Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 15

ဒီနေ့ကပိတ်ရက်ဆိုပေမဲ့ChangMin YoungHoonနဲ့ရှိမနေပါ။ဟိုတစ်နေ့ကဖြစ်ခဲ့တဲ့ကိစ္စကြောင့်ChangMinကိုနားနားနေနေနေပါစေဟုဆိုတာကြောင့်ChanHeeတို့နဲ့အပြင်အတူတူထွက်လည်ဖို့ပြင်ဆင်နေလိုက်သည်။သူHyungကိုလိုက်မစောင့်ပေးရတဲ့အတွက်စိတ်တော့မကောင်း။ဒါပေမဲ့Hyungကိုယ်တိုင်ကလည်းရပါတယ်ပြောတာမလို့သူလည်းထွက်လည်ရန်ပြင်လိုက်သည်။

"သားငယ်ရေ....အောက်မှာသားသူငယ်ချင်းရောက်နေတယ်"

"ဟုတ်Ommaလာပြီ"

"ChanHeeတောင်ရောက်ပြီ...SunWooနဲ့JuYeonကော"

"သူတို့ကလေ့ကျင့်ဖို့ရှိလို့တဲ့ကျောင်းကိုသွားလိုက်တယ်"

"အော်...ဒါဆိုနင်နဲ့ငါပဲပေါ့"

ChangMinလည်းChanHeeနဲ့တူတူလျှောက်လည်တာညနေပင်ရောက်သွားသည်။ဒီနေ့တစ်နေကုန်ရုပ်ရှင်သွားကြည့်ကြကစားကွင်းလည်ကြ...မုန့်သွားစားကြဆိုတော့ညနေတောင်ရောက်သွားပြီပေါ့။

"ChangMin nahငါတို့ကျောင်းမှာSunWooနဲ့JuYeonကိုသွားတွေ့ရအောင်"

"အင်း...ကောင်းသားပဲငါတို့သူတို့အတွက်အအေးဝယ်သွားမယ်လေ"

"အေးအေး"

ဒီလိုနဲ့သူတို့နှစ်ယောက်လည်းဝယ်စရာရှိတာဝယ်ပြီးကျောင်းကိုBusနဲ့လာလိုက်ကြတယ်။Bus topကနေကျောင်းကိုလမ်းလျှောက်လာနေတုန်းChangMinမှာသူတို့နှစ်ယောက်နောက်ကိုတစ်ယောက်ယောက်လိုက်နေတယ်လို့ခံစားရတာကြောင့်လှည့်ကြည့်လိုက်သည်။မလှမ်းမကမ်းမှာရပ်ထားတဲ့ကားကလွဲပီးဘယ်သူမှရှိမနေခဲ့။ဒါပေမဲ့ChangMinစိတ်ထဲတော့ခံစားချက်မကောင်း။

သူတို့နှစ်ယောက်လည်းကျောင်းပေါက်ဝရှေ့ကိုရောက်တော့လူနှစ်ယောက်မှChanHeeကိုတွန်းထုတ်လိုက်ပြီးတစ်ယောက်ကChangMinကိုမေ့ဆေးအုပ်ကာခေါ်ဆောင်သွားလိုက်သည်။နှစ်ယောက်လုံးကဝတ်ထားသည်မှာအမည်းရောင်တွေနှင့်ပြီးတော့Maskကောဦးထုပ်ပါဆောင်းထားသည်မလို့ဘယ်သူမှန်းမသိလိုက်။

ChanHeeကတော့အားနဲ့ဆောင့်တွန်းခံလိုက်ရ၍လဲကျသွားသည်။ဒါကိုမြင်သွားတဲ့SunWooနဲ့JuYeonကအပြေးလာကာChanHeeကိုဆွဲထူပေးလိုက်သည်။SunWooနှင့်JuYeonမှာလေ့ကျင့်ရေးပြီးသွား၍ကျောင်းပြင်ကိုထွက်လာတုန်းမြေပြင်ပေါ်လဲကျနေတဲ့ChanHeeကိုမြင်တာမလို့အမြန်ပြေးသွားလိုက်သည်။

"ChanHeeလေး...ရရဲ့လားဘယ်လိုဖြစ်တာတုန်း"

"SunWoo nah..ChangMinကို...ChangMinကို...."

ChanHeeမှာတစ်ခုခုကိုတုန်လှုပ်နေသည့်ပုံစံဖြင့်ပြောနေတာကြောင့်တစ်ခုခုဖြစ်နေပြီဟုတော့SunWooရိပ်မိလိုက်သည်။

"ChangMinဘာဖြစ်လို့လဲ"

"သူ့...သူ့..သူ့ကိုခေါ်သွားကြတယ်"

"ဘယ်ကိုလဲ...ဘယ်သူတွေလဲ"

"မသိဘူးChanHeeမသိဘူး...ခေါ်သွားတာလူဆိုးတွေ..."

ChanHeeမှာပြောလည်းပြောငိုလည်းငိုဆိုတော့SunWoo ChanHeeကိုယ်လုံးလေးကိုဆွဲယူပြီးဖက်ထားလိုက်သည်။JuYeonကတော့YoungHoonဆီအရင်ဖုန်းဆက်လိုက်သည်။ပြီးမှအတူတူရဲစခန်းကိုအမှုသွားဖွင့်ကြမယ်လို့တွေးလိုက်သည်။

"ဟယ်လိုSunbae"

"အင်းပြော..."

"ChangMinကိုဘယ်သူတွေလဲမသိဘူးဖမ်းသွားတယ်တဲ့ChanHeeနဲ့အတူလာရင်းနဲ့"

"ဘာ!!!!"

"ဟုတ်တယ်Sunbaeကျွန်တော်တို့နှစ်ယောက်ကိုကျောင်းမှာလာတွေ့ကြရင်းကျောင်းရှေ့မှာခေါ်သွားကြတာတဲ့...."

"အင်းအင်း...သိပြီအရင်ဆုံးChanHeeကိုစိတ်လျှော့ခိုင်းထားလိုက်ကျန်တာကိုငါကြည့်လုပ်မယ်ငါChangMinကိုသေချာပေါက်ခေါ်လာမှာမလို့မင်းတို့ကရဲကိုဖုန်းမဆက်နဲ့"

"ဟုတ်ကဲ့Sunbae"

JuYeonသဘောပေါက်ပါသည်။YoungHoonဘာကြောင့်အဲ့လိုပြောလည်းဆိုတာ။
...............

"အတွင်းရေးမှူးMoon....သူတို့ဘက်ကစပြီ...အဲ့တော့အကုန်လုံးကိုအမြန်ပြင်ဆင်ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့"

"ပြီးတော့Jacobနဲ့Ericကိုလည်းမက်ဆေ့ချ်ပို့ထားပါ"

"ဟုတ်ကဲ့ပါ"

အမှန်တော့Kang Yeo Minခေါ်လာတဲ့နိုင်ငံခြားကနှစ်ယောက်ဆိုတာအခြားသူမဟုတ်YoungHoonတို့အဖွဲ့ထဲကသူဖြစ်ပါတယ်။Jacobကသူတို့ထဲကခေါင်းဆောင်ဖြစ်ပြီးEricကအငယ်လေးပါ။

Two weeks ago.....

"အတွင်းရေးမှူးMoon စီစဥ်ထားသလိုJacob hyungနဲ့Ericကိုပြင်ဆင်ပေးထားပါ။ကျွန်တော်Kim Minaရဲ့နောက်တစ်အိမ်ကိုသိပြီ"

"ဟုတ်ကဲ့ပါသခင်လေး....ဒါနဲ့ဘယ်လိုသိတာလဲ"

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောပြတာပါ။"

ပြောပြတဲ့သူငယ်ချင်းဆိုတာလည်းအခြားသူမဟုတ်။JuYeonပါ။JuYeonရဲ့အဖိုးအိမ်ကသူတို့နဲ့နီးနေတော့JuYeonကအလည်သွားရင်းတွေ့ခဲ့တာပါ။JuYeonကYoungHoonအဒေါ်ကိုသိတာမလို့အခုလိုမကောင်းတဲ့သူတွေနေတဲ့အိမ်ကိုအဝင်အထွက်လုပ်နေတာမြင်တော့မင်္သကာတာနဲ့YoungHoonကိုပြောပြလိုက်ခြင်းဖြစ်ပါတယ်။YoungHoonကလည်းတစ်ခုခုအရေးကြုံလာခဲ့ရင်ဟူသောအတွေးနှင့်ယုံကြည်ရသည့်JuYeonကိုကိစ္စအချို့ပြောပြလိုက်သည်။

အဲ့တာနဲ့YoungHoonလည်းအစီစဥ်ဆွဲပြီးJacob နဲ့Ericကိုသူလျှိုအဖြစ်ထည့်လိုက်တာပါ။အခုChangMinကိုဖမ်းသည့်ကိစ္စကလည်းသူကြိုတွက်ထားပြီးသားမလို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ဒီလောက်ထိမြန်ဆန်လိမ့်မယ်လို့သူမထင်မိ။
.......................

ChangMinနိုးလာတော့အမြင်တွေဝေဝါးနေသည်။ခေါင်းထဲလည်းမူးနောက်နောက်ကြီးနှင့်ရုတ်တစ်ရက်လှုပ်လို့မရသည်ကိုခံစားမိတော့သူ့လက်တွေနဲ့ခြေထောက်တွေကိုကြိုးတုပ်ထားသည်။ဘေးဘီကိုလှည့်ပတ်ကြည့်တော့လည်းအခန်းတစ်ခန်းထဲရောက်နေသည်။ဘယ်နေရာကိုရောက်နေလဲတော့သူမသိ။

စိတ်ထဲတွင်လည်းကြောက်လာသည်။ကြိုးကိုဖြည်ဖို့အတင်းရုန်းတော့လုံးဝမရ။ChangMinကြောက်လာ၍ငိုမိသည်။သူခုအချိန်တွင်တမ်းတမိသည်ကသူ့ရဲ့Hyung။

ထိုစဥ်အခန်းထဲကိုဝင်ရောက်လာသည့်မိန်းမတစ်ဦးနှင့်အခြားသူများ........
.................

YoungHoonတို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးသွားတော့ကားနှင့်ထွက်လာလိုက်သည်။Kang Yeo Minရဲ့အိမ်ကိုရောက်တော့ခြံရှေ့မှာစောင့်နေကြတဲ့သူ့ရဲ့အစောင့်တွေ။

အကုန်လုံးကိုတိုက်ခိုက်ပြီးအိမ်ထဲဝင်လိုက်သည်။ထူးဆန်းသည်ကတစ်ယောက်မှမရှိ။ဒါနဲ့YoungHoonလည်းဒေါသထွက်ထွက်နဲ့သူ့လူတွေထဲကတစ်ယောက်ကိုခေါ်ပြီးမေးလိုက်သည်။

"သူတို့ဘယ်မှာလဲ"

"မသိဘူး"

"​အော်...တော်တော်လေးသစ္စာရှိနေတယ်ပေါ့"

YoungHoonသေနတ်ကိုထုတ်ကာမောင်းတင်ပြီးထိုလူကိုချိန်ထားလိုက်သည်။YoungHoonစိတ်ထဲသူ့ကလေးကိုအမြန်ခေါ်ဖို့သာသိသည်။ထို့ကြောင့်ဒီလိုလူကိုသတ်လိုက်ရမယ်ဆိုတောင်ဝန်မလေး။

"ပြော...ဒါမင်းကိုအခွင့်အရေးပေးတာ"

ထိုလူမှာလည်းသေနတ်ကိုချိန်ထားတဲ့YoungHoonရုပ်ကိုကြည့်မိတော့သနားစိတ်ကင်းမဲ့နေပြီးတစ်ကယ်ပစ်မည့်ပုံပင်။ထို့ကြောင့်သူလည်းကြောက်အားလန့်အားနှင့်ChangMinကိုဖမ်းထားသည့်မြေအောက်ခန်းလမ်းကိုပြလိုက်သည်။

YoungHoonလည်းကျန်တဲ့အဖွဲ့သားတွေနဲ့ဟိုလူပြတဲ့လမ်းအတိုင်းလာလိုက်တော့အခန်းတွေအများကြီးရှိတဲ့Hall wayကိုရောက်သွားသည်။ဘယ်အခန်းထဲမှာChangMinရှိမလဲမသိတာမို့။တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ကြည့်မိသည်။ငါးခန်းလောက်ကိုဖွင့်ကြည့်ပြီးသွားပေမဲ့ဘယ်သူမှမတွေ့။ပိုလို့ပင်ထူးဆန်းသည်ကလမ်းတစ်လျှောက်လုံးဘယ်သူမှမတွေ့။

YoungHoonသတိကိုအတတ်နိုင်ဆုံးကပ်ပြီးနောက်တစ်ခန်းကိုဖွင့်ကြည့်မိလိုက်တော့
မြေပြင်ပေါ်လေးမှာလဲကျနေတဲ့သူ့ကလေး။ခြေထောက်တွေလက်တွေကိုလည်းကြိုးချည်ခံထားရပြီးကြောက်နေရှာသည်။

"Hyung....."

"ကလေး"

ChangMinမှာYoungHoonဝင်လာတာကိုမပျော်နိုင်ပါ။

"Hyung...မလာနဲ့"

YoungHoonအခန်းထဲဝင်ရန်လုပ်လိုက်တော့သူ့ကလေးကမလာနဲ့ဆိုပေမဲ့ဆက်ရှေ့တိုးမိလိုက်သည်။ထိုစဥ်အသင့်စောင့်နေတဲ့Kang Yeo MinကYoungHoonနောက်ကိုတုတ်ဖြင့်ရိုက်လိုက်သည်။

"အား....."

YoungHoonနောက်မှတစ်ချက်အရိုက်ခံလိုက်ရသဖြင့်စူးစူးဝါးဝါးကြီးခံစားလိုက်ရပြီးမြေပြင်ပေါ်လဲကျသွားသည်။မျက်စိတွေမမှိတ်မိခင်မြင်လိုက်ရသည်ကသူ့ကိုစိုးရိမ်ကြီးစွာအော်ခေါ်နေတဲ့သူ့ကလေး။
...............

ဖြန်း....(ဒါကရေနဲ့ပက်လိုက်တဲ့အသံ)

YoungHoonသူမျက်နှာပေါ်ကိုရေနဲ့ပက်လိုက်သည်မို့ရုတ်တစ်ရက်နိုးလာသည်။

"နိုးလာပြီပဲ"

ကြည့်လိုက်တော့သူ့ရဲ့အဒေါ်ဖြစ်သူKim Mina။

"ခင်ဗျား...."

"ဘယ်လိုလဲအိပ်ရေးကောဝရဲ့လား...မပူပါနဲ့ခုမင်းlive showတစ်ခုကြည့်ရမှာ"

YoungHoonနားမလည်စွာဖြင့်ကြည့်မိလိုက်သည်။ခုမှသတိထားမိသည်ကသူရောက်နေတာChangMinနဲ့တစ်ခန်းထဲမလှမ်းမကမ်းမှာလည်းသူ့ကလေးကိုတွေ့လိုက်ရသည်။ဘယ်လောက်တောင်ကြောက်နေသည်မသိတုန်ရီနေရှာသည်။သူထပြီးသွားမယ်အလုပ်....

"ရပ်စမ်း....မင်းကိုငါLive showတစ်ခုကြည့်ခိုင်းဦးမှာ"

YoungHoonရဲ့ခေါင်းကိုချိန်ထားတဲ့သေနတ်ကြောင့်ChangMinပို၍လန့်သွားသည်။

"Hyungကိုဘာမှမလုပ်ပါနဲ့"

"မင်းHyungကိုငါတို့ဘာမှမလုပ်ပါဘူး...မင်းကိုလုပ်တာကိုပဲထိုင်ကြည့်ခိုင်းမှာ"

ChangMinရောYoungHoonမှာမျက်လုံးပြူးသွားသည်။

"ခင်ဗျားChangMinလေးကိုဘာလုပ်မှာလဲ"

"အဟက်...အဲ့တာမင်းသိရတော့မှာပါ...ဝင်လာခဲ့လိုက်"

ခေါ်သံဆုံးတာနှင့်အခန်းထဲကိုဝင်ရောက်လာသည့်လူတစ်ဦး။ထိုလူကိုတွေ့သည်နှင့်YoungHoonအတော်လေးပင်လန့်ဖြတ်သွားသည်။သူChangMinလေးကိုဘာလုပ်တော့မလဲဆိုတာကောင်းကောင်းသဘောပေါက်လိုက်သည်။

ဝင်လာသည့်သူမှာတူအရင်းဖြစ်သူကိုတောင်မတရားကြံစည်တဲ့YoungHoonတို့Companyကရှယ်ယာရှင်Mr.Misukuပဲဖြစ်ပါတယ်။

"ခင်ဗျား....ChangMinနားကိုမသွားနဲ့"

ထိုလူမှာYoungHoonပြောသည်ကိုမကြားချင်ယောင်ဆောင်ပြီးChangMinဘက်ကိုလာလိုက်သည်။ChangMinလေးမှာတော့တုန်လှုပ်ခြောက်ခြားလျက်။

"အဟက်....သခင်လေးKim YoungHoonရဲ့ချစ်သူကချစ်စရာလေးပဲ"

ထိုလူမှာChangMin ပါးကိုပွတ်ရင်းပြောသည်မလို့YoungHoonဒေါသထွက်ကာထိုလူကိုထ ထိုးရန်ပြင်လိုက်သော်လည်းKangYeoMinရဲ့လူတွေကသူ့ကိုချုပ်လိုက်ကြသည်။

"ခင်ဗျား...ChangMinကိုမထိနဲ့"

"ဘယ်လိုလုပ်မလဲ...ကျွန်တော်ကပြောရင်ပိုလုပ်ချင်တယ်"

ပြောရင်းပင်ChangMinရဲ့အပေါ်ဝတ်cardiganကိုလေးကိုချွတ်လိုက်တော့YoungHoonဒေါသဂိတ်ဆုံးရောက်သွားသည်။နောက်အထဲကshirtကကြယ်သီးတွေတစ်လုံးချင်းစီဖြုတ်ပြီးအရသာခံနေသောထိုလူကိုကြည့်ပြီးYoungHoonဘယ်လိုမှဒေါသတွေကထိန်းမရ။

ChangMinလေးမှာတော့ကြောက်နေရုံမှတစ်ပါးဘာမှမလုပ်နိုင်ခဲ့။အချုပ်ခံထားရတဲ့သူ့Hyungကိုကြည့်ပြီးငိုနေရုံမျှသာ။သူ့အဝတိတွေကိုချွတ်နေတဲ့လူကိုကြောက်စိတ်ထက်သူ့Hyungကိုတစ်ခုခုများလုပ်လိုက်လေမလားဆိုတဲ့ကြောက်စိတ်ကပိုဆိုးနေသည်။

လူစိတ်မရှိတဲ့Kim Minaနဲ့Kang Yeo Minမှာတော့ထိုင်ပြီးကြည့်နေကြသည်။

"ဟိူလူခုချက်ချင်းရပ်.....Kim Minaခင်ဗျားCompanyကိုအပိုင်လိုချင်တာမလား"

ရုတ်တစ်ရက်YoungHoonပြောလိုက်သည့်စကားကြောင့်အကုန်လုံးရပ်သွားကြသည်။Kim Minaကတော့YoungHoonကိုကြည့်ကာ

"မင်းကသဘောပေါက်မြန်သားပဲ"

"ခင်ဗျားသိပ်လိုချင်လှပါတယ်ဆိုတဲ့Companyကိုကျွန်တော်ပေးမယ်ဒါကြောင့်ChangMinကိုအခုချက်ချင်းလွှတ်ပေး"

"Hyungမပေးနဲ့"

ChangMinမှလှမ်းအော်သော်လည်းYoungHoonဂရုမစိုက်။သူချစ်ရတဲ့သူ...သူတန်ဖိုးထားရတဲ့သူကလွဲဘယ်အရာမှအရေးမကြီး။

"ကောင်းပြီလေဒါဆို"

Kim Minaမှမျက်စပစ်ပြလိုက်​တော့YoungHoonကိုချုပ်ထားတဲ့သူတွေကသူ့ကိုလွှတ်ပေးလိုက်ပြီးMr.Misukuမှာလည်းChangMinနားမှထလိုက်သည်။လွှတ်ပေးလိုက်သည်နှင့်YoungHoonလည်းChangMinနားလေးကိုမြန်မြန်သွားလိုက်ပြီးဖက်လိုက်သည်။ပြီး​တော့ချည်ထားသည့်ကြိုးများကိုဖြည်ပေးပြီးChangMinမျက်နှာလေးကိုတစ်ချက်ကြည့်ကာ.....

"ကလေးဘာမှမဖြစ်တော့ဘူးနော်"

"Hyung....သူ့ကိုဘာလို့...."

"ရှူး......မပြောနဲ့ကလေး...ကိုယ့်မှာကလေးကလွဲပြီးဘယ်အရာမှအရေးမကြီးဘူးကိုယ်စီစဥ်ထားတာတွေရှိပါတယ်"

YoungHoon ChangMinနားနားလေးကိုမသိမသာလေးကပ်ပြီးစကားတစ်ချို့ပြောလိုက်သည်။ပြီးတော့သူဝတ်လာတဲ့Jacketကိုသူ့ကလေးကိုအပေါ်ကနေခြုံပေးလိုက်သည်။

"ကဲမင်းတို့အလွမ်းသယ်လို့ပြီးပြီဆိုတော့YoungHoonဒီမှာလက်မှတ်လာထိုး"

YoungHoonထမယ်အလုပ်သူ့လက်ကိုဆွဲထားတဲ့ChangMin...။လက်မှတ်မထိုးပေးလိုက်ပါနဲ့ဟူသောအကြည့်လေးများဖြင့်ကြည့်လာသော်လည်းYoungHoon ChangMinလက်လေးတွေကိုအသာလေးဆုပ်ကိုင်ပြီးဖယ်ချကာဘာမှမစိုးရိမ်ပါနဲ့ဟူသောအကြည့်ဖြင့်ပြန်ကြည့်လိုက်သည်။

ChangMin's pov - ငါ့ကြောင့်....Hyungကငါ့ကြောင့်ဒီလိုတွေဖြစ်ရတာ

ChangMinတွေးကာငိုနေမိသည်။

YoungHoonလက်မှတ်ထိုးမယ်အလုပ်ဒုန်းခနဲဟူသောအသံနဲ့အတူဝင်ရောက်လာသည့်သူတစ်ဦး။

"JuYoen"

"ChangMin nah....YoungHoon sunbae"

JuYeonမှာတစ်ခုခုဖြစ်ပြီဆိုတာသိတဲ့အတွက်ကြောင့်SunWooနဲ့ChanHeeကိုအိမ်ပြန်လိုက်ပို့ပေးပြီးသူ့အဖိုးအိမ်ကိုထွက်လာလိုက်သည်။အစောင့်များကိုတိုက်ခိုက်ကာဝင်သွားသည့်YoungHoonတို့ကိုတွေ့တော့သူအမြန်ပင်လိုက်ဝင်လိုက်ပြီးအခုလိုမျိုးရောက်လာခြင်းဖြစ်သည်။

သူဝင်လာလာခြင်းမှာပဲKang Yeo Minရဲ့လူတွေကသူ့ကိုဝိုင်းဖမ်းမယ်လုပ်တော့အမြန်ပင်ပြန်လည်တိုက်ခိုက်တဲ့JuYeon။YoungHoonလည်းအခွင့်အရေးကိုကောင်းကောင်းအသုံးချကာကျန်တဲ့လူတွေကိုဝိုင်းတိုက်ခိုက်လိုက်ပြီးChangMinလေးကိုထိတဲ့ဟိုလူကိုလည်းရစရာမရှိအောင်ကိုထိုးပစ်သည်။

ChangMinလေးမှာတော့ကြောက်၍ထောင့်လေးအပြေးသွားပုန်းမိသည်။Kang Yeo Minနဲ့Kim Minaကတော့စာချုပ်ကိုယူကာထွက်ပြေးရန်ကြံလိုက်တော့YoungHoonမှအမြန်တားလိုက်သည်။

Kang Yeo Minနဲ့တိုက်ရင်းခိုက်ရင်းအခြေအနေမကောင်းသည်မို့.....

"JuYeon nah ChangMinခေါ်ပြီးပြေးတော့"

"Hyung....ကျွန်​တော်မသွားဘူး"

ChangMinမှပြောလိုက်သဖြင့်YoungHoonလည်းChangMinကိုကြည့်ကာပြုံးပြလိုက်ပြီး....

"လိုက်သွားပါကိုယ်ပြန်လာမှာမလို့လိုက်သွားလိုက်နော်ကလေးကလိမ္မာပါတယ်"

JuYeonလည်းChangMinကိုခေါ်ရန်ဆွဲထူလိုက်တော့ထတော့ထလာပေမဲ့မရွေ့။YoungHoonလည်းKang Yeo Minနဲ့တိုက်နေတုန်းလဲကျသွားသည်။ပြီးတော့ဒါကိုအခွင့်ကောင်းယူကာKang Yeo Minမှသေနတ်ထုတ်ပြီးYoungHoonကိုချိန်ပြီးပစ်လိုက်သည်။

"ဒိုင်း!!!!!!"

"Hyung!!!!!!!"

Kang Yeo Minက​တော့ပစ်ပြီးအမြန်ထွက်ပြေးသွားသည်။

ChangMinမှာတော့လဲကျနေတဲ့YoungHoonဆီပြေးသွားလိုက်သည်။

"Hyung....Hyung....သတိထားဦးလေ"

"ကလေး...ဘာလို့ခုထိမသွားသေးတာလဲ"

"ကျွန်တော်ကဘာလို့သွားရမှာလဲHyungမပါဘဲမသွားဘူး"

"ကလေးကိုယ်အဆင်ပြေပါတယ်ဒါကြောင့်သွားတော့နော်"

YoungHoon JuYeonကိုမျက်စပစ်ပြလိုက်တော့JuYeonလည်းChangMinကိုမချီကာထွက်လာလိုက်သည်။

"မဖြစ်ဘူး....JuYeonငါ့ကိုလွှတ်....Hyungကိုမထားခဲ့ဘူး"

YoungHoon's pov - ကလေးကိုကိုယ်တောင်းပန်ပါတယ်ကွာ

ChangMinလေးရဲ့ငိုကြွေးအော်မြည်သံဟာကြားရသူဖို့အရမ်းပင်ဝမ်းနည်းစရာကောင်းလွန်းနေသည်။သူချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့စိတ်ကသူ့အားနှိပ်စက်နေသည်။JuYeonကိုလည်းဘယ်လောက်ပဲရိုက်ထုတ်ခြေထောက်နဲ့ကန်ကန်လုံးဝမလွှတ်ပေး။ChangMinရင်ဘတ်ထဲဓားဖြင့်ထိုးနှက်နေသည့်နှယ်နာကျင်လွန်းနေပါသည်။

ChangMin's pov - Hyungနဲ့ကျွန်တော်မဝေးချင်ဘူး

________________________________________

ဒီအပိုင်းကတော့နည်းနည်းများတယ်နော်။ရှုပ်နေတာလည်းရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့နောက်အပိုင်းတွေဖတ်ကြည့်လိုက်ပါဦး။နောက်တစ်ပိုင်းနှစ်ပိုင်းလောက်ဆိုပြီးပါပြီ။

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com