Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 11

ဒီနေ့ကကျောင်းဖွင့်ရက်ဆိုတော့ChanHeeနဲ့Sunwooတို့နှစ်ယောက်Canteenမှာထိုင်ပြီးကျန်တဲ့သူတွေကိုစောင့်နေကြတာပေါ့။သိပ်မကြာလိုက်JuYeonရောက်လာသည်။

"Ayo man...မင်းနောက်ကျတယ်နော်"

"အေး..ငါ2နာရီမှအိပ်ရလို့"

"မင်းကမနက်2နာရီမှအိပ်ရအောင်ဘာလုပ်နေလို့တုန်းစာလုပ်နေတာတော့မဖြစ်နိုင်ဘူး"

"ငါJaeHyun sunbaeနဲ့ဖုန်းပြောနေလို့"

"ဟင်.....အာ့ဆိုမင်းတစ်ကယ်လိုက်တော့မှာပေါ့"

"အေးအဲ့လိုပေါ့"

မနေ့ကJuYeonလည်းညရောက်တော့မအိပ်ချင်သေးတာနဲ့JaeHyunကိုဖုန်းဆက်လိုက်တယ်။

"ဟယ်လို...sunbaeကျွန်တော်ပါ"

"အေး...သိတယ်"

"ဘယ်လိုသိတာလဲ"

"မင်းအသံကြီးခွေးဆွဲသွားတောင်ငါမှတ်မိတယ်"

"ဟ ဟ ဟုတ်ပါပြီ"

"ဘာပြောစရာရှိလို့တုန်း"

"ပြောစရာကမရှိပါဘူးဒီတိုင်းSunbaeအသံလေးကြားချင်လို့"

"ကြားပြီးပြီမလားဒါဆိုချပြီ"

"နေ..နေပါဦးSunbaeရဲ့ကျွန်တော်တို့စကားပြောကြမယ်လေနော်....."

JuYeonလည်းJaeHyunနဲ့ဖုန်းပြောချင်သေးတာနဲ့မရှိရှိတဲ့အကြောင်းတွေရှာပြီးတော့ပြောလိုက်တာမနက်2နာရီထိုးသွားတော့တာပေါ့။
.........................

"Hyungရော့...ဒါလေးထည့်စား"

"အင်း...ChangMinကောစားလေ"

"ဟုတ်ကဲ့"

နေ့လည်စာကိုCanteenမှာစားနေကြတုန်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တွေထည့်ပေးနေကြတဲ့YoungHoonနဲ့ChangMinတို့ကိုကြည့်ပြီးအံ့သြနေကြတယ်။ပြီးတော့ChanHeeကSunWooနားနားလေးကိုကပ်ပြီး......

"SunWoo yah...သူတို့နှစ်ယောက်တစ်ခုခုကတစ်ခုခုပဲနော်"

"အေးနော်"

JaeHyunမှ....

"ဟဲ့..မင်းတို့တွေပဲဒီမှာရှိနေတာမဟုတ်ဘူးနော်ငါတို့တွေလည်းရှိတယ်။JiChangMin..မင်းကသူ့ကိုပဲထည့်ပေးပြီးငါ့ကိုကျမထည့်ပေးဘူး။Sunbaeချင်းတောင်ခွဲခြားခွဲခြားနဲ့...."

ChangMinကလည်းစချင်လာတာနဲ့...

"Sunbaeစားချင်ရင်JuYeonတစ်ယောက်လုံးရှိနေတာပဲကိုမဟုတ်ဘူးလား"

JaeHyunသက်ပြင်းချလိုက်ပြီး

"အေးအေး...စပြောမိတဲ့ငါပဲမှားတယ်"
.....................

ထမင်းစားပြီးသွားကြတော့SunWooနဲ့JuYeonကနည်းပြခေါ်လို့သွားလိုက်ရပြီးChanHeeနဲ့JaeHyunမှာလည်းစာကြည့်တိုက်ခနသွားလိုက်သောကြောင့်YoungHoonနဲ့ChangMinတို့နှစ်ယောက်သာကျန်ခဲ့လေသည်။ထို့ကြောင့်သူတို့လည်းပျင်းပျင်းရှိတာနဲ့ကျောင်းခေါင်မိုးထပ်ဆီသွားလိုက်ကြတယ်။

"ကလေးကိုယ်တို့ဒီမှာထိုင်ရအောင်"

"ဟုတ်ကဲ့Hyung"

နှစ်ယောက်လုံးထိုင်ခုံတန်းပေါ်မှာထိုင်လိုက်ပြီးYoungHoonမှ....

"ကလေးကိုယ့်ကိုဘယ်အချိန်ထိHyungပဲခေါ်နေမှာလဲ"

"ဟင်...အဲ့တာဆိုဘယ်လိုခေါ်ရမှာတုန်း"

"ကိုယ်တို့ကတွဲနေပြီဆို​တော့....ကိုလို့ပဲဖစ်ဖြစ်ခေါ်ပါလား"

"ကို....အဲ့တာကြီးကနည်းနည်း...ကျွန်တော်ကတော့Hyungလို့ခေါ်ရတာပိုသဘောကျတယ်"

"ဟုတ်ပါပြီအဲ့တာဆိုလည်းကလေးသဘော"

"ဒါနဲ့ChanHeeတို့ကိုဘယ်အချိန်မှပြောပြမှာလဲ"

"အင်း....ဒီနေ့ညနေကျောင်းဆင်းမှမသိမသာလေးပြောပြလိုက်မယ်"

"အင်းအင်း...သူတို့တွေသိချင်နေလောက်ပြီ"

YoungHoonနဲ့ChangMinကကျန်တဲ့သူတွေကိုစချင်တာနဲ့မပြောပြသေးပဲနေနေကြတာပါ။

"ကဲခုတော့ကိုယ်အိပ်ချင်လာလို့"

ပြောပြောဆိုဆိုYoungHoonမှာChangMinပေါင်ပေါ်လေးကိုခေါင်းထားပြီးလှဲလိုက်တယ်။ChangMinကတော့YoungHoonဗိုက်ပေါ်ကိုသူ့လက်လေးတင်ထားလိုက်ပြီးလက်တစ်ဖက်ကတော့YoungHoonရဲ့ဆံပင်လေးတွေကိုသပ်ပေးနေလိုက်တယ်။ChangMinလည်းYoungHoonရဲ့မျက်နှာလေးကိုသေချာကြည့်မိတော့.....

ဆောင်းဦးရာသီမလို့YoungHoonနားရွက်လေးတွေနဲ့နှာခေါင်းထိပ်ကလေးဟာနီရဲလိုနေတယ်။မျက်လုံးလေးမှိတ်ပြီးအိပ်နေတဲ့HyungဟာChangMinမျက်လုံးထဲမှာအလွန်ပင်ချောမောတဲ့မင်းသားလေးတစ်ယောက်အိပ်နေသည့်နှယ်။ChangMin YoungHoonရဲ့နှဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုလက်လေးနဲ့သပ်တင်ပေးလိုက်တော့ပေါ်ထွက်လာတဲ့နှဖူးဖြူဖြူလေး။

ChangMinလည်းYoungHoonတစ်ကယ်အိပ်မအိပ်သိရအောင်နှာခေါင်းလေးကိုလက်နဲ့အသာလေးတို့ကြည့်လိုက်တော့ဘာမှပြန်မတုံ့ပြန်လာ၍အိပ်နေသည်ဟုယူဆကာဘေးဘီကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ကျောင်းခေါင်မိုးထပ်ဖြစ်တာမလို့သူတို့နှစ်ယောက်ကလွဲပြီးဘယ်သူမှမရှိ။ဒါနဲ့ပဲChangMinလည်းYoungHoonရဲ့နှဖူးလေးကိုသူ့နှုတ်ခမ်းလေးနဲ့အသာလေးညင်ညင်သာသာနမ်းလိုက်တယ်။ChangMinမသိတာကYoungHoonဟာလွယ်လွယ်နဲ့အိပ်ပျော်တတ်တဲ့သူမဟုတ်ဘူးဆိုတာပင်။

သူ့နှဖူးလေးကိုနမ်းလိုက်မှန်းသိတော့မသိမသာလေးပြုံးမိလိုက်သည်။ChangMinကတော့နမ်းပြီးပြုံးစိစိနှင့်အိပ်ချင်ယောင်ဆောင်နေတဲ့YoungHoonကိုဆက်ငေးနေလိုက်သည်။ရုတ်တစ်ရက်YoungHoonမျက်လုံးပွင့်လာသဖြင့်ChangMinမှာသူခိုးလူမိသည့်နှယ်လန့်သွားသည်။

"Hyung....မအိပ်သေးဘူးလား"'

"ဟင့်အင်း...ကိုယ်ကဒီတိုင်းပဲလှဲနေတာ"

ChangMin's pov - သွားပါပြီငါကတော့အိပ်နေတယ်ထင်လို့ရှက်လိုက်တာ.....

YoungHoonမှာရှက်နေတဲ့သူ့ကလေးလေးကိုကြည့်ပြီးလှဲနေရာမှထထိုင်လိုက်သည်။

"ဘာလို့အဲ့လောက်​တောင်ရှက်နေတာလဲ"

"ဟင်..."

"ကိုယ့်ချစ်သူကိုနမ်းတာရှက်စရာမှမဟုတ်တာကိုကလေးကလည်း"

ChangMinမျက်နှာမှာပိုပြီးတောင်နီရဲသွားလေသည်။ပြီးတော့ရှက်ရှက်နဲ့ထွက်ပြေးမယ်လုပ်တော့YoungHoonကChangMinလက်လေးကိုလှမ်းဆွဲလိုက်သည်။ChangMinလည်းရုတ်တစ်ရက်ဆို​တော့အလိုက်သင့်လေးပါသွားပြီးYoungHoonပေါင်ပေါ်လေးထိုင်မိသွားသည်။

"ကလေးလေး..."

"ဟင်..."

ChangMinမှာရှက်လွန်း၍YoungHoonမျက်နှာအားမကြည့်ဘဲဘေးကိုလွှဲထားလိုက်သည်။အဲ့ဒီ့တော့YoungHoonကပဲChangMinမျက်နှာလေးကိုဆွဲလှည့်ကာသူနဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်။

"ကလေးက ကိုယ့်ကိုနမ်းတုန်းကနမ်းပြီးထွက်ပြေးဖို့ကြံနေတယ်ပေါ့"

"မ....မဟုတ်ပါဘူးကျွန်တော်ကHyungအိပ်နေတယ်ထင်လို့"

"အဲ့တော့......ခိုးနမ်းထားတဲ့အတွက်ပြန်ယူရမယ်"

ChangMinမျက်လုံးလေးမှာဝိုင်းစက်သွားပြီးYoungHoonကိုသေချာမကြည့်ဘဲYoungHoonရင်ဘတ်ကအင်္ကျီစကိုပဲဆော့နေတယ်။ပြီးတော့မှYoungHoonမျက်နှာကိုသေချာပြန်ကြည့်လိုက်တယ်။နှစ်ယောက်သားအကြည့်ချင်းစုံသွားတော့.......

YoungHoonတစ်ဖြည်းဖြည်းနဲ့ChangMinမျက်နှာနားကိုတိုးလာလိုက်သည်။နှစ်ယောက်လုံးရဲ့ရင်ခုန်သံတွေဟာလည်းအတိုင်းအဆမရှိတစ်ဒုတ်ဒုတ်နဲ့မြည်နေတယ်။ChangMinလည်းYoungHoonသူ့မျက်နှာနားလည်းနီးလာတော့စိတ်ကိုဒုံးဒုံးချပြီးမျက်လုံးကိုမှိတ်လိုက်တယ်။သူ့ကိုနမ်းခွင့်လည်းပေးလိုက်တော့YoungHoonလည်းဘာမှစဥ်းစားမနေတော့ဘဲChangMinရဲ့နှုတ်ခမ်းလေးကိုညင်ညင်သာသာလေးနမ်းလိုက်တယ်။

ChangMinရဲ့နွေးထွေးပြီးချိုမြိန်လွန်းလှတဲ့နှုတ်ခမ်းလေးကိုYoungHoonမလွှတ်ပေးချင်မိ။ChangMinရဲ့ခါးလေးကိုပိုလို့ပင်တိုးဖက်ကာဆက်၍နမ်းနေလိုက်သည်။

ChangMinလည်းYoungHoonရဲ့အနမ်းတွေကိုပြန်လည်တုံ့ပြန်လိုက်ပြီးYoungHoonရဲ့လည်ပင်းလေးကိုလည်းဖက်လိုက်သည်။

ချိုမြိန်လွန်းလှပါတယ်။နွေးထွေးလွန်းလှပါတယ်။နူးညံ့လွန်းလှပါတယ်။နှစ်ယောက်လုံးရဲ့ပထမဦးဆုံးအနမ်းတွေဟာအဓိပ္ပါယ်ရှိလွန်းလှပါတယ်။

တော်တော်ကြာအောင်နမ်းပြီးသွားတော့ChangMinလည်းမောလာ၍YoungHoonရင်ဘတ်ကိုသူ့လက်လေးနဲ့အသာလေးထုလိုက်တယ်။ဒါတောင်YoungHoonကမလွှတ်ပေးသေးခင်ChangMinအောက်နှုတ်ခမ်းလေးကိုအသာလေးကိုက်လိုက်သေးသည်။တစ်ကယ်တမ်းဆိုYoungHoonမလွှတ်ပေးချင်...သူ့ကလေးလေးမောနေမှာစိုး၍သာလွှတ်ပေးလိုက်ရသည်။

YoungHoonလည်းပါးစပ်လေးဟစိဟစိနှင့်အသက်ရှူနေသောကလေးလေးကိုကြည့်ကာအူယားနေပြန်သည်။ပြီးတော့ChangMinဆံပင်လေးကိုဖွကာ....

"မောသွားပြီလားကလေးလေး"

ChangMinခေါင်းလေးအသာငြိမ့်ပြလိုက်သည်။

"Hyung...သွားရအောင်လေကျောင်းတက်တော့မယ်"

"ဘာလဲဒီမှာဆက်နေရင်ကိုယ်ထပ်နမ်းမှာစိုးလို့လား"

"ဟာ.....Hyungကလည်းဘာတွေပြောနေမှန်းမသိဘူး"

"ဟဟ...ကိုယ့်ကလေးကအရှက်မပြေးသေးဘူးကို....စ တာပါလာသွားမယ်"

..............

အတန်းထဲရောက်တော့ChanHeeက

"ဟဲ့ChangMinနင်ဘယ်သွားနေတာလဲ"

"အော်...ဒီအတိုင်းခေါင်မိုးထပ်ခန"

ChanHeeလည်းခေါင်မိုးထပ်ဘာသွားလုပ်တာလဲလို့မေးတော့မလိုလုပ်တုန်းChangMinရဲ့သွေးနဲနဲစို့နေတဲ့နှုတ်ခမ်းကိုမြင်တော့တစ်အံ့တစ်သြနဲ့......

"ဟယ်.....ChangMinနင့်နှုတ်ခမ်းကဘာဖြစ်တာလဲ"

"​ဟင်...အော်....ဟို.....ခုကနွေရာသီဆိုတော့အပူကန်တာဖြစ်မှာပေါ့"

"ဟဲ့ခုကဆောင်းဦးရာသီလေ"

"အော်....အေးဟုတ်တယ်ဆောင်းဦးဆိုတော့အဲ့လိုဖြစ်တာ"

ChanHeeကမယုံတဲ့မျက်လုံးများဖြင့်

"ဟုတ်ပါပြီ..."

စာသင်နေရင်းလည်းChangMinကသူ့နှုတ်ခမ်းကိုကိုင်လိုက်ပြုံးလိုက်နဲ့လုပ်နေတော့ChanHeeမှာစိတ်မရှည်တော့ဘဲဆရာမအလစ်မှာChangMinကိုမေးလိုက်တယ်။

"ဟဲ့...JiChangMin နင်အမှန်တိုင်းပြောစမ်းနင်တစ်ယောက်ယောက်နဲ့နမ်းလာတာမလား"

"............."

ChangMinမှာအံ့သြသွား၍ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ....

"ပြီးတော့နင်နမ်းလာတဲ့သူကYoungHoon sunbaeမလား"

"ChanHee yah....နင်ဘယ်လိုလုပ်ပြီးသိတာလဲ...."

"ဟဲဟဲ....ထင်သားပဲနင်တို့အပြုအမူတွေထူးဆန်းနေကတည်းကသိတာ....အဲ့တော့နင်တို့တွဲနေကြပြီပေါ့"

"အင်း...."

"ကျန်တဲ့သူတွေကိုသိပြီးပြီလား"

"ဟင့်အင်း..နင်ကပထမဆုံးသိတာ..သူတို့ကိုကညနေမှပြောမလို့"

Time skip.....

ညနေကျောင်းဆင်းတော့ကျောင်းပေါက်ဝရှေ့မှာChangMinတို့လေးယောက်သားYoungHoon နဲ့JaeHyunကိုစောင့်နေကြတာပေါ့။တူတူပြန်ကြမယ်လို့ပြောလာကတည်းကနည်းနည်းတော့သံသယဝင်မိပေမဲ့JuYeonကတော့JaeHyunပါသည့်အတွက်ဘာမှမပြော။နှစ်ယောက်လုံးလည်းရောက်လာရောYoungHoonကChangMinဆီသွားလိုက်ပြီးဆံပင်လေးကိုလှမ်းဖွကာ.......

"စောင့်နေတာကြာသွားလားကလေးလေး"

"ဟင့်အင်းမကြာပါဘူးHyungရဲ့"

"ဒါဆိုပြန်ကြမယ်လေ"

"ဟုတ်ကဲ့"

နှစ်ယောက်သားပြောနေဆိုနေပုံကိုကြည့်ပြီးChanHeeမှလွဲ၍ကျန်တဲ့သုံးယောက်သားကတော့ပါးစပ်အဟောင်းသားနဲ့ပေါ့။

"ဒါဆိုငါတို့ပြန်ပြီနော်"

နှုတ်ဆက်ပြီးထွက်သွားကြတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးSunWooမှ

"Yar....ဒီအခြေအနေကဘာကြီးလား"

ထိုအခါJaeHyunမှ....

"ဘာကြီးလားမနေနဲ့မြင်တာနဲ့မသိဘူးလား..ငါကတော့အစကတည်းထင်ပါတယ်လို့ဒီနှစ်ယောက်ကို"

JuYeonမှလည်း.....

"အဲ့တော့...သူတို့နှစ်ယောက်က...."

ChanHeeမှခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါSunWooမှ.....

"ကောင်းတာပေါ့ဒါဆို....ကဲလာသူတို့လည်းသွားပြီဆိုတော့ကိုယ်တို့လည်းသွားရအောင်ဒီFAနှစ်ယောက်ကိုထားခဲ့"

"Yar....မင်းနော်ဒါပဲလာလာခလုတ်တိုက်နေတယ်"

"ဘာဖြစ်လဲအဲ့တော့မခံချင်ရင်နှစ်ယောက်သားတွဲလိုက်လေ"

SunWooမှာပြောပြီးတော့ChanHeeလက်လေးကိုဆွဲကာလှည့်ပြန်လိုက်သည်။ကျန်ခဲ့သည့်JuYeonနှင့်JaeHyunမှာတော့ရှက်ကိုးရှက်ကန်းဖြစ်နေလျက်။

"Sunbaeသူတို့လည်းပြန်ကြပြီဆိုတော့ကျွန်တော်တို့လည်း...ပြန်ကြမလား"

"အေးပြန်မယ်လေ"

JaeHyunကိုပြန်မယ်သာပြောတယ်။ခုထိနေရာကမရွေ့သေးတဲ့JuYeonကိုလှမ်းကြည့်လိုက်တော့JaeHyunလက်ကိုစိုက်ကြည့်နေပြီးတစ်ခုခုကိုစဥ်းစားနေသည့်အတွက်JaeHyunလည်းချက်ချင်းသဘောပေါက်လိုက်သည်။

ရှေ့ကနှစ်တွဲသွားတုန်းကအချင်းချင်းလက်တွဲသွားကြတာကိုး..။

"ဟဲ့...မပြန်သေးဘူးလား"

"ဟိုဟာ....Sunbaeလက်လေး.ကျွန်တော့်ကို"

"စဥ်းတောင်မစဥ်းစားလိုက်နဲ့"

"မရဘူးဗျာ.....ကိုင်ခွင့်ပေးနော်"

"ကိုင်ရအောင်..မင်းကငါ့ချစ်သူလား"

"အာ့ဆိုSunbaeချစ်သူလုပ်မယ်လေ"

သွားကြီးဖြီးပြီးသူ့ချစ်သူလုပ်မယ်လာပြောနေတဲ့JuYeonကိုJaeHyunကြည့်မရတော့ပါ။ဒါနဲ့ပဲသူ့တောင်မစောင့်ဘဲမြန်မြန်ပြန်လာလိုက်သည်။ဒါတောင်သကောင့်သားလေးကလိုက်လာရင်းလှမ်းအော်နေသေးတာ။

JaeHyun's pov - LeeJuYeonမင်းငါ့ကိုနောက်ရုံသက်သက်ပဲဆိုလည်းငါ့ကိုရင်ခုန်ရအောင်မလုပ်ပါနဲ့။ငါမင်းကိုမချစ်မိချင်ဘူး။မင်းကငါ့ကိုစပဲစနေတာလေ။အတည်လည်းမဟုတ်ပဲနဲ့.....

________________________________________

JaeHyunကတော့သူ့ကိုနောက်တယ်ပဲထင်နေတာတစ်ကယ်တမ်းက........😁ဒါနဲ့..နမ်းတဲ့အခန်းလေးကောကြိုက်လာမသိဘူးMollyကတော့ရေးရင်းနဲ့ကိုအူယားလာလို့🤣

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com