Chapter 12
ဒီလိုပဲအချိန်တွေတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးလာလိုက်တာYoungHoonနဲ့ChangMinတို့တွဲတာတစ်လတောင်ကျော်သွားခဲ့ပြီ။ဒီအတောအတွင်းကတော့ဘာမှထွေထွေထူးထူးမရှိထုံးစံအတိုင်းYoungHoonလေ့ကျင့်ဖို့သွားရင်ChangMinလေးကလိုက်ကူပေါ့။
အတွင်းရေးမှူးMoonနဲ့ကျန်အဖွဲ့သားတွေကတော့YoungHoonနဲ့ChangMinတို့ကိုသဘောတူကြပါတယ်။အငယ်လေးဆိုပျော်လွန်းလို့ထတောင်ခုန်တယ်။အတွင်းရေးမှူးMoonကတော့သခင်လေးချစ်တဲ့သူဘယ်သူမဆိုသူလည်းသဘောတူပါတယ်လို့သာပြောတယ်။
အေးလေChangMinလေးလိုကောင်လေးကိုဘယ်သူကငြင်းနိုင်မှာလဲရုပ်ကလေးချစ်ဖို့ကောင်းသလောက်စိတ်ရင်းစေတနာလေးကပါကောင်းတော့အကုန်လုံးကလည်းချစ်ကြတာပေါ့။
YoungHoonရဲ့ဒေါ်လေးကတော့ပုံမှန်အတိုင်းပါပဲYoungHoonကိုဘာမှသံသယမဝင်မိသလိုYoungHoonခုလိုမျိုးသူငယ်ချင်းတွေနဲ့တူတူပျော်နေတာကိုပဲသူကကျေနပ်နေပါတယ်။ဒါပေမဲ့ကောင်းသောကျေနပ်ခြင်းတော့မဟုတ်။YoungHoonကဒီပုံအတိုင်းပဲဆိုရင်သူထိန်းလို့ပိုလွယ်သွားပြီလို့တွက်ထားလို့ပါ။ဒါပေမဲ့အချိန်အတိုင်းအတာတစ်ခုထိပဲသူအဲ့လိုတွေးနိုင်မယ်ဆိုတာတော့.....KimMinaတစ်ယောက်မသိခဲ့ပါလေ။
................
"Hyungပြီးပြီလား"
"လာပြီကလေးရဲ့"
"မြန်မြန်လုပ်Hyung.....ChanHeeတို့စောင့်နေလိမ့်မယ်"
ဒီနေ့ကပိတ်ရက်ဆိုတော့ChanHeeကအတွဲလိုက်Dateကြရအောင်ဆိုပြီးပြောတဲ့အတွက်YoungHoonအစောလေ့ကျင့်ပြီးသွားတယ်။ခုလည်းရေချိုးပြီးတော့အောက်ကသူ့ကလေးကလှမ်းအော်နေတော့သူမြန်မြန်အဝတ်အစားဝတ်လိုက်ပြီးအောက်ဆင်းလာလိုက်တယ်။
"ကလေးသွားရအောင်"
"ဟုတ်ကဲ့"
......................
"အော်....ဟိုမှာလာပြီChangMin nahငါတို့ဒီမှာ"
"Sorryနော်ChanHee yahငါတို့နောက်ကျသွားတယ်"
"အေးရပါတယ်ရုပ်ရှင်လည်းမစသေးပါဘူး"
ဒီနေ့အတွဲလိုက်ရုပ်ရှင်ကြည့်ကြမလို့ChanHeeကခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူခေါ်ထားတာChangMinတို့အတွဲကိုပဲမဟုတ်ဘဲနဲ့အတွဲမဖြစ်သေးကြတဲ့JuYeonနဲ့JaeHyunကိုလည်းခေါ်ထားတာပါ။သိပ်မကြာလိုက်နှစ်ယောက်သားကရောက်လာတော့......
"ကဲငါတို့လူစုံပြီ"
"ငါတို့ဇာတ်ကားရွေးရအောင်...ဘာကားကြည့်ကြမလဲ"
သရဲကားကြိုက်တဲ့ChangMinက...
"ငါတို့သရဲကားကြည့်ရအောင်"
ထိုအခါJaeHyunမှ.....
"မကြည့်ဘူးနော်....."
"ဘာလဲSunbaeကကြောက်လို့လား"
JuYeonကလှမ်းစတော့JaeHyunကအကုန်လုံးကိုသေချာကြည့်ပြီး.....
"ငါကြောက်လို့မဟုတ်ဘူး....ကြည့်မှာကသရဲကားဆိုရင်ဟိုကသရဲမကထွက်လာတော့မင်းတို့ကအော်ကြမယ်လေအော်ပြီးတော့မင်းတို့ကလင်လင်တွေကိုယ်စီနဲ့ဆိုတော့ပြေးပုန်းစရာရင်ခွင်ရှိတယ်လေငါကမရှိဘူးအဲ့တော့မင်းတို့Roတာကိုကြည့်ဖို့ငါလာတာမဟုတ်ဘူး"
YoungHoonလည်းJaeHyunကိုစချင်တာနဲ့
"မင်းကလည်းမင်းမှာပြေးပုန်းစရာရင်ခွင်ရှိပါတယ်ဟ...."
ChangMinကလည်း.....
"ဟုတ်တယ်Sunbae... JuYeonရင်ခွင်ကတော်တော်ကျယ်ပါတယ်Sunbaeဝင်လို့ရတယ်"
အကုန်လုံးကစနေတော့JaeHyunမျက်နှာကရဲတက်လာတော့တယ်။ရုပ်ရှင်ကြည့်ဖို့ရုံထဲဝင်ထိုင်တော့ပိုလို့တောင်ရှက်နေပါတယ်။
အကြောင်းကထိုင်ခုံလက်မှတ်ဖြတ်တော့YoungHoonကအတွဲခုံတွေချည်းဖြတ်လိုက်တော့သူကJuYeonနဲ့တူတူထိုင်လိုက်ရတော့တာပေါ့။မထိုင်ချင်ဘူးပြောပြန်တော့လည်းတစ်ခြားသူတွေကသူပြောသလိုလင်လင်တွေကိုယ်စီနဲ့ဆိုတော့ဘယ်သူမှနေရာလဲပေးမှာမဟုတ်။အဲ့တော့သူလည်းJuYeonနဲ့ပဲထိုင်ရတော့တာပေါ့။
JuYeonကလည်းသူ့ဘေးမှာထိုင်ပြီးရှက်နေတဲ့ကောင်လေးကိုအူယားပြီးနမ်းချင်စိတ်တွေကတစ်ဖွားဖွားပေါ့။ဒါပေမဲ့လည်းသူမနမ်းပါဘူး။သူနမ်းလိုက်လို့စိတ်ဆိုးပြီးမခေါ်မပြောတော့မှဖြင့်သူရင်ကျိုးနေရလိမ့်မယ်။
သူတို့သုံးတွဲရဲ့Dateလေးကတော့ရုပ်ရှင်ကြည့်ပြီး...ပြီးသွားတော့တာလို့......မထင်လိုက်ပါနဲ့။
"ငါတို့ရုပ်ရှင်ကြည့်ပြီးသွားပြီဆိုတော့တစ်ခုခုသွားစားရအောင်"
"ဘယ်ဆိုင်သွားကြမလဲ"
ထိုစဥ်အကြံပေါ်လာတဲ့ChanHeeက...
"ငါတို့တစ်ယောက်ယောက်အိမ်မှာခေါက်ဆွဲလုပ်စားရင်မကောင်းဘူးလား"
အကုန်လုံးလည်းစိတ်ဝင်စားသွားကြတယ်။
"ဒါဆိုငါ့အိမ်သွားရအောင်"
ChangMinမှပြောလိုက်သဖြင့်အကုန်လုံးလည်းထောက်ခံကြသည်။အထူးသဖြင့်YoungHoonကတော့ChangMinအိမ်လိုက်လည်ရတော့မှာမလို့ပျော်နေတာပေါ့။ပြီးတော့သူတစ်သက်နဲ့တစ်ကိုယ်အခုလိုလည်းတစ်ယောက်ယောက်အိမ်သွားပြီးမုန့်မစားဖူးဘူးလေ။သူတို့လည်းခေါက်ဆွဲထုပ်တွေအအေးတွေနဲ့ကျန်တဲ့အချိုတည်းစရာမုန့်တွေကိုYoungHoonရဲ့Mallကဆိုင်မှာပဲဝင်ဝယ်လိုက်ကြတယ်။ဒါကိုသူပိုင်မှန်းတော့ChangMinကလွဲပြီးကျန်တဲ့သူတွေကမသိကြပါ။
....................
အိမ်ရောက်သော်.......
"ဝါး....ChangMinအိမ်လေးကချစ်စရာလေး"
ChanHeeမှမနေနိုင်မထိုင်နိုင်ရောက်ရောက်ချင်းကိုပြောလိုက်သည်။ဟုတ်လည်းဟုတ်ပါသည်။ChangMinအိမ်လေးကသာသာယာယာလေးနဲ့အိမ်ရှေ့မှာလည်းပန်းခြံလေးနဲ့အိမ်တွင်းအပြင်အဆင်မှာလည်းရိုးရိုးရှင်းရှင်းလေးနဲ့လှနေတယ်။
"ဒါနဲ့ChangMinမင်းမိဘတွေကော"
အိမ်ထဲဝင်တာနဲ့အိမ်အကူအန်တီကြီးနှစ်ယောက်ကလွဲပြီးဘယ်သူမှမတွေ့သဖြင့်SunWooမှမေးလိုက်ခြင်းဖြစ်သည်။
"ငါ့Ommaကဆေးရုံမှာလေဂျူတီရှိလို့Appaကတော့ရုံးမှာ.....Noonaတို့ကတော့အပြင်သွားလိုက်ကြတယ်"
"အော်....."
"ကိုယ့်အိမ်လို့ပဲသဘောထားပြီးနေနော်ဘာမှမဖြစ်ဘူး"
"အေးပါ"
"Hyungလည်းသက်တောင့်သက်သာရှိသလိုနေနော်"
"အင်းပါဒါနဲ့ကိုယ်တို့ဘယ်မှာစားကြမလဲ"
"ကျွန်တော့်အခန်းထဲမှာပဲစားမယ်လေ"
ထိုစဥ်JaeHyunမှ.....
"ခေါက်ဆွဲကဘယ်သူတွေလုပ်မှာလဲ"
"SunWooနဲ့JuYeonတော့မဖြစ်ဘူးနော်"
ChanHeeမှအလျင်အမြန်ဝင်တားလိုက်သည်။ကျန်တဲ့သူတွေကထူးဆန်းတဲ့ပုံစံနဲ့ကြည့်တော့SunWooနဲ့JuYeonကသွားကြီးဖြီးပြီးရီပြလေသည်။
"အမလေး...သူတို့ကိုခိုင်းလို့ကတော့ChangMinမီးဖိုချောင်တစ်စစီဖြစ်သွားလိမ့်မယ်....ဟိုတစ်နှစ်ငါတို့အတူတူမုန့်လုပ်စားတုန်းကသူတို့လုပ်တာငါ့အိမ်ကမီးဖိုချောင်ပေါက်သွားလို့ဟေ..."
"အဲ့တာဆို....YoungHoonလည်းဘာမှမလုပ်တတ်တော့မင်းတို့သွားအပေါ်ထပ်မှာစောင့်နေငါတို့ပဲလုပ်လိုက်မယ်"
JaeHyunမှပြောလိုက်သဖြင့်YoungHoonရယ်SunWooရယ်JuYeonရယ်ကအပေါ်ထပ်ကChangMinအခန်းထဲမှာသွားစောင့်နေလိုက်ကြတယ်။
JaeHyunရယ်ChangMinရယ်ChanHeeရယ်ကတော့ခေါက်ဆွဲလုပ်ဖို့ပြင်ကြတာပေါ့။
....................
"သခင်မကြီး....ဒီနေ့သခင်လေးကသူ့သူငယ်ချင်းတွေနဲ့ရုပ်ရှင်တူတူကြည့်ကြပြီးMallမှာစျေးလည်းလာဝယ်ကြပါတယ်"
"အေးအေး.....ပုံမှန်အတိုင်းပဲမလား"
"ဟုတ်ကဲ့"
"ပြီးတော့ဟို...အတွင်းရေးမှူးMoonကိုကောရှာတွေ့ပြီလား"
"သူကဆိုးလ်ကိုရောက်နေတယ်လို့တော့ကြားပေမဲ့ခုထိတော့မတွေ့သေးပါဘူး"
"သူ့ကိုလည်းဆက်ရှာထား...ကိစ္စတွေအကုန်သိတာသူတစ်ယောက်ပဲရှိတယ်"
"ဟုတ်ကဲ့"
..........................
"Sunbae.....ChangMinနဲ့ကောဘယ်လိုလဲ"
"ကောင်းပါတယ်ဒီတိုင်းပဲ...ဘာလို့လဲမင်းနဲ့ChanHeeနဲ့ဘာပြဿနာဖြစ်ထားလို့လဲ"
"ဟိုပြဿနာရယ်လို့တော့မဟုတ်ပါဘူး.......ကျွန်တော်တို့ကအခုမှအထက်တန်းပဲရှိသေးတယ်လေနောက်ပိုင်းတက္ကသိုလ်ရောက်ရင်ChanHeeကလှလည်းလှချစ်ဖို့လည်းကောင်းတော့တစ်ခြားသူနောက်ပါသွားမှာစိုးလို့ပါ....ပြီးတော့ကျွန်တော်ကသူ့ကိုလက်ထပ်ဖို့ထိရည်ရွယ်ထားတာလေ"
"မင်းကလည်းမဖြစ်နိုင်တာကိုစိုးရိမ်နေတယ်....ChanHeeကမင်းကိုမထားခဲ့ပါဘူးChangMinပြောပြသလောက်ဆိုChanHeeကလည်းမင်းကိုတစ်ကယ်ချစ်တာပါ"
"အင်း.....ကျွန်တော်လည်းအဲ့လိုပဲတွေးတာပါ"
"ဒါနဲ့မင်းကောJaeHyunနဲ့ဘယ်လိုလဲ"
YoungHoonမှမေးလိုက်တော့JuYeonက...
"ကျွန်တော်မဖွင့်ပြောရဲသေးဘူး....ကျွန်တော်ဖွင့်ပြောလိုက်ရင်ရုပ်လေးတောင်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး"
"JuYeonကလည်းအဲ့လိုမတွေးပါနဲ့ဒီတိုင်းကြီးပဲထက်စာရင်ဖွင့်ပြောလိုက်တာမကောင်းဘူးလား"
SunWooမှအကြံပေးတော့JuYeonလည်းခေါင်းငြိမ့်ပြလိုက်သည်။သူJaeHyunကိုစတွေ့ကတည်းကချစ်ခဲ့တာဒါပေမဲ့ခုထိမဖွင့်ပြောရဲသေးဘူး။
"ကဲ.....စားလို့ရပါပြီ......."
ChangMinတို့ဝင်လာသဖြင့်သူတို့လည်းစကားစဖြတ်ကာခေါက်ဆွဲပန်းကန်တွေသယ်ကူပေးပြီးအတူတူဝိုင်းထိုင်လိုက်တယ်။ဒီအခြေအနေလေးကတစ်ယောက်သောသူနဲ့တော့မရင်းနှီးပေမဲ့သူပျော်နေပါသည်။ခုလိုမျိုးသူ့သူငယ်ချင်းတွေရယ်ပြီးတော့သူချစ်ရတဲ့သူရယ်နဲ့စားရတော့ပိုလို့တောင်ကောင်းတာပေါ့။
ChangMinတို့မှာခေါက်ဆွဲတင်မကကြက်သားလုံးကြော်ရယ်ကင်မ်ချီရယ်ဂေါ်ဖီထုပ်ဟင်းရည်ရယ်ပါလုပ်လာတော့လုံးဝPerfectပေါ့။စားနေရင်းJaeHyunမှ....
"ဒါနဲ့မင်းတို့ဘာအကြောင်းတွေပြောနေကြတာလဲစောနက"
ChangMinနှင့်ChanHeeမှာလည်းသိချင်စိတ်ဖြင့်ကြည့်လိုက်တော့.....
SunWooမှ....
"အော်....အဲ့တာsunbaeတို့တွေသိစရာမလိုဘူးကျွန်တော်တို့ကိစ္စ"
"ဟျောင့်KimSunWooမင်း"
..............................
"ကလေးဒီနေ့လည်းကိုယ်နဲ့အိမ်တူတူပြန်မယ်နော်"
"ဟုတ်ကဲ့Hyung"
YoungHoonသည်သူအားရင်အားသလိုChangMinလေးနဲ့အတူကျောင်းမှအိမ်ပြန်လေ့ရှိသည်။သူကိုယ်တိုင်မောင်းသည်တော့မဟုတ်။Driver Leeမှလာခေါ်ပေးခြင်းဖြစ်သည်။သူတို့အကြောင်းကိုလည်းDriver Leeကသိထားပြီးဘာတစ်ခုမှဝင်မပြောချေ။YoungHoonအဒေါ်ကိုလည်းပြန်မတိုင်။
ဒီနေ့လည်းနှစ်ယောက်သားကားနောက်ခန်းလေးထဲမှာထိုင်နေတုန်း"
Ring....(ဖုန်းမြည်သံ)
"ဟယ်လို........ဗျာ.......ဟုတ်ကဲ့ပါကျွန်တော်လာခဲ့ပါ့မယ်"
"Hyungဘာလို့လဲ"
"ကလေးရေကိုယ်တောင်းပန်ပါတယ်ကိုယ်အခုCompanyခနဝင်ရမယ်လက်မှတ်ထိုးပေးစရာစာချုပ်တွေရှိလို့တဲ့ပြီးတော့လချုပ်စာရင်းတွေလည်းပြန်စစ်ရဦးမှာ"
"အဲ့တာဆိုလည်းကျွန်တော်ဒီကနေပဲလမ်းလျှောက်ပြန်လိုက်တော့မယ်လေ"
YoungHoonမှာတစ်ချက်စဥ်းစားပြီး....
"ကလေးကိုယ်နဲ့အတူCompanyလိုက်ခဲ့မလား"
"ဟာ....Hyungကလည်းကျွန်တော်ကဘာလိုက်လုပ်ရမှာတုန်းHyungအတွက်အနှောင့်အယှက်ဖြစ်မှာပေါ့"
"မဖြစ်ပါဘူးကလေးကလည်းကိုယ့်ကိုလိုက်စောင့်ကူပေးလို့မရဘူးလားဟင်"
"ကျွန်တော်လိုက်ရင်ဟိုမှာHyungအဒေါ်ရှိတယ်လေပြီးတော့ဝန်ထမ်းတွေနဲ့ဆိုတော့"
"ဘာဖြစ်တုန်းအဲ့တော့ ကလေးဘာတွေးနေလဲကိုယ်သိတယ်ဘာမှကြောက်စရာမလိုဘူးဟုတ်ပြီလားကိုယ်ကCEOနေရာပဲလေကိုယ့်ချစ်သူကိုခေါ်လို့ရတာပေါ့"
"ဟုတ်ကဲ့အဲ့တာဆို......"
"လိုက်ခဲ့မယ်မလားဟင်...."
ChangMinခေါင်းငြိမ့်ပြလိုက်တော့YoungHoonပျော်သွားလေသည်။တစ်ကယ်YoungHoonအတွက်ChangMinလေးကအားဆေးမလို့သူအလုပ်မှာပင်ပန်းနေရင်ChangMinလေးကိုအနားခေါ်ထားပြီးသူတစ်ဝကြီးအမောဖြေမယ်လို့တွေးထားတာကြာပြီလေခုတော့သူခေါ်လို့ရပြီ။
________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com