Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 5

ရုတ်တစ်ရက်သူစိမ်းလူတစ်ယောက်မှဝင်ထိုင်လိုက်သဖြင့်ChangMinကောYoungHoonပါလန့်သွားလေသည်။ထိုလူကအမည်းရောင်maskကိုဝတ်ထားပြီးဦးထုပ်ကိုလည်းခပ်ငိုက်ငိုက်ဆောင်းထားသဖြင့်ရုပ်ဖြတ်ထားမှန်းခန့်မှန်းမိပါသည်။

"ဘယ်...ဘယ်သူလဲမသိဘူး"

ChangMinမှမေးလိုက်တော့ထိုလူကဘေးဘီကိုတစ်ချက်လှမ်းအကဲခတ်လိုက်သည်။ဆိုင်ထဲတွင်လည်းတစ်ခြားကျောင်းသားကျောင်းသူများနှင့်သာမန်လူများလောက်သာရှိသည့်အတွက်ဝတ်ထားသည့်maskနှင့်ဦးထုပ်ကိုချွတ်လိုက်သည်။

"အတွင်းရေးမှူးMoon"

ChangMinနှင့်YoungHoonတို့ရဲ့စားပွဲကိုရုတ်တစ်ရက်ဝင်ထိုင်လာသောရုပ်ဖြတ်ထားသည့်သူကအခြားသူမဟုတ်အတွင်းရေးမှူးMoonဖြစ်ပါတယ်။အတွင်းရေးမှူးMoonမှာYoungHoon Appa companyစတင်တည်ထောင်ကတည်းကရှိနေပေးခဲ့တဲ့Appaရဲ့လူယုံတော်အတွင်းရေးမှူးMoon Hyung Seoပဲဖြစ်ပါတယ်။YoungHoon Appaဆုံးတော့သူလည်းအလုပ်ထွက်ပြီးနယ်ဘက်ကိုပြောင်းသွားတယ်လို့ကြားပါတယ်။

"Hyungနဲ့သိတာလား"

"အင်းဟုတ်တယ်Appaရဲ့အတွင်းရေးမှူးလေ"

"ဒါနဲ့အတွင်းရေးမှူးMoonကဘယ်လိုဖြစ်ပြီး..."

"ကျွန်​တော်သခင်လေးကိုအရေးတစ်ကြီးပြောစရာရှိလို့ပါ"

ထိုသို့ပြောလိုက်တော့ChangMinလည်းအရိပ်အကဲသိသိဖြင့်သန့်စင်ခန်းသွားကာရှောင်ပေးလိုက်သည်။

"ဘာပြောမလို့တုန်း"

"ကျွန်တော်ခုပြောမယ့်စကားတွေကိုသခင်လေးသေသေချာချာနားထောင်ပေးပါ"

အတွင်းရေးမှူးMoonမှာတစ်ကယ့်ကိုလေးလေးနက်နက်ပုံနှင့်ပြောနေတာမလို့YoungHoonခေါင်းငြိမ့်ပြကာသေချာနားထောင်လိုက်သည်။

"အမှန်တစ်ကယ်တော့သခင်လေးမိဘတွေဆုံးတာမတော်တဆမှုမဟုတ်ပါဘူး"

"ဘာ!!!!!!"

"ဟုတ်ပါတယ်လုပ်ကြံခံထားရတာပါ"

"ဘယ်လိို....ခင်များမဖြစ်နိုင်တာတွေပြောနေတာပဲရဲတွေကမတော်တဆမှုဆိုပြီးအမှုပိတ်လိုက်တာကြာပြီလေ"

"ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောတာယုံပေးပါဖြစ်ခဲ့တဲ့ကိစ္စကလုပ်ကြံခံထားရတာပါ....အဲ့နေ့ကသခင်လေးရဲ့မိဘတွေကဘူဆန်ဘက်မှာနာမည်ကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်နဲ့စာချုပ်ချုပ်စရာကိစ္စရှိလို့သွားလိုက်တာပါဒါပေမဲ့အဲ့နေ့မှာပဲနိုင်ငံခြားကလူတစ်ယောက်ကလည်းအလုပ်တူတူတွဲလုပ်ချင်လို့စာချုပ်ချုပ်ပေးဖို့တောင်းဆိုနေခဲ့တာပါဒါပေမဲ့သခင်လေးရဲ့အဖေနဲ့ပဲအလုပ်တွဲလုပ်မယ်ပြောတာမလို့စာချုပ်ချုပ်လို့မရအောင်ကားအက်ဆီးဒင့်ကိုလုပ်ကြံလိုက်တာပါ"

YoungHoonမှာနားထောင်ရင်းနှင့်စိတ်တွေထွေပြားလာပါသည်။ဝင်သက်ထွက်သက်တွေတောင်မမှန်ချင်တော့။

"အဲ့တော့....Appaတို့ကိုလုပ်ကြံတာအဲ့နိုင်ငံကခြားကတစ်ယောက်ပေါ့"

"ဟုတ်ပါတယ်သူ​ဌေးတို့ကိုလုပ်ကြံတဲ့သူက.........."

"ပြောလေဘာလို့ရပ်သွားတာလဲကျွန်​တော့်မိဘတွေကိုသတ်တာဘယ်သူလဲလို့!!!"

"သခင်လေးရဲ့အဒေါ်..သူဌေးရဲ့ညီမKim Minaပါ"

"..............ဘာ........"

YoungHoonမှာပြောစရာစကားပင်မရှိတော့လောက်အောင်ကိုဖြစ်သွားတဲ့အထိဆွံ့အသွားသည်။မျက်လုံးထဲတွင်လည်းမျက်ရည်များဝေ့လျက်။

"ဟုတ်ပါတယ်သခင်လေး"

"မ....မဖြစ်နိုင်ဘူးဒေါ်လေးက ကျွန်တော့်ကိုကူညီပေးနေတာလေဘာလို့အဲ့လိုလုပ်ရမှာတုန်း"

"သူက...Companyကိုရောကျန်တဲ့လုပ်ငန်းတွေကိုရောအပိုင်လိုချင်လို့ကူညီချင်ဆောင်နေတာပါ"

"ကျွန်တော်.......ဘာကိုယုံပေးရတော့မှာလည်း..."

"ဟုတ်ပါပြီအာ့ဆိုကျွန်တော်မေးမယ်သခင်လေးကိုKim MinaကCompany shareတွေကိုဘယ်လိုပြောပြထားလဲ"

"Companyရဲ့50%ကကျွန်တော့်ဟာဒါပေမဲ့အတည်မဖြစ်သေးဘူးတဲ့ကျွန်တော်လုပ်ငန်းကျွမ်းကျင်လာမှတစ်ခြားရှယ်ယာရှင်တွေကောသဘောတူမှကျွန်တော်ပိုင်မှာတဲ့"

အတွင်းရေးမှူးMoonမှာတစ်ချက်ပြုံးလိုက်ပြီး.....

"အမှန်တစ်ကယ်တော့အဲ့Share 50%လုံးကသခင်လေးမွေးကတည်းကအပြည့်အဝပိုင်တာပါ"

YoungHoonမှာအံ့သြသည့်မျက်နှာထားဖြင့်ကြည့်လိုက်တော့....

"တစ်ကယ်ပြောတာပါသခင်လေးမယုံရင်ဒီမှာသခင်လေးအဖေ သူဌေးကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာချုပ်ပါ"

YounHoonလည်းအတွင်းရေးမှူးMoonပြသည့်စာချုပ်ကိုကြည့်လိုက်တော့သူ့အဖေလက်မှတ်နှင့်Company၏အရေးကြီးစာရွက်စာတမ်းတွေမှသာတွေ့ရလေ့ရှိသည့်Appaရဲ့တံဆိပ်တုံးကိုတွေ့လိုက်သောကြောင့်ပိုလို့ပင်အံ့သွားသည်။ပြီးတော့မျက်ရည်များမကျအောင်ထိန်းသည့်အနေဖြင့်မျက်စိစုံမှိတ်ပြီးသက်ပြင်းချလိုက်ကာအတွင်းရေးမှူးMoonဘက်ကိုလှည့်ကြည့်လိုက်သည်။

"ဟုတ်ပြီကျွန်တော်ယုံပါပြီ....ဒါပေမဲ့ဘာလို့ခုမှဒါတွေလာပြောနေရတာလဲကျွန်တော့်မိဘတွေဆုံးသွားတာသုံးနှစ်တောင်ရှိနေပြီလေကျွန်တော်တောင်ခုမှနေသားကျခါစပဲရှိသေးတာကိုဘာလို့ခုမှလဲ"

"အမှန်တော့ဒါတွေအကုန်လုံးကိုသခင်လေးCompanyကိုပိုင်မှပြောပြမလို့ပါဒါပေမဲ့Kim Minaရဲ့အကြံတွေကိုကျွန်တော်စုံစမ်းမိလို့ခုလာပြောလိုက်ရတာပါကျွန်တော်ဒီသုံးနှစ်အတွင်းအပြင်ကနေKim Minaအကြောင်းကိုစုံစမ်းနေတာပါ။သူကသခင်လေးထင်ထားသလိုကြင်နာတတ်တဲ့သူမျိုးမဟုတ်ပါဘူးသူ့အတွင်းရေးတွေသိလို့ဆိုပြီးသတ်ပစ်တဲ့လူတွေကငါးယောက်လောက်ရှိပါတယ်ခုလည်းကျွန်တော့်ကိုသူရိပ်မိနေမှာစိုးလို့ရုပ်ဖြတ်ပြီးလာရတာပါ။"

"အဲ့တော့...သူလိုချင်တာတွေကျွန်တော်ပေးလိုက်မယ်လေCompanyကိုရောMallတွေကိုရောပြီးတော့Shareတွေကော...အဲ့လိုလုပ်လိုက်လို့မရဘူးလားကျွန်တော်မှအဲ့တာတွေမလိုဘဲ"

"ဘယ်ရမလဲသခင်လေးရယ်Companyကသခင်လေးAppaသူ့ဘဝကြီးတစ်ခုလုံးရင်းပြီးသေသေချာချာတည်ထောင်ခဲ့တဲ့Companyပါကျွန်တော်ကိုယ်တိုင်သူဘယ်လောက်ထိပင်ပန်းခဲ့လည်းဆိုတာမျက်မြင်ကိုယ်တွေ့ပါ......သခင်လေးမွေးတော့ကျွန်တော့်ကိုသူဌေးတစ်ခါပြောပြဖူးတယ်...သူ့သားကြီးလာရင်တဲ့သူ့Companyကိုအရည်အချင်းရှိရှိနဲ့ဦးဆောင်သွားနိုင်မဲ့လူတော်တစ်ယောက်ဖြစ်စေချင်တယ်တဲ့"

အတွင်းရေးမှူးမှာပြောလည်းပြောမျက်ရည်များလည်းဝဲလျက်ပေါ့။YoungHoonမှာတော့ငိုလို့ငိုမှန်းပင်မသိအောင်မျက်ရည်များကပါးပြင်နှစ်ဖက်ပေါ်စီးကျလျက်။

"အဲ့တော့သခင်လေးကသူဌေးရဲ့ဆန္ဒကိုလိုက်လျောပေးလို့မရဘူးလားဒီထက်သန်မာအောင်လုပ်ပြီးKim Minaကိုလည်းအပြတ်ရှင်းပြီးCompanyကိုဦးစီးပေးလို့မရဘူးလားကျွန်တော်တောင်းဆိုတာပါ"

"ကျွန်​တော်နားလည်ပါပြီဒါပေမဲ့လက်ခံပြီးသားအကြောင်းအရာတစ်ခုကိုပြန်ပြောင်းတွေးပြီးလက်ခံဖို့ကျတော့ကျွန်တော့်အတွက်နည်းနည်းခက်နေတယ်ကျွန်တော်စိတ်ပြငိဆင်ဖို့လိုသေးတယ်"

"ကောင်းပါပြီခုလိုနားလည်ပေးလို့သခင်လေးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဒါကကျွန်တော့်ဖုန်းနံပါတ်ပါဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်"

ဟုဆိုကာအတွင်းရေးမှူးMoonလည်းMaskနဲ့ဦးထုပ်ကိုဆောင်းပြီးထွက်သွားလိုက်တယ်။ChangMinလည်းထိုလူထွက်သွားတာမြင်မှYoungHoonနားကိုပြန်လာလိုက်တယ်။YoungHoonမှာတော့ပြောခဲ့သမျှတွေကိုပြန်တွေးနေလေသည်။မျက်ရည်များကလည်းအဆက်မပြတ်စီးဆင်းလျက်။ChangMinရောက်လာတာလည်းမြင်ရောမျက်ရည်များကိုအမြန်သုတ်လိုက်သည်။

"Hyungငိုနေတယ်....ဘာတွေများဖြစ်လို့လဲHyungရယ်"

ChangMinစိတ်ထဲတွင်လုံးဝမကောင်းYoungHoonမျက်လုံးများမှာလည်းဖောင်းအစ်ကာနီရဲလျက်။ပါးပေါ်တွင်လည်းကျဆင်းထားသည့်မျက်ရည်တို့မှာမခြောက်သေးသည့်အတွက်မြင်နေရသည်။သူHyungကိုဒီလိုမြင်တော့သူနာကျင်ရသည်။သူပါငိုချင်လာသည်။

"ဘာမှမဖြစ်ပါဘူးလာပြန်မယ်လေ"

ဟုဆိုကာYoungHoonလည်းငွေရှင်းပြီးChangMinနဲ့တူတူထွက်လာလိုက်သည်။ကားထဲဝင်မယ်လုပ်တော့ChangMinက.....

Hyung...ကျွန်​တော်တို့ဟိုနားလေးထိလမ်းခနလျှောက်ရအောင်"

YoungHoonကတော့ဘာမှမတုံ့ပြန်ပေမဲ့သူကYoungHoonလက်မောင်းလေးကိုကိုင်ကာဆွဲခေါ်သွားသည်။လမ်းလျှောက်နေရင်းနှစ်ယောက်သားဘာစကားမှလည်းမပြောဖြစ်ကြတစ်ယောက်မျက်နှာတစ်ယောက်မမြင်ရအောင်လည်းဟိုဘက်လှည့်ထားလိုက်သည်။သူတို့နှစ်ယောက်ကြားထဲမှလေထုဟာလည်းအေးစက်ငြိမ်သက်လျက်။ထို့ကြောင့်မနေနိုင်သည့်ChangMinမှစ၍.......

Hyung....ဘာ​​အကြောင်းရှိလည်းတော့မသိပေမဲ့ငိုချင်ရင်ငိုချလိုက်နော်မမျိုသိပ်ထားနဲ့အဲ့လိုဆိုHyungရင်ထဲဆို့နေလိမ့်မယ်"

YounHoonမှာလျှောက်နေသည့်ခြေလှမ်းလေးတွေရပ်တန့်ကာChangMinဘက်ကိုလှည့်လိုက်သည်။ပြီးတော့ဘာမှမပြောဘဲကြည့်နေရင်းရုတ်တစ်ရက်ငိုချပလိုက်သည်။ChangMinမှာအလိုက်တသိဖြင့်YoungHoonလက်မောင်းလေးကိုအသာလေးပုတ်ပေးလေသည်။YoungHoonရဲ့ငိုသံကိုနားထောင်ကြည့်လျှင်ပင်သူ့မှာဘယ်လောက်တောင်စိတ်ပင်ပန်းနေမလဲဆိုတာခန့်မှန်းမိတာကြောင့်ChangMinရင်ထဲစိတ်မကောင်းYoungHoonငိုလျှင်သူလည်းနာကျင်ရသည်မို့သူပါမျက်ရည်တွေကျတော့သည်။

ChangMinလည်းYoungHoonကိုထပ်ပြီးနှစ်သိမ့်ပေးတဲ့အနေဖြင့်ဖက်ပြီးYoungHoonကျောလေးကိုအသာပုတ်ပေးလိုက်သည်။YoungHoonမှာလည်းChangMinရဲ့ခါးလေးကိုတင်းကြပ်စွာဖက်ကာChangMinပခုံးပေါ်ကိုမျက်နှာအပ်လျက်ငိုလေသည်။

ဒီလိုနဲ့သာယာတဲ့ညလေးဟာကောင်လေးနှစ်ယောက်ရဲ့ငိုကြွေးသံတွေနဲ့ဖုံးလွှမ်းသွားတဲ့ဝမ်းနည်းစရာညလေးဖြစ်သွားတော့တယ်။

အတန်ကြာအောင်ငိုပြီးတဲ့နောက်YoungHoonမှာChangMinကိုဖက်ထားတာကနေခွာပြီးChangMinမျက်နှာလေးကိုကြည့်လိုက်တယ်။ကောင်လေးမှာသူ့အတွက်စိတ်မကောင်းဖြစ်ကာလိုက်ငိုထားသည်ကိုမြင်တော့ChangMinမျက်နှာလေးအားတစ်ယုတစ်ယကိုင်ကာပါးပေါ်မှမျက်ရည်လေးများကိုသုတ်ပေးလိုက်သည်။

YoungHoon's pov - ဟာကွာ....ငါကြောင့်နဲ့ဒီလိုအပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းတဲ့ကောင်လေးကိုမျက်ရည်ကျစေမိပြီ

"ကြည့်ပါဦးChangMinက ကိုယ့်ကိုစိတ်ပူပြီးငိုထားတာမျက်ရည်တွေလည်းရွှဲလို့"

"ရပါတယ်Hyungရဲ့....Hyungဘာကြောင့်ငိုရတယ်ဆိုတာတော့မသိပေမဲ့Hyungဒီလိုငိုနေတာမြင်တော့ကျွန်​တော့်စိတ်ထဲမကောင်းလို့ပါ"

"SorryပါChangMin nah....ကိုယ်မင်းကိုစိတ်မကောင်းဖြစ်အောင်လုပ်မိပြန်ပြီ"

"ဟင့်အင်း....မဟုတ်တာHyungသာအဆင်ပြေဖို့အရေးကြီးတယ်....ခုကောနည်းနည်းသက်သာသွားပြီလား"

YoungHoonလည်းသက်ပြင်းတစ်ချက်ချကာအနီးနားမှာရှိတဲ့ထိုင်ခုံတန်းလေးဆီChangMinလက်လေးကိုဆွဲပြီးခေါ်လာလိုက်တယ်။ပြီးတော့ChangMinမျက်နှာလေးအားသေချာကြည့်ကာအတွင်းရေးမှူးMoonပြောခဲ့သမျှအကြောင်းအရာတွေကိုChangMinနားလည်လောက်သည်အထိအကြမ်းဖျင်းပြောပြလိုက်သည်။

"အဲ့တော့အခုကိုယ့်စိတ်တွေအရမ်းထွေပြားနေတယ်ကိုယ်ဘယ်တုန်းကမှကိုယ့်မိဘတွေဆုံးတာကိုလက်မခံနိုင်ခဲ့ဘူးဒါပေမဲ့ခုမှအသားကျခါစလေအဲ့တာကိုဘာလို့......"

"Hyungတော်ပြီ....ဆက်မပြောပါနဲ့တော့ဆက်ပြောရင်Hyungထပ်ပြီးငိုနေမိလိမ့်မယ်ကျွန်တော်မကြည့်ရက်ဘူး......Hyungဆုံးဖြတ်ပြီးပြီဆိုရင်သန်မာလာအောင်ကြိုးစားမှရမယ်လေနောက်ထပ်ဘယ်လိုကိစ္စတွေHyungကြုံတွေ့လာရဦးမလဲဆိုတာမှမသိနိုင်တာအဲ့တော့ခုကစပြီးစိတ်ကိုပြင်ဆင်ဟုတ်ပြီလား....ဘာပဲဖြစ်ဖြစ်ကျွန်တော်Hyungဘေးနားမှာရှိနေမှာမလို့Hyungအားမငယ်နဲ့နော်"

YoungHoonမှာသူ့လက်လေးကိုကိုင်ပြီးအားပေးစကားပြောလာခဲ့ကောင်လေးကိုနောက်တစ်ကြိမ်ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။

YoungHoon's pov - ဟုတ်တယ်ကလေးလေးပြောသလိုကိုယ်သန်မာမှဖြစ်မယ်ပြီးတော့ကလေးလေးကိုလည်းထပ်ပြီးစိတ်မကောင်းမဖြစ်ရအောင်ထားမယ်

ChangMin's pov - Hyungကိုဘာပဲဖြစ်ဖြစ်ကျွန်တော်အတတ်နိုင်ဆုံးဘေးကနေအားပေးမယ်အတတ်နိုင်ဆုံးကူညီမယ်ပြီးတော့Hyungပျော်လာအောင်လည်းလုပ်ပေးမယ်

ဒီလိုနဲ့ကောင်လေးနှစ်ယောက်အတွေးကိုယ်စီတွေးကာနှစ်နှစ်ကာကာဖက်ထားလိုက်ကြသည်။ဒီနေ့ညလေးကတော့ခံစားချက်အစုံရောထွေးသွားတဲ့ညလေးဖြစ်သွားတာပေါ့။
...........................

"Hyungဒါဆိုကျွန်​တော်ပြန်တော့မယ်နော်ည7နာရီတောင်ထိုးနေပြီဆိုတော့"

"ကိုယ်လိုက်ပို့ပေးမယ်လေ"

"ရပါတယ်Hyungလည်းအိမ်ပြန်ရဦးမှာကို"

"ဟင့်အင်း...ကိုယ်ကလိုက်ပို့ပေးချင်လို့ပါChangMinအိမ်လည်းသိသွားအောင်လို့"

"ဟုတ်ပါပြီအာ့ဆိုလည်း"
..........................

"ရောက်ပြီHyung......ဒါဆိုကျွန်တော်ဆင်းပြီနော်bye bye good night Hyung"

"အင်းအင်း"

YoungHoon's pov - Good nightပါကိုယ့်ရဲ့ကလေးလေး❤
.................................

YoungHoonအိမ်ရောက်​တော့အဒေါ်ဖြစ်သူမှ.....

"ရောက်ပြီလားသားလေး......ပင်ပန်းနေရောပေါ့သွားအပေါ်တက်ပြီးနားတော့လေ"

"ဟုတ်ကဲ့"

YoungHoon's pov - ကျွန်တော်သိပ်ကိုတုံးခဲ့တာပဲဒေါ်လေးအဲ့လိုတွေပြုံးပြပြီးဂရုတွေစိုက်ခဲ့တာကိုတစ်ကယ်စိတ်ရင်းလို့ထင်ခဲ့မိတဲ့ကျွန်တော်သိပ်ကိုတုံးအလွန်းခဲ့ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်မတုံးတော့ပါဘူး။

YoungHoonလည်းအခန်းထဲရောက်တော့ကုတင်ပေါ်ပက်လက်လှဲလိုက်ကာနဖူးပေါ်လက်တင်ပြီးမျက်နှာကျက်ကိုသာကြည့်နေလိုက်သည်။ဒါပေမဲ့သူမြင်နေရတာမျက်နှာကျက်မဟုတ်ဘဲချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်.....သူ့ကိုမျက်လုံးဝိုင်းဝိုင်းပါးချိုင့်လေးနဲ့ပြုံးကာအားပေးနေတဲ့ကောင်လေးတစ်ယောက်......တစ်နည်းအားဖြင့်ဆိုလျှင်သူ့ရဲ့ကလေးလေး......

ဟုတ်တယ်YoungHoonကိုယ်တိုင်တောင်မသိလိုက်လေးခင်မှာတင်နာမည်ပေးလိုက်မိတာကလေးလေးသူရဲ့ကလေးလေး......

YoungHoonမှာChangMinမျက်နှာလေးကိုမြင်ယောင်ပြီးသူ့ဘယ်ဘက်ရင်အုံနှလုံးသားရှိရာနေရာလေးကိုလက်ဖြင့်စမ်းလိုက်ပြီးတစ်ဒုတ်ဒုတ်နဲ့ခုန်နေတဲ့နှလုံးသားကိုခံစားမိတော့ပြုံးလိုက်သည်။

YoungHoon's pov - ရင်ခုန်တယ်ဆိုတာဒါမျိုးကိုး....ဒါဆိုငါChangMinလေးကိုကြိုက်နေပြီပေါ့....မဟုတ်ဘူးချစ်မိနေပြီ

YoungHoonလည်းအတွေးတွေကိုရပ်ကာရေချိုးလိုက်သည်။ရေချိုးပြီးသွားတော့ဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာခေါ်လိုက်သည်။

"Hello အတွင်းရေးမှူးMoon"

_____________________________________

YoungHoonလေးကတော့fallin' in love သွားပါပြီChangMinလေးတစ်ယောက်ကကော.......YoungHoonကိုပြန်ချစ်ပါ့မလား?

Bạn đang đọc truyện trên: Truyen4U.Com