Chapter 10
YoungHoonလည်းChangMinလေးကိုဖက်ထားတာမလွှတ်ပေးချင်ပေမဲ့ခုတော်တော်ကြာကြာဖက်ထားမိတာဆိုတော့သူ့ကလေးလေးမွန်းနေလောက်ရောပေါ့။ပြီးတော့သူဒီကလေးလေးကိုအူယားနေတာလည်းပါတော့ChangMinလက်လေးနှစ်ဖက်ကိုသူ့လည်တိုင်တွေဆီကိုပို့လိုက်ပြီးသူကတော့ChangMinရဲ့ခါးလေးကနေမချီလိုက်ကာChangMinခြေထောက်ကလေးနှစ်ဖက်ကိုသူ့ခါးမှာခွစေလိုက်တယ်။ChangMinမှာတော့ငိုထားတာဖြစ်သည်အတွက်တစ်ကယ့်ကလေးလေးနှယ်YoungHoonပခုံးလေးကိုမှီကာလိုက်လာလိုက်တယ်။
YoungHoonလည်းအဲ့အတိုင်းလေးချီကာအိမ်ထဲကိုဝင်လာလိုက်တယ်။ခြံထဲမှာရှိနေတဲ့အတွင်းရေမှူးMoonနဲ့တစ်ခြားအဖွဲ့သားတွေကတော့အံ့သြစွာကြည့်နေကြတာပေါ့။ဒါလည်းYoungHoonကဂရုမစိုက်ပဲအိမ်ထဲကိုဝင်ကာဧည့်ခန်း၏ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ထိုင်လည်းထိုင်လိုက်တော့ChangMinလေးကအလိုလိုသူ့ပေါင်ပေါ်လေးမှာခွရက်သားထိုင်ပြီးလေးဖြစ်သွားတာပေါ့။ပြီးတော့YoungHoonကိုမှီထားရာကနေထလိုက်ပြီးYoungHoonမျက်နှာလေးကိုသေချာစွာကြည့်လိုက်သည်။
"ကလေးလေး..ဘာဖြစ်လို့တုန်း"
"ဟာ...Hyungကလည်းဘာကလေးတုန်းကျွန်တော်က ကလေးမဟုတ်ပါဘူးနော်"
"ကလေးမဟုတ်ဘူးသာပြောတယ်လုပ်နေတဲ့အပြုအမူလေးတွေကမူကြိုကလေးလေးအတိုင်းပဲဆိုတာကောသိရဲ့လား"
ChangMinလေးမှာပါးချိုင့်လေးတွေပေါ်အောင်ပြုံးမိလိုက်သည်။
"ကိုယ်တို့ဒီနေ့ကစပြီးတွဲလို့ရပြီမလား"
"အင်း....ဒါပေမဲ့လေHyungကျွန်တော်တို့တွဲတာHyungအဒေါ်သိသွားရင်......"
"ရှူး.....ကလေးလေးအဲ့လိုတွေမတွေးပါနဲ့ဆိုကွာ....ကိုယ်ပြောပြီးပြီးပဲကိုယ်တို့နှစ်ယောက်ကချစ်တယ်ဆိုရပြီအဲ့တာကိုဘယ်သူမှတားလို့ရမှာမဟုတ်ဘူးသိပြီလား"
"ဟုတ်ကဲ့"
"ဒါဆိုခုကလေးပြန်တော့မလား"
"အင်း...ပြန်မယ်လေHyungလည်းနားရဦးမှာဆိုတော့"
"ဟုတ်ပါပြီအဲ့တာဆိုဆင်းဦးကိုယ်ကားသွားထုတ်လိုက်ဦးမယ်"
ChangMinလည်းYoungHoonပေါ်မှဆင်းကာအိမ်ရှေ့ကိုတူတူထွက်လိုက်ပြီးYoungHoonကားထုတ်တာကိုစောင့်နေလိုက်သည်။ဒီလိုနဲ့ပဲသူတို့ရဲ့first dayလေးစတင်ခဲ့တာပေါ့နော်။
................................
"SunWoo yah......"
"ပြောကိုယ့်ရဲ့ChanHeeလေး"
"ဟိုဟာလေ.....အာတာပူစီစားလို့ရမလား"
"တော်ပြီလေ.....အချိုတွေစားတာအရမ်းများနေပြီအာတာပူစီကလည်းသကြားတွေအများကြီးပါတာဆိုတော့မစားပါနဲ့လား"
"ဟင့်အင်း....တစ်ခုပဲစားမယ်လေနော်....နော်လို့...ဟင်"
ChanHeeလည်းရှိသမျှaegyoတွေအကုန်ထုတ်သုံးပြမှတော့SunWooတစ်ယောက်ဘယ်နေနိုင်တော့မလဲ....
"ကဲ..ဟုတ်ပါပြီကိုယ့်ချစ်လေးကစားချင်တယ်ဆိုမှတော့ဝယ်ကျွေးရတော့မှာပေါ့အသေးလေးတစ်ခုပဲနော်"
"အင်း..."
ဒီနေ့ကပိတ်ရက်လည်းဖြစ်နေတာမလို့ChanHeeတစ်ယောက်အပြင်လျှောက်လည်မယ်ဆိုလို့SunWooနဲ့တူတူကစားကွင်းကိုလာခဲ့ကြခြင်းဖြစ်သည်။SunWooမှာဘာပဲဖြစ်နေဖြစ်နေသူ့ChanHeeလေးပျော်သည်ဆိုတတ်နိုင်သမျှလုပ်ပေးချင်မိ။အော်....ချစ်မိပြီဆိုမှတော့လည်းလိုက်လျောပေးရတော့မှာပေါ့။
ChanHeeလည်းစားချင်တာစားရတော့ပျော်လို့ကလေးလေးတစ်ယောက်လိုခုန်ပေါက်နေတော့တာပေါ့။စားလည်းစားပြီးတော့သူတွေးမိသည်က.......
ChanHee's pov - SunWooကငါဖြစ်ချင်တာတွေပဲအကုန်လိုက်လုပ်ပေးနေတာသူဖြစ်ချင်တာကိုကျငါမမေးမိဘူးပဲ....ငါသူ့အပေါ်အနိုင်ကျင့်သလိုဖြစ်နေပြီလားမသိဘူး....
အမှန်တော့ChanHeeကSunWooသူ့ကိုချစ်တာကိုယုံပေမဲ့ဒီတိုင်းကျောင်းသားဘဝအပျော်ချစ်တာလို့ပဲထင်ခဲ့မိတာသူ့ကိုယ်သူလည်းစိတ်ကစားမိတယ်ပဲထင်ခဲ့တာ။ဒါပေမဲ့ခုလိုတွဲတာနည်းနည်းကြာတော့သူသတိထားမိလာတယ်။SunWooကသူ့ကိုဆိုအစစအရာရာအကုန်ဂရုစိုက်ပေးနေတယ်ဆိုတာကိုပေါ့။SunWooသူ့အပေါ်ထားတဲ့အချစ်တွေကိုသူခံစားမိတယ်။
အချစ်ဆိုတဲ့အရာမျိုးကဒြပ်မဲ့နာမ်ဖြစ်တာမလို့လက်ဆုပ်လက်ကိုင်ပြစရာသက်သေမရှိပေမဲ့သူသေချာခံစားမိပါသည်။SunWooဟာသူ့အပေါ်ဘယ်လောက်ထိချစ်လဲဆိုတာကို...သူလည်းSunWooအပေါ်ကိုတစ်ကယ့်ကိုစိတ်ရင်းစိတ်မှန်နဲ့ချစ်မှန်းသတိထားမိသည်လေ။ဒါပေမဲ့သူSunWooစိတ်ကိုသိချင်သောကြောင့်အိမ်ပြန်ရင်း.....
"SunWoo yah"
"အင်း..ပြောလေ"
"ငါလေ...ဟိုတစ်နေ့ကTVကြည့်ရင်းနဲ့TLCလိုင်းမှာမင်္ဂလာဆောင်တာပြတာလေ...တော်တော်ခမ်းနားတာပဲသိလားBrideနဲ့Groomကလည်းလှလိုက်တာမှပြောမနေနဲ့..ပန်းတွေကလည်းအများကြီးပဲ"
"ChanHeeလေးကပန်းတွေအများကြီးရှိတာကိုကြိုက်တာလား"
"အင်း...အများကြီးကြိုက်တာ"
"ဒါဆို..ကိုယ်တို့မင်္ဂလာဆောင်ရင်လည်းပန်းတွေအများကြီးထားမယ်လေ"
"ဟင်?"
"ဘာလဲChanHeeလေးကကိုယ်နဲ့လက်မထပ်ချင်ဘူးလား"
"မဟုတ်ပါဘူး....လက်ထပ်ချင်တာပေါ့"
ChanHeeပြောပြီးတော့တစ်ရှုံ့ရှုံ့နဲ့ထငိုပါလေရော။
"SunWooကလေ....ငါ့ကိုတစ်ကယ်...မချစ်ဘူးလို့ထင်ခဲ့မိတာ(အဟင့်အဟင့်)"
SunWooမှာငိုနေတဲ့ChanHeeလေးကိုရင်ခွင်ထဲထည့်လိုက်ပြီး.....
"ကိုယ်ကChanHeeကိုတစ်ကယ်ချစ်တာပါကွာ။ကိုယ်သိပါတယ်ChanHeeမလုံမလဲဖြစ်နေတယ်ဆိုတာ။ကိုယ်တို့ကခုမှအထက်တန်းပဲရှိသေးလို့စိတ်ကစားပြီးချစ်တယ်ပဲထင်နေတာမလား။ChanHee nah...ကိုယ်ကလေမင်းကိုချစ်လွန်းလို့စကားနဲ့တောင်ဖော်မပြတတ်တော့ဘူး။ကိုယ်ChanHeeကိုတစ်ကယ်ချစ်တာယုံတယ်မလားဟင်......"
ChanHeeမှာSunWooရင်ခွင်ထဲကနေခေါင်းလေးငြိမ့်ပြလိုက်သည်။ပြီးတော့SunWoo ChanHeeလေးကိုဖက်ထားရာမှခွာစေလိုက်ပြီးမျက်ရည်လေးများကိုသုတ်ပေးလိုက်သည်။
"မငိုရဘူးလေချစ်ကလေးကလည်း...လိမ္မာတယ်နော်"
"အင်း...."
ပြီးတော့SunWooလည်းChanHeeလေးကိုကြည့်ပြီးအသဲယားလာတာနဲ့နှုတ်ခမ်းလေးကိုဖြတ်ခနဲနမ်းလိုက်တယ်။ChanHeeကတော့အနည်းလန့်သွားပြီးပြုံးပြုံးကြီးရပ်နေတာပေါ့။
"အိမ်ပြန်မယ်လေ"
"အော်...အင်း..အင်း"
"ဒါနဲ့ChanHeeလေးကိုယ်တို့မင်္ဂလာဆောင်ရင်ဝတ်စုံဘာအရောင်ဝတ်ချင်တုန်း"
"Ummmm.....SunWooကအဖြူရောင်လေးဝတ်..ChanHeeကအပန်းရောင်လေးဝတ်မယ်ပြီးရင်ပန်းစည်းလှလှလေးကိုင်မယ်"
"ဟဟ....ဟုတ်ပါပြီဗျာ"
SunWooနှင့်ChanHeeတို့၏အိမ်ပြန်လမ်းလေးဟာလည်းသာယာသလိုYoungHoonနဲ့ChangMinတို့ရဲ့အိမ်ပြန်လမ်းလေးဟာလည်းသာယာနေပါတော့တယ်။
............................
"ဟိုလေ...မောင်လေးကဒ်ကောမပါဘူးလားဟင်"
"ကဒ်ကလည်းအိမ်မှာကျန်ခဲ့တယ်ဗျ"
JaeHyun's pov - ငါနဲ့နော်ကံကလည်း...အင်္ကျီလာဝယ်တာပိုက်ဆံမလောက်ရတယ်လို့လိုချင်နေပါတယ်ဆိုမှ
JaeHyunတစ်ယောက်ပိတ်ရက်ဖြစ်တာမလို့Mallလာပြီးshoppingထွက်ရန်ဆုံးဖြတ်လိုက်သည်။ပိုက်ဆံအိတ်ကပါပေမဲ့ကဒ်တွေကတစ်ကဒ်မှပါမလာ။ငွေသားကတော့ပါပေမဲ့သူဝယ်လိုက်တဲ့အင်္ကျီကသုံးထည်ဖြစ်သွားတာမလို့ငွေမလောက်တော့ခြင်းဖြစ်သည်။ပြန်ထားရအောင်လည်းအကုန်လုံးကသူ့အကြိုက်တွေမလို့မထားရက်။
"ကျွန်တော့်ကဒ်နဲ့ရှင်းလိုက်ပါ"
JaeHyunကြံရာမရဖြစ်နေတုန်းဘေးကနေသူ့အစားငွေရှင်းပေးသည့်လူကိုကြည့်လိုက်တော့တစ်ခြားလူမဟုတ်...JuYeonပင်ဖြစ်သည်။
"ဟုတ်ကဲ့ရှင့်"
"မင်း...ဘာလာလုပ်တာလဲ"
"Mallလာပြီဆိုမှတော့စျေးလာဝယ်တာပေါ့ဗျ"
"အာ့ဆိုစျေးပဲဝယ်ပါ့လား..ဘာလို့ငါ့ကိုငွေလာရှင်းပေးနေတာလဲ"
"ဟာ...ကူလည်းကူညီရသေးတယ်အပြောလည်းခံနေရတယ်"
"မလိုဘူးမင်းအကူအညီကို"
"ဒါဆိုSunbaeဘာနဲ့ရှင်းမှာလဲ"
"ဟို....အဲ့တာ......."
"ယူလို့ရပါပြီရှင့်...ပြီးတော့ဒီမှာမောင်လေးရဲ့ကဒ်"
"ဟုတ်ကဲ့ကျေးဇူးပါဗျ"
JuYeonလည်းအရောင်းဝန်ထမ်းပေးတဲ့အိတ်နဲ့သူ့ကဒ်ကိုယူလိုက်ပြီး....
"ရော့...ဒီမှာSunbaeအင်္ကျီတွေ"
"အင်း...ဒါနဲ့ငါပြန်ဆပ်မယ်နော်ပိုက်ဆံကို"
"မဆပ်လည်းရပါတယ်Sunbaeရဲ့"
"ဟင့်အင်း..ဆပ်မှာမဟုတ်ရင်ဒီအကြွေးကနောက်ဘဝထိပါလာပြီးမင်းနဲ့နောက်ဘဝအထိပါတွေ့နေရမှာစိုးလို့"
"ဟဟ...ဟုတ်ပါပြီSunbaeသဘော"
"ဒါနဲ့Sunbaeကျွန်တော်တို့တစ်ခုခုသွားစားကြမလား"
"မစားပါဘူး..ငါဗိုက်မဆာဘူး"
ထိုစဥ်အလိုက်သိတဲ့ဗိုက်ကလေးကဂွီခနဲ့အသံထမြည်လာတော့သည်။အေးလေJaeHyunလည်းမနက်ခင်းလောက်ကထွက်လာလိုက်တာခုပဲနေ့လည်ရောက်နေပြီဆိုတော့ဆာနေပြီလေ။
JuYeonမှာတော့ဗိုက်တောင်နှိပ်ပြီးရယ်နေလေသည်။JaeHyunကတော့မျက်စိပျက်မျက်နှာပျက်၍
JaeHyun's pov - အရှက်ကွဲတာတောင်ဒီကောင့်ရှေ့မှလာကွဲရတယ်လို့LeeJaeHyunရေမင်းကံဇာတာတော့ဆိုးနေပြီ
"ကဲပါမလိမ်တတ်ပဲနဲ့မလိမ်ပါနဲ့...လာမုန့်သွားစားရအောင်"
JaeHyunလည်းဗိုက်ဆာနေသည်မလို့JuYeonနောက်လိုက်သွားလိုက်သည်။
စားသောက်ဆိုင်ရောက်တော့JuYeonတစ်ယောက်ပုစွန်တွေကိုသူ့ဟာသူမစားဘဲJaeHyunအတွက်အခွံခွာပေးနေလေသည်။မနေတတ်တော့တဲ့JaeHyunက...
"မင်း..စားမယ်ဆိုလည်းစားလေဘာလို့ငါ့အတွက်ပဲလာခွာပေးနေတာတုန်း"
"ဟင့်အင်းကျွန်တော်ကSunbaeကိုခွာကျွေးချင်လို့"
"အဲ့လိုဆိုတိုင်းမင်းမစားဘဲမနေနဲ့လေ..တစ်ခြားသူတွေမြင်ရင်ငါကမင်းကိုနှိပ်စက်နေတယ်ထင်ဦးမယ်"
"အာ့ဆိုလည်းကျွန်တော့်ကိုစားစေချင်ရင်Sunbaeကိုယ်တိုင်ခွံ့ကျွေးပါလား"
"မင်းလက်မပါဘူးလား"
"ပါတယ်လေဒါပေမဲ့မအားဘူးSunbaeအတွက်ပုစွန်အခွံခွာနေရလို့"
"မင်းကိုလည်းဘယ်သူမှမခွာခိုင်းဘူး..ရှည်ပြီးမင်းဘာသာခွာနေတာ"
"ဟင့်အင်းကျွန်တော်ကတော့Sunbaeမခွံ့ကျွေးရင်မစားဘူး"
JaeHyun's pov - ကဲဒီကောင်နဲ့တော့....
"ရော့..ရော့...ဟ"
JaeHyunလည်းပုစွန်တစ်ခုကိုတူနဲ့ညှပ်လိုက်ပြီးJuYeonပါးစပ်နားတေ့ပေးလိုက်တယ်။
JuYeonကတော့JaeHyunခွံ့ကျွေးတာလေးစားပြီးပြုံးနေတာပါးစပ်နားရွက်တတ်ချိတ်တော့မတတ်။
"ဒါနဲ့Sunbae"
"ဘာလဲ"
"ဟို....sunbae ဖုန်းနံပါတ်လေး"
"ဘာကိစ္စပေးရမှာတုန်း"
"Sunbaeကလည်းဖုန်းပြောရအောင်လို့ပေါ့"
"မင်းနဲ့ငါနဲ့ဖုန်းတစ်ကူးတစ်ကပြောရလောက်တဲ့အထိအကြောင်းမရှိဘူး"
"ရှိလာမယ်ဆိုရင်ကော"
"မဖြစ်နိုင်ဘူး"
"Sunbaeကလည်းလုပ်ပါနော်"
"မရဘူးဆိုမရဘူးပဲ"
"ဒီမှာဗျ...ကျွန်တော့်ကောင်လေးစိတ်ဆိုးနေတာချော့မရတော့ဘူး!!!!!!!!"
Juyeonဆိုင်ထဲမှာထိုင်နေရင်းရုတ်တစ်ရက်ထအော်လိုက်တော့တစ်ဆိုင်လုံးမှလူတွေကသူတို့ဝိုင်းကိုလှည့်ကြည့်ကြလေသည်။
"ဟျောင့်....မင်းဘာတွေလျှောက်အော်နေတာတုန်း"
ထိုစဥ်တစ်ခြားဝိုင်းမှသူက......
"ချော့မရရင်ဖက်နမ်းပလိုက်"
JuYeon...JaeHyunကိုကြည့်လိုက်ပြီး...
"ကဲကြားတဲ့အတိုင်းပဲနော်...Sunbaeကျွန်တော့်ကိုဖုန်းနံပါတ်ပေးရင်ပေးမပေးလို့ကတော့...publicတွေprivateတွေခွဲမနေဘူးနော်"
JaeHyunသက်ပြင်းတစ်ချက်ချလိုက်ပြီးသူ့ဖုန်းကိုJuYeonဘက်လှမ်းပေးလိုက်သည်။
"ရော့..အဲ့လောက်မှလိုချင်နေရင်လည်း"
"ဟီး....LeeJuYeonတို့တောင်းဆိုရင်ဘယ်သူမငြင်းနိုင်ဘူး"
JaeHyunမှာတော့စိတ်ပျက်ပျက်နှင့်ခေါင်းခါသာခါလျက်။
____________________________________
Bạn đang đọc truyện trên: Truyen4U.Com