Chapter 18🦁🐶
Another special date
~~~~~~~~~~~~~~~~~~~~~~~
Unicode
"ဦး.....ဒီနေ့အလုပ်သွားရမှာလား"
"ဟုတ်တယ်ကလေးရဲ့..."
"ဟွန့်.....အလုပ်ကလည်းပိတ်ရက်လေးတောင်မနားရဘူးလား"
"နားရပါတယ်ဒါပေမဲ့ဒီနေ့ကဆွေးနွေးစရာလေးနည်းနည်းရှိနေသေးလို့ပါ"
"ဒါဆိုဒီနေ့အိမ်မှာကျွန်တော်တစ်ယောက်တည်းဖြစ်နေတော့မှာပေါ့"
ရုပ်ကလေးကိုဆူပုတ်ပြီးအဝတ်လဲနေသည့်Sangyeonဘေးနားကကုတင်ပေါ်မှာထိုင်ကာသူတစ်ယောက်တည်းကျန်ခဲ့မှာကိုတွေးနေသောEricလေးအားSangyeonကြည့်ကာတစ်ချက်ပြုံးလိုက်သည်။
"ဒါဆိုကလေးကိုယ်နဲ့Companyကိုလိုက်ခဲ့ပါလား"
"ဟင်?ကျွန်တော်လိုက်လို့ရလား"
"ရတာပေါ့"
"ဒါပေမဲ့ဦးအလုပ်လုပ်တာကိုနှောင့်ယှက်သလိုမဖြစ်ဘူးလား"
"မဖြစ်ပါဘူး"
"ဒါဆိုကျွန်တော်အဝတ်လဲလိုက်ဦးမယ်"
"အင်းအင်း"
Sangyeonလည်းသူဝတ်လက်စshirtကိုကြယ်သီးတပ်နေရင်းEricလေးကအဝတ်မလဲသေးဘဲသူ့ရှေ့နားရောက်လာကာ
"WoW.....ဦးရင်ဘတ်ကြီးကမိုက်လိုက်တာ....လေ့ကျင့်ခန်းလုပ်တာလည်းအများကြီးမတွေ့ပါဘူး"
ဟုပြောရင်းဆိုရင်းသူ့ရင်ဘတ်ကိုလာကိုင်သည်။
ကိုင်နေရင်းတန်းလန်းသူ့လက်သီးလေးနဲ့ထိုးလိုက်တော့Sangyeonအောင့်ခနဲတောင်နာသွားသည်။
"အ!!!ကလေးရဲ့နာတယ်လေကွာ"
"ဟီး.....sorry sorry ကျွန်တော်အသည်းယားသွားလို့......ဥုံဖွနော် ဥုံဖွ"
"မွ!!!"
ဆိုပြီးသူထိုးထားသည့်ဘယ်ဘက်ရင်အုံနေရာလေးကိုအသာလာနမ်းသောကြောင့်Sangyeonခေတ္တခနမှင်သက်သွားသည်။ဒီကောင်လေးဒီလိုတွေလည်းတတ်တာပဲလား။သူ့ကိုမထင်ရင်မထင်သလိုနမ်းပြီးရင်ခုန်အောင်လုပ်တာလေးကEricအကျင့်လေးများလား။
"ဒါဆိုကျွန်တော်အဝတ်သွားလဲလိုက်ဦးမယ်နော်.......အော်မေ့လို့ဒီမှာပဲလဲရမှာ"
ဆိုကာသူ့ဘီဒိုထဲမှာအဝတ်အစားလေးတွေထုတ်ပြီးရေချိုးခန်းထဲဝင်သွားသည့်EricလေးအားSangyeonစောနကအတိုင်းလေးပဲအမြတ်တစ်နိုးမှင်သက်စွာကြည့်နေမိသည်။အကောင်ပေါက်လေးကတော့သူဘာမှမလုပ်ခဲ့သည့်အတိုင်းခပ်တည်တည်နှင့်။
(ဒါSangyeonနဲ့Ericရဲ့ Legendary momentကြီးပါစောနကအခန်းလေးကိုမျက်လုံးထဲမမြင်မှာစိုးလို့😁အပြည့်အစုံကြည့်ချင်ရင်THEBOYZ GENERATION Z behindလို့ရှာလိုက်ရင်နောက်ဆုံးပိုင်းလေးမှာဒီအခန်းပါပါတယ်>< )
......................
Companyရောက်သော်.......
Ericလေးကတော့ထုံးစံအတိုင်းသူဝတ်နေကျပေါ့ပေါ့ပါးပါးshortsလေးနဲ့hoodieလေးပဲဝတ်လာတာတောင်အကုန်လုံးအမြင်မှာချစ်ဖို့ကောင်းနေသည်။ဘေးကsuitနဲ့ချောမောနေသောလူကြီးနဲ့တော့တစ်ခြားစီပေါ့။အဲ့တော့လည်းCompanyကဝန်ထမ်းတွေအကုန်လုံးကEricလေးကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ဒါကိုSangyeonကမကြိုက်ချင်။သူ့Puppyကိုသူတစ်ယောက်ပဲကြည့်လို့ရအောင်အိပ်ကပ်လေးထဲပဲဖြစ်ဖြစ်ထည့်သိမ်းလို့ရရင်ကောင်းမှာပဲ။
ရုံးခန်းထဲရောက်တော့
"WoW!!!ဦးရုံးခန်းကမိုက်လိုက်တာသပ်ရပ်နေတာပဲကျွန်တော်လည်းဒီလိုရုံးခန်းထဲမှာအလုပ်လုပ်ချင်လိုက်တာ"
"လုပ်ရမှာပေါ့....အဲ့တော့စာကိုပိုကြိုးစားဟုတ်ပြီလား"
"Yes....sir...."
"ဒါဆိုPuppyဒီမှာထိုင်ပြီးနေဦးနော် ကိုယ်ကတစ်ချက်ဒါလေးတွေခနလောက်လုပ်လိုက်ဦးမယ် ဗိုက်ဆာရင်လည်းပြော"
"ဟုတ်ကဲ့........ကျွန်တော်ရုံးခန်းကိုပတ်ရကြည့်လို့ရတယ်မလား"
"ရတာပေါ့"
Sangyeonလည်းခွင့်ပြုလိုက်တော့Ericလေးတစ်ယောက်ခုန်ဆွခုန်ဆွနှင့်ရုံးခန်းတစ်ခုလုံးနှံ့အောင်လိုက်ကြည့်လေသည်။ပတ်ကြည့်လို့ဝတော့ဆိုဖာပေါ်လေးမှာထိုင်ပြီးဂိမ်းဆော့နေလိုက်သည်။
အပြောကတော့ဂိမ်းဆော့တယ်ပေါ့အမှန်ကအလုပ်လုပ်နေတဲ့သူ့လူကြီးကိုကြည့်နေတာပါ။အပေါ်ဝတ်coatကိုချွတ်ထားပြီးတော့shirtကိုလည်းလက်တစ်ဝက်လောက်ခေါက်တင်ထားကာမျက်မှောင်ကြီးကျုံ့ပြီးအလုပ်ပေါ်အာရုံစိုက်နေသည့်SangyeonကEricအတွက်တော့ဆွဲဆောင်မှုရှိလွန်းတာထက်ကိုပိုပါသည်။ကြည့်ရင်းနဲ့မျက်လုံးကSangyeonရဲ့ရင်အုတ်ကျယ်ကျယ်ကြီးဆီကိုရောက်သွားတော့မနက်ကသူနမ်းခဲ့တာလေးပြန်တွေးရင်းသဘောကျစွာEricပြုံးမိသည်။အမှန်ဆိုကိုက်တောင်ကိုက်ခဲ့လိုက်ရမှာဟုလည်းတွေးနေမိသည်။
နာရီဝက်လောက်နေတော့ရုံးခန်းထဲကိုလူတစ်ယောက်ရောက်လာသည်။အတိကျပြောရလျှင်မိန်းကလေးတစ်ယောက်။ဂဃနဏပြောရမယ်ဆိုလျှင်Choi Min Ahရောက်လာခြင်းဖြစ်သည်။သူမလည်းဝင်လာတော့Sangyeonမှ
"အော်....Min Ahရောက်ပြီလား"
"အင်း....sorry လမ်းမှာကားကြပ်နေလို့ကြာသွားတာ"
"အင်းရပါတယ်meetingက11မှစမှာလေခုမှ10နာရီထိုးတုန်းဆိုတော့နင်ပြင်ဆင်လို့ရပါသေးတယ်"
"အင်း"
သူတို့နှစ်ယောက်ကတော့အတိုင်အဖောက်ညီညီစကားတွေပြောနေပေမဲ့ထိုင်နေသူEricလေးကတော့စတင်ပြီးမျက်နှာပျက်နေပါသည်။
"ဦးနဲ့အလုပ်တူတူလုပ်ရမယ်ဆိုတာဒီNoonaကိုပြောတာလား"
"ဟုတ်တယ်ကလေးရဲ့သူကဒီမှာရှယ်ယာရှင်အသစ်လည်းဖြစ်လို့လေ"
"အော်......."
သိသိသာသာမျက်နှာပျက်နေသည့်EricလေးကိုSangyeonသတိထားမိပါသည်။သူကလည်းEricကိုသူ့အနားရှိစေချင်၍သာခေါ်လာလိုက်တာဒီနေ့Min Ahနဲ့တွေ့ရမှာကိုခနမေ့သွားမိသည်။ဒါပေမဲ့လည်းရောက်နေသည့်Min Ahကိုအားနာတာမလို့သူတို့လည်းလုပ်စရာရှိသည့်အလုပ်ဆက်လုပ်ရန်ပြင်လိုက်သည်။
SangyeonကောMin Ahကောဆိုဖာရဲ့တစ်ဖက်တစ်ချက်ဆီမှာနေရာယူလိုက်ပြီးခနနေmeetingကျရင်တင်ပြရမည့်အကြောင်းအရာတို့ကိုပြန်ဆွေးနွေးနေကြသည်။Ericကတော့ဆိုဖာရဲ့အစွန်မှာထိုင်နေရင်းဂျယ်လီနင်နေရပြန်သည်။အဲ့မိန်းမနဲ့တွေ့တာမကြိုက်ပါဘူးဆိုဒီမှာတောင်ရှယ်ယာရှင်လာဖြစ်နေသေးသည်။Companyကသူ့Appaလည်းပိုင်တာမလို့စိတ်ထဲရှိတဲ့အတိုင်းဝုန်းဒိုင်းကြဲပစ်လို့ကမရ။နောက်ဆုံးသည်းမခံနိုင်တော့...
"အဟမ်း....ဦး~~"
Ericမှခေါ်လာတော့Sangyeonလည်းပြန်ထူးလိုက်သည်။
"ပြောလေကလေးဘာလိုလို့လည်း"
"ကျွန်တော်ညောင်းလို့......ဦးပေါ်မှာထိုင်ပြီးဂိမ်းဆော့လို့ရမလား.......အသံလည်းမဆူအောင်နားကြပ်တပ်ထားမယ်လေနော်"
ဒီလောက်ဆိုSangyeonသဘောပေါက်လိုက်ပါပြီ။သူ့Puppyလေးဂျယ်လီနင်နေပြီဆိုတာကို။
"ရတာပေါ့....လာထိုင်"
ပြောလိုက်တော့ချက်ချင်းပေါင်ပေါ်ကိုဇွက်ခနဲဘေးစောင်းလေးလာထိုင်သည်။Lee Sangyeonဆိုတဲ့လူသားကသူ့အပိုင်ဆိုသည့်မျက်နှာပေးလေးဖြင့်။
Min Ahကတော့ကြည့်ပြီးသဘောကျစွာပြုံးလျက်။အမှန်တော့Min AhကEricလေးသူ့က်ိုအထင်လွဲသွားခဲ့တယ်ဆိုတာကိုသိပြီးပါပြီ။သူ့ကြောင့်နှစ်ယောက်သားစကားများတဲ့အထိဖြစ်သွားခဲ့တာမလို့သူလည်းအားနာမိသည်။သူကSangyeonကိုသူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့။သူပါရောပြီးယောကျာ်းစိတ်ပေါက်နေခဲ့လို့သာSangyeonနဲ့ပေါင်းဖြစ်ခဲ့ခြင်းဖြစ်သည်။ဒါပေမဲ့အခုလိုမျိုးလေးနှစ်ယောက်သားကိုမြင်ရတော့သူတောင်ကြည်နူးမိသည်။
"Aigooo.....Sangyeonတို့ကတော့တစ်ကယ့်ချွဲစိန်လေးကိုရထားတာပဲ"
"ဘာလည်းနင်ကမနာလိုနေတာလား"
"မဟုတ်ရပါဘူးဟယ်....ငါတောင်ကြည့်ပြီးနင်တို့ကိုအားကျလို့"
အဲ့လိုပြောလာတော့နားကြပ်တပ်ထားပေမဲ့လည်းကျင့်သားရနေသည့်Ericလေးကအတိုင်းသားကြားရသည်မလို့Min Ahဘက်လှည့်ပြီး
"ဒါဆိုNoonaလည်းတစ်ယောက်လောက်ရှာလိုက်တော့လေ"
"ဟဟ.....Noonaကရှာစရာမလိုဘူးရှိပြီးသား"
"တစ်ကယ်လားဘယ်သူလည်းဟင်"
Ericလေးမှသိလိုစိတ်ဖြင့်မေးလာတော့Min Ahကခပ်ဖွဖွလေးရယ်လိုက်ရင်း
"ပိုင်ရှင်ရှိနေပြီးသားလူတစ်ယောက်ပါ"
"ဟင်......ကျွန်တော့်ဦးကိုတော့မဟုတ်ဘူးမလား"
"ဟဟ.....မဟုတ်ရပါဘူးEricလေးရယ်....Noonaကယောကျာ်းလေးတွေစိတ်မဝင်စားဘူး ပိုင်ရှင်ရှိပြီးသားသူဆိုတာYeonရဲ့အတွင်းရေးမှူးမလေးကိုပြောတာပါ"
"အော်......ဒါဆိုNoonaကအဲ့အတွင်းရေးမှူးNoonaကိုကြိုက်နေတာပေါ့"
"ဟုတ်တယ်Yeonလည်းသိတယ်အဲ့ကိစ္စကို"
"အဲ့တာကိုဘာလို့ဦးကကျွန်တော့်ကိုမပြောပြခဲ့တာလည်း"
"သူများရဲ့personalကိစ္စဆိုတော့ကိုယ်လည်းမပြောပြဖြစ်ခဲ့တာပါ"
Min Ahမှဆက်ပြီး
"ပြီးတော့ဟိုတစ်နေ့ကEricလေးအထင်လွဲသွားတာလည်းအဲ့နေ့ကNoonaမိန်းကလေးတွေကြိုက်နေတယ်ဆိုတာAppaသိသွားလို့ရန်ဖြစ်ပြီးYeonဆီရင်လာဖွင့်တာပါ"
"အော်......အဲ့လိုလား"
အခုလိုအမှန်တိုင်းသိလိုက်ရတော့Ericလေးတစ်ယောက်Min Ahကိုဂရုဏာသက်မိသည်။ကိုယ်ချစ်နေတဲ့လူတစ်ယောက်ကပိုင်ရှင်ရှိနေတာဘယ်လောက်တောင်နာကျင်ဖို့ကောင်းလိုက်မလည်း။သူစာနာမိပါသည်။
ဒီလိုနဲ့11နာရီထိုးတော့ရှယ်ယာရှင်တွေရောက်နေပြီဖြစ်တာမလ်ို့Sangyeonနဲ့Min Ahလည်းMeeting roomထဲကိုသွားလိုက်ကြသည်။မသွားခင်လည်းEricလေးအားSangyeonမှ
"Puppyလေး...ကိုယ်ခနပဲကြာမှာနော်....ဗိုက်ဆာရင်အပြင်ကအတွင်းရေးမှူးမမကိုပြောလိုက်သိလား"
"ဟုတ်ကဲ့ပါ"
"ဒါဆိုကိုယ်သွားလိုက်ဦးမယ်နော်....မွ"
ဆိုပြီးEricနှုတ်ခမ်းလေးကိုအသာနမ်းပြီးထွက်သွားသည်။ကျန်ခဲ့သည့်Ericလေးမှာတော့ပြုံးစိစိနှင့်။
..................
တစ်နာရီထိုးတော့Sangyeonရဲ့meetingဟာMin Ahရဲ့projectကိုလက်ခံပေးမှုနဲ့အတူပြီးဆုံးသွားလေသည်။လူ့အလိုနတ်မလိုက်နိုင်တာလည်းမပြောနဲ့ဒီရှယ်ယာရှင်ဆယ်ယောက်ကျော်ကိုprojectလေးတစ်ခုအတွက်နဲ့မနည်းကိုSangyeonနဲ့Min Ahတို့နှစ်ယောက်ဖြောင်းဖျရသည်။
"ကဲ.....ပြီးသွားပြီဆိုတော့ငါအိမ်ပြန်တော့မယ်"
"အေးအေး.....နောက်ဆိုနင်လည်းအလုပ်များတော့မယ်Fighting ငါ့သူငယ်ချင်းကြီး"
"အေးပါ"
Sangyeonလည်းMin Ahကိုနှုတ်ဆက်ပြီးတော့ရုံးခန်းကိုအပြေးလေးသွားလိုက်သည်။သူ့Puppyလေးကရှိနေသေးသည်လေ။ရုံးခန်းထဲရောက်တော့သူသွားတုန်းကအတိုင်းဆိုဖာပေါ်မှာထိုင်ရက်သားလေးရှိနေတုန်းပင်။ဂိမ်းတော့ဆော့နေခြင်းမဟုတ်။
"Ericလေးဘာလုပ်နေတာလည်း"
"ဟင်....ကျွန်တော်ပျင်းလို့legoရုပ်ဆက်နေတာ"
ပြောပြီးEricလေးပြသည့်စားပွဲပေါ်ကိုကြည့်လိုက်တော့ဆက်လက်စLegoအရုပ်လေးကိုတွေ့လေသည်။
"အရုပ်ကကောဘယ်ကရတာလည်း"
"ရုံးခန်းအရှေ့မှာတွေ့တဲ့အကိုကြီးတစ်ယောက်ကိုမေးလိုက်တော့သူသွားဝယ်ပေးတာ"
ထိုစဥ်Ericဗိုက်ထဲမှဂွီခနဲအသံလေးထွက်လာတော့
"ဟယ်....ကလေးနေ့လည်စာမစားရသေးဘူးလား"
"ဟင့်အင်း....ဦးနဲ့တူတူစားမယ်ဆိုပြီးစောင့်နေတာ"
"အော်......ဆာရင်စားနှင့်တာမဟုတ်ဘူး ကဲပြောအခုဘာစားချင်လည်း"
"အင်း.....Sushiစားချင်တယ်"
"Okလေဒါဆိုသွားရအောင်"
"ဟို.....ဒီမှာပဲမှာစားရအောင်လေ...."
"ဟင်....ကလေးကရုံးခန်းထဲမှာစားလို့အဆင်ပြေလို့လား"
"ပြေတာပေါ့ဦးရဲ့.....ဟိုတစ်ခါကြည့်ဖူးတဲ့ဇာတ်ကားထဲကလိုဦးနဲ့office dateလုပ်ချင်လို့"
"ဟဟ.....ဟုတ်ပါပြီကွာ"
ဒီလိုနဲ့နှစ်ယောက်သားရဲ့နေ့လည်စာလေးကတော့ရုံးခန်းထဲမှာပဲကုန်ဆုံးသွားကြလေရဲ့။မှာစားသည့်Sushiကစားလို့ကောင်းသည်ဆိုတာထက်ချစ်ရသူနှင့်အတူတူစားလို့ကောင်းသည့်Sushiဆိုပိုမှန်လိမ့်မည်။
...................
"ဦးအလုပ်တွေမပြီးသေးဘူးလား"
နေ့လည်စာစားပြီးသုံးနာရီထိုးသည့်တိုင်အောင်အလုပ်စားပွဲမှာအလုပ်ရှပ်နေသောSangyeonအားကြည့်ပြီးEricမေးလိုက်ခြင်းဖြစ်သည်။သူလည်းSangyeonအားစောင့်ရင်းဆက်နေသည့်Legoရုပ်လေးတွေတောင်လေးငါးခုလောက်ပြီးနေပြီဖြစ်သည်။
"အင်း နည်းနည်းကျန်သေးတယ်Puppyလေးပျင်းလာလို့လား"
"ဟုတ် နည်းနည်းပါ ပြီးတော့ကျွန်တော်Legoတွေဆက်ထားတာတော့မျက်စိတွေလည်းညောင်းလာပြီ"
ဟုဆိုကာခွေးပေါက်လေးအတိုင်းမျက်လုံးလေးကိုပွတ်ရင်းပြောလာသောကြောင့်ကြည့်နေရသူSangyeonမှာအချစ်ပိုရပြန်သည်။
"ဒါဆိုလာပါဦး ဒီနားကို"
Sangyeonလက်ကမ်းကာခေါ်လိုက်တော့ပြောသည့်အတိုင်းသူ့ဘေးနားကိုရောက်လာသည်။
"ဦးပေါ်မှာထိုင်ချင်တယ်"
"ထိုင်လေ"
ပြောလိုက်တော့အလုပ်စားပွဲရဲ့ထိုင်ခုံမှာထိုင်နေသည့်Sangyeonရဲ့ပေါင်ပေါ်သို့Ericလေးခွထိုင်လိုက်သည်။ဒါဟာသူတို့ရဲ့ထိုင်နေကျပုံစံလိုတောင်ဖြစ်နေသလိုလို။
"ဦးကျွန်တော့်ကိုဘာလို့ချစ်တာလည်းဟင်"
ရုတ်တစ်ရက်မေးလိုက်သည့်Ericလေးရဲ့မေးခွန်းမှာနက်နဲမှူပေါင်းများစွာပါဝင်နေသည်။
"ကိုယ့်မှာအဲ့လိုအကြောင်းပြချက်ရေရေရာရာမရှိဘူး"
"ဘာလို့လည်း"
"ကိုယ့်အတွက်တော့လူတစ်ယောက်ကိုချစ်ဖို့မကြောင်းပြချက်မလိုဘူးလို့ထင်တာပဲ။လူတစ်ယောက်ကိုချစ်တယ်ဆိုချစ်တယ်ပေါ့။ဘာကြောင့်ရယ်ညာကြောင့်ရယ်ဆိုပြီးချစ်စရာမှမလိုတာ။တစ်ကယ်တမ်းချစ်တယ်ဆိုရင်အကြောင်းပြချက်ပေးစရာမလိုပါဘူး။ရုပ်ချောလို့ချစ်တယ်ဆိုရင်ရုပ်မချောရင်ကောမချစ်တော့ဘူးဆိုတဲ့သဘောပဲမလား။အခုကိုယ်ဆိုရင်လည်းEricလေးကိုချစ်ဖို့ကောင်းလို့ကိုယ့်စကားနားထောင်လို့ဆိုတာတွေထက်EricလေးကEricလေးဖြစ်နေလို့ကိုချစ်တာ"
Sangyeonပြောသမျှစကားလုံးတိုင်းဟာEricရင်ထဲကိုပျားရည်လောင်းချလိုက်သလိုပင်ချိုမြိန်လွန်းနေသည်။ဒီလူကြီးရဲ့အတွေးအခေါ်ရင့်ကျက်မှုကြီးကြောင့်သူတောင်အမြင်ပြောင်းသွားသလိုလို။
"Aigoooo.....စကားကိုအဲ့လောက်ထိကြွေအောင်ပြောမှဖြစ်မှာလားLee Sangyeon ssi"
"ကိုယ်ကစိတ်ထဲရှိတဲ့အတိုင်းပြောတာပါကိုယ့်အသဲတုန်းPuppyလေးရဲ့"
ဆိုပြီးEricပါးလေးနှစ်ဖက်ကိုအသာညစ်ကာပြောလိိုက်တော့Ericလေးကတစ်ခစ်ခစ်နဲ့သဘောကျစွာရယ်နေသည်။
"ကျွန်တော်ကဦးရဲ့Puppyလေးဆို.....ဦးကကျွန်တော့်ရဲ့Daddyပဲ"
"ဟင်......Daddy?"
"အင်း......Daddyလေ.......ကျွန်တော့်ရဲ့Daddy"
EricလေးဆီမှDaddyဟုခေါ်တော့Sangyeonသူ့စိတ်ထဲကလိကလိနဲ့ ပီတိဖြစ်တယ်ခေါ်မလား။ရင်ဘတ်ထဲလိပ်ပြာအကောင်တစ်သန်းလောက်ရောက်လာသလိုလို။
"ဝါး.....အခုတော့Puppyလေးကအိပ်ချင်နေပြီမလို့Daddyပေါ်မှာပဲအိပ်တော့မယ်နော်.......Daddy~~"
သူ့ကိုချွဲပြီးDaddyဟုခေါ်ကာပြောလာသောEricလေးအားSangyeonသေလောက်အောင်အသည်းယားမိပါသည်။ရုံးခန်းမှာမလို့နော်....အိမ်မှာသာဆိုလို့ကတော့တစ်ခါတည်း.............။
"အင်းအိပ်လေ......ကိုယ်ချော့သိပ်မယ်"
ဟုပြောလိုက်တော့သူ့အပေါ်ကိုမှီလာပြီးမျက်လုံးလေးမှိတ်ကာအိပ်ပျော်သွားသည်။Sangyeonကလည်းEricကျောကုန်းလေးကိုပုတ်ပေးလျက်။Puppyပေါက်လေးအိပ်သွားပြီဆိုတာသေချာတော့မှမချီလိုက်ကာဆိုဖာပေါ်တင်ပြီးလှဲစေလိုက်သည်။ပြီးတော့Ericနှဖူးလေးကိုတစ်ချက်နမ်းရင်း
"အရမ်းချစ်တယ်နော်....Daddyရဲ့Puppyလေး" တဲ့။
___________________________________________
ခုတစ်လောfan pageလေးနှစ်ခုအတွက်runနေရတာရယ်..စာလုပ်နေရတာရယ်ကြောင့်Updateကြာသွားပါတယ်နော်><
ဒီficလေးကendingနဲ့လည်းနီးလာပါပြီ။
Thanks for reading🌸
Zawgyi
Another special date
~~~~~~~~~~~~~~~~~~~~~~~
"ဟုတ်တယ်ကလေးရဲ့..."
"ရတာပေါ့"
"မဖြစ်ပါဘူး"
"အင်းအင်း"
"အ!!!ကလေးရဲ့နာတယ်လေကွာ"
"ဟီး.....sorry sorry ကျွန်တော်အသည်းယားသွားလို့......ဉုံဖွနော် ဉုံဖွ"
"မွ!!!"
......................
Companyရောက်သော်.......
ရုံးခန်းထဲရောက်တော့
"Yes....sir...."
"ရတာပေါ့"
"အင်း"
"အော်......."
"အဟမ်း....ဦး~~"
"ရတာပေါ့....လာထိုင်"
Min Ahမှဆက်ပြီး
"အော်......အဲ့လိုလား"
"ဟုတ်ကဲ့ပါ"
..................
"အေးပါ"
"အင်း.....Sushiစားချင်တယ်"
"Okလေဒါဆိုသွားရအောင်"
"ဟဟ.....ဟုတ်ပါပြီကွာ"
...................
"ဒါဆိုလာပါဦး ဒီနားကို"
"ထိုင်လေ"
"ဘာလို့လည်း"
ဆိုပြီးEricပါးလေးနှစ်ဖက်ကိုအသာညစ်ကာပြောလိုက်တော့Ericလေးကတစ်ခစ်ခစ်နဲ့သဘောကျစွာရယ်နေသည်။
"ဟင်......Daddy?"
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com