Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 21🦁🐶

လွမ်းဆွတ်နေသူပြန်လာခဲ့ပြီ
~~~~~~~~~~~~~~~~~~~~~~~~

မနက်ခင်းမိုးလင်းကိုနှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာပဲတစ်ယောက်တည်းEricလေးနိုးထလာခဲ့ရပြန်သည်။နိုးနိုးချင်းကိုအရင်ဆုံးတမိသည်မှာသူ့ရဲ့နှစ်ယောက်မရှိချစ်ရပါသောလူကြီးကိုပင်။ခွဲခွာရတာလည်းဆယ်ရက်မျှပင်ကြာနေပြီဖြစ်သောကြောင့်အလွမ်းစိတ်တို့ကပိုလို့ပင်များလာရတော့သည်။

Sangyeonရဲ့ကိုယ်သင်းနံ့လေးရနေသည့်ဒီအိပ်ယာခင်းလေးကိုလည်းEricမလဲတာSangyeonသွားလိုက်သည့်နေ့ကတည်းကဖြစ်သည်။ဦးရဲ့အနံ့တွေပျောက်ကုန်မှာစိုးလို့ဆိုသောအကြောင်းပြချက်လေးဖြင့်အိမ်အကူအန်တီကြီးလျှော်မယ်ဆိုတာတောင်သူတားခဲ့သည်။

ဒီနေ့အတန်းမရှိသည်မို့အေးအေးဆေးဆေးအိပ်လို့ရပါသော်လည်းဘာလို့ရယ်မှန်းမသိ လူကအစောကြီးနိုးနေသည်။ဟိုရှေ့ရက်ရန်ဖြစ်ထားတုန်းကဒဏ်ရာတွေကတော့ပျောက်စပြုနေပေမဲ့အမာရွတ်သေးသေးလေးတော့ကျန်သေးသည်။

"Ring Ring"

Ericလှဲနေရင်းမှဖုန်းမြည်လာ၍ကောက်ကိုင်လိုက်တော့သူ့ရဲ့ချစ်ရပါသောလူကြီးဖြစ်နေသည်။ဒီတစ်ခေါက်တော့ပြဿနာထပ်ပေါ်တာမဖြစ်ရပါစေနဲ့။

"ဟယ်လိုဦး......"

"အင်းPuppyလေးနိုးပြီလား"

"ဟုတ်....ခုပဲနိုးတယ်"

"အော်.....ကိုယ်ပြောစရာရှိလို့"

"ပြဿနာထပ်ပေါ်လာပြန်တာလားဟင်"

Ericမှာမဝံ့မရဲလေးမေးတော့တစ်ဖက်မှSangyeonကရယ်ရင်း

"မဟုတ်ရပါဘူးကွာ.....ကိုယ်ပြန်လာတော့မယ်လို့ပြောမလို့ပါ"

"ဗျာ!!!!"

Ericသူ့နားသူပင်မယုံနိုင်လောက်အောင်အံ့သြသွားရသည်မို့လှဲနေရင်းနဲ့တောင်ထထိုင်မိသည်။

"ဦးတစ်ကယ်ပြောနေတာလား"

"အင်း....ကိုယ်အခုလေယောဥ်ပေါ်မှာ"

"အဲ့တာဘာလ်ို့စောစောစီးစီးမပြောတာလည်း"

"ကလေးကဒီအချိန်မှထတတ်တယ်ဆိုတာသိလို့ခုမှပြောတာပါ"

"အင်း.....ဘယ်အချိန်လောက်ရောက်မှာလည်း"

"ခနနေ10နာရီလောက်"

"ဒါဆိုကျွန်တော်လေဆိပ်မှာလာစောင့်နေမယ်"

"ဟုတ်ပါပြီ......Puppyလေးခနနေတွေ့မယ်နော်"

"ဟုတ်"

ဖုန်းချပြီးသည်နှင့်တစ်ပြိုင်နက်Ericတစ်ယောက်အိပ်ယာပေါ်ကနေဝုန်းခနဲခုန်ဆင်းလိုက်ပြီးရေချိုးခန်းထဲဝင်ကာရေမိုးချိုးလေသည်။Shampooကိုလည်းဟိုတစ်ခါSunwooညွှန်းသည့်တစ်ခုသုံးကြည့်သဖြင့်အနံ့လေးမှာအရမ်းလည်းမပြင်းသည်မို့Ericသဘောကျမိသည်။

ရေချိုးပြီးသွားတော့မဝတ်ရသေးတဲ့အသစ်စက်စက်ဝမ်းဆက်လေးကိုထုတ်ဝတ်လိုက်သည်။သူ့အ​ကြိုက်style shortsလေးရယ်အပေါ်အင်္ကျီကလည်းcrop topဘက်နည်းနည်းသွားသည်။မျက်နှာကောဆံပင်ကောပြင်ပြီးသွားတော့Ericလေးဟာတစ်ကယ့်ကိုထိရက်စရာမရှိလောက်အောင်ချစ်ဖို့ကောင်းလွန်းသည်။

အပြီးသတ်အနေနဲ့ရေမွှေးလေးအနည်းငယ်ဆွတ်ပြီးသွားတော့နာရီကြည့်လိုက်မိသည်။9နာရီ13မိနစ်ရှိပြီမလို့အောက်ထပ်ကိုအမြန်ဆင်းရင်းDriverဦးလေးကြီးကိုလည်းခေါ်လိုက်သည်။

"ဦးလေးကြီး......ကျွန်တော့်ကိုလေဆိပ်လိုက်ပို့ပေးပါဦး"

"အာ...ဟုတ်ကဲ့အကိုလေးSangyeonကျွန်တော့်ကိုဖုန်းဆက်ထားပါတယ်"

"ဟုတ်ဟုတ်.....ဒါဆိုသွားရအောင်"

Sangyeonပြန်လာတော့မှာမလို့ပျော်ရွှင်မြူးတူးနေသည့်Ericလေးအားအန်တီကြီးကြည့်ပြီးကြည်နူးမိပြန်သည်။

ကားပေါ်သွားနေတဲ့တစ်လျှောက်လုံးEricလေးဂနာမငြိမ်ချေ။Sangyeonနဲ့တွေ့ရတော့မှာမလို့ဝမ်းသာမိသည်မှာအတိုင်းထက်လွန်နေပြီဖြစ်သည်။အရေးထဲလမ်းမှာကားကြပ်နေသေးသည်။နဂိုကတည်းကစိတ်မရှည်တတ်ပါဘူးဆိုနေတစ်စီတစ်တန်းကြီးဖြစ်နေသည့်ကားတွေကြောင့်Ericသေချင်စော်နံသွားသည်။

"ကျစ်.....အရေးထဲမှဒီကားတွေကလည်းလာကြပ်နေသေးတယ်"

နောက်ထပ်မိနစ်နှစ်ဆယ်လောက်နေတော့မှယာဥ်ထိန်းရဲတွေရောက်လာပြီးလမ်းကိုလာရှင်းပေးသည်။အဲ့တော့မှပဲEricတို့ကားလည်းထွက်လို့ရသွားပြီးလေဆိပ်ကိုအမြန်မောင်းရတော့သည်။ရောက်လည်းရောက်တော့အချိန်က10နာရီတောင်ထိုးနေပြီဖြစ်သောကြောင့်Ericလေးထိုင်ခုံမှာတောင်ထိုင်မစောင့်နိုင်တော့ဘဲမြောက်ကြွမြောက်ကြွနှင့်ဖြစ်နေသည်။

သိပ်မကြာလိုက်နောက်ထပ်လေယာဥ်တစ်စင်းဆိုက်လာသည်။Ericလည်းSangyeonများပါလာလေမလားဟုမျှော်ရင်းအသည်းသန်ပြေးရှာမိတော့အနက်ရောင် luggage ကြီးကိုဆွဲကာအနက်ရောင်jeansရယ်အပေါ်ကshirt အစင်းကြားရယ်နဲ့ခန့်ညားစွာထွက်လာသောသူ့ရဲ့လူကြီးSangyeonကိုတွေ့လေသည်။

"Daddy!!!!!!!"

တွေ့တွေ့ချင်းEricလေးတစ်ယောက်Sangyeonဆီကိုအပြေးလေးသွားလိုက်ပြီးလှမ်းခုန် တက်ခွကာဖက်ထားတော့သည်။
Sangyeonကလည်းသူ့ပေါ်ပြေးပြီးခုန်တက်လာသောEricလေးအားအလိုက်သင့်လေးပြန်ချီလိုက်သည်။လက်တစ်ဖက်ကလည်းEricတင်ပါးလေးကိုအသာပုတ်ပေးရင်း

"Aigooo........ကိုယ့်ကလေးလေးကတော်တော်လွမ်းနေတာပဲ"

"လွမ်းတာပေါ့ဦးကလည်း....."

ပြောရင်းဆိုရင်းသူ့ကိုပိုပြီးတောင်တင်းကြပ်ပြီးဖက်လာသည်။မသိရင်လေဆိပ်တစ်ခုလုံးသူတို့နှစ်ယောက်တည်းရှိသည့်ပုံဖြင့်။တစ်ကယ်တမ်းကနှစ်ယောက်တည်းမဟုတ်တော့ဖြတ်သွားဖြတ်လာတွေကပါသူတို့နှစ်ယောက်ကိုလှည့်ကြည့်လှည့်ကြည့်ကလုပ်သွားသေးသည်။

ဒါတောင်အနီးမှအန်တီကြီးနှစ်ယောက်က

"ဟယ်.....ဟိုကောင်လေးကသူ့အဖေကိုတော်တော်လွမ်းနေတဲ့ပုံပဲနော်"

"အင်း...သားအဖတွေတော်တော်ချစ်ကြတာပဲ"

ဒါကိုနားပါးသည့်Ericလေးကကြားသွားတော့ချက်ချင်းသူတို့ဘက်လှည့်ကာ

"ဟိတ်.....ဘာတွေလျှောက်အတင်းတုပ်နေတာလည်းဒါကျွန်တော့်အဖေမဟုတ်ဘူး.....ကျွန်တော့်ယောကျာ်းဗျ......ကျွန်တော့်ယောက်ျား!!!"

မသိလည်းမသိဘဲနဲ့သူတို့နှစ်ယောက်ကိုအထင်လွဲနေသည့်သူစိမ်းအန်တီကြီးနှစ်ယောက်ကိုသွားစွာစိလန်နေသောEricလေးအားSangyeonမှာကြည့်ပြီးရယ်ရခက်တားရခက်။သူကပဲချီပြီးခေါ်ထုတ်သွားတော့မှသာရတော့သည်။

ဒီလိုနဲ့တူတူအိမ်ကိုပြန်လာလိုက်ကြသည်။အိမ်ရောက်တော့လည်းEricလေးကသူ့ပေါ်မှမဆင်းတာမလို့အခန်းထဲကိုချီပြီးခေါ်သွားရသည်။အခန်းထဲရောက်လို့ကုတင်ပေါ်Sangyeonထိုင်လိုက်တော့Ericလေးကသူ့ပေါင်ပေါ်အလိုလိုထိုင်လျက်သား။သူတို့နှစ်ယောက်ဒီလိုအတူတူမထိုင်ရသည်မှာဘယ်လောက်တောင်ကြာနေပြီလည်း။

EricကSangyeonပခုံးကိုမှီပြီးလိုက်လာတာမလို့သူ့ပခုံးပေါ်မှာစိုစွတ်မှုလေးခံစားမိလိုက်သည်နှင့်Sangyeonစိုးရိမ်စွာပဲ

"ကလေး....ငိုနေတာလား"

ပြောရင်းဆိုရင်းEricမျက်နှာလေးကိုဆွဲယူလိုက်တော့Puppyပေါက်ကထင်သည့်အတိုင်းငိုနေသည်။

"အို....ဘာလို့ငိုတာလည်းကလေးရဲ့"

"ကျွန်တော်.....ဦးကိုလွမ်းနေရတာ.....အရမ်းပဲသိလား"

"သိပါတယ်....ကိုယ်သိပါတယ်"

"လွမ်းလွန်းလို့လေ....တစ်ခါတစ်ခါဆိုဒီနေရာလေးကအရမ်းအောင့်တယ်"

သူ့ဘယ်ဘက်ရင်အုံလေးကိုထိုးပြကာလွမ်းကြောင်းပြောပြနေသည့်EricလေးအားSangyeonအချစ်ပိုရပြန်သည်။

"အင်းပါကွာ.....နောက်ဆိုဒီလိုထပ်မဖြစ်တော့ဘူးဟုတ်ပြီလား"

"ဒါဆိုနောက်တစ်ခါခရီးသွားရမယ်ဆိုလည်းကျွန်တော့်ကိုခေါ်သွားနော်.........လိမ်လိမ်မာမာနေပါ့မယ်"

"ဟုတ်ပါပြီ"

"ဒါနဲ့ဦး......ပိန်သွားသလိုပဲနော်"

သိသိသာသာကျသွားသည့်Sangyeonရဲ့မျက်နှာကိုEricသတိထားမိတာကြောင့်စိုးရိမ်စွာပြောလိုက်ခြင်းဖြစ်သည်။

"ဟိုမှာအလုပ်လုပ်ရတာနည်းနည်းပင်ပန်းလို့ဖြစ်ပါလိမ့်မယ်.....နားလိုက်ရင်ရမှာပါ"

"အင်း...မနက်ဖြန်မှအားဆေးဝယ်တိုက်မယ်"

"ဒါဆို......ခုလောလောဆယ်အားဆေးမပေးချင်ဘူးလားကိုယ်အရမ်းပင်ပန်းနေလို့"

"ဟင်!!.........Vitaminဆေးဘူးတွေကကုန်နေပြီထင်တယ်.....ခနလေးကျွန်တော်သွားကြည့်လိုက်ဦးမယ်"

ဆိုကာသူ့ပေါ်မှာထမယ်လုပ်သောEricရဲ့ကိုယ်လုံးလေးအားSangyeonပြန်ဆွဲထားလိုက်ပြီး

"အဲ့အားဆေးကိုပြောတာမဟုတ်ဘူးလေကွာ......ဒီအားဆေးလေးကိုပြောတာ"

ဆိုပြီးEricနှုတ်ခမ်းလေးကိုလက်လေးနဲ့အသာတို့လိုက်တော့ချက်ချင်းမျက်နှာကပြုံးဖြီးလာပြီးပန်းရောင်လေးပါသမ်းလာတော့သည်။

"ဟာ.......ဦးကလည်း......"

"မရဘူးလား....ဟမ်!!!ကိုယ်ကEricလေးတင်မဟုတ်ဘူးEricနှုတ်ခမ်းလေးကိုပါလွမ်းနေခဲ့တာ"

"ဟွန့်.....လူဆိုးကြီး"

"ဒါဆို.....ဒီကလူဆိုးကြီးကိုဆိုးခွင့်ပေးပါဗျာ"

ဆိုတော့Ericကအသာလေးသူ့မျက်လုံးလေးကိုမှိတ်ကာရှေ့ကိုတိုးလာသည်။Sangyeonကလည်းခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက်ရှေ့ကိုပိုတိုးလိုက်ပြီးEricရဲ့နှူတ်ခမ်းဖူးဖူးလေးကိုနောက်တစ်ကြိမ်သိမ်းပိုက်လိုက်သည်။

ဒီအထိတွေ့......ဒီအရသာ.......ဒီခံစားချက်တွေကနှစ်ဦးစလုံးလိုချင်တောင့်တလွမ်းဆွတ်နေခဲ့ရသည့်အရာတွေမလို့နှစ်ယောက်စလုံးမက်မက်မောမောနမ်းရှိုက်ကြသည်။နမ်းရတာအားမရတော့Ericကိုယ်လုံးလေးကိုအပေါ်သို့ပိုဆွဲတင်လိုက်ပြီးခါးလေးကိုပါဖက်လိုက်သည်။Ericကလည်းအလိုက်သင့်စွာSangyeonရဲ့လည်တိုင်တို့ကိုရစ်သိုင်းကာဖက်ရင်းပိုမိုနီးကပ်စေလိုက်သည်။

ခေါင်းလေးကိုပါစောင်းကာတစ်ဆင့်ခြင်းဆွဲယူနမ်းနေသည့်Sangyeonရဲ့အနမ်းတွေကိုEricကလည်းကျေနပ်လှိုက်လှဲစွာခံယူရင်းအနမ်းတို့ရဲ့ပုံဖော်မှုဟာတစ်ဖြည်းနဲ့ဖြည်းပိုမိုသိသာစွာလှပလာသည်။

မိနစ်အတော်ကြာတော့Ericရဲ့လက်သီးသေးသေးလေးကSangyeonရင်ဘတ်ပေါ်အသာလေးထုလာသည်မလို့မလွတ်ပေးချင်သေးပေမဲ့လိုအပ်နေသည့်အောက်ဆီဂျင်ကြောင့်လွှတ်ပေးလိုက်ရသည်။

"ဒီလောက်ဆိုရပြီလား"

Ericလေးမှမေးလာတော့Sangyeonကရယ်ရင်း

"မရသေးဘူးဆိုရင်ကော"

"ဒါဆိုလည်းထပ်နမ်းပေါ့"

Ericလေးစကားဆုံးသည်နှင့်တစ်ပြိုင်နက်SangyeonကEricမျက်နှာကိုထပ်နီးစေလိုက်ပြီးနောက်တစ်ကြိမ်အနမ်းထပ်ပေးလိုက်သည်။ဒီတစ်ခါမှာတော့အနမ်းတို့ဟာပိုမိုနက်ရှိုင်းလာပြီးအနည်းငယ်လည်းပိုမိုပြင်းထန်းလာသည်ကိုEricလေးကောင်းစွာခံစားမိပါသည်။

နမ်းနေရင်းEricရဲ့အောက်နှုတ်ခမ်းလေးဖူးဖူးလေးကိုSangyeonအသာကိုက်လိုက်မိတော့ငန်ကျိကျိအရသာနဲ့အတူသွေးအနည်းငယ်ထွက်လာသည်။အဲ့တော့မှSangyeonကနမ်းတာကိုရပ်လိုက်သည်။

"ကလေးနှုတ်ခမ်းသွေးထွက်သွားပြီ......ကိုယ်ပြီးမှဆေးထည့်ပေးတော့မယ်နော်"

"ဟုတ်..........အခုတော့ဦးရေချိုးမှာမလား"

"အင်း.......ကလေးကိုယ်နဲ့အတူတူရေချိုးပါလား"

"ဟင်.....အတူတူလား"

"အင်းလေ.......ရေအတူတူစိမ်မယ်လေ"

"အင်းအင်း....."

ဒီလိုနဲ့နှစ်ယောက်သားရေအတူတူစိမ်ကြသည်ပေါ့နော်။Ericကတော့ထုံးစံအတိုင်းရှက်နေသေးသည်။Sangyeonကတော့Ericရှက်နေတဲ့ပုံလေးကိုသာသေလောက်အောင်အသည်းယားလွန်းနေသည်။

ရေချိုးပြီးသွားတော့လည်းSangyeonမှာအရင်အဝတ်မလဲသေးဘဲEricကိုသာအဝတ်လဲပေးဆံပင်ကိုလည်းDryerနဲ့မှုတ်ပေးနေသည်။Ericလေးကလည်းSangyeonလုပ်ပေးတာကိုငြိမ်ခံနေရင်းလက်ကSangyeonရဲ့အဝတ်မပါတဲ့ရင်အုပ်ကျယ်ကျယ်ကြီးက်ုသူ့လက်ညိုးလေးနဲ့သွားကလိနေသည်။

ညှပ်ရိုးလေးကိုသွားကိုင်လိုက် ရင်အုပ်ကိုအသာလေးလက်နဲ့ထုလိုက်နဲ့။ပြီးတော့စူစူရဲရဲဖြစ်နေသည့်Sangyeonရဲ့နို့သီးကိုလည်းEricတစ်ယောက်အူယားစွာသွားညစ်မိသည်။

"အားးး!!!ကလေးရဲ့နာတယ်လေကွာ.....ဘာလို့ညစ်တာတုန်း"

"ဟင်....နေပါဦးနို့ညစ်ရင်နာရအောင်ဦးSangကမိန်းမမှမဟုတ်တာ"

အော်....ဒီကလေးနဲ့တော့ခက်ပါတယ်လေ။

"မိန်းမမဟုတ်လည်းနို့ညစ်ရင်နာတာပေါ့.....မယုံရင်လာခဲ့.......ကိုယ်Ericလေးနို့ကိုညစ်ပြမယ်"

ဆိုပြီးနောက်ကာပြောတော့Ericလေးထွက်ပြေးလေသည်။

"No.....မလာနဲ့.....ဦး!!!!"

အခန်းထဲမှာနှစ်ယောက်သားစိန်ပြေးတမ်းကစားသလိုကိုပတ်ပြေးနေကြသောကြောင့်မသိရင်မူလတန်းကလေးတွေလိုလို။နောက်ဆုံးပြေးရင်းလွှားရင်းEricလေးကိုSangyeonမိသွားတော့မှနှစ်ယောက်သားမောမောနဲ့ကုတင်ပေါ်လှဲလိုက်ကြသည်။

"လာခဲ့....ကိုယ်ညစ်ပြမယ်"

Sangyeonမှပြောလာတော့Ericလေးကပြာပြာသလဲဖြင့်

"မလုပ်နဲ့.....ဥုံဖွနော်.....ဥုံဖွ"

ဆိုကာဟိုတစ်ခါကလိုသူ့ရင်ဘတ်ကိုလာနမ်းသည်။

ဒီအတတ်လေးနဲ့Sangyeonဘယ်နေ့ထိန်းထားတဲ့စိတ်တွေလွတ်မလည်းမသိသေးချေ။
___________________________________________

Thanks for reading🌸

Zawgyi

လြမ္းဆြတ္ေနသူျပန္လာခဲ့ၿပီ
~~~~~~~~~~~~~~~~~~~~~~~~

မနက္ခင္းမိုးလင္းကိုႏွစ္ေယာက္အိပ္ကုတင္ႀကီးေပၚမွာပဲတစ္ေယာက္တည္းEricေလးနိုးထလာခဲ့ရျပန္သည္။နိုးနိုးခ်င္းကိုအရင္ဆုံးတမိသည္မွာသူ႕ရဲ႕ႏွစ္ေယာက္မရွိခ်စ္ရပါေသာလူႀကီးကိုပင္။ခြဲခြာရတာလည္းဆယ္ရက္မွ်ပင္ၾကာေနၿပီျဖစ္ေသာေၾကာင့္အလြမ္းစိတ္တို႔ကပိုလို႔ပင္မ်ားလာရေတာ့သည္။

Sangyeonရဲ႕ကိုယ္သင္းနံ႕ေလးရေနသည့္ဒီအိပ္ယာခင္းေလးကိုလည္းEricမလဲတာSangyeonသြားလိုက္သည့္ေန႕ကတည္းကျဖစ္သည္။ဦးရဲ႕အနံ႕ေတြေပ်ာက္ကုန္မွာစိုးလို႔ဆိုေသာအေၾကာင္းျပခ်က္ေလးျဖင့္အိမ္အကူအန္တီႀကီးေလွ်ာ္မယ္ဆိုတာေတာင္သူတားခဲ့သည္။

ဒီေန႕အတန္းမရွိသည္မို႔ေအးေအးေဆးေဆးအိပ္လို႔ရပါေသာ္လည္းဘာလို႔ရယ္မွန္းမသိ လူကအေစာႀကီးနိုးေနသည္။ဟိုေရွ႕ရက္ရန္ျဖစ္ထားတုန္းကဒဏ္ရာေတြကေတာ့ေပ်ာက္စျပဳေနေပမဲ့အမာ႐ြတ္ေသးေသးေလးေတာ့က်န္ေသးသည္။

"Ring Ring"

Ericလွဲေနရင္းမွဖုန္းျမည္လာ၍ေကာက္ကိုင္လိုက္ေတာ့သူ႕ရဲ႕ခ်စ္ရပါေသာလူႀကီးျဖစ္ေနသည္။ဒီတစ္ေခါက္ေတာ့ျပႆနာထပ္ေပၚတာမျဖစ္ရပါေစနဲ႕။

"ဟယ္လိုဦး......"

"အင္းPuppyေလးနိုးၿပီလား"

"ဟုတ္....ခုပဲနိုးတယ္"

"ေအာ္.....ကိုယ္ေျပာစရာရွိလို႔"

"ျပႆနာထပ္ေပၚလာျပန္တာလားဟင္"

Ericမွာမဝံ့မရဲေလးေမးေတာ့တစ္ဖက္မွSangyeonကရယ္ရင္း

"မဟုတ္ရပါဘူးကြာ.....ကိုယ္ျပန္လာေတာ့မယ္လို႔ေျပာမလို႔ပါ"

"ဗ်ာ!!!!"

Ericသူ႕နားသူပင္မယုံနိုင္ေလာက္ေအာင္အံ့ၾသသြားရသည္မို႔လွဲေနရင္းနဲ႕ေတာင္ထထိုင္မိသည္။

"ဦးတစ္ကယ္ေျပာေနတာလား"

"အင္း....ကိုယ္အခုေလေယာဥ္ေပၚမွာ"

"အဲ့တာဘာလ္ို႔ေစာေစာစီးစီးမေျပာတာလည္း"

"ကေလးကဒီအခ်ိန္မွထတတ္တယ္ဆိုတာသိလို႔ခုမွေျပာတာပါ"

"အင္း.....ဘယ္အခ်ိန္ေလာက္ေရာက္မွာလည္း"

"ခနေန10နာရီေလာက္"

"ဒါဆိုကြၽန္ေတာ္ေလဆိပ္မွာလာေစာင့္ေနမယ္"

"ဟုတ္ပါၿပီ......Puppyေလးခနေနေတြ႕မယ္ေနာ္"

"ဟုတ္"

ဖုန္းခ်ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္Ericတစ္ေယာက္အိပ္ယာေပၚကေနဝုန္းခနဲခုန္ဆင္းလိုက္ၿပီးေရခ်ိဳးခန္းထဲဝင္ကာေရမိုးခ်ိဳးေလသည္။Shampooကိုလည္းဟိုတစ္ခါSunwooၫႊန္းသည့္တစ္ခုသုံးၾကည့္သျဖင့္အနံ႕ေလးမွာအရမ္းလည္းမျပင္းသည္မို႔Ericသေဘာက်မိသည္။

ေရခ်ိဳးၿပီးသြားေတာ့မဝတ္ရေသးတဲ့အသစ္စက္စက္ဝမ္းဆက္ေလးကိုထုတ္ဝတ္လိုက္သည္။သူ႕အ​ႀကိဳက္style shortsေလးရယ္အေပၚအကၤ်ီကလည္းcrop topဘက္နည္းနည္းသြားသည္။မ်က္ႏွာေကာဆံပင္ေကာျပင္ၿပီးသြားေတာ့Ericေလးဟာတစ္ကယ့္ကိုထိရက္စရာမရွိေလာက္ေအာင္ခ်စ္ဖို႔ေကာင္းလြန္းသည္။

အၿပီးသတ္အေနနဲ႕ေရေမႊးေလးအနည္းငယ္ဆြတ္ၿပီးသြားေတာ့နာရီၾကည့္လိုက္မိသည္။9နာရီ13မိနစ္ရွိၿပီမလို႔ေအာက္ထပ္ကိုအျမန္ဆင္းရင္းDriverဦးေလးႀကီးကိုလည္းေခၚလိုက္သည္။

"ဦးေလးႀကီး......ကြၽန္ေတာ့္ကိုေလဆိပ္လိုက္ပို႔ေပးပါဦး"

"အာ...ဟုတ္ကဲ့အကိုေလးSangyeonကြၽန္ေတာ့္ကိုဖုန္းဆက္ထားပါတယ္"

"ဟုတ္ဟုတ္.....ဒါဆိုသြားရေအာင္"

Sangyeonျပန္လာေတာ့မွာမလို႔ေပ်ာ္႐ႊင္ျမဴးတူးေနသည့္Ericေလးအားအန္တီႀကီးၾကည့္ၿပီးၾကည္ႏူးမိျပန္သည္။

ကားေပၚသြားေနတဲ့တစ္ေလွ်ာက္လုံးEricေလးဂနာမၿငိမ္ေခ်။Sangyeonနဲ႕ေတြ႕ရေတာ့မွာမလို႔ဝမ္းသာမိသည္မွာအတိုင္းထက္လြန္ေနၿပီျဖစ္သည္။အေရးထဲလမ္းမွာကားၾကပ္ေနေသးသည္။နဂိုကတည္းကစိတ္မရွည္တတ္ပါဘူးဆိုေနတစ္စီတစ္တန္းႀကီးျဖစ္ေနသည့္ကားေတြေၾကာင့္Ericေသခ်င္ေစာ္နံသြားသည္။

"က်စ္.....အေရးထဲမွဒီကားေတြကလည္းလာၾကပ္ေနေသးတယ္"

ေနာက္ထပ္မိနစ္ႏွစ္ဆယ္ေလာက္ေနေတာ့မွယာဥ္ထိန္းရဲေတြေရာက္လာၿပီးလမ္းကိုလာရွင္းေပးသည္။အဲ့ေတာ့မွပဲEricတို႔ကားလည္းထြက္လို႔ရသြားၿပီးေလဆိပ္ကိုအျမန္ေမာင္းရေတာ့သည္။ေရာက္လည္းေရာက္ေတာ့အခ်ိန္က10နာရီေတာင္ထိုးေနၿပီျဖစ္ေသာေၾကာင့္Ericေလးထိုင္ခုံမွာေတာင္ထိုင္မေစာင့္နိုင္ေတာ့ဘဲေျမာက္ႂကြေျမာက္ႂကြႏွင့္ျဖစ္ေနသည္။

သိပ္မၾကာလိုက္ေနာက္ထပ္ေလယာဥ္တစ္စင္းဆိုက္လာသည္။Ericလည္းSangyeonမ်ားပါလာေလမလားဟုေမွ်ာ္ရင္းအသည္းသန္ေျပးရွာမိေတာ့အနက္ေရာင္ luggage ႀကီးကိုဆြဲကာအနက္ေရာင္jeansရယ္အေပၚကshirt အစင္းၾကားရယ္နဲ႕ခန့္ညားစြာထြက္လာေသာသူ႕ရဲ႕လူႀကီးSangyeonကိုေတြ႕ေလသည္။

"Daddy!!!!!!!"

ေတြ႕ေတြ႕ခ်င္းEricေလးတစ္ေယာက္Sangyeonဆီကိုအေျပးေလးသြားလိုက္ၿပီးလွမ္းခုန္ တက္ခြကာဖက္ထားေတာ့သည္။
Sangyeonကလည္းသူ႕ေပၚေျပးၿပီးခုန္တက္လာေသာEricေလးအားအလိုက္သင့္ေလးျပန္ခ်ီလိုက္သည္။လက္တစ္ဖက္ကလည္းEricတင္ပါးေလးကိုအသာပုတ္ေပးရင္း

"Aigooo........ကိုယ့္ကေလးေလးကေတာ္ေတာ္လြမ္းေနတာပဲ"

"လြမ္းတာေပါ့ဦးကလည္း....."

ေျပာရင္းဆိုရင္းသူ႕ကိုပိုၿပီးေတာင္တင္းၾကပ္ၿပီးဖက္လာသည္။မသိရင္ေလဆိပ္တစ္ခုလုံးသူတို႔ႏွစ္ေယာက္တည္းရွိသည့္ပုံျဖင့္။တစ္ကယ္တမ္းကႏွစ္ေယာက္တည္းမဟုတ္ေတာ့ျဖတ္သြားျဖတ္လာေတြကပါသူတို႔ႏွစ္ေယာက္ကိုလွည့္ၾကည့္လွည့္ၾကည့္ကလုပ္သြားေသးသည္။

ဒါေတာင္အနီးမွအန္တီႀကီးႏွစ္ေယာက္က

"ဟယ္.....ဟိုေကာင္ေလးကသူ႕အေဖကိုေတာ္ေတာ္လြမ္းေနတဲ့ပုံပဲေနာ္"

"အင္း...သားအဖေတြေတာ္ေတာ္ခ်စ္ၾကတာပဲ"

ဒါကိုနားပါးသည့္Ericေလးကၾကားသြားေတာ့ခ်က္ခ်င္းသူတို႔ဘက္လွည့္ကာ

"ဟိတ္.....ဘာေတြေလွ်ာက္အတင္းတုပ္ေနတာလည္းဒါကြၽန္ေတာ့္အေဖမဟုတ္ဘူး.....ကြၽန္ေတာ့္ေယာက်ာ္းဗ်......ကြၽန္ေတာ့္ေယာက္်ား!!!"

မသိလည္းမသိဘဲနဲ႕သူတို႔ႏွစ္ေယာက္ကိုအထင္လြဲေနသည့္သူစိမ္းအန္တီႀကီးႏွစ္ေယာက္ကိုသြားစြာစိလန္ေနေသာEricေလးအားSangyeonမွာၾကည့္ၿပီးရယ္ရခက္တားရခက္။သူကပဲခ်ီၿပီးေခၚထုတ္သြားေတာ့မွသာရေတာ့သည္။

ဒီလိုနဲ႕တူတူအိမ္ကိုျပန္လာလိုက္ၾကသည္။အိမ္ေရာက္ေတာ့လည္းEricေလးကသူ႕ေပၚမွမဆင္းတာမလို႔အခန္းထဲကိုခ်ီၿပီးေခၚသြားရသည္။အခန္းထဲေရာက္လို႔ကုတင္ေပၚSangyeonထိုင္လိုက္ေတာ့Ericေလးကသူ႕ေပါင္ေပၚအလိုလိုထိုင္လ်က္သား။သူတို႔ႏွစ္ေယာက္ဒီလိုအတူတူမထိုင္ရသည္မွာဘယ္ေလာက္ေတာင္ၾကာေနၿပီလည္း။

EricကSangyeonပခုံးကိုမွီၿပီးလိုက္လာတာမလို႔သူ႕ပခုံးေပၚမွာစိုစြတ္မႈေလးခံစားမိလိုက္သည္ႏွင့္Sangyeonစိုးရိမ္စြာပဲ

"ကေလး....ငိုေနတာလား"

ေျပာရင္းဆိုရင္းEricမ်က္ႏွာေလးကိုဆြဲယူလိုက္ေတာ့Puppyေပါက္ကထင္သည့္အတိုင္းငိုေနသည္။

"အို....ဘာလို႔ငိုတာလည္းကေလးရဲ႕"

"ကြၽန္ေတာ္.....ဦးကိုလြမ္းေနရတာ.....အရမ္းပဲသိလား"

"သိပါတယ္....ကိုယ္သိပါတယ္"

"လြမ္းလြန္းလို႔ေလ....တစ္ခါတစ္ခါဆိုဒီေနရာေလးကအရမ္းေအာင့္တယ္"

သူ႕ဘယ္ဘက္ရင္အုံေလးကိုထိုးျပကာလြမ္းေၾကာင္းေျပာျပေနသည့္EricေလးအားSangyeonအခ်စ္ပိုရျပန္သည္။

"အင္းပါကြာ.....ေနာက္ဆိုဒီလိုထပ္မျဖစ္ေတာ့ဘူးဟုတ္ၿပီလား"

"ဒါဆိုေနာက္တစ္ခါခရီးသြားရမယ္ဆိုလည္းကြၽန္ေတာ့္ကိုေခၚသြားေနာ္.........လိမ္လိမ္မာမာေနပါ့မယ္"

"ဟုတ္ပါၿပီ"

"ဒါနဲ႕ဦး......ပိန္သြားသလိုပဲေနာ္"

သိသိသာသာက်သြားသည့္Sangyeonရဲ႕မ်က္ႏွာကိုEricသတိထားမိတာေၾကာင့္စိုးရိမ္စြာေျပာလိုက္ျခင္းျဖစ္သည္။

"ဟိုမွာအလုပ္လုပ္ရတာနည္းနည္းပင္ပန္းလို႔ျဖစ္ပါလိမ့္မယ္.....နားလိုက္ရင္ရမွာပါ"

"အင္း...မနက္ျဖန္မွအားေဆးဝယ္တိုက္မယ္"

"ဒါဆို......ခုေလာေလာဆယ္အားေဆးမေပးခ်င္ဘူးလားကိုယ္အရမ္းပင္ပန္းေနလို႔"

"ဟင္!!.........Vitaminေဆးဘူးေတြကကုန္ေနၿပီထင္တယ္.....ခနေလးကြၽန္ေတာ္သြားၾကည့္လိုက္ဦးမယ္"

ဆိုကာသူ႕ေပၚမွာထမယ္လုပ္ေသာEricရဲ႕ကိုယ္လုံးေလးအားSangyeonျပန္ဆြဲထားလိုက္ၿပီး

"အဲ့အားေဆးကိုေျပာတာမဟုတ္ဘူးေလကြာ......ဒီအားေဆးေလးကိုေျပာတာ"

ဆိုၿပီးEricႏႈတ္ခမ္းေလးကိုလက္ေလးနဲ႕အသာတို႔လိုက္ေတာ့ခ်က္ခ်င္းမ်က္ႏွာကၿပဳံးၿဖီးလာၿပီးပန္းေရာင္ေလးပါသမ္းလာေတာ့သည္။

"ဟာ.......ဦးကလည္း......"

"မရဘူးလား....ဟမ္!!!ကိုယ္ကEricေလးတင္မဟုတ္ဘူးEricႏႈတ္ခမ္းေလးကိုပါလြမ္းေနခဲ့တာ"

"ဟြန့္.....လူဆိုးႀကီး"

"ဒါဆို.....ဒီကလူဆိုးႀကီးကိုဆိုးခြင့္ေပးပါဗ်ာ"

ဆိုေတာ့Ericကအသာေလးသူ႕မ်က္လုံးေလးကိုမွိတ္ကာေရွ႕ကိုတိုးလာသည္။Sangyeonကလည္းခြင့္ျပဳခ်က္ရသည္ႏွင့္တစ္ၿပိဳင္နက္ေရွ႕ကိုပိုတိုးလိုက္ၿပီးEricရဲ႕ႏႉတ္ခမ္းဖူးဖူးေလးကိုေနာက္တစ္ႀကိမ္သိမ္းပိုက္လိုက္သည္။

ဒီအထိေတြ႕......ဒီအရသာ.......ဒီခံစားခ်က္ေတြကႏွစ္ဦးစလုံးလိုခ်င္ေတာင့္တလြမ္းဆြတ္ေနခဲ့ရသည့္အရာေတြမလို႔ႏွစ္ေယာက္စလုံးမက္မက္ေမာေမာနမ္းရွိုက္ၾကသည္။နမ္းရတာအားမရေတာ့Ericကိုယ္လုံးေလးကိုအေပၚသို႔ပိုဆြဲတင္လိုက္ၿပီးခါးေလးကိုပါဖက္လိုက္သည္။Ericကလည္းအလိုက္သင့္စြာSangyeonရဲ႕လည္တိုင္တို႔ကိုရစ္သိုင္းကာဖက္ရင္းပိုမိုနီးကပ္ေစလိုက္သည္။

ေခါင္းေလးကိုပါေစာင္းကာတစ္ဆင့္ျခင္းဆြဲယူနမ္းေနသည့္Sangyeonရဲ႕အနမ္းေတြကိုEricကလည္းေက်နပ္လွိုက္လွဲစြာခံယူရင္းအနမ္းတို႔ရဲ႕ပုံေဖာ္မႈဟာတစ္ျဖည္းနဲ႕ျဖည္းပိုမိုသိသာစြာလွပလာသည္။

မိနစ္အေတာ္ၾကာေတာ့Ericရဲ႕လက္သီးေသးေသးေလးကSangyeonရင္ဘတ္ေပၚအသာေလးထုလာသည္မလို႔မလြတ္ေပးခ်င္ေသးေပမဲ့လိုအပ္ေနသည့္ေအာက္ဆီဂ်င္ေၾကာင့္လႊတ္ေပးလိုက္ရသည္။

"ဒီေလာက္ဆိုရၿပီလား"

Ericေလးမွေမးလာေတာ့Sangyeonကရယ္ရင္း

"မရေသးဘူးဆိုရင္ေကာ"

"ဒါဆိုလည္းထပ္နမ္းေပါ့"

Ericေလးစကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္SangyeonကEricမ်က္ႏွာကိုထပ္နီးေစလိုက္ၿပီးေနာက္တစ္ႀကိမ္အနမ္းထပ္ေပးလိုက္သည္။ဒီတစ္ခါမွာေတာ့အနမ္းတို႔ဟာပိုမိုနက္ရွိုင္းလာၿပီးအနည္းငယ္လည္းပိုမိုျပင္းထန္းလာသည္ကိုEricေလးေကာင္းစြာခံစားမိပါသည္။

နမ္းေနရင္းEricရဲ႕ေအာက္ႏႈတ္ခမ္းေလးဖူးဖူးေလးကိုSangyeonအသာကိုက္လိုက္မိေတာ့ငန္က်ိက်ိအရသာနဲ႕အတူေသြးအနည္းငယ္ထြက္လာသည္။အဲ့ေတာ့မွSangyeonကနမ္းတာကိုရပ္လိုက္သည္။

"ကေလးႏႈတ္ခမ္းေသြးထြက္သြားၿပီ......ကိုယ္ၿပီးမွေဆးထည့္ေပးေတာ့မယ္ေနာ္"

"ဟုတ္..........အခုေတာ့ဦးေရခ်ိဳးမွာမလား"

"အင္း.......ကေလးကိုယ္နဲ႕အတူတူေရခ်ိဳးပါလား"

"ဟင္.....အတူတူလား"

"အင္းေလ.......ေရအတူတူစိမ္မယ္ေလ"

"အင္းအင္း....."

ဒီလိုနဲ႕ႏွစ္ေယာက္သားေရအတူတူစိမ္ၾကသည္ေပါ့ေနာ္။Ericကေတာ့ထုံးစံအတိုင္းရွက္ေနေသးသည္။Sangyeonကေတာ့Ericရွက္ေနတဲ့ပုံေလးကိုသာေသေလာက္ေအာင္အသည္းယားလြန္းေနသည္။

ေရခ်ိဳးၿပီးသြားေတာ့လည္းSangyeonမွာအရင္အဝတ္မလဲေသးဘဲEricကိုသာအဝတ္လဲေပးဆံပင္ကိုလည္းDryerနဲ႕မႈတ္ေပးေနသည္။Ericေလးကလည္းSangyeonလုပ္ေပးတာကိုၿငိမ္ခံေနရင္းလက္ကSangyeonရဲ႕အဝတ္မပါတဲ့ရင္အုပ္က်ယ္က်ယ္ႀကီးက္ုသူ႕လက္ညိုးေလးနဲ႕သြားကလိေနသည္။

ညွပ္ရိုးေလးကိုသြားကိုင္လိုက္ ရင္အုပ္ကိုအသာေလးလက္နဲ႕ထုလိုက္နဲ႕။ၿပီးေတာ့စူစူရဲရဲျဖစ္ေနသည့္Sangyeonရဲ႕နို႔သီးကိုလည္းEricတစ္ေယာက္အူယားစြာသြားညစ္မိသည္။

"အားးး!!!ကေလးရဲ႕နာတယ္ေလကြာ.....ဘာလို႔ညစ္တာတုန္း"

"ဟင္....ေနပါဦးနို႔ညစ္ရင္နာရေအာင္ဦးSangကမိန္းမမွမဟုတ္တာ"

ေအာ္....ဒီကေလးနဲ႕ေတာ့ခက္ပါတယ္ေလ။

"မိန္းမမဟုတ္လည္းနို႔ညစ္ရင္နာတာေပါ့.....မယုံရင္လာခဲ့.......ကိုယ္Ericေလးနို႔ကိုညစ္ျပမယ္"

ဆိုၿပီးေနာက္ကာေျပာေတာ့Ericေလးထြက္ေျပးေလသည္။

"No.....မလာနဲ႕.....ဦး!!!!"

အခန္းထဲမွာႏွစ္ေယာက္သားစိန္ေျပးတမ္းကစားသလိုကိုပတ္ေျပးေနၾကေသာေၾကာင့္မသိရင္မူလတန္းကေလးေတြလိုလို။ေနာက္ဆုံးေျပးရင္းလႊားရင္းEricေလးကိုSangyeonမိသြားေတာ့မွႏွစ္ေယာက္သားေမာေမာနဲ႕ကုတင္ေပၚလွဲလိုက္ၾကသည္။

"လာခဲ့....ကိုယ္ညစ္ျပမယ္"

Sangyeonမွေျပာလာေတာ့Ericေလးကျပာျပာသလဲျဖင့္

"မလုပ္နဲ႕.....ၪုံဖြေနာ္.....ၪုံဖြ"

ဆိုကာဟိုတစ္ခါကလိုသူ႕ရင္ဘတ္ကိုလာနမ္းသည္။

ဒီအတတ္ေလးနဲ႕Sangyeonဘယ္ေန႕ထိန္းထားတဲ့စိတ္ေတြလြတ္မလည္းမသိေသးေခ်။
___________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com