Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

The Existance

Unicode

တနင်္ဂနွေညရဲ့ လမ်းမပေါ်မှာ လူအများသွားလာလှုပ်ရှားကာ ပွဲတော်ကြီးတစ်ခုအလား စည်ကားသိုက်မြိုက်နေပေမဲ့ လမ်းမဘေးရဲ့ ပလက်ဖောင်းပေါ်မှာ ခေါင်းကိုငိုက်စိုက်ကျပြီး သွားနေသည့် ကောင်လေးတစ်ယောက်ရဲ့ လေထုကတော့ အလွန်ပင် တိတ်ဆိတ်လို့နေသည်။

လက်ထဲမှ ကိုင်လာသည့် ဆေးစစ်ချက်စာရွက်အား ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီး လက်မခံနိုင်ဖြစ်နေသည့် စိတ်တွေဟာလည်း ကြီးစိုးထားလျက်။

နေ့လည်ခင်းက ဆေးရုံမှာ ဆရာဝန်ပြောလိုက်သည့် စကားလုံးတွေဟာ နားထဲမှာမကြားချင်ပေမဲ့ ကြားယောင်နေရသည်။

ငယ်ငယ်ကတည်းက တစ်ခြားကျောင်းသားတွေနဲ့ မတူညီစွာ ဉာဏ်ကောင်းလွန်းနေခဲ့သည်မလို့ သူ့ကိုယ်သူ ချီးကျူးမိခဲ့ဖူးသည်။

ကြီးလာ၍ ခေါင်းစတင်ကိုက်တတ်လာသည့်အခါ သွားစစ်ဆေးကြည့်တော့မှ ဦးနှောက်ထဲအကျိတ်တည်နေတာကို မသိခဲ့ဘဲနဲ့ပေါ့။

အခုချိန်လောက်ဆို မိသားစုနဲ့ရင်းနှီးသည့် ဆရာဝန်ဖြစ်သူမှ မိဘတွေကိုပြောပြီးလောက်ပြီး ဖြစ်သည်မလို့ မကြာခင်အချိန်မှာ ဖုန်းခေါ်လာရင်ရော သူဘယ်လိုစကားတွေ ပြောထွက်ရပါ့မလဲ။

တွေးနေ၍ပင် မဆုံးသေးခင် အချိန်အတွင်းမှာပဲ အိပ်ကပ်ထဲမှ ဖုန်းဟာ ထမြည်လာခဲ့သည်။

* Ring Ring *

contactကိုကြည့်လိုက်တော့ " မေမေ" ဆိုသည့် စာတန်းလေးကထွင်းလျက်။ ကျဆင်းခါနီးနေသည့် မျက်ရည်တို့ကို ပြန်လည်ရှုံ့ယူလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ အသံပြင်လိုက်ပြီးတဲ့နောက် ဖုန်းကိုင်လိုက်သည်။

" ဟယ်လို မေမေ "

" သား........Junseoလေး "

ဆိုကာ အမေဖြစ်သူမှ စကားတောင်ဆက်မပြောန်ိုင်တော့ဘဲ ငိုကြီးချက်မ ဖြစ်နေသည်။

" သားလေး.....ဆရာဝန်က စောနကပဲဖုန်းဆက်တယ် သားရဲ့ သားမှာ.."

" ဟုတ်တယ် မေမေ သားဦးနှောက်မှာ အကျိတ်ရှိနေတာ အဲ့တာကိုတောင် သားကမသိဘဲ ဉာဏ်ကောင်းနေလို့ဆို ပျော်နေခဲ့တာကို "

ရယ်ရယ်မောမောပြောလိုက်သည့် စကားဆိုပေမဲ့ လေသံဟာလည်းမပျော်ရွှင်နေခဲ့သလို အပြုံးတို့ဟာလည်း မစစ်မှန်နေခဲ့ပါ။ ထိုအစား မျက်ရည်များသာ ကျဆင်းလာရတော့သည်။

ဖုန်းရဲ့ တစ်ဖက်မှာတော့ အမေဖြစ်သူကိုင်ထားသည့် ဖုန်းကို အဖေဖြစ်သူက ဆွဲယူလိုက်သည်ထင်ပါရဲ့။

" ငါ့သား Junseo မင်းဘာမှမဖြစ်နဲ့ ဖေဖေ ဆရာဝန်ကိုမေးကြည့်ပြီးပြီ သားဟာက ကုလို့ရသေးတယ်တဲ့ ခွဲစိတ်ရင်ရတယ်တဲ့ ငါ့သားနေပြန်ကောင်းဖို့ကို အဖေတို့အတတ်နိုင်ဆုံး လုပ်ပေးမှာမလို့ ဘာမှ အားမငယ်နေနဲ့တော့နော် "

အားကြိုးမာန်တက်ပြောနေသည့် အဖေကြောင့် Junseoအားတစ်ကယ်ရှိပါသည်။ သို့သော် ခွဲစိတ်မည့်ကိစ္စက ထိုမျှပြောသလောက် လွယ်ကူနေမည်မဟူတ်တာကို Junseoရော Junseoမိဘတွေရော သိထားပြီးဖြစ်ပါသည်။

" ဒါဆို....သားဖုန်းချလိုက်တော့မယ်နော် ညစျေးမှာမုန့်ဝင်စားလိုက်ဦးမယ် ပြီးရင် အိမ်ပြန်လာခဲ့မယ် "

" အေးအေး ဟူတ်ပြီကွယ် သားစားချင်တာစားခဲ့နော် မုန့်ဖိုးမလောက်ရင် အဖေထပ်လွှဲပေးမယ် သားလုပ်ချင်တာလုပ်ခဲ့ "

" ဟုတ်ကဲ့ပါ "

တီခနဲ ဖုန်းချလိုက်သံရဲ့ နောက်မှာတော့ Junseoရဲ့ လေးကန်သည့် သက်ပြင်းချသံပါ ပါလာခဲ့သည်။

" ပြောရမှာတော့ စိတ်မကောင်းပေမဲ့ သားရဲ့ ဦးနှောက်က မှတ်နိုင်စွမ်းအား ကောင်းနေတယ်ဆိုတာ သာမန်ကြောင့်မဟုတ်ဘူး သားရဲ့ ဦးနှောက်မှာ အကျိတ်ဖုတစ်ခုရှိနေတယ်လို့ ဓာတ်မှန်ရလဒ်မှာပြထားတယ်။ အဲ့အကျိတ်က သားရဲ့မှတ်နိုင်စွမ်းအားကို အထောက်အကူပြုလို့ သားဉာဏ်ကောင်းနေတာ။ သားဦးနှောက်ဆဲလ် တွေကို များများအသုံးပြုရတော့ ဦးနှောက် အမြှေးပါးယောင်လာပြီး ကြာရင် အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ် "

ဆရာဝန်ပြောခဲ့သည့်စကားလုံးတွေက Junseoနားထဲမှာ တစ်ဝဲလည်လည်ဖြစ်နေတုန်းမလို့ မခံရပ်နိုင်စွာပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည့် ဆေးစစ်ချက်စာရွက်လည်း လက်ထဲမှ ပြုတ်ကျကာ နားနှစ်ဖက်အား လက်ဖြင့်အုပ်ထားမိသည်။

" တော်ပါတော့.....ငါမကြားချင်တော့ဘူး ငါမကြားချင်တော့ဘူးလို့!!! "

တစ်ယောက်တည်း ပလက်ဖောင်းပေါ်မှာ အော်ချပစ်လိုက်သည့် အချိန်တွင်တော့ ဘေးရှိလူများပါ အကုန်ဝိုင်းကြည့်ကုန်လာကြသည်။

" ဒီက ကျောင်းသားလေး အဆင်ပြေရဲ့- "

အနားရှိလူတစ်ယောက်မှ အခြေနေမဟန်သည်ကိုသိ၍ Junseoအား လာမေးတော့ မေးခွန်းတောင်မဆုံးသေးခင်အချိန်မှာ ပြုတ်ကျနေသည့် ဆေးစစ်ချက်စာရွက်အား အမြန်ကောက်ယူပြီး ထွက်ပြေးလာခဲ့လိုက်တော့သည်။

ဘယ်အရပ်ဆီရယ်လို့ မရှိပါဘဲ ခြေဦးတည့်ရာပြေးလာလိုက်တာ လူတွေနဲ့ကင်းသည့် လမ်းကြားထဲသို့ Junseoရောက်လာခဲ့တော့သည်။

ပြေးလာရ၍ ဟောဟဲဆိုက်နေပေမဲ့ မောသည့်အရှိန်ကြောင့် ဆရာဝန်ရဲ့စကားသံတွေလည်း နားထဲမှာမကြားယောင်တော့သလို လူတွေနဲ့လည်း ကင်းဝေးလာခဲ့ပြီဖြစ်သည်။

အမောပြေတော့မှ ကြည့်လိုက်မိသည်က သူဒီနေရာကို တစ်ခါမှမရောက်ဖူးဘူးဆိုတာပင်။ ဘယ်နေရာလည်းအတိကျမသိရသည့်အကြောင်းရင်းက သူတစ်ခါမှမရောက်ဖူးလို့ပဲလား ကျက်သရေတုံးတဲ့အကျိတ်ကြောင့်များလား။

ဘယ်လိုပဲဖြစ်ဖြစ် သူအခု ခဏတာအနားယူဖို့လိုပြီမလို့ အနီးတစ်ဝိုက်ကို မျက်စိကစားလိုက်တော့ အချိုရည်စက်တွေ့လိုက်သည်။ အိပ်ကပ်ထဲက အကြွေစေ့ကိုထုတ်လိုက်ပြီး အချိုရည်တစ်ဘူးအား မြန်မြန်ဝယ်ကာဖောက်သောက်လိုက်တော့မှ နေသာထိုင်သာ ရှိသွားသယောင်။

ဖျော်ရည်စက်ဘေးနားမှာက အုတ်နံရံပေါ်ကိုမှီချကာ အောက်ကဖုန်တွေဘာတွေ မတွေးနေတော့ပဲ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ဘာဖြစ်လို့ သူ့ဆီမှာမှ ဒီကိစ္စကလာဖြစ်ရတာလဲ။
Junseoလို စာလည်းကြိုးစားပြီး မိဘတွေလိုချင်နေခဲ့သည့် ဘွဲ့တစ်ခုကိုလည်း သူရအောင်ကြိုးစားနေသည့် အချိန်ကျမှ ဘာဖြစ်လို့ ဒီလိုကိစ္စကလာဖြစ်ရတာလဲ။

လက်ကျန်ဖျော်ရည်ကို မော့သောက်နေရင်း Junseoကို အသိရသွားစေသည့် အရာကတော့ ဘယ်လောက်ပဲ ဘဝကိုကောင်းကောင်းမွန်မွန် ကြိုးစားပြီး ဖြတ်သန်းလည်း မကောင်းတဲ့ကိစ္စကတော့ လာဖြစ်စမြဲပဲဆိုတာပင် ဖြစ်သည်။

ထိုစကားက မှားနေသည်ပြောရအောင် စာတွေအသားကုန်ကြိုးစားလာခဲ့ရတာ အခုလို ဦးနှောက်ထဲမှာ အကျိတ်တွေ့ပြီး သေမဲ့အချိန်ကို ထိုင်စောင့်နေရဖို့မှ မဟုတ်ဘဲ။

ကုန်သွားသည့်အချိုရည်ဘူးဟာ Junseoလက်ထဲမှာ ဘယ်ကတည်းက ပိန်ချုုံးနေမှန်းမသိ။ ဖျော်ရည်မဝယ်ခင် ခေါက်ပြီးထည့်ထားသည့် Junseo ဂျင်းအင်္ကျီအိတ်ထောင်ထဲမှ ဆေးစစ်ချက်စာရွက်လေးဟာလည်း အတိုင်းသားပင်။

..................

အချိန်အားဖြင့် ညဆယ်နာရီ။

ဘာမှမလုပ်ဘဲ ဖျော်ရည်စက်ဘေးမှာ ညနေ7နာရီလောက်ကတည်းက ထိုင်နေလိုက်တာ အခု10နာရီပင်ထိုးသွားပြီဖြစ်သည်။

အိမ်ကမိဘတွေ စိတ်ပူလွန်နေမှာစိုး၍ ပြန်ရန်ထလိုက်သည်။ လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်ကာ သွားမည်လုပ်တော့ ဖြတ်လာခဲ့သည့် လမ်းကြားထဲမှ မီးလင်းလာသည်ကို သတိထားမိလိုက်သည်။

မီးလင်းလာသည်အထိကတော့ ရပ်ကြည့်နေပေမဲ့ ထိုမီးလင်းလာသည့် နေရာမှ သီချင်းသံများ စတင်ကြားလာတော့ Junseoသိချင်စိတ်များ ပြင်းပြလာရသည်။

လမ်းကြားထဲသို့ အနည်းငယ်ဆက်ဝင်ကြည့်တော့မှ မီးတွေလင်းပြီး သီချင်းထွက်လာသည့်နေရာက အရုပ်​ကောက်စက်လို ဂိမ်းစက်တစ်ခုကပင် ဖြစ်ကြောင်း သိလိုက်ရသည်။

" ဒီလမ်းကြားထဲမှာ ဘယ်သူကဂိမ်းစက်လာထားတာလဲ "

Junseoလည်း သိချင်စိတ်ဖြင့် သွားကြည့်မိသည်။ ဂိမ်းစက်က တွေ့နေကျတွေနဲ့တော့ အနည်းငယ်ကွဲပြားနေသည်။ အထဲမှာ ရောင်စုံဘောလုံးလေးတွေရှိနေပြီး သေချာကြည့်ပါက easter eggဖြစ်ကြောင်းသိရသည်။ အပြင်က ခလုတ်တွေကတော့ ငါးခုလောက်ရှိသည်။

Junseoလည်း အကြွေစေ့ တစ်စေ့ထည့်လိုက်ပြီး start ခလုတ်ကို နှိပ်လိုက်တော့ အရုပ်ကောက်သည့် လက်တံမှ စတင်ရွေ့လျားလာပြီး ရောင်စုံ easter eggတွေထဲမှ တစ်ခုကို ကောက်ယူလာသည်။

တစ်ခုထူးခြားသည်က ဤကောက်တဲ့စက်ရဲ့လက်တံဟာ eggကို ချုပ်လိုက်သည်နှင့် တစ်ခါတည်းပါလာခြင်းဖြစ်သည်။ ကစားကွင်းတို့ဘာတို့မှာ ရှိနေသလို ပြန်ပြုတ်ကျသွားတာမျိုးမဟုတ်ဘဲ တစ်ခါတည်းပါလာသည်။

Junseoလည်း ကစားနေတော့ စိတ်ညစ်မှုများတောင် ခဏတာ ပပျောက်သွားသယောင်။

easter eggလေးအပြင်ကျလာတော့ Junseoကောက်ယူကြည့်လိုက်သည်။ eggမှာ ရေးထားသည်က " twist and open " မလို့ ရေးထားသလို လှည့်ဖွင့်လိုက်တော့ easter eggလေး နှစ်ခြမ်းဖြစ်သွားပြီး အထဲမှာ အပန်းနုရောင် စာလိပ်ကလေးတစ်လိပ် ရှိနေသည်။

စာလိပ်ကိုဖြည်ကာ ဖတ်ကြည့်လိုက်တော့

" ဂုဏ်ယူပါတယ်။သင် Wonder Worldရဲ့ အလည်ပတ်ခရီးစဥ်ကို သွားရောက်နိုင်ပြီဖြစ်ပါတယ်။ သင်ကျသည့် ကမ္ဘာကတော့ DaDa's Peachy ကမ္ဘာဖြစ်ပြီး မကြာခင် အလည်ပတ်သွားနိုင်ရန် စာရွက်အောက်ပိုင်းတွင် သင့်အမည်နှင့် လက်မှတ်အား ရေးထိုးခဲ့ပေးပါ "

စာကိုအဆုံးထိဖတ်ပြီးတော့ Junseoကြောင်သွားမိသည်။

" ဘာလားဟ Wonder World? DaDa's Peach? ဒါဘယ်လိုတောင် ထူးဆန်းတဲ့ နောက်ပြောင်မှုလဲ "

Junseoလည်း အကြွေစေ့အကုန်ခံပြီးခါမှ အရုပ်မရဘဲ ထူးထူးဆန်းဆန်းစာကိုသာ ရတာကြောင့် တစ်ချက်ရယ်လိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် စာရွက်ရလာပြီဆိုမှတော့လည်း ဒီနောက်ပြောင်မှုလေး ဖြစ်မြောက်အောင် နာမည်နဲ့လက်မှတ်ကို အရုပ်စက်ဘေးမှာ အသင့်ရှိနေသည့် ဘောပင်နှင့် ရေးထိုးခဲ့လိုက်သည်။

ထိုသို့လုပ်ပြီး အိမ်ကိုပြန်လာရန် လှည့်လိုက်တော့ သူလာခဲ့တဲ့ လမ်းဟာမရှိတော့ချေ။ အဆုံးမရှိတော့သည့် အုတ်နံရံကြီးတစ်ခုသာ ပေါ်လာပြီး သူဟာပိတ်မိနေသည်။

" စောနက လမ်းရော? ဘယ်ရောက်သွားတာလဲ ငါ...ငါ...သေချာပေါက်လမ်းကြားထဲဝင်လာခဲ့တာကို "

သူတွေးနေတုန်းမှာပဲ ရနံ့တစ်ခုဟာ Junseoအနားသို့ ရုတ်တစ်ရက် သင်းပျံ့လာသည်။ အစပိုင်းတော့ အနည်းငယ်ပဲဆိုပေမဲ့ တစ်ဖြည်းဖြည်း အနံ့ကပျင်းသထက်ပျင်းလာသည်မှာ ရနံ့နဲ့ရောဂါကုထုံး ကုနေသလိုပင်။

" ဒါ....Peach ရေမွှေးအနံ့ပဲ "

Junseo သိသွားပြီးတဲ့နောက်မှာတော့ ဂိမ်းစက်လေးဟာ နဂိုကထက် အရောင်တွေပိုလက်လာပြီး မျက်လုံးတွေပါ ကျိန်းစက်လာတာမလို့ လက်နဲ့ကာလိုက်မိသည့် အချိန်မှာ သူလဲကျသွားခဲ့တော့သည်။

....................

" ဟိတ်...Lim Junseo! ထတော့! Junseoလေးရေ ထတော့လို့! "

Junseo သူ့လက်မောင်းကို တစ်ယောက်ယောက်ကလာလှုပ်ကာ နှိုးနေသည့်အသံကို ကြားယောင်လာသည်။

တစ်ဖြေးဖြေးချင်း အားယူကာ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အစက ဝါးတားတားမလို့ သေချာမမြင်ရပေမဲ့ သေချာကြည့်လိုက်တော့ အသားဖြူဖြူ ဆံပင်လုံးလုံးနဲ့ ကောင်လေးတစ်ယောက်။

" နိုးလာပြီလား Junseo "

ထိုကောင်လေးမှ သူ့နာမည်ကို သိနေသည်။

" မင်း ဘယ်သူလဲ "

Junseoလှဲနေရာမှ ထထိုင်လိုက်မိတော့ ထိုကောင်လေးနှင့် ပိုနီးသွားသည့်အချိန်မှာ ရလိုက်သည့် Peach ရေမွှေးအနံ့။

" ငါ ဘယ်သူလဲ မင်းမသိဘူးလား "

" မသိလို့ မေးနေတာလေ "

" အော်ဟော်...မင်းကိုယ်တိုင်ပဲ ငါ့ကမ္ဘာကိုလာဖို့ လက်မှတ်ထိုးခဲ့ပြီးတော့များ ငါဘယ်သူလဲမသ်ဘူးလုပ်နေတယ် "

Junseoတစ်ယောက် ထိုကောင်လေးပြောနေသည်များကို နားမလည်။

" မင်း ဘာတွေပြောနေတာလဲ ပြီးတော့ မင်းကငါ့နာမည်ကိုဘယ်လိုသိနေတာလဲ မင်းကဘာလို့ငါ့အနားကိုရောက်နေတာလဲ "

ထိုဖြူဖြူလုံးလုံးကောင်လေးမှ သက်ပြင်းချကာ Junseoရှေ့ ထိုင်ချလိုက်ပြီး

" ငါဘာတွေပြောနေတာလဲဆိုတော့ မင်းကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့အကြောင်းပြောနေတာ ။ ငါကမင်းနာမည်ဘယ်လိုသ်ရတာလဲဆိုတော့ မင်းကိုယ်တိုင် နာမည်ရေးခဲ့လို့သိနေတာ။ ငါကမင်းအနားဘယ်လိုရောက်နေတာလဲဆိုတော့ မင်းကပဲအရင်ငါ့ကမ္ဘာကိုရောက်လာတာလေ Lim Junseoရယ် "

ရှင်းပြလိုက်မှပဲ ပိုရှုပ်နေပုံရသည့် Junseoတစ်ယောက် မျက်မှောင်ကြီးကြုတ်ကာ စဥ်းစားနေလျက်။

" နေပါဦး လက်မှတ်ထိုးတယ် နာမည်ရေးခဲ့တယ်ဆိုတော့ ဟို....ဂိမ်းစက်?? "

" အေးလေ အဲ့ဂိမ်းစက်က "

" မ-မဖြစ်နိုင်တာ ဘာလို့! "

" အခုမင်းရောက်နေတာ Wonder World က ငါ့ရဲ့ကမ္ဘာမှာလေ "

ထိုကောင်လေးပြောတော့မှ Junseoလည်း အသိကပ်ပြီး ဘေးဘီ ပတ်ဝန်းကျင်အကဲခတ်ကြည့်လိုက်တော့ စိမ်းစိုနေသော အပင်ကြီးအပင်ငယ်များနှင့် ပြည့်နှက်နေသည့် တောအုပ်ကြီးသဖွယ်နေရာတစ်ခုတွင် ပန်းပင်လေးတွေ ရေစမ်းချောင်းလေးတွေ လိပ်ပြာအကောင်လေးတွေနဲ့ တွေ့နေရသည်က သူမြင်နေကျ လက်တွေ့ကမ္ဘာနှင့် လုံးဝ ကွဲပြားလျက်ရှိနေသည်။

ဤသို့ ထူးဆန်းသည့် နေရာကို သတိထားမိတော့မှ Junseoက အလန့်တစ်ကြားဖြင့် မတ်တပ်ရပ်မိသွားသည်။

" ဒါ ဘယ်နေရာကြီးလဲ စောနလေးတင် ညဆယ်နာရီထိုးနေပြီလေ အခုဘာလို့ဒီမှာ ဒီလောက်ထိလင်းထိန်နေရတာလဲ "

Junseoကို စိတ်မရှည်နေပုံရသည့် ထိုကောင်လေးမှ

"ဒီ Wonderworldက မင်းမဲကျတဲ့ ငါ့ရဲ့ကမ္ဘာလို့ ပြောပြီးပြီလေ ။ ပြီးတော့ လူ့လောကမှာ ညဆို ဒီမှာ မနက်ပိုင်း။ "

ကိစ္စတွေကို ချက်ချင်းလက်မခံနိုင်ဖြစ်နေသေးသည့် Junseoက ဘာတုန့်ပြန်မှုမှ မပေးဘဲ တွေဝေနေလျက်ရှိသည်။

တစ်အောင့်လောက်ကြာတော့မှ Peachနံ့သင်းပျံ့နေသည့် ထိုကောင်လေးနားသို့သွားလိုက်ကာ ပြောလာသည်။

" အဲ့တော့ မင်းပြောချင်တာ ငါကဂိမ်းစက်ကိုဆော့လိုက်တော့ easter eggထဲက မဲကျတဲ့ မင်းရဲ့ ကမ္ဘာကိုရောက်လာတယ်ပေါ့ "

ထိုကောင်လေးမှ အသာလေး ခေါင်းငြိမ့်ပြလာသည်။

" ဒါအိပ်မက် မက်နေတာတော့ မဟုတ်ဘူးမလား"

" မဟုတ်ပါဘူး ဘာလဲ မင်းက မင်းရောဂါကြောင့် နဲ့သေသွားပြီး နတ်ပြည်ရောက်လာတယ်များထင်နေတာလား "

" အင်း....အဲ့လိုလည်းတွေးမိလိုက်သေး- နေပါဦး...ငါ့မှာ ရောဂါရှိနေတာ မင်းဘယ်လိုလုပ်သိလဲ "

Junseoအမေးကို ထိုကောင်လေးက ချက်ချင်းမဖြေသေးဘဲ ခဏလောက် ဟိုဟိုဒီဒီ လျှောက်လိုက်ပြီးမှ

" ငါက ငါ့ဆီရောက်လာမဲ့ လူတွေရဲ့ အကြောင်းကို အကုန်သိထားရတယ်။ မင်းနာမည် မင်းမိသားစုဝင်တွေ မင်းဆီမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေ။ "

" ဒါဆို....ဒါကဘယ်လိုနေရာလဲ မင်းကရော လူမဟုတ်ဘူးလား "

ထိုကောင်လေးမှ Junseoကို ကျောပေး လျှောက်နေရင်း ပြန်လှည့်လာကာ

" ဒီနေရာက မင်းတို့နေဖူးတဲ့ နေရာထက်ပိုပြီးဆန်းကျယ်တဲ့နေရာ ပြီးတော့....ငါက ဒီနေရာရဲ့ ပိုင်ရှင် Lee Daeul လို့ခေါ်တယ် "

" ဟုတ်ပါပြီ Daeul ။ ငါဘယ်လိုလုပ်ရင် ငါနေခဲ့တဲ့နေရာကို ပြန်သွားလို့ရနိုင်မလဲ "

Junseoမေးတော့ Daeulက တစ်ချက်ရယ်ရင်း

" စိတ်ချပါ မင်းကိုဒီမှာ တစ်သက်လုံးမခေါ်ထားပါဘူး ခေါ်ထားလို့လည်း မရဘူး။ 24နာရီ ပဲခေါ်ထားခွင့်ရှိတာ မင်းရဲ့လည်ပတ်ချိန်က အဲ့လောက်ပဲ။ ဒါပေမဲ့ တစ်ခုရှိတာ ဒီမှာ 12နာရီဆို မင်းတို့လူ့လောကရဲ့ တစ်ရက်တာနဲ့ညီမျှတယ် "

Junseoလည်း သဘောပေါက်ကြောင်းပြောပြီး ဖြစ်နေသည့် ကိစ္စတွေကို အမြန်လက်ခံလိုက်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် နေရာအသစ်တစ်ခုမှာ လည်ပတ်ရမှာဆိုတော့လည်း အရှုံးတော့မရှိပါဘူးလေ။

" ဒါဆို ငါတို့ ဘယ်ကိုအရင်စသွားရမှာလဲ "

................

Daeul ရဲ့ ကမ္ဘာမှာ ပထမဆုံး အလည်အပတ်ကတော့ ဘေးပတ်ဝန်းကျင်ကို လိုက်စူးစမ်းကြည့်တာပါပဲ။

အပင်ကြီးတွေ အပင်ငယ်လေးတွေ ပန်းပင်လေးတွေနဲ့ ပြည့်နှက်နေသည်မလို့ လုံလောက်တဲ့အောက်ဆီဂျင်ကောင်းကောင်းကလည်း Junseoစိတ်ကို ရွှင်လန်းစေဖို့ အထောက်အကူပြုပါသည်။

အပင်တွေကြားထဲမှာ စမ်းချောင်းငယ်လေးတွေ့တော့ အပြေးသွားကြည့်မိသည်။ Daeulကလည်း သူနဲ့အတူပါလာသည်။

" ဒီမှာ ရွှေငါးလေးတွေပဲ "

" ဟုတ်တယ် ငါမွေးထားတာလေ "

" ကန်နဲ့မမွေးဘူးလား "

" ကန်နဲ့ဆို သူတို့အတွက် ကူးခတ်ရတာ ကျဥ်းမှာစိုးလို့ အပင်တွေလည်း ရေဓာတ်ရအောင်ဆိုပြီး ချောင်းလေး လုပ်ထားတာ "

" အာ....အဲ့လိုကိုး ဒါနဲ့ ရေတွေကြည်ပြီး ပြာနေတာပဲ "

" သန့်စင်တယ်လေ ဒီနေရာက "

Junseoလည်း အနီးနားပတ်ဝန်းကျင်ကို လျှောက်ပတ်ကြည့်ပြီး Daeulရှင်းပြသည်များကို နားထောင်သည်။

သေချာကြည့်တော့မှ Daeulက အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ပါလားဆိုတာ Junseoသတိထားမိသည်။

" Junseo ငါမင်းကိုတစ်နေရာခေါ်သွားမယ် လိုက်ခဲ့ "

ဆိုကာ သူ့လက်ကိုလာတွဲတော့ အလိုက်သင့်လေး ပါသွားရရှာသည်။ လက်ကလေးတွေက အစ နူးညံ့နေသည်ကိုJunseoခံစားမိလိုက်သည်။

အနည်းငယ် လမ်းလျှောက်ပြီး ရောက်သွားတော့ အလွန်ကိုကြီးမားတဲ့ peachအပင်ကြီးတစ်ခု။

" ဝါး....အပင်ကအကြီးကြီးပဲ "

" အင်း ဟုတ်တယ် ငါအကြိုက်ဆုံးနေရာလေ "

" မင်းက Peachတော်တော်ကြိုက်တဲ့ပုံပဲ "

" အင်း...အခုလာ ငါတို့အပင်ပေါ်တက်ရအောင် "

အပင်ပေါ် တက်ရတော့မယ်ဆိုမှ Junseoလန့်ဖြန့်သွားမိသည်။

" နေ-နေပါဦး အပင်ပေါ်တက်ရမယ်? ငါမတက်တတ်ဘူးလေ "

" သိပါတယ် အဲ့တာကြောင့် ကျွန်တော်မျိုးက လှေကားလုပ်ပေးထားပါတယ် "

မကြာလိုက် ကြိုးလှေကားတစ်ခုကျလာသည်။ နှစ်ယောက်လုံးလည်း ထိုလှေကားဖြင့် အပင်ပေါ်တက်သွားလိုက်ကြပြီး ပင်စည်မှ ခွဲထွက်နေသော လုံးပတ်ကြီးသည့် သစ်ကိုင်းပေါ်တွင် ထိုင်လိုင်ကြသည်။

" ဝါး.....တော်တော်လှတာပဲ ဒီနေရာက အမြင့်ကနေမြင်ရလို့ဖြစ်မယ်ထင်တယ် "

Junseoတစ်ယောက် အပင်မြင့်ပေါ်ကနေ သူမြင်နေရသည့် ကမ္ဘာရဲ့ အလှတရားကို ခံစားနေရင်း Daeulမှ လှမ်းကြည့်မိသည်။

သေချာတွေးကြည့်ရင် Junseoဘဝက စိတ်မကောင်းဖွယ်အတိ။

" မင်း အခုလိုလေးပဲ ပြုံးနေတာပိုကောင်းတယ် Junseo "

" ဟင် "

" မင်းရောဂါကြောင့်နဲ့ စိတ်ညစ်နေတာထက်စာရင် အခုလိုလေး ပြုံးနေတာကောင်းတယ်လို့ "

ဆိုကာ Daeulမှ Junseoလက်များအား ဆုပ်ကိုင်ပေးလာသည်။ သို့ပေမဲ့ ရယ်ချင်စရာတစ်ခုကတော့ Daeulလက်က Junseoလက်ထက်ပိုသေးနေ၍ သူဆုပ်ကိုင်ပေးထားလို့ မရဘူးဆိုတာပင်။

" Ha Ha မင်း လက်ကလည်း သေးသေးလေး ဒါတောင်ငါ့ကို လာကိုင်ပေးချင်နေသေးတယ်ပေါ့ "

Junseoမှပဲ Daeulလက်သေးသေးလေးအား ပြန်လည် ဆုပ်ကိုင်ပေးထားရတော့သည်။

" Daeul..... "

" ပြောလေ "

" အကယ်လို့ ငါနေတဲ့နေရာကို ပြန်မသွားချင်တော့ဘူးဆိုရင်ရော မင်းဆီမှာနေလို့ရမလား "

Daeulက ပြုံးပြရင်း

" မရဘူးလေ မင်းကဒီကို နာရီပိုင်းပဲလည်ပတ်ခွင့်ရတာလို့ ပြောပြီးပြီပဲ ဘယ်လိုလုပ် ဒီမှာနေလို့ရမှာလဲ "

ခေါင်းငိုက်စိုက်ကျသွားသည့် Junseo။

အဲ့လိုကျပြန်တော့လည်း Daeulမယ် မကြည့်ရက်နိုင်။ ဒါကြောင့် Junseoပျော်သွားစေရန်အလို့ငှာ သူ့ရဲ့ စွမ်းအားတစ်ခုကို ထုတ်သုံးရတော့မည်ဟု Daeulတွေးမိသည်။

Daeulမှ မတ်တပ်ရပ်ထလိုက်ပြီး Junseoကိုလည်း ဆွဲကာ ထစေသည်။

" ဘာလုပ်မလို့လဲ "

" ခနနေ သိလိမ့်မယ် "

Junseoနဲ့ လက်တွဲထားသည်ကို ခနဖြုတ်လိုက်ပြီး အပင်သစ်ကိုင်း၏ ထိပ်စွန်းသို့ Daeulသွားလိုက်သည်။

" မင်း ပြုတ်ကျမယ်နော် Daeul သတိထား! "

Junseoလှမ်းသတိပေးသည်ကိုပင် DaeulကာJunseo ကိုမျက်နှာမူထားတာ ပြုံးပြနေလျက်။

သွားရင်းသွားရင် အပင်ကိုင်းရဲ့ အစွန်ဖျားနားကို ရောက်ရှိနေပြီမလို့ Junseoစိတ်တွေပူလာရတော့သည်။

ဒိကောင်လေး ဘာတွေလျှောက်လုပ်နေတာလဲ။ စိတ်ထဲမှ တွေးကာပူပန်နေတုန်း ရှိသေး ရုတ်တစ်ရက်ကြီး ခုန်ချလိုက်တဲ့ Daeul။

" Lee Daeul!!!!!!!"

Junseoအတော်လေးပင် ထိတ်လန့်သွားပြီး မျက်ရည်များဝဲလာရပြန်သည်။

ဒီနေရာက သူထင်ထားသလို ပျော်စရာကောင်းတဲ့ နေရာမဟုတ်နေဘူးလား။ Daeulလို နူးညံ့ပြီးချစ်ဖို့ကောင်းတဲ့ ကောင်လေး အစား သူကပဲ ခုန်ချပေးလိုက်ချင်ခဲ့တယ် ဆိုသည့် နောင်တဟာလည်းရလျက်။

" မဖြစ်ရဘူးလေ Daeul! "

Junseo မဝံ့မရဲနှင့်ပင် အပင်အောင်ကိုငုံကြည့်လိုက်တော့

" ဝါး!!! "

ရုတ်တစ်ရက်ပြန်ပေါ်လာသည့် Daeul။

Daeulပြန်ပေါ်လာသည်ကို အံ့သြလို့ မဆုံးသေးခင်မှာပဲ ပြန်ပေါ်လာသည့် ပုံကြောင့် Junseo သူ့မျက်လုံးများပင် မယုံနိုင်ဖြစ်နေရတော့သည်။

အကြောင်းကား Daeul က သစ်ကိုင်းပေါ်မှာ ရပ်နေတာ မဟုတ်ဘဲ သစ်ကိုင်းမရှိသည့် လေပေါ်တွင်သာ ရပ်နေတာကြောင့်ပင်။

" Daeul မင်း.....မင်း....ဘယ်လိုဖြစ်ပြီး "

Daeulက သူ့ရဲ့မူပိုင် အပြုံးမျက်နှာလေးဖြင့် Junseoအနား ကပ်လာကာ

" ဒါက ငါ့ရဲ့အစွမ်းလေ မင်းရောအတူတူ လိုက်ပျံကြည့် "

ဆိုကာ Junseoပင် ဘာမှပြောလိုက်ချိန်မရဘဲ လက်မောင်းရင်းမှ ဆွဲကာ အခေါ်ခံသွားရတော့သည်။

" Ya!!! Lee Daeul ငါကြောက်တယ်!!! "

ယခုအဖြစ်က Junseoမှ Daeulလက်ကို ဆွဲထားပြီး လေပေါ်တွင် တန်းလန်းကြီး ​ဖြစ်နေသည်။

" မင်း မပြုတ်ကျပါဘူး ငါ့ကိုသာယုံပြီး ငါ့လက်ကိုသာကိုင်ထားပေး "

အစကတော့ Junseoဘာမှမတုံ့ပြန်လာပေမဲ့ သူDaeulကို ယုံသည်။ ဒါကြောင့် သေချာ ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်ကာ Daeulလက်ကိုဆွဲရင်း အတူတူလိုက်ကြည့်သည်။

Junseo ခန္ဓာကိုယ်တစ်ခုလုံး ငှက်မွှေးလေးလို ပေါ့သွားသည်ကို ခံစားမိလိုက်ပြီး Daeulနှင့်အတူ အပင်တွေရဲ့ အမြင့်မှာ ပျံသန်းနေရသည့် ခံစားချက်က ဘယ်အရာနှင့်မျှ နှိုင်းလို့မရအောင် Junseo ပျော်သည်။

နှစ်ယောက်သားရဲ့ ရယ်သံလေးတွေ ပျံလွင့်လာပြီး နည်းနည်းအောက်နိမ့်ကာ ပျံသန်းတော့ စမ်းချောင်းလေးရဲ့ ဘေးနားက ပန်းပင်တွေပေါ်မှာ ပျံသန်းနေသည့် လိပ်ပြာလှလှလေးများကလည်း သူတို့နဲ့အတူ ပျော်ရွှင်ချင်၍ ထင်ပါရဲ့။ အတူတူဘေးကနေ ပျံသန်းလာသည်။

Daeulရဲ့ ကမ္ဘာက အနှံ့ကို အပေါ်စီးမှ မြင်ခဲ့ရပြီးနားသည့်အခါကျ Daeulက အမောဖြေဖို့အတွက် သူနေသည့် နေရာကို ခေါ်လာသည်။

အိမ်ဆိုပေမဲ့ သစ်ခေါင်းထဲမှာ ဆောက်လုပ်ထာူခြင်းဖြစ်ပြီး Tinkerbellတို့ ကားထဲလိုမျိုးပုံစံလေးဖြစ်သည်။

Junseo အိမ်ထဲဝင်ထိုင်တော့ Daeulက သစ်သီးခြင်းလေးပေးလာသည်။ အသီးမျိုးစုံထည့်ထားသည့် ခြင်းထဲမှာ Peachက အများဆုံးဖြစ်သည်။

" မင်းက Peachတော်တော်ကြိုက်တာပဲ "

" ဟုတ်တယ်လေ အဲ့တာကြောင့် ငါ့ကမ္ဘာနာမည်ကိုတောင် DaDa's Peachyလို့ပေးထားတာ "

Junseo အတိုင်းမသိပြုံးမိသည်။ ဒီနေရာကို စရောက်လာပြီးကတည်းက သူပြုံးနေရသည်မှာ ထို Daeulဆိုသည့် ကောင်လေးကြောင့်ပင်။

Junseoအပြုံးလေးများ ဖြစ်တည်ရာလေးပေါ့။

သစ်သီးခြင်းထဲမှ စပျစ်သီးတစ်ခိုင်ကို Junseoယူစားလိုက်သည်။ ဘယ်လိုပြောရမလဲ? သူစားဖူးသမျှ စပျစ်သီးထဲမှာ အချိုဆုံးလောက်ကိုကျသည်။ ဆေးတွေဘာတွေထည့်ထား၍ ချိုတာမျိုးမဟုတ်ဘဲ သဘာဝအတိုင်းကိုချိုနေခြင်း။

" ချိုလိုက်တာ.....ငါစားဖူးသမျှထဲအချိုဆုံးပဲ "

" မင်း ပျော်ရဲ့လား ဒီမှာ "

" မေးနေစရာလိုလို့လား မင်းတစ်ယောက်လုံး ဒီမှာရှိနေတာ ငါမပျော်ဘဲနေမလား "

Junseo ပဲ ထင်မိတာလားမသိပေမဲ့ Daeulပါးပြင်လေးနှစ်ဖက်က Peachလေးလိုပဲ ပန်းရောင်သမ်းသွားသည်။

" ဒါနဲ့လေ Daeul"

" အင်း...."

" ဒါက ဘယ်လိုမျိုး အလုပ်လုပ်တာလဲ "

"....."

" အာ...ငါမေးချင်တာ ငါကဂိမ်းစက်ကိုဆော့လိုက်လို့ အဲ့က မဲကျတဲ့အတိုင်း မင်းကမ္ဘာကို ရောက်လာတယ်ထား။ ဒါဆို ဘာကြောင့် အဲ့တာက အဲ့နားမှာရှိနေရတာလဲ အကယ်လို့ ငါမဟုတ်ဘဲ တစ်ခြား တစ်ယောက်သာ ဆော့မိရင်ရော "

Daeul ခဏတာ ဆိတ်ငြိမ်သွားသည်မလို့ Junseo သူမမေးသင့်သည့် မေးခွန်းများ မေးမိသွားပြီလားဟုတွေးမိသည်။

" အင်း......ဘယ်လိုပြောပေးရမလဲ အရာအားလုံးက သူ့အကြောင်းနဲ့သူမလို့ ကံကြမ္မာစီမံရာအတိုင်းပဲဖြစ်လာမှာပေါ့ ငါ့ကမ္ဘာကို မင်းမယုံနိုင်နေသေးဘူးဆိုတာလည်း ငါသိတယ် ဒီကမ္ဘာကထူးဆန်းတာတွေ ဘယ်လိုရှိနေလဲ ဆိုတာကတော့ မင်းသိစရာမလိုပါဘူး "

" ကောင်းပါပြီ ငါထပ်မမေးတော့ပါဘူး "

...............

သို့နှင့် ကျန်ရှိနေသည့် အချိန်ပိုင်းအတွက် Daeulနှင့် Junseoတို့ အတူတူ ပန်းပင်လေးတွေ ရေလောင်းပေးကြသည်။ ရေချောင်းလေးတွေ ထပ်ဖောက်စရာရှိတာဖောက် မောလာလျှင် အမောပြေအဖြစ် အသီးတွေ အတူတူစားကြ။ အတူတူအချိန်ကုန်ဆုံးကြသည်။

နှစ်ယောက်လုံးအတွက်တော့ တစ်ကယ့်ကို ပျော်ရွှင် ကြည်နူးဖွယ် အချိန်ပိုင်းလေး ဖြစ်ခဲ့ကြသည်။ Junseoဟာလည်း ပျော်ရွှင်နေခဲ့သလို လွတ်လပ်ပေါ့ပါးစွာနှင့် အလှပဆုံး ပြုံးရယ်နေခဲ့ပါသည်။

" ကဲ....မင်းပြန်ရတော့မဲ့ အချိန်ကျပြီ "

Daeulပြောသည့်စကားတစ်ခွန်းကြောင့် အပြုံးတွေပျောက်ကွယ်ကုန်သည့် Junseo။

" အဲ့လောက်တောင် အချိန်ကမြန်တာလား "

" ပြည့်သွားပြီ မင်းပြန်ရတော့မယ် "

"ငါ.....ငါ...မပြန်ချင်သေးဘူး "

" ဘယ်ရမလဲ Junseoကလည်း မင်းဒီကို စရောက်ကတည်းက ငါပြောပြီးပြီလေ "

" အင်းပါ နားလည်ပါပြီ ဒါဆို ငါဘယ်ကနေပြန်ရမှာလဲ "

" ငါလိုက်ပြပေးမယ် "

Daeulခေါ်ရာနောက်လိုက်သွားတော့ ဝက်သစ်ချပင်တစ်ပင်ကြီးကိုတွေ့ရသည်။

" မင်း ပြန်တော့မယ်ဆိုရင် ဒီပင်စင်ကို လက်နဲ့နှစ်ချက်လောက်ခေါက်ရုံပဲ ကျန်တာသူ့ဟာသူတက်လုပ်လိမ့်မယ် "

" ကောင်းပြီ "

" ဒါဆို....သွားတော့- "

" ခနလေး Daeul! "

Junseoမှ စကားဖြတ်ပြောလိုက်သည်။

" ဟို.....ငါမသွားခင်တစ်ခုလောက်တောင်းဆိုလို့ရမလား "

" ရတာပေါ့ ပြောလေ အာ...ဒီမှာပဲ နေလို့ရမလားလို့ တော့မေးလို့မရဘူးနော် "

" အင်းပါ သိပါတယ် ငါတောင်းဆိုချင်တာ....ဟိုဟာ....မင်းကို......ခဏလောက်.....ဖ- ဖက်ထားလို့ ရမလားလို့ "

" ဘာများလည်းလို့ ရတာပေါ့ "

ဆိုကာ Daeulမှ အရင်း Junseoကို ပြေးဖက်ကာခုန်တက်လာသည်။ အရှိန်နဲ့ဖြစ်သည်ကတစ်ကြောင်း ရုတ်တစ်ရက်မလို့ Junseoက ထိန်းမနိုင်ဖြစ်သွားကတစ်​ကြောင်းမလို့ နှစ်ယောက်သားခမျာ ဟန်ချက်ပျက်ပြီး မြက်ခင်းပြင်ပေါ် လဲကျသွားတော့သည်။

" အာ့! "

" မင်းအရမ်းနာသွားလား Junseo"

" မနာပါဘူး ရတယ် "

ဆိုကာ ထိုလှဲနေရက်သားလေးပင် Daeulအား တင်းကြပ်စွာဖက်ထားမိသည်။ တစ်စုံတစ်ယောက်ရဲ့ နွေးထွေးမှုကိုခံစားနိုင်တဲ့နေရာက သူတို့ရင်ခွင်တဲ့။

Daeulသေချာပေါက် Junseoရဲ့ နွေးထွေးမှုလေးကို ခံစားနေရပါသည်။ တင်းကြပ်စွာဖက်ထားသည့် Junseoက သူဘယ်တော့မှမပြန်ချင်တော့သည့်အတိုင်း။

" ရပြီလေ ဒီလောက်ဖက်ရင်။ မင်းပြန်ရမဲ့အချိန်ရောက်နေပြီ "

" ခဏလေး ခဏလေးပါပဲ "

မိနစ်အနည်းငယ်ကြာတော့ Daeul မထလို့မရတော့ချေပြီ။ Junseoသွားရမည့်အချိန်က အမှန်တစ်ကယ်ကို ရောက်ရှိလာပြီမလို့ပင်။

" Junseo မင်းသွားရတော့မယ်"

ဘာမှပြန်မပြောဘဲ Daeulကို ဖက်ထားရာမှာလွှတ်ပေးကာ ထလာသည်။

" သွားတော့လေ ဟိုမှာမင်းမိဘတွေစောင့်နေပြီ "

" အင်း......Daeul "

" ဟင် "

*kiss*

Junseoမှ Daeulရဲ့ ပန်းရောင်သမ်းနေသည့် ပါးလေးအား နမ်းလိုက်ခြင်းဖြစ်သည်။

" ကျေးဇူးတင်ပါတယ် ငါ့ကိုပြုံးနေစေတဲ့တစ်ခုတည်းသော အကြောင်းရင်းလေးဖြစ်ပေးလို့ "

ဆိုကာ Junseoမှ ဝက်သစ်ချပင်ရဲ့ ပင်စည်ကိုခေါက်လိုက်တော့ အလင်းတန်းများပေါ်ထွက်လာပြီး သူ့ကိုဆွဲယူသွားတော့သည်။

ပါးလေးကိုင်ကာ ကျန်ခဲ့သည့် Daeulကတော့ ပြုံးပြီး မျက်ရည်များဝဲနေလျက်။

.......................

နှစ်ရက်။

နှစ်ရက်တာ ကြာမြင့်ခဲ့ပြီးတဲ့နောက် Junseoတစ်ယောက် နိုးထလာခဲ့ပါသည်။

" ယောကျ်ားရေ! ယောကျ်ား! ဆရာဝန်ခေါ်တဲ့ခလုတ်မြန်မြန် နှိပ်! သားလေး နိုးလာပြီ!! "

မျက်စိဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် အဖြူရောင်မျက်နှာကြက်ရယ် နှာခေါင်းထဲသို့တိုးဝင်လာသည့် ပိုးသတ်ဆေးအနံ့ရယ် အမေပြောလိုက်သည့် စကားတို့ရယ်ကြောင့် Junseoသူ့ကိုယ်သူ ဆေးရုံရောက်နေမှန်း သိလေသည်။

" မေမေ....ရေ သောက်ချင်တယ် "

အမေဖြစ်သူမှ ပျာပျာသလဲဖြင့်ရေတိုက်လာသည်။

" မေမေ.....သား...peachစားချင်တယ် "

" ဟေ....အခုက ညကြီးဆိုတော့ ဝယ်ဖို့မလွယ်လောက်ဘူးလေ သားရဲ့ ရုတ်တစ်ရက်ကြီး ဘာလို့စားချင်လာပြန်တာလဲ "

အမေရဲ့ မေးခွန်းကိုပြန်ဖြေဖို့ လုပ်နေစဥ်မှာပဲ Doctorနှင့် Nurseအချို့ရောက်လာပြီး Junseoကို စစ်ဆေးစရာရှိတာများစစ်ဆေးပေးကြသည်။

" ကြီးကြီးမားမား ​ဖြစ်တာမျိုးတော့ မရှိတော့ပါဘူး လူနာက ရက်ပိုင်းလောက်နားလိုက်ရင် အဆင်ပြေပါတယ်။ သူ့ရဲ့ ဦးနှောက်နဲ့ပတ်သက်ပြီး ပြောစရာရှိတာတွေကတော့ တာဝန်ခံDoctorရောက်လာရင် ပြောပါလိမ့်မယ် "

" ဟုတ်ကဲ့ ကျေးဇူးပါ Doctor"

အဖေနှင့် အမေ ပြောပြချက်အရ Junseo လမ်းကြားထဲမှာ လဲကျနေသည်ကို ကျူရှင်ပြန်လာသည့် ကျောင်းသူလေးတစ်ယောက်က မြင်ခဲ့ပြီး ဆေးရုံကားခေါ်ခဲ့ရာမှ အခုလိုမျိုးအမည်မသိ မေ့နေသည်မှာ နှစ်ရက်ရှိသွားပြီဖြစ်သည်ဟု သိရသည်။

..............

" Daeulရော...မေမေ"

"Daeul? ဘယ်က Daeulလည်း သားရဲ့ "

" Daeulလေ ကျွန်တော့်ရဲ့ Daeul!!! Peachကမ္ဘာက Daeul! "

" ငါ့သားရယ် မင်းပြောတဲ့သူကို အမေမသိဘူး သားခဏလောက် အနားယူလိုက်ရင် ပိုအဆင်ပြေမယ် ထင်တယ် နော်...ခဏလောက်အိပ်လိုက်ဦးနော် "

အမေဖြစ်သူက ဖျောင်းဖျလာသည်ကိုပင်မရတော့ဘဲ ဆက်တိုက်ဆိုသလို Daeul ဆိုသည့် နာမည်လေးတစ်ခုအား ရွတ်နေသည်။

" မဖြစ်တော့ဘူး ကျွန်တော် Daeulဆီပြန်သွားမှ ရမယ် "

ဆိုကာ ရုတ်တစ်ရက်ထပြီး ဆေးသွင်းထားသည့် အပ်နှင့် ပိုက်အား ဆွဲဖြုတ်ကာ ထွက်ပြေးသွားသည်မှာ အမေဖြစ်သူတောင် တားချိန်မရလိုက်။

" ဟဲ့ သား Junseo! မသွားနဲ့လေ သားရဲ့!! Doctorတို့ရယ် ကျွန်မသားလေး!! "

ဆိုကာ လျှောက်လမ်းရဲ့ နေရာမှာ ထိုင်ချပြီး ရှိုက်ကြီးတစ်ငင်ငိုနေရှာသည်။

ဆေးရုံမှ ဝန်ထမ်းနှစ်ယောက်က ကားဖြင့် Junseoထွက်သွားသည့်နေရာသို့ လိုက်ကြသည်။

နောက်ဆုံး တွေ့လိုက်သည်​က Junseo မေ့လဲနေခဲ့သည့် လမ်ကြားထဲမှာပင်။

" ဂိမ်းစက်ရော! ဒီနားက ဂိမ်းစက်ရော!! ဂိမ်းစက်ရှိနေမှ ဖြစ်မယ် အဲ့တာမှ ငါDaeulကို တွေ့လို့ရမှာ!! "

ဆေးရုံအဝတ်အစားလေးနဲ့ အရူးတစ်ပိုင်းဖြစ်နေရှာသည့် ကောင်ကလေးအား ဆေးရုံဝန်ထမ်းနှစ်ဦးမှ ခေါ်ဆွဲထုတ်လာသည်ကို ပတ်ဝန်းကျင်မှ လူအများ ဝိုင်းကြည့်လာကုန်ကြသည်။

" Daeulကိုတွေ့ဖို့လိုတယ်လို့ Daeul!! "

အများသူတစ်ကာရဲ့ အမြင်မှာတော့ စိတ်ကျန်းမာရေးဆေးရုံကနေ လွတ်လာသည့် ကောင်လေးအား လိုက်ပြန်ဖမ်းနေပုံရပေမဲ့ တစ်ကယ်တမ်းက ဦးနှောက်မှာအကျိတ်ရှိ၍ မေ့လဲသွားသည့် ကောင်လေးအား ပြန်ခေါ်လာခြင်းဖြစ်သည်။

ဆေးရုံဝန်ထမ်းတွေထဲမှ တစ်ဦးက အသင့်ယူလာသည့် ဆေးအား အော်ဟစ်ရုန်းကန်နေသည့် Junseoအား ထိုးပေးလိုက်တော့ ငြိမ်ကျသွားပြီး မျက်လုံးလေးမှိတ်ကာ အိပ်ပျော်သွားရှာသည်။

ဒါတောင် သူမအိပ်ပျော်မှီ ရွတ်နေသည့် စကားလုံးလေးက တစ်စုံတစ်ယောက်ရဲ့ အမည်နာမလေး။

" Daeul " တဲ့။

...................

Daeulရဲ့ တည်ရှိမှုက အမှန်တစ်ကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် သေချာသည်တစ်ခုကတော့ Junseoက Daeulကို မြတ်နိုးမိသည်ဆိုတာပင်။

Thanks for reading🌸

Zawgyi

တနဂၤႏြေညရဲ႕ လမ္းမေပၚမွာ လူအမ်ားသြားလာလႈပ္ရွားကာ ပြဲေတာ္ႀကီးတစ္ခုအလား စည္ကားသိုက္ၿမိဳက္ေနေပမဲ့ လမ္းမေဘးရဲ႕ ပလက္ေဖာင္းေပၚမွာ ေခါင္းကိုငိုက္စိုက္က်ၿပီး သြားေနသည့္ ေကာင္ေလးတစ္ေယာက္ရဲ႕ ေလထုကေတာ့ အလြန္ပင္ တိတ္ဆိတ္လို႔ေနသည္။

လက္ထဲမွ ကိုင္လာသည့္ ေဆးစစ္ခ်က္စာ႐ြက္အား က်စ္က်စ္ပါေအာင္ဆုပ္ထားမိၿပီး လက္မခံနိုင္ျဖစ္ေနသည့္ စိတ္ေတြဟာလည္း ႀကီးစိုးထားလ်က္။

ေန႕လည္ခင္းက ေဆး႐ုံမွာ ဆရာဝန္ေျပာလိုက္သည့္ စကားလုံးေတြဟာ နားထဲမွာမၾကားခ်င္ေပမဲ့ ၾကားေယာင္ေနရသည္။

ငယ္ငယ္ကတည္းက တစ္ျခားေက်ာင္းသားေတြနဲ႕ မတူညီစြာ ဉာဏ္ေကာင္းလြန္းေနခဲ့သည္မလို႔ သူ႕ကိုယ္သူ ခ်ီးက်ဴးမိခဲ့ဖူးသည္။

ႀကီးလာ၍ ေခါင္းစတင္ကိုက္တတ္လာသည့္အခါ သြားစစ္ေဆးၾကည့္ေတာ့မွ ဦးႏွောက္ထဲအက်ိတ္တည္ေနတာကို မသိခဲ့ဘဲနဲ႕ေပါ့။

အခုခ်ိန္ေလာက္ဆို မိသားစုနဲ႕ရင္းႏွီးသည့္ ဆရာဝန္ျဖစ္သူမွ မိဘေတြကိုေျပာၿပီးေလာက္ၿပီး ျဖစ္သည္မလို႔ မၾကာခင္အခ်ိန္မွာ ဖုန္းေခၚလာရင္ေရာ သူဘယ္လိုစကားေတြ ေျပာထြက္ရပါ့မလဲ။

ေတြးေန၍ပင္ မဆုံးေသးခင္ အခ်ိန္အတြင္းမွာပဲ အိပ္ကပ္ထဲမွ ဖုန္းဟာ ထျမည္လာခဲ့သည္။

* Ring Ring *

contactကိုၾကည့္လိုက္ေတာ့ " ေမေမ" ဆိုသည့္ စာတန္းေလးကထြင္းလ်က္။ က်ဆင္းခါနီးေနသည့္ မ်က္ရည္တို႔ကို ျပန္လည္ရႈံ႕ယူလိုက္ၿပီး ေခ်ာင္းတစ္ခ်က္ဟန့္ကာ အသံျပင္လိုက္ၿပီးတဲ့ေနာက္ ဖုန္းကိုင္လိုက္သည္။

" ဟယ္လို ေမေမ "

" သား........Junseoေလး "

ဆိုကာ အေမျဖစ္သူမွ စကားေတာင္ဆက္မေျပာန္ိုင္ေတာ့ဘဲ ငိုႀကီးခ်က္မ ျဖစ္ေနသည္။

" သားေလး.....ဆရာဝန္က ေစာနကပဲဖုန္းဆက္တယ္ သားရဲ႕ သားမွာ.."

" ဟုတ္တယ္ ေမေမ သားဦးႏွောက္မွာ အက်ိတ္ရွိေနတာ အဲ့တာကိုေတာင္ သားကမသိဘဲ ဉာဏ္ေကာင္းေနလို႔ဆို ေပ်ာ္ေနခဲ့တာကို "

ရယ္ရယ္ေမာေမာေျပာလိုက္သည့္ စကားဆိုေပမဲ့ ေလသံဟာလည္းမေပ်ာ္႐ႊင္ေနခဲ့သလို အၿပဳံးတို႔ဟာလည္း မစစ္မွန္ေနခဲ့ပါ။ ထိုအစား မ်က္ရည္မ်ားသာ က်ဆင္းလာရေတာ့သည္။

ဖုန္းရဲ႕ တစ္ဖက္မွာေတာ့ အေမျဖစ္သူကိုင္ထားသည့္ ဖုန္းကို အေဖျဖစ္သူက ဆြဲယူလိုက္သည္ထင္ပါရဲ႕။

" ငါ့သား Junseo မင္းဘာမွမျဖစ္နဲ႕ ေဖေဖ ဆရာဝန္ကိုေမးၾကည့္ၿပီးၿပီ သားဟာက ကုလို႔ရေသးတယ္တဲ့ ခြဲစိတ္ရင္ရတယ္တဲ့ ငါ့သားေနျပန္ေကာင္းဖို႔ကို အေဖတို႔အတတ္နိုင္ဆုံး လုပ္ေပးမွာမလို႔ ဘာမွ အားမငယ္ေနနဲ႕ေတာ့ေနာ္ "

အားႀကိဳးမာန္တက္ေျပာေနသည့္ အေဖေၾကာင့္ Junseoအားတစ္ကယ္ရွိပါသည္။ သို႔ေသာ္ ခြဲစိတ္မည့္ကိစၥက ထိုမွ်ေျပာသေလာက္ လြယ္ကူေနမည္မဟူတ္တာကို Junseoေရာ Junseoမိဘေတြေရာ သိထားၿပီးျဖစ္ပါသည္။

" ဒါဆို....သားဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ ညေစ်းမွာမုန့္ဝင္စားလိုက္ဦးမယ္ ၿပီးရင္ အိမ္ျပန္လာခဲ့မယ္ "

" ေအးေအး ဟူတ္ၿပီကြယ္ သားစားခ်င္တာစားခဲ့ေနာ္ မုန့္ဖိုးမေလာက္ရင္ အေဖထပ္လႊဲေပးမယ္ သားလုပ္ခ်င္တာလုပ္ခဲ့ "

" ဟုတ္ကဲ့ပါ "

တီခနဲ ဖုန္းခ်လိဳက္သံရဲ႕ ေနာက္မွာေတာ့ Junseoရဲ႕ ေလးကန္သည့္ သက္ျပင္းခ်သံပါ ပါလာခဲ့သည္။

" ေျပာရမွာေတာ့ စိတ္မေကာင္းေပမဲ့ သားရဲ႕ ဦးႏွောက္က မွတ္နိုင္စြမ္းအား ေကာင္းေနတယ္ဆိုတာ သာမန္ေၾကာင့္မဟုတ္ဘူး သားရဲ႕ ဦးႏွောက္မွာ အက်ိတ္ဖုတစ္ခုရွိေနတယ္လို႔ ဓာတ္မွန္ရလဒ္မွာျပထားတယ္။ အဲ့အက်ိတ္က သားရဲ႕မွတ္နိုင္စြမ္းအားကို အေထာက္အကူျပဳလို႔ သားဉာဏ္ေကာင္းေနတာ။ သားဦးႏွောက္ဆဲလ္ ေတြကို မ်ားမ်ားအသုံးျပဳရေတာ့ ဦးႏွောက္ အျမႇေးပါးေယာင္လာၿပီး ၾကာရင္ အသက္အႏၱရာယ္ကိုပါ ထိခိုက္လာနိုင္တယ္ "

ဆရာဝန္ေျပာခဲ့သည့္စကားလုံးေတြက Junseoနားထဲမွာ တစ္ဝဲလည္လည္ျဖစ္ေနတုန္းမလို႔ မခံရပ္နိုင္စြာပဲ က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည့္ ေဆးစစ္ခ်က္စာ႐ြက္လည္း လက္ထဲမွ ျပဳတ္က်ကာ နားႏွစ္ဖက္အား လက္ျဖင့္အုပ္ထားမိသည္။

" ေတာ္ပါေတာ့.....ငါမၾကားခ်င္ေတာ့ဘူး ငါမၾကားခ်င္ေတာ့ဘူးလို႔!!! "

တစ္ေယာက္တည္း ပလက္ေဖာင္းေပၚမွာ ေအာ္ခ်ပစ္လိုက္သည့္ အခ်ိန္တြင္ေတာ့ ေဘးရွိလူမ်ားပါ အကုန္ဝိုင္းၾကည့္ကုန္လာၾကသည္။

" ဒီက ေက်ာင္းသားေလး အဆင္ေျပရဲ႕- "

အနားရွိလူတစ္ေယာက္မွ အေျခေနမဟန္သည္ကိုသိ၍ Junseoအား လာေမးေတာ့ ေမးခြန္းေတာင္မဆုံးေသးခင္အခ်ိန္မွာ ျပဳတ္က်ေနသည့္ ေဆးစစ္ခ်က္စာ႐ြက္အား အျမန္ေကာက္ယူၿပီး ထြက္ေျပးလာခဲ့လိုက္ေတာ့သည္။

ဘယ္အရပ္ဆီရယ္လို႔ မရွိပါဘဲ ေျခဦးတည့္ရာေျပးလာလိုက္တာ လူေတြနဲ႕ကင္းသည့္ လမ္းၾကားထဲသို႔ Junseoေရာက္လာခဲ့ေတာ့သည္။

ေျပးလာရ၍ ေဟာဟဲဆိုက္ေနေပမဲ့ ေမာသည့္အရွိန္ေၾကာင့္ ဆရာဝန္ရဲ႕စကားသံေတြလည္း နားထဲမွာမၾကားေယာင္ေတာ့သလို လူေတြနဲ႕လည္း ကင္းေဝးလာခဲ့ၿပီျဖစ္သည္။

အေမာေျပေတာ့မွ ၾကည့္လိုက္မိသည္က သူဒီေနရာကို တစ္ခါမွမေရာက္ဖူးဘူးဆိုတာပင္။ ဘယ္ေနရာလည္းအတိက်မသိရသည့္အေၾကာင္းရင္းက သူတစ္ခါမွမေရာက္ဖူးလို႔ပဲလား က်က္သေရတုံးတဲ့အက်ိတ္ေၾကာင့္မ်ားလား။

ဘယ္လိုပဲျဖစ္ျဖစ္ သူအခု ခဏတာအနားယူဖို႔လိုၿပီမလို႔ အနီးတစ္ဝိုက္ကို မ်က္စိကစားလိုက္ေတာ့ အခ်ိဳရည္စက္ေတြ႕လိုက္သည္။ အိပ္ကပ္ထဲက အေႂကြေစ့ကိုထုတ္လိုက္ၿပီး အခ်ိဳရည္တစ္ဘူးအား ျမန္ျမန္ဝယ္ကာေဖာက္ေသာက္လိုက္ေတာ့မွ ေနသာထိုင္သာ ရွိသြားသေယာင္။

ေဖ်ာ္ရည္စက္ေဘးနားမွာက အုတ္နံရံေပၚကိုမွီခ်ကာ ေအာက္ကဖုန္ေတြဘာေတြ မေတြးေနေတာ့ပဲ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္သည္။

ဘာျဖစ္လို႔ သူ႕ဆီမွာမွ ဒီကိစၥကလာျဖစ္ရတာလဲ။
Junseoလို စာလည္းႀကိဳးစားၿပီး မိဘေတြလိုခ်င္ေနခဲ့သည့္ ဘြဲ႕တစ္ခုကိုလည္း သူရေအာင္ႀကိဳးစားေနသည့္ အခ်ိန္က်မွ ဘာျဖစ္လို႔ ဒီလိုကိစၥကလာျဖစ္ရတာလဲ။

လက္က်န္ေဖ်ာ္ရည္ကို ေမာ့ေသာက္ေနရင္း Junseoကို အသိရသြားေစသည့္ အရာကေတာ့ ဘယ္ေလာက္ပဲ ဘဝကိုေကာင္းေကာင္းမြန္မြန္ ႀကိဳးစားၿပီး ျဖတ္သန္းလည္း မေကာင္းတဲ့ကိစၥကေတာ့ လာျဖစ္စၿမဲပဲဆိုတာပင္ ျဖစ္သည္။

ထိုစကားက မွားေနသည္ေျပာရေအာင္ စာေတြအသားကုန္ႀကိဳးစားလာခဲ့ရတာ အခုလို ဦးႏွောက္ထဲမွာ အက်ိတ္ေတြ႕ၿပီး ေသမဲ့အခ်ိန္ကို ထိုင္ေစာင့္ေနရဖို႔မွ မဟုတ္ဘဲ။

ကုန္သြားသည့္အခ်ိဳရည္ဘူးဟာ Junseoလက္ထဲမွာ ဘယ္ကတည္းက ပိန္ခ်ဳုံးေနမွန္းမသိ။ ေဖ်ာ္ရည္မဝယ္ခင္ ေခါက္ၿပီးထည့္ထားသည့္ Junseo ဂ်င္းအကၤ်ီအိတ္ေထာင္ထဲမွ ေဆးစစ္ခ်က္စာ႐ြက္ေလးဟာလည္း အတိုင္းသားပင္။

..................

အခ်ိန္အားျဖင့္ ညဆယ္နာရီ။

ဘာမွမလုပ္ဘဲ ေဖ်ာ္ရည္စက္ေဘးမွာ ညေန7နာရီေလာက္ကတည္းက ထိုင္ေနလိုက္တာ အခု10နာရီပင္ထိုးသြားၿပီျဖစ္သည္။

အိမ္ကမိဘေတြ စိတ္ပူလြန္ေနမွာစိုး၍ ျပန္ရန္ထလိုက္သည္။ လာခဲ့သည့္လမ္းအတိုင္း ျပန္လွည့္ကာ သြားမည္လုပ္ေတာ့ ျဖတ္လာခဲ့သည့္ လမ္းၾကားထဲမွ မီးလင္းလာသည္ကို သတိထားမိလိုက္သည္။

မီးလင္းလာသည္အထိကေတာ့ ရပ္ၾကည့္ေနေပမဲ့ ထိုမီးလင္းလာသည့္ ေနရာမွ သီခ်င္းသံမ်ား စတင္ၾကားလာေတာ့ Junseoသိခ်င္စိတ္မ်ား ျပင္းျပလာရသည္။

လမ္းၾကားထဲသို႔ အနည္းငယ္ဆက္ဝင္ၾကည့္ေတာ့မွ မီးေတြလင္းၿပီး သီခ်င္းထြက္လာသည့္ေနရာက အ႐ုပ္​ေကာက္စက္လို ဂိမ္းစက္တစ္ခုကပင္ ျဖစ္ေၾကာင္း သိလိုက္ရသည္။

" ဒီလမ္းၾကားထဲမွာ ဘယ္သူကဂိမ္းစက္လာထားတာလဲ "

Junseoလည္း သိခ်င္စိတ္ျဖင့္ သြားၾကည့္မိသည္။ ဂိမ္းစက္က ေတြ႕ေနက်ေတြနဲ႕ေတာ့ အနည္းငယ္ကြဲျပားေနသည္။ အထဲမွာ ေရာင္စုံေဘာလုံးေလးေတြရွိေနၿပီး ေသခ်ာၾကည့္ပါက easter eggျဖစ္ေၾကာင္းသိရသည္။ အျပင္က ခလုတ္ေတြကေတာ့ ငါးခုေလာက္ရွိသည္။

Junseoလည္း အေႂကြေစ့ တစ္ေစ့ထည့္လိုက္ၿပီး start ခလုတ္ကို ႏွိပ္လိုက္ေတာ့ အ႐ုပ္ေကာက္သည့္ လက္တံမွ စတင္ေ႐ြ႕လ်ားလာၿပီး ေရာင္စုံ easter eggေတြထဲမွ တစ္ခုကို ေကာက္ယူလာသည္။

တစ္ခုထူးျခားသည္က ဤေကာက္တဲ့စက္ရဲ႕လက္တံဟာ eggကို ခ်ဳပ္လိုက္သည္ႏွင့္ တစ္ခါတည္းပါလာျခင္းျဖစ္သည္။ ကစားကြင္းတို႔ဘာတို႔မွာ ရွိေနသလို ျပန္ျပဳတ္က်သြားတာမ်ိဳးမဟုတ္ဘဲ တစ္ခါတည္းပါလာသည္။

Junseoလည္း ကစားေနေတာ့ စိတ္ညစ္မႈမ်ားေတာင္ ခဏတာ ပေပ်ာက္သြားသေယာင္။

easter eggေလးအျပင္က်လာေတာ့ Junseoေကာက္ယူၾကည့္လိုက္သည္။ eggမွာ ေရးထားသည္က " twist and open " မလို႔ ေရးထားသလို လွည့္ဖြင့္လိုက္ေတာ့ easter eggေလး ႏွစ္ျခမ္းျဖစ္သြားၿပီး အထဲမွာ အပန္းႏုေရာင္ စာလိပ္ကေလးတစ္လိပ္ ရွိေနသည္။

စာလိပ္ကိုျဖည္ကာ ဖတ္ၾကည့္လိုက္ေတာ့

" ဂုဏ္ယူပါတယ္။သင္ Wonder Worldရဲ႕ အလည္ပတ္ခရီးစဥ္ကို သြားေရာက္နိုင္ၿပီျဖစ္ပါတယ္။ သင္က်သည့္ ကမၻာကေတာ့ DaDa's Peachy ကမၻာျဖစ္ၿပီး မၾကာခင္ အလည္ပတ္သြားနိုင္ရန္ စာ႐ြက္ေအာက္ပိုင္းတြင္ သင့္အမည္ႏွင့္ လက္မွတ္အား ေရးထိုးခဲ့ေပးပါ "

စာကိုအဆုံးထိဖတ္ၿပီးေတာ့ Junseoေၾကာင္သြားမိသည္။

" ဘာလားဟ Wonder World? DaDa's Peach? ဒါဘယ္လိုေတာင္ ထူးဆန္းတဲ့ ေနာက္ေျပာင္မႈလဲ "

Junseoလည္း အေႂကြေစ့အကုန္ခံၿပီးခါမွ အ႐ုပ္မရဘဲ ထူးထူးဆန္းဆန္းစာကိုသာ ရတာေၾကာင့္ တစ္ခ်က္ရယ္လိုက္မိသည္။ ဘယ္လိုပဲျဖစ္ျဖစ္ စာ႐ြက္ရလာၿပီဆိုမွေတာ့လည္း ဒီေနာက္ေျပာင္မႈေလး ျဖစ္ေျမာက္ေအာင္ နာမည္နဲ႕လက္မွတ္ကို အ႐ုပ္စက္ေဘးမွာ အသင့္ရွိေနသည့္ ေဘာပင္ႏွင့္ ေရးထိုးခဲ့လိုက္သည္။

ထိုသို႔လုပ္ၿပီး အိမ္ကိုျပန္လာရန္ လွည့္လိုက္ေတာ့ သူလာခဲ့တဲ့ လမ္းဟာမရွိေတာ့ေခ်။ အဆုံးမရွိေတာ့သည့္ အုတ္နံရံႀကီးတစ္ခုသာ ေပၚလာၿပီး သူဟာပိတ္မိေနသည္။

" ေစာနက လမ္းေရာ? ဘယ္ေရာက္သြားတာလဲ ငါ...ငါ...ေသခ်ာေပါက္လမ္းၾကားထဲဝင္လာခဲ့တာကို "

သူေတြးေနတုန္းမွာပဲ ရနံ႕တစ္ခုဟာ Junseoအနားသို႔ ႐ုတ္တစ္ရက္ သင္းပ်ံ့လာသည္။ အစပိုင္းေတာ့ အနည္းငယ္ပဲဆိုေပမဲ့ တစ္ျဖည္းျဖည္း အနံ႕ကပ်င္းသထက္ပ်င္းလာသည္မွာ ရနံ႕နဲ႕ေရာဂါကုထုံး ကုေနသလိုပင္။

" ဒါ....Peach ေရေမႊးအနံ႕ပဲ "

Junseo သိသြားၿပီးတဲ့ေနာက္မွာေတာ့ ဂိမ္းစက္ေလးဟာ နဂိုကထက္ အေရာင္ေတြပိုလက္လာၿပီး မ်က္လုံးေတြပါ က်ိန္းစက္လာတာမလို႔ လက္နဲ႕ကာလိုက္မိသည့္ အခ်ိန္မွာ သူလဲက်သြားခဲ့ေတာ့သည္။

....................

" ဟိတ္...Lim Junseo! ထေတာ့! Junseoေလးေရ ထေတာ့လို႔! "

Junseo သူ႕လက္ေမာင္းကို တစ္ေယာက္ေယာက္ကလာလႈပ္ကာ ႏွိုးေနသည့္အသံကို ၾကားေယာင္လာသည္။

တစ္ေျဖးေျဖးခ်င္း အားယူကာ မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့ အစက ဝါးတားတားမလို႔ ေသခ်ာမျမင္ရေပမဲ့ ေသခ်ာၾကည့္လိုက္ေတာ့ အသားျဖဴျဖဴ ဆံပင္လုံးလုံးနဲ႕ ေကာင္ေလးတစ္ေယာက္။

" နိုးလာၿပီလား Junseo "

ထိုေကာင္ေလးမွ သူ႕နာမည္ကို သိေနသည္။

" မင္း ဘယ္သူလဲ "

Junseoလွဲေနရာမွ ထထိုင္လိုက္မိေတာ့ ထိုေကာင္ေလးႏွင့္ ပိုနီးသြားသည့္အခ်ိန္မွာ ရလိုက္သည့္ Peach ေရေမႊးအနံ႕။

" ငါ ဘယ္သူလဲ မင္းမသိဘူးလား "

" မသိလို႔ ေမးေနတာေလ "

" ေအာ္ေဟာ္...မင္းကိုယ္တိုင္ပဲ ငါ့ကမၻာကိုလာဖို႔ လက္မွတ္ထိုးခဲ့ၿပီးေတာ့မ်ား ငါဘယ္သူလဲမသ္ဘူးလုပ္ေနတယ္ "

Junseoတစ္ေယာက္ ထိုေကာင္ေလးေျပာေနသည္မ်ားကို နားမလည္။

" မင္း ဘာေတြေျပာေနတာလဲ ၿပီးေတာ့ မင္းကငါ့နာမည္ကိုဘယ္လိုသိေနတာလဲ မင္းကဘာလို႔ငါ့အနားကိုေရာက္ေနတာလဲ "

ထိုျဖဴျဖဴလုံးလုံးေကာင္ေလးမွ သက္ျပင္းခ်ကာ Junseoေရွ႕ ထိုင္ခ်လိဳက္ၿပီး

" ငါဘာေတြေျပာေနတာလဲဆိုေတာ့ မင္းကိုယ္တိုင္လက္မွတ္ထိုးခဲ့တဲ့အေၾကာင္းေျပာေနတာ ။ ငါကမင္းနာမည္ဘယ္လိုသ္ရတာလဲဆိုေတာ့ မင္းကိုယ္တိုင္ နာမည္ေရးခဲ့လို႔သိေနတာ။ ငါကမင္းအနားဘယ္လိုေရာက္ေနတာလဲဆိုေတာ့ မင္းကပဲအရင္ငါ့ကမၻာကိုေရာက္လာတာေလ Lim Junseoရယ္ "

ရွင္းျပလိုက္မွပဲ ပိုရႈပ္ေနပုံရသည့္ Junseoတစ္ေယာက္ မ်က္ေမွာင္ႀကီးၾကဳတ္ကာ စဥ္းစားေနလ်က္။

" ေနပါဦး လက္မွတ္ထိုးတယ္ နာမည္ေရးခဲ့တယ္ဆိုေတာ့ ဟို....ဂိမ္းစက္?? "

" ေအးေလ အဲ့ဂိမ္းစက္က "

" မ-မျဖစ္နိုင္တာ ဘာလို႔! "

" အခုမင္းေရာက္ေနတာ Wonder World က ငါ့ရဲ႕ကမၻာမွာေလ "

ထိုေကာင္ေလးေျပာေတာ့မွ Junseoလည္း အသိကပ္ၿပီး ေဘးဘီ ပတ္ဝန္းက်င္အကဲခတ္ၾကည့္လိုက္ေတာ့ စိမ္းစိုေနေသာ အပင္ႀကီးအပင္ငယ္မ်ားႏွင့္ ျပည့္ႏွက္ေနသည့္ ေတာအုပ္ႀကီးသဖြယ္ေနရာတစ္ခုတြင္ ပန္းပင္ေလးေတြ ေရစမ္းေခ်ာင္းေလးေတြ လိပ္ျပာအေကာင္ေလးေတြနဲ႕ ေတြ႕ေနရသည္က သူျမင္ေနက် လက္ေတြ႕ကမၻာႏွင့္ လုံးဝ ကြဲျပားလ်က္ရွိေနသည္။

ဤသို႔ ထူးဆန္းသည့္ ေနရာကို သတိထားမိေတာ့မွ Junseoက အလန့္တစ္ၾကားျဖင့္ မတ္တပ္ရပ္မိသြားသည္။

" ဒါ ဘယ္ေနရာႀကီးလဲ ေစာနေလးတင္ ညဆယ္နာရီထိုးေနၿပီေလ အခုဘာလို႔ဒီမွာ ဒီေလာက္ထိလင္းထိန္ေနရတာလဲ "

Junseoကို စိတ္မရွည္ေနပုံရသည့္ ထိုေကာင္ေလးမွ

"ဒီ Wonderworldက မင္းမဲက်တဲ့ ငါ့ရဲ႕ကမၻာလို႔ ေျပာၿပီးၿပီေလ ။ ၿပီးေတာ့ လူ႕ေလာကမွာ ညဆို ဒီမွာ မနက္ပိုင္း။ "

ကိစၥေတြကို ခ်က္ခ်င္းလက္မခံနိုင္ျဖစ္ေနေသးသည့္ Junseoက ဘာတုန့္ျပန္မႈမွ မေပးဘဲ ေတြေဝေနလ်က္ရွိသည္။

တစ္ေအာင့္ေလာက္ၾကာေတာ့မွ Peachနံ႕သင္းပ်ံ့ေနသည့္ ထိုေကာင္ေလးနားသို႔သြားလိုက္ကာ ေျပာလာသည္။

" အဲ့ေတာ့ မင္းေျပာခ်င္တာ ငါကဂိမ္းစက္ကိုေဆာ့လိုက္ေတာ့ easter eggထဲက မဲက်တဲ့ မင္းရဲ႕ ကမၻာကိုေရာက္လာတယ္ေပါ့ "

ထိုေကာင္ေလးမွ အသာေလး ေခါင္းၿငိမ့္ျပလာသည္။

" ဒါအိပ္မက္ မက္ေနတာေတာ့ မဟုတ္ဘူးမလား"

" မဟုတ္ပါဘူး ဘာလဲ မင္းက မင္းေရာဂါေၾကာင့္ နဲ႕ေသသြားၿပီး နတ္ျပည္ေရာက္လာတယ္မ်ားထင္ေနတာလား "

" အင္း....အဲ့လိုလည္းေတြးမိလိုက္ေသး- ေနပါဦး...ငါ့မွာ ေရာဂါရွိေနတာ မင္းဘယ္လိုလုပ္သိလဲ "

Junseoအေမးကို ထိုေကာင္ေလးက ခ်က္ခ်င္းမေျဖေသးဘဲ ခဏေလာက္ ဟိုဟိုဒီဒီ ေလွ်ာက္လိုက္ၿပီးမွ

" ငါက ငါ့ဆီေရာက္လာမဲ့ လူေတြရဲ႕ အေၾကာင္းကို အကုန္သိထားရတယ္။ မင္းနာမည္ မင္းမိသားစုဝင္ေတြ မင္းဆီမွာ ျဖစ္ပ်က္ေနတဲ့ ျပႆနာေတြ။ "

" ဒါဆို....ဒါကဘယ္လိုေနရာလဲ မင္းကေရာ လူမဟုတ္ဘူးလား "

ထိုေကာင္ေလးမွ Junseoကို ေက်ာေပး ေလွ်ာက္ေနရင္း ျပန္လွည့္လာကာ

" ဒီေနရာက မင္းတို႔ေနဖူးတဲ့ ေနရာထက္ပိုၿပီးဆန္းက်ယ္တဲ့ေနရာ ၿပီးေတာ့....ငါက ဒီေနရာရဲ႕ ပိုင္ရွင္ Lee Daeul လို႔ေခၚတယ္ "

" ဟုတ္ပါၿပီ Daeul ။ ငါဘယ္လိုလုပ္ရင္ ငါေနခဲ့တဲ့ေနရာကို ျပန္သြားလို႔ရနိုင္မလဲ "

Junseoေမးေတာ့ Daeulက တစ္ခ်က္ရယ္ရင္း

" စိတ္ခ်ပါ မင္းကိုဒီမွာ တစ္သက္လုံးမေခၚထားပါဘူး ေခၚထားလို႔လည္း မရဘူး။ 24နာရီ ပဲေခၚထားခြင့္ရွိတာ မင္းရဲ႕လည္ပတ္ခ်ိန္က အဲ့ေလာက္ပဲ။ ဒါေပမဲ့ တစ္ခုရွိတာ ဒီမွာ 12နာရီဆို မင္းတို႔လူ႕ေလာကရဲ႕ တစ္ရက္တာနဲ႕ညီမွ်တယ္ "

Junseoလည္း သေဘာေပါက္ေၾကာင္းေျပာၿပီး ျဖစ္ေနသည့္ ကိစၥေတြကို အျမန္လက္ခံလိုက္ပါသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေနရာအသစ္တစ္ခုမွာ လည္ပတ္ရမွာဆိုေတာ့လည္း အရႈံးေတာ့မရွိပါဘူးေလ။

" ဒါဆို ငါတို႔ ဘယ္ကိုအရင္စသြားရမွာလဲ "

................

Daeul ရဲ႕ ကမၻာမွာ ပထမဆုံး အလည္အပတ္ကေတာ့ ေဘးပတ္ဝန္းက်င္ကို လိုက္စူးစမ္းၾကည့္တာပါပဲ။

အပင္ႀကီးေတြ အပင္ငယ္ေလးေတြ ပန္းပင္ေလးေတြနဲ႕ ျပည့္ႏွက္ေနသည္မလို႔ လုံေလာက္တဲ့ေအာက္ဆီဂ်င္ေကာင္းေကာင္းကလည္း Junseoစိတ္ကို ႐ႊင္လန္းေစဖို႔ အေထာက္အကူျပဳပါသည္။

အပင္ေတြၾကားထဲမွာ စမ္းေခ်ာင္းငယ္ေလးေတြ႕ေတာ့ အေျပးသြားၾကည့္မိသည္။ Daeulကလည္း သူနဲ႕အတူပါလာသည္။

" ဒီမွာ ေ႐ႊငါးေလးေတြပဲ "

" ဟုတ္တယ္ ငါေမြးထားတာေလ "

" ကန္နဲ႕မေမြးဘူးလား "

" ကန္နဲ႕ဆို သူတို႔အတြက္ ကူးခတ္ရတာ က်ဥ္းမွာစိုးလို႔ အပင္ေတြလည္း ေရဓာတ္ရေအာင္ဆိုၿပီး ေခ်ာင္းေလး လုပ္ထားတာ "

" အာ....အဲ့လိုကိုး ဒါနဲ႕ ေရေတြၾကည္ၿပီး ျပာေနတာပဲ "

" သန့္စင္တယ္ေလ ဒီေနရာက "

Junseoလည္း အနီးနားပတ္ဝန္းက်င္ကို ေလွ်ာက္ပတ္ၾကည့္ၿပီး Daeulရွင္းျပသည္မ်ားကို နားေထာင္သည္။

ေသခ်ာၾကည့္ေတာ့မွ Daeulက အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ပါလားဆိုတာ Junseoသတိထားမိသည္။

" Junseo ငါမင္းကိုတစ္ေနရာေခၚသြားမယ္ လိုက္ခဲ့ "

ဆိုကာ သူ႕လက္ကိုလာတြဲေတာ့ အလိုက္သင့္ေလး ပါသြားရရွာသည္။ လက္ကေလးေတြက အစ ႏူးညံ့ေနသည္ကိုJunseoခံစားမိလိုက္သည္။

အနည္းငယ္ လမ္းေလွ်ာက္ၿပီး ေရာက္သြားေတာ့ အလြန္ကိုႀကီးမားတဲ့ peachအပင္ႀကီးတစ္ခု။

" ဝါး....အပင္ကအႀကီးႀကီးပဲ "

" အင္း ဟုတ္တယ္ ငါအႀကိဳက္ဆုံးေနရာေလ "

" မင္းက Peachေတာ္ေတာ္ႀကိဳက္တဲ့ပုံပဲ "

" အင္း...အခုလာ ငါတို႔အပင္ေပၚတက္ရေအာင္ "

အပင္ေပၚ တက္ရေတာ့မယ္ဆိုမွ Junseoလန့္ျဖန့္သြားမိသည္။

" ေန-ေနပါဦး အပင္ေပၚတက္ရမယ္? ငါမတက္တတ္ဘူးေလ "

" သိပါတယ္ အဲ့တာေၾကာင့္ ကြၽန္ေတာ္မ်ိဳးက ေလွကားလုပ္ေပးထားပါတယ္ "

မၾကာလိုက္ ႀကိဳးေလွကားတစ္ခုက်လာသည္။ ႏွစ္ေယာက္လုံးလည္း ထိုေလွကားျဖင့္ အပင္ေပၚတက္သြားလိုက္ၾကၿပီး ပင္စည္မွ ခြဲထြက္ေနေသာ လုံးပတ္ႀကီးသည့္ သစ္ကိုင္းေပၚတြင္ ထိုင္လိုင္ၾကသည္။

" ဝါး.....ေတာ္ေတာ္လွတာပဲ ဒီေနရာက အျမင့္ကေနျမင္ရလို႔ျဖစ္မယ္ထင္တယ္ "

Junseoတစ္ေယာက္ အပင္ျမင့္ေပၚကေန သူျမင္ေနရသည့္ ကမၻာရဲ႕ အလွတရားကို ခံစားေနရင္း Daeulမွ လွမ္းၾကည့္မိသည္။

ေသခ်ာေတြးၾကည့္ရင္ Junseoဘဝက စိတ္မေကာင္းဖြယ္အတိ။

" မင္း အခုလိုေလးပဲ ၿပဳံးေနတာပိုေကာင္းတယ္ Junseo "

" ဟင္ "

" မင္းေရာဂါေၾကာင့္နဲ႕ စိတ္ညစ္ေနတာထက္စာရင္ အခုလိုေလး ၿပဳံးေနတာေကာင္းတယ္လို႔ "

ဆိုကာ Daeulမွ Junseoလက္မ်ားအား ဆုပ္ကိုင္ေပးလာသည္။ သို႔ေပမဲ့ ရယ္ခ်င္စရာတစ္ခုကေတာ့ Daeulလက္က Junseoလက္ထက္ပိုေသးေန၍ သူဆုပ္ကိုင္ေပးထားလို႔ မရဘူးဆိုတာပင္။

" Ha Ha မင္း လက္ကလည္း ေသးေသးေလး ဒါေတာင္ငါ့ကို လာကိုင္ေပးခ်င္ေနေသးတယ္ေပါ့ "

Junseoမွပဲ Daeulလက္ေသးေသးေလးအား ျပန္လည္ ဆုပ္ကိုင္ေပးထားရေတာ့သည္။

" Daeul..... "

" ေျပာေလ "

" အကယ္လို႔ ငါေနတဲ့ေနရာကို ျပန္မသြားခ်င္ေတာ့ဘူးဆိုရင္ေရာ မင္းဆီမွာေနလို႔ရမလား "

Daeulက ၿပဳံးျပရင္း

" မရဘူးေလ မင္းကဒီကို နာရီပိုင္းပဲလည္ပတ္ခြင့္ရတာလို႔ ေျပာၿပီးၿပီပဲ ဘယ္လိုလုပ္ ဒီမွာေနလို႔ရမွာလဲ "

ေခါင္းငိုက္စိုက္က်သြားသည့္ Junseo။

အဲ့လိုက်ျပန္ေတာ့လည္း Daeulမယ္ မၾကည့္ရက္နိုင္။ ဒါေၾကာင့္ Junseoေပ်ာ္သြားေစရန္အလို႔ငွာ သူ႕ရဲ႕ စြမ္းအားတစ္ခုကို ထုတ္သုံးရေတာ့မည္ဟု Daeulေတြးမိသည္။

Daeulမွ မတ္တပ္ရပ္ထလိုက္ၿပီး Junseoကိုလည္း ဆြဲကာ ထေစသည္။

" ဘာလုပ္မလို႔လဲ "

" ခနေန သိလိမ့္မယ္ "

Junseoနဲ႕ လက္တြဲထားသည္ကို ခနျဖဳတ္လိုက္ၿပီး အပင္သစ္ကိုင္း၏ ထိပ္စြန္းသို႔ Daeulသြားလိုက္သည္။

" မင္း ျပဳတ္က်မယ္ေနာ္ Daeul သတိထား! "

Junseoလွမ္းသတိေပးသည္ကိုပင္ DaeulကာJunseo ကိုမ်က္ႏွာမူထားတာ ၿပဳံးျပေနလ်က္။

သြားရင္းသြားရင္ အပင္ကိုင္းရဲ႕ အစြန္ဖ်ားနားကို ေရာက္ရွိေနၿပီမလို႔ Junseoစိတ္ေတြပူလာရေတာ့သည္။

ဒိေကာင္ေလး ဘာေတြေလွ်ာက္လုပ္ေနတာလဲ။ စိတ္ထဲမွ ေတြးကာပူပန္ေနတုန္း ရွိေသး ႐ုတ္တစ္ရက္ႀကီး ခုန္ခ်လိဳက္တဲ့ Daeul။

" Lee Daeul!!!!!!!"

Junseoအေတာ္ေလးပင္ ထိတ္လန့္သြားၿပီး မ်က္ရည္မ်ားဝဲလာရျပန္သည္။

ဒီေနရာက သူထင္ထားသလို ေပ်ာ္စရာေကာင္းတဲ့ ေနရာမဟုတ္ေနဘူးလား။ Daeulလို ႏူးညံ့ၿပီးခ်စ္ဖို႔ေကာင္းတဲ့ ေကာင္ေလး အစား သူကပဲ ခုန္ခ်ေပးလိုက္ခ်င္ခဲ့တယ္ ဆိုသည့္ ေနာင္တဟာလည္းရလ်က္။

" မျဖစ္ရဘူးေလ Daeul! "

Junseo မဝံ့မရဲႏွင့္ပင္ အပင္ေအာင္ကိုငုံၾကည့္လိုက္ေတာ့

" ဝါး!!! "

႐ုတ္တစ္ရက္ျပန္ေပၚလာသည့္ Daeul။

Daeulျပန္ေပၚလာသည္ကို အံ့ၾသလို႔ မဆုံးေသးခင္မွာပဲ ျပန္ေပၚလာသည့္ ပုံေၾကာင့္ Junseo သူ႕မ်က္လုံးမ်ားပင္ မယုံနိုင္ျဖစ္ေနရေတာ့သည္။

အေၾကာင္းကား Daeul က သစ္ကိုင္းေပၚမွာ ရပ္ေနတာ မဟုတ္ဘဲ သစ္ကိုင္းမရွိသည့္ ေလေပၚတြင္သာ ရပ္ေနတာေၾကာင့္ပင္။

" Daeul မင္း.....မင္း....ဘယ္လိုျဖစ္ၿပီး "

Daeulက သူ႕ရဲ႕မူပိုင္ အၿပဳံးမ်က္ႏွာေလးျဖင့္ Junseoအနား ကပ္လာကာ

" ဒါက ငါ့ရဲ႕အစြမ္းေလ မင္းေရာအတူတူ လိုက္ပ်ံၾကည့္ "

ဆိုကာ Junseoပင္ ဘာမွေျပာလိုက္ခ်ိန္မရဘဲ လက္ေမာင္းရင္းမွ ဆြဲကာ အေခၚခံသြားရေတာ့သည္။

" Ya!!! Lee Daeul ငါေၾကာက္တယ္!!! "

ယခုအျဖစ္က Junseoမွ Daeulလက္ကို ဆြဲထားၿပီး ေလေပၚတြင္ တန္းလန္းႀကီး ​ျဖစ္ေနသည္။

" မင္း မျပဳတ္က်ပါဘူး ငါ့ကိုသာယုံၿပီး ငါ့လက္ကိုသာကိုင္ထားေပး "

အစကေတာ့ Junseoဘာမွမတုံ႕ျပန္လာေပမဲ့ သူDaeulကို ယုံသည္။ ဒါေၾကာင့္ ေသခ်ာ ခႏၶာကိုယ္ကို ျပန္ထိန္းလိုက္ကာ Daeulလက္ကိုဆြဲရင္း အတူတူလိုက္ၾကည့္သည္။

Junseo ခႏၶာကိုယ္တစ္ခုလုံး ငွက္ေမႊးေလးလို ေပါ့သြားသည္ကို ခံစားမိလိုက္ၿပီး Daeulႏွင့္အတူ အပင္ေတြရဲ႕ အျမင့္မွာ ပ်ံသန္းေနရသည့္ ခံစားခ်က္က ဘယ္အရာႏွင့္မွ် ႏွိုင္းလို႔မရေအာင္ Junseo ေပ်ာ္သည္။

ႏွစ္ေယာက္သားရဲ႕ ရယ္သံေလးေတြ ပ်ံလြင့္လာၿပီး နည္းနည္းေအာက္နိမ့္ကာ ပ်ံသန္းေတာ့ စမ္းေခ်ာင္းေလးရဲ႕ ေဘးနားက ပန္းပင္ေတြေပၚမွာ ပ်ံသန္းေနသည့္ လိပ္ျပာလွလွေလးမ်ားကလည္း သူတို႔နဲ႕အတူ ေပ်ာ္႐ႊင္ခ်င္၍ ထင္ပါရဲ႕။ အတူတူေဘးကေန ပ်ံသန္းလာသည္။

Daeulရဲ႕ ကမၻာက အႏွံ႕ကို အေပၚစီးမွ ျမင္ခဲ့ရၿပီးနားသည့္အခါက် Daeulက အေမာေျဖဖို႔အတြက္ သူေနသည့္ ေနရာကို ေခၚလာသည္။

အိမ္ဆိုေပမဲ့ သစ္ေခါင္းထဲမွာ ေဆာက္လုပ္ထာူျခင္းျဖစ္ၿပီး Tinkerbellတို႔ ကားထဲလိုမ်ိဳးပုံစံေလးျဖစ္သည္။

Junseo အိမ္ထဲဝင္ထိုင္ေတာ့ Daeulက သစ္သီးျခင္းေလးေပးလာသည္။ အသီးမ်ိဳးစုံထည့္ထားသည့္ ျခင္းထဲမွာ Peachက အမ်ားဆုံးျဖစ္သည္။

" မင္းက Peachေတာ္ေတာ္ႀကိဳက္တာပဲ "

" ဟုတ္တယ္ေလ အဲ့တာေၾကာင့္ ငါ့ကမၻာနာမည္ကိုေတာင္ DaDa's Peachyလို႔ေပးထားတာ "

Junseo အတိုင္းမသိၿပဳံးမိသည္။ ဒီေနရာကို စေရာက္လာၿပီးကတည္းက သူၿပဳံးေနရသည္မွာ ထို Daeulဆိုသည့္ ေကာင္ေလးေၾကာင့္ပင္။

Junseoအၿပဳံးေလးမ်ား ျဖစ္တည္ရာေလးေပါ့။

သစ္သီးျခင္းထဲမွ စပ်စ္သီးတစ္ခိုင္ကို Junseoယူစားလိုက္သည္။ ဘယ္လိုေျပာရမလဲ? သူစားဖူးသမွ် စပ်စ္သီးထဲမွာ အခ်ိဳဆုံးေလာက္ကိုက်သည္။ ေဆးေတြဘာေတြထည့္ထား၍ ခ်ိဳတာမ်ိဳးမဟုတ္ဘဲ သဘာဝအတိုင္းကိုခ်ိဳေနျခင္း။

" ခ်ိဳလိုက္တာ.....ငါစားဖူးသမွ်ထဲအခ်ိဳဆုံးပဲ "

" မင္း ေပ်ာ္ရဲ႕လား ဒီမွာ "

" ေမးေနစရာလိုလို႔လား မင္းတစ္ေယာက္လုံး ဒီမွာရွိေနတာ ငါမေပ်ာ္ဘဲေနမလား "

Junseo ပဲ ထင္မိတာလားမသိေပမဲ့ Daeulပါးျပင္ေလးႏွစ္ဖက္က Peachေလးလိုပဲ ပန္းေရာင္သမ္းသြားသည္။

" ဒါနဲ႕ေလ Daeul"

" အင္း...."

" ဒါက ဘယ္လိုမ်ိဳး အလုပ္လုပ္တာလဲ "

"....."

" အာ...ငါေမးခ်င္တာ ငါကဂိမ္းစက္ကိုေဆာ့လိုက္လို႔ အဲ့က မဲက်တဲ့အတိုင္း မင္းကမၻာကို ေရာက္လာတယ္ထား။ ဒါဆို ဘာေၾကာင့္ အဲ့တာက အဲ့နားမွာရွိေနရတာလဲ အကယ္လို႔ ငါမဟုတ္ဘဲ တစ္ျခား တစ္ေယာက္သာ ေဆာ့မိရင္ေရာ "

Daeul ခဏတာ ဆိတ္ၿငိမ္သြားသည္မလို႔ Junseo သူမေမးသင့္သည့္ ေမးခြန္းမ်ား ေမးမိသြားၿပီလားဟုေတြးမိသည္။

" အင္း......ဘယ္လိုေျပာေပးရမလဲ အရာအားလုံးက သူ႕အေၾကာင္းနဲ႕သူမလို႔ ကံၾကမၼာစီမံရာအတိုင္းပဲျဖစ္လာမွာေပါ့ ငါ့ကမၻာကို မင္းမယုံနိုင္ေနေသးဘူးဆိုတာလည္း ငါသိတယ္ ဒီကမၻာကထူးဆန္းတာေတြ ဘယ္လိုရွိေနလဲ ဆိုတာကေတာ့ မင္းသိစရာမလိုပါဘူး "

" ေကာင္းပါၿပီ ငါထပ္မေမးေတာ့ပါဘူး "

...............

သို႔ႏွင့္ က်န္ရွိေနသည့္ အခ်ိန္ပိုင္းအတြက္ Daeulႏွင့္ Junseoတို႔ အတူတူ ပန္းပင္ေလးေတြ ေရေလာင္းေပးၾကသည္။ ေရေခ်ာင္းေလးေတြ ထပ္ေဖာက္စရာရွိတာေဖာက္ ေမာလာလွ်င္ အေမာေျပအျဖစ္ အသီးေတြ အတူတူစားၾက။ အတူတူအခ်ိန္ကုန္ဆုံးၾကသည္။

ႏွစ္ေယာက္လုံးအတြက္ေတာ့ တစ္ကယ့္ကို ေပ်ာ္႐ႊင္ ၾကည္ႏူးဖြယ္ အခ်ိန္ပိုင္းေလး ျဖစ္ခဲ့ၾကသည္။ Junseoဟာလည္း ေပ်ာ္႐ႊင္ေနခဲ့သလို လြတ္လပ္ေပါ့ပါးစြာႏွင့္ အလွပဆုံး ၿပဳံးရယ္ေနခဲ့ပါသည္။

" ကဲ....မင္းျပန္ရေတာ့မဲ့ အခ်ိန္က်ၿပီ "

Daeulေျပာသည့္စကားတစ္ခြန္းေၾကာင့္ အၿပဳံးေတြေပ်ာက္ကြယ္ကုန္သည့္ Junseo။

" အဲ့ေလာက္ေတာင္ အခ်ိန္ကျမန္တာလား "

" ျပည့္သြားၿပီ မင္းျပန္ရေတာ့မယ္ "

"ငါ.....ငါ...မျပန္ခ်င္ေသးဘူး "

" ဘယ္ရမလဲ Junseoကလည္း မင္းဒီကို စေရာက္ကတည္းက ငါေျပာၿပီးၿပီေလ "

" အင္းပါ နားလည္ပါၿပီ ဒါဆို ငါဘယ္ကေနျပန္ရမွာလဲ "

" ငါလိုက္ျပေပးမယ္ "

Daeulေခၚရာေနာက္လိုက္သြားေတာ့ ဝက္သစ္ခ်ပင္တစ္ပင္ႀကီးကိုေတြ႕ရသည္။

" မင္း ျပန္ေတာ့မယ္ဆိုရင္ ဒီပင္စင္ကို လက္နဲ႕ႏွစ္ခ်က္ေလာက္ေခါက္႐ုံပဲ က်န္တာသူ႕ဟာသူတက္လုပ္လိမ့္မယ္ "

" ေကာင္းၿပီ "

" ဒါဆို....သြားေတာ့- "

" ခနေလး Daeul! "

Junseoမွ စကားျဖတ္ေျပာလိုက္သည္။

" ဟို.....ငါမသြားခင္တစ္ခုေလာက္ေတာင္းဆိုလို႔ရမလား "

" ရတာေပါ့ ေျပာေလ အာ...ဒီမွာပဲ ေနလို႔ရမလားလို႔ ေတာ့ေမးလို႔မရဘူးေနာ္ "

" အင္းပါ သိပါတယ္ ငါေတာင္းဆိုခ်င္တာ....ဟိုဟာ....မင္းကို......ခဏေလာက္.....ဖ- ဖက္ထားလို႔ ရမလားလို႔ "

" ဘာမ်ားလည္းလို႔ ရတာေပါ့ "

ဆိုကာ Daeulမွ အရင္း Junseoကို ေျပးဖက္ကာခုန္တက္လာသည္။ အရွိန္နဲ႕ျဖစ္သည္ကတစ္ေၾကာင္း ႐ုတ္တစ္ရက္မလို႔ Junseoက ထိန္းမနိုင္ျဖစ္သြားကတစ္​ေၾကာင္းမလို႔ ႏွစ္ေယာက္သားခမ်ာ ဟန္ခ်က္ပ်က္ၿပီး ျမက္ခင္းျပင္ေပၚ လဲက်သြားေတာ့သည္။

" အာ့! "

" မင္းအရမ္းနာသြားလား Junseo"

" မနာပါဘူး ရတယ္ "

ဆိုကာ ထိုလွဲေနရက္သားေလးပင္ Daeulအား တင္းၾကပ္စြာဖက္ထားမိသည္။ တစ္စုံတစ္ေယာက္ရဲ႕ ႏြေးေထြးမႈကိုခံစားနိုင္တဲ့ေနရာက သူတို႔ရင္ခြင္တဲ့။

Daeulေသခ်ာေပါက္ Junseoရဲ႕ ႏြေးေထြးမႈေလးကို ခံစားေနရပါသည္။ တင္းၾကပ္စြာဖက္ထားသည့္ Junseoက သူဘယ္ေတာ့မွမျပန္ခ်င္ေတာ့သည့္အတိုင္း။

" ရၿပီေလ ဒီေလာက္ဖက္ရင္။ မင္းျပန္ရမဲ့အခ်ိန္ေရာက္ေနၿပီ "

" ခဏေလး ခဏေလးပါပဲ "

မိနစ္အနည္းငယ္ၾကာေတာ့ Daeul မထလို႔မရေတာ့ေခ်ၿပီ။ Junseoသြားရမည့္အခ်ိန္က အမွန္တစ္ကယ္ကို ေရာက္ရွိလာၿပီမလို႔ပင္။

" Junseo မင္းသြားရေတာ့မယ္"

ဘာမွျပန္မေျပာဘဲ Daeulကို ဖက္ထားရာမွာလႊတ္ေပးကာ ထလာသည္။

" သြားေတာ့ေလ ဟိုမွာမင္းမိဘေတြေစာင့္ေနၿပီ "

" အင္း......Daeul "

" ဟင္ "

*kiss*

Junseoမွ Daeulရဲ႕ ပန္းေရာင္သမ္းေနသည့္ ပါးေလးအား နမ္းလိုက္ျခင္းျဖစ္သည္။

" ေက်းဇူးတင္ပါတယ္ ငါ့ကိုၿပဳံးေနေစတဲ့တစ္ခုတည္းေသာ အေၾကာင္းရင္းေလးျဖစ္ေပးလို႔ "

ဆိုကာ Junseoမွ ဝက္သစ္ခ်ပင္ရဲ႕ ပင္စည္ကိုေခါက္လိုက္ေတာ့ အလင္းတန္းမ်ားေပၚထြက္လာၿပီး သူ႕ကိုဆြဲယူသြားေတာ့သည္။

ပါးေလးကိုင္ကာ က်န္ခဲ့သည့္ Daeulကေတာ့ ၿပဳံးၿပီး မ်က္ရည္မ်ားဝဲေနလ်က္။

.......................

ႏွစ္ရက္။

ႏွစ္ရက္တာ ၾကာျမင့္ခဲ့ၿပီးတဲ့ေနာက္ Junseoတစ္ေယာက္ နိုးထလာခဲ့ပါသည္။

" ေယာက်္ားေရ! ေယာက်္ား! ဆရာဝန္ေခၚတဲ့ခလုတ္ျမန္ျမန္ ႏွိပ္! သားေလး နိုးလာၿပီ!! "

မ်က္စိဖြင့္ဖြင့္ခ်င္းျမင္လိုက္ရသည့္ အျဖဴေရာင္မ်က္ႏွာၾကက္ရယ္ ႏွာေခါင္းထဲသို႔တိုးဝင္လာသည့္ ပိုးသတ္ေဆးအနံ႕ရယ္ အေမေျပာလိုက္သည့္ စကားတို႔ရယ္ေၾကာင့္ Junseoသူ႕ကိုယ္သူ ေဆး႐ုံေရာက္ေနမွန္း သိေလသည္။

" ေမေမ....ေရ ေသာက္ခ်င္တယ္ "

အေမျဖစ္သူမွ ပ်ာပ်ာသလဲျဖင့္ေရတိုက္လာသည္။

" ေမေမ.....သား...peachစားခ်င္တယ္ "

" ေဟ....အခုက ညႀကီးဆိုေတာ့ ဝယ္ဖို႔မလြယ္ေလာက္ဘူးေလ သားရဲ႕ ႐ုတ္တစ္ရက္ႀကီး ဘာလို႔စားခ်င္လာျပန္တာလဲ "

အေမရဲ႕ ေမးခြန္းကိုျပန္ေျဖဖို႔ လုပ္ေနစဥ္မွာပဲ Doctorႏွင့္ Nurseအခ်ိဳ႕ေရာက္လာၿပီး Junseoကို စစ္ေဆးစရာရွိတာမ်ားစစ္ေဆးေပးၾကသည္။

" ႀကီးႀကီးမားမား ​ျဖစ္တာမ်ိဳးေတာ့ မရွိေတာ့ပါဘူး လူနာက ရက္ပိုင္းေလာက္နားလိုက္ရင္ အဆင္ေျပပါတယ္။ သူ႕ရဲ႕ ဦးႏွောက္နဲ႕ပတ္သက္ၿပီး ေျပာစရာရွိတာေတြကေတာ့ တာဝန္ခံDoctorေရာက္လာရင္ ေျပာပါလိမ့္မယ္ "

" ဟုတ္ကဲ့ ေက်းဇူးပါ Doctor"

အေဖႏွင့္ အေမ ေျပာျပခ်က္အရ Junseo လမ္းၾကားထဲမွာ လဲက်ေနသည္ကို က်ဴရွင္ျပန္လာသည့္ ေက်ာင္းသူေလးတစ္ေယာက္က ျမင္ခဲ့ၿပီး ေဆး႐ုံကားေခၚခဲ့ရာမွ အခုလိုမ်ိဳးအမည္မသိ ေမ့ေနသည္မွာ ႏွစ္ရက္ရွိသြားၿပီျဖစ္သည္ဟု သိရသည္။

..............

" Daeulေရာ...ေမေမ"

"Daeul? ဘယ္က Daeulလည္း သားရဲ႕ "

" Daeulေလ ကြၽန္ေတာ့္ရဲ႕ Daeul!!! Peachကမၻာက Daeul! "

" ငါ့သားရယ္ မင္းေျပာတဲ့သူကို အေမမသိဘူး သားခဏေလာက္ အနားယူလိုက္ရင္ ပိုအဆင္ေျပမယ္ ထင္တယ္ ေနာ္...ခဏေလာက္အိပ္လိုက္ဦးေနာ္ "

အေမျဖစ္သူက ေဖ်ာင္းဖ်လာသည္ကိုပင္မရေတာ့ဘဲ ဆက္တိုက္ဆိုသလို Daeul ဆိုသည့္ နာမည္ေလးတစ္ခုအား ႐ြတ္ေနသည္။

" မျဖစ္ေတာ့ဘူး ကြၽန္ေတာ္ Daeulဆီျပန္သြားမွ ရမယ္ "

ဆိုကာ ႐ုတ္တစ္ရက္ထၿပီး ေဆးသြင္းထားသည့္ အပ္ႏွင့္ ပိုက္အား ဆြဲျဖဳတ္ကာ ထြက္ေျပးသြားသည္မွာ အေမျဖစ္သူေတာင္ တားခ်ိန္မရလိုက္။

" ဟဲ့ သား Junseo! မသြားနဲ႕ေလ သားရဲ႕!! Doctorတို႔ရယ္ ကြၽန္မသားေလး!! "

ဆိုကာ ေလွ်ာက္လမ္းရဲ႕ ေနရာမွာ ထိုင္ခ်ၿပီး ရွိုက္ႀကီးတစ္ငင္ငိုေနရွာသည္။

ေဆး႐ုံမွ ဝန္ထမ္းႏွစ္ေယာက္က ကားျဖင့္ Junseoထြက္သြားသည့္ေနရာသို႔ လိုက္ၾကသည္။

ေနာက္ဆုံး ေတြ႕လိုက္သည္​က Junseo ေမ့လဲေနခဲ့သည့္ လမ္ၾကားထဲမွာပင္။

" ဂိမ္းစက္ေရာ! ဒီနားက ဂိမ္းစက္ေရာ!! ဂိမ္းစက္ရွိေနမွ ျဖစ္မယ္ အဲ့တာမွ ငါDaeulကို ေတြ႕လို႔ရမွာ!! "

ေဆး႐ုံအဝတ္အစားေလးနဲ႕ အ႐ူးတစ္ပိုင္းျဖစ္ေနရွာသည့္ ေကာင္ကေလးအား ေဆး႐ုံဝန္ထမ္းႏွစ္ဦးမွ ေခၚဆြဲထုတ္လာသည္ကို ပတ္ဝန္းက်င္မွ လူအမ်ား ဝိုင္းၾကည့္လာကုန္ၾကသည္။

" Daeulကိုေတြ႕ဖို႔လိုတယ္လို႔ Daeul!! "

အမ်ားသူတစ္ကာရဲ႕ အျမင္မွာေတာ့ စိတ္က်န္းမာေရးေဆး႐ုံကေန လြတ္လာသည့္ ေကာင္ေလးအား လိုက္ျပန္ဖမ္းေနပုံရေပမဲ့ တစ္ကယ္တမ္းက ဦးႏွောက္မွာအက်ိတ္ရွိ၍ ေမ့လဲသြားသည့္ ေကာင္ေလးအား ျပန္ေခၚလာျခင္းျဖစ္သည္။

ေဆး႐ုံဝန္ထမ္းေတြထဲမွ တစ္ဦးက အသင့္ယူလာသည့္ ေဆးအား ေအာ္ဟစ္႐ုန္းကန္ေနသည့္ Junseoအား ထိုးေပးလိုက္ေတာ့ ၿငိမ္က်သြားၿပီး မ်က္လုံးေလးမွိတ္ကာ အိပ္ေပ်ာ္သြားရွာသည္။

ဒါေတာင္ သူမအိပ္ေပ်ာ္မွီ ႐ြတ္ေနသည့္ စကားလုံးေလးက တစ္စုံတစ္ေယာက္ရဲ႕ အမည္နာမေလး။

" Daeul " တဲ့။

...................

Daeulရဲ႕ တည္ရွိမႈက အမွန္တစ္ကယ္ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ေသခ်ာသည္တစ္ခုကေတာ့ Junseoက Daeulကို ျမတ္နိုးမိသည္ဆိုတာပင္။

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com