Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 2

ဒီနေ့ကျောင်းတက်ရမှာဖြစ်သည့်အတွက်YoungHoonမြန်မြန်ပြင်ဆင်ကာအောက်ထပ်ကိုဆင်းလာလိုက်သည်။ဒေါ်လေးကတော့Companyကိုအစောသွားလိုက်သဖြင့်ဒီနေ့တော့YoungHoonတစ်ယောက်တည်းမနက်စာစားနေရသည်။ဒီနေ့အတွက်မနက်စာကသရက်သီးcakeနှင့်ကော်ဖီ။

YoungHoon's pov - သရက်သီးcakeတဲ့လား...Ommaရဲ့အကြိုက်ဆုံးလေ..

ဒိလိုဘာမြင်မြင်Ommaနဲ့ပတ်သက်တာလေးတွေတစ်စွန်းတစ်စတွေ့မိတိုင်းလွမ်းတဲ့စိတ်ကအရမ်းကိုနှိပ်စက်လွန်းတယ်။မနေ့ကလည်းတွေခဲ့တဲ့ကောင်လေးနဲ့သူ့အမေကိုမြင်ပြီးကတည်းကအိမ်ပြန်ရောက်သည်အထိဝမ်းနည်းတုန်း။YoungHoonသူ့ကိုယ်သူလည်းအားမရပါအမြဲတမ်းပျော့ညံ့နေသည်ဟုခံစားရနေသည်။

မနက်စာကိုမြန်မြန်စားပြီးကျောင်းသွားရန်Driver Leeကိုခေါ်ပြီးထွက်လာလိုက်သည်။မဟုတ်ရင်စားပွဲမှာထိုင်ပြီးဆက်စဥ်းစားနေပါကငိုနေရဦးမည်။

အိမ်ကနေထွက်လာလိုက်တာဘာမှမဖြစ်ကျောင်းနားရောက်ခါနီးကြတော့ရုတ်တစ်ရက်သူ့ကားအရှေ့ကိုဝင်ပြီးဖြတ်ပြေးလာတဲ့ကောင်လေးတစ်ယောက်။Driver Leeမှာကားမောင်းတိုင်းသတိထားမောင်းတာကြောင့်ဘရိတ်အမြန်အုပ်လိုက်သဖြင့်ကောင်လေးကိုတော့မတိုက်မိ။သို့ပေမဲ့ကောင်လေးမှာလန့်သွားသောကြောင့်လဲကျသွားသည်။YoungHoonနဲ့Driver Leeလည်းအလျင်အမြန်ပင်ကားပေါ်မှဆင်းကာကောင်လေးကိုသွားကြည့်လိုက်သည်။YoungHoonတွေ့တော့ထိုကောင်လေးမှာအခြားသူမဟုတ်မနေ့ကတွေ့ခဲ့တဲ့ကလေးပင်ဖြစ်သည်။

YoungHoon's pov - ဟင်...မနေ့ကတွေ့ခဲ့တဲ့ကလေးလေးပါလား......

ChangMin's pov - အော်ငါနဲ့နော်တစ်ကယ်ပဲတော်သေးတယ်မတိုက်မိတာ။ကားပေါ်ကနေလူနှစ်ယောက်တော့ဆင်းလာတာပဲဘယ်သူတွေလဲတော့မသိဘူးငါကမှားတာဆိုတော့ငါကပဲတောင်းပန်ရမှာပေါ့။

"ဟိတ်ကလေးအဆင်ပြေရဲ့လားဘယ်နားထိသွားသေးတုန်း"

ChangMinလည်းချက်ချင်းမထသေးနိုင်တာကြောင့်မေးလာသည့်သူကိုမော့ကြည့်လိုက်သည်။ကျောင်းဝတ်စုံနဲ့အပေါ်ကcoatအမဲရောင်ထပ်ထားသည့်ထိုလူရဲ့အသားအရေကဖြူဖွေးနေတာပဲရုပ်ကလည်းခပ်ဖြောင့်ဖြောင့်နှာတံသွယ်သွယ်ဆံပင်အနက်ရောင်ကလည်းပုံကျစွာတည်ရှိနေသည်။အရပ်အမောင်းကလည်းရှည်လိုက်တာ။တော်တော်ချောတဲ့လူပဲဟုChang​Minတွေးလိုက်သည်။

"ဟိတ်ခေါ်နေတာကြားလားအဆင်ပြေလားလို့"

ChangMinငေးနေတုန်းထိုလူမှနောက်ထပ်မေးလာတာမို့ကပျာကယာထပြီးပြန်ဖြေလိုက်သည်။

"အော်....ဟု.ဟုတ်ကဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးပြီးတော့တောင်းပန်ပါတယ်"

ဟုဆိုကာChangMinလည်းထွက်ပြေးလာလိုက်တယ်။သူကထိုလူကိုအားရပါးတွေသွားငေးထားတာဆိုတော့နည်းနည်းတော့ရှက်သွားတာပေါ့။

YoungHoon's pov - ဒီကလေးဘယ်လိုလဲဟချက်ချင်းကြီးထွက်ပြေးသွားတယ်ဘာဖြစ်သွားလဲမသိပါဘူးဆို

ထိုသို့တွေးနေစဥ်Driver Leeမှ

"ကောင်လေးဘာမှတော့မဖြစ်သွားဘူးထင်ပါတယ်။ကားနဲ့မတိုက်မိသွားဘူးဆိုတော့အဆင်ပြေပါတယ်။သခင်လေးလည်းကျောင်းချိန်နီးနေပြီဆိုတော့သွားရအောင်"

YoungHoonလည်းDriver Leeပြောတာကိုခေါင်းပဲငြိမ့်ပြကာကျောင်းကိုလာခဲ့လိုက်တယ်။စိတ်ထဲမှာတော့ထိုကလေးဘာမှမဖြစ်သွားဖို့ပဲမျှော်လင့်ရတော့မှာပေါ့။ပြေးတောင်ပြေးသွားနိုင်တယ်ဆိုတော့ဘာမှမဖြစ်ဘူးထင်ပါတယ်လေ။
....................................

"ကဲအားလုံးနားထောင်ကြ!...ဒီနေ့ဆရာမတို့အတန်းကိုကျောင်းသားသစ်လေးတစ်ယောက်ထပ်ရောက်တယ်....သားလာလေနှုတ်ဆက်လိုက်ပါဦး"

"အားလုံးပဲမင်္ဂလာပါ....ကျွန်တော့်နာမည်ကJiChangMinပါတွေ့ရတာဝမ်းသာပါတယ်ဗျ"

ထို့နောက်တစ်တန်းလုံးမှကြိုဆိုသည့်အနေနှင့်လက်ခုပ်တီးလိုက်ကြသည်။ပြီးတော့အတန်းပိုင်ဆရာမက

"သားဟိုး...နားလေးကChanHeeဆိုတဲ့တစ်ယောက်နားထိုင်လိုက်နော်"

"ဟုတ်ကဲ့ဗျ"

ChangMinလည်းဆရာမပြသည့်တစ်ယောက်နားသွားထိုင်လိုက်သည်။

"အဲ့ဒါဆိုအားလုံးခနနေဦးနော်ဆရာမကျောင်းအုပ်ကြီးနားသွားပြီးကျောင်းသားသစ်ရောက်ကြောင်းသွားပြောလိုက်ဦးမယ်"

"ဟိတ်Ji ChangMinတွေ့ရတာဝမ်းသာပါတယ်နော်ငါကChoi Chan Hee"

"အင်းChanHee shiတွေရတာဝမ်းသာပါတယ်"

"နင်ဘယ်ကပြောင်းလာတာလဲ"

"ဒယ်ဂူကနေ"

"အော်"

"ဒါနဲ့ChanHee shiငါကခုမှရောက်တာဆိုတော့နားမလည်တဲ့စာတွေရှင်းပြဦးနော်"

"အင်းပါကျောင်းဖွင့်တာခုမှသုံးပတ်ပဲရှိသေးတာဆိုတော့စာအရမ်းကြီးမများပါဘူးငါကူညီပေးပါ့မယ်ငါတို့ခုသူငယ်ချင်းဖြစ်သွားပြီဆိုတော့ရင်းရင်းနှီးနှီးChanHeeလိုပဲခေါ်ပါငါလည်းနင့်ကိုChangMinလို့ပဲခေါ်မယ်လေ"

"အင်းအင်း"

ChangMinသည်စိတ်ထဲအတော်ပင်ပျော်သွားသည်။ကျောင်းသစ်ဖြစ်သောကြောင့်သူငယ်ချင်းမရမှာကိုစိုးရိမ်နေခဲ့ပေမဲ့ခုလိုစစတွေ့ချင်းခင်ပေးတဲ့ChanHeeကြောင့်သူအတော်ပင်စိတ်အေးသွားသည်။ChanHeeသည်ယောကျာ်လေးဖြစ်သော်လည်းတော်တော်လှသည်ဟုသူထင်မိသည်။သေးသေးသွယ်သွယ်ကိုယ်လေးနှင့်ဝတ်ထားသည့်အဝတ်အစားမှာလည်းသူနှင့်လိုက်ဖက်လွန်းသည်။ရုပ်လေးမှာလည်းအလွန်ပင်ချစ်ဖို့ကောင်းသည်။ထို့ပြင်ဖော်ဖော်ရွေရွေရှိသောကြောင့်ChanHeeကိုသူတော်တော်ခင်မင်မိသွားသည်။

"ChangMinငါတို့နေ့လည်ကျရင်canteenမှာတူတူထမင်းစားမယ်နော်ကျန်တဲ့င့ါသူငယ်ချင်းနှစ်ယောက်နဲ့လည်းမိတ်ဆက်ပေးဦးမယ်သူတို့ကအခန်းမတူလို့"

"အင်းဟုတ်ပြီလေ ကျေးဇူးနော်ChanHeeရေငါ့ကိုခုလိုခင်ပေးလို့"

"အို......မလိုပါဘူးဟယ်ငါကနင်လို့ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ထပ်ရတာကြောင့်ပျော်နေတာ"

"ဟယ်....ChangMinနင့်လက်ကသွေးထွက်နေတယ်ဘာဖြစ်တာတုန်းဘာနဲ့ခိုက်မိထားတာတုန်း"

ChanHeeပြောမှChangMinလည်းသူ့ဘယ်လက်ဖဝါးကိုကြည့်လိုက်တော့အနည်းငယ်ပွန်းကာသွေးထွက်နေသည်ကိုတွေ့လိုက်ရသည်။

"အော်...ဒါဘာမှမဟုတ်ပါဘူးမနက်ကလမ်းမှာကားတိုက်မိမလိုဖြစ်ရင်းလမ်းပေါ်ကျသွားတော့လက်နဲ့ထောက်မိသွားတာ"

"ရလားနင်ကျောင်းဆေးခန်းမှာသွားပြီးဆေးထည့်လိုက်ပါလားမဟုတ်ရင်ပိုးတွေဘာတွေဝင်နေမှာစိုးလို့"

"ရပါတယ်  ဆရာမလာပြီလေစာသင်ရအောင်"

"အင်းအင်းအာ့ဆိုနေ့လည်ကျမှငါဆေးလိုက်ထည့်ပေးမယ်လေနော်"

"အင်းအင်း"

Time skip................

နေ့လည်ထမင်းစာချိန်ရောက်တော့ChanHeeကChangMinကိုကျောင်းဆေးခန်းခေါ်သွားကာအနာကိုဆေးထည့်ပြီးပလာစတာကပ်ပေးလိုက်သည်။

"အာ့ဆိုလာငါတို့နေ့လည်စာသွားစားရအောင်"

"Okလေ"

"ChanHeeရေ!!!!!!!!!!!!!"

"ဟင်ဘာလဲဟ"

"နင်သမိုင်းစာအုပ်မထပ်ရသေးဘူးမလားနင့်တစ်အုပ်ပဲကျန်တယ်"

"အယ်ဟုတ်ပါ့ငါမေ့နေတာအာ့ဆိုChangMinရေဒီနားမှာခနစောင့်နေဦးနော်ငါစာအုပ်အမြန်သွားထပ်လိုက်မယ်စောင့်နေနော်"

"အေးပါChanHeeရဲ့ဖြေးဖြေးလည်းသွားဦး"

Canteenကကျောင်းဆေးခန်းနဲ့ဆိုသွားရတာလမ်းနည်းနည်းနီးတယ်ChangMinတို့အခန်းနဲ့ဆိုဝေးတော့ChanHeeလည်းမလိုက်ခိုင်းတော့ဘဲကျောင်းဆေးခန်းရှေ့မှာChangMinကိုစောင့်ခိုင်းလိုက်တယ်။
............

"ဟယ်လိုYoungHoonမြန်မြန်လာကွငါမင်းကိုစောင့်နေတာ"

"အေးအေးငါလာနေပြီခုကျောင်းဆေးခန်းရှေ့နား​ရောက်တော့မယ်JaeHyunရေ"

"အေးအေးပြီးရော"

တီ.....(ဖုန်းချသံ😅)

YoungHoonလည်းJaeHyunရှိရာCanteenသို့နေ့လည်စာစားရန်ထွက်လာလိုက်သည်။ရုတ်တစ်ရက်ကျောင်းဆေးခန်းရှေ့နားရောက်တော့YoungHoonတွေ့လိုက်သည်ကဟိုကလေးနှင့်သူ့သူငယ်ချင်း။

YoungHoon's pov - ဟင်!ဟိုကလေးကငါတို့ကျောင်းကလား..ကျောင်းဆေးခန်းကထွက်လာတာဆိုတော့သူဘာများဖြစ်....ဟင်မနက်ကငါ့ကားနဲ့တိုက်မိမလိုဖြစ်ပြီးတစ်ခုခုများခိုက်မိသွားတာလားမသိဘူးသူ့သူငယ်ချင်းကလည်းပြေးထွက်သွားတာသူ့ကိုစောင့်နေခိုင်းခဲ့တယ်နဲ့တူတယ်..ငါ့ကားနဲ့တိုက်မိမလိုဖြစ်တာဆိုတော့ဘာဖြစ်သွားလဲဘာညာတော့မေးလိုက်မှပါ

ဟုတွေးကာYoungHoonလည်းChangMinနားကိုသွားလိုက်သည်။ပြီးတော့....

"ဟိုကလေး..အဆင်ပြေလားဘယ်နားခိုက်မိသွားတာတုန်း"

"ဟင်"

CahngMinလည်းရုတ်တစ်ရက်သူ့ကိုစကားပြောလာသည့်သူကိုလှည့်ကြည့်လိုက်တော့မနက်ကတွေခဲ့တဲ့သူမှန်းသိလိုက်သည်။

"​အော်ဟိုမင်းကိုယ့်ကိုမမှတ်မိဘူးလားမနက်ကမင်းကိုကိုယ့်ကားနဲ့တိုက်မိမလိုဖြစ်သွားသေးတယ်လေအဲ့တာခုကျောင်းဆေးခန်းထဲကထွက်လာတာဆိုတော့တစ်ခုခုများဖြစ်သွားလားလို့ပါ"

"အော်ဟုတ်ကဲ့ကျွန်​တော်မှတ်မိပါတယ်ဗျလက်ပဲနည်းနည်းပွန်းသွားရုံပါဘာမှတော့မဖြစ်ပါဘူး...ပြီးတော့ကျွန်တော်ကလမ်းကိုသေချာမကြည့်ဘဲကူးမိလိုက်လို့ခုလိုဖြစ်သွားတာပါအဲ့ဒီ့အတွက်လည်းတောင်းပန်ပါတယ်ဗျ"

"ရပါတယ်မလိုပါဘူးမင်းဘာမှမဖြစ်ဘူးဆိုလည်းပြီးတာပဲဒါနဲ့မင်းကဒီကျောင်းကပဲလား?"

YoungHoonကပုံမှန်ဆိုတစ်ခြားသူတွေကိုစိတ်ဝင်စားလေ့မရှိပေမဲ့ဒီကောင်လေးကိုကျတော့သိချင်စိတ်ကရှိနေသေးသည့်အတွက်မေးလိုက်သည်။

"ကျွန်တော်ကဒီနေ့မှဒီကျောင်းကိုပြောင်းလာတာပါဗျ"

"အော်အဲ့လိုလား"

"ChangMinရေ...... sorryကြာသွားလားဟင်စောင့်နေတာ...."

"မကြာပါဘူးဒီကစီနီယာနဲ့စကားခနပြောနေတာ"

"အော်......ဟင်Kim Young Hoon"

"ChanHeeရေဘာဖြစ်လို့လဲ"

"အော်..ဘာ..ဘာမှမဖြစ်ပါဘူးငါဗိုက်ဆာနေပြီလေသွားရအောင်"

"အင်း..ဒါဆိုစီနီယာကျွန်တော်သွားလိုက်ပါဦးမယ်"

YoungHoonလည်းခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။

CANTEENရောက်​တော့

"ChanHeeရေဒီမှာ"

"​လာပြီ"

"ထိုင်ChangMinပြီးတော့မိတ်ဆက်ပေးရဦးမယ်ဒါကငါ့သူငယ်ချင်းKim Sun Wooတဲ့ဒီဖက်ကLee Ju Yeonတဲ့...နှစ်ယောက်လုံးဒါကဒီနေ့မှကျောင်းပြောင်းလာတဲ့ငါ့သူငယ်ချင်းအသစ်Ji Chang Minတဲ့"

"တွေ့ရတာဝမ်းသာပါတယ်Sun Woo နဲ့ Ju Yeon shi"

"အင်းတွေ့ရတာဝမ်းသာပါတယ်ခုကစပြီးငါတို့သူငယ်ချင်းတွေ4ယောက်ဖြစ်ပြီပေါ့"

ChangMinလည်းပိုပြီးတောင်ပျော်သွားတော့တယ်ChanHeeကြောင့်နောက်ထပ်သူငယ်ချင်းနှစ်ယောက်ပါထပ်ရတာကြောင့်။
နှစ်ယောက်လုံးကလည်းChanHeeလိုပဲဖော်ဖော်ရွေရွေနဲ့ChangMinကိုဟင်းတွေထည့်ပေးလိုက်စကားတွေပြောလိုက်ကြနဲ့။

ထမင်းစားပြီးခါနီးလောက်ကျတော့ChanHeeက

"ChangMin နင်နဲ့စီနီယာKim Young Hoonနဲ့ကဘယ်လိုသိတာလဲသူငယ်ချင်းတွေလား"

ထိုအခါSunWooမှ
"နင်မဖြစ်နိုင်တာတွေမပြောစမ်းနဲ့"

"ငါတစ်ကယ်ပြောတာChangMinနဲ့အဲ့တစ်ယောက်စကားပြောနေတာငါကိုယ်တိုင်မြင်ခဲ့လို့မေးနေတာပေါ့ဟ"

"အော်..မဟုတ်ပါဘူးChanHeeရဲ့ငါအဲ့စီနီယာနာမည်တောင်မသိဘူးခုမှသိတာ..မနက်ကငါ့ကိုကားတိုက်မိမလိုဖြစ်သွားတာသူ့ရဲ့ကားလေအဲ့တာကြောင့်ငါ့ကိုတစ်ခုခုခိုက်မိသွားလားလို့လာမေးနေလို့ပါ"

"အော်အဲ့တာကြောင့်ကိုး.."

"ဒါနဲ့ဘာဖြစ်လို့တုန်း"

"ထူးဆန်းနေလို့ပါ..သူကသူ့သူငယ်ချင်းတစ်ယောက်ကလွဲပြီးဘယ်သူနဲ့မှအဖက်လုပ်ပြီးစကားမပြောဖူးဘူးလေပြောရမယ်ဆိုခပ်ချေချေပေါ့ဟယ်"

"အဲ့လိုလား"

ထိုအခါJuYeonမှ

"သူအဲ့လိုဖြစ်နေတယ်ဆိုတာလည်းပုံမှန်ပါဘဲဒါပေမဲ့သူ့မိဘတွေဆုံးပြီးကတည်းကအဲ့လိုပိုဖြစ်သွားတာဆိုပိုမှန်တယ်"

"အေးနော်"

"ဟင်အဲ့စီနီယာကမိဘတွေမရှိတော့ဘူးလား"

"အင်းဟုတ်တယ်ChangMinရဲ့လွန်ခဲ့တဲ့သုံးနှစ်တုံးကလေ..ကားအက်ဆီးဒင့်ကြောင့်ဆုံးသွားတာတဲ့"

"အော်"

ChangMinလည်းစိတ်ထဲတွင်အတော်လေးစိတ်မကောင်းဖြစ်သွားသည်။ဒါကြောင့်သူစီနီယာကိုစကားပြောတုန်းကစီနီယာ့မျက်လုံးတွေကဝမ်းနည်းရိပ်ယောင်ပြနေတာကိုးလို့တွေးမိလိုက်သည်။
.....................

"လာပြီလားYoungHoonမင်းဘာလို့အဲ့လောက်တောင်ကြာနေတာတုန်း"

"Sorryကွာကိစ္စလေးရှိနေလို့စားရအောင်လေ"

"အင်းအင်း"

JaeHyunမှာYoungHoon၏ငယ်သူငယ်ချင်းနှင့်တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည်။JaeHyunသည်သူ့ငယ်ချင်းမိဘတွေဆုံးသွားတော့ပိုပြီးတောင်YoungHoonကိုဂရုစိုက်ပေးလာသည်။YoungHoonစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေလျှင်လည်းနားလည်ပေးကာတစ်ခါတစ်လေYoungHoonသူ့ကိုစကားမပြောတာတို့ဘာတို့ဆိုလည်းသူနားလည်ပါတယ်။ခုမှသာYoungHoonအရင်ကထက်စာလျှင်နည်းနည်းပိုအဆင်ပြေလာသည်ဟုမှတ်ယူလို့ရပါတယ်။အရင်ကဆိုထစ်ခနဲရှိသူ့ကိုစိတ်တိုအမြဲတမ်းမျက်နှာသေနဲ့ခုတော့နည်းနည်းပြန်ကောင်းလာတာကိုပဲJaeHyunမှာစိတ်သက်သာပါသည်။

"အာ...ဒါနဲ့JaeHyunရေ..မင်းဟိုကျောင်းပြောင်းလာတဲ့အသစ်တစ်ယောက်ကိုသိလား?"

"ဟင်..မင်းကလည်းဘယ်တစ်ယောက်ဆိုတာသေချာပြောလေငါတို့ကျောင်းမှာကျောင်းပြောင်းလာတဲ့သူတွေမှမနည်းဘဲ"

JaeHyun's pov - နေပါဦးဒီကောင်ထူးထူးဆန်းဆန်းလူတစ်ယောက်အကြောင်းမေးလို့ပါလားငါများထီပေါက်တော့မလားမသိဘူး ဟီး

"ဟျောင့်ဘာတွေပြုံးစိစိဖြစ်နေတာတုန်း"

"မဖြစ်ပါဘူးကွမင်းကလဲပြောဘယ်တစ်ယောက်တုန်း"

"ဟိုလေဒီနေ့မှ​ပြောင်းလာတာလေသေးသေးကွေးကွေးလေးနဲ့ကောင်လေးလေ"

"မင်းပြောတဲ့သေးသေးကွေးကွေးလေးဆိုတာတော့ငါမသိဘူးငါကြားတာတော့အထက်တန်းဒုတိယနှစ်ကိုဒီနေ့မှစပြောင်းလာတဲ့ကျောင်းသားသစ်ရှိတယ်လိုတော့ကြားတယ်"

YoungHoonမှာJaeHyunကိုမေးရခြင်းကJaeHyunကသူ့လိုမဟုတ်သွက်သွက်လက်လက်နှင့်စပ်စုတတ်သည်။ထို့ကြောင့်တစ်ကျောင်းလုံးကကိစ္စတွေတော်တော်များများဆိုသူသိသောကြောင့်ဖြစ်သည်။

"ဟုတ်ပါ့မလားအလယ်တန်းမှာကောပြောင်းလာတာမရှိဘူးလားအဲ့တစ်ယောက်ကအလယ်တန်းလောက်ပဲရှိဦးမယ်ထင်တယ်နော်"

"ဟင့်အင်းအလယ်တန်းမှာတော့ငါမကြားမိဘူး....ဒါနဲ့နေပါဦးဘယ်သူမို့လို့မင်းကဒီလောက်ထိသိချင်ရတာတုန်း"

"ဟင်...မ မဟုတ်ပါဘူးဒီတိုင်းပဲမေးကြည့်တာစားလေမင်းဗိုက်ဆာနေတာမဟုတ်ဘူးလား"

YoungHoonမှာလည်းရှက်ရမ်းသာရမ်းလိုက်ရသည်။သူJaeHyunအကြောင်းသိသည်။ဒီထက်ဆက်ပြောလျှင်သူ့ကိုတရားခံစစ်သလိုမေးတော့မယ်လေအဲ့တာကြောင့်စကားစကိုအမြန်ဖြတ်လိုက်ရသည်။

စားနေတုန်းJaeHyunမှ......

"ဟိုမှာလေ..ငါပြောတဲ့အထက်တန်းဒုတိယနှစ်ကိုပြောင်းလာတဲ့တစ်ယောက်ခဲရောင်လေးနဲ့လေ"

YoungHoonလည်းJaeHyunပြတဲ့ဘက််ကိုကြည့်လိုက်တော့ဟိုကောင်လေးပင်။

Younghoon's pov - အော်...ငါကသူ့ကိုခုမှအလယ်တန်းလောက်ပဲရှိဦးမယ်ထင်နေတာဖြစ်ချင်တော့အထက်တန်းဒုတိယနှစ်တဲ့လား

"ဟုတ်လားမင်းမေးတဲ့တစ်ယောက်"

"ဟင်...ထားလိုက်တော့ဘာမှမဟုတ်တော့ဘူးစားစား"

"မင်းနော်....ငါထူးဆန်းတဲ့အငွေ့အသက်တွေရနေတယ်ပြောစမ်းပါဦးဘယ်သူတုန်းလို့မင်းမဟုတ်မှလွဲရောအဲ့ကောင်လေးကိုကြိုက်နေတာလား"

"ဖြစ်စရာလား....ကဲငါပြောပြမယ်"

YoungHoonလည်းJaeHyunကိုမနက်ကဖြစ်ခဲ့တဲ့ကိစ္စအကုန်ပြောပြလိုက်တယ်။ပြောဦးမှပဲလေမဟုတ်ရင်သူ့ကိုစောနကလိုတစ်မျိုးတွေထင်သွားမှာပေါ့။အဲ့တော့မှJaeHyunလည်းဆက်မမေးတော့ဘဲစားလက်စနေ့လည်စာကိုသာစားနေလိုက်သည်။
..........................

Yarrrrrr Kim Sun Woo!!!!!ငါ့မုန့်ပြန်ပေးလို့.....နင်စားချင်ရင်ကိုယ့်ဘာသာဝယ်စားပါလား...."

"No Noငါကနင့်ဆီကမုန့်ပဲလုစားချင်တာ ဟီး"

"ပြန်ပေးလို့ပြန်ပေးပါဆို"

SunWooမှာChanHeeကိုစနောက်ရင်းမုန့်ထုတ်လေးကိုင်ကာပတ်ပြေးနေသည်။ChanHeeမှာလည်းသူအကြိုက်ဆုံးမုန့်လေးဖြစ်တာကြောင့်SunWooနောက်ကိုအသည်းအသန်မုန့်ပြန်လိုက်ယူသည်။ChangMinတို့သူငယ်ချင်းလေးယောက်ထမင်းစားပြီးတော့အချိုတည်းမုန့်စားရန်ကျောင်းဝန်းထဲမှစားပွဲလေးတွင်ထိုင်နေကြရာမှSunWooနှင့်ChanHeeတို့၏မုန့်လုပွဲကြီးစတင်ခြင်းဖြစ်သည်။ထိုင်ကြည့်ပြီးအူတက်နေကြသူများမှာChangMinနှင့်JuYeonပင်။ပြီးတော့JuYeonမှ...

"သူတို့နှစ်ယောက်ကအမြဲတမ်းအဲ့လိုပဲTom & JerryလေSunWooကလည်းတစ်နေ့တစ်နေ့ChanHeeကိုစလိုက်ရမှကျေနပ်တဲ့ကောင်ပြီး​ေတာ့ဟိုကကောက်သွားရင်လည်းသူပဲလိုက်ပြန်ချော့ရတယ်။"

"အော်အဲ့လိုကိုးဒါပေမဲ့ချစ်စရာလေးတွေပါနှစ်ယောက်လုံးက"

ဒီလိုနဲ့ChanHeeလည်းSunWooနောက်ပြေးလိုက်ရင်းနဲ့အားကစားရုံထဲကိုရောက်သွားတယ်။နေ့လည်ထမင်းစားနားတဲ့အချိန်ဖြစ်တာကြောင့်အားကစားရုံထဲတွင်တော့ဘယ်သူမှမရှိ။ဒါပေမဲ့ထောင့်အကွယ်နားလေးမှာကောင်လေးတစ်ယောက်ကတော့ပုန်းနေလေရဲ့။

"Yarrr Kim SunWooထွက်လာခဲ့နော်နင်ပုန်းနေမယ်မကြံနဲ့တွေ့မှကောင်းကောင်းဆုံးမပေးမယ်"

ထိုစဥ်SunWooလည်းChanHeeကိုဆက်စချင်သောကြောင့်ပုန်းနေရာမှထွက်လာလိုက်သည်။

SunWooကိုတွေ့တွေ့ချင်းChanHeeကသူ့နားအပြေးသွားကာမုန့်ထုပ်ကိုဆွဲယူလိုက်သည်။ပြီးတော့......

"နင်နော်နောက်တစ်ခါဒီလိုမလုပ်နဲ့လုပ်လို့ကတော့အသေပဲ..ကြည့်ဦးငါ့မုန့်တွေနင်ဘယ်လောက်တောင်စားပလိုက်တာတုန်း!!"

SunWooမှာတော့ဘာမှပြန်မပြောနိုင်ရယ်သာရယ်နေလေသည်။

အဲ့တော့ChanHeeလည်းပြန်ထွက်မယ်အလုပ်ရုတ်တစ်ရက်SunWooမှChanHeeလက်အားလှမ်းဆွဲကာနောက်လက်တစ်ဖက်နှင့်ChanHeeခါးသွယ်သွယ်လေးကိုဖက်လိုက်သည်။ရုတ်တစ်ရက်ဖြစ်သွားသောကြောင့်ChanHeeလည်းခနကြောင်သွားကာသတိပြန်ဝင်လာတော့အတင်းရုန်းလေသည်။ရုန်းလေလေSunWooကပိုတင်းတင်းဖက်လေလေဖြစ်တာကြောင့်ChanHeeနေရခက်နေလေသည်။

"Kim Sun Wooနင်ဘာဖြစ်ချင်နေတာတုန်းလွှတ်ပေးငါ့ကိုခုချက်ချင်းသူများမုန့်လည်းလုစားသေးတယ်မတောင်းပန်တဲ့အပြင်ထပ်က စနေသေးတယ်"

"နင်ပဲစောနကပြောပြီးတော့ငါ့ကိုတွေ့ရင်ဆုံးမမှာဆိုဘယ်လိုဆုံးမမှာလဲ"

"အဲ့တာကနင်ငါ့ကိုလွှတ်ပေးမှရမှာလေ"

"မလွှတ်ပေးရင်ကောဘာလုပ်မှာလဲ"

"ဘာလုပ်စေချင်နေလို့တုန်း"

"ဒီလိုလေ"ဟုဆိုကာSunWooသည်ChanHee၏ပါးလေးတစ်ဖက်အားနမ်းလိုက်သည်။ပြီးတော့နားနားကပ်ကာ.....

"ဒီတစ်ခေါက်တော့ပါးပဲနမ်းလိုက်မယ်နောက်တစ်ခေါက်ကျရင်တော့နှုတ်ခမ်းဖြစ်မယ်ထင်တယ်"

ရုတ်တစ်ရက်ကြီးပါးကိုအနမ်းခံလိုက်ရသဖြင့်မှင်သက်နေတုန်းနားနားကပ်ကာတိုးတိုးလေးပြောလိုက်သည့်စကားကြောင့်ChanHeeတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထသွားတော့သည်။ရှက်လွန်း၍ပါးလေးနှစ်ဖက်မှာလည်းနီရဲလို့။

"နင်....နင်....နင်ဒါဘာလုပ်တာလဲSunWoo"

"နမ်းလိုက်တာလေဘာလဲသိသွားအောင်ထပ်နမ်းပေးရမလား"ဟုပြောကာအနားကိုထပ်ကပ်လာတော့ChanHeeလည်းSunWooရင်ဘက်ကိုဆောင့်တွန်းကာရှက်ရှက်ဖြင့်ထွက်ပြေးသွားလေသည်။

"အား.......ChanHeeရာ..ဘာလို့အဲ့လောက်ထိစောက်ရမ်းချစ်ဖို့ကောင်းတာတုန်း"

__________________________________

ကဲအားလုံးကြိုက်ကြရဲ့လားဟင်...
SunWooနဲ့ChanHeeနဲ့ကအတွဲတွေမဖြစ်သေးပါဘူးနော်SunWooဘက်ကပဲတစ်ဖက်သတ်ကြိုက်နေတုန်းပါဒါပေမဲ့ခုတော့ပါးကိုနမ်းလိုက်ပါပြီ😅
နောက်ပိုင်းကြရင်လည်းYoungHoonနဲ့ChangMinတို့အတွဲလာပါဦးမယ်နော်......ပြီးတော့တစ်ခုပြောဖို့ကျန်ခဲ့တာအစက JuYeonကိုမထည့်ဘူးလုပ်နေတာဒါပေမဲ့နောက်ပိုင်းဇာတ်လမ်းအရထည့်လိုက်ပါတယ်နော်ဒါကတော့JuYeonပါ.....

Bạn đang đọc truyện trên: Truyen4U.Com