Chapter 4
ဒီနေ့ညနေကျောင်းဆင်းပြီးသွားရင်SunWooတို့အဖွဲ့ဘောလုံးကန်ကြမှာဖြစ်ပါတယ်။SunWooရယ်JuYeonရယ်ကျန်တဲ့အခန်းထဲကသူတွေရယ်ကတစ်ခြားအခန်းကသူတွေနဲ့ချိန်းကန်ကြတာဖြစ်ပါတယ်။ဒါဟာရိုးရိုးအပျော်ပွဲသဘောမျိုးကန်ကြတာဖြစ်သော်လည်းလာကြည့်ကြသူများမှာနည်းနည်းနောနောမဟုတ်ပါ။မိန်းကလေးတွေကပိုများနေတယ်ဆိုမှန်ပါတယ်။အကြောင်းကတော့JuYeonကြောင့်ပါ။JuYeonကိုသဘောကျနေကြတဲ့မိန်းကလေးတွေတော်တော်များများကအလယ်တန်းကများပါတယ်။SunWooကတော့စာမှာသာညံ့ချင်ရင်ညံ့မယ်ဘောလုံးကန်တဲ့နေရာမှာအတော်လေးပင်ထူးချွန်တဲ့သူတစ်ဦးပါ။ဒါကြောင့်SunWooရဲ့အရည်အချင်းကိုသဘောကျကြတဲ့တစ်ခြားဘောလုံးဝါသနာအိုးတွေကလည်းလာကြည့်ကြခြင်းဖြစ်ပါတယ်။
"ဝါး........JuYeonတို့နာမည်ကြီးချက်ပဲဟိုမှာကြည့်ဦးဒီဘက်တစ်တန်းလုံးမင်းကိုလာအားပေးကြတဲ့သူတွေချည်းပဲ"
JuYeonမှာပြုံးရုံသာပြုံးပြလိုက်တယ်။
"ဒါနဲ့မင်းချစ်ချစ်နဲ့ChangMinကောမလာသေးဘူးလား"
"စောနကငါဖုန်းဆက်တော့လာနေပြီတဲ့သန့်စင်ခန်းခနဝင်နေလို့ဆိုလား"
"အော်..."
"SunWoo nah~~"
"ပြောရင်းဆိုရင်းရောက်လာပါပြီ"
"Sorryနော်သန့်စင်ခန်းခနဝင်နေလို့ပွဲမစသေးဘူးမလား"
"ရပါတယ်....ခနနေရင်စတော့မှာ....အဲ့တော့မစခင်လေးကိုယ့်ကိုအားရှိသွားအောင်popoလေးပေးပါလား"
"ဟာ....SunWooကလည်းသူများတွေကြည့်နေတာကို"
"အဟမ်း အဟမ်း ဒီမှာငါနဲ့JuYeonလည်းရှိနေတယ်နော်"
"ဘာဖြစ်တုန်းရှိတော့FAတေရှေ့နမ်းရတာပိုတောင်ကောင်းသေးတယ်"
SunWooမှာပြောလည်းပြောChanHeeပါးလေးကိုဖြတ်ခနဲလှမ်းနမ်းလိုက်သည်။ChanHeeမှာတော့ရှက်လွန်း၍ပါးလေးကိုကိုင်ကာခေါင်းကိုအောက်ငုံ့လိုက်သည်။JuYeonနှင့်ChangMinမှာတော့ပြုံးစိစိနှင့်။ကျန်တဲ့ပရိသတ်ဘက်ကမိန်းကလေးတွေကတော့အော်ကြတော့တာပေါ့။"SunHee SunHee"နဲ့။
ဒီလိုနဲ့ဘောလုံးကန်ကြလေသည်ပေါ့နော်
SunWooမှာချစ်သူလေးကိုနမ်းလိုက်ရသည့်အတွက်အားတွေပိုရှိနေသလိုပင်။SunWooတို့အဖွဲ့ထဲမှာလည်းအကုန်လုံးကတော်ကြတော့6ဂိုး4ဂိုးနဲ့SunWooတို့အဖွဲ့ကအနိုင်ရသွားတော့သည်။သူတို့လည်းနိုင်ရောပရိသတ်ဘက်ထဲကမိန်းကလေးတွေကကွင်းထဲထိပြေးလာပြီးJuYeonနဲ့SunWooတို့အဖွဲ့ကိုလက်ဆောင်တွေဝိုင်းပြီးပေးကြတော့တာပေါ့။ChanHeeကတော့SunWooနားမှာကောင်မလေးတွေဝိုင်းနေတာကိုသဘောမကျပေးမဲ့ခုလိုမျိုးသူအနိုင်ရတော့ပျော်နေတဲ့ရုပ်လေးကိုကြည့်ပြီးပီတိတွေဖြာလို့ပေါ့။ပြီးတော့သူတို့နားသွားပြီး.....
Clap Clap!!
"တော်လိုက်တာငါ့တို့SunWooလေးက"
ChanHeeမှပြောလိုက်တော့JuYeonက
"အမလေးနင့်ဘဲတစ်ယောက်ပဲတော်တာမဟုတ်ဘူးနော်ငါတို့တစ်ဖွဲ့လုံးတော်တာဒီမှာချွေးတွေကသက်သေပဲ"
"အင်းပါသိပါတယ်"
ChangMinမှ....
"အာ့ဆိုပွဲလည်းပြီးပြီဆိုတော့ပြန်ကြမယ်လေ"
"ငါကတော့ChanHeeနဲ့ပဲတူတူပြန်လိုက်တော့မယ်နင်နဲ့JuYeonနဲ့ကတူတူပြန်လိုက်"
"အင်းပါငါလည်းChangMinနဲ့ပဲပြန်မှာပါမင်းတို့နှစ်ယောက်နဲ့ပြန်ရင်ငါ့ရှေ့မှာလာပြီးRoဦးမှာလေ"
"ဟ ဟ မင်းလည်းRoချင်ရင်တစ်ယောက်လောက်တွဲလိုက်ပါလားစောနကလာအားပေးတဲ့မိန်းကလေးတွေမှတစ်ပုံကြီး"
"ရတယ်ငါကမင်းတို့လိုအပူမရှာချင်သေးလို့"
"အမလေးFA ကFAပေါ့အပူမရှာချင်တာလေးဘာလေးနဲ့"
"ကဲကဲတော်ပြီငါတို့ဒီနေ့အိမ်ပြန်ကြဦးမှာလား"
"အေးအေးပြန်မယ်လာChanHeeလေးဒီFAကောင်နှစ်ယောက်ကိုထားခဲ့"
ဟုဆိုကာChanHeeပခုံးလေးကိုဖက်ပြီးလှည့်ထွက်သွားလေသည်။JuYeonနှင့်ChangMinမှာတော့မနိုင်ဘူးဆိုတဲ့ပုံစံဖြင့်ခေါင်းခါလျက်။
...........................
"ChangMinဒီနေ့ကောမင်းဘယ်ဝင်စရာရှိသေးလဲ"
"ဟင်...အော်ဟုတ်သားခုမှသတိရတယ်ငါShampooကုန်နေတာဝယ်ရဦးမယ်"
"မင်းကဘာShampooသုံးတာလဲ"
"ဟိုဟာ....Hennaလေ"
"အော်...ငါသုံးတာနဲ့တော့မတူဘူးဘဲမွှေးကြည့်လို့ရလား"
"အင်းရ....ဟင်ဘယ်လိုမွှေးမှာတုန်းShampooဘူးမှမဝယ်ရသေးဘဲ"
"မင်းသုံးတာပဲမင်းခေါင်းကိုမွှေးကြည့်မှာပေါ့"
"အော်အင်းဟုတ်သားရော့မွှေးကြည့်လေ"ဟုဆိုကာChangMinမှာJuYeonရှေ့သို့ခေါင်းလေးကိုစောင်းပေးလိုက်သည်။JuYeonမှာလည်းဘာရယ်မဟုတ်Shampooနံ့သိချင်ရင်၍ChangMinခေါင်းလေးကိုနမ်းကြည့်လိုက်သည်။
"အင်း...မွှေးသားပဲငါလည်းပြောင်းသုံးမှထင်တယ်"
"မင်းလိုချင်ရင်ငါနဲ့ခုတစ်ခါတည်းလိုက်ဝယ်လိုက်လေ"
"အေးအဲ့လိုလုပ်မယ်လေ"
ထိုစဥ်JuYeonဆီကိုဖုန်းဝင်လာလေသည်။
"Ommaပြော....အော်အင်းအင်းဟုတ်ပြီလေလာခဲ့မယ်"
"ChangMin nah ငါလိုက်ချင်ပေမဲ့Ommaကခုအိမ်ပြန်လာခိုင်းနေတယ်ဦးလေးတို့မိသားစုရောက်လို့တဲ့"
"အော်...ရပါတယ်သွားလေ..ငါမင်းအတွက်တစ်ဘူးပိုဝယ်ထားပေးမယ်"
"အေးအဲ့လိုပဲလုပ်တာပေါ့ငါမနက်ဖြန်ကျောင်းရောက်မှပိုက်ဆံပြန်ပေးမယ်နော်သွားပြီ"ဟုပြောကာChangMinဆံပင်လေးကိုလှမ်းဖွသွားလိုက်သည်။JuYeonကတော့သဘောရိုးနဲ့ဒီလိုလုပ်လိုက်ပေမဲ့သူတို့နှစ်ယောက်နဲ့မလှမ်းမကမ်းမှာရပ်ထားတဲ့ကားအနက်ရောင်ထဲကကောင်လေးကတော့မြင်ပြီးစိတ်ထဲဘဝင်မကျဖြစ်သွားတာပေါ့။
..........................
YoungHoonမှာကျောင်းဆင်းတော့ဒေါ်လေးပြောသည့်ဆိုင်ကိုလာလိုက်သည်။ဆိုင်ရောက်တော့ဒေါ်လေးMinaမှ......
"သားYoungHoonလေးဘယ်တစ်ခုကြိုက်လဲဒေါ်လေးကတော့ဒီအနက်ရောင်လေးပဲရွေးထားလိုက်တယ်"
"အဲ့တာပဲယူလိုက်မယ်လေ"
"သားရယ်တစ်ခြားဟာလေးတွေလည်းလိုက်ကြည့်လိုက်ပါဦး"
"ရပါတယ်ဒါပဲယူလိုက်ပါ့မယ်"
"အင်းအင်းဟုတ်ပါပြီ"
ထိုအချိန်တွင်ဆိုင်ထဲကိုရောက်လာသည့်အခြားအမျိုးသမီးတစ်ဦးမှ....
"ဟယ်.......Minaနဲ့သားလေးYoungHoon!!"
"အော်....ဘယ်သူများလဲလို့မစ္စRoseပါလားဘယ်တုန်းကပြန်ရောက်တာတုန်း"
"ရှေ့တစ်ပတ်ကမှပါ....ဒါနဲ့YoungHoonလေးကချောလာလိုက်တာကြည့်စမ်း...အန်တီကိုကောမှတ်မိသေးတယ်မလား"
"အော်...ဟု...ဟုတ်ကဲ့"
YoungHoonဟုတ်ကဲ့သာဖြေလိုက်သည်။အမှန်တစ်ကယ်ကထိုမိန်းမကြီးကိုဘယ်သူမှန်းတောင်သူမသိပါ။ထိုမိန်းမကြီးမှာဒေါ်လေးနဲ့ခင်မင်ပုံရသည်။ဆိုင်ထဲမှာစကားတွေပြောနေလိုက်ကြတာ။YoungHoonကိုလည်းလက်မောင်းလေးကိုင်လိုက်စကားတွေလာပြောလိုက်နဲ့ဆိုတော့YoungHoonစိတ်ညစ်လာသည်။ထို့ကြောင့်.....
"ဒေါ်လေးတို့စကားပြောနေလိုက်ကြပါဦးကျွန်တော်ကားထဲကိုအရင်သွားလိုက်ပါ့မယ်"
"အင်းအင်းဟုတ်ပါပြီကွယ်"
YoungHoonလည်းဆိုင်ထဲမှထွက်လာလိုက်ပြီးကားထဲတွင်ဝင်ထိုင်နေလိုက်သည်။ဆက်နေမိလျှင်ထိုမိန်းမကြီးဆီမှရသည့်ရေမွှေးနံ့စူးစူးကြောင့်သူအန်မိလိမ့်မည်။သူကားထဲမှာပဲထိုင်နေတုန်းရုတ်တစ်ရက်လမ်းလျှောက်သွားနေကြတဲ့ChangMinနဲ့JuYeonကိုမြင်လိုက်သည်။နှစ်ယောက်သားစကားတွေပြောရင်းနဲ့ရပ်လိုက်ပြီးJuYeonကChangMinရဲ့ခေါင်းလေးကိုလှမ်းနမ်းလိုက်သည်ကိုမြင်သွားသည်။ပြီးတော့သွားခါနီးလည်းဆံပင်လေးတွေကိုလှမ်းဖွသွားသေးသည်။
YoungHoon's pov - ဟင်နှစ်ယောက်သားကဘာလဲတွဲနေကြတာလား?ဘယ်တုန်းကလဲဘယ်လိုဖြစ်ပြီးတော့လည်း?
YoungHoonခေါင်းထဲကိုမေးခွန်းများစွာဝင်ရောက်လာတော့တယ်ပြီးတော့စိတ်ထဲမှာဘဝင်မကျသလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ခံစားချက်ကြီးကရောက်လာတယ်။ကားပေါ်ကနေဆင်းပြီးChangMinကိုသွားမေးရအောင်လည်းမဟုတ်..သူနဲ့ကအဲ့လောက်ထိခင်မင်သေးတဲ့ဆက်ဆံရေးမှမဟုတ်တာ။အဲ့တော့YoungHoonလည်းသိချင်စိတ်ထိန်းမရတာနဲ့သူ့ရဲ့စွမ်းကျမ်းကြေသူငယ်ချင်းမစ္စတာLeeJaeHyunကိုပဲလှမ်းမေးဖို့ဖုန်းဆက်လိုက်တယ်။
"ဟယ်လို"
"Aigooo.....ထူးထူးဆန်းဆန်းဖုန်းတွေဘာတွေဆက်လို့ပါလား"
"အင်းမေးစရာရှိလို့"
"မေးစေသတည်း"
JaeHyun's pov - ဒီကောင်ခုတစ်လောမူမမှန်သလိုပဲဆေးမှားစားမိလို့လား?
"ဟိုလေ......ChangMinတို့သူငယ်ချင်းတွေကိုမင်းသိတယ်မလား"
"အင်း....သိတာကလေးယောက်လုံးကိုသိတယ်ခင်တာကChangMinနဲ့ChanHeeကိုပဲခင်တာဘာလို့တုန်း"
"ဟိုဟာသူတို့မှာတွဲနေတဲ့သူတွေဘာတွေမရှိဘူးလား"
"ဟျောင့် မင်းဆေးများမှားစားမိလားတစ်ခါမှငါ့အကြောင်းတောင်နှိုက်နှိုက်ချွတ်ချွတ်မမေးဖူးတဲ့သူကChangMinတို့အကြာင်းကိုစိတ်ဝင်စားနေတယ်ဆိုတော့"
"မင်းကလည်းသိလားမသိလားပဲပြော"
"အေးပါ....ဟိုသူတို့လေးယောက်ထဲကနှစ်ယောက်ကတော့တွဲနေကြတယ်တဲ့....."
YoungHoonစိတ်ထဲမှာကျောက်တုံးကြီးတစ်တုံးကိုဆွဲထားရသလိုလေးလံသွားသည်။
စိုးရိမ်မှုများလည်းရောယှက်လျက်ပေါ့။ထို့ကြောင့်JaeHyunစကားမဆုံးသေးခင်သူကဖြတ်၍.....
"တွဲနေကြတယ်ဆိုတာChangMinလား"
"မင်းကလည်းစကားကိုဆုံးအောင်နားထောင်လေကွာ....တွဲနေကြတယ်ဆိုတာနေ့လည်ကငါတို့တွေ့ခဲ့တဲ့ChangMinရဲ့သူငယ်ချင်းChanHeeနဲ့ဟိုဘောလုံးကန်တာတော်တဲ့SunWooဆိုတဲ့တစ်ယောက်နဲ့"
"အော်...."
YoungHoonစိတ်ထဲခုမှအပူလုံးကြီးကျမယ်ကြံခါမှJaeHyunထပ်ပြောလိုက်တဲ့စကားကြောင့်ပိုလို့ပင်စိတ်တွေလေးလံသွားသည်။
"ဒါပေမဲ့ငါတို့ကျောင်းကFujoshi shipperလေးတွေကတော့ChangMinနဲ့နောက်တစ်ယောက်JuYeonဆိုတဲ့တစ်ယောက်နဲ့ကိုတော့တွဲပေးနေကြတယ်သူတို့အိမ်ပြန်ရင်လည်းတူတူပြန်ကြတယ်တဲ့ပြီးတော့ထမင်းစားရင်လည်းJuYeonကChangMinကိုဆိုအရမ်းဂရုစိုက်ပေးတာတဲ့ဟင်းတွေဘာတွေလည်းသေချာထည့်ကျွေးအအေးတွေလည်းယူပေးဆိုလားငါ့ညီမဝမ်းကွဲကတော့Fan clubတောင်ထောင်မလို့လုပ်နေတယ်"
"ဘာ!!!!!!!!!"
"ဟျောင့်....ဘာဖြစ်လို့တုန်း"
"အော်....ဘာမှမဖြစ်ပါဘူးဒီတိုင်းပဲမေးကြည့်တာငါဖုန်းချပြီ"
"ဟဲ့ဟဲ့....ဟော်တော်ဘယ်လိုကောင်လည်းမေးချင်ရာမေးပြီးဖုန်းချသွားတယ်ဒီကောင်ခုတစ်လောတော်တော်ကိုထူးဆန်းနေပါလား"
YoungHoonစိတ်ထဲသူ့ကိုယ်သူဘာဖြစ်နေမှန်းတောင်မသိတော့နေ့လည်တုန်းကလည်းသူပဲအရင်ထသွားတာတော့မှန်ပါတယ်။အဲ့ဒါကြောင့်လည်းသူChangMinကိုအားနာမိသည်။သူတို့ကတော့ဒီတိုင်းပဲစကားပြောနေကြတာပါဒါပေမဲ့YoungHoonကတော့တစ်ခြားသူတွေသူတို့Ommaတွေအကြောင်းပြောနေသံကြားရင်သူ့Ommaကိုပိုလို့တောင်လွမ်းမိသည်။ထို့ကြောင့်ဆက်နေနေလျှင်ငိုမိမှာစိုး၍အထူးသဖြင့်ChangMinဆိုတဲ့ကောင်လေးရှေ့မှာသူ့ရဲ့ပျော့ညံ့တဲ့ပုံကိုမပြချင်၍ထထွက်လာလိုက်ခြင်းဖြစ်သည်။သို့ပေမဲ့ChangMinကိုသူအတော်လေးပင်အားနာမိပါသည်။သူ့ကိုလည်းစိတ်မကောင်းဖြစ်စေမိသည်။ထို့ကြောင့်သူဘယ်လိုပဲဖြစ်ဖြစ်ChangMinကိုတောင်းပန်မည်ဟုတွေးကာဒေါ်လေးနှင့်Driver Leeတို့ဆီမက်ဆေ့ချ်ပို့ပြီးသူကိုယ်တိုင်ပဲကားမောင်းကာChangMinသွားလိုက်သည့်လမ်းဘက်သို့မောင်းလိုက်သည်။YoungHoonမှာအသက်လည်းပြည့်ပြီးလိုင်စင်လည်းရှိသော်လည်းဒေါ်လေးကစိတ်မချသဖြင့်Driver Leeကိုမောင်းခိုင်းခြင်းဖြစ်သည်။ဒါပေမဲ့ခုတော့သူကိုယ်တိုင်ပဲမောင်းလိုက်သည်။သိပ်မကြာလိုက်ChangMinကိုMallတစ်ခုထဲဝင်သွားတာကိုမြင်လိုက်သည်။တိုက်တိုက်ဆိုင်ဆိုင်ChangMinဝင်သွားတဲ့Mallမှာသူပိုင်တဲ့Mallဖြစ်တာကြောင့်ကားပေါ်မှဆင်းကာနောက်ခပ်လှမ်းလှမ်းမှလိုက်လာလိုက်သည်။
ဝင်ပေါက်လည်းရောက်တော့ဝန်ထမ်းများမှသူ့အားနှုက်ဆက်ကြသည်။ပြီးတော့Mallမန်နေဂျာမှ....
"သခင်လေးဘာများအလိုရှိလို့လဲမသိဘူး"
"ငါဘာမှမလိုဘူးဒီတိုင်းပဲကိုယ့်အလုပ်ကိုဆက်လုပ်နေငါဒီမှာသူငယ်ချင်းနဲ့လာတာမလို့ငါ့ကိုမသိသလိုပဲနေပေး"
"ဟုတ်ကဲ့ကောင်းပါပြီဗျာ"
YoungHoonလည်းမန်နေဂျာကိုပြောပြီးChangMinနောက်ဆက်လိုက်သွားသည်။ChangMinလည်းသူဝယ်စရာရှိတဲ့Shampooနှစ်ဘူးဝယ်ပြီးတော့ငွေရှင်းရန်ကောင်တာကိုလာလိုက်သည်။လာရင်းနဲ့YoungHoonကိုလှမ်းမြင်လိုက်သည်။
ChangMin's pov - ဟိုYoungHoon sunbaeပါလားနေ့လည်တုန်းကငါမတောင်းပန်ရသေးဘူးဆိုတော့အခုပဲဖြစ်ဖြစ်သွားပြီးတောင်းပန်လိုက်တာကောင်းပါတယ်ဟုဆိုကာငွေရှင်းပြီးYoungHoonကိုလှမ်းခေါ်လိုက်တယ်။
YoungHoon's pov - ChangMinငါ့ကိုမြင်သွားပြီထင်တယ်မထူးပါဘူးသွားတောင်းပန်လိုက်ပါ့မယ်
သူတွေးနေလို့ပင်မဆုံးသေးChangMinမှ...
"YoungHoon sunbae"
YoungHoonလည်းChangMinဆီသွားလိုက်သည်။
"အင်းChangMinပါလား"
"ဟုတ်ဟိုဟာလေ...ကျွန်တော်နေ့လည်ကတောင်းပန်ပါတယ်နော်Sunbaeရှေ့မှာအဲ့လိုတွေပြောမိလို့ကျွန်တော်မှားတာပါကျွန်တော်တစ်ကယ်မကောင်းတာပါ"
YoungHoonမှာသူထင်ထားသည့်အတိုင်းChangMinကိုစိတ်မကောင်းဖြစ်သွားစေမိသည်။တောင်းပန်ရမည့်သူကသူကိုယ်တိုင်ပင်မဲ့အခုလိုမျိုးChangMinလေးကသူမှားတာပါဆိုပြီးစိတ်မကောင်းသည့်မျက်နှာလေးဖြင့်ပြောနေတော့သူမနေတတ်။
"ဟာ...မဟုတ်တာကိုယ်တောင်းပန်ရမှာပါကိုယ်ကဘာမှမဟုတ်ဘဲနဲ့ထထွက်သွားတာလေ"
"အာ့ဆိုSunbae ကစိတ်ဆိုးသွားတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူးဘာလို့ကိုယ်ကChangMinကိုစိတ်ဆိုးရမှာလဲ"
"အော်မသိပါဘူးကျွန်တော့်ကိုများစိတ်ဆိုးသွားတာလားလို့ပါ"
"ထားပါတော့အဲ့ကိစ္စကိုဒါနဲ့ဘာလာဝယ်တာတုန်း"
"ကျွန်တော်Shampooကုန်နေလို့လာဝယ်တာ"
"ဟင်..နှစ်ဘူးတောင်ဝယ်တာလား"
"တစ်ဘူးကကျွန်တော့်အတွက်နောက်တစ်ဘူးကJuYeonမှာလို့လေ"
JuYeonဆိုသည့်အသံကြားတော့YoungHoonမှာသိချင်ဇောဖြင့်ChangMinကိုမေးလိုက်သည်။
"ဒါနဲ့ChangMinနဲ့သူနဲ့ကတွဲနေကြတာလား"
"ဟင်....မဟုတ်ပါဘူးSunbaeကလည်းသူနဲ့ကဒီတိုင်းပဲသူငယ်ချင်းတွေပါ"
"အော်..မသိပါဘူးဒါဆိုဘာလို့ChangMinရဲ့ခေါင်းကိုသူကနမ်းတာလဲ"
"ဟင်..."
YoungHoonမှာပြောတုန်းကပြောပြီးသူလွန်သွားမှန်းသိလိုက်လေသည်။သူတိတ်တိတ်လေးခိုးကြည့်ထားတာမလို့ခုလိုမျိုးပြောလိုက်တော့ChangMinသူ့ကိုတစ်မျိုးထင်သွားမည်ကိုလည်းသူစိုးရိမ်သွားသည်။အဲ့တာကြောင့်ပြာပြာသလဲဖြင့်....
"အော်...ဟိုတစ်မျိုးမထင်ပါနဲ့ကိုယ်ကားပေါ်မှာထိုင်နေတုန်းရုတ်တစ်ရက်ChangMinခေါင်းလေးကိုသူကနမ်းလိုက်တာမြင်မိလို့ပါ"
အဲ့တော့မှChangMinလည်း
"အော်....အဲ့တာလားသူကကျွန်တော်သုံးတဲ့shampooနံ့သိချင်တယ်ဆိုလို့မွှေးကြည့်တာပါ"
ChangMinစိတ်ထဲတော့YoungHoonကိုအထင်မလွဲစေချင်၍ရှင်းပြလိုက်ပေးမဲ့ဘာကြောင့်အထင်မလွဲစေချင်တာလဲတော့မသိ။
YoungHoon's pov - ဟူး....တော်ပါသေးရဲ့အဲ့လိုဖြစ်နေလို့
"ဒါနဲ့ChangMinညနေစာစားပြီးပြီးလား"
"ကျွန်တော်မစားရသေးဘူး"
"အာ့ဆိုကိုယ်နဲ့တူတူစားမလားကိုယ်လိုက်ကျွေးမယ်လေ"
"ဟင်....ရပါတယ်Sunbaeရဲ့အားနာစရာကြီး"
"အားနာစရာမလိုပါဘူးဒီတိုင်းပဲခင်မင်တဲ့သဘောအနေနဲ့ဝယ်ကျွေးတာပါ"
ထိုစဥ်ChangMin၏အလိုက်သိတဲ့ဗိုက်ကလေးကအသံထွက်လာလေသည်။
ChangMinမှာYoungHoonကိုပါးချိုင့်လေးတွေပေါ်သည်အထိပြုံးပြပြီး...
"ဟဲဟဲ သွားစားသင့်တယ်ထင်ပါတယ်"
"ဟုတ်ပါပြီလာသွားမယ်"
ဟုခေါ်ကာတူတူထွက်လာလိုက်ကြသည်။
ပြီးတော့ကားparkingနားရောက်တော့ChangMinက....
"Sunbaeက ကားမောင်းတတ်တာလား.."
"ဟုတ်တယ်ဝါသနာလည်းပါတယ်"
"ChangMinရှေ့ခန်းမှာပဲထိုင်လေ"
YoungHoonသည်ကားနောက်ခန်းမှထိုင်မယ်လုပ်နေတဲ့ChangMinကိုပြောလိုက်သည်။
"ရပါတယ်Sunbaeအဆင်မပြေဖြစ်မှာစိုးလို့ပါ"
"မဖြစ်ပါဘူးထိုင်ပါအရှေ့မှာပဲ...ဘာလဲကိုယ်ကို့ကြောက်လို့လား"
"အဲ့လိုမဟုတ်ရပါဘူးSunbaeကလည်းထိုင်မယ်ထိုင်မယ်"
ဟုပြောကာကားရှေ့ခန်းထဲတွင်ဝင်ထိုင်လိုက်သည်။
"ဒါနဲ့ChangMinဘာစားချင်လဲ"
"ရပါတယ်Sunbaeအဆင်ပြေတာပဲစားပါ"
"အင်းအဲ့တာဆိုကိုယ်တို့ပဲခေါက်ဆွဲသွားစားမယ်လေ...အာပြီးတော့ကိုယ့်ကိုSunbaeလို့မခေါ်လည်းရပါတယ်ဒီတိုင်းHyungလို့ပဲရင်းရင်းနှီးနှီးခေါ်ပါ"
"အော်...ဟုတ်ကဲ့Hyung"
ထိုစဥ်ChangMinဆီသို့ဖုန်းဝင်လာသည်။
"ဟုတ်Noonaပြော"
"အေးနင်ဘယ်သူနဲ့Dateနေလို့ခုချိန်ထိအိမ်ပြန်မရောက်သေးတာလဲငါညစာစားဖို့စောင့်နေတယ်"
"ကျွန်တော်ဘယ်သူနဲ့မှမDateပါဘူးဒီနေ့ညစာကအပြင်မှာပဲသူငယ်ချင်းတစ်ယောက်နဲ့စားလိုက်မှာမလို့မစောင့်နဲ့တော့"
"အေး..ပြီးရောအဲ့တာဆိုလည်း...နင်GPSလည်းဖွင့်ထားဦးနော်တော်ကြာငါ့မောင်ချောချောလေးကိုဖမ်းခေါ်သွားပြီးBrideတွေGroomတွေလုပ်ပစ်မှာစိုးလို့"
"ဟာ...Noonaကလည်းဘာတွေပြောနေမှန်းမသိဘူးဒါပဲချပြီ"
ChangMin၏Noonaလတ်မှာအသံပါဝါကောင်းသောကြောင့်speakerမဖွင့်ထားပေမဲ့ဘေးမှာကားမောင်းနေတဲ့YoungHoonကတော့အတိုင်းသားကြားနေရပါတယ်ပြီးတော့......
"ChangMinမှာNoonaရှိတာလား"
"ဟုတ်တယ်ကျွန်တော့််မှာNoonaနှစ်ယောက်ရှိတယ်"
"အော်သူ့မောင်လေးကိုတော်တော်စိတ်ပူတာပဲနော်"
"ဟုတ်တယ်Noonaလတ်ကအဲ့လိုပဲပြီးရင်ဘာတွေလျှောက်ပြောမှန်းမသိဘူး"
ထိုအခါYoungHoonမှာလည်းChangMinလေးကိုကြည့်ပြီးပြုံးလိုက်တယ်။အရင်ကလိုအသက်မပါတဲ့အပြုံးမဟုတ်ဘဲတစ်ကယ်ကိုစိတ်ရင်းထဲကအပြုံးနဲ့ပေါ့။
YoungHoon's pov - ဒီကလေးမိသားစုကတော်တော်ပျော်ဖို့ကောင်းမှာပဲအမတွေလည်းရှိတယ်ဆိုတော့
ChangMinလည်းဘေးကနေထိုင်နေရင်းYoungHoonဆီကိုအကြည့်တွေရောက်သွားသည်။ကျောင်းဝတ်စုံshirtအဖြူပေါ်မှာအနက်ရောင်cardiganကိုဝတ်ထားပြီးအကျီလက်ကိုလည်းအနည်းငယ်ခေါက်ပြီးတင်ထားသောကြောင့်ဖြူဖွေးနေသည့်အသားအရည်မှာထင်းလို့...ကားစတီယာရင်ကိုကိုင်ထားသည့်လက်များမှာလည်းသွယ်သွယ်လေးနှင့်သွေးကြောစိမ်းစိမ်းလေးများလည်းထင်းလျက်။မျက်နှာကိုကြည့်မိလိုက်တော့ဘေးတိုက်မြင်နေရသည့်အတွက်သွယ်လျသည့်မေးရိုးမှာလည်းအလွန်ပင်ကြည့်ကောင်းနေသည်။
ChangMin's pov - ဒီHyungကဘယ်သူနဲ့မှမတူအောင်ကိုချောတာပါလားBoyFriend material ဆိုတာဒါမျိုးမှအစစ်။
"ဟိတ်ChangMinကိုယ်ခေါ်နေတာကြာလား"
"ဟင်...ဘာ...ဘာပြောလိုက်တာတုန်းHyung"
"ရောက်ပြီလို့ဘာတွေအဲ့လောက်တွေးနေလို့ကိုယ်ခေါ်တာကိုမကြားတာတုန်း"
"မဟုတ်ပါဘူး"
..........................
"အန်တီပဲခေါက်ဆွဲနှစ်ပွဲပေးပါပြီးတော့....ChangMinဘာအအေးသောက်မှာလဲ"
"ကျွန်တော်Colaပဲသောက်မယ်"
"အဲ့တာဆိုColaနှစ်ဘူးပဲပေးပါ"
"Hyungကဒီဆိုင်မှာလာစားနေကြလား"
"အင်းဒီဆိုင်ကတော်တော်ကောင်းတယ်JaeHyunနဲ့တစ်ခါလာစားဖူးသေးတယ်"
"အော်...."
ထိုစဥ်YoungHoonဆီသို့ဒေါ်လေးMinaဆီမှဖုန်းဝင်လာလေသည်။
"ဟယ်လို....ဟုတ်ကဲ့ကျွန်တော်မမေ့ပါဘူး"
YoungHoonဖုန်းပြောပြီတော့ChangMinမှ
"Hyungအားကောအားရဲ့လားအလုပ်ရှိတာမဟုတ်ဘူးလား"
"အားပါတယ်ChangMinရဲ့ကိုယ့်အဒေါ်ကကားသတိထားမောင်းပြီးပြန်လာဖို့ပြောတာပါ"
"အော်....Hyungလည်းအလုပ်ရှုပ်မှာပဲနော်ကျောင်းစာတွေကောCompanyအလုပ်တွေကောဆိုတော့"
"အင်း...ဒီလိုပါပဲမလုပ်ချင်လည်းလုပ်ရတာပေါ့"
"ဒါနဲ့ChangMinဘယ်ကနေပြောင်းလာတာလဲ"
"ကျွန်တော်ဒယ်ဂူကနေပြောင်းလာတာပါ"
"ဒီကျောင်းမှာပျော်တယ်မလား"
"အင်းပျော်ပါတယ်အစကတော့သူငယ်ချင်းမရမှာစိုးရိမ်နေတာဒါပေမဲ့ChanHeeတို့ကလည်းကျွန်တော့်အပေါ်အရမ်းခင်ပေးတယ်ပြီးေတာ့Hyungနဲ့JaeHyun sunbaeတို့ဆိုလည်းကောင်းပါတယ်အာ့ကြောင့်ပျော်ပါတယ်"
"အင်း....ကောင်းတာပေါ့အဲ့လိုဆို"
ဒီလိုနဲ့ကောင်လေးနှစ်ယောက်စကားတွေပြောလိုက်ပဲခေါက်ဆွဲစားလိုက်ဟာသတွေပြောပြီးရယ်လိုက်နဲ့ပျော်နေကြတာပေါ့။
ပဲခေါက်ဆွဲစားနေရင်းYoungHoon ChangMinကိုကြည့်လိုက်တော့....
YoungHoon's pov - ဒီရှေ့ကကောင်လေးကိုဘယ်လိုမှအထက်တန်းကျောင်းသားလို့ထင်စရာမရှိဘူးစားနေတာကလည်းကလေးလေးကျနေတာပဲနှုတ်ခမ်းတွေမှာလည်းပေကုန်ပြီစားလိုက်တိုင်းဖောင်းတက်လာတဲ့ပါးလေးနှစ်ဖက်ကဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေတာတုန်းကွာ......
YoungHoonမှာတွေးရင်းနှင့်သူကိုယ်တိုင်တောင်မသိလိုက်ခင်လေးသူ့လက်တွေChangMinပါးလေးကိုသွားကိုင်လိုက်တယ်။ရုတ်တစ်ရက်ဆန်သွားတာမလို့ChangMinမှာငုံ့ပြီးစားနေရာကမော့ကြည့်တော့နှစ်ယောက်သားအကြည့်ချင်းဆုံသွားကြတယ်။
မျက်လုံးဝိုင်းဝိုင်းလေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာပါးဖောင်းဖောင်းလေးနဲ့သူ့အားမော့ကြည့်လာသည့်ကောင်လေးကိုYoungHoonမျက်လုံးချင်းဆုံမိတော့YoungHoonရင်ထဲကုလားဘုရားလှည့်နေသည့်အလားဗြောင်းဆန်သွားတော့သည်။ရင်ဘတ်ထဲရဲ့ဘယ်ဘက်အခြမ်းတစ်နေရာမှအကောင်ကလည်းတစ်ဒုတ်ဒုတ်နှင့်စည်းချက်လိုက်နေသည်။
"အဟမ်း...အဟမ်း..."
YoungHoonအရှက်ပြေချောင်းဟန့်လိုက်ပြီးအရှေ့ကကောင်လေးဆီမှအကြည့်လွှဲလိုက်သည်။ဆက်ကြည့်နေမိလျှင်ဘာတွေလုပ်မိမယ်ဆိုတာလည်းမသိ။
"Hyungဘာဖြစ်လို့တုန်းကျွန်တော်မျက်နှာမှာတစ်ခုခုပေနေလို့လား"
"အော်....အင်း...အခုပြောင်သွားပြီဘာမှမရှိတော့ဘူးစားလေ"
"ဟုတ်ကဲ့"
ChangMinမှာလည်းအနည်းငယ်ရှက်သွားသဖြင့်ဘေးမှColaဘူးအားမော့သောက်လိုက်သည်။YoungHoonမှာလည်းရှက်ရမ်းရမ်းနေသည့်သူ့ရှေ့က ကလေးလေးကိုကြည့်ပြီးတစ်ချက်ပြုံးမိလိုက်သည်။ဒီတစ်ခါလည်းတစ်ကယ့်စိတ်ရင်းစိတ်မှန်နဲ့ကိုပြုံးတာ။
"Hyungဘာတွေပြုံးနေပြန်တာတုန်း"
ChangMin's pov - ရှက်ပါတယ်ဆိုနေမှပြုံးပြီးကြည့်နေပြန်ပြီငါ့မျက်နှာဘယ်သွားထားရတော့မှာတုန်းခံစားချက်ကြီးကလည်း.....
"ဒီတိုင်းပဲ....စားစားခေါက်ဆွဲတွေအေးကုန်မယ်"
ထိုကဲ့သို့သူတို့နှစ်ယောက်ညစာစားရင်းပျော်ရွှင်နေသည်မှာသိပ်ပင်မကြာလိုက်.......သူတို့နှစ်ယောက်စားနေသည့်ခုံနားကိုလူတစ်ယောက်ဝင်ထိုင်လိုက်သည်။ထိုလူ့ဆီမှာYoungHoonရဲ့ရှားပါးလှတဲ့ပျော်ရွှင်ချိန်လေးကိုချက်ချင်းဖြတ်ဆီးနိုင်မဲ့အရာတွေပါလာတယ်ဆိုတာတော့ကောင်လေးနှစ်ယောက်မသိသေးပါချေ.............
___________________________________
ဒီမှာနားပါမယ်နော်......အမှန်တော့ဆက်ရေးချင်တာစာလုံးရေ3000ကျော်နေပြီဆိုတော့အရမ်းများသွားမှာစိုးလို့နောက်တစ်ပိုင်းမှာဆက်မယ်နော်.....ဝင်ထိုင်လိုက်တဲ့လူကဘယ်သူလဲဆိုတာတော့...........ဆက်ပြီးဖတ်ကြည့်ကြပါလို့
Bạn đang đọc truyện trên: Truyen4U.Com