Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 14


"ကလေးရေ"

ChangMin CanteenမှာChanHeeနဲ့ထိုင်နေတုန်းYoungHoonဆီမှခေါ်သံကြားလိုက်သဖြင့်ChangMinအတတ်နိုင်ဆုံးပြုံးပြလိုက်သည်။ရင်ထဲတွင်နာကျင်နေသော်လည်းမသိမသာစေရန်အပြုံးများဖြင့်ဖုံးကွယ်လိုက်သည်။

"ကလေးကိုယ့်ကိုစောင့်နေတာလား"

ChangMinပြုံးရင်းပင်ခေါင်းငြိမ့်ပြလိုက်သည်။

"Sorryနော်ကိုယ်မနက်ပိုင်းအလုပ်ရှိလို့ပါ"

"ရပါတယ်Hyungရဲ့"

အမှန်တစ်ကယ်ကဒီနေ့YoungHoonကChangMinနဲ့တူတူကျောင်းကိုလာဖို့လုပ်ထားပေမဲ့မဖြစ်မနေမစည်းအဝေးတက်ရမည်ဖြစ်တာမလို့မနက်တစ်ပိုင်းကျောင်းခွင့်တိုင်လိုက်ခြင်းဖြစ်သည်။YoungHoonလည်းစိတ်မကောင်းသူ့ကလေးနဲ့တူတူသွားမယ်ဟုပြောထားခါမှခုလိုဖြစ်ရတယ်လို့။

"ကလေးနေမကောင်းဘူးလား"

ChangMinကိုကြည့်ရတာမျက်နှာကဖျော့နေသလိုပြီးတော့မျက်လုံးလေးတွေအနည်းငယ်ဖောင်းနေသယောင်ရှိတာမလို့YoungHoon ChangMinနှဖူးလေးကိုစမ်းရင်းမေးလိုက်သည်။သူ့ကလေးထူးဆန်းနေသည်ကသူ့ကိုမကြည့်ဘဲဘေးကိုအကြည့်လွှဲထားခြင်းဖြစ်သည်။

"မဟုတ်ပါဘူးကောင်းပါတယ်Hyungရဲ့"

သူတို့နှစ်ယောက်ရှေ့မှာထိုင်နေတဲ့ChanHeeကတော့ChangMinကိုကြည့်ပြီးမျက်နှာမကောင်း။

"ဘာလဲ..ကိုယ်ကတူတူကျောင်းမသွားလို့စိတ်ဆိုးနေတာလား"

"မဟုတ်ပါဘူးHyungရယ်....ကျောင်းကနောက်နေ့တွေလည်းတူတူသွားလို့ရပါတယ်"

"ဟုတ်ပါပြီအာ့ဆိုလည်းမနက်ဖြန်ကျရင်ကျေင်းကိုတူတူလာမယ်နော်"

"အင်း"

"ဟိုဟာ...Hyungကျွန်တော်Mathsအိမ်စာထပ်ရဦးမှာမလို့အရင်သွားတော့မယ်နော်"

"​အော်...အင်းအင်းဟုတ်ပါပြီ"

"ChanHee yah သွားမယ်လေ"

"နင်ပဲငါ့စာအုပ်ကိုထပ်ပေးပါလားငါSunWooကိုစောင့်လိုက်ဦးမယ်"

"အင်းအင်းရတယ်လေ"

ChanHeeသိပါသည်။ဘာလို့ChangMinအိမ်စာစာအုပ်ထပ်စရာမလိုဘဲသွားတာကို။ChangMinရဲ့ငိုမဲ့မဲ့မျက်နှာလေးကိုလည်းသူမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။ထို့ကြောင့်ChangMinသူ့ကိုစိတ်ဆိုးလည်းဆိုးတော့...YoungHoonကိုပြောပြဖို့ဆုံးဖြတ်လိုက်သည်။

"ChanHee yahဒီနေ့ကလေးဘာဖြစ်နေလဲမသိဘူးတစ်မျိုးပဲငါ့စိတ်ထဲ"

"သူအဲ့လိုဖြစ်မှာပေါ့....Sunbaeကမနက်ပိုင်းကျောင်းမလားတော့ဖြစ်ခဲ့တဲ့ကိစ္စတွေမသိလိုက်ဘူးလေ"

YoungHoonနားမလည်နိုင်တဲ့မျက်လုံးများဖြင့်ကြည့်လိုက်သည်။ChanHeeလည်းစိတ်ကိုအားတင်းပြီးမနက်ကဖြစ်ပျက်ခဲ့သည့်ကိစ္စကိုYoungHoonကိုပြောပြလိုက်သည်။

Flash back.....

မနက်ပိုင်းChangMinကျောင်းကိုဝင်ခါနီးရုတ်တစ်ရက်သူ့နာမည်ကိုခေါ်လိုက်သည့်အသံကြောင့်လှည့်ကြည့်မိသည်။

"Ji ChangMin shi"

"အန်တီKim Mina"

"မင်းနဲ့စကားခနလောက်ပြောချင်လို့"

"ဟုတ်.....ရပါတယ်"

သူ့ကိုခေါ်လိုက်သည့်သူကKim Minaဖြစ်နေပြီးပြောစရာရှိသည်ဆို၍ကျောင်းနားကCafeဆိုင်တွင်ဝင်ထိုင်လိုက်သည်။မျက်နှာချင်းဆိုင်မှာရှိနေတဲ့Kim Minaမှာလည်းဆိုးထားသည့်နှုတ်ခမ်းနီမှာရဲတွတ်နေပြီးခံစားချက်မဲ့ကာရက်စက်ယောင်ပြနေသည့်အကြည့်များဖြင့်ChangMinအားကြည့်နေသည်။

ChangMin Kim Minaကိုကြည့်ရင်းပင်စိတ်ထဲခြောက်ခြားလာသည်။သေချာတစ်ခုကသူ့ကိုလာတွေ့ခြင်းဟာကောင်းသောလာတွေ့ခြင်းမဟုတ်ဘူးဆိုတာပင်။

"မင်းငါ့ကိုသိပြီးပြီဆိုတော့မိတ်မဆက်​တော့ဘူး"

"ဟုတ်ကဲ့"

"ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ပါဘူးမင်းငါ့တူနဲ့လမ်းခွဲပေး"

"ဗျာ!!!!"

ChangMinဒီစကားအားမျှော်လင့်မိထားသော်လည်းတစ်ကယ်တမ်းပြောလာတော့လန့်သွားမိသည်။သူအကြောက်ဆုံးအရာကHyungနဲ့လမ်းခွဲရခြင်း။

"ကြားတဲ့အတိုင်းပဲ....မင်းကိုငါကဒီအတိုင်းမဖြတ်ခိုင်းပါဘူး....ရော့ဒီမှာ"

စားပွဲပေါ်သို့ပစ်တင်ခြင်းခံလိုက်ရသောစာအိတ်လေးတစ်အိတ်။ChangMinထိုစာအိတ်ထဲမှာဘာပါလဲဆိုတာသိပါသည်။

"မင်းအတွက်လုံလောက်တဲ့ငွေပမာဏထည့်ပေးထားတယ်။မင်းလိုအထက်တန်းကျောင်းသားတစ်ယောက်အတွက်ဆိုဒီငွေပမာဏကသုံးလို့ဖြစ်ပါတယ်"

ChangMinဒေါသစိတ်ကောကြောက်စိတ်ကောရောနေသည်။ပေါင်ပေါ်တင်ထားတဲ့လက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထားပေမဲ့တုန်ရီနေသည်။အတတ်နိုင်ဆုံးစိတ်ကိုတင်းကာ.....

"ကျွန်တော်လမ်းမခွဲပေးနိုင်ပါဘူး....ပြီးတော့ဒီငွေတွေလည်းကျွန်တော့အတွက်မလိုဘူးကျွန်တော်ကငွေအတွက်ကြောင့်နဲ့Hyungကိုချစ်တာမဟုတ်ဘူး"

"ဒါကမင်းအပြောလေ..."

"ကျွန်တော်ကငွေမက်လောက်ရအောင်လည်းမဆင်းရဲပါဘူး။ကျွန်တော်ကHyungကိုတစ်ကယ်ချစ်တာမလို့လမ်းမခွဲပေးနိုင်ပါဘူး"

"အဟက်....တစ်ကယ်ချစ်တာတွေမချစ်တာတွေငါစိတ်မဝင်စားဘူး။မင်းသာရှိနေရင်YoungHoonရဲ့အနာဂတ်မှာအတားအဆီးတွေဖြစ်လာနိုင်တယ်"

ChangMinဘာမှပြန်မပြော။သူကြောက်နေမိသည်။မငိုမိအောင်လည်းစိတ်ကိုတင်းထားရသေးသည်။

"ကျွန်တော်......လမ်းမခွဲပေးနိုင်ပါဘူး....ကျွန်တော်Hyungနားမှာရှိနေပေးမယ်လို့ကတိပေးထားတာကြောင့်ဘယ်လိုနည်းနဲ့မှHyungကိုကျွန်တော်လမ်းမခွဲပါဘူး"

"မင်းကတစ်ကယ့်ကိုပြောမရပါလား......ဖြန်း!!!"

KimMinaစိတ်ကသူပြောရင်ပြောသလိုလုပ်မှကြိုက်သည့်မို့အခုလိုမျိုးChangMinကငြင်းနေတော့သူစိတ်မရှည်။ChangMinရဲ့ဘယ်ဘက်ပါးကိုဖြန်းခနဲရိုက်လိုက်သည်။

ChangMinမှာရုတ်တစ်ရက်ကြီးအရိုက်ခံရတာကြောင့်တုန်ရီနေပြီးရှက်စိတ်ကောကြောက်စိတ်ကောအားငယ်စိတ်ကောသိမ်ငယ်စိတ်တွေကောဝင်ကာတားဆီးမရနိုင်တော့သည့်မျက်ရည်များမှာကျလာသည်။

"ChangMin nah!!!!!"

အော်ခေါ်လိုက်သူမှာChanHee....သူကကျောင်းဝင်ပေါက်မှာကတည်းကChangMinကိုအန်တီကြီးတစ်ယောက်ခေါ်သွားတာမြင်လို့လိုက်လာခြင်းဖြစ်သည်။

"ခင်ဗျားကြီး...ဒါဘာလုပ်တာလဲ"

"မင်းကကောဘယ်သူလဲ"

"သိစရာမလိုဘူး......ခင်ဗျားပဲအများရှိတဲ့Cafeမှာကျောင်းသားတစ်ယောက်ကိုရိုက်ပြီးအနိုင်ကျင့်နေတာ"

"မင်းဘာမှဝင်မပါနဲ့ငါကရိုက်သင့်တာမလို့ရိုက်တာ....ပြီးတော့ဒီCafeကကောမင်းပိုင်တာမလို့လား"

"ဟုတ်တယ်...ဒါကျွန်တော့်Appaပိုင်တာ...လုံခြုံရေးတွေ..ဒီကစိတ်မနှံ့တဲ့မိန်းမကြီးကိုအပြင်ကိုဆွဲထုတ်လိုက်"

"ဟုတ်ကဲ့ပါသူဌေးလေး"

လုံခြုံးရေးများလည်းKim Minaကိုအပြင်ဆွဲထုတ်မယ်လုပ်တော့.....

"ဖယ်စမ်းငါ့ကိုမထိနဲ့Ji ChangMinမင်းကိုငါဘယ်တော့မှမလွှတ်ပေးဘူးဆိုတာမင်းမှတ်ထား"

ဆိုပြီးဆံပင်ကိုတစ်ချက်ခါကာChangMinနဲ့ChanHeeကိုမျက်စောင်းတစ်ချက်ထိုးပြီးလှည့်ထွက်သွားလေသည်။

"ChangMin nah...အဆင်ပြေလား"

ChangMinခေါင်းခါပြသည်။သူအခုတော်တော်လေးကြောက်နေမိသည်။သူ့စိတ်ထဲတွင်ငါHyungနဲ့လမ်းခွဲရတော့မယ်ဆိုသောစိတ်ကဝင်ရောက်နေသည်။ChanHeeလည်းဘာမှမမေးသေးဘဲငိုနေတဲ့ChangMinလေးကိုဖက်ထားလိုက်သည်။

ပြီးတော့နည်းနည်းနေလို့အဆင်ပြေမှကျောင်းခန်းထဲမှာChanHeeကိုပြောပြလိုက်သည်။

Flash back end......

"ဘာ!!!!!!!.....ငါ့အဒေါ်ကChangminကို......"

"ဟုတ်တယ်Sunbaeရေ...အဲ့တာကြောင့်သူအဲ့လိုဖြစ်နေတာChangMinကြောက်လွန်းလို့တုန်တောင်တုန်နေရှာတာ....ဒါတောင်သူကsunbaeကိုမပြောခိုင်းဘူး။Sunbaeသိရင်စိတ်မကောင်းဖြစ်နေမှာစိုးလို့တဲ့"

YoungHoonအတော်လေးပင်စိတ်မကောင်းဖြစ်သွားသည်။ပြီးတော့ဒေါသလည်းထွက်သွားသည်။ဒါပေမဲ့သူဒေါသကိုရှေ့တန်းမတင်...သူ့ကလေးကိုသာပိုပြီးစိတ်ပူသဖြင့်ChangMinကိုရှာရန်ထ ထွက်လာလိုက်သည်။

YoungHoonစိတ်ထဲအခုထူပူနေသည်။သူ့ကလေးကိုရှာတာအခန်းထဲမှာလည်းမတွေ့စာကြည့်တိုက်ထဲသွားရှာတော့လည်းမတွေ့။canteenထဲပတ်ရှာတော့လည်းမတွေ့တာမလို့သူအရမ်းစိုးရိမ်နေသည်။သူ့ကလေးဘယ်မှာလဲ။တစ်နေရာရာမှာများသွားငိုနေမလား။သူစဥ်းစာမရ....နောက်ဆုံးသူ့အတွေးထဲပေါ်လာသည့်နေရာကိုပြေးသွားကြည့်တော့.......

တွေ့ပါပြီသူ့ကလေးကိုကျောင်းခေါင်မိုးထပ်ရဲ့ထိုင်ခုံတန်းလေးမှာထိုင်ပြီးရင်ဘတ်ကိုလက်လေးနဲ့ထုကာနာကျင်စွာငိုနေသောသူ့ကလေးလေး...ဘယ်လောက်​တောင်ငိုထားသည်မသိအသံပင်မထွက်တော့။

YoungHoonတွေ့တွေချင်းပဲအပြေးသွားလိုက်ပြီးChangMinကိုလှမ်းခေါ်လိုက်သည်။

"ကလေး"

ဟင်..Hyung"

ChangMinမှာYoungHoonကိုတွေ့တော့ထလိုက်ကာမျက်ရည်များကိုအလျင်အမြန်သုတ်လိုက်သည်။YoungHoonမှာလည်းChangMinနားရောက်သည်နှင့်ကိုယ်လုံးလေးကိုအသာဆွဲကာသိမ်းကျုံးဖက်လိုက်သည်။

"ကလေးရာ....ဘာလို့ကိုယ့်ကိုမပြောတာလဲကွာ"

"Hyung.....သိသွားပြီပေါ့"

ChangMinလေးမှာစကားပြောတာတောင်ရှိုက်သံလေးနှင့်။"

"အင်း....ကိုယ့်ကိုအရင်ပြောပြရမှာလေအဲ့လိုကိစ္စမျိုးဆို"

"ကျွန်....ကျွန်တော်ကHyungစိတ်မကောင်းဖြစ်မှာစိုးလို့"

"မဟုတ်တာ...ကလေးကလည်း..."

ChangMinမှာဘာမှပင်ပြန်မပြောနိုင်။YoungHoonရင်ခွင်ထဲမှာငိုနေလေသည်။ChangMinရဲ့ကျောလေးကိုYoungHoonအသာလေးပုတ်ပေးပြီးချော့နေသည်။YoungHoonသူ့ကိုယ်သူစိတ်ပျက်မိပါသည်။သူကလေးကိုမကာကွယ်ပေးနိုင်ခဲ့ဘူးလေ။YoungHoonလည်းသူ့ရင်ခွင်ထဲမှာတုန်တုန်ရီရီနဲ့ငိုနေတဲ့သူ့ကလေးလေးကိုစိတ်မကောင်းမိပြီးသူပါမျက်ရည်တွေကျရတော့သည်။

တော်တော်ကြာကြာငိုပြီးတော့သူ့ကလေးမှာအသံပင်မထွက်တော့။ဒါကြောင့်YoungHoonလည်းဖက်ထားတာကနေခွာလိုက်ပြီးမျက်နှာလေးကိုမော့ကြည့်စေလိုက်သည်။အရိုက်ခံထားရသည့်ဘယ်ဘက်ပါးလေးမှာလက်ဝါးရာအနီကြီးကခုချိန်ထိရှိနေသေးသည်။ငိုထားလွန်း၍မျက်လုံးလေးများမှာလည်းဖောင်းအစ်ကာနီရဲနေသည်။

သူ့ကလေးကိုအခုလိုမြင်လိုက်ရတော့သူ့ရင်ဘတ်ထဲစူးစူးဝါးဝါးကြီးကိုနာကျင်ရသည်။သူတန်ဖိုးထားရတဲ့ChangMinလေးကိုဒီလိုလုပ်တော့သူ့အဒေါ်ကိုလည်းအတော်လေးဒေါသထွက်မိသည်။ဒါပေမဲ့သူ့ကလေးကပိုအရေးကြီးသည်မလား။

YoungHoonသူ့ကလေးနှဖူးကိုတစ်ချက်ညင်ညင်သာသာလေးနမ်းလိုက်သည်။ပြီးတော့တုန်နေရှာတဲ့ChangMinလက်လေးကိုကိုင်ကာ.....

"ကလေး...ဘာတွေပဲဖြစ်နေပါစေကိုယ်ကလေးကိုဘယ်တော့မှထားမသွားဘူးနော်..ကိုယ်နဲ့ကလေးနဲ့လမ်းခွဲဖို့ဆိုတာမဖြစ်နိုင်တာမလို့အဲ့တာကြီးကိုမတွေးနဲ့တော့ဟုတ်ပြီလား"

ChangMinခေါင်းငြိမ့်ပြလိုက်သည်။YoungHoonကတော့တစ်ချက်ပြုံးလိုက်ပြီးChangMinလေးကိုခေါ်ကာအိမ်ကိုပြန်လာလိုက်သည်။ကျောင်းကိုလည်းChanHeeနဲ့JaeHyunတို့ကိုဖုန်းဆက်ကာခွင့်တိုင်ခိုင်းလိုက်သည်။အိမ်ကိုပြန်လာသည်ဆိုပေမဲ့တစ်ခြားအိမ်တော့မဟုတ်....သူတို့နှစ်ယောက်ပိတ်ရက်တိုင်းလိုလိုသွားဖြစ်နေတဲ့YoungHoonရဲ့စံအိမ်ကိုပင်။

အိမ်ရောက်ကားပေါ်မှဆင်းမယ်လုပ်တော့ChangMinလေးမှာငိုထား၍ဘယ်လောက်တောင်ပင်ပန်းသွားသည်မသိအိပ်ပျော်နေလေသည်။YoungHoonလည်းအိပ်ပျော်နေတဲ့သူ့ကလေးကိုမနှိုးရက်တာမို့မချီပြီးအိမ်ထဲကိုဝင်လာလိုက်သည်။အိမ်ထဲရောက်တော့အတွင်းရေးမှူးMoonမှအံ့အားသင့်စွာဖြင့်

"သခင်လေးတို့ကျောင်းမသွားကြဘူးလား"

"အင်း..အဲ့လိုပဲဖြစ်သွားတယ်"

YoungHoonမှာChangMinလေးကိုသူ့အခန်းထဲကကုတင်ပေါ်လေးမှာအသာလေးချပေးလိုက်ပြီးစောင်ခြုံပေးလိုက်သည်။ပြီးတော့လက်လေးကိုတစ်ချက်နမ်းပြီးအတွင်းရေးမှူးMoonနဲ့စကားပြောရန်အောက်ကိုဆင်းလာခဲ့သည်။

အတွင်းရေးမှူးMoonမှာ​ဖြစ်ကြောင်းကုန်စင်ကြားပြီးသွားတော့ဘယ်လိုတောင်မိုက်ရိုင်းတဲ့မိန်းမပါလဲဆိုပြီးတွေးမိသည်။

"ကျွန်တော်အခုသူ့ကိုသွားတွေ့လိုက်ဦးမယ်"

"သခင်လေး....."

"သူတို့လည်းဒီအချိန်ဆိုခန့်မှန်းမိနေလောက်ပါပြီ"
...................

"ဒုန်း!!!!!!!"

ရုတ်တစ်ရက်ကြီးတံခါးကိုစောင့်တွန်းပြီးဝင်လာတဲ့တူဖြစ်သူကြောင့်Kim Minaအနည်းငယ်လန့်သွားမိသည်။ဒါပေမဲ့လည်းသူမ သိပါတယ်YoungHoonဘာလို့ဒီကိုလာလဲဆိုတာ။

"ခင်ဗျားဒါဘာလုပ်တာလဲ"

"ဘာကိုလဲ"

"ခင်ဗျားကပိုသိမှာပေါ့"

"မင်းကောင်ကတိုင်ပြောလိုက်လို့လား"

"ခင်ဗျားကိုကျွန်တော်ပြောထားတယ်မလားကျွန်တော်နဲ့ChangMinကြားကိုဝင်မစွက်ဖက်ပါနဲ့လို့"

"ငါကဘာလို့မင်းပြောတိုင်းလုပ်ရမှာလဲ....ပြီးတော့မင်းရှေ့ရေးအတွက်ကိုပဲပူလို့ပြောတာပါ"

"ဟက်...ကျွန်တော့်အတွက်လားခင်ဗျားအတွက်ပဲလားဆိုတာတော့ခင်ဗျားပဲပိုသိမယ်ထင်တယ်။ပြီးတော့ခင်ဗျားကChangMinကိုရိုက်ရအောင်ဘာစောက်ဆင့်ရှိလို့လဲ"

"Kim Young Hoon!!!!!!!"

"ခင်ဗျားကျွန်တော့်နာမည်ကိုမခေါ်နဲ့...ပြီးတော့ကျွန်တော်ပြောလိုက်မယ်ကျွန်တော်တန်ဖိုးထားတဲ့အရာကိုခင်ဗျားလာထိလို့အခုချိန်ကစပြီးခင်ဗျားသတိထားနေတော့"

"ငါကသေရမှာမကြောက်ဘူးနော်"

"ခင်ဗျားကိုလည်းမသေခိုင်းပါဘူး...ပေးဆပ်ခိုင်းဦးမှာ...."

YoungHoonလည်းပြောစရာရှိတာပြောပြီးရုံးခန်းထဲကနေပြန်ထွက်လာလိုက်တယ်။အခန်းထဲမှာကျန်ခဲ့တဲ့Kim Minaတစ်ယောက်ကတော့ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ကုန်ပြီးစားပွဲပေါ်ရှိသမျှတွေအကုန်ဆွဲလွှင့်လိုက်သည်။

YoungHoonရဲ့ပုံဟာအရမ်းကိုကြောက်ဖို့ကောင်းနေပြီးKim Minaကိုတောင်တုန်လှုပ်မိစေသည်။သူလည်းဘာမှစဥ်းစားမနေတော့ဘဲလူတစ်ယောက်စီဖုန်းဆက်လိုက်သည်။

"Kang Yeo Min!!!"

"ဟိုကောင်အကုန်သိသွားပြီ....အစီစဥ်အတိုင်းလုပ်တော့"

________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com