Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 17

ကိစ္စတွေလည်းပြီးစီးသွားတော့ညနေမှChangMinကိုYoungHoonအိမ်ပြန်လိုက်ပို့ပေးလိုက်သည်။

"ကလေးအိမ်ထဲဝင်တော့လေ"

"ဟုတ်ကဲ့"

သူတို့နှစ်ယောက်လည်းအပြင်မှာနှုတ်ဆက်နေတုန်းခြံထဲမှChangMin Ommaကရောက်လာပြီး.....

"ဟယ်.....သားYoungHoonမလား"

"ဟုတ်ပါတယ်အန်တီ"

"အော်....သားအချိန်ရသေးရင်အန်တီတို့နဲ့ညစာအတူတူစားပါလား"

"ဗျာ...."

"ဟုတ်တယ်Hyungတူတူစားပါလား"

"ဟုတ်ကဲ့"

"အဲ့တာဆိုအထဲဝင်လေသားတို့"

YoungHoonလည်းChangMinနဲ့အတူအိမ်ထဲဝင်လာလိုက်သည်။ChangMinရဲ့Ommaနဲ့Noonaတို့ဟာYoungHoonအကြောင်းကိုChangMin Appaပြောပြထားသည်မလို့အကုန်သိပြီးကြပါပြီ။သူတို့တွေလည်းYoungHoonအတွက်အတော်လေးပင်စိတ်မကောင်းဖြစ်ကြပါသည်။

မိဘတွေကလည်းဆုံးရှုံးထားရသေးတယ်အဒေါ်ဖြစ်သူကလည်းမကောင်းဆို​တော့YoungHoonဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ။သူတို့သားChangMinလေးနဲ့YoungHoonတို့ချစ်သူတွေမှန်းသိသွားကြတော့သူတို့ဘယ်စိတ်ဆိုးရက်ပါ့မလဲ။နားလည်ပေးကြပါသည်။

"သားYoungHoonလေးဒါထည့်စားကြည့်"

"ဟုတ်ကဲ့ဗျ"

"Ommaကလည်းHyungသူ့ဟာသူစားပါစေပန်းကန်တစ်ခုလုံးလည်းဟင်းတွေချည်းပဲ"

"ကိုယ်ကရပါတယ်"

ထိုစဥ်ChangMin Noonaလတ်မှ....

"ထည့်ပေးတဲ့ကိစ္စတွေပြီးရင်လည်းစားရအောင်လေ"

ဒီလိုနဲ့YoungHoonလည်းပျော်ရွှင်စရာကောင်းပြီးနွေးထွေးတဲ့ညစာထမင်းဝိုင်းလေးကိုသဘောကျနေမိပါသည်။သူဒီလိုနွေးထွေးမှုမျိုးမရခဲ့သည်မှာကြာပြီလေ။ဒီလိုမျိုးChangMinရဲ့မိသားစုကသူ့ကိုမငြင်းဘဲလက်ခံပေးတာကိုသူအတော်လေးကျေးဇူးတင်မိပါသည်။သူ့အကြောင်းတွေကိုလည်းအကုန်သိပြီးတော့အကုန်နားလည်ပေးသည်။သူကြောင့်ChangMinလေးထိခိုက်မိသွားတာကိုသူအတော်လေးအားနာမိသည်။
ဒါကြောင့်သူစားနေရင်းရုတ်တစ်ရက်......

"ဟိုအန်ကယ်နဲ့အန်တီပြီး​တော့Noonaတို့..."

YoungHoonမှာခေါ်လိုက်​တော့အကုန်လုံးကသူ့ကိုကြည့်လိုက်ကြသည်။

"ဟို.....ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျအရာရာအတွက်ပါပြီးတော့ကျွန်​တော်တောင်းပန်ပါတယ်ChangMinလေးကိုကျွန်တော့်ကြောင့်ထိခိုက်စေမိလို့"

ထိုသို့ပြောလာတော့ChangMin Ommaမှ....

"​အော်....သားရယ်မလိုပါဘူးကွယ်....ပြီးတော့သားနဲ့ChangMinတို့ဘယ်လောက်ထိချစ်ကြတယ်ဆိုတာအန်တီတို့သိပါတယ်ChangMinလေးကသားကြောင့်ထိခိုက်မိမှာစိုးရင်ခုချိန်ကစပြီးသားChangMinလေးကိုကာကွယ်ပေးလို့ရပြီပဲ.....သားChangMinလေးကလည်းYoungHoonကိုအတတ်နိုင်ဆုံးကူညီပေးပေါ့မဟုတ်ဘူးလား"

"ဟုတ်ကဲ့ဗျ"

YoungHoon ChangMinလက်လေးကိုကိုင်ထားလိုက်သည်။ChangMin Appaမှလည်း..

"Appaကတော့မင်းတို့နှစ်ယောက်လုံးကိုပြောချင်တာက....မင်းတို့ကသာမန်အတွဲတွေနဲ့မတူတော့ပတ်ဝန်းကျင်မှာလက်ခံပေးတဲ့သူတွေရှိသလိုလက်မခံတဲ့သူတွေလည်းရှိကြမှာပဲ။ဘာပဲဖြစ်ဖြစ်သားတို့ကအတူတူရင်ဆိုင်နိုင်ဖို့ပဲလိုတာပါဟုတ်ပြီလား။"

"ဟုတ်ကဲ့ပါဗျကျွန်တော်ChangMinကိုအတတ်နိုင်ဆုံးစောင့်ရှောက်ပေးပါ့မယ်"

"အမတို့ကတော့ဘာမှပြောစရာမရှိပါဘူးမင်းတို့နှစ်ယောက်ပျော်ရင်ပြီးတာပဲ"

YoungHoonနဲ့ChangMinလည်းပျော်သွားကြသည်။
........................

"အမလေး.......လာကြပါပြီပေါ်တော်မူကြီးနှစ်ယောက်"

ကျောင်းcanteenထဲဝင်သည်နှင့်ChanHeeရဲ့ပြောဆိုသံ​ကြောင့်YoungHoonကောChangMinကောရယ်လိုက်ကြသည်။

"ကျောင်းကိုတော့လာကြသေးတယ်နော်"

"လာရမှာပေါ့ငါ့သူငယ်ချင်းလေးChanHeeရှိနေတာကို"

"သွားပါခုမှသူငယ်ချင်းလေးဘာလေးနဲ့ငါ့မှာတော့စိတ်ပူလိုက်ရတာ"

"ChanHeeလေးကငါ့ကိုစိတ်ပူနေရှာတာကိုး..."

"အေးဟုတ်တယ်"

ChanHeeနဲ့SunWooလည်းJuYeonကပြောပြထား၍အကုန်လုံးသိပြီးဖြစ်ပါသည်။စစကြားချင်းChanHeeဆိုဒေါသထွက်လွန်းလို့Kim Minaဆိုတဲ့မိန်းမကိုအမှုန့်ကြိတ်ချင်နေသည်။YoungHoonအပေါ်လည်းစိတ်မကောင်း။ဘာပဲဖြစ်ဖြစ်ခုတော့အားလုံးOkသွားပြီလေ။

"ဒါနဲ့JuYeonနဲ့JaeHyunကော"

"မလာကြသေးဘူး"

"သူတို့လည်းမတွဲကြသေးဘူးလား"

"JuYeonကတွဲချင်နေပြီဟိုကမူနေတာမပြီးတော့ဘူး"

"အော်....."
...........................

"မင်းတို့JaeHyun sunbaeကိုတွေ့မိကြလား"

"ငါတို့ကဘယ်လိုလုပ်သိမှာလဲ"

"အော်....ငါထင်တာသူဘောလုံးကွင်းခနသွားလိုက်တယ်ထင်တယ်"

YoungHoonမှပြန်ဖြေလာသဖြင့်JuYeonလည်းဘောလုံးကွင်းဘက်အမြန်ပြေးသွားလိုက်သည်။

ဘောလုံးကွင်းရောက်တော့သူရှာနေတဲ့Sunbaeကိုတွေ့လိုက်ပါပြီ။တွေ့လို့ပျော်မလိုကြံခါရှိသေးသူ့ရှေ့ကလူကြောင့်JuYeonစိတ်ပျက်သွားသည်။

ဒီအတိုင်းစကားရပ်ပြောနေတာဆိုလည်းထားတော့ခုဟာသူ့sunbaeကိုပါးကိုညစ်လိုက်ပွတ်လိုက်နှင့်ခေါင်းကိုလည်းပုတ်ပေးလိုက်နှင့်။သူကြည့်လို့ပင်မဆုံးသေးထိုလူမှJaeHyunပါးလေးကိုဖျတ်ခနဲနမ်းလိုက်သည်။အဲ့တော့JuYeonဒေါသဂိတ်ဆုံးကိုရောက်သွားသည်။

JuYeon's pov - ဘယ်နှယ့်ငါတောင်မထိရက်မကိုင်ရက်ကိုဒီကောင်ကအသားယူနေတယ်ပေါ့တွေ့မယ်ငါနဲ့.....

ဒေါသတစ်ကြီးနဲ့ပြေးလာပြီးJuYeon JaeHyunကိုနမ်းသည့်ထိုလူကိုဆွဲထိုးလိုက်သည်။

ရုတ်တစ်ရက်ကြီးဝင်ရောက်လာပြီးဆွဲထိုးလိုက်သည့်JuYeonကြောင့်JaeHyunတော်တော်လေးလန့်သွားမိသည်။

"မင်းကဘာမို့လို့ငါ့ကောင်လေးကိုထိရတာလဲ"

JuYeonထပ်ထိုးမယ်ကြံတော့JaeHyunတားလိုက်သည်။JuYeonလည်းထပ်ထိုးချင်နေပေမဲ့သူ့လက်ကိုကိုင်ကာမျက်နှာငယ်လေးနဲ့တားလာသည့်JaeHyunကိုမြင်တော့သူရပ်လိုက်သည်။

"​တော်ပါတော့JuYeonရဲ့"

"မင်းထပ်ပြီးငါ့ကောင်လေးကိုမထိနဲ့"

JuYeonလည်းထိုလူကိုပြောပြီးJaeHyunလက်ကိုဆွဲကာခေါ်လာလိုက်သည်။

"အ..အJuYeonနာတယ်လွှတ်ပေးဦး"

JuYeonဘက်ကဘာမှမပြောဆက်ပြီးသာဆွဲခေါ်လာသည်။ကျောင်းပစ္စည်းတွေထားတဲ့စတိုခန်းထဲကိုရောက်တော့JaeHyunကိုနံရံဘက်တွန်းပို့လိုက်ပြီးသူကနံရံကိုလက်ထောက်ကာJaeHyunနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။

"အဲ့ကောင်ကဘယ်သူလဲ"

"ဟို...အသိ"

"သိရုံပဲဆိုဘာလို့နမ်းတာလဲ"

အမှန်တစ်ကယ်ဆိုဒီလိုမေးခွန်းမျိုးတွေကချစ်သူဖြစ်မှသာမေးရမဲ့မေးခွန်းတွေဆိုပေမဲ့JaeHyunလည်းJuYeonကိုဖြေနေမိသည်။နှစ်ယောက်သားနီးကပ်လွန်းနေသဖြင့်ရင်ခုန်နေသည်။

"မေးနေတာဖြေလေ"

"ဟို.........သူကငါ့ပါးကတဲ့ကိုင်လို့ကောင်းတယ်ဆိုပြီးကိုင်ကြည့်ရင်းနမ်းတာငါလည်းအနမ်းမခံချင်ပါဘူး"

"အကိုင်မခံနဲ့လေပြီးတော့အနမ်းမခံစေချင်ရင်အစကတည်းကရှောင်ပါလား"

JuYeonဒေါသသံနှင့်ပြောလိုက်သည်မို့JaeHyunကိုယ်လေးတုန်တက်သွားကာမျက်ရည်များဝိုင်းစပြုလာသည်။

"ငါလည်းအနမ်းမခံချင်ပါဘူးဆိုနေသူကလာနမ်းတာကို......ငါကဘာလုပ်လို့ရမှာလဲ"

JaeHyunမှာနှုတ်ခမ်းလေးစူပြီးငိုသံလေးနဲ့ပြောလာတော့JuYeonမနေတတ်။Lee JuYeonဆိုသည်မှာလည်းဘာသားနဲ့ထုထားတဲ့ယောကျ်ားမလို့လဲ။ဒီလိုလေးသူချစ်ရတဲ့သူကြောက်နေတော့စိတ်မကောင်း။သူလမ်းတစ်လျှာက်လုံးဆွဲခေါ်လာမိတော့လက်ကောက်ဝတ်လေးဟာလည်းနီရဲလို့။

"အင်းပါ........မောင်မှားသွားပါတယ်သူကJaeHyunကိုနမ်းတော့မောင်လည်းစိတ်တိုသွားလို့ပါ"

JaeHyunတစ်ယောက်သူ့ကိုယ်သူ မောင်လို့သုံးနှုန်းလိုက်သည့်JuYeonကြောင့်ကြက်သီးများပင်ထသွားသည်။

JuYeonကိုယ်တိုင်လည်းသူ့ကိုယ်သူဘာလို့မောင်လို့သုံးမိမှန်းမသိ။ဒါပေမဲ့JaeHyunသူ့ကိုမောင်လို့ခေါ်တာလေးတော့ကြားချင်မိသည်။

JuYeon's pov - အခုကအချိန်ကောင်းပဲဘယ်သူမှလည်းရှိမနေဘူးဆို​တော့ငါဖွင့်ပြောလိုက်ရင်ကောင်းမလား.....ပြောမယ်ကွာ....

"JaeHyun sunbae....."

"ဟင်....."

"ကျွန်​တော်Sunbaeကိုချစ်တယ်"

JaeHyunမျက်လုံးပြူးသွားသည်။သူ့ကိုအားနဲ့ဆောင့်ခေါ်လာတုန်းကသူJuYeonကိုကြောက်မိသည်။စောနကမောင်လို့သုံးတော့သူကြက်သီးထသည်။ခုလည်းဖွင့်ပြောလိုက်တော့သူရင်ခုန်ရပြန်သည်။

JaeHyun's pov - ဘယ်လိုကောင်လဲငါ့ကိုခံစားချက်အမျိုးအမျိုးပေးလွန်းတယ်

"ငါ......ငါ......မင်းကိုမယုံရဲဘူး"

"ဘာလို့လဲsunbaeရဲ့"

"ဟို....မင်းကငါ့ကိုစပဲစနေတာလေအဲ့​တော့....အု...."

သူတောင်စကားမဆုံးသေးJuYeonမှာJaeHyunနှုတ်ခမ်းလေးကိုနမ်းလိုက်သည်။ဘယ်ကတည်းကနမ်းချင်နေလည်းတော့မသိပေမဲ့ခု​တော့နမ်းချင်နေတဲ့JuYeonဆန္ဒတွေပြည့်ဝသွားပြီပေါ့။

JaeHyunကတော့လန့်သွားမိပေမဲ့သူJuYeonအနမ်းကိုမတုံ့ပြန်မိသလိုငြင်းလည်းမငြင်း....ဒီအတိုင်းမျက်လုံးလေးမှိတ်ကာလက်ခံမိနေသည်။

JuYeonနမ်းရတာအားမရတော့JaeHyunပါးလေးကိုသူ့လက်နဲ့ကိုင်ကာနမ်းလိုက်သည်။ဒီအခါမှာတော့JaeHyunလည်းJuYeonအနမ်းကိုတွေကိုပြန်လည်တုန့်ပြန်လိုက်ပြီးJuYeonလည်တိုင်ပေါ်ကိုပါသူ့လက်တွေတင်လိုက်သည်။

သူတို့နှစ်ယောက်ကျောင်းစတိုခန်းလေးထဲမှာအကြင်နာတွေဖလှယ်နေတာတော်တော်ပင်ကြာသွားသည်။

JaeHyunအသက်ရှူလို့မရတော့JuYeonရင်ဘတ်ကိုအသာလေးထုမိသည်။ထိုအခါမှJuYeonလည်းလွှတ်ပေးလိုက်သည်။ဖက်ထားတာကိုတော့မလွှတ်ပေး။

နှစ်ယောက်သားမော၍အသက်ရှူနေတုန်းJuYeonမှ.....

"ယုံပြီလားမောင့်ကို"

"အင်း...."

JuYeonပြုံးလိုက်ပြီးJaeHyunလေးကိုဖက်လိုက်သည်။

"ကျေးဇူးပါမောင့်ကိုယုံပေးလို့"

"မောင့်ကိုချစ်တယ်"

JuYeonနားနားလေးကိုကပ်ကာတိုးတိုးလေးပြောလိုက်သောကြောင့်JuYeonအတော်လေးပျော်သွားသည်။ထို့နောက်ဖက်ထားရာမှခွာလိုက်ပြီးJaeHyunမျက်နှာလေးကိုသေချာကြည့်ကာ......

"မောင်လည်းချစ်တယ်"
.......................

"ChanHeeလေး"

"ဟင်....."

"ကိုယ်တို့ဒီနေ့တစ်နေရာလောက်သွားလည်ရအောင်"

"အင်း.....ဟန်မြစ်ဘက်လမ်းလျှောက်ထွက်ကြမလား"

"ကောင်းပြီလေ"
.......

"ဝါး.....လှလိုက်တာ"

ညနေခင်းဘက်ဖြစ်တာမလို့ဝင်ခါနီးနေလုံးကြီးနဲ့ဟန်မြစ်ရဲ့အလှဟာမြင်ရသူအဖို့အတော်လေးပင်ကြည်နူးစေသည်။သူတို့နှစ်ယောက်လည်းထိုင်ခုံတန်းလေးတစ်ခုမှာထိုင်ရင်းမြစ်ရဲ့အလှကိုအတူတူရှုစားနေကြသည်။

အမှန်အတိုင်းပြောရလျှင်တစ်ယောက်သောသူကသာကမြစ်ကိုကြည့်နေပြီးနောက်တစ်ယောက်သောသူကတော့သူချစ်ရသူရဲ့မျက်နှာလေးကိုငေးကြည့်နေတာဆိုပိုမှန်မည်။

"SunWoo nahမြစ်ကဒီအချိန်လည်းတော်တော်လှတာပဲနော်"

"အင်း......ဒါပေမဲ့ကိုယ့်အတွက်ကဒီမြစ်ထက်ChanHeeလေးကပိုလှတယ်လို့ထင်တယ်"

"ဟာ.....SunWooကလည်းဘာတွေပြောနေတာတုန်း"

ChanHee ပါးလေးနှစ်ဖက်မှာပန်းရောင်သန်းသွားပြီးရှက်နေသည်။SunWooကတော့ရှက်နေတဲ့ChanHeeလေးကိုကြည့်ပြီးအသဲတွေယားနေသည်။

"ChanHeeလေး.....လက်ခနလောက်ပေး"

ChanHeeလည်းSunWooကိုလက်လေးပေးလိုက်တော့သူ့လက်ကောက်ဝတ်လေးပေါ်ကိုနေရာယူလာတဲ့ဖန်စီလက်ကောက်လေးတစ်ခု။တစ်လက်လက်နဲ့တောက်ပနေပြီးပုံဖော်ထားသည့်ပန်းပွင့်သေးသေးလေးမှာလည်းချစ်စရာကောင်းလှသည်။ပြီးတော့ပန်းပွင့်လေးတစ်ခုနားမှာထွင်းထားသည့်စာတန်းလေးတစ်ခု။

"SunWoo's" တဲ့။

"ကြိုက်လား"

"အင်းအရမ်းကြိုက်တာပဲ"

"ဒီမှာလေကိုယ့်အတွက်လည်းတစ်ခု"

SunWooသူ့လက်လေးကိုပါပြလိုက်တော့သူနဲ့ဆင်တူလက်ကောက်လေးတစ်ခု။စာထွင်းထားသည့်နေရာမှာတော့...

"ChanHee's"တဲ့။

"ဒါနဲ့ဘာလို့ပေးတာလဲ"

"ဒီအတိုင်းပဲ...ChanHeeလေးနဲ့Coupleဝတ်ချင်လို့"

ChanHee's pov - SunWooကတောင်ငါ့ကိုလက်ဆောင်ပေးဖို့သတိရသေးတယ်။ငါကတော့သူ့ကိုဘာမှမပေးရသေးဘူး။ငါတော်တော်အသုံးမကျတာပဲ

"SunWoo yah တောင်းပန်ပါတယ်နော်"

"ဘာလို့လဲChanHeeလေးရဲ့"

"SunWooကျတော့လက်ဆောင်ပေးပေမဲ့ChanHeeကတစ်ခါမှမပေးရသေးဘူးလေတစ်ခုခုဆိုလည်းSunWooကပဲအလျှော့ပေးခဲ့တာမဟုတ်လား။ChanHeeအသုံးမကျသလိုဖြစ်သွားလားလို့"

"အော်....ChanHeeလေးကလည်းအဲ့လိုတွေမတွေးနဲ့လေကွာ.....ကိုယ်ကChanHeeလေးရဲ့ချစ်သူပဲကို....နောက်ဆိုအဲ့လိုတွေမတွေးရဘူးနော်"

"အင်း.......SunWoo yah...."

"ဟင်....."

ရုတ်တစ်ရက်မပြောမဆိုနဲ့ChanHee SunWooရဲ့နှုတ်ခမ်းလေးကိုလှမ်းနမ်းလိုက်သည်။အနမ်းခံလိုက်ရတဲ့SunWooကတော့ရင်ဘတ်ထဲပန်းတွေပွင့်လို့ပေါ့။

ခနလေးနမ်းပြီးသွားတော့ChanHeeနှုတ်ခမ်းလေးကိုခွာလိုက်သည်။

"ဒါChanHee SunWooကိုလက်ဆောင်ပေးတာ"

"ChanHeeလေးက ကိုယ့်ကိုအရင်လာနမ်းတာနော်...ခုကိုယ်အဆိုးမဆိုနဲ့"

ပြောပြီးပြီးချင်းSunWooမှာChanHeeလေးကိုလှမ်းဆွဲပြီးနမ်းလိုက်သည်။ChanHeeလည်းSunWooရဲ့အနမ်းတွေက်ုပြန်လည်တုံ့ပြန်လိုက်ပြီးအဓိပ္ပါယ်ရှိလှတဲ့အနမ်းတွေကိုဖော်ကျူးနေကြသည်။

ဆိုးလိမြို့ရဲ့ညနေခင်းဟန်မြစ်အလှဟာထိုင်ခုံတန်းလေပေါ်မှာထိုင်ပြီးအနမ်းတွေကိုဖလှယ်နေကြတဲ့ကောင်လေးနှစ်ယောက်ကိုပို၍ပင်လှပစေပါတော့သည်။

________________________________________

နောက်တစ်ပိုင်းဆိုပြီးပါပြီနော်.....

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com