Chapter 9
တိုးရင်းတိုးရင်း..........နှုတ်ခမ်းနှစ်ခုထိခါနီးလေးမှာ.........
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့်နှစ်ယောက်လုံးသတိပြန်ဝင်ပြီးခွာလိုက်ကြသည်။YoungHoonလည်းကိုင်ထားမိတဲ့လက်လေးနှစ်ဖက်ကိုလွှတ်လိုက်မိသည်။ChangMinမှာတော့ရှက်လွန်း၍မျက်နှာတွေကောနားရွက်တွေကောနီရဲကာtowelလေးကိုသွားလှမ်းဖို့ထလိုက်သည်။YoungHoonကတော့တံခါးနားသွားပြီးဖွင့်ပေးလိုက်တော့..........
"အော်...သခင်လေးအတွင်းရေးမှူးMoonခေါ်ခိုင်းလိုက်လို့"
"အင်းလာခဲ့မယ်"
YoungHoon's pov - သာသနာဖျက်ကောင်နမ်းခါနီးလေးကိုကွာ
တံခါးလာခေါက်တဲ့သူကတစ်ခြားလူမဟုတ်အဖွဲ့ထဲမှအငယ်လေးသာဖြစ်တယ်။YoungHoonလည်းသူ့ကလေးလေးကိုလှည့်ကြည့်မိတော့towelလှမ်းနေတာကိုမြင်လိုက်တယ်။
"ကိုယ်ဆင်းနှင့်လိုက်ဦးမယ်နော်အတွင်းရေးမှူးMoonခေါ်နေလို့"
ChangMinမှာတော့YoungHoonအားမကြည့်ဘဲ.....
"အင်းHyung...ဟိုဟာဖျော်ရည်ကဧည့်ခန်းထဲကစားပွဲပေါ်မှာနော်"
"အင်းအင်းကိုယ်သောက်လိုက်မယ်"
ChangMinမှာtowelလှမ်းနေရင်းစောနကကိစ္စကိုပြန်တွေးမိကာရှက်လွန်းလို့မျက်နှာလေးကိုလက်ဖြင့်အုပ်ထားလေးသည်။
ChangMin's pov - Ya....JiChangMinအသိလေးကပ်စမ်း...နင်ကအဲ့လိုကြီးမျက်လုံးသွားမှိတ်မိမှတော့.......အာ......ရူးချင်တာပဲ
..............................
YoungHoonကတော့သာသနာဖျက်တဲ့ကောင်လေးကိုမျက်စောင်းတစ်ချက်မသိမသာလှမ်းထိုးရင်းအောက်ထပ်ကိုဆင်းလာလိုက်တယ်။အောက်ရောက်တော့ဧည့်ခန်းထဲမှာထိုင်နေတဲ့အတွင်းရေးမှူးMoonကိုတွေ့လိုက်ရတယ်။
"ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"
"ဟုတ်တယ်သခင်လေး...ဟိုကျန်တဲ့ရှယ်ယာရှင်တွေငွေအလွဲသုံးစားလုပ်ထားတဲ့စာရင်းတွေကျွန်တော်ရပြီ"
"တော်တော်များမယ်ထင်တယ်"
"ဟုတ်ကဲ့....ပြီးတော့...ဟိုရှယ်ယာရှင်...ဂျပန်နဲ့ကိုရီးယားစပ်တဲ့တစ်ယောက်လေ...."
"Mr.misukuလား"
"ဟုတ်ကဲ့....သူကလေ....ယောကျာ်းလေးချင်းစိတ်ဝင်စားတာပြီးတော့သူ့ရဲ့တူအရင်းဖြစ်သူကိုတောင်....ဟိုဟာ....လုပ်တယ်တဲ့"
"ဘာ!!!"
"ဟုတ်ပါတယ်ကျွန်တော်လည်းကြားကြားခြင်းတော်တော်လန့်သွားတာယောကျာ်းချင်းကြိုက်တာကိစ္စမရှိပေမဲ့အခုလိုတူအရင်းကိုလုပ်တာကကြတော့......"
YoungHoonသက်ပြင်းတစ်ချက်ချလိုက်ပြီး
"အဲ့လိုမသန့်စင်တဲ့ဟာတွေကိုCompanyမှာမရှိစေချင်ဘူး....ဒါကြောင့်အကုန်လုံးကိုတစ်ချက်တည်းအလဲထိုးနိုင်မဲ့သက်သေတွေတတ်နိုင်သလောက်ရှာပေးပါ"
"ဟုတ်ကဲ့ပါ....ကျန်တဲ့သူတွေကတော့ခိုင်လုံတဲ့သက်သေရထားပေမဲ့Kim Minaတစ်ယောက်ပဲကျန်တော့တာပါ"
"အင်း...ဟုတ်ပါပြီ..ဒါနဲ့ဟိုတစ်ခါပြောတဲ့ရှေ့နေကောငှားထားပြီးပြီလား"
"ဟုတ်ကဲ့ငှားပြီးပါပြီ ဆိုးလ်ကရှေ့နေတွေဆိုKim Minaမျက်မှန်းတန်းမိမှာစိုးလို့မကြာသေးခင်ကမှဒယ်ဂူကပြောင်းလာတဲ့ရှေ့နေတစ်ယောက်ကိုငှားထားပါတယ်ယုံကြည်စိတ်ချရတဲ့သူပါ"
"ဟုတ်ပြီသူနဲ့တွေ့ဖို့က"
"ခနနေရင်ရောက်ပါလိမ့်မယ်"
တင်းတောင်(bellမြည်သံ)
"အိမ်ရှေ့တံခါးbellမြည်သံကြားတော့အတွင်းရေးမှူးအမြန်သွားဖွင့်ပေးလိုက်သည်။
"ရှေ့နေJiရောက်လာပါပြီလား"
"ဟုတ်ကဲ့ခဗျ...ကားတွေနည်းနည်းကျပ်နေတာကြောင့်ကြာသွားတာစိတ်မရှိပါနဲ့"
"ရပါတယ်...ထိုင်ပါ"
"ဒါက ကျွန်တော့်သူဌေးရဲ့သားKim YoungHoonပါ"
"သခင်လေးဒါကတော့ကျွန်တော်ပြောတဲ့ရှေ့နေJi Seok Minပါ"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"
နှစ်ယောက်လုံးလက်ဆွဲနှုတ်ဆက်ပြီးတော့ထိုင်လိုက်ကြသည်။ရုတ်တစ်ရက်လှေကားနားမှခေါ်လိုက်သည့်အသံကြောင့်ဧည့်ခန်းတွင်ထိုင်နေသောသုံးယောက်လုံးလှည့်ကြည့်မိလိုက်သည်။
"ဟင်...Appa!!"
ခေါ်လိုက်သည့်သူမှာChangMinဖြစ်လေသည်။ထိုအခါရှေ့နေJiဆိုသူမှ.....
"သား....ဘယ်လိုလုပ်....."
"နှစ်ယောက်ကသားအဖတွေလား"
အတွင်းရေးမှူးMoonမှအံ့သြစွာမေးမိလိုက်သည်။
.............................
"အော်....ဒါဆိုသားကဒီကသခင်လေးရဲ့သူငယ်ချင်းပေါ့"
"ဟုတ်ကဲ့Appa"
"ဒါကြောင့်သားပိတ်ရက်တိုင်းလိုလိုအပြင်ထွက်ဖြစ်နေတာကိုး...."
ထိုအခါYoungHoonမှ....
"ဟို...ရှေ့နေJi Seok Minခင်ဗျ....ကျွန်တော်ChangMinကိုခေါ်သွားတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်က...."
"ရပါတယ်ဗျာ.....အခုလိုမျိုးသူလိုက်ကူပေးရတော့သခင်လေးလည်းအဖော်ရတာပေါ့"
ရှေ့နေJiကYoungHoonမှာမိဘတွေမရှိတော့တာကိုအတွင်းရေးမှူးMoonပြောပြထား၍သိပြီးဖြစ်သောကြောင့်သူYoungHoonကိုနားလည်ပေးပါသည်။
"ဟုတ်အဲ့တာဆိုလည်း...."
"ကဲအဲ့တာဆိုအခုအလုပ်ကိစ္စလေးပြောကြရအောင်"
"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"
ChangMinလည်းထိုနေရာမှထကာအိမ်အနောက်ဘက်မှာရှိတဲ့ပန်းခြံလေးဆီကိုထွက်လာလိုက်သည်။အတွင်းရေးမှူးMoonကပန်းစိုက်ရာတာဝါသနာပါသူမို့ဒီအိမ်နောက်ဘက်မြေကွက်လပ်လေးမှာအပင်လေးတွေပန်းပင်လေးတွေစိုက်ဖြစ်ခြင်းဖြစ်သည်။သူဒီနေရာကိုတော့တစ်ခါမှမလာဖူးပေမဲ့သူဧည့်ခန်းထဲမှာမရှိလည်းဖြစ်တာမလို့ဒီခြံလေးထဲကိုလာလိုက်ခြင်းဖြစ်သည်။
ပန်းခြံလေးအတွင်းမှာဆိုရင်အမျိုးအစားစုံ...အရောင်စုံ...ပန်းလေးများကသစ်ရွက်စိမ်းစိမ်းလေးတွေကြားထဲတည်ရှိနေတာကိုမြင်လိုက်တဲ့သူတိုင်းသဘောကျလောက်သည်။ChangMinတစ်ယောက်ပန်းခြံလေးထဲမှာကြည့်နေရင်းအရမ်းလှတဲ့နှင်းဆီဖြူလေးကိုတွေ့တော့ချက်ချင်းပြေးသွားပြီးမွှေးကြည့်လိုက်သည်။ရလိုက်သည့်အနံ့မှာပန်းနံ့တင်မဟုတ်ဘဲသစ်ရွက်စိမ်းစိမ်းလေးတွေရဲ့အနံ့...ပန်းစိုက်ထားရာနေရာမှာရှိတဲ့မြေကြီးရဲ့အနံ့...ရယ်ကိုပါရလိုက်သည်။ChangMinပါးချိုင့်လေးထင်းနေသည်အထိပြုံးလိုက်မိသည်။
................................
တစ်ဖက်မှာတော့YoungHoonရယ်အတွင်းရေးမှူးMoonရာ်ရှေ့နေJiရယ်ကတော့တူတူဆွေးနွေးနေကြတာပေါ့။
"ဒါဆိုကျွန်တော်တို့အခုသက်သေတွေနဲ့ဆိုရင်သူတို့ကိုဖမ်းဖို့လုံလောက်ပြီပေါ့"
"ဟုတ်ကဲ့လုံလောက်ပါတယ်...ဒါပေမဲ့တစ်ချို့အချက်အလက်တွေကြတော့တရားမဝင်ယူထားတာမလို့တင်ပြတဲ့နေရာမှာတော့နည်းနည်းခက်လောက်ပါလိမ့်မယ်"
"မဖြစ်နိုင်တာတော့မဟုတ်ဘူးမလား"
"ဟုတ်ကဲ့ဖြစ်နိုင်တာကတော့ဖြစ်နိုင်ပါတယ်"
"ဟုတ်ပြီအဲ့တာဆိုကျွန်တော်တို့Kim Minaပဲကျန်တော့တယ်"
"အင်း....ကဲဒါဆိုကျွန်တော်တို့ဒီမှာပဲရပ်ရအောင်ရှေ့နေJiလည်းပြန်ရတော့မှာဆိုတော့"
"ဟုတ်ကဲ့ပါ"
"ဒါနဲ့....ရှေ့နေJiခင်ဗျ....ကျေးဇူးတင်ပါတယ်ဗျခုလိုမျိုးကျွန်တော်တို့အိမ်တွင်းရေးကိုကူညီပေးတဲ့အတွက်ကောChangMinကိုကျွန်တော်နဲ့အတူအဖော်ပြုခိုင်းတဲ့အတွက်ကော"
"ရပါတယ်သခင်လေးရဲ့ကျွန်တော်လည်းတရားမျှတမှုကိုလိုလားပါတယ်ပြီးတော့ကျွန်တော်.....သားလေးပြောပြခဲ့တဲ့ဟာလေးသခင်လေးကိုပြောပြချင်ပါတယ်"
"ဟုတ်ကဲ့ဘာများလည်းမသိဘူး"
Flash back.....
"Appa.....ရော့ဒီမှာကော်ဖီ"
"အေး....သားစာကောလုပ်ပြီးပြီလား"
"ဟုတ်ကဲ့ပြီးပါပြီ......ဒါနဲ့Appaဘာတွေဖတ်နေတာလဲ"
"အော်..ဒီလိုပါပဲအရင်ကဖတ်ပြီးသားလေးတွေပြန်ဖတ်နေတာ"
"ဒါနဲ့လေAppa.....သားတစ်ခုလောက်မေးမလို့"
"မေးလေသားလေးရဲ့"
"ဟိုAppaလေတစ်စုံတစ်ယောက်ရဲ့အယုံကြည်ရဆုံးသူဖြစ်ဖူးလား"
"Appaကရှေ့နေလုပ်ရတော့အမှုသည်တွေကAppaကိုယုံကြည်ကြတာပဲလေ"
"အဲ့လိုပြောတာမဟုတ်ဘူး....Appaတန်ဖိုးထားရတဲ့လူတစ်ယောက်ရဲ့အယုံကြည်ရဆုံးသူဖြစ်ဖူးလားလို့မေးတာ"
"အော်.....Appaနားလည်ပြီ...ပြောရမယ်ဆိုရင်သားOmmaပေါ့....သားOmmaကAppaရဲ့တန်ဖိုးအထားရဆုံးသူပဲလေပြီးတော့သားOmmaကလည်းAppaကိုယုံကြည်လို့ဒီအခြေအနေထိAppaတို့ရောက်အောင်တူတူကြိုးစားခဲ့ကြတာလေ"
"အော်......"
"ဒါနဲ့နေစမ်းပါဦး...ငါ့သားကဘယ်သူ့ရဲ့အယုံကြည်ရဆုံးသူမလို့တုန်း"
"ဟင်...အော်အဲ့တာကသားသူငယ်ချင်းတစ်ယောက်လေ...သားကသူရဲ့အယုံကြည်ရဆုံးသူပဲလို့ပြောလို့"
"အဲ့တာဆိုသားကသူအပေါ်ကောင်းကောင်းဆက်ဆံပေးပြီးသစ္စာရှိပေးနော်သူများကကိုယ့်ကိုယုံကြည်တာဆိုတော့အဲ့ဒီ့ယုံကြည်မှုကိုမပျက်စီးစေနဲ့ဟုတ်ပြီလား"
"ဟုတ်ကဲ့Appa"
Flash back end........
ရှေ့နေJiလည်းထိုကိစ္စကိုပြောပြပြီးတော့.....
"ကျွန်တော်ကတော့သူပြောတဲ့သူကသခင်လေးလို့ထင်မိလို့ပါ"
"ဟုတ်ကဲ့ပါ"
YoungHoon's pov - ကလေးကလည်းကိုယ့်ကိုတန်ဖိုးထားတာပါပဲလား
"ဒါဆိုကျွန်တော်ပြန်ပြီနော်"
"ဟုတ်ကဲ့ဗျ"
YoungHoonလည်းရှေ့နေJiပြန်သွားတော့သူ့ကလေးကိုတွေ့ဖို့အိမ်နောက်ဘက်ကခြံလေးထဲကိုလာလိုက်တယ်။မလာခင်လည်းအတွင်းရေးမှူးMoonကိုအိမ်နောက်ဘက်ဘယ်သူမှမလာစေဖို့မှာရသေးတယ်။ဒီလိုအချိန်ကောင်းလေးကိုသူလက်မလွတ်ချင်ဘူးလေ။YoungHoon.....ChangMinကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ်။စောနကရှေ့နေJiပြောပုံအရဆိုရင်ChangMinလည်းသူ့ကိုတန်ဖိုးထားတာပဲမဟုတ်ဘူးလား။ဘယ်လိုပဲဖြစ်ဖြစ်ChangMinသူ့ကိုငြင်းရင်တောင်သူဖွင့်ပြောမှာပါ။
ပန်းခြံလေးထဲကိုရောက်တော့တွေ့ပါပြီသူ့ရဲ့ကလေးလေးကို......ပန်းလေးတွေကိုကြည့်ပြီးပြုံးနေတာလေးကအလွန်ပင်ချစ်ဖို့ကောင်းနေသည်။
"ပန်းတွေကိုကြိုက်တာလား"
"ဟင်...."
ChangMinမှာပန်းတွေကိုကြည့်နေခြင်းကြောင့်နောက်မှာဘယ်သူရောက်နေမှန်းမသိ။အသံကြားလို့လှည့်ကြည့်လိုက်တော့......
"Hyung!"
ChangMin's pov - ငါခုချိန်ထိအရှက်မပြေသေးတာကို....မျက်နှာပူရအောင်....
"ကိုယ်မေးတာမဖြေဘဲဘာတွေစဥ်းစားနေတာလဲ"
"ဟင်...အော်....မဟုတ်ပါဘူး..ဒီအတိုင်းပဲ"
"မဟုတ်မှလွဲရော.........စောနအခန်းထဲကကိစ္စကိုပြန်စဥ်းစားနေတာလား"
"မ...မ..မဟုတ်ပါဘူး"
ChangMin's pov - အော်...အဲ့တာကိုတွေးပြီးရှက်နေပါဆိုတည့်ကြီးလာမေးနေတယ်
"မဟုတ်ဘူးသာပြောတယ်မျက်နှာလေးကနီရဲနေတာစတော်ဘယ်ရီသီးလိုပဲ"
"Hyungကလည်းမဟုတ်ပါဘူးဆို"
YoungHoonမှာရှက်သွေးဖြာနေတဲ့သူ့ကလေးလေးမျက်နှာနားကိုနည်းနည်းနီးသွားအောင်ငုံ့ကြည့်လိုက်ပြီး......
"ကြည့်ပါဦး...ရှက်နေတာလေးကို....ဒါတောင်ကိုယ်နမ်းတာလက်ပဲရှိသေးတာနော်တစ်ခြားနေရာကိုများနမ်းရင်......"
"Hyungမနောက်နဲ့နော်.....ကျွန်တော်သွားပြီ"
ChangMinလည်းသွားမယ်ဆိုပြီးYoungHoonကိုကျော်ကာသွားမလို့လုပ်တုန်းအနောက်ကနေYoungHoonကလှမ်းဖက်လိုက်သဖြင့်ChangMinကိုယ်လုံးလေးYoungHoonရင်ခွင်ထဲနစ်ဝင်သွားတော့သည်။
YoungHoonမှာChangMinရဲ့ခါးသွယ်သွယ်လေးကိုသူ့လက်နှစ်ဖက်နဲ့သိမ်းကြုံးဖက်ထားပြီးChangMinရဲ့ညာဘက်ပခုံးလေးပေါ်ကိုမေးတင်လိုက်သည်။အလွန်နီးကပ်လွန်းတာကြောင့်ChamgMinတစ်ယောက်နှလုံးခုန်နှုန်းတွေမြန်ဆန်နေလေသည်။
"ChangMinကလည်းကိုယ်ပြောစရာရှိသေးတာကိုဘယ်သွားမလို့လုပ်နေတာတုန်း"
"အဲ့....အဲ့တာဆိုလည်းမြန်မြန်ပြောလေဘာလို့လာဖက်တာတုန်း"
YoungHoon ChangMinရဲ့ကိုယ်လုံးလေးကိုဆွဲလှည့်လိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်စေလိုက်သည်။ပြီးတော့ChangMinရဲ့လက်လးနှစ်ဖက်ကိုကြင်ကြင်နာနာလေးကိုင်လိုက်ကာမျက်လုံးလေးတွေကိုသေချာစွာကြည့်ရင်း.......
"ChangMin nahကိုယ်ခုပြောမဲ့စကားတွေကိုသေချာနားထောင်နော်"
ChangMinလည်းအသာလေးခေါင်းငြိမ့်ပြလိုက်တော့.....
"ကိုယ်လေ....ကိုယ်တန်ဖိုးထားရတဲ့မိဘတွေဆုံးသွားပြီးကတည်းကကိုယ့်ဘဝကြီးကလုံးဝပျက်စီးသွားပြီထင်တာ...ပြီးတော့ကံကြမ္မာကလည်းကိုယ့်အပေါ်ရက်စက်လွန်းတယ်လို့ထင်ခဲ့တယ်။ဒါကြောင့်ကိုယ့်ဘဝကိုလက်လွှတ်ဖို့တောင်ဆုံးဖြတ်ချက်ချဖူးတယ်။ဒါပေမဲ့....ဒါပေမဲ့အဲ့ဒီ့အရာတွေအကုန်လုံးကမင်းကိုမတွေ့ခင်အချိန်ကဖြစ်ပျက်ခဲ့တာတွေ...ChangMinလေးကိုကိုယ်တွေ့ပြီးတဲ့နောက်ပိုင်းမှာကိုယ်မင်းကိုတန်ဖိုးထားလာတယ်မင်းကကိုယ့်အတွက်ဆိုအမြဲအားအင်အဖြစ်နဲ့ရှိနေပေးတယ်။မင်းကိုယ့်အနားမှာအမြဲတမ်းရှိနေမှာပါလို့ပြောတုန်းကဆိုရင်ကိုယ့်တစ်ဘဝလုံးစာကိုတောင်မင်းအပေါ်ပဲပုံအပ်ချင်လောက်တဲ့အထိမင်းကိုကိုယ်တန်ဖိုးထားမိသွားတယ်။ဒါကြောင့်ChangMin nahကိုယ်မင်းကိုကြိုက်နေ....မဟုတ်ဘူး...ချစ်မိပြီ"
ChangMinမှာYoungHoonရဲ့စကားတွေကိုကြားပြီးသွားတော့သူ့နားသူပင်မယုံလောက်အောင်ဖြစ်သွားကာမျက်ရည်တွေပါဝဲလာတော့တယ်။ဟုတ်တယ်လေသူကYoungHoonကိုတစ်ဖက်သတ်အနေနဲ့ချစ်တော့မယ်လို့ဆုံးဖြတ်ထားတာကိုး.....သူလည်းအစကဒီအတိုင်းYoungHoonကိုသနားမိရင်းနဲ့ကို့အကိုတစ်ယောက်လိုသဘောထားမိတယ်ပဲထင်နေခဲ့တာ။နောက်ပိုင်းYoungHoonနဲ့အတူရှိရင်..ရင်ခုန်မိနေတာကိုသတိထားမိတဲ့အချိန်ကစပြီးသူYoungHoonကိုချစ်မိပြီဆိုတာသိလိုက်တယ်။ဒါပေမဲ့သူမပြောဘူး...ဘယ်တော့မှYoungHoonကိုမပြောတော့ဘူးလို့ဆုံးဖြတ်ထားခဲ့တာ.....သူတို့အခြေအနေက ကွာလွန်းတယ်မလား။YoungHoonကကြီးလာရင်Companyကိုဦးစီးရမဲ့သူဆိုတော့ဒီအတိုင်းလေးတစ်ဖက်သတ်ချစ်ပေးပြီးအနားမှာပဲအဖော်ပြုပေးမယ်လို့တွေးထားခဲ့တာ။ဒါပေမဲ့ခုတော့Hyungကိုယ်တိုင်ကပြောတာသူ့ကိုချစ်တယ်တဲ့လား...........
YoungHoonလည်းစကားတွေကိုသူ့စိတ်ထဲရှိရာပြောပြီးဖွင့်ပြောလိုက်ပေမဲ့ဘာမှပြန်မပြောလာတဲ့ChamgMinလေးကိုကြည့်ပြီး......
"ChangMin.....ကိုယ့်ကိုပြန်မချစ်လည်းရပါတယ်.....ကိုယ်ကဒီအတိုင်း....."
"မဟုတ်ဘူး....ကျွန်တော်....ကျွန်တော်ဝမ်းသာသွားလို့ပါ"
ChangMinမှာပြောပြီးထိန်းမရတဲ့မျက်ရည်တွေကကျဆင်းလာတော့တယ်။YoungHoonမှာတော့ငိုသွားတဲ့သူ့ကလေးကိုကြည့်ပြီး.....
"ChamgMinကလည်းဘာလို့ငိုတာတုန်းကိုယ့်ကိုမချစ်ရင်လည်း....."
"မဟုတ်ပါဘူးဆို(ဟင့်)...ကျွန်တော်(ဟင့်)ဝမ်းသာသွားလို့ပါဆိုနေ(ဟင့်)"
ChangMinမှာYoungHoonလက်ကိုလွှတ်ပြီးသူ့မျက်ရည်များကိုသုတ်လိုက်တယ်။ပြီးတော့YoungHoonမျက်နှာကိုသေချာစွာကြည့်ကာ.....
"ကျွန်တော်ကလေHyungကိုတစ်ဖက်သတ်ပဲချစ်တော့မယ်လို့ဆုံးဖြတ်ထားတာ။ကျွန်တော့်ဘဝမှာလေဘယ်သူ့ကိုမှဒီလိုမချစ်ဖူးဘူးHyungက ကျွန်တော်ရဲ့အချစ်ဦးနဲ့နောက်ဆုံးချစ်ရတဲ့သူပဲဒါပေမဲ့Hyungကကြီးလာရင်Companyကိုလည်းဦးစီးရဦးမယ်လေဒီထက်အလုပ်တွေလည်းပိုများဦးမှာဆိုတော့ကျွန်တော့်ကြောင့်Hyungအနှောင့်အယှက်ဖြစ်မှာကိုမလိုလားဘူး"
"ChangMinကလည်း....အဲ့လိုတွေစဥ်းစားစရာမလိုဘူးေလကွာ...ကိုယ့်ကိုချစ်တယ်ဆိုရပြီပဲဘာလိုနေဦးမှာမလို့လဲ...ပြီးတော့ChangMinကလေကိုယ့်အတွက်တစ်ခါမှအနှောင့်အယှက်ဖြစ်တယ်ဆိုတာမရှိဘူး။ကိုယ်အခုလိုမျိုးပြုံးပျော်နေနိုင်တာလည်းChangMinကြောင့်ပဲဟုတ်ပြီလားအဲ့တာကြောင့်မငိုနဲ့တော့နော်...တိတ်တိတ်"
YoungHoonလည်းငိုနေတဲ့ChangMinလေးကိုသူ့ရင်ခွင်ထဲထည့်ကာနှစ်သိမ့်ပေးလိုက်တယ်။YoungHoonခုသူတော်တော်လေးပျော်နေပါတယ်။သူချစ််ရတဲ့ကလေးလေးကသူ့ကိုလည်းချစ်နေတယ်တဲ့လေ။လူဆိုသည်မှာလည်းချော့ရင်ပိုငိုတတ်ကြစမြဲမလို့ခုလည်းChangMinလေးကသူ့ရင်ခွင်ထဲရောက်လာမှပိုငိုနေသလိုလို။
"ChamgMin nahတော်ပြီလေအများကြီးငိုလို့ဘယ်ကောင်းမှာလဲ..တိတ်တော့နော်"
ChangMinမှာခေါင်းလေးအသာငြိမ့်ပြလိုက်ပြီးYoungHoonကိုတော့ဖက်ထားတာမလွှပေးသေး။ရင်ခွင်လေးထဲမျက်နှာအပ်ကာနေနေလိုက်သည်။ဒီအခြေအနေလေးကိုသူအတော်သဘောကျမိပါသည်။သင်းသင်းလေးရနေတဲ့YoungHoonရဲ့ကိုယ်သင်းနံ့လေးကိုသူသဘောကျနေမိသည်။ဒီလိုနွေးထွေးလှတဲ့ရင်ခွင်ထဲမှာသူနေနေရသည်ကိုလည်းသဘောကျမိသည်။သူဖက်ထားရတဲ့သူကိုလည်းသဘောကျမိသည်။
YoungHoonမှာတော့ငိုတာရပ်သွားပေမဲ့ခုထိဖက်ထားတာမလွှတ်သေးတဲ့ကလေးလေးကိုသူလည်းမလွှတ်ပေးရက်ပါ။သူလည်းChangMinကဲ့သို့နည်းတူခံစားနေရသောကြောင့်ဖြစ်သည်။ဒီလိုနွေးထွေးတဲ့ပွေ့ဖက်ခြင်းမျိုးကိုလည်းသူလိုအပ်နေခဲ့ပါသည်။
အပြာရောင်မိုးသားကောင်းကင်ကြီးရဲ့အောက်မှာလှပတဲ့ပန်းခြံလေးရှိသလိုပန်းလေးတွေဟာလည်းလှပစွာပွင့်နေကြပါတယ်။မြက်ခင်းစိမ်းစိမ်းလေးတွေမှာလည်းစိုစိုစွတ်စွတ်ကလေးရှိနေပြီးတော့ရောင်စုံပန်းလေးတွေကိုပိုပြီးတောင်လှပစေနေပါတယ်။ဒါပေမဲ့ထိုကဲ့သို့သဘာဝအလှတစ်ရားတွေနဲ့အတူခံစားချက်ချင်းတူညီနေကာနွေးထွေးမှုများအပြည့်ရှိတဲ့ပွေဖက်ခြင်းမျိုးနဲ့ဖက်ထားတဲ့ကောင်လေးနှစ်ယောက်မှာတော့တစ်လောကလုံးမှာသူတို့နှစ်ယောက်ပဲရှိတော့သည့်အလားပျော်ရွှင်နေကြပါတော့တယ်။
____________________________________
နောက်ပိုင်းမှာပိုsweetပေးမယ်နော်😘
Bạn đang đọc truyện trên: Truyen4U.Com