Chapter 1
"ကိုကို....ဘာလို့ငိုနေတာလဲဟင်"
သူထိုင်ငိုနေသည့်အနားကိုရောက်လာကာပခုံးပေါ်လက်ကလေးလာတင်ရင်းမေးလာသည့်ရှေ့ကသူကြောင့်သူမော့ကြည့်မိသည်။
သူ့အရွယ်လောက်ပဲရှိသေးသည့်ကလေးလေးတစ်ယောက်။အတိအကျပြောရလျှင်သူ့ရဲ့အိမ်နီးနားချင်းကလေးလေး။သူဆက်ကြည့်နေတုန်းမှာပဲထိုကလေးလေးမှထပ်ပြီး.....
"Jaeမေမေကပြောပြတယ်ကိုကို့မေမေကကောင်းကင်ပေါ်ကိုရောက်သွားလို့ဆိုအဲ့တာကြောင့်ငိုနေတာလားဟင်"
သူခေါင်းကိုအသာလေးငြိမ့်ပြလိုက်သည်။
ထိုအခါအဲ့ကလေးလေးကသူ့ဘေးကိုလာထိုင်လိုက်ပြီးသူ့ခေါင်းလေးကိုယူကာပခုံးပေါ်တင်စေရင်း......
"ကိုကိုငိုချင်သေးတယ်ဆိုရင်Jaeပခုံးပေါ်မှာမှီပြီးငိုနော်....ဒါပေမဲ့ဒီတစ်ခေါက်ပြီးရင်ထပ်မငိုနဲ့တော့နော်အကြာကြီးငိုရင်နေမကောင်းဖြစ်တတ်တယ်တဲ့"
သူဘာမှပြန်မပြောနေတော့ဘဲထိုကလေးရဲ့ပခုံးပေါ်မှာမှီကာငိုချပလိုက်သည်။စိတ်ထဲမှာမွန်းကြပ်နေသမျှတွေကိုမျက်ရည်တွေနဲ့အတူမျောချလိုက်သည်။ထိုကလေးလေးကသူ့အားဖက်တွယ်လာတော့လည်းသူမရုန်းမိ။
သူအခုချိန်မှာအလိုအပ်ဆုံးကတစ်စုံတစ်ယောက်ရဲ့နှစ်သိမ့်ပေးမှုဖြစ်နေတာကြောင့်ပင်။ပြီးတော့ဘာကြောင့်ရယ်မှန်းမသိ။ထိုကလေးလေးရင်ခွင်ဟာသူ့အတွက်တော့အလွန်ပင်နွေးထွေးလွန်းသည်ဟုထင်မိသည်။
အရွယ်နဲ့မမျှအောင်ခံစားခဲ့ရသမျှတွေကိုပြန်တွေးရင်းလောကကြီးမှာအချစ်ရဆုံး....အားအကိုးရဆုံးအမေဖြစ်သူကပါဆုံးသွားသည်ဆိုသောအမှန်တစ်ရားအားသူလက်မခံချင်ပေ။တစ်နေ့ကမှအကောင်းကြီးရှိနေသေးသည့်အမေကဒီနေ့မနက်လည်းရောက်ရောဆုံးပြီတဲ့လား။
ကျက်သရေမဲ့လှတဲ့မနက်ခင်းကိုငိုခြင်းနှင့်ပင်စတင်ခဲ့ရသည်မှာအခုနေ့လည်အချိန်ထိပင်ဖြစ်သောကြောင့်ခေါင်းများပင်စတင်မူးဝေလာသည်။ပါးပြင်တွင်လည်းငိုထားသည့်မျက်ရည်စီးကြောင်းတို့မှာရွဲစိုလျက်။မှီထားမိသည့်ကလေးလေး၏အင်္ကျီပခုံးပေါ်တွင်လည်းသူ့မျက်ရည်များရွှဲစိုနေပြန်သည်။
ခေါင်းထဲမှာမူးနောက်နေပေမဲ့သူအားယူကာထလိုက်သည်။အဲ့တော့ထိုကလေးလေးကသူ့မျက်နှာအားသေချာကြည့်ကာ....
"ကိုကိုငိုလို့ဝသွားပြီလား"
"အင်း"
စကားပြောဖို့တောင်အားပင်မရှိပါသော်လည်းကလေးလေးအား အားနာမိ၍သူရအောင်အင်းတစ်လုံးတော့ဖြေလိုက်ပါသည်။ဒါပေမဲ့မနက်ကတည်းကအစားစားဖို့မပြောနှင့်ရေပင်တစ်ခွက်မျှဝင်အောင်မသောက်ရသေးတော့လည်ပင်းမှာလည်းခြောက်ကပ်နေပြီးတံတွေးကိုပင်မနည်းမျိုချနေရသည်။
ထိုကလေးလေးရဲ့လက်ကသူ့မျက်နှာနားရောက်လာကာပါးပေါ်မှာကျန်ရှိနေသေးသည့်မျက်ရည်အချို့တို့ကိုသူ့ရဲ့လက်သေးသေးဖောင်းဖောင်းလေးနဲ့လာသုတ်ပေးရှာသည်။
"ကိုကိုကအများကြီးငိုထားတာပဲ"
ပါးနှစ်ဖက်လုံးကိုပြောင်အောင်သုတ်ပေးပြီးသွားတော့သူ့အားမျက်လုံးလေးတွေမှေးသွားသည်အထိပြုံးပြပြီး....
"ကိုကိုနောက်ဆိုထပ်မငိုနဲ့တော့နော်" တဲ့။
သူဒီတစ်ခါတော့ခေါင်းပဲငြိမ့်ပြနိုင်တော့သည်။အသက်ကိုဖြေးဖြေးချင်းရှူနေရင်းခေါင်းကပိုမူးလာသည်မို့ထိုနေရာမှထွက်သွားရန်ပြင်လိုက်သည်။
"ကိုကိုသွားတော့မလို့လား"
သူထပ်ပြီးခေါင်းပဲငြိမ့်ပြလိုက်ပါသည်။
"ဒါဆိုကောင်းကောင်းသွားနော်နောက်နေ့မှJaeနဲ့တူတူဆော့မယ်"
ဟုပြောပြီးသူ့အိမ်ဘက်ကိုပြေးထွက်သွားသည့်ကလေးငယ်အားသူအဆုံးထိသေချာလိုက်ကြည့်မိသည်။စိတ်ထဲမှာလည်းထိုကလေးလေးကိုကျေးဇူးတင်မိနေသည်။သူဒီရပ်ကွက်ကိုစပြောင်းလာကတည်းကအဲ့ကလေးလေးကိုသတိထားမိခဲ့ပေမဲ့တစ်ခါမှစကားပင်သေချာမပြောဖူးခဲ့။
ထိုကလေးလေးဆော့နေတာလည်းမြင်ဖူးသလိုငိုနေတာလည်းမြင်ဖူးခဲ့သည်။ဒါပေမဲ့အပေါင်းအသင်းလည်းမရှိခဲ့ပဲပတ်ဝန်းကျင်နှင့်ဝင်မဆံ့သည့်သူ့အဖို့တော့ထိုကလေးလေးနှင့်မိတ်ဖွဲ့ရန်တစ်ခါမျှပင်မစဥ်းစားဖူးခဲ့။ဒါကြောင့်အဲ့ကလေးလေးငိုနေတာမြင်ရင်တောင်သူမမြင်ချင်ယောင်ဆောင်ဖူးခဲ့သည်။
ဒါပေမဲ့ထိုကလေးလေးကတော့အဲ့လိုမဟုတ်။သူနဲ့လည်းမခင်ပါဘဲကိုကိုဟုခေါ်ကာငိုနေသည့်သူ့ကိုဖက်ပေးပြီးနှစ်သိမ့်ပေးခဲ့သည်။သူအားနာမိပါသည်။ဝမ်းလည်းဝမ်းနည်းမိသည်။ပြီးတော့ထပ်ပြီးပြောလိုက်သေးတာနောက်နေ့မှတူတူဆော့မယ်တဲ့လေ။
သူအဲ့ကလေးလေးမလာခင်ကချထားခဲ့သည့်ဆုံးဖြတ်ချက်ကိုထိုကလေးလေးများသိနေခဲ့ရင်တူတူဆော့မယ်လို့ပြောပါဦးမလား။သူသက်ပြင်းတစ်ခုကိုချလိုက်သည်။
"Lee Juyeon!!!!"
နာမည်ခေါ်သံကြားလို့လှည့်ကြည့်မိလိုက်တော့နှစ်ယောက်မရှိပါသောသူရဲ့ပထွေး။တစ်နည်းအားဖြင့်ဆိုလျှင်သူ့အားနှိပ်စက်နေသူ။
"မင်းအမေကသေသွားတာတောင်မင်းကဒီမှာလာပြီးအလေ လိုက်နေတယ်ပေါ့!!"
ကြည့်ရတာအရက်သောက်ထားပြန်ပြီထင်ပါတယ်။သူအော်ပြီးပြန်ပြောလိုက်ချင်ပါတယ်။ဒါပေမဲ့ဖြစ်လာမဲ့အကျိုးဆက်တွေကိုမခံနိုင်သောကြောင့်သာငြိမ်ခံနေရခြင်းဖြစ်သည်။
"ကျွန်တော်လာပါပြီ"
မရှိရှိတဲ့အားကိုထုတ်ပြီးစကားပြန်ပြောရင်းခြေလှမ်းများကိုသူ့ရဲ့မသွားချင်သည့်အိမ်ဘက်သို့လှမ်းရသည်။
.............................
နောက်တစ်နေ့မနက်ရောက်တော့အမေမရှိတော့ဘူးဆိုသည့်အသိစိတ်ဖြင့်နိုးထလာရသည်။အသက်ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက်မိဘမေတ္တာကိုလိုအပ်ပါသော်လည်းမရနိုင်မှန်းသိနေတော့မတတ်နိုင်ဘူးဟုသာသူတွေးမိသည်။
သူများတွေပြောကြတဲ့စကားတစ်ခုရှိတယ်။မပြည့်စုံဘဲခက်ခဲကြမ်းတမ်းတဲ့ဘဝမှာမွေးဖွားလာရတဲ့ကလေးတစ်ယောက်ကအရွယ်ရောက်ပြီးသားလူကြီးတွေထက်ကိုရင့်ကျက်နေတတ်တယ်တဲ့။
သူ့ကိုယ်သူပြန်စဥ်းစားကြည့်ရင်လည်းအဲ့စကားကဟုတ်နေသယောင်။သက်ပြင်းတစ်ခုကိုလေးကန်စွာချလိုက်ပြီးအိပ်ယာထဲမှထကာမျက်နှာသစ်သွားတိုက်ပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်။
အရင်လို"သားလေးYeonနိုးလာပြီလား"လို့မေးမည့်အမေလည်းမရှိတော့မနက်ခင်းကတိတ်ဆိတ်ခြောက်ကပ်လျက်ပင်။သူ့ရဲ့ပထွေးဖြစ်သူထမလာခင်အထိပေါ့။
အရာရာကသူ့က်ိုနားလည်ပေးရမဲ့အစားသူကပဲအရာရာကိုလိုက်ပြီးနားလည်ပေးနေရသည်။ကလေးတစ်ယောက်အနေနဲ့ရသင့်ရထိုက်တဲ့ပျော်ရွှင်မှုလွတ်လပ်မှုတွေဆိုတာဝေးလားဝေး။အနည်းငယ်သိတတ်စအရွယ်ကတည်းကအမေရဲ့နာကျင်မှုတွေရယ်မျက်ရည်တွေရယ်နှိပ်စက်ခံရမှုတွေနဲ့သာကြီးပြင်းလာရသူမို့သူ့ဘဝသူလည်းနာကျည်းစိတ်ပျက်မိပါသည်။
ရယ်တော့ရယ်ရသားနော်။အခုမှအသက်ရှစ်နှစ်ပဲရှိသေးတဲ့ကလေးကသူ့ဘဝသူစိတ်ပျက်နေသတဲ့။ဒီလိုစကားမျိုးကိုသူ့နေရာမှာဝင်ခံစားကြည့်လျှင်ထပ်ပြီးပြောနိုင်ပါ့မလားတော့မသိ။ခံစားမှုဆိုတဲ့အရာကအသက်အရွယ်မရွေးရှိတတ်ကြတာမလို့သူလည်းခံစားတတ်ပါသည်။
ကောင်းတဲ့ခံစားချက်လားဆိုးတဲ့ခံစားချက်လာလည်းသူကောင်းကောင်းခွဲတတ်သည်။ဒါကြောင့်ဆိုးရွားလှတဲ့ခံစားချက်ကြီးတွေကိုရင်ဝယ်ပိုက်ရင်းမနက်စာအတွက်သူ့ဟာသူပြင်နေရသည်။ဟိူလူကြီးသူ့ပထွေးအတွက်ကတော့ကော်ဖီတစ်ခွက်ဖျော်ပေးလိုက်ရင်ရပါပြီ။သူကတော့ရေခဲသေတ္တာထဲကအမေဝယ်ထားပေးလေ့ရှိတဲ့နွားနို့ဘူးလေးရယ်ပေါင်မုန့်ထုပ်ကလေးရယ်နဲ့သာဆိုသူ့ရဲ့မနက်စာဟာပြီးပြည့်စုံသွားခဲ့သည်။
ကော်ဖီကိုဖျော်ဖို့ရေနွေးထည့်တော့မနိုင်တာနဲ့လက်ထဲမှရေနွေးအိုးပြုတ်ကျကာလက်ကိုအပူလောင်ပါတော့သည်။
"အား.......Omma!!!!!!!"
သူနာကျင်စွာအော်တော့ပထွေးဖြစ်သူကရောက်လာကာသူ့အားစိုးရိမ်တစ်ကြီးနဲ့လုပ်ပေးမယ်ထင်ပါသလား။မထင်ပါနဲ့။အပူလောင်လို့နီရဲကျိန်းစပ်နေတဲ့လက်ကိုဆောင့်ဆွဲကာထစေပြီးရိုက်ပါတော့သည်။
"အဲ့လောက်တောင်နမော်နမဲ့နိုင်ရလား.....ယောကျာ်းဖြစ်ပြီးဒါလေးတောင်မနိုင်ဘူးလား"
အပြစ်တင်ပြောဆိုသံနဲ့အတူသူ့ရဲ့အပူလောင်ထားသည့်လက်ကိုရောကျန်တဲ့လက်ကိုပါရိုက်နေသောသူ့ရဲ့ပထွေးဆီမှရုန်းပေမဲ့အချည်းနှီးသာ။
သူကငိုတော့ဟိုကထပ်ရိုက်နဲ့နောက်ဆုံးပထွေးဖြစ်သူမောသွားတော့မှသာရပ်တော့သည်။အဲ့တော့မှသူလည်းနာကျင်နေရက်နဲ့ပင်မျက်ရည်တို့ကိုဆက်မကျအောင်ထိန်းရင်းအိမ်ထဲမှပြေးထွက်လာခဲ့သည်။
သူ့ရဲ့ညာဘက်လက်ကိုကြည့်လိုက်တော့အပူလောင်ထာသည့်ဒဏ်ကြောင့်နီရဲလို့နေသည်မှာအရေခွံတောင်လန်ချင်နေသည်။ဘယ်ဘက်လက်ကိုကြည့်ပြန်တော့လည်းအရိုက်ခံထားရသည့်ဒဏ်ကြောင့်အညိုမဲစွဲလို့နေသည်။သူ့လက်နှစ်ဖက်သူကြည့်ရင်းထပ်ငိုမိပြန်သည်။
"ကိုကိုရေ.....ကိုကို"
အသံအရမ်းလည်းမကျယ်အရမ်းလည်းမတိုးသည့်လေသံလေးဖြင့်ခေါ်ရာဘက်ကိုလှည့်ကြည့်လိုက်တော့ဟိုကလေးလေး။သူကဘယ်လိုလုပ်ပြီးဒီရောက်နေပါလဲလို့တွေးတော့ခါမှသူပြေးလာလိုက်တာထိုကလေးလေးတို့ခြံဘေးနားသစ်ပင်နားရောက်နေမှန်းသတိထားမိတော့သည်။ဒါကြောင့်ဒီကလေးလေးကသူ့ကိုမြင်တာကိုး။
"ကိုကိုငိုနေပြန်ပြီလား"
သူကဘာမှတော့ပြန်မဖြေမိပေမဲ့ထိုကလေးလေးကမနေ့ကလိုသူ့ဘေးနားလာထိုင်ကာသူမျက်နှာပေါ်ကမျက်ရည်တို့ကိုမနေ့ကအတိုင်းတစ်ယုတစ်ယသုတ်ပေးရှာသည်။
သူလည်းဘာမှတော့မပြောမိပေမဲ့ဒီအတိုင်းငြိမ်ခံနေမိသည်။ပြီးတော့မှထိုကလေးလေးကသူ့လက်ကဒဏ်ရာတွေကိုမြင်သွားပြီထင်ပါရဲ့။
"ဟယ်....ကိုကို့လက်ကနီရဲနေတာပဲဘာဖြစ်တာလဲဟင်"
စိုးရိမ်တစ်ကြီးနဲ့မေးလာရှာသည့်ထိုကလေးလေးအားသူဒီအတိုင်းဘာမှပြန်မဖြေဘဲကြည့်လို့နေသည်။
"အပူလောင်ထားတာထင်တယ်......ခနလေးနော်Jaeမေမေသင်ပေးထားတာရှိတယ်ကိိုကိုဒီမှာခနလေးစောင့်နေနော်Jaeပြန်လာခဲ့မယ်"
Juyeonခေါင်းငြိမ့်ပြလိုက်တော့သူ့ကိုပြုံးပြပြီးထွက်သွားသည့်ကလေးငယ်။သူလည်းထိုကလေးလေးပြောသလိုအဲ့အပင်အောက်မှာပဲထိုင်ရက်သားလေးစောင့်နေလိုက်သည်။
သိပ်မကြာလိုက်ကလေးလေးပြန်ရောက်လာပြီးလက်ထဲမှာလည်းဆေးဘူးလေးပါလာသည်။သူ့ရှေ့လည်းရောက်ရောထိုင်ချကာသူ့လက်ကိုဆွဲယူလိုက်သည်။
"ဒါJaeမေမေဝယ်ပေးထားတဲ့ဆေးလေအပူလောင်ရင်လိမ်းပေးရတယ်တဲ့....."
ဟုပြောကာသူ့လက်ကိုဆေးလိမ်းပေးမယ်လုပ်တော့Juyeonအနည်းငယ်တွန့်သွားမိသည်။ဒါကိုသတိထားမိတဲ့ကလေးလေးကလည်းသူ့ကိုပြုံးပြကာ
"မကြောက်ပါနဲ့.....ဒီဆေးကမနာပါဘူးနည်းနည်းလေးပဲစပ်တာခနလေးသည်းခံလိုက်နော်"
ဟုပြောရင်းသူ့ရဲ့အပူလောင်နေတဲ့လက်ကိုဆေးလေးလိမ်းပေးရှာသည်။လက်သေးသေးလေးတွေနဲ့သေသေချာချာလိမ်းပေးရင်းနှုတ်ခမ်းလေးကလည်းသူမစပ်အောင်လေမှုတ်ပေးသေးသည်။
"မင်းနာမည်ကJaeပဲလား"
Juyeonမေးလိုက်တော့ဆေးလိမ်းပေးရင်းခေါင်းလေးမော့ကာကြည့်လာသည်။
"Jaeနာမည်အပြည့်အစုံကLee JaeHyunပါJaeလို့ခေါ်ချင်လည်းရတယ်"
"အော်....."
"ကိုကို့နာမည်ကLee JuYeonမလား"
"ဟုတ်တယ်......ဒါနဲ့Jaeကအကို့ကိုဘယ်လိုသိတာလည်း"
"ဒီလိုပါပဲJaeကJaeသဘောကျတဲ့သူတွေဆိုစိတ်ဝင်စားတယ်လေအဲ့တာ ကိုကို့နာမည်ခေါ်တာကြားဖူးလို့"
"နေပါဦးJaeကအကို့ကိုဘယ်တုန်းကစသိတာလည်း"
"ဟိုတစ်ခါတုန်းကကစားကွင်းမှာကိိုကိုဘတ်စကတ်ဘောဆော့တာမြင်ပြီးသဘောကျသွားတာ"
"အော်......"
"ဒါဆိုJaeတို့သူငယ်ချင်းလုပ်လို့ရတယ်မလား"
"သူငယ်ချင်း?"
"အင်းလေ"
သူငယ်ချင်းဆိုသည်အရာမျိုးကJuyeonဘဝမှာတစ်ခါမှမရှိခဲ့ဖူးသောအရာဖြစ်တာမလို့ဒီကလေးလေးကသူ့အားသူငယ်ချင်းလုပ်မယ်လို့ပြောတာကိုသူချက်ချင်းပြန်မဖြေနိုင်သေးပါ။ဒါပေမဲ့သူလည်းဒီလောက်တော့ပျော်ခွင့်ရှိတယ်မလား။သူငယ်ချင်းတစ်ယောက်လောက်ထားပြီးတစ်ခြားကလေးတွေလိုမျိုးလေ။ဒါကြောင့်ထိုကလေးလေးခေါင်းကိုအသာလေးသွားဖွလိုက်ကာ
"ရတာပေါ့Jaeရဲ့"
အဲ့လိုလည်းပြောလိုက်တော့သူ့ကိုသွားလေးတွေပေါ်သည်အထိရယ်ပြလာသည့်ထိုကလေးလေး။ဘယ်သူထင်မှာလည်းနော်သူငယ်ချင်းစလုပ်တဲ့ကလေးလေးကတစ်ချိန်မှာသူ့ဘဝရဲ့အရေးပါဆုံးလူတစ်ယောက်ဖြစ်လာမယ်ဆိုတာ။
___________________________________________
Thanks for reading🌸
Zawgyi
"အင်း"
"Lee Juyeon!!!!"
"ကျွန်တော်လာပါပြီ"
.............................
"အား.......Omma!!!!!!!"
"ကိုကိုရေ.....ကိုကို"
"အပူလောင်ထားတာထင်တယ်......ခနလေးနော်Jaeမေမေသင်ပေးထားတာရှိတယ်ကိုကိုဒီမှာခနလေးစောင့်နေနော်Jaeပြန်လာခဲ့မယ်"
"မင်းနာမည်ကJaeပဲလား"
"အော်....."
"ဟိုတစ်ခါတုန်းကကစားကွင်းမှာကိုကိုဘတ်စကတ်ဘောဆော့တာမြင်ပြီးသဘောကျသွားတာ"
"အော်......"
"သူငယ်ချင်း?"
"အင်းလေ"
"ရတာပေါ့Jaeရဲ့"
___________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com