Chapter 8
နောက်နေ့ကျောင်းရောက်တော့ChanHeeနှင့်SunWooမှာသူတို့မေးချင်တာတွေမေးဖို့စောင့်နေလေရဲ့။မနက်ပိုင်းကတော့YoungHoonနဲ့ChangMinအတူတူမရှိတာမလို့နေ့လည်ထမင်းစားဆင်းမှသာမေးဖြစ်လိုက်သည်။
YoungHoonမှာChangMinနှင့်JaeHyunခေါ်သောကြောင့်ChanHeeတို့နှင့်အတူတူထမင်းစားဖြစ်ကြသည်။စစချင်းတူတူစားမယ်လုပ်တော့SunWooနှင့်JuYeonမှာအလွန်ပင်အံ့သြခဲ့ကြပါသေးသည်။ခုတော့အတူတူစားကြတာအဆင်ကိုပြေလို့။
"ကဲနေကြဦးငါမေးစရာရှိသေးလို့"
ChanHeeမှအားလုံးမစားခင်ထပြောလိုက်သောကြောင့်SunWooမှလွဲ၍ကျန်တဲ့သူတွေကဘာလဲဆိုသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။ထို့နောက်ChanHeeကChangMin
နဲ့YoungHoonမျက်နှာကိုတစ်လှည့်စီကြည့်ပြီးမေးလိုက်သည်။
"ChangMin nahနင်YoungHoon sunbaeနဲ့တွဲနေပြီလား"
"ဟင်...."
ဒါကတော့JuYeonနဲ့JaeHyunတို့ဆီမှအသံဖြစ်သည်။YoungHoonနဲ့ChangMinမှာလည်းရုတ်တစ်ရက်ကြီးဆိုတော့မျက်လုံးပြူးသွားသည်။
"မဟုတ်ပါဘူးChanHeeကလည်းဘာလို့အဲ့လိုမေးတာတုန်း"
"မနေ့ကငါနဲ့SunWoo Marketသွားရင်းနဲ့နင်တို့နှစ်ယောက်ကိုတူတူတွေ့လိုက်လို့လေ"
ထိုအခါJaeHyunမှ....
"Yar...မဖြစ်နိုင်တာမပြောနဲ့YoungHoonလိုကောင်ကMarketမှာသွားပြီးစျေးဝယ်နေမဲ့ကောင်မဟုတ်ဘူး"
"မဟုတ်ပါဘူးငါတို့တစ်ကယ်တွေ့ခဲ့တာ"
ထိုအခါမှYoungHoonက....
"အော်...အဲ့တာက.....ဟို.......ငါနဲ့ChangMinနဲ့မထင်မှတ်ပဲတွေ့လို့စကားပြောနေကြတာပါငါကငါ့အဒေါ်ဝယ်ခိုင်းလိုက်လေးရှိလို့လေ"
"ဟုတ်တယ်ငါလည်းအိမ်အတွက်ဝယ်စရာတွေရှိလို့ဝယ်ရင်းနဲ့Hyungနဲ့တွေ့တာ"
အဲ့တော့မှSunWooက.....
"အော်...အဲ့လိုကိုး...မသိဘူးလေမင်းတို့နှစ်ယောက်ပုံစံကြည့်ရတာကကြင်စဦးလင်မယားတွေစျေးဝယ်လာကြသလိုပဲ"
SunWooပြောလိုက်တဲ့စကားကြောင့်တစ်ဝိုင်းလုံးမစားရသေးတဲ့ထမင်းတောင်နင်သွားသလိုပင်။
"Kim Sun Wooနင်စကားပြောရင်ရှေ့နောက်ကြည့်ပြောစမ်း"
ChanHeeမှထငေါက်လိုက်သဖြင့်SunWooမှာ....
"အင်းပါChanHeeလေးကလည်းကိုယ်ကဒီအတိုင်းစလိုက်တာကို"
YoungHoonကတော့SunWooပြောလိုက်တဲ့စကားကြောင့်နည်းနည်းတော့ပီတိတွေဖြာသွားပြီးပြုံးယောင်သမ်းသွားတာပေါ့။ဒါကိုမြင်လိုက်တဲ့JaeHyunက.....
"Ya...Kim YoungHoonမင်းအခုပြုံးလိုက်တာလား"
"ဟင်.....အင်း"
JaeHyunသည်သူ့အိပ်ကပ်ထဲကဖုန်းကိုအမြန်ထုတ်ယူလိုက်ပြီးContactထဲဝင်ကာလူတစ်ယောက်ကိုဖုန်းဆက်လိုက်သည်။ကျန်တဲ့သူတွေကလည်းထူးဆန်းသည့်အကြည့်များဖြင့်ကြည့်နေကြသည်။
"ဟယ်လို....အကိုရေကျွန်တော့်ကိုလေထီငါးထောင်တန်သုံးခုလောက်ထိုးထားပေးပါကျွန်တော့်နာမည်နဲ့နော်"
ဖုန်းချပြီးသွားတော့JaeHyunကသွားကြီးဖြီးကာရယ်ပြပြီး.....
"အဲ့လိုပဲဒီကောင်ရယ်တာမရှိသလောက်ကိုရှားတော့အခွင့်ကောင်းတုန်းထီထိုးထားတာလေ"
"ဟျောင့်...မင်းနော်ငါကောက်ထုလိုက်ရ"
"ဘာလို့လဲငါပြောတာမှားလား"ဟုဆိုကာလျှာထုတ်ပြောင်ပြနေတော့ထိုဝိုင်းထဲရှိတစ်ယောက်သောကောင်လေးမှာကြည့်ပြီးအူယားနေလေသည်။
......................
ထမင်းစားပြီးတော့JaeHyunတစ်ယောက်ဟိုစပ်စုဒီစပ်စုသွားရင်းနဲ့ဘောလုံးကွင်းကိုရောက်လာတယ်။ဒီလိုပဲသူ့အကျင့်အတိုင်းဟိုလူလိုက်ကြည့်ဒီလူလိုက်ကြည့်နဲ့ကြည့်နေတုန်းသူ့အသိတစ်ယောက်ကောင်ေလးတစ်ယောက်မှလှမ်းခေါ်လိုက်သည်။
"JaeHyun nah"
"အော်...SangYeon"
"ဟိုဟာလေငါ့ကိုတစ်ခုလောက်ကူညီပေးပါလား"
"အေးပြောလေ"
"ငါ့အဝတ်အစားလေးတွေကိုကစားသမားတွေနားတဲ့အခန်းထဲသွားထားပေးပါလားငါကဘောလုံးကန်ရတော့မှာဆိုတော့"
"ရပါတယ်ပေးငါသွားထားပေးမယ်အခန်းကဒုတိယအထပ်မှာမလား"
"အေးဟုတ်တယ်ကျေးဇူးပဲသားကြီးရေ"
"မလိုပါဘူး"
ဒီလိုနဲ့JaeHyunလည်းသူ့သူငယ်ချင်းအဝတ်အစားတွေကိုသွားထားဖို့နားနေခန်းကိုလာလိုက်တယ်။နားနေခန်းထဲရောက်တော့မမျှော်လင့်ထားတဲ့မြင်ကွင်းကိုမြင်လိုက်ရသဖြင့်JaeHyunတစ်ယောက်အသက်ရှူတောင်မမှန်ချင်ဖြစ်သွားသည်။သူမြင်လိုက်ရသည်က
နားနေခန်းထဲတွင်အဝတ်အစားလဲနေသောJuYeon။အဝတ်အစားလဲနေတုန်းဖြစ်သဖြင့်အပေါ်ပိုင်းကအဝတ်မပါဗလာဖြစ်နေသောကြောင့်JuYeon၏ကိုယ်ကိုအတိုင်းသားမြင်နေရသည်။JaeHyunတစ်ယောက်လန့်၍ရပ်နေသည်။
JaeHyun's pov - ဒီကောင်ငါ့ထက်ငယ်တာကိုဘယ်လိုတောင်ခန္ဓာကိုယ်ကမိုက်နေတာလဲ
"ဟိတ်....မတ်တပ်ကြည့်အိပ်နေတာလား"
"ဟင်..မ..မဟုတ်ပါဘူး"
"ဘာလာလုပ်တာတုန်း....အာ....မဟုတ်မှလွဲရောကျွန်တော့်ကိုလာချောင်းတာလား"
"ဖြစ်...ဖြစ်စရာလား.... ငါ့ဘာသာလာတာ"
"အော်....ဒါနဲ့လက်ထဲကအထုပ်တွေက..."
"ငါ့သူငယ်ချင်းတစ်ယောက်ရဲ့အဝတ်ထုပ်သူထားခိုင်းလိုက်လို့....အဲ့တာSangYeonရဲ့lockerကဘယ်မှာလဲ"
"ဒီမှာ"
JaeHyunတစ်ယောက်မကူညီခဲ့ရင်ကောင်းသားလို့တောင်စဥ်းစားမိသည်။SangYeonရဲ့Lockerကလည်းတိုက်တိုက်ဆိုင်ဆိုင်JuYeonဘေးမှာဖြစ်နေတယ်။
JaeHyun's pov - ငါနော်ရှင်ချင်တယ်
JaeHyunလည်းမရဲတစ်ရဲနဲ့lockerနားလေးသွားပြီးအဝတ်ထုတ်ကိုထည့်လိုက်တယ်။JuYeonကတော့အကျီဝတ်နေရင်းသူ့ကိုရှက်နေတဲ့ကောင်လေးကိုစချင်တာကြောင့်.....
"Sunbaeကျွန်တော့်ကိုရှက်နေတာလား"
"မ...မဟုတ်ပါဘူး"
"မဟုတ်ဘူးသာပြောတယ်မျက်နှာတစ်ခုလုံးကTomatoဖြစ်နေပြီ....sunbaeကျွန်တော့်bodyကိုကြွေသွားတာမလား"
"ချီးလို....မင်းBodyကိုငါကကြွေရမှာလား...စိတ်ကူးယဥ်မနေနဲ့ငါသွားပြီ"
JaeHyunတစ်ယောက်ရှက်ရှက်နဲ့ထွက်ပြေးမယ်ကြံတော့JuYeonကသူ့လက်ကိုလှမ်းဆွဲပြီးLockerနားကိုကျောကပ်လိုက်သည်။ရုတ်တစ်ရက်မလို့JaeHyunလည်းလန့်သွားသည်။ပြီးတော့သူရှေ့မှာရပ်နေတဲ့JuYeonကိုကြည့်မိတော့ကျောင်းဝတ်စုံshirtအဖြူကိုကြယ်သီးအပေါ်ကသုံးလုံးလောက်ဟထားတော့ရင်ဖတ်ဖြူဖြူလေးကအတိုင်းသား။
နှာတံမှာလည်းဖြောင့်စင်းနေချက်ကသူတောင်လျှောစီးလို့ရလောက်တယ်။မေးရိုးသွယ်သွယ်...စိုစွတ်နေတဲ့နှုတ်ခမ်း....ငြို့အားပြင်းလွန်းတဲ့မျက်လုံး....နဖူးပေါ်ဝံကျနေတဲ့ဆံနွယ်....
JaeHyunတစ်ယောက်ငေးကြည့်နေမိရင်းတံထွေးတောင်မြိုချမိတယ်။
JaeHyun's pov - ဒီကောင်ဘာလို့ဒီလောက်ချောနေတာလဲ
"ခုတော့ကြွေသွားပြီမလား"
"ဟင်....ငါ....ငါ....ဟို....သွားပြီ"
JaeHyunလည်းရှက်ရမ်းတွေရမ်းပြီးပြောစရာစကားလုံးတောင်ပျောက်သွားတာမလို့JuYeonကိုအားနဲ့ဆောင့်တွန်းပြီးထွက်ပြေးလာလိုက်တယ်။JuYeonတစ်ယောက်ကတော့ထွက်ပြေးသွားတဲ့ကောင်လေးကိုကြည့်ပြီးအူယားလို့မဆုံး။
(ဒါကJuYeonနဲ့JaeHyunပုံလက်ဆောင်...ဟိုတစ်နေ့ကliveမှာရိုနေကြတာ😂)
......................................
ဒီနေ့ကစနေနေ့....ပိတ်ရက်ဆိုတော့ထုံးစံအတိုင်းChangMinတစ်ယောက်YoungHoonလေ့ကျင့်နေတာကိုစောင့်ပေးနေတာပေါ့။ဒီနေ့တော့သူအိမ်ထဲမှာပဲထိုင်စောင့်နေသည်။အကြောင်းမှာYoungHoonကဒီနေ့သေနတ်ပစ်လေ့ကျင့်ရမှာဆိုတော့ဆူညံနေမှာကတစ်ကြောင်းပြီးတော့သူ့ကလေးလေးကြောက်နေမှာကတစ်ကြောင်းနဲ့ဆိုတော့YoungHoonကိုယ်တိုင်ပင်အိမ်ထဲမှာစောင့်ခိုင်းထားခြင်းဖြစ်သည်။
YoungHoonလည်းလေ့ကျင့်ပြီးသွားတော့ဧည့်ခန်းထဲမှာထိုင်နေတဲ့သူ့ကလေးလေးကိုတစ်ချက်ကြည့်လိုက်မိသည်။သူစတွေ့တုန်းကလိုဘောင်းဘီတိုအဖြူလေးနဲ့ဒီတစ်ခါတော့Hoodieမိုးပြာရောင်လေးဝတ်ထားပြီးဒူးလေးနှစ်ဖက်ထောင်ကာဆိုဖာမှာမီပြီးစာအုပ်ဖတ်နေပုံလေးကYoungHoonရဲ့စိတ်ကိုစမ်းနေသလိုလို။သူ့လည်းမြင်ရောချက်ချင်းထလာကာ........
"Hyungတောင်ပြီးပြီပဲ....အအေးပဲဖြစ်ဖြစ်သောက်ဦးမလားကျွန်တော်ဖျော်ပေးမယ်လေ"
သူမောနေတာကိုသိ၍ပါးချိုင့်လေးပေါ်အောင်ပြုံးကာအအေးဖျော်ပေးမယ်ပြောနေသောကလေးလေးရယ်ပါ။
"အင်းသောက်မယ်လေကိုယ်ခုတော့ရေသွားချိုးလိုက်ဦးမယ်"
ChangMinလည်းခေါင်းငြိမ့်ပြလိုက်ပြီးအအေးဖျော်ရန်မီးဖိုချောင်ထဲသို့ဝင်သွားလိုက်သည်။လုံးလုံးလေးနဲ့ပြေးသွားတဲ့ထိုကောင်လေးကိုကြည့်ပြီးYoungHoonပြုံးမိပြန်သည်။တစ်ခြားသူတွေအံ့သြမယ်ဆိုလည်းအံ့သြချင်စရာမိဘနှစ်ပါးလုံးဆုံးသွားကတည်းကအရယ်အပြုံးနည်းလာခဲ့တဲ့ဒီကောင်လေးဟာဒီလိုချစ်စဖွယ်ကလေးသာသာကောင်လေးကိုတွေ့ပြီးမျက်နှာမှာအပြုံးတွေပြန်ဝေဆာလာတယ်ဆိုတော့။ထိုအပြုံးတွေဟာလည်းတစ်ကယ့်ကိုရင်ထဲမှနှစ်နှစ်ကာကာပြုံးတဲ့အပြုံးတွေဖြစ်ပြီးChangMinလေးကြောင့်ပဲဖြစ်တည်လာတဲ့အပြုံးတွေပါ။
ChangMinလည်းဖရဲသီးလေးတွေကိုစိတ်ပြီးဖျော်စက်ထဲထည့်ကာမွှေလိုက်သည်။ပြီးတော့အရသာချိုစေရန်သကြားအနည်းငယ်လည်းထည့်လိုက်သည်။ဖန်ခွက်ထဲထည့်ပြီးသွားတော့အပေါ်ကနေပူစီနံနှစ်ပင်လောက်တင်လိုက်တော့သောက်ချင်စရာအတိ။ChangMinလည်းသူဖျော်ထားတဲ့ဖျော်ရည်လေးကိုကြည့်ပြီးပြုံးလိုက်မိသည်။ငါကိုယ်တိုင်ဖျော်ထားတာကိုHyungကသောက်မှာဆိုသောစိတ်ကလေးဖြင့်။
အမှန်တိုင်းပြောရလျှင်ChangMinသည်YoungHoonအတွက်ဆိုလျှင်သူတတ်နိုင်တာမှန်သမျှအကုန်လုပ်ပေးချင်မိသည်။သူYoungHoonနဲ့တူတူရှိနေလျှင်ပျော်သည်။ရင်ခုန်သည်။သူ့ကိုအယုံကြည်ရဆုံးသူပါဆိုပြီးပြောတုန်းကဆိုရင်ChangMinရင်ထဲဝမ်းသာလုံးတွေဆို့တက်လာသည်။Hyungရဲ့အယုံကြည်ရဆုံးသူဖြစ်ရတာတော်တော်ကံကောင်းတာပဲလို့တွေးမိရင်းပေါ့။
ဖျော်ရည်ခွက်လေးကိုဧည့်ခန်းထဲကစားပွဲပေါ်မှာထားလိုက်သည်။ပြီးတော့စားပွဲပေါ်မှYoungHoonရဲ့towelကျန်နေခဲ့တာမြင်တော့....
"Hyungကတော့towelကြီးကျန်ခဲ့တော့သူဘယ်လိုခေါင်းသုတ်တော့မှာတုန်း...ငါပဲသွားပေးလိုက်ပါ့မယ်လေ"
ဟုတွေးကာChangMinလည်းအပေါ်ထပ်ကိုတက်လာလိုက်သည်။ChangMinသည်ဒီအိမ်စရောက်ကတည်းကဧည့်ခန်းနဲ့မီးဖိုချောင်ကလွဲပြီးဘယ်မှမသွားပါ။သူများအိမ်လည်းဖြစ်တာကတစ်ကြောင်းသူကိုယ်တိုင်ကလည်းမသွားချင်တာကတစ်ကြောင်းဆိုတော့ခုမှသာအပေါ်ထပ်ကိုတက်ဖြစ်လိုက်သည်။အပေါ်ထပ်ရောက်တော့သူခန့်မှန်းမိရာအခန်းထဲကိုဝင်ဖို့တံခါးခေါက်လိုက်သည်။
"ဒေါက် ဒေါက်"
"ChangMinလား"
"ဟုတ်တယ်Hyung towelကျန်ခဲ့လို့လာပေးတာ"
"အော်..လာပြီ"
YoungHoonလည်းChangMinကိုတံခါးဖွင့်ပေးလိုက်သည်။
"Hyungရေချိုးပြီးပြီပေါ့"
"အင်းခုမှအဝတ်လဲပြီးတာ towelလာယူမလို့လုပ်တုန်း"
"အော်...အဲ့လိုကိုး....ဒါနဲ့.....ကျွန်တော်သုတ်ပေးရမလား"
ChangMin's pov - အာ...ငါကလည်းဘာလို့အတည်ပေါက်ကြီးသွားပြောမိတာလဲ
"ကောင်းတာပေါ့သုတ်ပေးရင်...ကိုယ်လည်းလက်နာနေလို့"
"ဟုတ်အဲ့တာဆို"
နှစ်ယောက်သားကုတင်ပေါ်လေးမှာထိုင်လိုက်ရင်းChangMinကYoungHoonရဲ့ရေစိုနေတဲ့ဆံပင်လေးတွေကိုtowelဖြင့်ညင်ညင်သာသာလေးသုတ်ပေးနေသည်။ရေစိုနေတဲ့ဆံပင်နဲ့ဆိုတော့Hyungကအရမ်းဆွဲဆောင်မှုရှိလွန်းနေတယ်။ရေချိုးပြီးကာစဆိုတော့shampooနံ့လေးနဲ့Showerနံ့လေးဟာမွှေးသင်းလို့နေတယ်။သူတို့နှစ်ယောက်ဟာလည်းနီးကပ်နေကြတယ်။
နည်းနည်းကြာကြာသုတ်တော့ဆံပင်လေးတွေကခြောက်စပြုလာတယ်။ChangMinလည်းသုတ်ပေးရင်းYoungHoonနဲ့အကြည့်ခြင်းဆုံမိသွားသည်။YoungHoonကလည်းChangMinမျက်လုံးလေးတွေကိုသေချာကြည့်ရင်းခေါင်းသုတ်ပေးနေတဲ့ChangMinလက်လေးနှစ်ဖက်ကိုလှမ်းကိုင်လိုက်မိသည်။ChangMinလည်းလက်ကိုအကိုင်ခံလိုက်ရတော့နည်းနည်းလန့်သွားပေမဲ့မရုန်းမိ။ဘာကြောင့်ဆိုတာလည်းသူမသိ။
YoungHoonမှာကိုင်ထားတဲ့ChangMinလက်လေးနှစ်ဖက်ထဲကတစ်ဖက်ကိုအသာအယာလေးဆွဲယူလိုက်ပြီးညင်ညင်သာသာလေးနမ်းရှုံလိုက်မိသည်။ChangMinမှာတော့ကြောင်အမ်းအမ်းဖြင့်နှလုံးခုန်နှုန်းများမှာလည်းအတိုင်းအဆမရှိမြန်နေသည်။
YoungHoonမှာChangMinလက်လေးကိုနမ်းပြီးသွားတော့မျက်နှာလေးကိုသေချာကြည့်ပြီးတစ်ဖန်နီးကပ်စေလိုက်သည်။ဖြည်းညင်းစွားတိုးကပ်သွားပြီးအကြည့်များမှာလည်းChangMin၏ပန်းဆီရောင်နှုတ်ခမ်းလေးပေါ်သို့ကျရောက်နေလေသည်။
တစ်ဖြည်းဖြည်းချင်းနီးကပ်လာသည့်YoungHoonကြောင့်ChangMinတစ်ယောက်အောက်ဆီဂျင်တွေထုတ်မိပြီးကာဗွန်ဒိုင်အောက်ဆိုဒ်တွေရှူနေမိလားမသိ။နောက်ဆုံးမျက်လုံးလေးကိုမှိတ်မိလိုက်သည်။ဒါဟာသူ့ကိုနမ်းခွင့်ပေးတယ်ဆိုသည့်သဘော။တစ်ကယ်တမ်းဆိုသူ့လက်ကိုလည်းရာရာစစနမ်းသေးတယ်။ခုလည်းနှုတ်ခမ်းကိုနမ်းတော့မဲ့လူတစ်ယောက်ကိုChangMinတွန်းထုတ်သင့်သည်မဟုတ်လား။ဒါပေမဲ့သူမတွန်းထုတ်သည့်အပြင်မျက်လုံးလေးပါမှိတ်ပြီးနမ်းခွင့်ပေးလိုက်သောကြောင့်သူ့ကိုယ်သူလည်းသေချာမသိတော့။သေချာတာတစ်ခုကတော့YoungHoonမလို့သာသူဒီလိုမငြင်းခြင်းဖြစ်သည်။
YoungHoonမှာလည်းသူ့အားနမ်းခွင့်ပေးသည့်သဘောဖြင့်မျက်လုံးလေးမှိတ်ပေးလိုက်တဲ့ကောင်လေးကိုကြည့်ပြီးသူရှေ့ဆက်တိုးမိသည်။တိုးရင်းတိုးရင်း............နှုတ်ခမ်းလေးနှစ်ခုထိကပ်ခါနီးမှာ............
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com