Chapter 9
JuYeonဒီနေ့လေယာဥ်ကွင်းပေါ်ခြေချလိုက်သည်နှင့်ပျော်နေမိသည်။တိုင်းတစ်ပါးကနေအမိမြေကိုပြန်လာရလို့ပျော်ရွှင်သည်တော့မဟုတ်။သူလွမ်းနေသောသူတစ်ဦးကိုတွေ့ရတော့မည်ဟူသောစိတ်ကြောင့်ပျော်နေမိခြင်းဖြစ်သည်။
သားလေးကိုလည်းလွမ်းပေမဲ့Jaeကိုပိစိလေးပိုလွမ်းမိတယ်။Jae?...ဟုတ်တယ်။JuYeonကိုယ်တိုင်ပေးထားမိတဲ့ချစ်ရသူရဲ့နာမည်လေးJaeတဲ့။သူ့ထက်ကြီးပေမဲ့Jaeလို့ပဲခေါ်ချင်တယ်။
အဲ့သလိုပဲJaeဆီမှလည်းသူ့ကို 'မောင်' ဟုသာခေါ်စေချင်တယ်။အကယ်လို့Jaeဆီကသာခေါ်သံလေးကြားမိခဲ့မယ်ဆိုရင်သူရူးမတတ်ပျော်လောက်မည်။
အတွေးတို့ကိုရပ်တန့်ကာလာကြိုတဲ့ကားဆီကိုအမြန်တက်လိုက်ပြီးသူ့ရဲ့ချစ်ရသူနှစ်ဦးရှိတဲ့အိမ်တော်ဆီသို့သွားလိုက်သည်။
သူပြန်လာတာကိုဖုန်းကြိုမဆက်ထားခဲ့။တစ်မင်သက်သက်အံသြစေချင်သောကြောင့်ကြိုမပြောခဲ့ခြင်းသာ။
ခြံရှေ့ရောက်သည်နှင့်ကားကိုရပ်ခိုင်းလိုက်ပြီးအိမ်ထဲသို့ဝင်ရန်ပြင်လိုက်တော့ဘေးဘက်ပန်းခြံလေးနားမှာအပင်ရေလောင်းနေတဲ့ကောင်လေး။
သူရဲ့နှစ်ယောက်မရှိတဲ့ချစ်ရတဲ့Jae။ရေလောင်းနေတာတော့မဟုတ်လောက်။အခုသူ့ပုံကရေပိုက်ကိုပိတ်ထားပြီးအပင်လေးတွေက်ုသာငေးကြည့်နေရင်းတစ်ခုခုကိုတွေးနေသည့်ပုံပင်။ဒါပေမဲ့အဲ့တာကအဲ့လောက်ထိလှဖို့လိုလို့လား။
Shirtအဖြူလေးရဲ့အပေါ်မှာလက်ပြတ်အင်္ကျီလေးကိုအောက်ကဂျင်းလေးနဲ့တွဲပြီးဝတ်ထားတာလှရက်လိုက်တာJaeရယ်။
သဘာဝအတိုင်းလေးကိုပင်လှရက်နေလိုက်တာ။ပြေးပြီးတော့ဆွဲပွေ့ပြီးချီလိုက်ချင်တဲ့စိတ်ကိုထိန်းချုပ်ကာမသိမသာလေးအနောက်ကိုသွားလိုက်သည်။

( ဒါကတော့JaeHyunပုံလေးကိုမျက်လုံးထဲမြင်အောင်လို့ပါ)
အနောက်ကိုရောက်လာတာတောင်သူ့ကိုမသိလောက်တဲ့အထိဘယ်သူ့အကြောင်းကိုများတွေးနေပါလဲဟုကလေးအတွေးကဝင်လိုက်သေးသည်။
သူ့ကိုတောင်သတိမထားမိဘဲဘယ်လူ့ဆီစိတ်ရောက်နေပါလဲပေါ့။ဒါနဲ့JuYeonလည်းJaeHyunစိတ်ဆိုးချင်လည်းဆိုးတော့သူ့ကိုအခွင့်အရေးယူတယ်ပဲထင်ချင်လည်းထင်ပါစေတော့။
JaeHyunရဲ့အနောက်ကနေခါးလေးကိုသိမ်းကျုံးပြီးဖက်လိိုက်သည်။
JaeHyunလည်းအတွေးတွေထဲနစ်မြောနေတုန်းသူ့နောက်ကနေလာဖက်သည့်လူကြောင့်လန့်သွားမိကာလှည့်ကြည့်လိုက်တော့သူလွမ်းနေခဲ့တဲ့သူ။သူတမ်းတနေခဲ့ရတဲ့မျက်နှာလေး။
"JuYeon..."
JuYeon's pov - အဲ့အစားမောင်လို့ပြောင်းခေါ်ပါလားJaeရဲ့
"ဘယ်လိုဖြစ်ပြီးပြန်ရောက်လာတာလဲဖုန်းလည်းကြိုမဆက်ဘူး"
"Supriseလုပ်တာလေ"
JuYeonကတော့JaeHyunကိုဖက်ထားတာမလွှတ်ပေးဘဲနေလေသည်။
"ဒါနဲ့နေပါဦးကျွန်တော်အနောက်မှရောက်နေတာကြာပြီဒါတောင်JaeHyunကမသိဘူးဆိုတော့ဘယ်သူ့အကြောင်းတွေးနေလို့လဲ"
"ဟင်....မတွေးပါဘူးဘယ်သူ့ကိုမှ"
ထိုစဥ်JuYeonသတိထားမိသည်ကJaeHyunရဲ့ပါးပေါ်မှစီးကျထားတဲ့မျက်ရည်အချို့နဲ့မျက်ဝန်းတွေထဲမှာလည်းနေရာယူထားကြတဲ့မျက်ရည်အချို့။
ဒါကြောင့်သူချက်ချင်းပဲစိုးရိမ်သွားပြီးJaeHyunကိုယ်လေးကိုသူ့ဖက်ဆွဲလှည့်ကာပခုံးလေးကိုကိုင်ပြီးမေးလိုက်သည်။
"JaeHyunငိုနေတာလား ဘာဖြစ်လို့လဲဘယ်သူဘာလုပ်လို့လဲ"
"ဟမ်...မ..မဟုတ်ပါဘူး"
JaeHyunအလျင်အမြန်ပင်ပါးပေါ်မှမျက်ရည်စီးကြောင်းတို့ကိုသုတ်ပြီးပြန်ဖြေလိုက်သည်။
"မလိမ်တတ်ဘဲမလိမ်ပါနဲ့...အမှန်အတိုင်းပြောဘာလို့ငိုနေတာလဲ"
JaeHyun's pov - မင်းကိုလွမ်းလို့ပေါ့ဟ
JaeHyunစိတ်ထဲတွင်အော်ပြောလိုက်ပေမဲ့တစ်ကယ်တမ်းကျဘာမှထွက်မလာခဲ့။
"ဟို....ဟို.....ဟိုလေ...."
တစ်ဟိုဟိုနဲ့ပြောစရာရှိတာကိုမပြောတဲ့သူ့ရှေ့ကသူကိုကြည့်ပြီးJuYeonစိတ်မရှည်ချင်တော့ပါ။ဒါကြောင့်မြန်မြန်ပြောစေရန်JaeHyunရဲ့ခါးကိုသူ့လက်တစ်ဖက်နဲ့လှမ်းဖက်လိုက်ပြီးမျက်နှာနှစ်ခုကိုနီးကပ်စေလိုက်သည်။
ရုတ်တစ်ရက်ကြီးဆွဲဖက်လိုက်တဲ့JuYeonကြောင့်JaeHyunလန့်သွားသည်။ပြီးတော့JuYeonရဲ့မျက်နှာကိုအနီးကပ်မြင်နေရသည်မို့အဆင်မပြေချင်။
အဝေးကနေကြည့်ရင်တောင်ပြည့်စုံနေတဲ့မျက်နှာဟာဒီလိုအနီးကပ်မြင်လိုက်ရတော့ပိုလို့ပင်ပြီးပြည့်စုံလွန်းနေသည်။ချွန်မြနေတဲ့နှာခေါင်းဟာလည်းသူ့နှာခေါင်းနဲ့ပင်ထိလုနီးနီးဖြစ်နေသည်။
"ပြောနော်မပြောရင်ကျွန်တော်ဒီအတိုင်းပဲဖက်ထားမှာမလွှတ်ပေးဘူး"
သူ့နားနားကိုတိုးကပ်ကာပြောလိုက်သည့်JuYeonကြောင့်JaeHyunတစ်ယောက်အသက်ရှူတောင်မှန်နေပြီလားမသိ။JaeHyunတစ်ယောက်ပဲအဲ့လိုဖြစ်နေတာလားဆ်ုတော့လည်းမဟုတ်ပါ။
JuYeonကလည်းအနီးကပ်မြင်နေသည့်ချစ်ရသူJaeရဲ့မျက်နှာကြောင့်မူမမှန်ချင်တော့။
ပြီးတော့Jaeရဲ့နှုတ်ခမ်းလေးကအဆီလိမ်းထားလို့ထင်ပါရဲ့။စ်ိုစိုလေးနဲ့မထူမပါးနှုတ်ခမ်းလေး။သူစိတ်ရှိတိုင်းသာဆိုနမ်းပစ်ချင်ပေမဲ့ထိန်းထားရလေသည်။
"မပြောဘူးပေါ့"
ဆိုပြီးပိုလို့ပင်တိုးကာဖက်လိုက်တော့JaeHyunရဲ့နှာခေါင်းထိပ်ကလေးမှာJuYeonရဲ့နှာခေါင်းထိပ်ကလေးနဲ့သွားထိမိတော့သည်။
JaeHyun's pov - သေနာလေးကလည်းနင်ကဒီလိုဖက်ထားမှတော့ငါဘယ်လိုလုပ်ပြောရမလဲ
"ဟို...လွမ်းလို့"
"ကျွန်တော့်ကိုလား"
"အင်း....အဲ..မဟုတ်ပါဘူးEricကိုကော"
JuYeonပြုံးမိသည်။သူ့ကိုလွမ်းလို့ငိုတာတဲ့လား။တစ်ကယ်ကိုချစ်ဖို့ကောင်းလိုက်တာ။
JaeHyunကတော့သူ့ဟာသူပြောပြီးရှက်ကာခေါင်းလေးအောက်ငုံ့သွားသည်။JuYeonကတော့ရှက်နေတဲ့ကောင်လေးကိုကြည့်ပြီးအသဲတစ်ယားယားပေါ့။
ဖက်ထားတာကိုလည်းခွာလိုက်တော့ရှက်ရမ်းရမ်းကာအိမ်ထဲကိုဝင်ပြေးသွားလေသည်။
................
ညစာစားကြတော့ထုံးစံအတိုင်းBoMinလေးကJuYeonပေါင်ပေါ်မှာထိုင်ပြီးJaeHyunခွံ့ကျွေးတာကိုစားနေတာပေါ့။
ကလေးကြီးEricကလည်းဟိုမှာရောက်တုန်းကJaeHyunခွံ့ကျွေးတာလေးကိုလွမ်းလို့ဟုဆိုကာသူ့ကိုပါခွံ့ကျွေးခိုင်းသည်။
JaeHyunကတော့ငြိုငြင်ခြင်းမရှိ။ခွံ့ကျွေးနေရတာတောင်သူပျော်နေလေသည်။သူလည်းဒီကလေးလေးနှစ်ယောက်ကိုချစ်တာပေါ့။
ထမင်းစားနေကြတုန်းBoMinလေးမှ...
"Daddy...သားသားတစ်ခုပြောစရာရှိလို့"
JuYeonကခေါင်းငြိမ့်ပြလိုက်တော့BoMinလေးစကားပြောရန်စလိုက်သည်။Ericနဲ့JaeHyunကလည်းဘာများပြောမလဲဟူသောစိတ်ဖြင့်ကြည့်လိုက်သည်။
"သားသားဦးဦးချောချောကိုAppaလို့ခေါ်ချင်တယ်"
"အဟွတ်..အဟွတ်"
JuYeonမှာစားနေလက်စထမင်းတောင်သီးသွားလေသည်။JaeHyunကတော့အနည်းငယ်လန့်သွားမိသည်။Ericကတော့ပြုံးစိစိကြီးပေါ့။
"ဘာဖြစ်လို့လဲသားရဲ့"
"ကျောင်းမှာဆိုသားသားသူငယ်ချင်းတွေမှာAppaနဲ့Ommaရှိကြတယ်လေသားသားမှာကOmmaမှမရှိတာDaddyပဲရှိတာလေအဲ့တော့ဦးဦးချောချောကိုAppaလို့ခေါ်ချင်တာ"
BoMinလေးကတော့ကလေးအတွေးလေးနဲ့ပြောလိုက်ပေမဲ့သုံးယောက်သားကတော့မျက်နှာလေးညိုးကျသွားပြီးBoMinလေးကိုသနားသွားတာပေါ့။
သားသားမှာOmmaမှမရှိတာဆိုတဲ့စကားကိုကြားတော့JuYeonငိုချင်လာသောကြောင့်မျက်ရည်များကချက်ချင်းဝဲတက်လာသည်။
ဒါကိုသတိထားမိတဲ့JaeHyunက...
"ရတာပေါ့သားရဲ့သားလေးခေါ်ချင်ရင်ခေါ်လို့ရပါတယ်"
"တစ်ကယ်လားဒါဆိုသားသားမှာAppaရှိသွားပြီရေး....."
ပျော်သွားတဲ့BoMinလေးပုံကိုကြည့်ပြီးသုံးယောက်သားကတော့ပီတိတွေဖြာနေလျက်ပေါ့။
.................
"Appaသားသားဒီအဝါရောင်လေးဝတ်ချင်တယ်"
"ဝတ်ပေးမှာပေါ့လာဒီကို"
မူကြိုမသွားခင်JaeHyunကBoMinလေးကိုအဝတ်အစားလဲပေးနေသည်။လဲလို့ပြီးသွားတော့အတူတူမနက်စာစားကြပြီးအလုပ်ကိုယ်စီသွားဖို့ပြင်ကြသည်။
"BoMinလေးကိုEricနဲ့ပဲအတူသွားပို့လိုက်နော်ကျွန်တော်ကအရေးကြီးအလုပ်ကိစ္စတစ်ခုပေါ်လာလို့"
"ဟုတ်ရပါတယ်"
"ဒါဆိုDaddyသွားပြီနော်BoMinလေး"
JuYeonကမသွားခင်BoMinလေးရဲ့ပါးကိုနမ်းသွားသည်။
"Daddyနေဦးလေ"
"ဘာဖြစ်လို့လဲBoMinလေးရဲ့"
"Daddyကသားသားကိုကျတော်နမ်းပြီးAppaကိုကျတော့မနမ်းဘူး"
BoMinလေးပြောလိုက်သည့်စကားကြောင့်JuYeonကောJaeHyunပါကြောင်သွားလေသည်။
"ဟုတ်တယ်လေDaddyမသွားခင်Appaကိုလည်းမွှေးမွှေးပေးလေ"
"အဲ့တာက.....Daddyကဘယ်လိုလုပ်ပေးလို့ရမှာလဲသားရဲ့"
"ရတာပေါ့Daddy Appaကိုမနမ်းဘဲသွားရင်သားသားစိတ်ကောက်မှာနော်ကျောင်းလည်းမသွားတော့ဘူးလိမ္မာအောင်လည်းမနေတော့ဘူး"
ရုတ်တစ်ရက်ကြီးထိုင်ချကာနှုတ်ခမ်းလေးဆူပြီးစိတ်ဆိုးနေသောBoMinလေးရယ်ပါ။ကလေးဆိုတော့လည်းဘယ်နားလည်သေးရှာမလဲ။
JuYeonနဲ့JaeHyunကတော့BoMinလေးကိုကြည့်ပြီးဘာလုပ်လို့လုပ်ရမှန်းမသိ။JuYeonကလည်းအလုပ်ကိစ္စကရှိသေးသည်။BoMinလေးကလည်းကျောင်းသွားရဦးမှာမလို့နောက်ကျလို့တော့မဖြစ်။
"ထပါသားရဲ့"
"မထဘူးDaddy Appaကိုနမ်းမယ်ဆိုမှထမယ်"
ဘယ်လိုမှကိုပြောမရတော့တဲ့ကလေးပါ။
"ဟုတ်ပါပြီထ...ထ"
"တစ်ကယ်နမ်းရမှာနော်"
"အင်းပါ"
JuYeonမှပြောတော့JaeHyunမျက်လုံးပြူးသွားသည်။
JuYeonလည်းJaeHyunကိုအားနာသည့်ဟန်ဖြင့်ကြည့်လိုက်ပြီးပါးနားကိုတစ်ဖြည်းဖြည်းနီးကပ်သွားသည်။
JaeHyunအစကတော့သူ့ပါးကိုထိရုံလောက်ပဲနမ်းမယ်ထင်ပေမဲ့တစ်ကယ်တမ်းကJuYeonရဲ့နှာတံချွန်ချွန်နစ်ဝင်သွားသည်အထိနမ်းလိုက်တာကြောင့်အလိုက်မသိတဲ့နှလုံးသားကခုန်နှုန်းတွေမြန်လာတော့သည်။
BoMinလေးကတော့ကျေနပ်ပြီးခုန်ပေါက်နေလေရဲ့။
"ဒီလိုမှပေါ့Daddy bye bye"
"အင်းbye bye JaeHyun ကျွန်တော်သွားပြီနော်"
"ဟုတ်ကဲ့ဂရုစိုက်ပါ"
JuYeonမသွားခင်JaeHyunရဲ့အရှက်သည်းနေတဲ့မျက်နှာနီရဲရဲလေးကိုမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။ဒါJaeHyunအပြစ်ပဲလေ။သူကိုနမ်းချင်အောင်ဆွဲဆောင်နေတဲ့ပါးလေးကိုဒီနေ့တော့သားလေးအကူအညီဖြင့်နမ်းခွင့်ရခဲ့လေပြီ။
ထိရုံပဲထိရအောင်အခွင့်အရေးကနှစ်ခါမှမလာတတ်တာ။အဲ့တော့ရတုန်းလေးတစ်ဝကြီးနမ်းလိုက်တာပေါ့။
သူတို့နှစ်ယောက်နမ်းနေတဲ့ပုံကိုလှေကားကနေချောင်းကြည့်နေတဲ့FudanshiလေးEricကတော့အူတွေမြူးပြီးဓာတ်ပုံတောင်အမိအရရိုက်လိုက်ပါသေးသည်။
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com