Intro
Lee JuYeon
23
CEO of JJ Company and
Leader of the J gang
Lee JaeHyun
25
Waiter at the cafe shop
Eric
20
JuYeon's adopted brother
Lee Bo Min
5
JuYeon's nephew and adopted son
မတူညီတဲ့ဘဝကနေလာကြတဲ့သူတို့နှစ်ယောက်။မထင်မှတ်တဲ့တွေ့ဆုံမှုကနေတွေ့ဆုံခဲ့ကြတဲ့သူတို့နှစ်ယောက်။ဒါဟာတွေ့ဆုံအောင်လုပ်ပေးခဲ့တဲ့ငါးနှစ်သားတူတော်မောင်ကိုပဲကျေးဇူးတင်ရမလားမသိ။ဒါမှမဟုတ်ကံကြမ္မာကိုပဲကျေးဇူးတင်ရမလားမသိ။
ထားပါလေ။ဘာကြောင့်ပဲဖြစ်ဖြစ်မင်းကိုတွေ့ခွင့်ရတာကပဲကောင်းလွန်းနေလှပါပြီ။ချစ်ရတဲ့သူမှန်သမျှကိုမောင့်ဘဝထဲကနေရက်ရက်စက်စက်ခေါ်ထုတ်သွားပေးခဲ့တဲ့လောကကြီးကဒီတစ်ခါမှာမောင့်ကိုသနားသွားခဲ့တယ်ထင်ပါ့။မင်းလေးကိုမောင်နဲ့တွေ့ဆုံခွင့်ပြုလို့လေ။
မင်းဆီကနှလုံးသားကိုတော့မောင်မမျှော်လင့်ရဲပါဘူး။မောင့်နှလုံသားကိုပဲမင်းဆီပုံအပ်ထားချင်တာ။ဒါပေမဲ့တစ်ခါတစ်လေပေးဆပ်ထားရတော့လည်းမင်းဆီကအသိအမှတ်ပြုမှုလေးကိုတော့လိုချင်မိပါတယ်။မောင့်နားမှာမင်းကိုခေါ်ထားချင်မိတယ်။
ဒါကြောင့်တူလည်းဖြစ်သားလည်းဖြစ်တဲ့သူကိုအကြောင်းပြပြီးမင်းကိုမောင့်အနားခေါ်ထားမိတယ်။ဒါ...မောင်လောဘကြီးရာတော့မရောက်သွားပါဘူးနော်။
မောင့်ကိုယ်မောင်လည်းအံ့သြမိပါတယ်။ချစ်ရတဲ့သူတွေမရှိတော့ကတည်းကခုန်လို့ခုန်နေမှန်းတောင်မသိတဲ့မောင့်နှလုံးသားကမင်းကိုတွေ့ပြီးရင်ခုန်တာမြန်လာတတ်တယ်လေ။
အခြားသူတွေဘာပြောပြောမောင်ဂရုမစိုက်ပါဘူး။မောင်ချစ်တာမင်းဆိုတဲ့ဖြစ်တည်မှုလေးကို။အခြားဘာပညတ်ချက်တွေမှမပါဘူး။မင်းဆိုတဲ့......JaeHyunကိုအရမ်းချစ်နေမိလို့လေ။
.............
မထင်မှတ်ထားတဲ့တွေ့ဆုံမှုကနေမောင့်ကိုတွေ့ခဲ့တယ်။အစကတော့မောင်နဲ့တွေ့ရင် ခုန်တာမြန်လာတဲ့နှလုံးသားကိုလျစ်လျူရှူထားမိတယ်။
မဖြစ်နိုင်မှန်းသိနေတဲ့ပတ်သက်မှုတစ်ခုကိုမတည်ဆောက်ချင်ဘူး။အခြားသူတွေမောင့်ကိုအပြစ်မြင်မှာကိုမလိုလားဘူး။ဒါဟာမောင့်ကိုချစ်လွန်းလို့။ကလေးလေးကိုအကြောင်းပြပြီးနေ့တိုင်းမြင်နေရတဲ့မောင့်မျက်နှာလေးကိုကြည့်လို့မဝခဲ့ဘူး။
ပိုင်ဆိုင်ချင်ပေမဲ့မရနိုင်မှန်းသိတော့ဒီလိုမျက်နှာလေးငေးကြည့်မိတာအပြစ်တော့မဖြစ်လောက်ပါဘူးနော်။တစ်ကယ်တော့မောင်ဟာအများအမြင်မှာလုံးဝperfectဖြစ်နေတဲ့လူကြီး။ဒါပေမဲ့တစ်ကယ်တမ်းကျနာကျင်စရာအတိတ်ဟောင်းတွေရှိခဲ့တဲ့သနားဖွယ်ရာကောင်လေးတစ်ယောက်ဆိုတာသိပြီးတဲ့အချိန်ကစလို့မောင့်ကိုပိုပြီးချစ်လာခဲ့တယ်။
ဝမ်းနည်းနေရင်နှစ်သိမ့်ပေးချင်ခဲ့တယ်။မောင်ငိုနေတာမြင်ရင်ဖက်ထားပေးချင်တယ်။ဒါဟာလည်းမောင်....ဆိုတဲ့JuYeonကိုအရမ်းချစ်နေမိလို့လေ။
..................................
နောက်ထပ်ficလေးတစ်ပုဒ်နဲ့ပြန်လာခဲ့ပါပြီနော်😄😄ဒီficလေးကတော့အရင်ရေးနေကြficတွေလိုကျောင်းသားဘဝကိုရေးထားတာတော့မဟုတ်ပါဘူး။ဒီficအတွက်ကတော့THEBOYZထဲကJujae shipလေးဖြစ်တဲ့JuYeonနဲ့JaeHyunနဲ့ကိုရေးထားပါတယ်။One of my fav shipsပေါ့နော်😁ကလေးပုံလေးကိုတော့ pinterest ကနေရှာထားတာပါ။My Only Oneဖတ်ဖူးတဲ့သူဆိုရင်တော့ဒီနှစ်ယောက်ကိုသိလောက်မယ်ထင်ပါတယ်။
ဇာတ်လမ်းကတော့ကိုယ်တိုင်စိတ်ကူးနဲ့ပုံဖော်ထားတာပါနော်။ခေါင်းထဲပေါ်လာသမျှတွေအကုန်စုချပြီးရေးသွားမွာပါ။
ZawGyi ver.
.............
..................................
Bạn đang đọc truyện trên: Truyen4U.Com