Chapter 18(end)
တီ......တီ
"ChangMinရေ.....နင့်ကောင်လေးရောက်လာပြီ"
"ဟုတ်လာပြီ"
"Hyung....sorryနော်ကြာသွားလို့"
"မကြာပါဘူး.....လာသွားမယ်လေ"
"ဟုတ်......ဒါဆိုNoonaသားတို့သွားလိုက်ပါဦးမယ်"
"အေးအေး...ကားဖြေးဖြေးမောင်းနော်"
"ဟုတ်ကဲ့ပါ"
ဒီနေ့YoungHoonနဲ့ChangMinတို့YoungHoonမိဘတွေရှိရာအုတ်ဂူဆီကိုသွားကြမှာဖြစ်ပါတယ်။သူရဲ့ချစ်သူလေးကိုOmmaနဲ့Appaဆီကိုခေါ်သွားမလို့ပေါ့။
"ကလေးရောက်ပြီ"
"ဟုတ်"
သူတို့နှစ်ယောက်လည်းကားပေါ်ကဆင်းတလိုက်ကြပြီးအုတ်ဂူရှိရှာနေရာဆီလာလိုက်ကြသည်။
လမ်းလေးဟာလည်းအရင်တုန်းကလိုမပြောင်းမလဲတိတ်ဆိတ်ခြောက်ကပ်လျက်။သစ်ပင်ကြီးတွေမှာလည်းညို့မှိုင်းအုံ့ဆိုင်းလျက်။သစ်ရွက်ခြောက်တွေကလည်းအရင်ကအတိုင်းတစ်ကြွပ်ကြွပ်နှင့်လမ်းလျှောက်လိုက်တိုင်းမြည်နေတုန်း။
အရာရာဟာဒီလိုတိတ်ဆိတ်ခြောက်ကပ်နေဆဲဖြစ်ပေမဲ့YoungHoonအတွက်တော့အထီးကျန်စရာမကောင်းတော့။ခြောက်ခြားစရာလည်းမကောင်းတော့။သူ့ဘေးမှာသူချစ်ရတဲ့သူတန်ဖိုးထားရတဲ့သူတစ်ဦးရှိနေပြီလေ။ChangMinနဲ့သာဆိုရင်သူဘယ်လိုနေရာပဲရောက်ရောက်အထီးမကျန်။အရင်တစ်ခါဒီကိုလာတုန်းကသူသိပ်ကိုစိတ်ပျက်ခဲ့တယ်။ဒါပေမဲ့ခုတော့မဟုတ်တော့ဘူး။သူကိုယ်တိုင်ကလည်းပြောင်းလဲသွားပြီလေ။
ချစ်ရသူရဲ့လက်လေးကိုဆုပ်ကိုင်ကာအုတ်ဂူရှေ့ရောက်တော့နှစ်ယောက်လုံးနှုတ်ဆက်လိုက်ကြသည်။
"Ommaနဲ့Appa.....သားရောက်လာပါပြီ"
YoungHoonရဲ့နှုတ်ဆက်သံကအစအရင်ကလိုစိတ်ပျက်သည့်အသံမဟုတ်တော့ဘဲတက်ကြွနေသည့်အသံကိုကူးပြောင်းခဲ့လေပြီ။
"ဒီအတောအတွင်းကိစ္စတွေတော်တော်များများဖြစ်ပျက်ခဲ့တယ်......ဒါပေမဲ့သားအခုအဆင်ပြေနေပါပြီ.......Ommaနဲ့Appaကိုမိတ်ဆက်ပေးရဦးမယ်.....ဒါသားချစ်သူလေJi ChangMinတဲ့"
ChangMinလည်းYoungHoonရဲ့Ommaနဲ့Appaအုတ်ဂူကိုတစ်ချက်ဂါရဝပြုနှုတ်ဆက်လိုက်သည်။
"ဒီအတောအတွင်းဖြစ်ပျက်ခဲ့သမျှကိစ္စတွေကိုသားခံနိုင်ရည်ရှိခဲ့တာသူ့ကြောင့်ပါ...ပြီးတော့ဒီမှာOmmaနဲ့Appaအတွက်ChangMinကိုယ်တိုင်စည်းပေးထားတာတဲ့"
YoungHoonလည်းChangMinလက်ထဲကပန်းစည်းကိုလေးကိုအုတ်ဂူပေါ်တင်လိုက်သည်။
"Ommaတို့သမက်လေးကချစ်ဖို့ကောင်းတယ်မလား"
"Hyung....ဘာတွေပြောနေတာလဲ"
"မဟုတ်လို့လား....."
ChangMinမျက်နှာလေးချက်ချင်းပန်းရောင်လေးသန်းလာကာရှက်သွေးဖြားလာလေသည်။
"ဟဟ....ရှက်နေတယ်ပေါ့"
"Hyung..."
"အဲ့လိုပဲ...Ommaနဲ့Appaရေသားကောင်လေးကအရှက်အရမ်းသည်းတာ"
YoungHoonထပ်ပြီးစပြန်တော့ChangMinမနေတတ်တော့ပါ။YoungHoonကတော့သူ့ကလေးကိုကြည့်ပြီးတစ်ခစ်ခစ်နဲ့ရယ်နေလေရဲ့။
...............
"ကလေး...ကိုယ်နဲ့တစ်နေရာလောက်ထပ်သွားရအောင်"
"အင်း...ဘယ်ကိုလဲHyung"
"ရောက်ရင်သိပါလိမ့်မယ်"
YoungHoonလည်းChanMinကိုခေါ်ကာသူအရင်ကတည်းကသွားချင်နေခဲ့တဲ့တစ်နေရာဆီကိုမောင်းလာလိုက်သည်။မိနစ်နှစ်ဆယ်လောက်မောင်းပြီးသွားတော့YoungHoonကားရပ်လိုက်သည်။
YoungHoonခေါ်သွားသည့်နေရာကတစ်ခြားတော့မဟုတ်သူအရင်ကတည်းကသူချစ်ရတဲ့သူနဲ့သွားချင်နေတဲ့ချယ်ရီပင်တွေရှိတဲ့ပန်းခြံလေးကိုပါပဲ။
သူတို့နှစ်ယောက်လည်းကားပေါ်မှဆင်းလိုက်ကြပြီးအဝင်လမ်းကိုဖြတ်ကာချယ်ရီပင်တန်းတွေရှိတဲ့နေရာလေးကိုလမ်းလျှောက်လာလိုက်ကြသည်။
ဆောင်းဝင်ခါစဖြစ်တာမလို့ရာသီဥတုဟာအရမ်းလည်းမပူပဲနေရှိန်လေးမှာရေးရေးလေးသာရှိသည်။လျှောက်လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာဝေဝေဆာဆာပွင့်နေကြတဲ့ချယ်ရီပင်တွေဟာအရမ်းကိုလှပလွန်းနေပါတယ်။
"Hyungချယ်ရီပင်တွေကလှလိုက်တာ"
"အင်း.....ChangMinသဘောကျတယ်မလား"
"ဒါပေါ့Hyungရဲ့.....ဒီနေရာကိုဘယ်လိုသိတာလဲ"
"ကိုယ့်Ommaပြောပြဖူးတာတစ်ခါမှတော့မရောက်ဖူးဘူးအခုမှလာဖြစ်တာ"
"အော်..."
ပန်းခြံဆိုပေမဲ့လူလည်းအရမ်းမများတာမလို့ပိုအဆင်ပြေသည်။YoungHoonလမ်းလျှောက်နေရင်းပင်ChangMinလေးကိုလှည့်ကြည့်လိုက်တော့ပန်းပင်တွေသဘောကျပြီးပြုံးနေလေရဲ့။လေတစ်ချက်အဝှေ့မှာပန်းပွင့်ဖတ်လေးတစ်ခုသူ့နှာခေါင်းပေါ်ပြုတ်ကျလာတော့ပိုပြီးတောင်သဘောကျကာပါးချိုင့်လေးတွေထင်းနေသည်အထိပြုံးနေသည်မှာYoungHoonမျက်လုံးထဲတွင်ပန်းချီကားတစ်ချပ်နှယ်လှပနေလေသည်။
"Hyungဘာတွေကြည့်နေတာလဲ"
"ChangMinကိုလေ"
"ဟာ.....Hyungကလည်း"
ဟောသူ့ကလေးလေးထပ်ပြီးရှက်သွားပြန်ပါပြီ။ရှက်သွားတဲ့သူ့ကလေးကိုကြည့်ပြီးYoungHoonပြုံးနေမိပြန်သည်။
"ကလေး..."
"ဟင်...."
YoungHoon ChangMinရဲ့ဘယ်ဘက်လက်လေးကိုဆွဲယူလိုက်ပြီးလက်သူကြွယ်မှာငွေရောင်လက်စွပ်လေးတစ်ခုကိုဝတ်ပေးလိုက်သည်။ပြီးတော့လက်လေးကိုပဲသူ့နှုတ်ခမ်းလေးနဲ့ထိကာကြင်နာစွာနမ်းရှုံ့လိုက်သည်။ChangMinလေးမှာတော့ကြောင်အမ်းအမ်းဖြင့်ကြည့်နေလေရဲ့။
"ကလေး.....ကိုယ်အခုပြောမဲ့စကားကိုပြောဖို့နည်းနည်းစောသေးတယ်ဆိုပေမဲ့ကိုယ်ပြောမယ်နော်....ကိုယ့်ကလေးနဲ့လက်ထပ်ပါရစေ....အခုတော့မဟုတ်ပေမဲ့ကလေးလည်းကျောင်းပြီးသွားလို့ဘွဲ့ရမှလက်ထပ်မှာပါအခုလိုပြောထားရတဲ့အကြောင်းကကိုယ်ကလေးကိုလက်ထပ်ချင်တဲ့အထိကိုချစ်တာပါလို့ပြောချင်တာပါ"
YoungHoonပြောသွားသမျှစကားလုံးတိုင်းကိုနားထောင်ပြီးChangMinရင်တွေခုန်နေသည်။သူလည်းလက်ထပ်ချင်တာပေါ့သူချစ်ရတဲ့Hyungနဲ့ဒါပေမဲ့အခုလိုမျိုးပြောလာတော့သူပျော်လွန်း၍ဆွံ့အနေမိသည်။ပြီးတော့ဝမ်းသာလွန်း၍YoungHoonကိုဖက်လိုက်ကာငိုပါတော့တယ်။
"Hyung....ကျွန်တော်လည်းHyungကိုအရမ်းချစ်တယ်...ပိုင်ဆိုင်ချင်တယ်.....Hyungနဲ့ဆိုအခုချက်ချင်းတောင်လက်ထပ်လိုက်ချင်တာပါ"
ငိုသံလေးနဲ့သူ့ကိုလက်ထပ်ချင်ပါတယ်လို့ပြောလာတဲ့သူ့ကလေးလေးရယ်ပါ။YoungHoonလည်းChangMinကိုယ်လုံးလေးကိုပြန်လည်ပွေ့ဖက်လိုက်သည်။ခနကြာတော့ဖက်ထားတာခွာလိုက်ပြီး......
"ဒါဆိုကိုယ့်ကိုလည်းပြန်ဝတ်ပေး"
"ဟင်...."
"လက်စွပ်လေ..."
"အော်....အင်း..ဝတ်ပေးမယ်လေ"
ChangMinလည်းYoungHoonရဲ့ဘယ်ဘက်လက်သူကြွယ်မှာသူနဲ့ဆင်တူငွေရောင်လက်စွပ်လေးကိုဝတ်ပေးလိုက်သည်။
ChangMinသူ့လက်ပေါ်ကလက်စွပ်လေးကိုကြည့်ပြီးပီတိတွေဖြစ်ကာပြုံးနေမိသည်။ဒါကိုYoungHoonကတော့အူတွေယားပြီးChangMinရဲ့ပါးချိုင့်လေးထင်းနေတဲ့ပါးလေးကိုသူ့နှာခေါင်းနစ်ဝင်သွားသည်အထိဖိနမ်းလိုက်သည်။
"Hyungနော်....အရမ်းအသားယူတာပဲ"
"ထပ်ယူရမလားဒါဆို"
YoungHoonပြောလည်းပြောChangMinခါးလေးကိုစွေ့ခနဲဖက်ပြီးသူမျက်နှာနဲ့နီးကပ်စေလိုက်သည်။
ChangMinလေးကတော့ရုတ်တစ်ရက်ဖြစ်သွားတာမလို့အနည်းငယ်လန့်သွားပြီးYoungHoonရင်ဘတ်ပေါ်လက်တင်မိလိုက်သည်။ChangMinရင်ခုန်နေမိပြန်သည်။သူလက်တွေကလည်းYoungHoonရင်ဘတ်ပေါ်ရောက်နေတာမလို့YoungHoonရင်ခုန်သံကိုလည်းသူခံစားမိနေသည်။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့စောနကငိုထားမိတော့မျက်ရည်လေးတွေကမျက်လုံးအိမ်မှာကျန်ရှိနေပြီးမျက်လုံးဝိုင်းဝိုင်းလေးကိုပိုပြီးတောက်ပစေသည်။ရာသီဥတုကြောင့်ပဲလားရှက်နေတာကြောင့်ပဲလားတော့မသိပန်းရောင်သမ်းနေသာပါးလေနှစ်ဖက်။ပန်းဆီရောင်ရှိနေတဲ့နှုတ်ခမ်းဖူးဖူးလေး။
YoungHoonသူ့ရှေ့ကကောင်ငယ်လေးကိုကြည့်ပြီးသူဘယ်လိုမှစိတ်ထိန်းထားလို့မရတော့ပါ။ဒါကြောင့်မျက်နှာနားကိုပိုပြီးတိုးသွားလိုက်သည်။
ChangMinလည်းသူ့မျက်နှာနားကိုနီးကပ်လာတဲ့YoungHoonကိုမျက်လုံးလေးမှိတ်ကာနမ်းတာကိုခွင့်ပြုလိုက်သည်။
တိုးရင်းတိုးရင်းနဲ့နှုတ်ခမ်းနှစ်ခုနီးကပ်သွားတော့ခံစားမိသည့်နွေးထွေးမှု။ရာသီဥတုဟာအေးနေသောကြောင့်အနမ်းရဲ့နွေးထွေးမှုကိုသူတို့နှစ်ယောက်လုံးပိုပြီးခံစားမိကြသည်။
ဒါဟာနှစ်ယောက်လုံးအတွက်ပထမဦးဆုံးအနမ်းမဟုတ်တော့ပင်မဲ့ရင်ခုန်နေတုန်းပါပဲ။ChangMinရဲ့နှုတ်ခမ်းလေးဟာအရမ်းကိုချိုမြိန်တာမို့YoungHoonပို၍ပင်တိုးကာနမ်းနေမိသည်။ChangMinလည်းYoungHoonရဲ့အနမ်းတွေမှာစီးဝင်နစ်မြောမိနေပြီးပြန်လည်တုံ့ပြန်နေသည်။
ထိုစဥ်ဆောင်းရာသီရဲ့လေထုစတင်တိုက်ခတ်လာတော့ချယ်ရီပင်ပေါ်မှပွင့်ဖတ်လေးတွေကနမ်းနေတဲ့သူတို့နှစ်ယောက်ပေါ်ကိုဖြည်းညင်းစွာကျလာပြီးပို၍ပင်လှပစေပါတော့သည်။ဒီအချိန်အခိုက်အတန့်လေးဟာဘယ်တော့ပျောက်ကွယ်မသွားစေချင်တဲ့အခိုက်အတန့်လေးဖြစ်မိမှာပါ။ကိုယ်ချစ်ရတဲ့သူနဲ့အတူလှပပြီးသာယာတဲ့နေရာလေးတစ်ခုမှာရှိနေတာဘာနဲ့တန်ဖိုးဖြတ်လို့မရတဲ့အချိန်လေးပေါ့။
ဒါကြောင့်လူတွေကပြောကြတာအချိန်ဆိုတာမျိုးကဘယ်အရာနဲ့မှလဲလှယ်လို့မရဘူးတဲ့။ကိုယ့်အတွက်တန်ဖိုးရှိတဲ့အချိန်ဆိုပိုပြီးတောင်တန်ဖိုးဖြတ်လို့မရဘူးတဲ့။
အခုလိုမျိုးတန်ဖိုးဖြတ်မရတဲ့အချိန်လေးတွေကိုထပ်ပြီးတည်ဆောက်သွားချင်မိပါတယ်။ချစ်ရတဲ့ChangMinလေးနဲ့ပေါ့။
The End.........
________________________________________
ရေးလာတဲ့ficလေးကတော့ပြီးပါပြီ။အဆုံးလေးကိုလည်းတတ်နိုင်သလောက်ရေးထားပေးပါတယ်။ပတမဆုံးficဆိုတော့လိုအပ်ချက်ကလေးတွေရှိနေပါတယ်။ဒါပေမဲ့နောက်ficတွေမှာပိုပြီးကြိုးစားရေးပေးပါ့မယ်။ဖတ်ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com