြစ်ပြီး..."

"​အော်..ကျွန်တော်RoWooလေးကိုလာကြိုတာ...BoMinလေးနဲ့သူငယ်ချင်းတွေမှန်းမသိခဲ့ဘူး"

JuYeonကြည့်လိုက်တော့JaeHyunဘေးမှာနောက်ထပ်ကလေးချီထားတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်သည်။

JuYeon's pov - ငါကတော့လူလွတ်ထင်နေတာကလေးတောင်ရှိတယ်တဲ့လား

JuYeonစိတ်မကောင်းဖြစ်သွားလေသည်။စစ်ပွဲမစခင်မြှားကုန်တယ်ပဲခေါ်ရမလား။အခုသူ့ပုံကအဲ့လိုဖြစ်နေသည်။ဒါပေမဲ့လည်းမသေချာတာမလို့သူအရဲစွန့်ပြီးမေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

"JaeHyun shiရဲ့အမျိုးသားလား"

"မဟုတ်ပါဘူးJuYeon shiရဲ့ဒါကျွန်တော့်အလုပ်ကအသိပါ...ဒီကလေးကကျွန်တော့်အလုပ်ရှင်ရဲ့တူလေး"

"အော်အဲ့လိုကိုး"

JuYeonစိတ်ထဲခုမှအပူလုံးကြီးကျသွားသည့်နှယ်။သူကျေနပ်ပါတယ်။JaeHyunကိုမြင်လိုက်ရလို့လေ။

"ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးJuYeon shi"

"ဟုတ်ကဲ့...သားသားဦးဦးကိုတာ့တာလုပ်လိုက်ဦးလေ"

"ဦးဦးချောချောတာ့တာ...RoWooလည်းတာ့တာ"

ဒီတစ်ခါတော့JaeHyunရဲ့အပြုံးလေးကတစ်မျိုးလေးလှနေပြန်သည်။
......................

"ဟူး....."

ခပ်ပြင်းပြင်းလေပူတစ်ချက်ကိုမှူတ်ထုတ်လိုက်မိသည်။အလုပ်စားပွဲရဲ့ထိုင်ခုံမှာထိုင်နေပေမဲ့စိတ်ကတော့လူတစ်ယောက်စီမှာသာ။

"Lee JaeHyun......Lee JaeHyun...မင်းပြုစားနိုင်လွန်းတယ်ကွာ"

"ဒေါက်........ဒေါက်"

"ဝင်ခဲ့"

"Hyungညစာစားမယ်လေ"

Ericမှညစာစားရန်လာခေါ်သောကြောင့်JuYeonထလိုက်သည်။ပြီးတော့

"Ericရေ....ငါ့ကိုJaeHyunအကြောင်းစုံစမ်းပေးဦး"

"JaeHyun?....အော်..ဟို....BoMinလေးကိုခေါ်လာပေးတဲ့Hyungလား"

"အင်း"

"ဒါနဲ့ဘာလို့တုန်း"

"လျှာမရှည်နဲ့စုံစမ်းဆိုစုံစမ်းထားလိုက်"

"အင်းပါ"

Eric's pov - Hyungထူးဆန်းနေတယ်......မဟုတ်မှလွဲရောသူJaeHyun Hyungကိုကြိုက်နေတာလား😳
...................

"Omma"

"​အော်.....JaeHyunလေးလာပြီလား"

"ဟုတ်..ဒီမှာOmmaစားဖို့အသီးတွေဝယ်လာတယ်"

"Ommaလည်းခံတွင်းပျက်နေတာနဲ့အတော်ပဲ"

"Ommaအခုတစ်လောနေရတာသက်သာတယ်မလား.....မောတာတွေဘာတွေကောဖြစ်သေးလား"

"ဟင်...မဖြစ်ပါဘူးသားရဲ့....ဒါနဲ့သား"

"ဗျာ"

"အကြွေးတွေကောဘယ်လောက်ထိကျေပြီလဲ"

"မစိုးရိမ်ပါနဲ့Ommaရဲ့အကြွေးတွေက ကုန်သလောက်နီးနီးဖြစ်နေပါပြီOmmaသာနေမြန်မြန်ကောင်းအောင်နေပါ"

"အင်းပါသားရယ်"

JaeHyunရဲ့Ommaမှာသူ့သားလေးအတွက်စိတ်မကောင်းချေ။ကလေးက စာတော်ရဲ့သားနဲ့သူ့မှာကျောင်းတောင်ပြီးအောင်မတတ်လိုက်ရ။အသုံးမကျတဲ့အဖေကြောင့်ငါ့သားလေးမှာဝဋ်ခံနေရရှာတာဟုသာတွေးမိသည်။

အကြွေးတွေလည်းဆပ်ရတဲ့အပြင်သူ့အတွက်ဆေးရုံစရိတ်ပါရှာနေရတော့JaeHyunလေးတော်တော်ပင်ပန်းနေရှာမှာ။

JaeHyun's Omma's pov - သားလေးနောက်ဘဝကျရင်ဒီလိုမိဘမျိုးနဲ့ထပ်ပြီးမတွေ့ရပါစေနဲ့လို့သာOmmaဆုတောင်းပေးပါတယ်

"Omma...Omma"

"ဟင်ပြောလေသား"

"ဒီမှာအသီးစားလို့...သားခေါ်နေတာကြာပြီOmmaဘာတွေတွေးနေတာလဲ"

"မဟုတ်ပါဘူးသားရဲ့ပေးပေးစားမယ်"
............

"Hyungရော့....ဒီမှာ"

JuYeon ရုံးခန်းထဲမှာအလုပ်လုပ်နေတုန်းEricဝင်လာပြီးသူ့စားပွဲပေါ်ကိုဖိုင်တွဲတစ်ခုလာတင်သည်။

"ဘာလဲဒါက"

"​Hyungစုံစမ်းခိုင်းထားတာလေ"

"JaeHyunလား"

"အင်း"

JuYeonလည်းဖိုင်တွဲကိုဖွင့်ကြည့်လိုက်တော့သူ့ရဲ့ကိုယ်ရေးရာဇဝင်မှတ်တမ်းကိုတွေ့လိုက်ရသည်။

"အဲ့ဒီ့JaeHyun HyungဘဝကသနားစရာပါHyungရေ.....အဖေကလောင်းကစားလုပ်ပြီးအကြွေးတွေမဆပ်နိုင်တော့သူကပဲအကြွေးတွေဒိုင်ခံဆပ်နေရတာတဲ့...တက္ကသိုလ်တောင်ပြီးအောင်မတတ်လိုက်ရဘူးတဲ့"

"သူ့အဖေကကော"

"ဘယ်ရောက်နေမှန်းတောင်မသိဘူးထွက်ပြေးသွားတာတဲ့...အဲ့တာသူ့အမေကလည်းနှလုံးရောဂါနဲ့ဆေးရုံတင်ထားရတော့အကြွေးတွေတစ်လှည့်...အမေ့ဆေးရုံစရိတ်တစ်လှည့်ရှာနေရတာတဲ့"

"အော်...."

JuYeonစိတ်ထဲအတော်လေးပင်ဝမ်းနည်းသွားရသည်။JaeHyunကိုလည်းပိုလို့ပင်သနားမိသွားသည်။

"မင်းဒါတွေကိုဘယ်လိုသိတာလဲ"

"အဲ့Hyungအလုပ်လုပ်နေတဲ့Cafeကတစ်ယောက်ကကျွန်တော်နဲ့onlineမှာဂိမ်းဆော့ရင်းခင်တာလေအဲ့တာနဲ့သူ့ကိုမေးကြည့်တာပြီးတော့သူ့ကိုယ်ရေးရာဇဝင်ဖိုင်တွဲကသူအရင်တက်ခဲ့တဲ့တက္ကသိုလ်ကဟာcopyယူလာတာ"

"​အင်း...သိပြီ"

"ဒါနဲ့အကြွေးကဘယ်လောက်ရှိတာလဲဆိုတာကောသိလား"

"သိန်းတစ်ရာဆိုလား"

JuYeonလည်းEricပြောသမျှနားထောင်ပြီးသွားတော့JaeHyunရဲ့ကိုယ်ရေးရာဇဝင်ကိုသေချာကြည့်မိလိုက်သည်။

မွေးသက္ကရာဇ်ကိုသေချာကြည့်လိုက်တော့

"ဟင်....ငါ့ထက်နှစ်နှစ်တောင်ကြီးတာလား"

____________________________________

Thanks for reading🌸





Bạn đang đọc truyện trên: Truyen4U.Com