Chapter 6
JaeHyunအခုသူလူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာငိုနေမိသည်။ထိုလူဟာလည်းအခြားလူမဟုတ်။သူချစ်ရတဲ့သူLee JuYeonပင်။
သူJuYeonအကြောင်းကိုတော့သိပ်မသိပါဘူး။သူတို့နှစ်ယောက်ကအရမ်းကြီးလည်းခင်မင်ရင်းနှီးနေတာမျိုးတော့မဟုတ်။သားလေးBoMinကလာတွေ့ရင်းနဲ့သာမေးထူးခေါ်ပြောလောက်သည့်အထိပဲရှိသည်။
ဒါပေမဲ့သူချစ်မိပြီလေ။သူရဲ့မသိစိတ်တစ်နေရာကကောသိစိတ်ကကောချစ်မိနေပြီ။ဘယ်အချိန်ကလည်းတော့အတိအကျမမှတ်မိပေမဲ့လို့ပေါ့။သူရှေ့ဆက်တိုးဖို့တော့ယောင်လို့တောင်မစဥ်းစားဖူးပါဘူး။
သူတို့နှစ်ယောက်အခြေအနေကပါးစပ်ကထုတ်မပြောရင်တောင်မဖြစ်နိုင်ဘူးမလား။အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုမှချစ်မိနေတော့လည်းမတတ်နိုင်ဘူးဟုသာသူတွေးမိသည်။
အခုချိန်ထိJuYeonဟာအိိမ်ထောင်သည်မဟုတ်ဘူးဆိုတာကိုJaeHyunမသိသေးပါ။အခြားလူကိစ္စကိုစိတ်ဝင်စားနေရလောက်သည်အထိသူ့မှာအချိန်မရှိပဲ။သူ့ဗီဇကိုကလည်းစပ်စုသည့်ထဲမှာမပါတော့တစ်ခြားလူတွေပြောသံကြားလည်းနားမထောင်တတ်ပေ။
JaeHyunငိုလို့ဝတော့မှJuYeonရင်ခွင်ထဲရောက်နေမှန်းသတိထားမိသည်။အဲ့တော့မှပြာပြာသလဲခွာလိုက်ပြီးမျက်ရည်များကိုအမြန်သုတ်လိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ်JuYeon shi...ညတောင်ရောက်နေပြီပဲအိမ်မှာBoMinလေးနဲ့JuYeonရဲ့အမျိုးသမီးစိတ်ပူနေလိမ့်မယ်လေ...ပြန်ပါတော့"
"နေပါဦးကျွန်တော့်မှာမိန်းမရှိတယ်လို့ဘယ်သူပြောလဲ"
"ဟမ်"
"JaeHyun shiကအခုထက်ထိမသိသေးဘူးကို...ကျွန်တော်ကအခုချိန်ထိလူပျိုပါ"
JaeHyunနားမလည်စွာဖြင့်ကြည့်လိုက်သည်။
"ဒါဆိုBoMinလေးက"
"ကျွန်တော့်တူလေးပါဆုံးသွားတဲ့ကျွန်တော့်အကိုနဲ့မရီးရဲ့ကလေး.....တစ်ယောက်တည်းကျန်နေခဲ့တော့ကျွန်တော်ကပဲမွေးစားလိုက်တာ"
"အော်...အဲ့လိုကိုး...."
JaeHyunစိတ်ထဲအနည်းငယ်ဝမ်းသာသွားသယောင်။သူအနည်းဆုံးတော့စိတ်သန့်သန့်နဲ့ချစ်လို့ရသွားပြီလေ။
"ငိုလို့ဝပြီလား"
"ဗျာ.....ဟုတ်ကဲ့"
"ဒါဆိုကျွန်တော်တို့တစ်ခုခုသွားစားကြမလားကျွန်တော်ညစာမစားရသေးဘူးခင်မင်တဲ့သဘောအနေနဲ့ကျွန်တော်ဝယ်ကျွေးပါ့မယ်"
"ဟုတ်ကဲ့...."
ကားထဲရောက်တော့....
"အာ....ဒါနဲ့JuYeon shiကအခုအပြင်မှာဆိုတော့BoMinလေးက"
"Ericနဲ့အိမ်မှာထားခဲ့တယ်လေ"
"အော်...."
ထိုစဥ်အကြံတစ်ခုရသွားတဲ့Juyeonမှ..
"JaeHyun shi...ညစာကိုကျွန်တော့်အိမ်မှာပဲလိုက်စားမလားBoMinလေးလည်းJaeHyun shiပါလာရင်တော်တော်ပျော်သွားမှာ"
"အဆင်ပြေပါ့မလား"
"မေပြစရာဘာအကြောင်းရှိလို့လဲအိမ်မှာကကျွန်တော်ရယ်Ericရယ်BoMinလေးရယ်နဲ့အိမ်အကူတွေပဲရှိတာ...လိုက်ခဲ့ပါနော်BoMinလေးတို့လည်းဒီအချိန်ညစာစားရသေးမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ဒါဆိုကျွန်တော်လိုက်ခဲ့ပါ့မယ်"
ဒီလိုနဲ့JaeHyunလည်းJuYeonရဲ့အိမ်ကိုနောက်တစ်ခေါက်ထပ်မံရောက်သွားပါတော့သည်။
.................
"ဦးဦးEricကားသံကြားတယ်Daddyပြန်လားပြီထင်တယ်"
"အင်းသွားကြိုကြမယ်လေ"
Ericနဲ့BoMinလေးတို့လည်းလှေကားပေါ်ကနေအမြန်ဆင်းပြီးJuYeonကိုသွားကြိုကြသည်။BoMinလေးကတော့ဆင်းပြီးတာနဲ့အိမ်အဝင်ပေါက်မှာရောက်နေတဲ့JaeHyunကိုမြင်တော့...
"ဦးဦးချောချော!!!!"
အပြေးလေးသွားပြီးJaehyunပေါ်က်ိုလှမ်းခုန်တက်လိုက်သည်။JaeHyunကလည်းပြန်ဖက်လိုက်ပြီးBoMinပါးလေးကိုတစ်ချက်နမ်းလိုက်သည်။
"ဦးဦးချောချောကဘယ်လိုဖြစ်ပြီးသားသားတို့ဆီလာတာလဲ"
"Daddyခေါ်လာတာလေညစာအတူတူစားရအောင်လို့"
JuYeonပြန်ဖြေလိုက်တော့BoMinလေးပျော်နေလေရဲ့။Ericကတော့ငါ့အကိုလက်သွက်သည်ဟုသာတွေးမိသည်။
ညစာအတူတူစားကြတော့BoMinလေးကJuYeonပေါင်ပေါ်မှာထိုင်ပြီးJaeHyunခွံ့ကျွေးတာကိုစားနေသည်။
ဒါကိုမြင်တဲ့ကလေးစိတ်မပျောက်ချင်ရှာတဲ့Ericက....
"Bominတို့ကတော့ဇိမ်ပဲ....ကျွန်တော်တောင်ပြန်ငယ်ချင်သွားပြီ"
JaeHyunကပြုံးလိုက်ပြီး...
"ကဲပါရော့စားပြန်ငယ်စရာတောင်မလိုပါဘူးဒီက ကလေးကြီးကိုလည်းခွံ့ကျွေးမှာ"
JaeHyunမှEricကိုခွံ့ကျွေးလိုက်တော့JuYeonက
"အဟမ်း!!! Ericမင်းကလေးလည်းမဟုတ်ပဲနဲ့"
"ကလေးမဟုတ်လည်းJaeHyun Hyungခွံ့ကျွေးတာလေးက စားကောင်းလို့"
သွားကြီးဖြီးပြီးJuYeonကိုစနေသောကလေးကြီးEricရယ်ပါ။
"JaeHyunကိုအားနာလိုက်တာဗျာ...ထမင်းစားဖို့ခေါ်ပါတယ်ဆိုဒီကလေးနှစ်ယောက်ကိုခွံ့ကျွေးနေရတယ်"
"ရပါတယ်JuYeonရဲ့"
JaeHyunကစောနကလိုငိုမဲ့မဲ့ဖြစ်နေတဲ့ရုပ်လေးမဟုတ်တော့တာမလို့JuYeonစိတ်သက်သာရာရသည်။
ထမင်းစားလို့ပြီးသွားတော့JaeHyunမပြန်သေးဘဲEricနဲ့BoMinတို့ကခေါ်တာကြောင့်ဧည့်ခန်းထဲမှာအတူတူထိုင်ကာဂိမ်းဆော့နေကြသည်။
JaeHyunကသိပ်လည်းမဆော့တတ်သည်မို့Ericနဲ့BoMinဆော့တာကိုသာထိုင်ကြည့်မိသည်။ဂိမ်းကအရမ်းခက်တာတော့မဟုတ်ပါဘူးဒါပေမဲ့ဂိမ်းဆိုစိတ်တောင်မဝင်စားဖူးခဲ့တဲ့JaeHyunအဖို့ကတော့ခက်နေတာပေါ့။
ဒါပေမဲ့လည်းသူပျော်ပါသည်။ဒီကလေးနှစ်ယောက်ကိုထိန်းရတာတော်တော်လေးပျော်ဖို့ကောင်းသည်ဟုသာတွေးသည်။
JuYeonကတော့သူတို့သုံးယောက်ကိုကြည့်ပြီးပီတိတွေဖြာလို့။ပြီးတော့သူတွေးမိသည်က...
JuYeon's pov - JaeHyunသာငါ့အပိုင်ဆိုဘယ်လောက်တောင်ကောင်းမလဲကွာ
အတွေးတို့ကိုရပ်တန့်ကာနာရီကိုကြည့်မိတော့8နာရီခွဲနေလေပြီ။သူအတွက်ကတော့စောပေမဲ့JaeHyunအတွက်ကျတော့နောက်ကျနေသည်မို့JuYeonလည်းJaeHyunကိုပြန်လိုက်ပို့ဖို့ပြင်လိုက်သည်။
"BoMinလေးနဲ့Eric...ဦးဦးပြန်တော့မယ်နော်"
"ဟင့်...ဦးဦးဒီမှာပဲအိပ်လို့မရဘူးလား"
"ဘယ်ရမလဲBoMinရဲ့ဦးဦးလည်းအိမ်ပြန်ရမှာပေါ့"
"ဒါဆိုနောက်နေ့လည်းလာခဲ့နော်"
"အင်းပါ"
"ဒါနဲ့Hyungတို့ကျွန်တော်ပါလိုက်ကူရမလား................မလိုက်တာကောင်းပါတယ်ကျွန်တော်BoMinလေးကိုသွားသိပ်လိုက်ပါ့မယ်"
Ericကလိုက်ကူရန်ပြောချိန်တွင်JuYeonမှမျက်စပစ်လိုက်သောကြောင့်Ericစကားလွဲလိုက်သည်။
Time skip..
အိမ်ရှေ့ရောက်တော့....
"ကျေးဇူးတင်ပါတယ်JuYeon shi"
"ရပါတယ်.....စိတ်ထဲကောဘယ်လိုနေသေးလဲပေါ့သွားရဲ့လား"
"ဟုတ်ကဲ့BoMinလေးတို့နဲ့အတူဆော့လိုက်ရတော့စိတ်ထဲပေါ့သွားတယ်"
"အော်....အဲ့တာကြောင့်လားကျွန်တော်ကကျွန်တော်နှစ်သိမ့်ပေးလို့စိတ်ပေါ့တယ်ထင်နေတာ"
JuYeonမှစလိုက်တော့Jaehyunကလည်းပျာပျာသလဲဖြင့်
"အဲ့တာကြောင့်လည်းပါ ပါတယ်"
"ဟဟ ကျွန်တော်ကစတာပါဗျာ"
"ဒါဆိုကျွန်တော်အထဲဝင်တော့မယ်နော်"
"ဟုတ်ကဲ့"
JuYeonတစ်ယောက်JaeHyunအိမ်ထဲဝင်သွားသည်အထိလိုက်ကြည့်ပြီးမှပြန်လာလိုက်သည်။
JaeHyunတစ်ယောက်ကတော့ခုန်နေတဲ့သူ့နှလုံးသားကိုအတင်းလျစ်လျူရှုပြီးအိပ်စက်ခြင်းဆီသို့ဦးတည်လိုက်သည်။
တစ်ဖက်မှာတော့JuYeonတစ်ယောက်သူ့ရင်ခွင်ထဲမှာငိုနေခဲ့တဲ့ကောင်လေးဆီကရတဲ့ကိုယ်သင်းနံ့မွှေးမွှေးလေးရယ်....သူ ခိုးပြီးနမ်းခဲ့မိတဲ့ဆံနွယ်အိအိလေးဆီကရတဲ့Shampooနံ့လေးရယ်ကိုပြန်တွေးပြီးပြုံးပြုံးကြီးဖြစ်နေပြန်သည်။
.............
နောက်နေ့ရောက်တော့....
နှစ်ယောက်သားကပုံမှန်နေ့တွေလိုပဲအလုပ်ကိုယ်စီလုပ်ကာတစ်နေ့တာကိုဖြတ်သန်းကြရပြန်သည်။
ဒီနေ့မှJuYeonကအခြားလုပ်ငန်းရှင်တစ်ဦးကဟိုတယ်ဆောက်မယ်ဟူ၍အလုပ်လာအပ်သဖြင့်ထိုကိစ္စအတွက်ကြောင့်သူအလုပ်တော့ပိုများနေလေသည်။
ဒါကြောင့်BoMinလေးကိုတောင်Ericကိုပဲသွားကြိုခိုင်းလိုက်ရပြီးသူချစ်ရတဲ့သူဆီတောင်မသွားလိုက်ရချေ။
JaeHyunကတော့လာနိုးလာနိုးနဲ့တစ်ယောက်သောသူကိုမျှော်နေပေမဲ့သူမျှော်နေသူရောက်မလာတာမို့အနည်းငယ်တော့ဝမ်းနည်းမိသည်။
JaeHyun's pov - အေးလေသူလည်းသူ့အလုပ်နဲ့သူတော့ရှုပ်နေမှာပေါ့
JuYeonတစ်ယောက်ဟိုတယ်ကိစ္စရယ်SangYeonရဲ့ဆိုင်ခန်းအသစ်ဆောက်ဖို့ကိစ္စရယ်ကြောင့်အလုပ်များနေတာနဲ့သုံးရက်ရှိပြီ။သူချစ်ရသူမျက်နှာလေးကိုမမြင်ရတာ။
Ericနဲ့BoMinလေးကတော့သွားဖြစ်ပေမဲ့သူကတော့အလုပ်များ၍မသွားဖြစ်ချေ။အလုပ်အားမှအတိုးရောအရင်းပါပေါင်းတစ်ဝကြီးသွားငေးပစ်မယ်ဟုသာတွေးထားသည်။
............
ဒီနေ့ညနေဆိုင်သိမ်းပြီးတော့JaeHyunအိမ်ကိုပြန်လာလိုက်သည်။ဆိုင်ပါကူသိမ်းလိုက်သည်မို့သူ့အိမ်ပြန်ချိန်ကအနည်းငယ်နောက်ကျသွားသည်။
သူမျှော်နေရတဲ့သူကလည်းမတွေ့ရတာသုံးရက်တောင်ကျော်ပြီမလို့လွမ်းနေရသည်။Ericကတော့ပြောရှာပါတယ်အလုပ်များနေလို့တဲ့။
အေးပေါ့လေသူချစ်မိတဲ့သူကCEOတစ်ယောက်မလား..ထိုနေ့ညနေကသူငိုနေတုန်းနှစ်သိမ့်ပေးတုန်းကဆိုသူအရမ်းဝမ်းသာခဲ့ရတာ။
ချစ်ရသူရဲ့ရင်ခွင်ဟာဘာနဲ့မတူအောင်နွေးထွေးလွန်းသည်ဟုသာတွေးမိသည်။သူအခွင့်အရေးထပ်ရနိုင်သေးမယ်ဆိုရင်အဲ့ဒီ့ရင်ခွင်ကျယ်ကြီးထဲကိုတစ်ခေါက်လောက်ဝင်ဖက်လိုက်ချင်ပါရဲ့။
ဒါပေမဲ့ခုဟာကမျက်နှာတွေ့ဖို့တောင်ခဲယဥ်းနေရတာမလား။JaeHyunလည်းအတွေးတို့ကိုရပ်တန့်ကာအိမ်ကိုသာအမြန်ပြန်လာလိုက်သည်။
ဒါပေမဲ့သူချစ်ရတဲ့သူကသူ့ကိုလိုက်စောင့်ကြည့်ပေးတယ်ဆိုတာတော့JaeHyunတစ်ယောက်မသိခဲ့ပါလေ။
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com