Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 5

"Daddy~~"

"ပြောသားလေး"

"ဦးဦးချောချောဆီသွားချင်တယ်"

"သားသားလွမ်းလို့လား"

"ဟုတ်တယ်"

"လိုက်ပို့ရမှာပေါ့ဗျာ"

"ဟီးဟီး"

သားကိုလိုက်ပို့ပေးချင်တာကတစ်ကြောင်းသူလည်းသွားချင်တာကတစ်ကြောင်းဆိုတော့အိုကေမှာစိုပြေနေပြီလေ။

JuYeonလည်းEricနဲ့BoMinကိုခေါ်ပြီးJaeHyunအလုပ်လုပ်တဲ့Cafeဆီကိုထွက်လာလိုက်ကြသည်။

ဆိုင်ထဲရောက်သည်နှင့်BoMinလေးကJaeHyunကိုတန်းရှာတော့တာပေါ့။

သူတို့သုံးယောက်စားပွဲတစ်ခုမှာဝင်ထိုင်လိုက်ပြီးတော့BoMinလေးကJaeHyunကိုတွေ့သွားသည်။

"ဦးဦးချောချော!!!!"

BoMinလေးကJuYeonပေါ်ကနေဆင်းပြီးJaeHyunဆီကိုအပြေးလေးသွားလိုက်သည်။

"​အော်...သားသားBoMin"

သူ့ပေါ်ပြေးပြီးခုန်တက်လာသည့်BoMinလေးကိုJaeHyunမပြုတ်ကျစေရန်ထိန်းပြီးချီလိုက်သည်။

"သားသားဘယ်သူနဲ့လာတာလဲ"

"Daddyရယ်ဦးဦးEricရယ်နဲ့ဟိုမှာလေ"

JaeHyunလည်းBoMinလေးပြတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့သူတို့နှစ်ယောက်ကိုတွေ့လေသည်။ပြီးတော့သူတို့ဝိုင်းကိုသွားလိုက်သည်။

"BoMinလေးကHyungကိုတွေ့ချင်လို့ဆိုပြီးပူဆာနေလို့"

Ericမှပြောလိုက်တော့BoMinလေးကရယ်ပြလေသည်။

JuYeonကတော့JaeHyunကိုသာငေးနေတာပေါ့။

"ဒါနဲ့ဘာသုံးဆောင်ကြမလဲမသိဘူး"

"ကျွန်တော်ကအမေရိကာနိုတစ်ခွက်Ericအတွက်ကBubble teaတစ်ခွက်ပြီးတော့BoMinလေးကကောဘာသောက်မှာလဲ"

"သားသားကိတ်မုန့်စားချင်တယ်Bananaကိတ်"

"ဟုတ်ပါပြီဒါဆိုခနဆင်းဦး....ဦးဦးသွားယူလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့"

JaeHyunလည်းJuYeonမှာထားတာတွေလာချပေးပြီးတော့BoMinလေးကခွံ့ကျွေးဟုပူဆာနေသည့်အတွက်ထိုင်ကာခွံ့ကျွေးနေရလေသည်။

JuYeonနဲ့Ericကတော့ကြည့်ပြီးပီတိတွေဖြာလျက်ပေါ့။

ပြီးတော့ဆိုင်ထဲမှာဧည့်သည်တွေများလာသည့်အတွက်ကြောင့်JaeHyunလည်းထကာစားပွဲထိုးပေးနေရလေသည်။

BoMinလေးကိုတော့Ericကပဲဆက်ကျွေးနေပြီးJuYeonကတော့စားပွဲထိုးကာအလုပ်ရှုပ်နေတဲ့ကောင်လေးကိုပဲကြည့်နေတော့တာပေါ့။

"အမလေး....Hyungရယ်......မျက်လုံးကြီးလည်းကျွတ်ကျသွားဦးမယ်"

Ericမှစလိုက်တော့JuYeonအရှက်ပြေချောင်းတစ်ချက်ဟန့်လိုက်သည်။

"ကိုယ့်ဟာကိုယ်သောက်စရာရှိတာသောက်"
......................

ဒီလိုနဲ့JuYeonလည်းBoMinလေးကတွေ့ချင်တာကိုအကြောင်းပြပြီးဆိုင်မှာCafeလာသောက်နေတာနှစ်ပတ်တောင်ကျော်သွားခဲ့သည်။တစ်ခါတစ်လေEricလည်းပါတတ်သည်။

BoMinနဲ့JaeHyunဟာလည်းပိုမိုရင်းနှီးလာခဲ့သလိုဆိုင်ကတစ်ခြားအလုပ်သမားကောင်လေးတွေကလည်းBoMinလေးကိုတွေ့ရပါများတော့ခင်လာကြသည်။

ဒါပေမဲ့BoMinလေးကတော့JaeHyunမှJaeHyun။ရောက်တာနဲ့JaeHyunကိုအရင်ပြေးဖက်လိုက်ရမှကျေနပ်သည်။

JuYeonကတော့JaeHyunကိုနေ့တိုင်းနီးပါးလောက်မြင်တွေ့နေရတော့ကျေနပ်နေတာပေါ့။ဒါပေမဲ့လောဘဆိုတာမျိုးကအတောမသတ်နိုင်ဘူးလေ။

အစကတော့ရုပ်ကလေးမြင်ရရင်ကျေနပ်လောက်ပြီထင်ခဲ့ပေမဲ့အခုတော့JaeHyunကိုအနားမှာခေါ်ထားလိုက်ချင်တဲ့အထိကိုသူဖြစ်နေလေပြီ။

ဟုတ်တယ်။သူJaeHyunကိုချစ်တယ်။အချစ်ဆိုတာကိုတော့JuYeonသေချာမသိပါ။သူ့အတွက်အချစ်ဆိုတာJaeHyunပဲ။မြတ်နိုးရာဆိုတာလည်းJaeHyunပဲ။သူ့နှလုံးသားတစ်ခုလုံးကJaeHyunကိုသူ့ကိုပြုံးပြလိုက်တဲ့နေ့ကစပြီးပါသွားခဲ့တာ။

အခုလည်းသူJaeHyunကိုငေးနေသည်။အခြားစားသုံးသူတွေလည်းရှိနေတာမလို့သိသိသာသာကြီးငေးနေတာတော့မဟုတ်။တစ်ချက်တစ်ချက်ဟိုကိုကြည့်သလိုလိုဒီကိုကြည့်သလိုလိုလုပ်ပြီးငေးရတာပေါ့။

"Lee JuYeon shi"

သူထိုင်နေတဲ့ဝိုင်းကိုရောက်လာသည့်ဆိုင်ပိုင်ရှင်SangYeon။

"ဟုတ်ကဲ့ပြောပါ"

"ကျွန်​တော်အလုပ်ကိစ္စတစ်ခုလောက်ပြောချင်လို့ပါ"

"​အော်ဟုတ်ကဲ့ပြောပါ"

"ကျွန်တော်အခုမိန်းလမ်းရဲ့ညာဘက်အခြမ်းမှာနေရာကောင်းတစ်ခုတွေ့ထားလို့ကျွန်​တော်ဆိုင်ခွဲဖွင့်မယ်လို့စဥ်းစားထားတယ်အဲ့တာဆိုင်ရဲ့ဒီဇိုင်းကိုတော့Lee JuYeonဆီပဲအပ်ချင်လို့ပါ"

"​အော်...ဟုတ်ကဲ့ရပါတယ်မနက်ဖြန်လောက်ကျွန်​တော့်Companyကိုလာခဲ့လိုက်ပါ..ဒီမှာကျွန်​တော့်လိပ်စာကဒ်"

"ဟုတ်ကဲ့ကျေးဇူးပါ"

Time skip.....

JaeHyunအိမ်ပြန်ရောက်သည်နှင့်ဆိုဖာပေါ်ကိုပစ်လှဲလိုက်သည်။သူဒီနေ့တော်တော်ပင်ပန်းနေသည်။အရင်ကလည်းပင်ပန်းပေမဲ့ဒီနေ့ညနေအလုပ်ပြီးလို့အမေ့ဆီအသွားအမေရဲ့နှလုံးကအကောင်းကနေရုတ်တစ်ရက်ကြီးထဖောက်လာသဖြင့်သူစိုးရိမ်သွားရသေးသည်။

ပြီးတော့ဆရာဝန်ပြောလိုက်တဲ့စကားကြောင့်သူအခုထက်ထိစိတ်မအေးနိုင်သေးချေ။

"ဒီလိုနှလုံးထဖောက်တာဒီတစ်ခါတော့ကယ်လို့ရပေမဲ့နောက်တစ်ခါဒီလိုထပ်ဖြစ်ရင်တော့အသက်အန္တရာယ်ပါထိခိုက်လာနိုင်ချေရှိတယ်"

ဆရာဝန်ပြောခဲ့တဲ့စကားတွေနားထဲပြန်ကြားရင်းJaeHyunစိတ်ညစ်မိသည်။သူ့မှာမွေးချင်းမောင်နှမလည်းမရှိ....အဖေဖြစ်သူကလည်းထားခဲ့...အခုတစ်ယောက်တည်းကျန်ခဲ့တဲ့အမေကိုတော့သူမဆုံးရှုံးချင်။

ဖုန်းထုတ်ကာဘဏ်အကောင့်ထဲကိုဝင်ကြည့်လိုက်မိ​တော့သူသက်ပြင်းချမိသည်။

"​နောက်ထပ်အလုပ်တစ်ခုလောက်ထပ်ရှာရင်ကောင်းမလား"

အကြွေးကတော့နောက်နှစ်လပြီးရင်ကျေပြီဖြစ်ပေမဲ့အမေရဲ့ဒီလဆေးရုံစရိတ်ကထင်ထားတာထက်ပိုကုန်ကျသည်မို့ပိုက်ဆံကမလောက်ချင်။
....................

JuYeonညပိုင်းအလုပ်ကသိပ်မရှိတာမို့မအိပ်ချင်သေးတာနဲ့dining roomထဲဝင်ကာဆိုဂျူသောက်ရန်ဆုံးဖြတ်လိုက်သည်။

သူသောက်နေတုန်းဂိမ်းဆော့ရင်းတန်းလန်းရောက်လာသည့်Eric။

"ဟာ...Hyungတစ်ယောက်တည်းသောက်နေတာလား"

"ငါ့အပြင်ဘယ်သူ့ကိုတွေ့သေးလို့တုန်း"

"Hyungကလည်းဆိုဂျူကတစ်ယောက်တည်းသောက်ရင်မကာင်းဘူးအဖော်လေးရှိမှပေါ့လာကျွန်တော်သောက်ကူမယ်"

ပြောပြောဆိုဆိုJuYeonရဲ့မျက်နှာချင်းဆိုင်မှာလာထိုင်ပြီးခွက်ယူကာသူ့ဟာသူထည့်သောက်လေသည်။

Ericကငယ်လည်းငယ်သေးပြီးတော့သိပ်လည်းမသောက်နိုင်သည်မို့သုံးခွက်လောက်နဲ့တင်လူကမူးချင်နေသည်။

"ဒါနဲ့ငါတိုရဲ့တည်ငြိမ်လွန်းလှတဲ့Hyungဘယ်လိုဖြစ်ပြီးချစ်တတ်သွားတာလဲ"

"မင်းသိနေတယ်ပေါ့"

"ဟာ...သိတာပေါ့Hyungကကော်ဖီဆိုCompanyမှာပဲသောက်တတ်တာကိုဆိုင်မှာသွားသွားပြီးသောက်နေကတည်းကသိတာ"

JuYeonတစ်ချက်ပြုံးမိလိုက်သည်။

"JaeHyun Hyungကိုအဲ့လောက်တောင်သဘောကျလား"

"အင်း....သဘောကျရုံတင်မဟုတ်ဘူးချစ်ပါချစ်နေတာရပြီလား"

"ဒါပေမဲ့လေJaeHyun Hyungရဲ့ဘဝကလည်းနော်ရုပ်လေးနဲ့မှမလိုက်ကြမ်းတမ်းရတယ်လို့"

"ငါလည်းအဲ့တာကိုတွေးနေတာ...ငါကူညီပေးလိုက်ရင်ကောင်းမလား"

"ဘာလဲအကြွေးတွေHyungကဆပ်ပေးမလို့လား"

"အင်း"

"သူကဘယ်လက်ခံမလဲHyungရဲ့"

"အေးနော်.....ဒါပေမဲ့ငါ့အနားမှာကိုခေါ်ထားပြီးစောင့်ရှောက်ပေးချင်တာ"

"အဲ့လိုဆိုရင်တော့Hyungကသူ့ယောကျ်ားဖြစ်မှပဲရမယ်..."

"ငါကအတင်းအကြပ်သွားလုပ်မိရင်ဟိုကငါ့ကိုမချစ်ခင်မုန်းသွားဦးမယ်"

"သိရင်လည်းပြီးတာပဲ...ဒါပေမဲ့Hyungသူ့ကိုအနီးမသိမသာလိုက်စောင့်ရှောက်လို့ရတာပဲ"

"​အဲ့လိုပဲလုပ်ရမလား"

"ထားပါ...ခုတော့အိပ်ရအောင်ကျွန်တော်မူးနေပြီ"

"အေးအေး"
...................

JuYeonဒီနေ့Cafeဆိုင်ပိုင်ရှင်SangYeonနဲ့အလုပ်ကိစ္စဆွေးနွေးနေသည်။နှစ်ယောက်သားကလည်းအသက်လည်းသိပ်မကွာပြီးတော့SangYeonကခင်ခင်မင်မင်လည်းရှိသည်မို့JuYeonနဲ့စကားပြောရတာအဆင်ပြေလေသည်။

နှစ်ယောက်ကခင်တာမကြာပေမဲ့ဟိုးငယ်ငယ်ကတည်းကပေါင်းလာကြတဲ့သူငယ်ချင်းတွေလိုပင်ပြောဆိုဆက်ဆံနေကြသည်။SangYeonဟာJuYeonကိုအရှိန်အဝါကြီးသူမို့ကြောက်ရွံ့နေတာမျိုးလည်းမဟုတ်JuYeonဟာလည်းအရှိန်အဝါကြီးသည်မို့SangYeonကိုနှိမ့်ချပြီးဆက်ဆံတာမျိုးလည်းမရှိ။

ရယ်လိုက်မောလိုက်နှင့်ပင်။အလုပ်ကိစ္စလည်းပြောပြီးသွားတော့JuYeonကSangYeonကိုJaeHyunအ​​ေကြာင်းတစ်စေ့တစ်​ေစာင်းကလည်းမေးသေးသည်။Ericစုံစမ်းပေးထားလို့အကြောင်းအရာတစ်ချို့ကိုသိပေမဲ့ထပ်ပြီးဘာများသိရဦးမလဲဟူသောစိတ်ဖြင့်မေးလိုက်သည်။

"ဒါနဲ့SangYeon Hyung...JaeHyunကအလုပ်ဝင်တာကြာပြီလား"

"အင်းနှစ်နှစ်ကျော်ပြီ"

"​အော်...."

"ဒါနဲ့ဘာဖြစ်လို့တုန်း"

"ဘာမှတော့မဟုတ်ပါဘူးဒီအတိုင်းပဲ"

"မင်းသူ့ကိုစိတ်ဝင်စားနေတာလား"

"ဟင်.....Hyungလည်းသိနေတာလား"

"ဟ...ဟ...ငါဒီတိုင်းပဲခန့်မှန်းကြည့်တာပါ..ပြီးတော့ငါတို့ဆိုင်ကိုလာနေကြဖောက်သည်ကောင်မလေးတွေကမင်းတို့နှစ်ယောက်ကိုShipပေးနေကြတယ်လေ"

JuYeonကတော့ရှက်သွားပြီးဂုတ်ကိုသာပွတ်မိသည်။

"ငါလည်းအမှန်အတိုင်းပြောရရင်JaeHyunကိုဒီထက်ပိုကောင်းတဲ့ဘဝလေးရစေချင်တယ်သူကငါ့အတွက်တော့ညီလေးတစ်ယောက်လိုပါပဲ...ငါတစ်ခါတော့ကူညီဖို့လုပ်ဖူးတယ်ဒါပေမဲ့သူကလက်မခံဘူး"

"အင်း....ကျွန်တော်လည်းကူညီပေးချင်ပါတယ်"

"အေးပေါ့...ကြိုးစားကြည့်ပေါ့ကွာ...သူလည်းမင်းကိုပြန်ပြီးမချစ်နိုင်ပါဘူးလို့ပြောလို့မရဘူးလေ"

"ဟုတ်ပါပြီ"
..................

ဒီနေ့ညနေJuYeon BoMinလေးကိုမူကြိုကနေခေါ်လာပြီးတော့Ericနဲ့ပဲအိမ်မှာထားခဲ့လိုက်သည်။သူကတော့ကားနဲ့ထွက်လာလိုက်သည်။

တစ်ခြားနေရာတော့မဟုတ်။Ericပြောသလိုအနားမှာခေါ်မရတော့အဝေးကနေပဲလိုက်ပြီးစောင့်ကြည့်ရမှာပေါ့။

ဆိုင်နဲ့မနီးမဝေးမှာကားကိုရပ်လိုက်ပြီးကားပေါ်ကနေသူ့ရဲ့JaeHyunလေးထွက်အလာကိုမျှော်နေမိသည်။

သိပ်မကြာလိုက်JaeHyunထွက်လာသည်။JuYeonလည်းသူ့နောက်ကိုကားနဲ့ဖြေးဖြေးချင်းလိုက်နေသည်။

JuYeonလည်းချစ်တတ်တော့မှပဲသူခိုးကျင့်သူခိုးကြံကြံနေရတယ်။အခုသူ့ပုံကJaeHyunကိုလိုက်ပြီးstalkနေတဲ့ပုံ။ဒါပေမဲ့ကောင်းသောStalkခြင်းပေါ့။

သူJaeHyunနောက်ကိုလိုက်နေပေမဲ့အခုJaeHyunသွားနေတဲ့နေရာသူ့အိမ်မဟုတ်။Ericယူလာပေးတဲ့ဖိုင်ထဲမှာJaeHyunရဲ့အိမ်လိပ်စာပါသည့်အတွက်ဘယ်ရပ်ကွက်မှာနေမှန်းတော့JuYeonသိသည်။

ဒါပေမဲ့အခုသူသွားနေတာကအိမ်ကိုမဟုတ်။လိုက်ရင်းနဲ့ကြည့်လိုက်တော့ဟန်မြစ်ဘက်ဖြစ်နေသည်။လူသူရှင်းတဲ့ဘက်ကိုတစ်မင်သက်သက်ရွေးပြီးသွားတာမလို့JuYeonလည်းသေချာလိုက်ကြည့်နေမိသည်။

ခုံတန်းလေးတစ်ခုနားရောက်တော့JaeHyunထိုင်ချလိုက်သည်ကိုမြင်သည်။ဒါနဲ့JuYeonလည်းကားကိုရပ်ပြီးဘာများဖြစ်လို့ပါလိမ့်လို့ဆက်ကြည့်နေလိုက်သည်။

JaeHyunပုံကြည့်ရတာငိုနေသလိုလိုရှိတာမို့JuYeonစိုးရိမ်သွားမိပြီးချက်ချင်းကားပေါ်ကဆင်းကာJaeHyunထိုင်နေတဲ့နားလေးကိုသွားလိုက်သည်။

JaeHyunဒီနေ့သူတော်တော်စိတ်ညစ်နေသည်။အိမ်ကိုလည်းမပြန်ချင်တာမလို့အလုပ်ပြီးတာနဲ့ဟန်မြစ်ဘက်ကိုထွက်လာလိုက်သည်။

သူထိုင်ခုံတန်းလေးတစ်ခုမှာထိုင်ချလိုက်ပြီးစိတ်ညစ်သမျှတွေအကုန်စုပြီးငိုချလိုက်သည်။သူငိုနေတုန်းရုတ်တစ်ရက်သူ့နားကိုရောက်လာသည့်လူတစ်ယောက်။

"Jaehyun shi"

ဘေးကိုလှည့်ကြည့်လိုက်တော့JuYeonဖြစ်နေသည်။

JaeHyunလည်းမျက်ရည်တွေကိုအလျင်အမြန်သုတ်လိုက်သည်။JuYeonကတော့သူချစ်ရတဲ့သူဒီလိုငိုနေတာမြင်တော့စိတ်မကောင်း။သူ့ကိုမြင်တော့မျက်ရည်တွေကိုအမြန်သုတ်လိုက်ပေမဲ့နက်မှောင်တောက်ပနေတဲ့မျက်လုံးလေးထဲမှာနေရာယူနေတဲ့မျက်ရည်ဥလေးတွေကိုတော့သူမဖယ်ရှားန်ိုင်ခဲ့ပါ။

JuYeon JaeHyunဘေးမှာဝင်ထိုင်လိုက်ပြီးစကားပြောရန်စလိုက်သည်။ဒါပေမဲ့JaeHyunမှ....

"JuYeon shiဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

"ကျွန်တော်ဒီအတိုင်းလေညှင်းလာခံရင်းနဲ့JaeHyunကိုတွေ့လို့လာတာ"

သူမုသားသုံးမှရမည်လေမဟုတ်ရင်JaeHyunကိုချစ်လွန်းလို့လိုက်stalkနေတာပါလို့ပြောလို့မှမရဘဲ။

"အော်...."

ဘာစကားမှဆက်မပြောဖြစ်ကြ။အရှေ့မှာရှိနေတဲ့မြစ်ရေပြင်ကိုသာငေးကြည့်နေသည်။သူတ်ို့နှစ်ယောက်ကြားထဲကလေထုဟာလည်းအေးစက်ငြိမ်သက်လျက်။

ခနကြာတော့JuYeonဘက်ကပဲ....

"JaeHyun shiဘယ်လောက်ထိပင်ပန်းနေလဲတော့ကျွန်တော်မသိပါဘူးဒါပေမဲ့ဝမ်းနည်းနေရင်စိတ်ကိုမတင်းထားပါနဲ့ကျွန်တော်ရှေ့မှာတော့စိတ်ကိုဖြေချလိုက်လို့ရပါတယ်"

ဒါလည်းJaeHyunကဘာမှပြန်မပြောသေးဘဲမြစ်ရေပြင်ကိုသာဆက်ကြည့်နေလျက်ပင်။

"JuYeon shi....ကံကြမ္မာကကောင်းတဲ့အရာလို့ထင်လား"

မြစ်ရေပြင်ကိုသာကြည့်ပြီးတွေးတွေးဆဆပြောလိုက်သည့်JaeHyunရဲ့စကားကြောင့်JuYeonခနငြိမ်သက်သွားသည်။

"ကျွန်တော်ကတော့ကံကြမ္မာဆိုတာလူအ​ပေါ်မှာမူတည်ပြီးအကောင်းအဆိုးဖြစ်တယ်လို့ကျွန်​တော်ထင်တယ်....."

"ဒါဆိုJuYeon shiရဲ့ကံကြမ္မာကကောကောင်းတယ်လို့ထင်လား"

"မထင်ပါဘူး....ကျွန်တော်ငယ်ငယ်လေးကတည်းကမိဘနှစ်ပါးလုံးရောအကိုနဲ့မရီးကိုပါစောစောစီးစီးခေါ်သွားတဲ့ကံကြမ္မာက ကျွန်တော့်အတွက်တော့မကောင်းဘူး"

ထိုသို့ပြောလိုက်တော့JaeHyun JuYeonဘက်ကိုလှည့်ကြည့်မိသည်။JuYeonမျက်နှာမှာလည်းဝမ်းနည်းမှုအရိပ်အယောင်တွေတွေ့နေရသည်။

"ဒါဆိုကျွန်​တော့်ကံကြမ္မာကလည်းမကောင်းဘူးပဲပြောရမလား....ဒီနေ့ကျွန်တော်ဆေးရုံကိုသွားတော့ဆရာဝန်ကပြောလိုက်တယ်Ommaရဲ့ရောဂါကဆိုးတဲ့ဘက်ကိုရောက်နေပြီတဲ့........

စကားပြောရင်းနဲ့အသံလေးတိမ်ဝင်သွားတဲ့JaeHyunကိုJuYeonသနားမိသည်။

"အသက်ရှင်နိုင်ခြေ50%ပဲရှိတော့တယ်တဲ့"

ပြောပြီးပြီးချင်းငိုချလိုက်သည့်JaeHyun။

"ဘာလို့လဲ.....ကျွန်တော်သိပ်ချစ်ရတဲ့အမေကို့မှဘာလို့လဲလို့"

ပြောရင်းပင်ရှိုက်ကြီးတစ်ငင်ငိုကျွေးလာသည်မို့JuYeonဘာမှစဥ်းစားမနေတော့ဘဲJaeHyunကိုယ်လေးကိုဆွဲလှည့်ပြီးဖက်လိုက်သည်။JaeHyunက​တော့JuYeonရင်ခွင်ကိုမှီကာငိုနေမိသည်။

သူငိုတာဘယ်လောက်ပင်ကြာသွားသည်မသိ။စလာတုန်းကလိမ္မော်နီရောင်သန်းနေတဲ့ကောင်းကင်ကြီးတောင်အနက်အဖြစ်သို့ပြောင်းသွားလေသည်။

ကြာကြာငိုတော့အသံတောင်မထွက်တော့ချေ။ထိုကျမှပဲJuYeonရင်ခွင်ထဲကထွက်တော့သည်။

JuYeonကတော့သူမြတ်နိုးရပါတယ်ဆိုတဲ့JaeHyunကဲ့မျက်နှာမှာအပြုံးလေးအစားငိုမဲ့မဲ့မျက်နှာလေးဆိုတော့JuYeonရင်ထဲနာကျင်ရသည်။

ဒါဟာလည်းအချစ်ကြောင့်ထင်ပါရဲ့။ချစ်မိတဲ့အခါနှစ်ကိုယ့်တစ်စိတ်ဖြစ်သွားတယ်ခေါ်မလား။ဒါပေမဲ့လည်းသူကပဲတစ်ဖက်သက်ချစ်နေရတာမလို့အဲ့လိုတော့ပြောမရချေ။

ဒါပေမဲ့JuYeonမသိသည်ကသူ့အချစ်ကတစ်ဖက်သတ်အချစ်မဟုတ်ဘူးဆိုတာပင်ဖြစ်သည်။

____________________________________

ဒီအပိုင်းလေးကတော့နည်းနည်းရှည်သွားတယ်နော်

Thanks for reading🌸





Bạn đang đọc truyện trên: Truyen4U.Com