Chapter 7
"ကျွန်တော်Kim Minaကိုရအောင်ရှင်းမယ်"
ထိုသို့ပြောလိုက်တော့အတွင်းရေးမှူးMoonပြုံးလိုက်ပြီး....
"ဒါဆိုအဆင်သင့်ပြင်ထားပါတော့သခင်လေး"
YoungHoonလည်းခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။ပြီးတော့အတွင်းရေးမှူးMoonမှ...
"ဒီနေ့တော့သခင်လေးအနားယူလိုက်ပါဦးမနက်ဖြန်မှကျွန်တော်တို့စကြတာပေါ့"
"ကောင်းပါပြီ"
ဒီလိုနဲ့YoungHoonနဲ့ChangMinလည်းကားရပ်ထားတဲ့နေရာဆီပြန်လာလိုက်တယ်။
"ChangMin nah"
ကားထဲကိုဝင်မလိုလုပ်တော့YoungHoonမှခေါ်လိုက်သဖြင့်လှည့်ကြည့်လိုက်သည်။YoungHoonမှာChangMinနားလေးကိုတစ်လှမ်းတိုးလိုက်ပြီးChangMinမျက်နှာလေးအားသေချာကြည့်ကာ....
"ကျေးဇူးပါပဲChangMin nahကိုယ်နဲ့တူတူရှိနေပေးလို့"
ChangMinမှာတစ်ချက်ပြုံးလိုက်ပြီး...
"ရပါတယ်Hyungရဲ့မလိုပါဘူးကျွန်တော်ကHyungအဆင်ပြေရင်ပြီးတာပဲ"
ChangMinစိတ်ထဲတွင်သူYoungHoonအပေါ်ချစ်မိနေပြီလားဆိုတာတော့မသိပေမဲ့သူသိတာကYoungHoonအဆင်ပြေဖို့ရယ်နဲ့ပျော်ရွှင်ဖို့ရယ်ကသာအဓိကကျနေပါသည်။သူYoungHoonနဲ့ရှိရင်အမျိုးအမည်မသိတဲ့ခံစားချက်ကိုခံစားမိပေမဲ့ဘာလဲဆိုတာသူမသိချင်။ဒီတိုင်းYoungHoonနဲ့ရှိနေရရင်ကိုသူပျော်ပါသည်။
..............................
Hyungဗိုက်မဆာဘူးလား"
"အင်းနည်းနည်းတော့ဆာသလိုပဲ"
"အာ့ဆိုကျွန်တော်တို့တော့ပိုကီသွားစားကြမလား"
"တော့ပိုကီ????"
"အင်းလေHyungမစားဖူးဘူးလို့တော့မပြောနဲ့နော်"
"စားဖူးပါတယ်မစားဖြစ်တာကြာနေလို့ပါ"
"ဒါဆိုခုသွားစားရအောင်လေနော်"
YoungHoonမှာသူ့ဘေးကနေတော့ပိုကီစားချင်လို့ပူဆာနေတဲ့ကလေးလေးကိုကြည့်ပြီးအူယားလို့မဆုံး။ပြီးတော့စချင်လာတာနဲ့.....
"မရပါဘူးChangMinရဲ့တော့ပိုကီကစပ်တယ်စားရင်ဗိုက်အောင့်လိမ့်မယ်မစားနဲ့"
"သိပ်မစပ်တာစားမယ်လေ နော်....နော်လို့"
"No"
"ဟွန့်....စောနကတော့ကျေးဇူးတင်တယ်လေးဘာလေးနဲ့ခုတော့ပိုကီသွားစားဖို့ကြတော့လိုက်မပို့ဘူးသူခေါ်လို့လည်းလာရသေးတယ်"
YoungHoonမှာနှုတ်ခမ်းလေးထော်ကာစိတ်ဆိုးနေတဲ့ကောင်လေးကိုကြည့်ပြီးအသဲတွေအူတွေယားလွန်းလို့ကားကိုလမ်းဘေးချရပ်လိုက်သည်။
"Hyungဘာလို့ကားရပ်လိုက်တာတုန်းကျွန်တော်အိမ်ပြန်ရဦးမှာလေ"
"ဟင့်အင်းမပြန်ရပါဘူး"
"ဘာလို့တုန်း"
"စောနကပဲတော့ပိုကီစားချင်တယ်ဆိုအဲ့တာသွားစားမယ်လေ"
"အင်း...ဒါပေမဲ့ကားကိုဘာလို့ရပ်လိုက်တာတုန်း"
"ဒီတိုင်းပဲ"
"ထားလိုက်အာ့ဆိုလည်းတော့ပိုကီသွားစားရအောင်"
စောနကစိတ်ဆိုးလို့နှုတ်ခမ်းလေးထော်နေတစ်ယောက်ကချက်ချင်းမျက်လုံးဝိုင်းဝိုင်းလေးဖြင့်ပါးချိုင့်လေးတွေပေါ်အောင်ပြုံးကာကြည့်လာသောကြောင့်YoungHoonရင်ထဲနောက်တစ်ဖန်ကုလားဘုရားပွဲလှည့်နေပြန်သည်။
YoungHoon's pov - ကလေးရယ်ကိုယ့်ကိုအဲ့လိုမပြုံးပြပါနဲ့ကိုယ်စိတ်မထိန်းနိုင်ရင်ဆွဲနမ်းမိလိမ့်မယ်
ဆိုင်ရောက်တော့YoungHoonမှာမစားဘဲသူ့ကလေးလေးအားရပါးရစားနေပုံကိုကြည့်ပြီးကြည်နူးကာဝမ်းသာပီတိဂွမ်းဆီထိနေပါတော့တယ်။ပါးဖောင်းဖောင်းလေးနှစ်ဖက်ရယ်အစပ်စားလို့နီရဲနေတဲ့နှုတ်ခမ်းလေးရယ်ကအလွန်ပင်အသဲယားစရာကောင်းနေတယ်။သူကြည့်နေတာဘယ်လောက်ပင်ကြာသွားသည်မသိChangMinခေါ်တော့မှသတိပြန်ဝင်လာသည်။
"Hyung....Hyung.....YoungHoon Hyung!"
"အော....ဟင်....ပြောChangMin nah"
""Hyungဘာတွေအဲ့လောက်တောင်ငေးနေတာတုန်းမစားဘူးလား"
"အင်း...စားပါ့မယ်"
နှစ်ယောက်သားစားပြီးသွားကြတော့အစပ်ပြေရေခဲမုန့်လေးကိုယ်စီစားရင်းကားဆီလာခဲ့ကြတယ်။ဒီနေ့လေးဟာမသိရင်သူတို့နှစ်ယောက်ရဲ့Dateလေးလိုပဲ။Dateမဟုတ်တဲ့Dateလေးပေါ့။
..........................
နောက်နေ့ကြတော့YoungHoonလည်းChangMinကိုထပ်ခေါ်ပြီးအတွင်းရေမှူးMoonဆီထပ်သွားလိုက်ကြတယ်။အတွင်းရေးမှူးMoonကနှစ်ယောက်လုံးကိုYoungHoon Appaထားပေးခဲ့တဲ့အဖွဲ့ရှိရာဆီခေါ်သွားလိုက်တယ်။ဂိုဏ်းလိုပုံစံမျိုးနဲ့ဖွဲ့ထားတဲ့YoungHoon Appaရဲ့အထူးအဖွဲ့ကနိုင်ငံခြားမှာသူလျှိုအလုပ်လုပ်ကြတဲ့သူတွေဖြစ်ကြတယ်။YoungHoon Appaကထိုလူတွေကိုရအောင်စုပြီးအဖွဲ့ဖွဲ့ထားကာသူ့သားအနာဂတ်အတွက်အထောက်အပံ့သဘောမျိုးနဲ့ထားခဲ့လိုက်တယ်။ဒါကိုသိသူကအတွင်းရေးမှူးMoonတစ်ယောက်ထဲပင်။YoungHoon Ommaတောင်ဒီကိစ္စကိုမသိခဲ့ပါ။
အတွင်းရေးမှူးMoonကအားလုံးကိုရှင်းပြပြီးတဲ့နောက်YoungHoonကိုလည်းဒီမှာလေ့ကျင့်ဖို့ပြောလိုက်တယ်။YoungHoonအလယ်တန်းတုန်းကAppaပို့သည့်အတွက်ဂျူဒိုသင်တန်းတော့သွားဖူးသည်။နည်းနည်းတော့တိုက်တတ်ခိုက်တတ်ပေမဲ့နောက်ပိုင်းဘယ်လိုတွေကြုံလာမလဲဆိုတာမသိနိုင်တာမလို့YoungHoonကိုလေ့ကျင့်ခိုင်းခြင်းဖြစ်သည်။
ထိုနေ့မှစပြီးYoungHoonပိတ်ရက်တိုင်းနီပါးလာကာလေ့ကျင့်ဖြစ်သည်။ဒေါ်လေးသံသယမဝင်အောင်လည်းသူငယ်ချင်းနှင့်အတူတူလည်မည်ပြောကာထွက်လာခြင်းဖြစ်သည်။သူ့ဒေါ်လေးမှာတော့YoungHoonတစ်ယောက်အရင်လိုပုံမှန်ပြန်ဖြစ်လာသည်ဟုပဲတွေးကာနည်းနည်းမှတော့သံသယမဝင်မိ။အဲ့လိုဖြစ်အောင်လည်းYoungHoonကပိပိရိရိလုပ်ထားခြင်းဖြစ်သည်။သွားတိုင်းလည်းChangMinကိုခေါ်သွားလေ့ရှိသည်။ChangMinမှာလည်းတစ်ချက်မှငြိုငြင်ခြင်းမရှိလိုက်ကူပေးသည်။ခုလည်းYoungHoonလေ့ကျင့်နေတာကိုထိုင်ကြည့်ရင်းစောင့်ပေးနေမိသည်။YoungHoonမှာလည်းသူဘယ်လောက်ပဲလေ့ကျင့်ထားလို့ပင်ပန်းပါစေသူ့ကိုထိုင်စောင့်ပေးနေတဲ့ချစ်စရာကောင်လေး...တစ်မျိုးပြောရလျှင်သူ့ရဲ့ကလေးလေးမျက်နှာကိုမြင်ရရင်စိတ်တွေချမ်းသာပြီးမောနေသမျှတွေအကုန်ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။
ခုလည်းသူ့ကိုထိုင်စောင့်နေတဲ့ပုံလေးကအရမ်းချစ်ဖို့ကောင်းလွန်းနေသည်။လေ့ကျင့်တာပြီးသွားတော့YoungHoon ChangMinဆီသွားလိုက်သည်။
ရိုးရိုးShirtအဖြူနဲ့အားကစားဘောင်းဘီအနက်ရောင်ကိုပဲဝတ်ဆင်ထားတဲ့YoungHoonဟာရိုးရိုးလေးနဲ့ကိုချောလွန်းနေတယ်။ခုမှလေ့ကျင့်ပြီးတာဖြစ်တာမလို့ဖြူဥနေတဲ့အသားအရည်ပေါ်မှာတင်နေတဲ့ချွေးစက်လေးတွေကအလွန်ပင်ဆွဲဆောင်မှုရှိလွန်းနေတယ်။လှမ်းလာနေရင်းနဲ့ဆံပင်ကိုလက်နဲ့သပ်တင်လိုက်တော့ကြည့်နေတဲ့ChangMinလေးမှာအသက်ရှူပင်မမှန်ချင်တော့။
ChangMin's pov - ဘယ်လိုတောင်ချောရက်တာလဲHyungရယ်
"စောင့်နေတာကြာသွားလား"
"ဟင့်အင်းမကြာပါဘူးHyungရဲ့"
"အာ့ဆိုကိုယ်ခနရေချိုးလိုက်ဦးမယ်နော်"
"ဟုတ်ကဲ့Hyung"
YoungHoon Appaကထိုအဖွဲ့အတွက်အိမ်နဲ့ခြံကိုပါဝယ်ထားခြင်းဖြစ်တာကြောင့်အကုန်အဆင်သင့်ပင်။ထိုအိမ်မှာလည်းYoungHoonနာမည်နဲ့ဝယ်ထားတဲ့အိမ်ပင်ဖြစ်သည်။
YoungHoonရေချိုးပြီးဆင်းလာတော့အောက်ထပ်ကဧည့်ခန်းမှာသူ့ကိုထိုင်စောင့်နေတဲ့ကလေးလေး။
"အော်...Hyungတောင်ပြီးပြီပဲဒါဆိုကျွန်တော်တို့ပြန်တော့မလား"
"အင်း...ဒါပေမဲ့အိမ်ကိုတော့မပြန်သေးဘူး"
"ဘယ်သွားစရာရှိသေးလို့လဲHyungရဲ့"
YoungHoonမှာသူ့ကိုစိတ်ရှည်လက်ရှည်နဲ့သူခေါ်တိုင်းလည်းလိုက်...ဘယ်လောက်ကြာကြာထိုင်စောင့်ပေးနေတတ်တဲ့ကလေးလေးကိုသူဒီနေ့တော့စိတ်တိုင်းကျသွားချင်တဲ့နေရာလိုက်ပို့ပေးမယ်ဟုဆုံဖြတ်ထားခြင်းဖြစ်သည်။ဒါကြောင့်လေ့ကျင့်တာကိုတောင်နည်းနည်းပဲလုပ်ခြင်းဖြစ်သည်။
"ဒီနေ့ChangMinသွားချင်တဲ့နေရာတွေကိုယ်လိုက်ပို့ပေးမလားလို့....ဘယ်သွားချင်တုန်း"
"ရပါတယ်Hyungရဲ့.....မလိုပါဘူးHyungလည်းပင်ပန်းနေပြီပဲကို"
"ဟင့်အင်း....ကိုယ်ကလိုက်ပို့ပေးချင်လို့ပါ"
ChangMinလည်းသူ့ကိုဒီလိုမျိုးသူသွားချင်တဲ့နေရာလိုက်ပို့ပေးမယ်ဆိုတာကိုသူမငြင်းချင်ပါသူလည်းHyungနဲ့တူတူလျှောက်လည်ချင်သည်။ဒါပေမဲ့Hyungကပင်ပန်းနေပြီလေပြီးေတ့ာCompanyအလုပ်တွေကလုပ်ရဦးမယ်မလား။သူအဲ့လိုတော့YoungHoonအပေါ်မရက်စက်ချင်ပါ။ဒါကြောင့်သူအကြံတစ်ခုပေါ်လာသည်။
"အာ့ဆို....Hyungကျွန်တော့်ကိုMarketခနလိုက်ပို့ပေးပါလား"
"Marketကို....ဘာလို့တုန်းChangMinရဲ့သွားစရာနေရာတွေဒီလောက်အများကြီးကို"
"Hyungရောကျန်တဲ့လူတွေရောပြီးတော့အတွင်းရေးမှူးMoonလည်းပင်ပန်းနေကြပြီမလားအဲ့တော့ခုလည်းညနေရောက်ခါနီးနေပြီဆိုတော့ကျွန်တော်တစ်ခုခုချက်ကျွေးချင်လို့ပါအပြင်သွားလည်မှာထက်စာရင်ဒီမှာပဲတစ်ခုခုချက်စားလိုက်တာကောင်းတယ်မလား"
YoungHoonစိတ်ထဲတော်တော်လေးဝမ်းသာမိသွားသည်။ChangMinလေးမှာသူကြိုက်တဲ့နေရာတွေသွားလို့ရပေမဲ့ခုတော့အကုန်လုံးတွက်တွေးပေးပြီးသူကိုယ်တိုင်တောင်ချက်ကျွေးမှာဆိုတော့ChangMinကိုသူတော်တော်လေးချီးကျူးမိသွားသည်။
"ကောင်းပါပြီအာ့ဆိုလည်းChangMinသဘော"
ဒီအိမ်မှာကပုံမှန်စားဖို့သောက်ဖို့အတွက်ဆိုရင်အဖွဲ့ထဲကနည်းနည်းချက်တတ်တဲ့သူကလုပ်ပေးနေကြမလို့ချက်စရာပြုတ်စရာတွေတော့အဆင်သင့်ရှိသည်။YoungHoonလည်းChangMinနဲ့တူတူMarketကိုစျေးဝယ်ထွက်လာလိုက်ကြသည်။
"ChangMinကဟင်းချက်တတ်တာလား"
"ဟုတ်တယ်Hyung Ommaမအားတဲ့နေ့တွေဆိုNoonaတို့ကိုကူရင်းနဲ့ချက်တတ်သွားတာ"
"အော်...အာ့ဆိုဒီနေ့ChangMinလက်ရာကိုစားရတော့မှာပေါ့"
သူတို့နှစ်ယောက်စျေးဝယ်ထွက်နေရင်းမလှမ်းမကမ်းကနေမြင်လိုက်တဲ့သူနှစ်ဦးရှိပါတယ်။သူတို့နှစ်ယောက်ကတော့အခြားသူမဟုတ်SunWooနဲ့ChanHeeတို့ပဲဖြစ်ပါတယ်။
"SunWoo yah ဟိုမှာChangMinနဲ့YoungHoon sunbaeမလား"
SunWooလည်းChanHeeပြတဲ့နေရာကိုကြည့်လိုက်တော့......
"ဟင်....ဟုတ်သားပဲသူတို့နှစ်ယောက်ကဒီကိုဘာလာလုပ်ကြတာလဲ"
"အော်....Marketကိုလာမှတော့စျေးလာဝယ်တာပေါ့"
"အဲ့တာကသိတယ်လေနှစ်ယောက်သားကဘယ်လိုမလို့တူတူစျေးဝယ်လာတာလဲလို့မေးချင်တာဝယ်နေတဲ့ပစ္စည်းတွေကိုလည်းကြည့်ဦးအများကြီးပဲ"
"ဟုတ်သားပဲနော်......ထားပါလေနှစ်ယောက်သားစျေးဝယ်ရင်းတွေ့တာနေမှာပါ"
"အေးအဲ့လိုပဲတွေးလိုက်ပါ့မယ်"
နှစ်ယောက်သားကတော့အဲ့လိုပဲတွေးမယ်လို့စိတ်ကူးထားပေမဲ့တစ်ကယ်တမ်းကျတော့သိချင်စိတ်တွေကတစ်ဖွားဖွား....ကျောင်းရောက်မှမေးမယ်လို့စဥ်းစားပြီးသူတို့လည်းပြန်လာလိုက်ကြတော့တယ်။ဟိုဘက်ကနှစ်ယောက်သားကတော့ပျော်ပျော်ကြီးစျေးတွေဝယ်လို့ပေါ့။ကျောင်းဖွင့်ရင်တော့သူတို့ကိုမေးခွန်းတွေတစ်စီတစ်တန်းကြီးမေးမယ်ဆိုတာတော့နှစ်ယောက်သားမသိကြပါလေ။
Time skip......
YoungHoon နဲ့ ChangMinတို့နှစ်ယောက်တူတူစျေးဝယ်ပြီးပြန်လာတော့ChangMin ဟင်းချက်ဖို့မီးဖိုချောင်ထဲဝင်သွားလိုက်တာပေါ့။YoungHoonမှာChangMinကိုကူပေးချင်ပေမဲ့သူကိုယ်တိုင်ကလည်းဘာမှမလုပ်တတ်တာတစ်ကြောင်း.....ChangMinကလည်းသူ့ကိုပင်ပန်းနေမှာစိုး၍မကူခိုင်းတာကတစ်ကြောင်းဆိုတော့သူလည်းChangMinဟင်းချက်နေတာလေးကိုပဲတိတ်တခိုးလေးလှမ်းကြည့်နေတော့တာပေါ့။
Apron ပန်းရောင်လေးကိုဝတ်ထားပြီးတော့ဟင်းချက်နေတဲ့သူ့ကလေးလေးကခုကြတော့လည်းတစ်ကယ့်ကိုအိမ်ရှင်မလေးတစ်ယောက်လို။YoungHoonဖုန်းတစ်ချက်ထုတ်ပြီးတော့သူမသိခင်လေးအမြန်ဓာတ်ပုံရိုက်လိုက်တယ်။ChangMinရှိရာမီးဖိုချောင်ထဲကိုဝင်သွားလိုက်တော့......
"အော်...Hyungဗိုက်ဆာနေပြီလား"
"ဟင့်အင်း..မဆာသေးပါဘူးChangMinဟင်းချက်နေတာကိုလာကြည့်တာ"
"အင်းပါခနလေးတော့စောင့်ဦးနော်ဟင်းရည်ကနဲနဲလိုနေသေးလို့"
သူ့ကိုလည်းပြောလည်းပြောဟင်းရည်အိုးလေကိုလည်းမွှေနေတဲ့သူ့ကလေးလေးကအလွန်ပင်ချစ်ဖို့ကောင်းလွန်းလှပါတယ်။ပြီးတော့ဟင်းရည်ကိုဇွန်းလေးနဲ့ခပ်ပြီးအရသာစမ်းနေတဲ့ပုံလေးကလည်းအလွန်ပင်အသည်းယားလွန်းလို့YoungHoonစိတ်ထဲဖက်နမ်းချင်တာကိုမနည်းမျိုသိပ်ထားရတယ်။
ခနကြာတော့ဟင်းတွေလည်းအကုန်ရပြီဖြစ်တာကြောင့်ChangMinလည်းYoungHoonကိုပြောကာကျန်တဲ့လူတွေကိုသွားခေါ်လိုက်တယ်။
"Hyung nimတို့ညစာစားလို့ရပါပြီနော်"
"ဟင်..?ညစာက....ဘယ်တုန်းကချက်လိုက်တာတုန်း"
ကျန်တဲ့သူတွေကသူတို့ဘာသာနေနေကြတာဆိုတော့ChangMinတို့စျေးသွားဝယ်ပြီးဟင်းချက်တာကိုဘယ်သူမှမသိလိုက်ကြပါ။
ထမင်းစားပွဲနားကိုရောက်တော့အကုန်လုံးမျက်လုံးများပင်ပြူးသွားရလေသည်။ဟင်းများလည်းစားပွဲအပြည့်နေရာယူလျက်အရသာမပြောနဲ့အနံ့ရတာနဲ့တင်ဟင်းတွေကအရသာရှိမယ်မှန်းခန့်မှန်းနိုင်သည်။ချက်ထားသည့်တုံယမ်းဟင်းရည်မှာလည်းအငွေ့တစ်ထောင်းထောင်းထကာလူကိုစားချင်အောင်ဆွဲဆောင်နေသယောင်။
"ဒါတွေအကုန်လုံးကိုဒီကအကိုလေးတစ်ယောက်တည်းချက်ထားတာလား"
"ဟုတ်ပါတယ်"
"ဝါး......မိုက်လိုက်တာ"
အကုန်လုံးလည်းစားကြည့်ကြတော့အရသာမှာပြောစရာမလိုလောက်ကောင်းသဖြင့်အဖွဲ့ထဲမှအငယ်ဆုံးလေးက.....
"ဝါး....သခင်လေးရဲ့ချစ်သူကဟင်းချက်တော်လိုက်တာ"
ထိုသို့ပြောလိုက်တော့ChangMinတစ်ယောက်ဟင်းရည်သောက်နေရင်းပင်သီးသွားလေးတော့သည်။YoungHoonတစ်ယောက်ကတော့ပြုံးမိသွားတာပေါ့။အတွင်းရေးမှူးMoonမှ....
"မင်းမဟုတ်တာတွေမပြောစမ်းနဲ့ဒါသခင်လေးရဲ့သူငယ်ချင်း"
"အော်....ကျွန်တော်ကမသိလို့နော်...သခင်လေးကအဲ့ဒီ့အကိုလေးကိုဆိုခနခနလှမ်းကြည့်နေလို့လေ...လေ့ကျင့်နေရင်းနဲ့လည်းလှမ်းကြည့်နေတာမလို့"
အငယ်ဆုံးလေးကပွင့်ပွင့်လင်းလင်းရှိသူပြီပြီသူ့စိတ်ထဲမှာရှိတာကိုပြောလိုက်တော့ဒီတစ်ခါသီးသွားသူကYoungHoonပင်။ပြီးတော့ChangMinဘက်ကိုလှည့်ကြည့်လိုက်တော့ထမင်းကိုသာငုံ့စားနေလေရဲ့။
"အငယ်လေး...မင်းစားစရာရှိတာဆက်စားမလားpush upအခါတစ်ရာလုပ်မလား"
အတွင်းရေးမှူးMoonမှထပ်ငေါက်လိုက်တော့ခေါင်းလေးငုံ့ကာထမင်းဆက်စားနေလိုက်သည်။
"ဟို...အကိုလေးစိတ်မရှိနဲ့နော်အငယ်လေးကအဲ့လိုပဲသူပြောချင်ရာဇွတ်ပြောတာ"
"ဟုတ်....ရပါတယ်ဗျ"
ဒီလိုနဲ့စားသောက်ပြီးကြတော့YoungHoonလည်းChangMinကိုအိမ်ပြန်လိုက်ပို့ပေးလိုက်တယ်။သူတို့အိမ်ကိုတော့မုသာဝါဒပေါင်းစုံနဲ့ဆင်ခြေပေးထားရတာပေါ့။အမှန်တော့ChangMinကလိမ်ပြောတတ်တဲ့ကလေးလေးတစ်ယောက်မဟုတ်ပါ။ဒါပေမဲ့သူYoungHoonကိုလိုက်ကူပေးတာပြောမိရင်YoungHoonဖုံးကွယ်ထားချင်တဲ့အကြောင်းအရာတစ်ချို့သိသွားပြီးYoungHoonပဲနေရခက်မှာကိုသူစိုးရိမ်သည့်အတွက်လိမ်ပြောထားရခြင်းဖြစ်ပါတယ်။
____________________________________
ကဲဒီမှာရပ်မယ်နော်ဆက်ရေးရင်ဒီထက်ရှည်သွားမှာစိုးလို့ပါ😅စာလုံးရေလည်း2000ကျော်နေပြီဆိုတော့.....
Bạn đang đọc truyện trên: Truyen4U.Com