Intro
Kim Young Hoon
19
High school student
Only child and Rich
Ji Chang Min
18
High school student
Lee Jae Hyun
19
High School Student
YoungHoon's friend
Kim Sun Woo and Choi Chan Hee
Couple
Both 18 and High school students
ChangMin's friends
.................................................................
ဟင်း.................ရှည်လျားလွန်းလှတဲ့သက်ပြင်းကြီးကိုချပြီးမိဘများရှိရာအုတ်ဂူဆီသို့ဖြေးဖြေးချင်းလျှောက်လှမ်းလာခဲ့တယ်။
လျှောက်လိုက်သည့်ခြေလှမ်းတိုင်းမှာလည်းလေးလံလျက်....သက်ပြင်းချနေမိသည်မှာလည်းဘယ်နှစ်ခါမှန်းမသိတော့.....
ပတ်ဝန်းကျင်မှာလည်းလူသူမရှိအေးစက်ခြောက်ကပ်လျက်။အနီးနားရှိသစ်ပင်ကြီးများလည်းညို့မှိုင်းအုပ်ဆိုင်းကာဝမ်းနည်းမှုများအားဖော်ပြနေသယောင်.....အထက်ကောင်းကင်ယံမှာလည်းညနေ နေဝင်စအချိန်ဖြစ်တာမို့မိုးသားမိုးတိမ်များမှာစတင်မှောင်မဲလာလေသည်။လမ်းလျှောက်လိုက်တိုင်းလည်းကြွေကျထားသည့်သစ်ရွက်ခြောက်များမှာတစ်ကြွပ်ကြွပ်နှင့်။
လေတစ်ချက်တိုက်တိုင်းလည်းခံစားမိသည့်အေးစက်မှု။ဤကဲ့သို့နေရာသောနေရာသည်အလွန်ပင်အထီးကျန်ဆန်လွန်းလှသည်။အေးစက်လွန်းလှသည်။သို့ပေမဲ့ထိုအထီးကျန်ဆန်မှုမှာဖြေးညှင်းစွာလမ်းလျှောက်လာသောကောင်လေးတစ်ယောက်၏အထီးကျန်မှုနှင့်ယှဥ်လိုက်လျှင်ဆင်တစ်ကောင်နှင့်ပုရွက်ဆိတ်တစ်ကောင်၏အရွယ်အစားကွာခြားသကဲ့သို့ခြားနားလွန်းလှသည်။
ဤနေရာကြီးသည်ခြောက်ကပ်လွန်းလှပါသည်။အေးစက်လွန်းလှပါသည်။လူသူကင်းမဲ့၍အထီးကျန်လွန်းလှပါသည်။
အေးလေဒီနေရာကပျော်စရာကောင်းရအောင်သုဿန်က ကစားကွင်းတို့ပန်ခြံတို့မှမဟုတ်တာ။
သုံးနှစ်!....အင်း...ဒီနေ့ဟာOmmaနဲ့Appaနဲ့ဆုံးတာသုံးနှစ်ပြည့်တဲ့နေ့ပါ။YoungHoonတစ်ယောက်ပျော်ရွှင်မှုတွေ...နွေးထွေးမှုတွေနဲ့ဝေးကွာခဲ့တာသုံးနှစ်ပြည့်ပြီဆိုလည်းဟုတ်တယ်။YoungHoon၏မိဘနှစ်ပါးလုံးမှာအလုပ်ကိစ္စဖြင့်ဆိုးလ်မြို့မှဘူဆန်သို့အသွားတွင်ကားအက်ဆီးဒင့်ဖြစ်ကာပွဲချင်းပြီးသေဆုံးသွားကြသည်။ကွယ်လွန်သွားတာသုံးနှစ်ရှိပြီဖြစ်သော်လည်းရင်ထဲမှနာကျင်မှုများနှင့်ဘယ်လိုမှအသားမကျသေး။
မိဘများ၏အုတ်ဂူရှေ့ရောက်တော့YoungHoonဂါရဝပြုကာနှုတ်ဆက်လိုက်သည်။
"Ommaနဲ့Appa....သားရောက်လာပါပြီ။ခုတစ်လောလာမတွေ့ဖြစ်တာစိတ်မဆိုးပါနဲ့နော်..သားကျောင်းကိစ္စရော..Appa companyကိစ္စတွေနဲ့ရောများနေတာနဲ့မလာဖြစ်လိုက်တာပါ"
YoungHoonတို့သည်မျိုးရိုးစဥ်ဆက်အလိုက်ကျိကျိတက်ချမ်းသာကြသည်။YoungHoon Appaမှာshopping mallတွေအမြောက်အများဖွင့်ထားပြီးနိုင်ငံခြားမှတင်ပို့လာသောကုန်ပစ္စည်းများအားလိုက်လံဖြန့်ဖြူးပေးသောcompanyတစ်ခုလည်းပိုင်သည်။Appaဆုံးတော့တစ်ဦးတည်းသောသားYoungHoonမှာအဒေါ်ဖြစ်သူအကူအညီဖြင့်လုပ်ငန်းများအားဆက်လက်လုပ်ဆောင်ပေးလျက်ရှိသည်။စီးပွားရေးအကြောင်းသိပ်နားမလည်သော်လည်းဒေါ်လေးမီနာကြောင့်အဆင်ပြေပါသည်။
"Ommaတို့ကောင်းကင်ဘုံမှာနေရတာအဆင်ပြေရဲ့လားဟင်?....ပျော်ကောပျော်ရဲ့လား.....သားကတော့ဒီမှာအဆင်ပြေပါတယ်။ဟို........(ဟင့်)Ommaနဲ့Appaနဲ့ကိုလွမ်းတာရယ်(ဟင့်)နည်းနည်းလေးပင်ပန်းတာရယ်ကလွဲလို့(ဟင့်)သားအဆင်ပြေပါတယ်.....ဟုဆိုကာYoungHoonမှာငိုချလိုက်လေးတော့သည်။ဟုတ်ပါသည်။ရုတ်တစ်ရက်မိဘနှစ်ပါးလုံးမှာနေ့ချင်းညချင်းကြီးကွယ်လွန်...သိပ်မကြာလိုက်companyအလုပ်တွေဦးစီးရ....ဆိုတော့19နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက်တော့ပင်ပန်းလွန်းလှပါတယ်။လူရောစိတ်ပါမကျန်ဘယ်လောက်ထိပင်ပန်းတယ်ဆိုတာYoungHoonတစ်ယောက်သူ့ကိုယ်သူသာအသိဆုံးဖြစ်ပါလိမ့်မယ်။
ဤလိုတိတ်ဆိတ်ခြောက်ခြားအေးစက်လွန်းလှတဲ့သုဿန်ကြီးမှာငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်မှာဘယ်လောက်ပင်နာကျင်စရာတွေများလိုက်မလဲ။လက်မခံချင်သေးတဲ့အကြောင်းတရားဘယ်လောက်တောင်ရှိလိုက်မလဲ။ဘယ်လောက်တောင်ခိုကိုးရာမဲ့နေမလဲဆိုတာတော့ငိုကြွေးနေသည့်အသံကိုနားထောင်ကြည့်ရုံနဲ့ပင်ခန့်မှန်းနိုင်ပါသည်။
ခနကြာတော့YoungHoonငိုတာကိုရပ်ပါးပြင်ပေါ်မှာစီးကျနေတဲ့မျက်ရည်တွေကိုသူ့လက်ခုံလေးနဲ့သုတ်ကာပါလာသည့်ပန်းစီအဖြူလေးကိုအုတ်ဂူပေါ်ချပေးပြီး....
"အော်....ငိုနေတာနဲ့အချိန်တောင်ကြာသွားတယ်..ဒါOmmaကြိုက်တဲ့နှင်းဆီပန်းလေOmmaနဲ့Appaကပန်းကိုအဖြူရောင်မှကြိုက်တာမှန်းသိလို့သားတစ်မင်ဝယ်လာတာ။လှတယ်မလားဟင်........
ဒါနဲ့Ommaကချယ်ရီပန်းတွေကိုလည်းသိပ်ကြိုက်တာနော်...Ommaမှတ်မိသေးလာတော့မသိဘူးသားကိုတစ်ခါပြောပြဖူးတယ်လေAppaအလုပ်အားရင်သားတို့သုံးယောက်တူတူချယ်ရီပန်းတွေသွားကြည့်ကြမယ်ဆိုပြီးတော့......အဲ့တုန်းကသာAppaအလုပ်အားခဲ့ရင်တူတူသွားကြည့်ဖြစ်ကြမှာနော်....ခုတော့လည်းOmmaနဲ့Appaကလောကကြီးကိုအရင်ကျောခိုင်းသွားတော့ကျွန်တော်တစ်ယောက်တည်းပဲပန်းတွေကြည့်ရတော့မယ်"
Younghoonမှာပြောရင်းပင်ဝမ်းနည်းလာသောကြောင့်ခနငြိမ်သက်သွားလေသည်။
ပြီးမှ......
"မှောင်တောင်မှောင်နေပြီ....ဒါဆိုသားပြန်ပါတော့မယ်နော်Ommaနဲ့Appa...သားနောက်တစ်ခေါက်မှလာတွေ့ပါ့မယ်"
ဟုပြောကာ လာရာလမ်းအတိုင်းပြန်လာလိုက်သည်။
YoungHoon's pov - နောက်တစ်ခေါက်ဆိုပေမဲ့ဘယ်တော့လဲဆိုတာတော့သားလည်းသေချာမသိပါဘူး။လာတွေ့ရင်ပျော့ညံ့တဲ့သားကိုယ်သားအားမရလို့ပါ။
............................................
"ကဲ.......အဲ့တာဆိုသားကဝင်ခွင့်စာမေးပွဲလည်းအောင်တယ်ဆိုတော့ဒီမှာတစ်ချက်ကျောင်းတက်မဲ့လက်မှတ်လေးထိုးပေးပါဦးနော်...."
"ဟုတ်ကဲ့ဗျ"
"ကျောင်းဝတ်စုံကောစာအုပ်တွေကောပေးပြီးပြီဆိုတော့...သားလာမဲ့Mondayကျရင်စပြီးတက်လို့ရပြီ။Aigooo.....ငါတို့ကျောင်းမှာစာတော်တဲ့ကျောင်းသားတစ်ယောက်ထပ်တိုးဦးမှာပါလား....အော်ဒါနဲ့ဆရာမပြောမှာမေ့တော့မလို့ကျောင်းcoatကနေ့တိုင်းဝတ်စရာမလိုဘူးနော်သားကြိုက်တဲ့အပေါ်ထပ်နဲ့တွဲဝတ်လို့ရတယ်။သတ်မှတ်ထားတဲ့နေ့တွေမှသားဝတ်ဟုတ်ပြီလား..."
"ဟုတ်ကဲ့ဗျ..ကျေးဇူးတင်ပါတယ်ဗျ..ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦးဗျ"
"အော်အေးအေးကောင်းပြီသားရေ"
ChangMinလည်းကျောင်းအပ်ပြီး၍ဝတ်စုံထုတ်နဲ့စာအုပ်ထုတ်ကိုပိုက်ကာဆရာမရုံးခန်းထဲကနေထွက်လာလိုက်တယ်။အပြင်ကထိုင်ခုံမှာစောင့်နေတဲ့သူ့Ommaကိုလည်းမြင်ရော
"Omma.....စောင့်နေတာကြာသွားလာဟင်?"
"မကြာပါဘူးငါ့သားရယ်ပြီးပြီဆိုလည်းသွားရအောင်လေအပြန်မှာအိမ်အတွက်လိုတာလေးတွေဝယ်ဖို့Mallလည်းဝင်ရဦးမှာဆိုတော့"
"ဟုတ်ကဲ့Omma"
ဒီလိုနဲ့Changminလေးလည်းကျောင်းအပ်အပြီးOmmaနဲ့တူတူMallဝင်ဖို့အတွက်လာခဲ့လိုက်ကြတယ်။
ChangMinတို့မိသားစုကဒယ်ဂူမှာနေပေမဲ့အမေဖြစ်သူကတာဝန်အရဒယ်ဂူကနေဆိုးလ်ကိုပြောင်းရွှေ့မိန့်ကျလာသောကြောင့်တစ်မိသားစုလုံးလည်းပြောင်းလိုက်ကြခြင်းပင်ဖြစ်သည်။
ChangMinတို့မိသားစုလေးမှာချမ်းသာသည့်ထဲတွင်ပါသည်ဟုပြောလို့ရပါသည်။အမေဖြစ်သူကခွဲစိတ်အထူးကုဆရာဝန် အဖေဖြစ်သူကရှေ့နေ အမဖြစ်သူနှစ်ဦးမှာလည်းcompanyအသီးသီးမှာအလုပ်ကိုယ်စီရှိသူများဖြစ်ကြသည်။အငယ်ဆုံးလေးဖြစ်သည့်ChangMinသာအခုအထက်တန်းဒုတိယနှစ်ရောက်တုန်းဖြစ်သည်။
ဆိုးလ်မှာပဲအခြေချနေထိုင်တော့မည်ဆုံးဖြတ်ထားကြသောကြောင့်အိမ်နဲ့ခြံလေးပါတစ်ခါတည်းဝယ်လိုက်သည်။ပြောင်းလာတာနှစ်ပတ်ပဲရှိသေးတာမလို့အိမ်မှာလိုအပ်သည့်ပစ္စည်းလေးများဝယ်ရန်Mallသို့ထွက်လာခဲ့ကြသည်။
.................................................
ဒါကတော့Mollyရဲ့ပထမဦးဆုံးသောficလေးပါဇာတ်လမ်းကတော်စဥ်းစားထားတာတော်တော်ကြာပါပြီ။ကိုယ်stanတဲ့Gp THEBOYZထဲfav ship Bbangkyu(Younghoon and Changmin)ကိုရေးထားတာပါ
ဒီဇာတ်လမ်းအဓိကmain coupleကတော့emotionalဆန်ဆန်သွားဖြစ်မယ်ထင်ပါတယ်ဒါပေမဲ့Mollyကိုယ်တိုင်ကအပိုင်းတိုင်းemotionalဆန်ရင်မကြိုက်တတ်တာမလို့side coupleလေးနှစ်ယောက်နဲ့funnyဆန်ဆန်လည်းရေးပေးသွားမှာပါ
ZawGyi ver.ကိုရေးပေးထားပါတယ်နော်အောက်မှာဆက်ဆွဲကြည့်လိုက်ပါ။
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com