Chapter 3
JuYeonနှင့်ChangMinတို့စကားပြောနေတုန်းChanHeeပြေးလာသည်ကိုမြင်လိုက်သည်။ပြီးတော့ChanHeeကသူတို့ထိုင်နေတဲ့နားရောက်လာကာ.....
"ChangMinနဲ့JuYeonငါအရင်အခန်းထဲသွားနှင့်တော့မယ်နော်စာလုပ်စရာရှိသေးလို့"
ဟုဆိုကာသွားလိုက်လေသည်။နောက်မှSunWooလာတာမြင်တော့JuYeonက.....
"SunWooမင်းဘာတွေထပ်ပြီးစလိုက်ပြန်ပြီတုန်းဟိုကအရင်တောင်သွားလိုက်ပြီ"
SunWooကထိုင်ခုံမှာဝင်ထိုင်ကာပြုံးစိစိနှင့်သူနမ်းခဲ့တဲ့အကြောင်းကိုပြောပြလိုက်သည်။
"ဘာ!!!!!!!!!!"
"မင်းတို့နှစ်ကောင်ကလည်းဖြေးဖြေးအော်ပါဟငါလွင့်ထွက်တော့မယ်"
"အဲ့...အဲ့တော့SunWooနင်ကChanHeeကိုကြိုက်နေတာလား"
"အော်...ဟုတ်သားပဲChangMinကမသိသေးဘူးကို..ဟုတ်တယ်ဟငါChanHeeကိုကြိုက်နေတာကြာပြီအလယ်တန်းလောက်ကတည်းက"
"အဲ့တာကြောင့်နင်ChanHeeကိုကြည့်တဲ့အကြည့်တွေကတစ်မျိုးကြီးဖြစ်နေတာကို"
JuYeonမှ
"အဲ့တော့မင်းဘယ်လိုလုပ်မှာတုန်းဖွင့်ပြောမှာလား"
"အေးပေါ့ဟအာ့ကြောင့်မင်းတို့နှစ်ကောင်ငါ့ကိုကူညီပေးပါဦးကွာ"
"အေးအေးဟုတ်ပါပြီကဲခုတော့သွားရအောင်ကျောင်းလည်းတက်တော့မယ်"
Time Skip.....
ကျောင်းဆင်းချိန်ရောက်တော့JuYeonနှင့်ChangMinမှာSunWooကိုဖွင့်ပြောရန်ကူညီသည့်အနေဖြင့်.....
"ChanHeeရေငါဒီနေ့JuYeonနဲ့တူတူပြန်မလို့သူနဲ့ငါနဲ့ကရပ်ကွက်ချင်းတူတယ်လေအဲ့တာကြောင့်နင်ကSunWooနဲ့ပဲပြန်လိုက်တော့နော်"
"နေပါဦး...ငါလည်းနင်တို့နဲ့ပဲလိုက်မယ်ဒီကောင်နဲ့တူတူမပြန်ချင်ဘူး"
ထိုအခါJuYeonမှ
"ChanHeeနင်ဘယ်လိုဖြစ်တာလဲအရင်တုန်းကလည်းSunWooနဲ့ပဲတူတူပြန်နေကြမဟုတ်ဘူးလား"
"အေးလေးChanHeeကလည်းအရင်ကငါနဲ့တူတူပြန်နေကြပဲဟာကို...လာပြန်မယ်"
ဟုဆိုကာChanHeeလက်ကိုဆွဲလိုက်သည်။
ChanHeeမှရုံးမယ်ကြံတော့....
"ကဲအာ့ဆိုငါတို့နှစ်ယောက်ပြန်ပြီနော်" ဟုပြောကာChanHeeကိုအတင်းဆွဲခေါ်ပြီးသွားလိုက်လေသည်။
JuYeonနှင့်ChangMinမှာတော့နှစ်ယောက်သားအဆင်ပြေပါစေဆုတောင်းရင်းပြန်လာလိုက်ကြလေသည်။
"Yarrr...Kim SunWoo ငါ့ကိုလွှတ်လို့..!!!!"
SunWooလည်းနည်းနည်းလူရှင်းတဲ့ပန်းခြံလမ်းနားလေးကိုရောက်တော့ရပ်ကာChanHeeပခုံးလေးကိုလက်နှစ်ဖက်ဖြင့်ကိုင်၍ဖွင့်ပြောရန်ကြံလိုက်လေသည်။ChanHeeမှာတော့မျက်လုံးအဝိုင်းသားလေဖြင့်ကြောင်ကာကြည့်နေသည်။
"ChanHeeလေးအခုကိုယ်ပြောမှာကိုသေချာနားထောင်နော်ကိုယ်လေ......ဟို...ဟိုဟာလေကွာ........"
"ပြောစရာရှိတာမြန်မြန်ပြောလေတစ်ဟိုဟိုနဲ့ဘာဖြစ်နေတာတုန်း"
"ဟိုဟာလေ......"
SunWoo's pov - ဟာကွာ....တစ်လမ်းလုံးဖွင့်ပြောဖို့စဥ်းစားလာခဲ့သမျှတွေဘယ်နားအစရှာရမှန်းတောင်မသိတော့ဘူးမထူးပါဘူးဒီတိုင်းပဲပြောလိုက်မယ်
"Kim Sun Wooနင်ပြောစရာမရှိရင်လည်းငါသွား....."
"ကိုယ်မင်းကိုချစ်တယ်ChanHee"
ChanHeeမှာစကားတောင်မဆုံးသေးဘူးရုတ်တစ်ရက်SunWooပြောလိုက်သည့်စကားကြောင့်ကြောင်သွားလေသည်။
SunWoo's pov - ပြောတော့ပြောလိုက်တာပဲဘာမှပြန်မပြောဘူးငါ့ကိုစိတ်ဆိုးသွားတာလားမသိဘူး....သွားပါပြီကွာ.....
ChanHeeလည်းရပ်နေရာရာမှခေါင်းလေးအောက်ကိုငုံ့ကာငိုမဲ့မဲ့ဖြင့်SunWooရင်ဘတ်ကိုသူ့လက်သီးသေးသေးလေးဖြင့်သာသာလေးထုလေသည်။ပြီးတော့.....
"Yarrrr...Kim Sun Wooအရူးကောင်...နင်ငါ့ကိုအဲ့စကားပြောဖို့ငါဘယ်လောက်တောင်စောင့်နေခဲ့ရလဲဆိုတာသိလား...နေ့လည်တုန်းကနင်ငါ့ပါးကိုနမ်းတုန်းကဆိုရင်ငါ့မှာရင်တွေခုန်လွန်းလို့ရူးတော့မတတ်ဘဲပြီးတော့နင်ကရယ်ပဲရယ်နေတာဆိုတော့ငါ့ကိုတစ်ကယ်လည်းသဘောမကျဘဲနောက်ရုံပဲထင်နေခဲ့တာငါ့ကိုကြိုက်နေတယ်ဆိုရင်လည်းလူကိုအမျိုးမျိုးမခံစားရအောင်စောစောစီးစီးဖွင့်ပြောပါလား ...မသာကောင်ရဲ့"
ChanHeeမှာပြောလည်းပြောငိုလည်းငိုဆိုတော့SunWooတစ်ယောက်ChanHeeမျက်နှာလေးကိုသူ့ရင်ဘတ်နားအပ်ကာဖက်ထားလိုက်လေသည်။
"အင်းပါ...ChanHeeလေးရဲ့ကိုယ်မှားသွားပါတယ်ကိုယ်မင်းကိုကစားနေတာမဟုတ်ပါဘူးကိုယ်ဖွင့်ပြောချင်ပေမဲ့မင်းငြင်းမှာကိုယ်ကြောက်လို့ပါအဲ့တာကြောင့်ပါ"
SunWooမှာလည်းChanHeeကိုဖက်နေရာကခွာပြီးမျက်နှာမော့စေကာသူနဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်။
"အာ့ဆိုChanHeeကလည်းကိုယ့်ကိုချစ်တယ်ပေါ့နော်"
"အင်း"
"အင်းလို့တော့မဖြေနဲ့လေချစ်တယ်လို့ပြောလေကွာ"
"အင်းအင်းချစ်တယ်လို့ရပြီလား"
SunWooရင်ဘတ်ထဲတွင်ပန်းတွေပွင့်လာသလိုခံစားလိုက်ရပြီးတစ်လောကလုံးမှာသူချစ်ရတဲ့ChanHeeနဲ့သူနဲ့နှစ်ယောက်တည်းပဲရှိတော့တယ်ထင်လောက်တဲ့အထိဖြစ်သွားတယ်။ညနေကျောင်းဆင်းချိန်ဖြစ်သည့်အတွက်နေမင်းကြီးမှာဝင်ခါစမို့နီရဲရဲဖစ်နေသည်။ပတ်ဝန်းကျင်မှာလည်းပန်းခြံနားဖြစ်သည့်အတွက်သစ်ပင်ကြီးများစိမ်းစိမ်းစိုကာအမျိုးမျိုးသောပန်းပင်လေးတွေကလည်းကာလာရောင်စုံစွာဖူးပွင့်နေကြတယ်။အဲ့လိုလှပတဲ့ပန်းပင်လေးတွေနားမှာရပ်နေတဲ့ကောင်လေးနှစ်ယောက်ထဲကတစ်ယောက်ကတော့ချစ်ရတဲ့ChanHeeမျက်နှာတစ်ကမ္ဘာမှတ်ကာတစ်စိမ့်စိမ့်ကြည့်နေတယ်။
"Kim SunWooဘာတွေအဲလောက်ကြည့်နေတာလဲပြီးတော့ငါကနင့်ထက်လပိုင်းကြီးတယ်နော်သူ့ကိုယ်သူများတစ်ကိုယ်ကိုယ်နဲ့"
"ဘာလို့လဲကိုယ့်အတွက်ကတော့ChanHeeကအမြဲတမ်းကလေးလေးပဲ"
"တော်တော့...လာပြန်မယ်အိမ်ပြန်နောက်ကျရင်Ommaဆူလိမ့်မယ်"
"ဟုတ်ပါပြီဗျာ"
ဒီလိုနဲ့လှပတဲ့ညနေခင်းလေးမှာကောင်လေးနှစ်ယောက်ကတော့မျက်နှာအပြုံးကိုယ်စီဝေလျက်လက်တူတူတွဲကာအိမ်ပြန်လာကြပါတယ်။
........................
"ဒီထိပဲလိုက်ကူလို့ရပါတယ်JuYeon ငါခနဝင်စရာဆိုင်လေးရှိသေးလို့"
"အော်အင်းအဲ့လိုဆိုလဲပီးတာပဲမနက်ဖြန်မှတွေ့မယ်နော်ChangMinရေ"
ChangMinလည်းJuYeonကိုခေါင်းငြိမ့်ပြလိုက်သည်။ပြီးတော့သူမနက်တုန်းကမသွားလိုက်ရတဲ့စာအုပ်ဆိုင်လေးကိုဝင်ရန်ဆုံးဖြတ်လိုက်သည်။ဆိုင်ရောက်တော့သူ့အကြိုက်များနှင့်ကွက်တိဖြစ်သည်မို့စိတ်ကြိုက်ကိုစာအုပ်တွေရွေးဝယ်နေလိုက်သည်။ဆိုင်လေးမှာလည်းအပြင်အဆင်ကအလွန်ပင်ချစ်ဖို့ကောင်းကာစာအုပ်များမှာလည်းအမျိုးအစားစုံလင်လှသည်။ChangMinလည်းစာအုပ်များကိုရွေးပြီးတော့ငွေရှင်းရန်ကောင်တာကိုလာခဲ့လိုက်သည်။ငွေရှင်းနေတုန်းကောင်တာမှအမကိုကောင်လေးတယောက်မှလှမ်းခေါ်လိုက်သည်။
"Noona ဆိုင်မပိတ်သေးဘူးလား"
"အော်အင်းခနJaeHyunရေဒီကောင်လေးပြီးရင်ပိတ်လိုက်မယ်"
JaeHyun's pov - ဟင် ဟိုအသစ်ကောင်လေးပါလားစကားပြောကြည့်ဦးမှပဲ
"ဟိတ်ကောင်လေးမင်းကဒီနေ့မှအကိုတို့ကျောင်းကိုပြောင်းလာတဲ့တစ်ယောက်မလား"
"အကိုက......ကျွန်တော်နဲ့ကျောင်းတူတူပဲလားကျွန်တော့်ကိုဘယ်လိုသိတာလဲ"
"အော်အင်းဟုတ်တယ်လေအကိုနည်းနည်းဟိုစပ်စုဒီစပ်စုဆိုတော့လေ....ဟဲဟဲဒါပေမဲ့အကိုကအထက်တန်းတတိယနှစ်ကမလို့မင်းမသိတာဖြစ်ပါလိမ့်မယ်"
"အော်....ဟုတ်ကဲ့ဘယ်လိုပဲဖြစ်ဖြစ်တွေ့ရတာဝမ်းသာပါတယ်ဗျ"
"အင်းအင်းဒါနဲ့မင်းနာမည်ကဘာMinဆိုလား"
"Ji ChangMin ပါဗျဒီတိုင်းChangMinလို့ခေါ်လည်းရပါတယ်"
"အင်းအကိုကJaeHyun Lee JaeHyunပါ"
ပိုက်ဆံရှင်းပြီးသွားတော့JaeHyunလည်းChangMinကိုအပြင်ထိလိုက်ပို့ပေးသည်။
"မင်းဝယ်တဲ့Mangaတွေကလည်းအများကြီးပဲတော်တော်ကြိုက်တယ်ထင်တယ်"
"ဟုတ်တယ်အကိုရဲ့ဒါတောင်One PieceကိုVol 26မရလို့"
"အော်အဲ့တာကမနေ့ကပဲကုန်သွားတာ..ဒါပေမဲ့အကို့အမကထပ်မှာထားတယ်ရောက်ရင်မင်းကိုပြောမယ်လေဟုတ်ပြီလား"
"အဲ့လိုဆိုရင်တော့ကျေးဇူးတင်တာပေါ့ဗျာအခုတော့ကျွန်တော်ပြန်လိုက်ပါဦးမယ်"
"အေးအေးကျောင်းမှာလည်းတွေ့ရင်ခေါ်နော်"
"ဟုတ်ကဲ့ဗျ"
ChangMin's pov - ငါပြောင်းလိုက်တဲ့ကျောင်းကလူတွေကတော်တော်ခင်ဖို့ကောင်းကြတာပဲငါတော့ပြောင်းတာမှန်သွားပြီ
........................................
နောက်နေ့ကျောင်းရောက်တော့SunWooမှာChanHeeလက်လေးကိုဆွဲကာကျောင်းဝန်းထဲကိုဝင်လာလိုက်သည်။တစ်ခြားကျောင်းသားကျောင်းသူတွေကတော့ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာပေါ့။ဒါကိုမြင်လိုက်တဲ့ChangMinနဲ့JuYeonမှာလည်းအခြေအနေကိုချက်ချင်းသဘောပေါက်ကာပြုံးလိုက်ကြသည်။SunWooမှာChanHeeကိုအခန်းရှေ့လိုက်ပို့ပေးပြီးတော့....
"Sunwooဒါဆိုငါအခန်းထဲဝင်တော့မယ်နော်"
SunWooမှာChanHeeလက်ကိုမလွှတ်ပေးသေးဘဲ....
"ဟင့်အင်း...ကိုယ်ChanHeeလေးနဲ့ခနလေးတောင်မခွဲချင်ဘူးကွာ........"
"အဟမ်း အဟမ်းမင်းတို့ရိုနေတာပြီးပြီလားဒီမှာငါအခန်းထဲဝင်မလို့"
"ဟျောင့်မင်းဘာသာမင်းဝင်စရာရှိတာဝင်ပါလား"
"မင်းတို့နှစ်ယောက်ကအပေါက်ဝကြီးမှာလာပိတ်နေတာကိုဟ"
"အော် အေးsorryနော်ဝင်ဝင် ChanHeeလေးကိုယ်သွားပြီနော်လာJuYeonသွားမယ်"
Time skip.....
"ChanHeeရေဆရာမကနင်တို့ကိုထမင်းစားပြီးရင်ခနလောက်လာခဲ့ပါဦးတဲ့"
အတန်းထဲမှကောင်မလေးတစ်ယောက်ကလာပြောသည့်အတွက်ChanHeeနဲ့ChangMinလည်းမြန်မြန်ထမင်းစားပြီးကျန်တဲ့နှစ်ယောက်ကိုနှုတ်ဆက်ကာဆရာမနားနေခန်းကိုသွားလိုက်တယ်။ဒါတောင်ကိုယ်တော်ချောKimSunWooကမလွှတ်လို့ChangMinမှာChanHeeကိုဆွဲခေါ်လာရတယ်။
"SunWooမင်းကလည်းဆရာမခေါ်နေပါတယ်ဆိုမှမင်းအဲ့လောက်တောင်မခွဲနိုင်မခွာနိုင်ဖြစ်နေလည်းလိုက်သွားပါလား"
"ဟဲဟဲ JuYeonကလည်းမင်းသိတဲ့အတိုင်းငါကTeacherတွေနဲ့အလာဂျစ်ရှိတယ်လေ"
ဟုတ်ပါတယ်အထက်တန်းရဲ့ဆရာ ဆရာမတွေတော်တော်များများကSunWooကိုသိပ်မကြည်ကြပါဘူးဘာလို့လဲဆိုတော့SunWooကအမြဲဘုကလန့်နဲ့ပြီးတော့စာလည်းလိုက်မလုပ်လို့ပါ။
"ဆရာမသားတို့ကိုခေါ်တယ်ဆိုဘာများခိုင်းစရာရှိလို့လဲမသိဘူး"
"အော်အေးသားတို့နှစ်ယောက်ဆရာမကိုဒီစာအုပ်တွေစာကြည့်တိုက်ထဲကိုသွားထားပေးပါဦးဆရာမကကျောင်းအုပ်ကြီးခေါ်နေလို့ခနသွားရမှာမလို့"
"ဟုတ်ကဲ့ဆရာမ"
စာအုပ်တွေကအရမ်းမများပင်မဲ့တစ်အုပ်တစ်အုပ်ကနဲနဲထူတာမလို့နှစ်ယောက်ခွဲပြီးသယ်လိုက်ကြတယ်။
စာအုပ်တွေကိုစာကြည့်တိုက်မှာတာဝန်ကျတဲ့ကျောင်းသားတွေဆီအပ်ပေးပြီးတော့နှစ်ယောက်သားမောမောနဲ့ပြန်ထွက်လာလိုက်ကြတယ်။ထွက်လည်းထွက်တော့နှစ်ယောက်သားအပြင်ကဖြတ်သွားတဲ့YoungHoonနဲ့JaeHyunကိုတိုက်မိသွားတယ်။
"အ"
"အိုSorry.....ဟင်အော်....ChangMin!"
"ဟင်...JaeHyun sunbae"
"Sunbaeတို့တောင်းပန်ပါတယ်ဘယ်နားနာသွားလဲမသိဘူး"
ChangMinနဲ့ChanHeeမှာပြာပြာသလဲတောင်းပန်တော့JaeHyunက....
"ရပါတယ်ဘာမှမဖြစ်ပါဘူးဒါနဲ့ChangMinမှာထားတဲ့Mangaတွေမနက်ဖြန်ရောက်မယ်နော်"
"ဟုတ်လားSunbaeအာ့ဆိုကျွန်တော့်အတွက်ချန်ထားပေးပါဦးနော်"
"အင်းအင်းဒါနဲ့အကိုတို့ခုCanteenမှာအအေးသွားသောက်မလို့လိုက်ကြဦးမလား"
ထိုအခါChanHeeမှYoungHoonလည်းပါနေသဖြင့်သူတို့ကြောင့်အဆင်မပြေမှာစိုး၍
"ရပါတယ်Sunbaeတို့ပဲသွားလိုက်ပါ"
"မဟုတ်တာနှစ်ယောက်လုံးလိုက်ခဲ့လိုက်လေမောနေကြတဲ့ပုံပဲအကိုဝယ်တိုက်ပါ့မယ်"
ထိုအခါChanHeeနှင့်ChangMinတို့နှစ်ယောက်လုံးသာမကJaeHyunပါမျက်လုံးပြူးသွားလေသည်။
YoungHoonမှထူးထူးဆန်းဆန်းဂျူနီယာလေးနှစ်ယောက်ကိုအအေးသောက်ရန်ခေါ်လိုက်သောကြောင့်ဖြစ်သည်။
ဒိလိုနဲ့လေးယောက်သားအအေးသောက်နေကြတုန်းChanHeeမှ
"ဒါနဲ့JaeHyun sunbaeနဲ့ChangMinနဲ့ဘယ်လိုသိတာတုန်း"
"မနေ့ကလေ..ငါစာအုပ်ဝယ်တဲ့ဆိုင်ကSunbaeအမရဲ့ဆိုင်ဖြစ်နေတော့တွေ့ရင်းနဲ့ခင်တာ"
"အော်"
အမှန်တော့ဒီမေးခွန်းကိုChanHeeတစ်ယောက်တည်းသာမဟုတ်YoungHoonကပါသိချင်သောမေးခွန်းဖြစ်သည်။
YoungHoonလည်းChangMinကိုစကားပြောချင်ပေမဲ့ပြောကမပြောတတ်ပြောစရာက ည်ူများများစားစားမရှိဘူးဆိုတော့ဟိုနေ့က ကိစ္စနဲ့ပတ်သက်ပြီးပဲမေးလိုက်တယ်။
"ဟိုChangMinလက်အနာသက်သာလား"
"ဟင်....ဟုတ်သက်သာပါတဲ့ဒီတိုင်းပဲပွန်းသွားတာဆိုတော့"
"အင်းအင်း"
ဒီလိုနဲ့ကောင်လေး လေးယောက်အအေးသောက်ရင်းစကားပြောနေကြတယ်။အမှန်တိုင်းပြောရမယ်ဆိုရင်သုံးယောက်ကပဲပြောပြီးတစ်ယောက်သောသူကတော့ပြောသမျှလိုက်နားထောင်နေရတာဆိုပိုမှန်တယ်။သုံးယောက်သားကတော့ကိုယ်ကြိုက်တဲ့Mangaတွေအကြောင်းပြောလိုက်မုန့်တွေအကြောင်းပြောလိုက်နဲ့။တစ်ယောက်သောသူကတော့ဘာမှဝင်မပြောဘဲအအေးလေးသောက်ရင်းနားထောင်နေလေသည်။ဟုတ်တယ်လေဝင်ပြောရအောင်သူကတစ်ခုမှမသိဘဲ။သိတော့သိခဲ့ပေမဲ့ဘာမှစိတ်မဝင်စားဖြစ်တာကြာပြီပေါ့။စကားကောင်းနေကြတုန်းမှာပင်YoungHoonဆီကိုဖုန်းဝင်လာသည်။ဖုန်းခနထပြောပြီးပြန်လာတော့JaeHyunမှ...
"ဟျောင့်ဘယ်သူတုန်း..အစည်းအဝေးပဲလား"
"မဟုတ်ပါဘူးငါ့အဒေါ်ပါမနက်ဖြန်တွေ့ဆုံပွဲတစ်ခုရှိလို့တဲ့အဲ့တာညနေကျောင်းဆင်းရင်ဝတ်စုံသွားရွေးရအောင်ခေါ်တာ"
"အာ့ဆိုမင်းဒီနေ့ငါနဲ့မပြန်တော့ဘူးပေါ့"
"အေးအဲ့လိုဖြစ်သွားတာပေါ့"
သူတို့နှစ်ယောက်စကားပြောနေတုန်းကြောင်အမ်းအမ်းဖြင့်ကြည့်နေကြသည်မှာChangMinနှင့်ChanHeeပင်။YoungHoon Companyမှာအလုပ်လုပ်နေတယ်ဆိုတာကိုသိတဲ့လူကတော်တော်ရှားသည်။ထို့ကြောင့်နှစ်ယောက်သားကအနည်းငယ်အံ့ဩသွားကြခြင်းဖြစ်သည်။ထိုအခါJaeHyunမှ...
"အာ..ဟုတ်သားမင်းတို့မသိသေးဘူးပဲဒီကောင်ကလုပ်ငန်းရှင်ကြီးလေငါတို့ထက်အလုပ်ရှုပ်တယ်"
"အော်"
"ဒါနဲ့ပြောနေတာတောင်ဘယ်ရောက်သွားတုန်းအော်ဟုတ်သားထမင်းသုတ်အကြောင်းရောက်နေပြီဆက်ပြောရအောင်"
"ကျွန်တော်ဆိုဆိုင်တော်တော်များများမှာထမင်းသုတ်စားဖူးတယ်ဒါပေမဲ့ဘယ်ဆိုင်မှကျွန်တော့်Ommaလုပ်တာလောက်မကောင်းဘူး"
"ဟုတ်တယ်ဘာမုန့်ပဲဖြစ်ဖြစ်ငါတို့Ommaလုပ်ပေးတာအကောင်းဆုံးပဲ"
သုံးယောက်သားပြောတုန်းကပြောပြီးတော့မှားသွားမှန်းသိကာYoungHoonဘက်ကိုလှမ်းကြည့်လိုက်ကြသည်။YoungHoonတစ်ယောက်ကတော့ထုံးစံအတိုင်းဒီတိုင်းပဲအတည်လိုက်ပေါ့။ဒါပေမဲ့လူကဲခတ်တော်တဲ့ChangMinကတော့YoungHoonမျက်နှာပျက်သွားသည်ကိုသတိထားမိလိုက်ပါသည်။
"အဟမ်း...ဟိုမင်းတို့ပြောပြီးကြရင်လည်းသွားရအောင်လေကျောင်းတက်တော့မှာဆိုတော့...လာJaeHyunသွားရအောင်"
"အော်....အင်းအင်းသွားပြီနော်နှစ်ယောက်လုံး"
JaeHyunလည်းChangMinနဲ့ChanHeeကိုနှုတ်ဆက်ကာYoungHoonနောက်အမြန်ပြေးလိုက်သွားသည်။
"ChangMinရေSunbaeငါတို့ကိုစိတ်ဆိုးသွားတာလားမသိဘူးနော်"
"အေးဟုတ်မယ်ထင်တယ်ငါတို့ကလည်းငါတို့ပါပဲမိဘတွေမရှိတော့လို့စိတ်ညစ်နေတဲ့သူရှေ့မှာမှဒီလိုတွေပြောမိတယ်လို့ဟယ်...ငါမှားတာပါငါအရင်ပြောမိလိုက်တာ"
"ငါကအဲ့တာကြောင့်မလို့YoungHoon sunbaeနဲ့ဆိုသိပ်မခင်ချင်တာအရမ်းခံစားချက်များလွန်းလို့လေ"
"အင်း....."
ChangMin's pov - ကျွန်တော်တောင်းပန်ပါတယ်Sunbaeရယ်ပြောမိတဲ့ကျွန်တော်ကအမှားပါSunbaeအဲ့လိုဖြစ်တာမြင်တော့ကျွန်တော်စိတ်မကောင်းဘူး...ကျွန်တော်Sunbaeကိုပျော်အောင်လုပ်ပေးချင်တယ်။
___________________________________
ကဲ.....ဒီမှာပဲရပ်ပါမယ်နော်...စာလုံးရေလည်း2000ကျော်သွားပါတယ်နောက်ပိုင်းကျမှဒီထက်များများလေးရေးပေးမယ်နော်
YoungHoonတစ်ကယ်ပဲChangMinတို့ကိုစိတ်ဆိုးသွားတာလားမဟုတ်ဘူးလားဆိုတာ.....လာမဲ့အပိုင်းမှာပါမယ်နော်😉
Bạn đang đọc truyện trên: Truyen4U.Com