Chapter 1
မနက်ခင်းရဲ့နေရောင်ခြည်လေးဟာပြတင်းပေါက်ရဲ့ခန်းဆီးလိုက်ကာကနေတစ်ဆင့်ကုတင်ပေါ်တွင်လဲလျောင်းနေသောကောင်လေးပေါ်သို့ဖြာကျလာသည်။
YoungHoonနိုးေနသော်လည်းကျောင်းပိတ်ရက်ဖြစ်နေသည့်အတွက်ကြောင့်မထသေးဘဲခနလောက်လှဲနေလိုက်သည်။သိပ်မကြာလိုက်.........
ဒေါက်......ဒေါက်........
အခန်းတံခါးခေါက်သံကြားသဖြင့်YoungHoonအိပ်ယာပေါ်မှထကာသွားဖွင့်ပေးလိုက်သည်။ဖွင့်လိုက်တော့မြင်လိုက်ရသည့်သူမှာအခြားသူမဟုတ်YoungHoonရဲ့အိမ်တော်ထိန်းLeeပင်ဖြစ်သည်။
"ဘာကိစ္စရှိလို့လဲမသိဘူး"
"သခင်မကြီးကဒီနေ့Companyအစည်းအဝေးရှိလို့သခင်လေးကိုလာနှိုးခိုင်းလိုက်လို့ပါပြီးတော့အောက်မှာမနက်စာတူတူစားမလို့အမြန်ပြင်ဆင်ခိုင်းလိိုက်လို့ပါ"
"အော်...သိပြီလာခဲ့မယ်လို့ပြောပေးပါ"
"ဟုတ်ကဲ့ပါသခင်လေး"
YoungHoon's pov - ဒီနေ့လည်းပြောသမျှတွေနားထောင်ပြီးလက်မှတ်တွေထိုးပေးနေရဦးမှာလား......ပိတ်ရက်ကြီးကိုအစည်းအဝေးခေါ်ရအောင်လူကိုဘာများထင်နေလဲမသိဘူးနားချိန်ကိုမပေးဘူး
YoungHoonတို့CompanyမှာSaturdayနဲ့Sundayပိတ်သော်လည်းတစ်ခါတစ်ရံအစည်းအဝေးရှိသည့်အခါများတွင်တော့ပိတ်ရက်မှာတောင်ပင်အလုပ်သွားရလေ့ရှိသည်။YoungHoonအတွက်တော့စိတ်ပျက်ဖို့အတော်ကောင်းလှသည်။
မျက်နှာသစ်သွားတိုက်ပြီးရေမိုးချိုးပြီးတော့ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံပဲရွေးဝတ်လိုက်သည်။ပေါ့ပေါ့ပါးပါးဆိုပေမဲ့အရမ်းကြီးတော့မဟုတ်Companyမှာဆိုတော့ချင့်ချိန်ရတာတွေကရှိသေးသည်။
အကုန်ပြင်ဆင်ပြီးသွားတော့မနက်စာစားရန်YoungHoonအောက်ထပ်ကdining roomထဲကိုဝင်လိုက်သည်။ဒေါ်လေးမီနာကတော့မနက်စာစားဖို့အတွက်အကုန်ပြင်ဆင်ထားပေးပြီးပြီဖြစ်သည်။
YoungHoonလည်းဒေါ်လေးမီနာကိုနားလည်ပါသည်။မိဘများမရှိတော့သည့်တူလေးကိုလည်းအတတ်နိုင်ဆုံးကူညီကာလုပ်ငန်းနှင့်ပတ်သက်သမျှတွေကိုလည်းအကုန်သင်ကြားပေးပါသည်။ဒီအတွက်လည်းဒေါ်လေးကိုYoungHoonစိတ်ရင်းနဲ့ကိုကျေးဇူးတင်မိပါသည်။
ဒေါ်လေးမီနာကYoungHoonအဖေနှင့်မောင်နှမတော်ပါသည်။အရင်းမဟုတ်ပဲအဖေတူအမေကွဲမောင်နှမတွေပါဒါပေ့မဲ့သူ့အကိုအရင်းလို့ပင်သဘောထားကာကိုယ့်မိသားစုတွေလိုမျိုးဆက်ဆံပေးပါသည်။သူ့အကိုနှင့်ယောက်မလည်းဆုံးရောနိုင်ငံခြားကပင်ချက်ချင်းပြန်ရောက်လာကာတူလေးဖြစ်သူကိုကူညီပေးနေခြင်းပင်ဖြစ်သည်။
"သားYoungHoonစားလို့ကောင်းလား?အဲ့jamကဒေါ်လေးသူငယ်ချင်းတစ်ယောက်ညွှန်းလို့မနေ့ကမှဝယ်လာတာ"
"အော်...ဟုတ်ကောင်းပါတယ်"
YoungHoonကတော့သာမန်အတိုင်းအေးတိအေးစက်ပင်ပြန်ဖြေလိုက်သည်။သူသိပါတယ်သူ့ဒေါ်လေးဘယ်လောက်သူ့ကိုဂရုစိုက်ပေးလဲဆိုတာဒါပေမဲ့YoungHoonရင်ဘတ်ထဲကနာကျင်မှုကိုတော့ဘယ်လိုမှကုစားမရခဲ့။
ဒေါ်လေးကတော့စိတ်ညစ်စရာရှိရင်ဖွင့်ပြောလို့ပြောထားပေမဲ့YoungHoonစိတ်ထဲတစ်မျိုးဖြစ်နေ၍မပြောပြဖြစ်ခဲ့ပါ။
Time skip..............
Companyရောက်တော့ထုံးစံအတိုင်းသူတို့ရွတ်သမျှနားထောင်လိုက်အချေအတင်တွေပြောနေတာကိုနားထောင်လိုက်လက်မှတ်ထိုးစရာရှိထိုးပေးလိုက်နဲ့နေ့လည်စာစားချိန်ရောက်တော့YoungHoonအပြင်မှာပဲစားမယ်ဆုံးဖြတ်ကာပြန်လာလိုက်သည်။အပြန်တွင်လည်းဒေါ်မီနာခိုင်းသည့်ကိစ္စကြောင့်Mallတစ်ခုရှေ့တွင်ရပ်လိုက်သည်။ခိုင်းထားသည်မှာအခြားမဟုတ်သူမှာထားသည့်ပစ္စည်းအားဝင်ယူရမည်ဖြစ်သောကြောင့်Driver LeeကိုMallရှေ့မှာပဲကားရပ်ခိုင်းကာပစ္စည်းသွားယူခိုင်းလိုက်သည်။YoungHoonကတော့ကားနောက်ခန်းထဲမှာပဲနေခဲ့လိုက်သည်။
Driver Leeမှာအိမ်တော်ထိန်းLee၏သားအကြီးဖြစ်သည်။အိမ်တော်ထိန်းLeeမှာသားတစ်ယောက်သမီးတစ်ယောက်ရှိသည်။သားကတော့YoungHoonရဲ့လက်ထောက်အဖြစ်ရောDriverအဖြစ်ရောအလုပ်လုပ်နေပြီးသမီးဖြစ်သူမှာတော့YoungHoonတို့Companyမှာအလုပ်လုပ်လျက်ရှိသည်။
YoungHoonလည်းကားနောက်ခန်းမှာထိုင်ရင်းရုတ်တစ်ရက်ပူလာသဖြင့်ကားပြတင်းပေါက်မှန်လေးအားဖွင့်လိုက်သည်။ဘယ်လိုပဲairconဖွင့်ထားပါစေသဘာဝလေလောက်တော့မကောင်းဘူးလေ။ဒီလိုနဲ့လေညှင်းခံနေတုန်းသူတို့ကားရပ်ထားတာရဲ့မနီးမဝေးမှာသားအမိနှစ်ယောက်စကားပြောနေကြတာကိုသူမြင်သွားတယ်။
"Ommaကတော့လုပ်ပြီ...အဝတ်ထုတ်ကြီးဆိုင်မှာကျန်ခဲ့ပြီမလား။"
"အယ်....ဟုတ်ပ့ငါ့သားရေOmmaလည်းကျန်ခဲ့ပြီထင်တယ်။အဲ့ဒါဆိုသားဒီမှာခနစောင့်ဦးOmmaပြန်သွားယူလိုက်ဦးမယ်"
"သားလည်းလိုက်မယ်လေ"
"အော်..ဘာလို့လိုက်နေမှာတုန်းဒီအထုတ်တွေနဲ့ဆိုသားမောမှာပေါ့။ဒီနားမှာOmmaကိုမုန့်စားရင်းပဲဖြစ်ဖြစ်ထိုင်စောင့်နေလိုက်နော်"
"ဟုတ်Omma"
YoungHoonည်းဘာရယ်မဟုတ်ထိုသားအမိနှစ်ယောက်စကားပြောနေကြတာကိုကြည့်ရင်းသူ့Ommaကိုလွမ်းလာပြန်တယ်။အရင်တုန်းကလည်းသူ့Ommaနဲ့သူနဲ့တူတူစျေးဝယ်ထွက်ကြတာတွေပြန်တွေးရင်းပေါ့။ဒါနဲ့ပဲYoungHoonလည်းစောနကကောင်လေးအားပြန်ပြီးကြည့်နေလိုက်တယ်။
ထိုကောင်လေးမှာလက်ထဲကအထုတ်တွေကိုချပြီးMallရှေ့ကလှေကားထစ်နားလေးထိုင်လိုက်သည်။ပြီးတော့မုန့်ထုတ်တွေထဲကMashmellowထုတ်လေးဖောက်ပြီးထိုင်စားနေလိုက်သည်။ထိုကောင်လေးဝတ်ထားသည်မှာလည်းHoodieခရမ်းလေးကိုအောက်ကဘောင်းဘီဒူးတိုလေးနဲ့တွဲဝတ်ထားသည်။ပြီးတော့sneakerမှာလည်းအဖြူရောင်Nikeလေးနဲ့ဆိုတော့ကောင်လေးမှာကလေးလေးတစ်ယောက်လိုပင်အရမ်းချစ်ဖို့ကောင်းသည်။လေလေးတစ်ချက်တိုက်သွားတိုင်းလည်းလိုက်ပြီးယိမ်းနွဲ့သွားတဲ့ဆံပင်နက်လေးမှာလည်းအိစက်နေမှာအသေအချာပင်။ပိုလို့ပင်ချစ်ဖို့ကောင်းသည်တစ်ခုကမုန့်စားလိုက်တိုင်းဖောင်းတက်လာသည့်ပါးဖောင်းဖောင်းလေးတွေပင်။YoungHoonတစ်ယောက်ထိုကလေးကိုသေသေချာချာလိုက်ကြည့်နေမိသည်။
YoungHoon's pov - အဲ့ကလေးခုမှအလယ်တန်းအရွယ်လောက်ပဲရှိဦးမယ်ထင်တယ်သေးသေးကွေးကွေးလေးနဲ့။
(ဒါကခရမ်းရောင်Hoodieလေးနဲ့ChangMinပါ)
သူဌေးသားတို့အငေးကောင်းနေတုန်းရုတ်တစ်ရက်ထိုကောင်လေးမှမိမိဘက်သို့လှည့်ကြည့်လိုက်သောကြောင့်ပြတင်းပေါက်မှန်ကိုအမြန်ပိတ်လိုက်လေသည်။ထို့နောက်Driver Leeပြန်ရောက်လာသဖြင့်နေ့လည်စာစားရန်ဆိုင်သို့မောင်းခိုင်းလိုက်တော့သည်။
......................................
ChangMinနှင့်သူ့Ommaတို့Mallမှာဝယ်စရာရှိတာဝယ်ပြီးပြန်အထွက်သူ့Ommaမှာဝယ်လာသည့်အဝတ်အစားထုတ်ဆိုင်တွင်ကျန်ခဲ့သည်ကိုသတိရသွားသည်။ထို့ကြောင့်ChangMinအားအပြင်တွင်စောင့်ထားခိုင်းကာသူကပြန်တက်ယူလိုက်သည်။
ChangMinလည်းသူ့အမေကိုစောင့်ရင်းနဲ့မုန့်စားမယ်ဆိုပြီးMallရှေ့ကလှေကားထစ်လေးပေါ်တွင်ထိုင်ချကာစောနကမှဝယ်လာသည့်mashmellowထုတ်လေးဖောက်ကာစားလိုက်သည်။MashmellowကChangMinအကြိုက်ဆုံးမုန့်များထဲမှတစ်ခုဖြစ်သည်။ChangMinလည်းမုန့်စားရင်းသူ့Ommaကိုစောင့်နေတုန်းရူတ်တစ်ရက်သူ့ကိုတစ်ယောက်ယောက်ကြည့်နေသလိုမျိုးခံစားလိုက်ရသည်။ထို့ကြောင့်ဘေးဘီလှည့်ကြည့်လိုက်တော့မနီးမဝေးမှာရပ်ထာသည့်ကားအနက်ရောင်တစ်စီးနှင့်အခြားစျေးဝယ်သူများသာရှိသည်။
ChangMin's pov - ဒီနားမှာဘယ်သူမှငါ့ကိုကြည့်မနေပါဘူးထားပါလေစိတ်ထင်တာပဲဖစ်မှာပါ။
သိပ်မကြာလိုက်ChangMin Ommaပြန်ရောက်လာသည်။
"သားလေးစောင့်ရတာကြာသွားလားဗိုက်ဆာနေပြီမလား"
"ဟုတ်Ommaနည်းနည်းတော့ဆာတယ်"
"အာ့ဆိုOmmaတို့ဆိုင်မှာပဲသွားစားကြမယ်လေညစာကြမှပဲOmmaချက်ကျွေးမယ်နော်"
"ဟုတ်Ommaညကြရင်ဂင်မ်ချီဟင်းရည်ချက်ကျွေးရမှာနော်ရေညှိထမင်းလိပ်လည်းလုပ်ပေး"
"အမလေးဟုတ်ပါပြီ"
.........................................
"သခင်လေးရောက်ပါပြီ"
"အော်အင်းDriver Leeလည်းတစ်ခါတည်းစားလိုက်လေနေ့လည်စာမစားရသေးဘူးမလား"
"ဟုတ်ကဲ့"
ဒီလိုနဲ့YoungHoonနဲ့Driver Leeတို့တူတူနေ့လည်စာစားကြပါတယ်။စားရင်းYoungHoonသူတို့ရှေ့မျက်စောင်းထိုးက စားပွဲကိုကြည့်မိလိုက်သည်။အခြားသူမဟုတ်စောနကတွေ့ခဲ့သည့်ကောင်လေးနင့်သူ့Ommaပင်။
YoungHoon's pov - အော်...ဒီကောင်လေးနဲ့ငါနဲ့ကလည်းဘာကံတွေများပါနေလဲမသိဘူးတွေ့ပြန်ပြီ။
ထိုကောင်လေးမှာသူ့Ommaခွံ့ကျွေးတာစားနေပုံကိုYoungHoonကြည့်ရင်းဝမ်းနည်းလာပြန်သည်။
YoungHoon's pov - Ommaရယ်သားဘယ်လိုမှအသားမကျသေးဘူးOmmaကိုသတိရလိုက်တာ....
..................................
ဒီနေ့ကMonday...ကျောင်းဖွင့်ရက်လည်းဖြစ်သလိုChangMinလေးတစ်ယောက်ပထမဦးဆုံးကျောင်းသစ်မှာတက်ရတော့မဲ့နေ့ဆိုလည်းဟုတ်တယ်။ကျောင်းcoatကနေ့တိုင်းဝတ်စရာမလိုတာမို့ပေါ့ပေါ့ပါးပါးzip up hoodieခဲရောင်လေးထပ်ဝတ်လိုက်တယ်။ပြီးတော့မနက်စာစားဖို့အောက်ထပ်ကိုဆင်းလာလိုက်တယ်။
"Aigoooo.....ငါတို့အငယ်ဆုံးလေးဒီေန့အရမ်းချောနေပါ့လား.."
"အချိန်ပြည့်ချောတာပါနော်Noonaကလည်း"
"ကဲကဲဟုတ်ပါပြီသားChangMinမနက်စာလာစားရော့သားကြိုက်တဲ့sandwichလုပ်ပေးထားတယ်"
"ဟုတ်ကဲ့"
မနက်စာစားနေရင်းပင်ChangMin Appaမှ
"ChangMinလေးသားဘယ်လိုတုန်းစိတ်လှုပ်ရှားနေလားကျောင်းအသစ်တက်ရမှာဆိုတော့"
"ဟုတ်Appaနည်းနည်း"
"အေးဘယ်ကျောင်းဘဲရောက်ရောက်သားစာကိုတော့ကြိုးစားနော်ဟုတ်ပြီလား"
"ဟုတ်ကဲ့Appa"
ChangMin Noonaအလတ်မှ
"ဟေ့ChangMinကျောင်းသွားပြီးရည်းစားတွေဘာတွေလည်းထားမနေနဲ့ဦးနော်။ရည်းစားရရင်လည်းငါ့ကိုအရင်လာပြနော်"
ထိုအခါChangMin Noonaအကြီးဆုံးမှ
"အမလေးငါတို့ChangMinလေးကအဲ့လိုကိစ္စတွေစိတ်မဝင်စားပါဘူးဟယ်နင်ကိုကပိုလွန်းတယ်"
"ကဲကဲသမီးနှစ်ယောက်လုံးတော်တော့ရည်းစားထားတာမထားတာChangMinကိစ္စအခုChangMinလေးကအရွယ်ရောက်နေပြီပဲသူသဘောကျတဲ့သူလည်းရှိကောင်းရှိနိုင်တာပဲမဟုတ်ဘူးလား"
"Ommaကလည်းသားမှာသဘောကျတဲ့သူမရှိသေးပါဘူးနော်သားကOmmaကိုချစ်လို့မဝသေးတာကို"
"အမလေးဟုတ်ပါပြီ"
"ဟင့်ပိုကိုပိုတယ်ဒီသားအမိတွေအေးပါနောက်မှရည်းစားရလာကြည့်တွေ့မယ်ငါနဲ့"
"Noonaနော်"
"ကဲကဲတော်ပြီစားတော့တော်ကြာနောက်ကျနေမယ်"
Time skip...........
ကျောင်းက9နာရီမှတက်မှာဖြစ်သော်လည်းChangMinတစ်ယောက်8နာရီကတည်းကအိမ်မှထွက်လာလိုက်သည်။အကြောင်းမှာကျောင်းအပ်သည့်နေ့တုန်းကအပြန်လမ်းတွင်တွေ့ခဲ့သည့်စာအုပ်ဆိုင်လေးကြောင့်ပင်ဖြစ်သည်။MangaတွေNovelတွေဖတ်ရတာဝါသနာပါတဲ့ChangMinအဖို့ထိုစာအုပ်ဆိုင်လေးကအရမ်းကိုစိတ်ဝင်စားဖို့ကောင်းနေတယ်။ကျောင်းအပ်သည့်နေ့တုန်းကအချိန်မရလိုက်တာကြောင့်မသွားဖြစ်လိုက်ပါ။ဒါကြောင့်ကျောင်းမသွားခင်ခနလောက်ဝင်ကြည့်ဦးမယ်ဟုဆုံးဖြတ်ကာအစောထွက်လာလိုက်ခြင်းပင်။ChangMinတို့အိမ်မှBusကားဖြင့်ကျောင်းကိုသွားလျှင်မိနစ် 15သာကြာသည်။Busကားပေါ်မှဆင်းပြီးစာအုပ်ဆိုင်ရှိရာသို့ဦးတည်လိုက်သည်။ဖြစ်ချင်တော့စာအုပ်ဆိုင်ကလမ်းရဲ့တစ်ဖက်မှာဖြစ်နေသည်။ChangMinမှာစာအုပ်ဆိုင်ရောက်ချင်ဇောနဲ့လမ်းကိုသေချာမကြည့်ဘဲကူးမိလိုက်တော့.............................
___________________________________
အပိုင်း၁ကတော့ဒီမှာပြီးပါပြီ
နောက်ပိုင်းတွေလည်းဘယ်လိုဆက်ဖြစ်မယ်ထင်ပါသလဲ??
ကျန်တဲ့Characterတွေဖြစ်ကြတဲ့JaeHyunရယ်Sunwooနဲ့Chanheeတို့အတွဲရယ်ကတော့နောက်ပိုင်းမှပါမယ်နော်..
ပြီးတော့ChangMinကအပြင်မှာဆိုဘောင်းဘီတိုဝတ်တာရှားပါတယ်ဒါပေမဲ့ficထဲမှာကပိုပြီးချစ်ဖို့ကောင်းသွားအောင်လို့ဘောင်းဘီတိုလေးဝတ်ပေးလိုက်တာပါ😅
Bạn đang đọc truyện trên: Truyen4U.Com