Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 6

"Hello အတွင်းရေးမှူးMoon"

"ဟုတ်ကဲ့ပြောပါသခင်လေး"

"ကျွန်တော်နဲ့ပိတ်ရက်ကြရင်ထပ်တွေ့ရအောင်"

"ဟုတ်ကဲ့ကျွန်တော်တွေ့ရမဲ့ဆိုင်လိပ်စာကိုမက်ဆေ့ချ်နဲ့ပို့လိုက်ပါ့မယ်"

YoungHoonလည်းဖုန်းပြောပြီးတော့ကုတင်ပေါ်မှာလှဲလိုက်တယ်။ပြီးမှသူစဥ်းစားမိသည်က......

YoungHoon's pov - ငါChangMinဖုန်းနံပါတ်လေးတောင်မတောင်းလိုက်ရဘူးJaeHyunသိမယ်ထင်တယ်မေးကြည့်ရမလား....ထားပါပြီးမှကိုယ့်ဘာသာပဲတောင်းလိုက်မယ်တော်ကြာမေးမြန်းခန်းတွေဝင်နေမှ......

...................................

မနက်ပိုင်းကျောင်းမတတ်သေး၍ChangMinတို့သူငယ်ချင်းလေးယောက်အပြင်ဘက်ကCanteenတွင်ထိုင်ကာမုန့်စားနေကြသည်။ထုံးစံအတိုင်းSunWooကတော့Roပြနေတာပေါ့။FAလေးနှစ်ယောက်ရှေ့မှာ ထိုစဥ်သူတို့နားသို့JaeHyunဖြတ်သွားတာ​မြင်တော့ChanHeeမှလှမ်းခေါ်လိုက်သည်။

"JaeHyun sunbae"

JaeHyunလည်းChanHeeတို့ထိုင်နေတဲ့ဝိုင်းကိုလာလိုက်ပြီးဝင်ထိုင်လိုက်သည်။Sunwooမှ.....

"ဒါ..ဟိုရေခဲတုံးရဲ့သူငယ်ချင်းမလား"

"ဟဲ့SunWoo......sunbaeလို့ခေါ်လေငါတို့ထက်ကြီးတာကို..."

ထိုအခါJuYeonမှ

"မင်းတို့နဲ့သိတာလား"

"ဟုတ်တယ်Sunbaeကတော့မင်းတို့ကိုသိတယ်...ဒါJaeHyun sunbaeလေ"

ChangMinကမိတ်ဆက်ပေးလိုက်တော့JuYeonနှင့်SunWooကလည်းနှုတ်ဆက်လိုက်ကြတယ်။ပြီးတော့SunWooမှ......

"ဒါနဲ့JaeHyung sunbae ဟိုရေခဲတုံးကော..."

ထိုသို့မေးလိုက်တော့ChanHeeမှSunWooလက်မောင်းကိုဖြန်းခနဲရိုက်ကာ....

"ဟဲ့ SunWooဘာလို့ရေခဲတုံးလို့ခေါ်တာတုန်းစောနကပဲပြောထားတာကို"

"အင်းပါအင်းပါ"

"သူကဒီနေ့အလုပ်ရှိလို့တဲ့တစ်ရက်ခွင့်ယူထားတယ်"

ChangMin's pov - Hyungအဆင်ကောပြေရဲ့လားမသိဘူး

Time skip.......

နေ့လည်ထမင်းစားချိန်ရောက်တော့JaeHyunလည်းရင်းနှီးနေပြီဖြစ်အတွက်ကြောင့်ChangMinတို့ပဲထမင်းတူတူစားလိုက်တယ်။စားနေတုန်းJuYeonမှ....

"Sunbae ဘာလို့ပဲပြားတွေမစားတာတုန်း"

"အော်...အကိုကပဲပြားမကြိုက်ဘူးလေအဲ့တာကြောင့်...."

"အာ့ဆိုဒီတိုင်းထားရင်နှမြောစရာကြီးပေးပေးကျွန်တော်စားလိုက်မယ်"

ဟုဆိုကာJaeHyun ပန်းကန်ထဲမှပဲပြားတွေကိုJuYeonကယူပြီးစားလိုက်သည်။ထိုအခါSunWooမှJuYeonဘက်ကိုလှည့်ကာသွားကြီးဖြီးပြပြီး......

"JuYeon nah ငါလည်းပဲပြားမကြိုက်လို့ "

"မရပါဘူးမင်းကတော့စား...."

"ဟင့်...ဘာလဲမင်းကမျက်နှာလိုက်တာပေါ့"

"ဟုတ်တယ်မျက်နှာလိုက်တာအဲ့တော့ဘာဖြစ်လဲ"

"မင်းSunbaeကိုကြိုက်နေတာမလား"

ရုတ်တစ်ရက်ကြီးထပြောလိုက်တဲ့Sunwooကြောင့်JaeHyunကရှက်သွားကာပါးလေးပန်းရောင်သမ်းသွားသည်။JuYoenမှာတော့ပြာပြာသလဲဖြင့်....

"ဟျောင့်......မင်းစားစရာရှိတာစားအပိုတွေမပြောနဲ့မင်းဟိုတစ်နေ့ကလေ့ကျင့်ရေးရှိတာကိုမလာဘဲဂိမ်းဆော့နေတာနည်းပြကိုပြန်ပြောလိုက်ရမလား"

"ဟဲဟဲ....အဲ့လို့တော့မလုပ်ပါနဲ့မစတော့ဘူးလေ"

SunWooဆိုသည်မှာနည်းပြဆိုသည့်အသံကြားရုံနဲ့တင်တုန်နေအောင်ကြောက်ရတာမလို့ထပ်မစဘဲနေလိုက်သည်။အခြေအနေကိုရိပ်မိတဲ့ChangMinနဲ့ChanHeeကတော့ပြုံးစိစိနဲ့ပေါ့။ရှက်သွေးဖြာနေတဲ့JaeHyunလေးကတော့ထမင်းကိုသာငုံ့ပြီးစားနေလေရဲ့။

..................................

ကျောင်းဆင်းချိန်ရောက်တော့ChangMinတို့သူငယ်ချင်းလေးယောက်တူတူကျောင်းဝန်းထဲမှထွက်နေတုန်းChanHeeမှ....

"ငါတို့လေးယောက်တစ်နေရာရာသွားလည်ရအောင်တစ်ခါမှတူတူမလည်ဖူးဘူးလေ"

"အေးကောင်းသားပဲ....ဒါပေမဲ့ဘယ်သွားကြမှာတုန်း"

"ဒီတိုင်းပဲshoppingထွက်ရင်းနဲ့မုန့်စားကြရအောင်လေ"

"အေးသွားရအောင်"

"ငါJaeHyun sunbaeကိုပါခေါ်လိုက်မယ်"

ChanHeeဆီမှJaeHyun sunbaeဆိုတဲ့အသံကြားတော့တစ်ယောက်သောသူလေးကမသိမသာလေးခိုးပြုံးလိုက်တာပေါ့။ဒါကိုမျက်စိလျင်တဲ့SunWooကမြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်။

ဒီလိုနဲ့သူငယ်ချင်းငါးယောက်တူတူShoppingထွက်မုန့်စားကြဖို့အတွက်Mallတစ်ခုကိုလာခဲ့လိုက်ကြတာပေါ့။ထိုMallဟာYoungHoonပိုင်တဲ့Mallမှန်းတော့ငါးယောက်လုံးမသိကြပါဘူး။တိုက်တိုက်ဆိုင်ဆိုင်သူတို့လည်ပတ်နေကြတဲ့အချိန်မှာပဲYoungHoonကလည်းMallကိုလိုက်ပြီးပစ္စည်းတွေစစ်တဲ့အချိန်နဲ့သွားတိုးတာပေါ့။

YoungHoon's pov - ဟင်....ChangMinတို့ပါလားJaeHyunလည်းပါတာကိုး.....သူတို့ပုံကြည့်ရတာတော်တော်ပျော်နေကြပုံပဲ

"ကဲငါတို့ခုမုန့်သွားစားရအောင်"

"ဘာစားကြမလဲ"

"ဘာဂါပဲစားကြမယ်လေ"

"Ok let's go....."

သူတို့မုန့်စားနေတုန်းChangMinမှ....

"ငါToiletခနသွားဦးမယ်နော်"

"လိုက်ခဲ့ပေးရမလား"

"ရတယ်ChanHee"

ChangMinလည်းToiletသွားပြီးပြန်ထွက်တော့YoungHoonနဲ့တွေ့တော့တာပေါ့။သူတစ်နေကုန်မမြင်ရတဲ့မျက်နှာလေးကိုခုမြင်လိုက်ရတော့လည်းနည်းနည်းတော့ပျော်သွားသယောင်။

YoungHoonမှာလည်းChangMinကိုမြင်တော့ချက်ချင်းပဲသူ့နားပြေးသွားလိုက်တယ်။

"ChangMin nah"

"Hyungလည်းစျေးဝယ်လာတာလား"

"မဟုတ်ဘူးအလုပ်ကိစ္စနဲ့လာတာ"

"အော်....JaeHyun sunbaeကတော့ပြောပါတယ်Hyungဒီနေ့အလုပ်ရှိလို့ကျောင်းတောင်ခွင့်တိုင်ထားတယ်လို့"

"အင်းအဲ့လိုပဲဖြစ်သွားတယ်ဒါနဲ့သူငယ်ချင်းတွေနဲ့လာတာမလား"

"ဟုတ်တယ်Hyung ChanHeeကတူတူလျှောက်လည်ကြမယ်ပြောလို့JaeHyun sunbaeတောင်ပါသေးတယ်"

ChangMin's pov - Hyungကိုလည်းခေါ်ချင်ပေမဲ့မအားမှာလည်းစိုးတယ်။

"ဒါနဲ့ChangMinဖုန်းနံပါတ်လေး"

"ဗျာ...."

"မနေ့ကဖုန်းနံပါတ်မတောင်းဖြစ်လိုက်လို့လေ"

"အော်ဟုတ်ကဲ့"

နှစ်ယောက်သားဖုန်းနံပါတ်ယူပြီးသွားတော့YoungHoonက....

"ဒီနေ့ညဖုန်းဆက်မယ်နော်"

"ရပါတယ်ဘယ်ချိန်ဆက်ဆက်"

YoungHoonလည်းတစ်ချက်ပြုံးလိုက်သည်။

"သခင်လေး...တွေ့ရမဲ့မန်နေဂျာရောက်နေပါပြီ"

YoungHoonလည်းအလုပ်ကိစ္စရှိသေးသည့်အတွက်ChangMinကိုနှုတ်ဆက်ကာထွက်လာလိုက်သည်။

ChangMin's pov - Hyungကတစ်ကယ်ကိုအလုပ်များနေတာပဲအစားကောပုံမှန်စားလားမသိပါဘူး
........................

"Ya....JiChangMinရောက်လာသေးတယ်နော်ငါကမင်းToiletဖြစ်နေပြီတောင်ထင်တာ"

ရောက်ရောက်ချင်းSunWooမှလှမ်းစလိုက်သည်။

"မင်းကလည်းငါအဲ့လောက်ကြီးမကြာပါဘူးနော်"

"အေးပါစားစား"

စားနေရင်းJuYeonမှJaeHyunအား....

"Sunbaeကလည်းကလေးကျနေတာပဲဒီမှာမယောနိစ်တွေပေကုန်ပြီ"

JuYeonမှာပြောရင်းပင်JaeHyunနှုတ်ခမ်းလေးကိုသုတ်ပေးလိုက်သည်။ChangMinနှင်းChanHeeမှာတော့ပြုံးစိစိ။SunWooကတော့အကျင့်တိုင်း....

"အဟမ်း...JuYeonရေSunbaeမှာလည်းလက်ပါသေးတယ်နော်"

"ငါသိပါတယ်မရှည်နဲ့ကိုယ့်ဟာကိုယ်သုတ်ပေးချင်လို့"

JaeHyunတစ်ယောက်ကတော့မျက်နှာကြီးနီရဲနေတာပေါက်ထွက်တော့မတတ်။

..................................

ညရောက်တော့YoungHoonတစ်ယောက်မအိပ်သေးဘဲChangMinဆီဖုန်းခေါ်ဖို့ပြင်လိုက်တယ်။

YoungHoon's pov - နေပါဦးခေါ်တာကဟုတ်ပါပြီ။ငါကဘာသွားပြောရမှာတုန်း။နေကောင်းလားမေးရအောင်လည်းညနေကမှတွေ့ထားတာအကောင်းကြီးကို......ထားပါခေါ်လိုက်မယ်။

ChangMinဧည့်ခန်းထဲမှာNoonaတို့နဲ့တူတူTVကြည့်နေတုန်းဖုန်းဝင်လာသည်။ကြည့်လိုက်တော့YoungHoon Hyungဆိုတဲ့နာမည်တွေ့တာနဲ့ဆတ်ကနဲကောက်ကိုင်လိုက်တယ်။ပြီးတော့ဖုန်းပြောဖို့သူ့အခန်းထဲကိုဝင်သွားလိုက်တယ်။ဒါကိုမြင်တဲ့Noonaလတ်ကတော့သံသယဝင်တာပေါ့။ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ChangMinကသူ့ဖုန်းContactကလူတွေကိုနာမည်မှတ်ရင်Emojiတစ်ခုခုထည့်တတ်လေ့ရှိပါတယ်။သူYoungHoonဖုန်းကိုမှတ်တော့emojiလည်းစဥ်းစားမရတာနဲ့အသဲပုံလေးထည့်လိုက်ပါတယ်။
"YoungHoon Hyung ❤"ဆိုပြီးမှတ်ထားတာပါ။အဲ့တော့နဂိုကတည်းကမှအတွေးလွန်တတ်တဲ့Noonaလတ်ကအဲ့လိုမှတ်ထားတာမြင်တော့ပိုပြီးတွေးတော့တာပေါ့။
.........................

"Hello Hyung"

"အင်း....ChangMinအိပ်ပြီလား"

"မအိပ်သေးပါဘူးHyungရဲ့Noonaတို့နဲ့TVကြည့်နေတာ"

"အော်....ဘာကားကြည့်နေတာလဲ"

"Avengerကားလေ"

"ကြိုက်လား"

"ဟင်...ဘာကိုလဲHyung"

"ဇာတ်ကားကိုပြောတာပါ"

"​အော်....ကြိုက်ပါတယ်"

"Hyungညစားကောစားပြီးပြီလား"

"အင်းစားပြီးပြီ"

"Hyungအစားလည်းပုံမှန်စားဦးနော်ညနေတုန်းကတွေ့တာနည်းနည်းမျက်နှာကဖျော့နေသလိုပဲ"

"ဟုတ်ကဲ့ပါဗျာ.....ဒါနဲ့ChangMin nah ကိုယ်နဲ့လေပိတ်ရက်ကျတစ်နေရာလောက်လိုက်ကူပေးပါလား...အတွင်းရေးမှူးMoonနဲ့သွားတွေ့မလို့လေ"

"အော်...ရပါတယ်Hyungရဲ့"

ဒီလိုနဲ့YoungHoonလည်းChangMinနဲ့ဖုန်းပြောလိုက်တာည11နာရီထိုးတဲ့အထိပါပဲ။
...........................

မနက်ရောက်တော့ChangMinကပြင်ဆင်ပြီးမနက်စာစားဖို့အောက်ဆင်းလာလိုက်တယ်။ဆင်းဆင်းချင်းNoonaလတ်မှ......

"အဟမ်း.....မနေ့ကနင်ဖုန်းပြောနေတာဘယ်သူကြီးတုန်း"

"ဟင်.....????"

"ခုမှမသိသလိုလုပ်မနေနဲ့နင်ရည်းစားရနေပြီမလားJiChangMin"

"Noona...လာပြန်ပြီလားဒီကိစ္စပဲ မနေ့ညက ကျွန်တော့်အသိSunbaeတစ်ယောက်နဲ့ဖုန်းပြော​နေတာပါရည်းစားမဟုတ်ဘူး"

"မဟုတ်ရင်ဘာလို့contactမှာအသဲပုံလေးထည့်ပြီးမှတ်ထားတာလဲ"

"............ဟို..........အဲ့တာက........"

ထိုအခါChangMin Appaမှ....

"ငါတို့အငယ်ဆုံးလေးချစ်သူရှိနေပြီပေါ့.....အိမ်ကိုလည်းတစ်ခေါက်လောက်ခေါ်လာခဲ့ဦးလေသားကောင်မလေးကိုAppaတို့မြင်ဖူးချင်တယ်"

Ommaမှလည်း....

"ဟုတ်သားပဲသားကလည်းရှိနေပြီဆိုလည်းခေါ်လာခဲ့လေ"

"ဟာ.....Ommaနဲ့Appaသားမှာတစ်ကယ်ချစ်သူမရှိပါဘူးဆိုနေ...."

"ဟားဟား....ဟုတ်ပါပြီ...ရှက်မနေပါနဲ့အငယ်ဆုံးလေးကလည်း"

"Omma!!!!!!"

တစ်ဖက်မိသားစုရဲ့မနက်စာထမင်းဝိုင်းလေကဆူညံသလောက်တစ်ဖက်မိသားစုရဲ့မနက်စာထမင်းဝိုင်းလေးကတော့တိတ်ဆိတ်ခြောက်ကပ်လျက်။
...................................

ကျောင်းရောက်သော်Canteen၌......

"ဟဲ့ငါတို့အားလုံးပိတ်ရက်ကြရင်ရုပ်ရှင်သွားကြည့်ရအောင်ဒီတစ်ခေါက်တင်တဲ့ကားအရမ်းကောင်းတယ်တဲ့"

ChanHeeမှပိတ်ရက်တွင်ရုပ်ရှင်သွားကြည့်ရအောင်စခေါ်လိုက်တော့SunWooနှင့်JuYeonကတော့ခေါင်းညိမ့်လိုက်ပေမဲ့ChangMinကတော့........

"ငါမအားဘူးသွားစရာရှိတယ်"

"သွားစရာ....ဘယ်သူနဲ့လဲ???"

"YoungHoon sunbaeနဲ့"

"ဖူး....... အဟွတ်...အဟွတ်"

ChangMinဆီမှYoungHoon subaeနဲ့ဟူသည့်စကားကြားလိုက်တော့SunWooမှာသောက်နေလက်စအအေးတွေအပြင်ကိုမှုတ်ထုတ်လိုက်မိသည်။JuYeonမှာလည်းစားနေလက်စမုန့်တောင်နင်သွားသည်။ပြီးတော့ChanHeeမှ....

"နင်ဘယ် ဘယ် ဘယ်သူနဲ့သွားမလို့"

"YoungHoon sunbaeနဲ့လေ"

"အဲ့ရေခဲတုံး...အဲလေ အဲ့Sunbaeနဲ့"

SunWooမှမယုံသဖြင့်ထပ်မေးလိုက်သည်။

"အင်း..ဟုတ်ပါတယ်ဆို"

"ဒါနဲ့နင်ကဘယ်လိုဖြစ်ပြီးYoungHoon Sunbaeနဲ့အပြင်တူတူထွက်လည်တဲ့အထိခင်သွားတာတုန်း"

"ဒီလိုပဲ....ခင်သွားတာ"

"Yarrrr......ငါတစ်ကယ်မယုံနိုင်သေးဘူးဘယ်လိုတောင်........"

Time skip.....

ဒီလိုနဲ့ပိတ်ရက်ရောက်တော့ChangMinအိမ်ကိုYoungHoonကားနဲ့ထွက်လာလိုက်တယ်။ဒီနေ့လည်းအဒေါ်ဖြစ်သူကိုသူငယ်ချင်းနဲ့လျှောက်လည်မယ်ပြောပြီးသူကိုယ်တိုင်ကားမောင်းကာထွက်လာလိုက်ချင်းဖြစ်တယ်။

အိမ်ရှေ့ရောက်တော့YoungHoonတွေ့လိုက်ပါတယ်...သူ့ရဲ့ကလေးလေးကိုခြံထဲကဒန်းပေါ်မှာထိုင်ပြီးစောင့်နေတာတောင်YoungHoonမျက်လုံးထဲအတော်ပင်ချစ်ဖို့ကောင်းနေပါသည်။YoungHoon ChangMinကိုပါခေါ်ရတဲ့အကြောင်းအရင်းကတော့ChangMinကသူ့အနားမှာရှိနေရင်ပိုပြီးအားရှိသလိုခံစားရလို့ပါ။သူတန်ဖိုးရတဲ့သူတစ်ယောက်သာသူ့အနားရှိနေရင်သူဘယ်လိုအခက်အခဲမျိုးအဆိုဖြတ်ကျော်နိုင်မယ်ဆိုတာလည်းယုံကြည်ထားလို့ပါ။

ChangMinလည်းYoungHoonကားရောက်လာတာမြင်တော့အပြေးလေးသွားလိုက်ပြီးကားတံခါးဖွင့်ကာဝင်ထိုင်လိုက်သည်။

"ကိုယ့်ကိုစောင့်နေတာကြာသွားလား"

"မကြာပါဘူးHyungရဲ့စောနလေးတင်မှထွက်စောင့်တာပါ"

"ဟုတ်ပါပြီအာ့ဆိုသွားမယ်နော်"

"ဟုတ်ကဲ့"

.........................

ဆိုင်ရောက်တော့အတွင်းကျကျတစ်နေရာမှာအသင့်ရှိနေတဲ့အတွင်းရေးမှူးMoonကိုတွေ့လိုက်ရသဖြင့်YoungHoonနဲ့ChangMinလညးထိုစားပွဲနားကိုသွားလိုက်တယ်။

"ရောက်လာပါပြီလားသခင်လေး"

"အင်း..."

"ဒါနဲ့သူက...."

"ကျွန်​တော်သူငယ်ချင်းJi ChangMinတဲ့ကျွတ်တော်အယုံကြည်ရဆုံးသူပါ"

"အော်...ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ"

"ဟုတ်ကဲ့ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ဗျ"

အတွင်းရေးမှူးMoonလည်းနှုတ်ဆက်ပြီးသွားတော့စကားပြောရန်စလိုက်သည်။

"သခင်လေးအခုလိုမျိုးဆုံးဖြတ်ချက်ချပေးတဲ့အတွက်ကျွန်တော်တစ်ကယ်ကျေးဇူးတင်ပါတယ်"

"ရပါတယ်ကျွန်တော်လုပ်သင့်လုပ်ထိုက်တာပဲလုပ်တာပါ"

"ဟုတ်ကဲ့...အာ့ဆိုခုချိန်ကနေစပြီးသခင်လေးKim minaအနားမှာပုံမှန်အတိုင်းပဲအလိုက်ထိုက်နေပေးပါ။ကျွန်​တော်ထပ်စုံစမ်းရသလောက်ဆိုရင်....Kim Minaဆီမှာနောက်ထပ်အိမ်တစ်လုံးရှိနေပါသေးတယ်။ကျွန်တော်မှန်းဆမိသလောက်တော့အဲ့အိမ်မမှာသူလုပ်ထားတဲ့အပြစ်တွေနဲ့ပတ်သက်တဲ့သက်သေတွေရှိမယ်လို့ထင်ပါတယ်။ဒါဟာထင်မြင်ချက်သက်သက်ပဲဆိုပေမဲ့ဖြစ်နိုင်ချေများပါတယ်။"

"ဒါပေမဲ့လေကျွန်တော်စဥ်းစားမိတာတစ်ခုရှိတယ်။ဒေါ်လေးကဘာအားကိုးရှိနေလို့ဒီလိုတွေလုပ်နေတာလဲဆိုတာပေါ့။ငွေတွေအများကြီးသုံးရအောင်လည်းဒေါ်လေးပိုင်ဆိုင်မှုကAppaတစ်ဝက်လောက်ပဲရှိတာလေ။"

"သခင်လေးစဥ်းစားတာတော်ပါပေတယ်။သူ့နောက်မှာမကောင်းမှုဒုစရိုက်မှန်သမျှလုပ်တဲ့ဂိုဏ်းတစ်ဂိုဏ်းရှိပါတယ်။သူကအဲ့ဂိုဏ်းခေါင်းဆောင်နဲ့ပေါင်းပြီးခြယ်လှယ်နေတာပါ။သခင်လေးတို့မိဘတွေကိုလုပ်ကြံတော့လည်းအဲ့ဒီ့ဂိုဏ်းအကူအညီနဲ့ပဲလုပ်ခဲ့ကြတာပါ။"

YoungHoonမှာ​အံကိုသာတင်းတင်းကြိတ်ထားမိပြီးပေါင်ပေါ်တင်ထားတဲ့သူ့လက်များကိုလည်းဆုပ်ကာတုန်ရီနေသည်။ဒါကိုမြင်တဲ့ChangminကYoungHoonလက်လေးကိုအသာလှမ်းကိုင်လိုက်တယ်။YoungHoon ChangMinဘက်လေးကိုလှည့်ကြည့်လိုက်မိတော့သူကို့ပြုံးပြနေတဲ့ကောင်လေးကိုမြင်လိုက်တဲ့အတွက်စိတ်လျှော့လိုက်တယ်။အဲ့ဒီ့တော့မှသာအတွင်းရေးမှူးMoonလည်းပြောလက်စစကားကိုဆက်ပြောလိုက်တယ်။

"သူနဲ့အဲ့ဒီ့ဂိုဏ်းခေါင်းဆောင်နဲ့ပတ်သက်မှုတစ်ခုခုရှိမယ်လို့ထင်ပါတယ်။အဆုံးစွန်တွေးရရင်ချစ်သူရည်းစားလိုမျိုးပေါ့။အဲ့တာကြောင့်လည်းကူညီနေတာလို့ထင်ပါတယ်။"

"ဒါဆိုရင်ဒေါ်လေးကဘာလို့ကျွန်တော့်မိဘတွေကိုကျသတ်လိုက်ပြီးကျွန်တော့်ကိုကျချန်ထားတာလဲ"

"အဲ့တာက​တော့သူကသခင်လေးကိုသူကြိုးဆွဲရာကပေးမဲ့အရုပ်လိုမျိုးအသုံးချမလို့ပါ။သူကတိုက်ရိုက်ကြီးCompanyကိုသိမ်းလိုက်မယ်ဆိုရင်အများအမြင်မှာသူ့ကို့သံသယရှိလာနိုင်တာမလို့သခင်လေးကိုကြားထဲမှာခနထားတာပါ"

"အဲ့တာဆိုသူ မလိုတော့တဲ့အချိန်ဆိုရင်ကျွန်တော့်ကိုသတ်လိုက်နိုင်တယ်ပေါ့"

"ဟုတ်ပါတယ်"

ChangMin's pov - ယုတ်မာလိုက်တဲ့မိန်းမပဲ

"ပြီးတော့သခင်လေးCompanyကလူတော်တော်များများကိုမယုံပါနဲ့အထူးသဖြင့်ဟိုအစည်းအဝေးလုပ်တိုင်းမပါမဖြစ်ပါတဲ့ရှယ်ယာရှင်6ယောက်ကိုပိုပြီးတော့တောင်မယုံပါနဲ့သူတို့ကလည်းCompanyငွေတွေကိုအလွဲသုံးစားလုပ်ထားပြီးတစ်ချို့ဆိုလူကုန်ကူးတဲ့အလုပ်တွေပါလုပ်နေကြတာပါ။"

"ဘာ...အဲ့လောက်တောင်အောက်တန်းကျတဲ့အလုပ်တွေကို......သူတို့က"

"ဟုတ်ပါတယ်အဲ့တာကြောင့်မယုံပါနဲ့။သူတို့နဲ့ပတ်သက်တဲ့တစ်ချို့သက်သေတွေကတော့ကျွန်တော့်ဆီမှာရှိပါတယ်။"

"ဒါနဲ့ကျွန်​တော်တစ်ခုလောက်မေးလို့ရမလား"

"ဟုတ်ကဲ့မေးပါသခင်လေး"

"ဒေါ်လေးနဲ့သူတို့တွေကဒီလိုအကျင့်တွေရှိတယ်ဆိုတာကိုAppaသိလား"

"ဟုတ်ကဲ့သိပါတယ်အဲ့တာကြောင့်လည်းသခင်လေးအတွက်ဒီစာကိုထားပေးခဲ့တာပါ"

ဟုပြောပြီးအတွင်းရေမှူးMoonပေးတဲ့စာကိုအိတ်ထဲကနေထုတ်ပြီးဖတ်လိုက်တယ်။

"သားလေးYoungHoon nahခုစာကိုဖတ်နေချိန်Appaသားနားမှာရှိချင်မှရှိမှာပါ။Appaအလုပ်ပဲလုပ်နေရလို့သားအတွက်အချိန်မပေးနိုင်ရင်လည်းAppaကိုခွင့်လွှတ်ပေးပါ။Appaမရှိတော့တဲ့အချိန်တွေဆိုရင်သားလေးCompanyကိုကောင်းကောင်းဦးစီးနိုင်တဲ့လူတော်တစ်ယောက်ဖြစ်အောင်လုပ်ပါ။တစ်ယောက်တည်းကြံ့ကြံ့ခံနိုင်အောင်လုပ်ပါ။ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံသားအကောင်းဆုံးကျော်ဖြတ်နိုင်အောင်လုပ်ပါ။သားအနာဂတ်မှာကြုံလာမဲ့အရာတွေကိုAppaအတတ်နိုင်ဆုံးကူညီပေးချင်လို့အတွင်းရေမှူးMoonကိုAppaအားလုံးပြောပြခဲ့တယ်။သားသူပြောတာကိုနားထောင်ပြီးAppaဖြစ်စေချင်တဲ့CEO Kim YoungHoonဖြစ်အောင်လုပ်ပါငါ့သား...မင်းမှာချစ်ရတဲ့သူရှိလာရင်လည်းသူနဲ့အတူအခက်အခဲတွေကိုကျော်ဖြတ်နိုင်အောင်လုပ်ပါမားမားမတ်မတ်နဲ့ရပ်တည်ပေးပါ။"

YoungHoonမှာစာလည်းဖတ်ပြီးရောထိန်းထားတဲ့မျက်ရည်တွေက ကျဆင်းလာပါတော့တယ်။ဒါပေမဲ့သူ့အနားမှာChangMinလည်းရှိနေတဲ့အတွက်စိတ်ကိုတင်းကာလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ်။ပြီးတော့ChamgMinလက်လေးကိုလည်းဆုပ်ကိုင်ထားကာအတွင်းရေးမှူးMoonမျက်နှာကိုသေချာစေ့စေ့ကြည့်၍ပြောလိုက်သည်

"ကျွန်တော်Kim Minaကိုရအောင်ရှင်းမယ်"

____________________________________

ဒီမှာရပ်ပါမယ်နော်....မနေ့ကupdateမလုပ်ဖြစ်တာTHEBOYZ ရဲ့သီချငးသစ်ထွက်တော့MV streamနေတာနဲ့မအားလို့ပါ😁

YoungHoonတစ်ယောက်နောက်ပိုင်းတွေကျရင်ဘယ်လိုတွေKim Minaကိုဘယ်လိုတွေလုပ်မလဲဆိုတာသိချင်ရင်ဆက်ဖတ်ကြည့်ကြပါလို့

Bạn đang đọc truyện trên: Truyen4U.Com