Chapter 16
"JuYeonငါ့ကိုလွှတ်လို့......."
ChangMinအော်ငိုထားသောကြောင့်အသံများပင်တိမ်ဝင်ကာအက်လာလေသည်။JuYeonလည်းကားပေါ်ChangMinကိုချီလျက်ပင်တင်လိုက်သည်။JuYeonပခုံးနားမှာလည်းChangMinရဲ့မျက်ရည်တွေဟာရွှဲစိုလို့။JuYeonလည်းသူ့သူငယ်ချင်းလေဒီလိုဖြစ်တာမြင်တော့စိတ်မကောင်း။
ChangMinမှာငိုလည်းငိုကြောက်စိတ်တွေကလည်းဝင်ဆိုတော့အားလျော့ပြီးမေ့လဲသွားသည်။
"ChangMin nah ChangMin nah...."
JuYeonလည်းခေါ်မရတော့သတိလစ်သွားမှန်းသိတာမလို့ဆေးရုံကိုအမြန်မောင်းလိုက်သည်။
.................
"ဟိုကောင်ကော"
"သေပြီ"
"ဟုတ်ကောဟုတ်လို့လား"
"ငါကိုယ်တိုင်သေနတ်နဲ့ပစ်ခဲ့တာ"
"ဟ.ဟ....ဘာတတ်နိုင်သေးလဲKim YoungHoonခုတော့နင့်မိဘတွေနောက်ပါသွားပြီပေါ့......"
"Jacobနဲ့Eric ဟိုကောင့်အလောင်းကိုသွားမြှုပ်လိုက်"
"ဟုတ်ကဲ့"
"ကဲကိုယ်တို့ကတော့စားသောက်ဆိုင်လေးမှာပဲဖြစ်ဖြစ်ညစာသွားစားရအောင်"
"ကောင်းပြီလေ"
နတ်ဆိုးရယ်သံနှင့်ထွက်သွားကြသောလူစိတ်မရှိလောဘနွံထဲနစ်နေကြတဲ့သူတို့နှစ်ယောက်။
သူတို့နှစ်ယောက်အတွက်ကတော့ပျော်ရွှင်စရာဆိုပေမဲ့အခြားသူတွေအတွက်ကတော့ဝမ်းနည်းစရာအတိ။
ဒါဟာYoungHoonနဲ့ChangMinတို့ရဲ့အဆုံးသတ်လေးများလား..............
...................
ChangMinနိုးလာသည်။နိုးလာချင်းသူတွေ့လိုက်ရတာကမျက်နှာကျက်အဖြူရောင်.....
ဘေးကိုကြည့်လိုက်တော့သူ့လက်မှာလည်းဆေးပိုက်တန်းလန်းနှင့်။
ChangMin's pov - ငါဆေးရုံရောက်နေတာလား
ထိုစဥ်အခန်းထဲကိုJuYeonဝင်လာသည်။
"ChangMin နိုးလာပြီလား"
သူ့ကိုတွေ့တွေ့ချင်းကုတင်နားJuYeonအပြေးလေးရောက်လာသည်။
"ငါ....ဆေးရုံမှာလား"
"ဟုတ်တယ်မင်းမေ့လဲသွားလို့လေ"
"Hyung...Hyungကော"
JuYeonစိတ်မကောင်းစွာမျက်နှာကိုအောက်ချလိုက်သည်။
"ငါမေးနေတယ်လေHyungကောလို့!!!"
"ငါတောင်းပန်ပါတယ်"
"မဟုတ်ဘူး.....မဟုတ်ဘူး..Hyungကငါ့ကိုပြောတယ်ပြန်လာခဲ့မှာတဲ့.....Hyungကသေချာပေါက်ငါ့ကိုပြောခဲ့တာ......."
ChangMinပြောရင်းပင်ငိုပြန်လေသည်။
"မဖြစ်ဘူးငါHyungကိုသွားခေါ်မယ်"
ChangMinမရှိရှိတဲ့အားလေးနဲ့ထပြီးသူ့ဆေးပိုက်ကိုအမြန်ဖြုတ်ဖို့လုပ်လိုက်တယ်။JuYeonကအလျင်အမြန်တားလိုက်သည်။
"သားငယ်လေး"
ဝင်လာသည်မှာသူ့Ommaနဲ့Appa။
"Appa...Omma....."
"သားစိတ်ထိန်လေးနော်"
"ဟင့်အင်း.......Hyungကိုတွေ့ရမှဖြစ်မှာ....သားHyungဆီသွားမယ်"
ChangMinရဲ့Ommaနဲ့Appaမှာသူတို့နှစ်ဦးကိစ္စကိုသိပြီးပြီဖြစ်ပါတယ်။သူ့သားငယ်လေးအတွက်လည်းစိတ်မကောင်းပါ။
"သားစိတ်ကိုငြိမ်အောင်အရင်လုပ်လိုက်ပါနော်"
ChangMinမှာငိုရင်းပင်အသံမထွက်တော့ချေ။ထို့နောက်အသက်ရှူကျပ်လာသလိုရင်ဘတ်ထဲကစူးစူးဝါးဝါးကြီးအောင့်လာသလိုခံစားရပြီးအမြင်တွေလည်းမှုန်ဝါးကာသူ့Hyungကိုမျက်လုံးထဲပြန်မြင်လာသည်။
"Hyung........"
ChangMinထပ်ပြီးသတိမလစ်ခင်ခေါ်လိုက်မိသည်ကသူ့ရဲ့Hyung.....
....................
ဒီနေ့ကတော့Kim Minaအပျော်ဆုံးနေ့ဖြစ်လောက်သည်။သူCompanyကိုအပိုင်ရတော့မယ်လေ။YoungHoonဟာမသမာတဲ့တစ်ခြားစီးပွားရေးလုပ်ငန်းရှင်ကြောင့်မတော်တဆသေဆုံးသွားလို့သူကCompanyကိုဆက်ခံလိုက်ပါတယ်ပေါ့လေ။
အနက်ရောင်ဂါဝန်ကိုဝတ်ထားပြီးနှုတ်ခမ်းနီကိုလည်းရဲနေအောင်ဆိုးထားသည်။မနေ့ကမှဆိုင်တွင်တကူးတကပုံသွင်းလာတဲ့ဆံပင်တွေက်ုသေချာစွာဖြီးရင်းအကြောင်းမဲ့ပြုံးနေပြန်သည်။ရေမွှေးကိုအနည်းဆွတ်လိုက်ပြီးဒေါက်မြင့်ဖိနပ်စီးကာကားထဲသို့ဝင်လိုက်သည်။
Companyထဲကိုဝင်သည်နှင့်ဝန်ထမ်းများကသူ့အားဦးညွှတ်နှုတ်ဆက်ကြသည်။ခါတိုင်းလည်းနှုတ်ဆက်နေကြဆိုပေမဲ့ဒီနေ့မှပိုပြီးအားရနေသယောင်။
Companyရဲ့Meeting roomထဲကိုဝင်လိုက်တော့အသင့်စောင့်ဆိုင်းနေကြတဲ့ရှယ်ယာရှင်တွေ။သူလည်းဝမ်းနည်းပုံတစ်ခုအပြုံးတစ်ခုကိုတပ်ဆင်ကာအခန်းထဲကိုဝင်လိုက်သည်။
သေလောက်အောင်ပျော်မတတ်ဖြစ်နေတဲ့အချိန်မှာဝမ်းနည်းပြရတာကအခြားသူများအတွက်ခက်ခဲပေမဲ့Kim Minaအတွက်ကတော့အေးဆေး။သူ့လိုလျှာနှစ်ခွနဲ့မြွေဟောက်မစိတ်ရှိနေတဲ့သူကဒီလိုဟန်ဆောင်ပန်ဆောင်အတတ်တွေကိုသင်ပေးစရာမလိုဘဲနဲ့တတ်ပါသည်။
Kim Minaလည်းအရင်ကYoungHoonထိုင်ခဲ့တဲ့CEOနေရာမှာဝင်ထိုင်လိုက်ပြီးရှယ်ယာရှင်တွေကိုစကားစလိုက်သည်။
"အားလုံးပဲသိကြတဲ့အတိုင်းကျွန်မတူလေးကမနေ့ကပဲမတော်တဆသေဆုံးသွားခဲ့ရတာပါ...ကျွန်မဒီကိစ္စကိုအတော်လေးစိတ်မကောင်းပါဘူး။သူ့ကိုအဲ့လိုလုပ်သွားတဲ့သူတွေကိုလည်းကျွန်မစုံစမ်းနေပါတယ်"
Kim Minaမှာငိုပြသယောင်ကလုပ်ပြလိုက်သေးသည်။ဘေးနာမှာရှိတဲ့တစ်ရှူးကိုယူပြီးမျက်လုံးကိုလည်းဟိုတို့ဒီတို့ကလုပ်သေးသည်။
"ကျွန်မဒီနေ့အားလုံကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ကျွန်မတူလေးကဆုံးသွားတော့ဒီCompanyကိုဆက်ခံဖို့သူကမရှိဖြစ်နေပါတယ်။အဲ့တော့ကျွန်မကပဲကျွန်မအကိုရဲ့Companyကိုတာဝန်ယူလိုက်ပါမယ်။အလျင်စလိုလုပ်ရတဲ့အကြောင်းအရင်းကတော့အခြားပြိုင်ဘက်Companyတွေကြောင့်ပါ။ဒါကြောင့်ဒီကိစ္စကိုလက်မခံတဲ့သူရှိရင်ပြောနိုင်ပါတယ်"
ဘယ်သူမှမပြောအားလုံးကထောက်ခံကြသည့်အတွက်Kim Minaတစ်ချက်မသိမသာပြုံးလိုက်မိသည်။
"ကဲအားလုံးလည်းလက်ခံတယ်ဆိုတော့စာချုပ်မှာသဘောတူကြောင်းလက်မှတ်ထိုးပေးကြပါ"
အကုန်လုံးလည်းကြည်ဖြူစွာလက်မှတ်ထိုးပေးပြီးKim Minaတစ်ယောက်ပဲလက်မှတ်ထိုးဖို့ကျန်တော့သည်။
သူလက်မှတ်ထိုးဖို့ဘောလ်ပင်ကိုကိုင်လိုက်သည်။စာချုပ်ပေါ်ထိုးခါနီးအချိန်မှာ........
"ဒုန်း!!!!!!!!"
လူတစ်ယောက်တံခါးကိုဆောင့်ကန်ပြီးဝင်လာသည်။ဝင်လာသည့်သူကိုမြင်တော့Kim Minaလိပ်ပြာလွင့်မတတ်အံ့သြသွားမိသည်။
"Kim Young Hoon"
Flash back......
Jacob နဲ့Ericလည်းအခန်းထဲရောက်တော့YoungHoonကိုအသာလှုပ်နှိုးလိုက်သည်။YoungHoonပြန်သတိရလာတော့မှနှစ်ယောက်လုံးစိတ်အေးသွားကြသည်။
"သခင်လေးနိုးလာပြီပဲ"
"ကလေးကော"
"JuYeonနဲ့ပါသွားတယ်ငိုတော့ငိုနေရှာတာ"
"အင်း....ငါလည်းမဖြစ်မနေမလို့သာလုပ်ရတာပါ"
YoungHoonအစကတည်းကကြိုတွက်ခဲ့ပါတယ်။Kim MinaကChangMinကိုခေါ်ပြီးသူ့ကိုခြိမ်းခြောက်မယ်ဆိုတာ။ဒါပေမဲ့ဒီလောက်ထိဖြစ်လိမ့်မယ်လို့သူမတွေးခဲ့။စီစဥ်ထားတာတစ်ချို့ကပျက်သွားသဖြင့်အခြားအပိုစီစဥ်ထားတာကိုလုပ်လိုက်ရခြင်းဖြစ်သည်။
YoungHoonမသွားခင်ကျည်ကာကိုအောက်ကနေခံပြီးဝတ်ထားတာပါ။သူ့ကိုပစ်လိုက်တော့အရှိန်ပြင်းလွန်းတာကြောင့်အောင့်သက်သက်ဖြစ်သွားပြီးမေ့လဲသွားတာပါ။
"သခင်လေးသွားရအောင်"
YoungHoonခေါင်းငြိမ့်ပြလိုက်သည်။Jacobနဲ့Ericလည်းYoungHoonကိုခေါ်ကာကားနဲ့မောင်းထွက်လာလိုက်သည်။အိမ်မှာအဆင်သင့်စောင့်နေတဲ့အတွင်းရေးမှူးMoonကYoungHoonကိုမြင်တော့အလန့်တကြားရောက်လာကာ.......
"သခင်လေးအဆင်ပြေရဲ့လား....."
"ရတယ်ကျွန်တော်ဘာမှမဖြစ်ဘူး...စာရွက်စာတမ်းတွေအကုန်ပြင်ဆင်ပြီးပြီလား"
"ဟုတ်ကဲ့အကုန်လုံးပြီးပါပြီ"
YoungHoon's pov - ဟက်....တွေ့ကြသေးတာပေါ့Kim Minaရေ.....
Flash back end.......
"ဒုန်း!!!!!!!!!"
YoungHoonအားနဲ့တံခါးကိုဆောင့်ကန်လိုက်သည်။လက်နဲ့တွန်းဖွင့်နေရလောက်သည်အထိသူစိတ်မကြည်။
"Kim Young Hoon!!!"
"Suprise!!!!!!!"
Kim Minaသာမကကျန်တဲ့ရှယ်ယာရှင်တွေပါအံ့သြသွားကြသည်။
"မင်း....မင်း......ကသေပြီလေ"
"ကျွန်တော်ကခင်ဗျားသတ်လို့သေမဲ့အမျိုးအစားထဲမှာမပါဘူး"
အကုန်လုံးမျက်လုံးပြူးသွားကြသည်။
"ခင်ဗျားအခု....ကျွမ်တော့်ကိုသတ်ပြီးCompanyကိုအရယူနေတယ်ပေါ့..."
ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာရက်စက်ရွံရှာသောမျက်လုံးများဖြင့်ကြည့်လာသည့်YoungHoonကိုKim Minaလန့်နေမိသည်။သူ့ဘေးမှဖုန်းကိုမသိမသာယူမယ်လုပ်တော့......
"ခင်ဗျားလင်ကိုခေါ်ဖို့မစဥ်းစားလိုက်နဲ့...သူလည်းခုလောက်ဆိုမသေရုံတစ်မယ်ပဲပေါ့"
Kim Minaပို၍ပင်အံသြသွားလေသည်။YoungHoonကတော့ရှေ့ကိုတစ်လှမ်းချင်းတစ်လှမ်းချင်းတိုးလာပြီးအကုန်လုံးကိုစေ့စေ့ပေါက်ပေါက်လိုက်ကြည့်လိုက်သည်။
"ခင်ဗျားတို့လည်းCompanyကနေဖြတ်စားလတ်စားလုပ်ထားတာတွေကျွန်တော်မသိဘူးထင်နေတာလား"
ကျန်တဲ့ရှယ်ယာရှင်များမှာလှုပ်ရွလာပြီးကြောက်နေကြသည်။
"ဟက်.....Kim Minaခင်ဗျားကအကုန်လုံးကိုဘယ်လိုများစည်းရုံးလိုက်တာလဲ"
"ငါဘာမှမလုပ်ဘူး....ငါက.....ဒီအတိုင်း...."
"တိတ်စမ်း!!!!!!!"
YoungHoonအော်လိုက်သည့်အတွက်Kim Minaကိုယ်တောင်တုန်တတ်သွားသည်။
"ခင်ဗျားဘာမှပြောစရာမလိုဘူး"
YoungHoonမှာရှေ့ကိုတိုးပြီးKim Minaရှေ့ကစာချုပ်ကိုလှမ်းယူလိုက်သည်။
"ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းစာချုပ်......ဟက်...ထားပါအခုတော့ဒီမှာရှိနေတဲ့ခင်ဗျားတို့အားလုံးထောင်ထဲဝင်ဖို့သာပြင်ထားတော့"
"မင်းကငါတို့ကိုထောင်ထဲထည့်ရအောင်မင်းမှာဘာသက်သေရှိလို့တုန်း"
ရှယ်ယာရှင်ထဲမှတစ်ယောက်လှမ်းပြောလိုက်သဖြင့်ထိုလူအားYoungHoonသေချာကြည့်ကာ.....
"ရှိလို့ပေါ့Kim Minaဆီမှာခင်ဗျားတိုလုပ်ထားသမျှမကောင်းမှုတွေစုထားတဲ့စာအုပ်ရှိတယ်လေ....အဲ့တာတစ်ခါတော့ကျွန်တော့်အဒေါ်ကိုကျေးဇူးတင်ရမယ်"
YoungHoonထိုကဲ့သို့ပြောလာတော့Kim Minaကြောင်သွားသည်။
"ကျွန်တော်အဲ့တာကိုဘယ်လိုရလဲဆိုတာမေးချင်နေတာလား.......ပြောပြပါ့မယ်....Jacobနဲ့Ericက ကျွန်တော့်လူတွေလေ...လွယ်လွယ်ယုံသွားကြတဲ့ခင်ဗျားတို့ကပဲတုံးတာလားကျွန်တော့်လူတွေကပဲဟန်ဆောင်ကောင်းတာလားတော့မခွဲတတ်ဘူး"
Kim Minaတစ်ယောက်အသက်ကိုပြင်းပြင်းရှူနေမိသည်။စိတ်တွေလည်းလွတ်ကာသူ့ရှေ့ကYoungHoonကိုကြည့်ပြီးပါးရိုက်မယ်အလုပ်.......
"ခွမ်း!!!!!!!!"
စားပွဲပေါ်တွင်တင်ထားသည့်ခွက်မှာတစ်စုံတစ်ယောက်ရဲ့Kim Minaလက်ဆီကိုပစ်ခြင်းခံလိုက်ရတယ်။လက်မှာတော့သွေးများစတင်စီးကျလာသည်။
"ခင်ဗျား....Hyungကိုမထိနဲ့"
"ကလေး...."
ChangMinကိုတွေ့တော့YoungHoonအံ့အားသင့်သွားသည်။ChangMinမှာလည်းYoungHoonကိုတွေ့သည်နှင့်ပြေးဖက်လိုက်ချင်ပေမဲ့အခုအခြေအနေမျိုးနဲ့တော့မဟုတ်။ဒါကြောင့်သူKim Minaဆီရဲရဲဝံ့ဝံ့ပဲသွားလိုက်ပြီးKim Minaရဲ့ပါးကိုနှစ်ချက်ဆင့်ရိုက်လိုက်သည်။
"ဖြန်း.....ဖြန်း!!!!"
YoungHoonရောKim Minaရောကျန်တဲ့ရှယ်ယာရှင်တွေရောအကုန်လန့်သွားသည်။
"ဒါက ကျွန်တော်တန်ဖိုးထားရတဲ့သူကိုရိုက်မလိုလုပ်လို့"
Kim Minaလန့်ပြီးတုန်နေသည်။ဘာမှလည်းမသိတော့ရူးချင်နေတာပဲသိသည်။ထိုစဥ်အတွင်းရေးမှူးMoonနှင့်ရဲတွေဝင်ရောက်လာပြီးအကုန်လုံးကိုဖမ်းလိုက်ကြသည်။ဒေါသထွက်နေပုံပေါ်တဲ့ChangMinကတော့YoungHoonလက်ကိုဆွဲပြီးCompanyရဲ့အပြင်ဘက်လူရှင်းတဲ့နေရာကိုခေါ်သွားလိုက်သည်။YoungHoonမှာလည်းသူ့ကလေးခေါ်ရာနောက်ဘာမှမပြောဘဲလိုက်လာခဲ့သည်။
လူရှင်းတဲ့တစ်နေရာရောက်တော့ChangMinကYoungHoonက်ုကြည့်လိုက်ပြီး.....
"အာ့....."
ChangMin YoungHoonရဲ့ရင်ဘတ်ကိုသူ့လက်သီးလေးနဲ့အားပါရုံလေးထိုးလိုက်သည်။စောနကKim Minaကိုအားနဲ့ပါးနှစ်ချက်ဆင့်ရိုက်သည့်ကောင်လေးကဘယ်ရောက်သွားသည်မသိ။
"နာလား....နာတတ်တယ်ပေါ့"
"နာတာပေါ့ကလေးကလည်း"
"အေး...ကျွန်တော်ကအဲ့ဒီဟာထက်အဆပေါင်းများစွာနာတယ်ဆိုတာHyungသိလား"
"ကလေးရယ်....ကိုယ်တောင်းပန်ပါတယ်"
"Hyungကျွန်တော့်ကိုပြောပြခဲ့ရမှာလေ....."
ChangMinပြောပြီးငိုပြန်လေသည်။
"ကျွန်တော်ကHyungတစ်ကယ်သေ သွားပြီထင်ပြီးကျွန်တော်ဘယ်လောက်ခံစားရလဲဆိုတာသိလား........သိလားလို့"
"အင်းပါ...ကိုယ်လည်းမတတ်သာတဲ့အဆုံးလုပ်လိုက်ရတာမလို့ပါ"
"Hyungမကောင်းဘူး....လူဆိုး.....ကျွန်တော့်ကိုစိတ်ပူရအောင်လုပ်တယ်ဒီရင်ဘတ်ကြီးကနာလွန်းလို့......ရူးမတတ်ပဲ....အဲ့တာကိုHyungသိလား"
"အင်းပါကွာ....ကလေးကလည်းကိုယ်တစ်ကယ်တောင်းပန်ပါတယ်အခုကိုယ်ရှိနေပြီပဲကို"
YoungHoonလည်းသူ့ကိုလာရိုက်ထုနေသောကလေးလေးကိုရင်ခွင်ထဲဆွဲပွေ့ပြီးတင်းတင်းလေးဖက်ထားလိုက်သည်။ရင်ခွင်ထဲကအကောင်ပေါက်ကတော့ဖက်လိုက်မှထုတာရပ်ပြီးတစ်ရှုံ့ရှုံ့နဲ့ဖြစ်နေသေးသည်။
ခနကြာတော့YoungHoonမှဖက်ထားတာခွာလိုက်ပြီးမေးလိုက်သည်။
"ဒါနဲ့ကလေးဘယ်လိုသိတာလဲ"
"Ericပြောပြတာ"
"အော်.....ဒါဆိုကိုယ်တို့သွားကြတော့မလား"
ChangMinခေါင်းလေးအသာငြိမ့်ပြလိုက်သည်။YoungHoonမှာChangMinလက်လေးကိုဆွဲပြီးသွားမယ်လုပ်တော့........
"Hyung......"
"ပြောလေကလေး"
"ချီ....."
"ဟင်...."
"ချီလို့.....လမ်းမလျှောက်ချင်လို့"
"ဟဟ.....ဟုတ်ပါပြီကွာ"
YoungHoonလည်းသူ့ကိုချွဲ ပြီးပြောလာတဲ့ကောင်လေးကိုခါးလေးကနေမကာခြေထောက်နှစ်ချောင်းကိုသူ့ခါးမှာခွစေလိုက်ပြီးချီလာလိုက်သည်။
ChangMinကတော့သူချွဲ လို့ရလို့ပျော်နေမိသည်။ပြီးတော့YoungHoonကိုစချင်လာတာနဲ့YoungHoonနားရွက်လေးကိုမနာအောင်အသာလေးကိုက်လိုက်သည်။
"အာ့......ဒီကလေးဘာဖြစ်နေတာတုန်းဆိုးချင်နေတယ်ပေါ့"
"ခစ် ခစ်"
ChangMinလည်းသူချွဲ မိတာကိုပြီးမှနောင်တတွေအကြီးအကျယ်ရပါတော့သည်။Companyထဲကိုရောက်တော့အကုန်လုံးကကြည့်နေကြပြီးပိုလို့ဆိုးသည်မှာရဲတွေရောရှိနေခြင်းပင်ဖြစ်သည်။
ChangMinကတော့ရှက်လွန်း၍မျက်နှာလေးကိုYoungHoonပခုံးနားလေးမှာငုံ့ကာဖွက်ထားလိုက်သည်။YoungHoonကတော့အကြောင်းသိ၍လုံးဝမချပေး။သူပိုင်ကြောင်းဆိုင်ကြောင်းကကြွားချင်သေးသည်လေ။
________________________________________
ကြိုက်ကြရဲ့လား.....SEမရေးပါဘူးနော်..😅
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com