Chapter 10
{ ဂရုဏာသက်မှုကနေဖြစ်တည်လာသောအချစ်သံယောဇဥ်ကြိုးလေးတစ်ခု }
"Juရေ......အလုပ်ဆင်းရင်ရပ်ကွက်ထဲကကစားကွင်းထဲမှာသွားဆော့ရအောင်"
"ဟုတ်ပါပြီ...."
Jaehyunတစ်ယောက်ခါတိုင်းလိုကျူရှင်ဆင်းသည်နှင့်Juyeonအလုပ်ဆီလာပြီးဘေးကနေပူဆာနေခြင်းဖြစ်သည်။Juyeonကလည်းမုန့်ထုတ်တွေပြန်စီနေရင်းသူ့ဘေးမှာစကားတွေတစ်တွတ်တွတ်ပြောပြီးဟိုပူဆာဒီပူဆာလုပ်သည့်Jaehyunလေးအားလည်းမငြီးမငြူပြောသမျှအကုန်လုပ်ပေးရှာသည်။
"Ju...စာကောလုပ်ပြီးပြီလားနောက်လကျရင်စာမေးပွဲရှိတယ်နော်"
"အင်းပါ...လုပ်နေပါတယ်"
"လုပ်နေတာမှန်ရင်ဒီတစ်ခေါက်တော့အဆင့်တက်မယ်ပေါ့"
"အယ်........1 to 15ဝင်ပါတယ်"
Jaehyunသက်ပြင်လေးခပ်ဖွဖွချလိုက်ပြီး
"အဲ့ထက်ပိုများအောင်လုပ်လေ"
"လုပ်မှာပါ....ပိုကြိုးစားပါ့မယ်"
"Juကတော်ပါတယ်ကွာ......ဒီလိုလုပ်....အကယ်လို့Juလာမဲ့စာမေးပွဲမှာ 1 to 10ဝင်ခဲ့ရင်Jaeကလက်ဆောင်ပေးမယ်"
"တစ်ကယ်လား...ဘာပေးမှာလည်း"
"မပြောပြဘူး"
"ဒါဆိုရင်တော့...စာပိုလုပ်မှရတော့မယ်"
"အင်း...ညကျရင်Jaeဆီလာလိုက်လေ....စာအတူတူလုပ်ကြမယ်"
"Okလေ"
Jaehyunကစာတော်ပေမဲ့Juyeonကျတော့ဉာဏ်ကောင်းပြီးစာတော့သိပ်မလုပ်ခြင်းဖြစ်သည်။ဒါကိုJaehyunကသိတော့Juyeonအားပိုပြီးစာကြိုးစားအောင်လုပ်ပေးလေ့ရှိသည်။
Juyeonကောင်တာဘက်ကိုပြန်ရောက်တော့စျေးဝယ်သူလာနေ၍Jaehyunလည်းတစ်ခြားမုန့်တန်းတွေဘက်ရောက်သွားသည်။ထိုစဥ်ဆိုင်ထဲမှာအလယ်တန်းအရွယ်လောက်ရှိမည့်ကောင်လေးတစ်ယောက်နှင့်အတူသူ၏အဖေဖြစ်ပုံရသည့်လူတစ်ယောက်ကဝယ်ထားသည့်မုန့်များအားကောင်တာတွင်လာရောက်ငွေရှင်းလေသည်။
"ဒါတွေဘယ်လောက်ကျလည်းတွက်ပေးပါ"
"ဟုတ်ကဲ့........"
Juyeonလည်းလုပ်နေကျအတိုင်းမုန့်ထုတ်တွေယူကာငွေရှင်းမည်လုပ်တော့ရင်းနှီးနေသည့်အသံကြောင့်ရှေ့မှစျေးဝယ်သူအားမော့ကြည့်လိုက်မိသည်။
ဒီမျက်နှာ.....ဒီပုံစံ.....ဒီအသံ...တို့ကြောင့်လူမှားခြင်းမဖြစ်နိုင်။သေချာစွာအတည်ပြုလိုက်တော့သူထင်ထားသည့်လူဖြစ်နေသည်မလို့တုန်လှုပ်သွားသည်မှာလက်ထဲကမုန့်ထုတ်ပင်စားပွဲပေါ်သို့ပြန်ကျသွားလေသည်။
ထိုစဥ်စိတ်ထဲရေရွတ်လိုက်သည့်နာမ်စားလေးတစ်ခု။
"Appa...."
ဘေးကအလယ်တန်းလောက်ရှိမည့်ကောင်လေးကကောဘယ်သူလည်း။မဟုတ်မှလွဲရော.........
အတွေးပေါင်းစုံကဦးနှောက်ထဲမှာနယ်ချဲ့နေရင်းခေါင်းများပင်စတင်မူးဝေလာကာမျက်လုံးအိမ်ထဲသို့လည်းမျက်ရည်တို့ကရောက်ရှိလို့လာပြန်သည်။ကိုယ်တိုင်ပင်သတိမထားမိလောက်အောင်တုန်ရီနေသောလက်များကြောင့်လည်းဘာဆိုဘာမှမကိုင်နိုင်။ထိုစဥ်သူ့အားသတိပြန်ဝင်လာအောင်လုပ်ပေးလိုက်သည့်ခေါ်သံလေး။
"Ju....."
သူလှည့်ကြည့်မိတော့သူ့အားစိုးရိမ်းစွာကြည့်နေသောJaehyunလေးအားတွေ့လိုက်ရသည်။
"Ju...ဘာဖြစ်တာလည်း"
Jaehyunလေးရဲ့အမေးကိုပြန်မဖြေနိုင်သေးခင်မှာပဲအရှေ့ကလူဆီမှထွက်လာသည့်အသံ။
"Juyeonလား........"
Jaehyunလေးကလည်းJuyeonရယ်အရှေ့ကစျေးဝယ်သူလူရယ်ကိုကြည့်ပြီးမေးခွန်းထုတ်နေမိသည်။
"သားလေးလား.......Juyeonဟုတ်တယ်မလား"
ထိုလူမှဝမ်းသာအားရဖြင့်ပြောလာတော့Juyeonပြန်ဖြေရန်အားယူလိုက်သည်။
"Juyeon...သားလေး Appaလေ....Appaကိုမှတ်မိတယ်မလား"
မှတ်မိတာပေါ့......သူ့ကိုလွန်ခဲ့တဲ့15နှစ်တုန်းကတောင်းပန်ပါတယ်တစ်ခွန်းတည်းပြောပြီးထားခဲ့တဲ့သူကိုမေ့နိုင်စရာအကြောင်းမှမရှိဘဲ။တုန်လှုပ်ခြင်းကိုလက်ကိုင်ထားပြီးသူပြန်ဖြေလိုက်သည်က
"တောင်းပန်ပါတယ်....ခင်ဗျားလူမှားနေပြီထင်တယ်"
"မဖြစ်နိုင်ပါဘူး....မင်းကLee Juyeonမလား ငါ့သားမှငါ့သားအစစ်"
"ခင်ဗျားကိုမဟုတ်ပါဘူးလို့ပြောနေတယ်လေ!!"
ပြန်အော်လိုက်တော့ထိုလူကမျက်နှာပျက်သွားကာ
"အော်....ဟုတ်ပါပြီ"
ထိုစဥ်ဘေးကကောင်လေးမှ
"Appa....မြန်မြန်လုပ်Ommaစောင့်နေပြီ"
"အေးပါကွယ်...ဒါဆိုမြန်မြန်လေးတွက်ပေးပါဦး"
Juyeonလည်းလုပ်စရာရှိတာမြန်မြန်လုပ်ပေးလိုက်ပြီးသူတို့ထွက်သွားသည်အထိစောင့်ကြည့်လိုက်သည်။ထိုလူနှင့်သူ့သားတို့ထွက်သွားတော့မှကောင်တာအနောက်မှာဆောင့်ကြောင့်ထိုင်ချလိုက်မိတော့သည်။
Jaehyunကထိုင်နေတဲ့Juyeonဘေးနားကိုဖြေးဖြေးချင်းရောက်လာကာ
"Ju.........အဆင်ပြေရဲ့လားဟင်"
Juyeonခေါင်းကိုဖြေးညင်းစွာခါလိုက်မိသည်။
"အဲ့တာJu Appaဟုတ်တယ်မလား"
"အင်း......"
Jaehyunလေးလည်းဒီလောက်ဆိုJuyeonဘာဖြစ်နေပြီဆိုတာမပြောပေမဲ့သိနေတာမလို့Juyeonဘေးလေးသွားထိုင်ကာသူလုပ်နေကျအတိုင်းJuyeonကျောလေးအားအသာပုတ်ပေးမိသည်။
"Ju....ဒီနေ့တော့အိမ်မပြန်ခင်ကစားကွင်းမသွားတော့ဘဲညစျေးလျှောက်လည်ရအောင်"
သူ့အားစိတ်ပြောင်းစေရန်ရည်ရွယ်ပြီးပြောလိုက်မှန်းသိတာမလို့Juyeonလည်းခေါင်းပြန်ငြိမ့်ပြလိုက်သည်။
.....................
အငွေ့တစ်ထောင်းထောင်းထနေသည့်စားဖွယ်စုံတို့ရဲ့အနံ့ပေါင်းစုံဟာပတ်ဝန်းကျင်တစ်ခုလုံးပျံ့နှံ့နေပြီးဖြတ်သွားသူမှန်သမျှကိုမစားရမနေနိုင်အောင်လုပ်ဆောင်ဆောင်ပေးလေသည်။လမ်းဘေးမှာဆိုင်ခန်းသေးသေးလေးတွေနဲ့အတူတစ်ချို့ဟာလည်းကိုယ်ပိုင်ကားအသေးလေးတွေနဲ့တစ်ချို့တွေကလည်းတွန်းလှည်းလေးတွေနဲ့အစီစီအရီရီရောင်းချနေကြလေသည်။ဆိုင်တိုင်းနီးနီးမှာလည်းစားသောက်သူများအပြည့်ဖြင့်။
"Jaeဘာစားချင်လည်း"
"အင်း......ပဲခေါက်ဆွဲနဲ့တော့ပိုကီစားချင်တယ်"
"ဒါဆိုအဲ့တာပဲသွားစားရအောင်"
"ဒါထက်လေ.....စက်ဘီးကိုအဲ့မှာရပ်ခဲ့လို့ရပါ့မလားပျောက်သွားရင်ဘယ်လိုလုပ်မလည်း"
"မပျောက်ပါဘူး....အဲ့နားမှာတစ်ချို့တွေလည်းထားကြတာပဲကို"
..................
"Juရော့....အာ...."
အစားစားတိုင်းJuyeonကိုမဖြစ်မနေခွံ့ကျွေးလိုက်ရမှကျေနပ်သည်မလို့ခုလည်းတော့ပိုကီတစ်ခုအားခွံ့ကျွေးနေခြင်းဖြစ်သည်။ဒါပေမဲ့Jaehyunကိုစချင်တဲ့Juyeonကမစားဘဲငြင်းလိုက်လေသည်။
"ဘာလို့မစားတာလည်း"
"ဟင်....Jaeဘာသာစားပါ"
ပြောတော့ချက်ချင်းမျက်မှောင်ကြုတ်လာကာတော့ပိုကီတစ်ခုကိုထောင်ပြရင်း
"စားမှာလား...မစားဘူးလား"
မေးနေပုံကလည်းသူခွံ့ကျွေးတာမစားရင်ဘဲသတ်တော့မလိုလိုဆိုတော့Lee Juyeonတစ်ယောက်ကြောက်ကြောက်လန့်လန့်နဲ့စားပေးလိုက်ရရှာပါသည်။
.
................
စားလို့သောက်လို့ပြီးသွားတော့အချိန်လည်းမစောတော့သည်မလို့နှစ်ယောက်သားစက်ဘီးရပ်ထားခဲ့သည့်နေရာလေးသို့လမ်းလျှောက်လာလိုက်ကြသည်။သူတို့လမ်းလျှောက်လာနေတုန်းမှာပဲမလှမ်းမကမ်းမှ
"Appaနဲ့Ommaသားကိုဒီနေ့စားချင်တာလိုက်ကျွေးမှာလို့ပြောထားတယ်နော်"
"ဟုတ်တာပေါ့....ငါ့သားကပြီးခဲ့တဲ့စာမေးပွဲမှာလည်းတစ်ခန်းလုံးအဆင့်တစ်ရတယ်မလား"
"ဟုတ်Appa"
"Aigoo.....ငါ့သားကတော်လိုက်တာကွယ်သေချာပေါက်Appaနဲ့တူလို့ပဲ"
"အမလေး....မဟုတ်တာရှင်....ကျွန်မနဲ့တူတာပါရှင်နဲ့သာတူရင်ကလေးကဉာဏ်သာကောင်းပြီးစာလိုက်လုပ်မှာမဟုတ်ဘူး"
"တော်ပါတော့....Appaနဲ့Ommaကလည်းသားကနှစ်ယောက်လုံးနဲ့တူလို့စာတော်တာပါ"
မြင်တွေ့နေရသောသားမိသားဖသုံးယောက်ကြောင့်Juyeonပျော်နေသည့်စိတ်တို့တစ်ဖန်ပြန်လည်ပျက်စီးရပြန်သည်။သူ့ရဲ့အဖေအရင်းဖြစ်သူကသူမဟုတ်တဲ့တစ်ခြားကောင်လေးကိုသားဟုခေါ်ကာပြောနေပုံသည်Juyeonအတွက်တော့ဘယ်အရာနဲ့မျှနှိုင်းယှဥ်လို့မရပါသောနာကျင်မှုကိုဖြစ်တည်စေသည်။
ကြည်နူးစရာကောင်းလောက်အောင်ချစ်ဖို့ကောင်းပြနေပါသောမိသားစုလေးကJuyeonမျက်လုံးထဲတွင်တော့ကြည်နူးဖို့တစ်စက်ကလေးမျှမကောင်းနေပါ။ဒါထက်သူ့အားနာကျင်မှုများပင်ပေးလေသည်။ကျဆင်းလာခါနီးမျက်ရည်တို့ကိုထိန်းနေရင်းမှာပဲရုတ်တစ်ရက်လက်ကနေအဆွဲခံလိုက်ရပြီးသတိပြန်ကပ်တော့မှလမ်းကြားထဲရောက်နေမှန်းသိတော့သည်။
သူများဒီကိုဘယ်လိုရောက်လာပါလိမ့်လို့တွေးနေတုန်းမှာပဲသူ့ခန္ဓာကိုယ်ကိုဆွဲဖက်ထားသည့်တစ်စုံတစ်ယောက်ကြောင့်သူသိလိုက်ပါသည်။Jaehyunလေးကသူ့အားမမြင်အောင်ကွယ်ထားပေးတာပဲ။Jaehyunမမြင်စေရန်မျက်ရည်တစ်ပေါက်အားခပ်မြန်မြန်စီးဆင်းစေလိုက်သည်။
"သွားလိုက်ပြီ......"
တိုးတိုးလေးရေရွတ်လိုက်သည့်Jaehyunရဲ့လေသံလေးကြောင့်Juyeonဖက်ထားရာကနေခနတာခွာလိုက်လေသည်။
"Ju.....အဆင်ပြေရဲ့လား"
"အင်း...ပြေပါတယ်.....အိမ်ပြန်ရအောင်လေညဥ့်နက်နေပြီ"
Jaehyunခေါင်းတော့ငြိမ့်ပြလိုက်ပေမဲ့Juyeonကိုစိုးရိမ်စိတ်တို့ကတော့သူ့ရင်ထဲမှာနေရာယူလျက်ရှိနေသေးသည်။
....................
"ဒေါက်.....ဒေါက်"
စာလုပ်နေရင်းတန်းလန်းပြတင်းပေါက်မှန်ကိုခေါက်သံကြားလို့မော့ကြည့်လိုက်တော့Juyeonဖြစ်နေသောကြောင့်ပြတင်းပေါက်တံခါးကိုဖွင့်ကာဝင်ခွင့်ပေးလိုက်သည်။
"Juအပေါ်ကိုဘယ်လိုများတက်လာတာလည်း"
"ဟိုနားမှာလှေကားရှိတယ်လေအဲ့ကနေတက်လာတာ"
"အော်....ဒါများခေါ်လိုက်တာမဟုတ်ဘူးJaeလာလို့ရနေတာကို"
"Jaeကမလာပါနဲ့....ငါပဲလာပါ့မယ်Jaeအိမ်ပြင်ထွက်တာအိမ်အကူမမသိရင်Jaeမေမေကိုပြန်တိုင်နေမှာပေါ့"
"အဲ့တာတော့ဟုတ်ပေမဲ့လည်းလေ.....Juကိုစိတ်ပူတာပေါ့...အမြင့်ကိုတက်လာတာကို"
"ထားပါ...အခုဘာမှာမှမဖြစ်သွားတာ...လာစာလုပ်ကြရအောင်"
"အင်း....."
JuyeonကJaehyunအိမ်ထဲကိုတော့မရောက်ဖူးပေမဲ့Jaehyunအခန်းထဲတော့ရောက်ဖူးလေသည်။Jaehyunလေးရဲ့အခန်းကအိမ်ရဲ့အပေါ်ထပ်မှာရှိတာဆိုပေမဲ့Juyeonအဆင်သင့်ထောင်ပြီးသားလှေကားကနေတက်လာသည်မို့အဆင်ပြေပါသည်။Jaehyunကိုတော့Juyeonကသူ့အိမ်ခေါ်လေ့မရှိ။အကြောင်းကတော့သူ့ပထွေးကြောင့်ပင်ဖြစ်သည်။
ပါးစပ်ကနေတော့ထုတ်မပြောပေမဲ့Juyeonရဲ့ပထွေးဖြစ်သူဟာJaehyunလေးအားသိပ်ပြီးသဘောမကျချင်ပေ။လူငယ်တစ်ယောက်ပီပီလွတ်လွတ်လပ်လပ်ပေါင်းလို့ရမည့်သူငယ်ချင်းတစ်ယောက်လောက်Juyeonထားတာတောင်သူ့ပထွေးကလက်မခံချင်ပေ။အမြဲတမ်းJuyeonကိုတစ်ယောက်တည်းနေတတ်ဖို့သာပြောလေ့ရှိသည်။
"ဝါး.......အိပ်ချင်လာပြီJuကောမအိပ်ချင်ဘူးလား"
"အင်းနည်းနည်း"
ည8နာရီကတည်းကစာစလုပ်လိုက်ကြတာ10နာရီပင်ကျော်သွားသည်မလို့သူတို့နှစ်ယောက်လုံးတော့အိပ်ငိုက်နေကြပြီဖြစ်သည်။
"Ju.....အခုထက်ထိဝမ်းနည်းနေသေးတုန်းမလား"
စာစလုပ်ကတည်းကမျက်နှာမကောင်းသည့်JuyeonကိုJaehyunသတိထားမိနေတာမလို့မေးလိုက်ခြင်းဖြစ်သည်။Juyeonဘာမှပြန်မဖြေဘဲနှုတ်ဆိတ်နေသည်မလို့Jaehyunသိလိုက်ပါပြီ။Juyeonကသူ့AppaကိုOmmaထက်တောင်ပိုချစ်သည်ကိုငယ်ငယ်တုန်းကပြောပြဖူးလို့သိခဲ့သည်။
Juyeonငယ်ငယ်တုန်းကတစ်ခုခုမှာသူဂုဏ်ယူစရာရလာပြီဆိုလျှင်လည်းသူ့Appaကိုပြောပြချင်လိုက်တာဆိုပြီးပြောဖူးသည်ကိုလည်းJaehyumမှတ်မိသည်။တစ်ခါသားJaehyun AppaကJaehyunအတွက်လက်ဆောင်တွေဝယ်လာပေးတာမြင်တော့လည်းသူ့Appaပေးတဲ့လက်ဆောင်ရဖူးချင်လိုက်တာဟုပြောဖူးလေသည်။
အဲ့တာတွေကြောင့်JaehyunလေးမှာJuyeonကိုသနားမိတာလည်းအကြိမ်ကြိမ်ပင်။ဒီနေ့လိုမျိုးJuyeonတွေ့လိုက်ရတော့သူတောင်အတော်လေးဝမ်းနည်းသွားတာJuyeonသာဆိုဘယ်လောက်တောင်ဝမ်းနည်းလိုက်မလည်းဟုကိုယ်ချင်းစာနာမိပါသည်။ငိုချင်မဲ့မဲ့ဖြစ်နေသည့်Juyeonရဲ့မျက်နှာကိုJaehyunကြည့်လိုက်ပြီး
"Ju......ဒီညတော့Jaeနဲ့ပဲအိပ်ပါတော့လား...Juပြောဖူးတယ်လေဝမ်းနည်းတဲ့ညတွေဆိုအိပ်လို့မပျော်ဘူးဆို.....ဒါကြောင့်Jaeနဲ့အိပ်လေနော်...."
Juyeonကမငြင်းဘဲခေါင်းငြိမ့်ပြရှာသည်။
Jaehyunလည်းJuyeonခေါင်းငြိမ့်ပြသည်နှင့်သူ့အိပ်ယာပေါ်လေးကိုသွားပြီးနေရာနှစ်ခုစာဖြစ်ရန်ပြင်နေလေသည်။နဂိုကတည်းကနှစ်ယောက်အိပ်ကုတင်ဖြစ်နေလို့တော်တော့သည်။
"လာ....Jaeဘေးမှာလာအိပ်"
"ရတယ်....ငါအောက်မှာပဲအိပ်လိုက်တော့မယ်"
"အောက်မှာအိပ်ရင်အေးတယ်လေ လာပါ...အပေါ်မှာပဲအိပ် Juကိုဖက်အိပ်ချင်လို့"
ပြောလိုက်တော့သူ့ဘေးကိုရောက်လာပြီးလှဲအိပ်လာသည့်Juyeon။Jaehyunကလည်းစောင်သေချာခြုံပေးရင်း
"Ju ငိုချင်နေရင်ငိိုချလိုက်နော်....မမြိုသိပ်ထားနဲ့အဲ့တာပိုပင်ပန်းတယ်"
Jaehyunလေးရဲ့စကားသံအဆုံးမှာတော့Juyeonရှိုက်သံဟာထွက်ပေါ်လာခဲ့သည်။တစ်ရှုံ့ရှုံ့နဲ့နာကျင်စွာငိုနေသောJuyeonရဲ့ကိုယ်လေးအားJaehyunဆွဲကာသူ့ရင်ခွင်ထဲသွင်းလိုက်တော့သူ့ရဲ့ခါးကိုပါပြန်ဖက်ပြီးငိုနေသည့်Juyeon။
"ငါ....ငါလေ.......Appaလို့တောင်အဲ့လူကိုမခေါ်နိုင်ခဲ့ဘူး.......ပြီးတော့.....သူကနောက်သားတစ်ယောက်ရနေပြီ.........ငါမဟုတ်တဲ့သူကိုသားလို့ခေါ်နေတာ......ငါ့ကိုကျတော့....တောင်းပန်ပါတယ်ပြောပြီးထားခဲ့တာ............"
ရင်နာနာနှင့်တစ်လုံးချင်းငိုကာပြောနေသည့်JuyeonအားJaehyunဘယ်လိုမှမခံစားနိုင်တဲ့အဆုံးသူပါမျက်ရည်ကျရတော့သည်။JuyeonကJaehyunရင်ခွင်မှာမျက်နှာအပ်ရင်းဆက်ပြောသည်က
"ငါမှတ်မိနေတယ်....အဲ့နေ့ကAppaကငါ့ကိုပြောတာ.....တောင်းပန်ပါတယ်တဲ့.....သားရဲ့Ommaနဲ့Appaနဲ့ဘယ်လိုမှအဆင်မပြေနိုင်တော့လို့ပါတဲ့..........ဒါဆိုလည်းဘာလို့သူတို့ယူခဲ့ကြသေးလည်း!!......ဘာလို့ငါ့ကိုဒုက္ခခံပြီးမွေးခဲ့ကြလည်း!!!.........ငါငယ်ငယ်လေးကတည်းကဖြစ်ချင်ခဲ့တဲ့အိပ်မက်ရှိတယ်......အဲ့တာက....ငါ့Appaနဲ့Ommaလက်ကိုတွဲပြီးလျှောက်လည်တာ......ငါတို့ညစျေးမှာသူတို့တွေကိုတွေ့လိုက်သလိုမျိုး......ဒါပေမဲ့.....အဲ့တာဘယ်တော့မှမဖြစ်နိုင်တော့ဘူး!!...........နှစ်ယောက်လုံးကငါ့အတွက်ဆိုမရှိကြတော့ဘူး......ငါ့ကိုပစ်ထားခဲ့တာ......."
ငိုကာပြောနေရင်းအသံလေးပါတိမ်ဝင်သွားသောJuyeonအားJaehyunပိုတင်းကြပ်စွာဖက်လိုက်ရင်းနှစ်သိမ့်ပေးမိသည်။Jaehyunကလည်းငိုရင်း
"Ju.....တစ်ခုပဲမှတ်ထားပေးJuအတွက်တော့Juမိဘတွေကမရှိကြတော့ပေမဲ့လေ.....Jaeတစ်ယောက်လုံးJuဘက်မှာရှိနေသေးတယ်နော်.....အဲ့တာလေးသိထားပေးနော်......"
Juyeonကလည်းJaehyumခါးလေးကိုပိုမိုတင်းကြပ်စွာဖက်ရင်းခေါင်းငြိမ့်လာသည်။Juyeonအတွက်တော့ဤကဲ့သို့သောနွေးထွေးမှုလေးကသူ့အားအားအင်ဖြစ်စေသည်။ထိုကဲ့သို့သောအားအင်မျိုးကိုလည်းJaehyunကသာပေးစွမ်းနိုင်လေသည်။
ရင်ထဲမှတိုက်ရိုက်လာသည့်နွေးထွေးမှုလေးကမပြောပလောက်ပေမဲ့လိုအပ်နေသူအဖို့တော့အားအင်ဖြစ်စေပါသည်လေ။ဒါကြောင့်မလို့JuyeonကိုJaehyunဂရုဏာသက်မိသည်။
မေတ္တာ.....ဂရုဏာတို့ကိုတစ်ပါးသူအပေါ်ပုံအပ်ရင်းနဲ့ပေးသည့်မေတ္တာအရောင်ဟာမတူတော့သည်ကိုကာယကံရှင်ကောင်လေးကိုယ်တိုင်စတင်သတိထားမိလာခြင်းအားမသိမသာနမ်းရှုံ့ပေးလိုက်သည့်ခေါင်းပေါ်ကအနမ်းလေးတစ်ပွင့်ကြောင့်သိလိုက်ရပါသည်။
__________________________________________
အရင်အပိုင်းတွေဖတ်ရတာပေါ့မလားတော့မသိပေမဲ့ခုနောက်ပိုင်းတွေတော့ပိုကောင်းအောင်ရေးပေးပါ့မယ်နော်😚
Thanks for reading🌸
Zawgyi
{ ဂ႐ုဏာသက္မႈကေနျဖစ္တည္လာေသာအခ်စ္သံေယာဇဥ္ႀကိဳးေလးတစ္ခု }
"Juေရ......အလုပ္ဆင္းရင္ရပ္ကြက္ထဲကကစားကြင္းထဲမွာသြားေဆာ့ရေအာင္"
"ဟုတ္ပါၿပီ...."
Jaehyunတစ္ေယာက္ခါတိုင္းလိုက်ဴရွင္ဆင္းသည္ႏွင့္Juyeonအလုပ္ဆီလာၿပီးေဘးကေနပူဆာေနျခင္းျဖစ္သည္။Juyeonကလည္းမုန့္ထုတ္ေတြျပန္စီေနရင္းသူ႕ေဘးမွာစကားေတြတစ္တြတ္တြတ္ေျပာၿပီးဟိုပူဆာဒီပူဆာလုပ္သည့္Jaehyunေလးအားလည္းမၿငီးမျငဴေျပာသမွ်အကုန္လုပ္ေပးရွာသည္။
"Ju...စာေကာလုပ္ၿပီးၿပီလားေနာက္လက်ရင္စာေမးပြဲရွိတယ္ေနာ္"
"အင္းပါ...လုပ္ေနပါတယ္"
"လုပ္ေနတာမွန္ရင္ဒီတစ္ေခါက္ေတာ့အဆင့္တက္မယ္ေပါ့"
"အယ္........1 to 15ဝင္ပါတယ္"
Jaehyunသက္ျပင္ေလးခပ္ဖြဖြခ်လိဳက္ၿပီး
"အဲ့ထက္ပိုမ်ားေအာင္လုပ္ေလ"
"လုပ္မွာပါ....ပိုႀကိဳးစားပါ့မယ္"
"Juကေတာ္ပါတယ္ကြာ......ဒီလိုလုပ္....အကယ္လို႔Juလာမဲ့စာေမးပြဲမွာ 1 to 10ဝင္ခဲ့ရင္Jaeကလက္ေဆာင္ေပးမယ္"
"တစ္ကယ္လား...ဘာေပးမွာလည္း"
"မေျပာျပဘူး"
"ဒါဆိုရင္ေတာ့...စာပိုလုပ္မွရေတာ့မယ္"
"အင္း...ညက်ရင္Jaeဆီလာလိုက္ေလ....စာအတူတူလုပ္ၾကမယ္"
"Okေလ"
Jaehyunကစာေတာ္ေပမဲ့Juyeonက်ေတာ့ဉာဏ္ေကာင္းၿပီးစာေတာ့သိပ္မလုပ္ျခင္းျဖစ္သည္။ဒါကိုJaehyunကသိေတာ့Juyeonအားပိုၿပီးစာႀကိဳးစားေအာင္လုပ္ေပးေလ့ရွိသည္။
Juyeonေကာင္တာဘက္ကိုျပန္ေရာက္ေတာ့ေစ်းဝယ္သူလာေန၍Jaehyunလည္းတစ္ျခားမုန့္တန္းေတြဘက္ေရာက္သြားသည္။ထိုစဥ္ဆိုင္ထဲမွာအလယ္တန္းအ႐ြယ္ေလာက္ရွိမည့္ေကာင္ေလးတစ္ေယာက္ႏွင့္အတူသူ၏အေဖျဖစ္ပုံရသည့္လူတစ္ေယာက္ကဝယ္ထားသည့္မုန့္မ်ားအားေကာင္တာတြင္လာေရာက္ေငြရွင္းေလသည္။
"ဒါေတြဘယ္ေလာက္က်လည္းတြက္ေပးပါ"
"ဟုတ္ကဲ့........"
Juyeonလည္းလုပ္ေနက်အတိုင္းမုန့္ထုတ္ေတြယူကာေငြရွင္းမည္လုပ္ေတာ့ရင္းႏွီးေနသည့္အသံေၾကာင့္ေရွ႕မွေစ်းဝယ္သူအားေမာ့ၾကည့္လိုက္မိသည္။
ဒီမ်က္ႏွာ.....ဒီပုံစံ.....ဒီအသံ...တို႔ေၾကာင့္လူမွားျခင္းမျဖစ္နိုင္။ေသခ်ာစြာအတည္ျပဳလိုက္ေတာ့သူထင္ထားသည့္လူျဖစ္ေနသည္မလို႔တုန္လႈပ္သြားသည္မွာလက္ထဲကမုန့္ထုတ္ပင္စားပြဲေပၚသို႔ျပန္က်သြားေလသည္။
ထိုစဥ္စိတ္ထဲေရ႐ြတ္လိုက္သည့္နာမ္စားေလးတစ္ခု။
"Appa...."
ေဘးကအလယ္တန္းေလာက္ရွိမည့္ေကာင္ေလးကေကာဘယ္သူလည္း။မဟုတ္မွလြဲေရာ.........
အေတြးေပါင္းစုံကဦးႏွောက္ထဲမွာနယ္ခ်ဲ့ေနရင္းေခါင္းမ်ားပင္စတင္မူးေဝလာကာမ်က္လုံးအိမ္ထဲသို႔လည္းမ်က္ရည္တို႔ကေရာက္ရွိလို႔လာျပန္သည္။ကိုယ္တိုင္ပင္သတိမထားမိေလာက္ေအာင္တုန္ရီေနေသာလက္မ်ားေၾကာင့္လည္းဘာဆိုဘာမွမကိုင္နိုင္။ထိုစဥ္သူ႕အားသတိျပန္ဝင္လာေအာင္လုပ္ေပးလိုက္သည့္ေခၚသံေလး။
"Ju....."
သူလွည့္ၾကည့္မိေတာ့သူ႕အားစိုးရိမ္းစြာၾကည့္ေနေသာJaehyunေလးအားေတြ႕လိုက္ရသည္။
"Ju...ဘာျဖစ္တာလည္း"
Jaehyunေလးရဲ႕အေမးကိုျပန္မေျဖနိုင္ေသးခင္မွာပဲအေရွ႕ကလူဆီမွထြက္လာသည့္အသံ။
"Juyeonလား........"
Jaehyunေလးကလည္းJuyeonရယ္အေရွ႕ကေစ်းဝယ္သူလူရယ္ကိုၾကည့္ၿပီးေမးခြန္းထုတ္ေနမိသည္။
"သားေလးလား.......Juyeonဟုတ္တယ္မလား"
ထိုလူမွဝမ္းသာအားရျဖင့္ေျပာလာေတာ့Juyeonျပန္ေျဖရန္အားယူလိုက္သည္။
"Juyeon...သားေလး Appaေလ....Appaကိုမွတ္မိတယ္မလား"
မွတ္မိတာေပါ့......သူ႕ကိုလြန္ခဲ့တဲ့15ႏွစ္တုန္းကေတာင္းပန္ပါတယ္တစ္ခြန္းတည္းေျပာၿပီးထားခဲ့တဲ့သူကိုေမ့နိုင္စရာအေၾကာင္းမွမရွိဘဲ။တုန္လႈပ္ျခင္းကိုလက္ကိုင္ထားၿပီးသူျပန္ေျဖလိုက္သည္က
"ေတာင္းပန္ပါတယ္....ခင္ဗ်ားလူမွားေနၿပီထင္တယ္"
"မျဖစ္နိုင္ပါဘူး....မင္းကLee Juyeonမလား ငါ့သားမွငါ့သားအစစ္"
"ခင္ဗ်ားကိုမဟုတ္ပါဘူးလို႔ေျပာေနတယ္ေလ!!"
ျပန္ေအာ္လိုက္ေတာ့ထိုလူကမ်က္ႏွာပ်က္သြားကာ
"ေအာ္....ဟုတ္ပါၿပီ"
ထိုစဥ္ေဘးကေကာင္ေလးမွ
"Appa....ျမန္ျမန္လုပ္Ommaေစာင့္ေနၿပီ"
"ေအးပါကြယ္...ဒါဆိုျမန္ျမန္ေလးတြက္ေပးပါဦး"
Juyeonလည္းလုပ္စရာရွိတာျမန္ျမန္လုပ္ေပးလိုက္ၿပီးသူတို႔ထြက္သြားသည္အထိေစာင့္ၾကည့္လိုက္သည္။ထိုလူႏွင့္သူ႕သားတို႔ထြက္သြားေတာ့မွေကာင္တာအေနာက္မွာေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္မိေတာ့သည္။
Jaehyunကထိုင္ေနတဲ့Juyeonေဘးနားကိုေျဖးေျဖးခ်င္းေရာက္လာကာ
"Ju.........အဆင္ေျပရဲ႕လားဟင္"
Juyeonေခါင္းကိုေျဖးညင္းစြာခါလိုက္မိသည္။
"အဲ့တာJu Appaဟုတ္တယ္မလား"
"အင္း......"
Jaehyunေလးလည္းဒီေလာက္ဆိုJuyeonဘာျဖစ္ေနၿပီဆိုတာမေျပာေပမဲ့သိေနတာမလို႔Juyeonေဘးေလးသြားထိုင္ကာသူလုပ္ေနက်အတိုင္းJuyeonေက်ာေလးအားအသာပုတ္ေပးမိသည္။
"Ju....ဒီေန႕ေတာ့အိမ္မျပန္ခင္ကစားကြင္းမသြားေတာ့ဘဲညေစ်းေလွ်ာက္လည္ရေအာင္"
သူ႕အားစိတ္ေျပာင္းေစရန္ရည္႐ြယ္ၿပီးေျပာလိုက္မွန္းသိတာမလို႔Juyeonလည္းေခါင္းျပန္ၿငိမ့္ျပလိုက္သည္။
.....................
အေငြ႕တစ္ေထာင္းေထာင္းထေနသည့္စားဖြယ္စုံတို႔ရဲ႕အနံ႕ေပါင္းစုံဟာပတ္ဝန္းက်င္တစ္ခုလုံးပ်ံ့ႏွံ႕ေနၿပီးျဖတ္သြားသူမွန္သမွ်ကိုမစားရမေနနိုင္ေအာင္လုပ္ေဆာင္ေဆာင္ေပးေလသည္။လမ္းေဘးမွာဆိုင္ခန္းေသးေသးေလးေတြနဲ႕အတူတစ္ခ်ိဳ႕ဟာလည္းကိုယ္ပိုင္ကားအေသးေလးေတြနဲ႕တစ္ခ်ိဳ႕ေတြကလည္းတြန္းလွည္းေလးေတြနဲ႕အစီစီအရီရီေရာင္းခ်ေနၾကေလသည္။ဆိုင္တိုင္းနီးနီးမွာလည္းစားေသာက္သူမ်ားအျပည့္ျဖင့္။
"Jaeဘာစားခ်င္လည္း"
"အင္း......ပဲေခါက္ဆြဲနဲ႕ေတာ့ပိုကီစားခ်င္တယ္"
"ဒါဆိုအဲ့တာပဲသြားစားရေအာင္"
"ဒါထက္ေလ.....စက္ဘီးကိုအဲ့မွာရပ္ခဲ့လို႔ရပါ့မလားေပ်ာက္သြားရင္ဘယ္လိုလုပ္မလည္း"
"မေပ်ာက္ပါဘူး....အဲ့နားမွာတစ္ခ်ိဳ႕ေတြလည္းထားၾကတာပဲကို"
..................
"Juေရာ့....အာ...."
အစားစားတိုင္းJuyeonကိုမျဖစ္မေနခြံ႕ေကြၽးလိုက္ရမွေက်နပ္သည္မလို႔ခုလည္းေတာ့ပိုကီတစ္ခုအားခြံ႕ေကြၽးေနျခင္းျဖစ္သည္။ဒါေပမဲ့Jaehyunကိုစခ်င္တဲ့Juyeonကမစားဘဲျငင္းလိုက္ေလသည္။
"ဘာလို႔မစားတာလည္း"
"ဟင္....Jaeဘာသာစားပါ"
ေျပာေတာ့ခ်က္ခ်င္းမ်က္ေမွာင္ၾကဳတ္လာကာေတာ့ပိုကီတစ္ခုကိုေထာင္ျပရင္း
"စားမွာလား...မစားဘူးလား"
ေမးေနပုံကလည္းသူခြံ႕ေကြၽးတာမစားရင္ဘဲသတ္ေတာ့မလိုလိုဆိုေတာ့Lee Juyeonတစ္ေယာက္ေၾကာက္ေၾကာက္လန့္လန့္နဲ႕စားေပးလိုက္ရရွာပါသည္။
.................
စားလို႔ေသာက္လို႔ၿပီးသြားေတာ့အခ်ိန္လည္းမေစာေတာ့သည္မလို႔ႏွစ္ေယာက္သားစက္ဘီးရပ္ထားခဲ့သည့္ေနရာေလးသို႔လမ္းေလွ်ာက္လာလိုက္ၾကသည္။သူတို႔လမ္းေလွ်ာက္လာေနတုန္းမွာပဲမလွမ္းမကမ္းမွ
"Appaနဲ႕Ommaသားကိုဒီေန႕စားခ်င္တာလိုက္ေကြၽးမွာလို႔ေျပာထားတယ္ေနာ္"
"ဟုတ္တာေပါ့....ငါ့သားကၿပီးခဲ့တဲ့စာေမးပြဲမွာလည္းတစ္ခန္းလုံးအဆင့္တစ္ရတယ္မလား"
"ဟုတ္Appa"
"Aigoo.....ငါ့သားကေတာ္လိုက္တာကြယ္ေသခ်ာေပါက္Appaနဲ႕တူလို႔ပဲ"
"အမေလး....မဟုတ္တာရွင္....ကြၽန္မနဲ႕တူတာပါရွင္နဲ႕သာတူရင္ကေလးကဉာဏ္သာေကာင္းၿပီးစာလိုက္လုပ္မွာမဟုတ္ဘူး"
"ေတာ္ပါေတာ့....Appaနဲ႕Ommaကလည္းသားကႏွစ္ေယာက္လုံးနဲ႕တူလို႔စာေတာ္တာပါ"
ျမင္ေတြ႕ေနရေသာသားမိသားဖသုံးေယာက္ေၾကာင့္Juyeonေပ်ာ္ေနသည့္စိတ္တို႔တစ္ဖန္ျပန္လည္ပ်က္စီးရျပန္သည္။သူ႕ရဲ႕အေဖအရင္းျဖစ္သူကသူမဟုတ္တဲ့တစ္ျခားေကာင္ေလးကိုသားဟုေခၚကာေျပာေနပုံသည္Juyeonအတြက္ေတာ့ဘယ္အရာနဲ႕မွ်ႏွိုင္းယွဥ္လို႔မရပါေသာနာက်င္မႈကိုျဖစ္တည္ေစသည္။
ၾကည္ႏူးစရာေကာင္းေလာက္ေအာင္ခ်စ္ဖို႔ေကာင္းျပေနပါေသာမိသားစုေလးကJuyeonမ်က္လုံးထဲတြင္ေတာ့ၾကည္ႏူးဖို႔တစ္စက္ကေလးမွ်မေကာင္းေနပါ။ဒါထက္သူ႕အားနာက်င္မႈမ်ားပင္ေပးေလသည္။က်ဆင္းလာခါနီးမ်က္ရည္တို႔ကိုထိန္းေနရင္းမွာပဲ႐ုတ္တစ္ရက္လက္ကေနအဆြဲခံလိုက္ရၿပီးသတိျပန္ကပ္ေတာ့မွလမ္းၾကားထဲေရာက္ေနမွန္းသိေတာ့သည္။
သူမ်ားဒီကိုဘယ္လိုေရာက္လာပါလိမ့္လို႔ေတြးေနတုန္းမွာပဲသူ႕ခႏၶာကိုယ္ကိုဆြဲဖက္ထားသည့္တစ္စုံတစ္ေယာက္ေၾကာင့္သူသိလိုက္ပါသည္။Jaehyunေလးကသူ႕အားမျမင္ေအာင္ကြယ္ထားေပးတာပဲ။Jaehyunမျမင္ေစရန္မ်က္ရည္တစ္ေပါက္အားခပ္ျမန္ျမန္စီးဆင္းေစလိုက္သည္။
"သြားလိုက္ၿပီ......"
တိုးတိုးေလးေရ႐ြတ္လိုက္သည့္Jaehyunရဲ႕ေလသံေလးေၾကာင့္Juyeonဖက္ထားရာကေနခနတာခြာလိုက္ေလသည္။
"Ju.....အဆင္ေျပရဲ႕လား"
"အင္း...ေျပပါတယ္.....အိမ္ျပန္ရေအာင္ေလညဥ့္နက္ေနၿပီ"
Jaehyunေခါင္းေတာ့ၿငိမ့္ျပလိုက္ေပမဲ့Juyeonကိုစိုးရိမ္စိတ္တို႔ကေတာ့သူ႕ရင္ထဲမွာေနရာယူလ်က္ရွိေနေသးသည္။
....................
"ေဒါက္.....ေဒါက္"
စာလုပ္ေနရင္းတန္းလန္းျပတင္းေပါက္မွန္ကိုေခါက္သံၾကားလို႔ေမာ့ၾကည့္လိုက္ေတာ့Juyeonျဖစ္ေနေသာေၾကာင့္ျပတင္းေပါက္တံခါးကိုဖြင့္ကာဝင္ခြင့္ေပးလိုက္သည္။
"Juအေပၚကိုဘယ္လိုမ်ားတက္လာတာလည္း"
"ဟိုနားမွာေလွကားရွိတယ္ေလအဲ့ကေနတက္လာတာ"
"ေအာ္....ဒါမ်ားေခၚလိုက္တာမဟုတ္ဘူးJaeလာလို႔ရေနတာကို"
"Jaeကမလာပါနဲ႕....ငါပဲလာပါ့မယ္Jaeအိမ္ျပင္ထြက္တာအိမ္အကူမမသိရင္Jaeေမေမကိုျပန္တိုင္ေနမွာေပါ့"
"အဲ့တာေတာ့ဟုတ္ေပမဲ့လည္းေလ.....Juကိုစိတ္ပူတာေပါ့...အျမင့္ကိုတက္လာတာကို"
"ထားပါ...အခုဘာမွာမွမျဖစ္သြားတာ...လာစာလုပ္ၾကရေအာင္"
"အင္း....."
JuyeonကJaehyunအိမ္ထဲကိုေတာ့မေရာက္ဖူးေပမဲ့Jaehyunအခန္းထဲေတာ့ေရာက္ဖူးေလသည္။Jaehyunေလးရဲ႕အခန္းကအိမ္ရဲ႕အေပၚထပ္မွာရွိတာဆိုေပမဲ့Juyeonအဆင္သင့္ေထာင္ၿပီးသားေလွကားကေနတက္လာသည္မို႔အဆင္ေျပပါသည္။Jaehyunကိုေတာ့Juyeonကသူ႕အိမ္ေခၚေလ့မရွိ။အေၾကာင္းကေတာ့သူ႕ပေထြးေၾကာင့္ပင္ျဖစ္သည္။
ပါးစပ္ကေနေတာ့ထုတ္မေျပာေပမဲ့Juyeonရဲ႕ပေထြးျဖစ္သူဟာJaehyunေလးအားသိပ္ၿပီးသေဘာမက်ခ်င္ေပ။လူငယ္တစ္ေယာက္ပီပီလြတ္လြတ္လပ္လပ္ေပါင္းလို႔ရမည့္သူငယ္ခ်င္းတစ္ေယာက္ေလာက္Juyeonထားတာေတာင္သူ႕ပေထြးကလက္မခံခ်င္ေပ။အၿမဲတမ္းJuyeonကိုတစ္ေယာက္တည္းေနတတ္ဖို႔သာေျပာေလ့ရွိသည္။
"ဝါး.......အိပ္ခ်င္လာၿပီJuေကာမအိပ္ခ်င္ဘူးလား"
"အင္းနည္းနည္း"
ည8နာရီကတည္းကစာစလုပ္လိုက္ၾကတာ10နာရီပင္ေက်ာ္သြားသည္မလို႔သူတို႔ႏွစ္ေယာက္လုံးေတာ့အိပ္ငိုက္ေနၾကၿပီျဖစ္သည္။
"Ju.....အခုထက္ထိဝမ္းနည္းေနေသးတုန္းမလား"
စာစလုပ္ကတည္းကမ်က္ႏွာမေကာင္းသည့္JuyeonကိုJaehyunသတိထားမိေနတာမလို႔ေမးလိုက္ျခင္းျဖစ္သည္။Juyeonဘာမွျပန္မေျဖဘဲႏႈတ္ဆိတ္ေနသည္မလို႔Jaehyunသိလိုက္ပါၿပီ။Juyeonကသူ႕AppaကိုOmmaထက္ေတာင္ပိုခ်စ္သည္ကိုငယ္ငယ္တုန္းကေျပာျပဖူးလို႔သိခဲ့သည္။
Juyeonငယ္ငယ္တုန္းကတစ္ခုခုမွာသူဂုဏ္ယူစရာရလာၿပီဆိုလွ်င္လည္းသူ႕Appaကိုေျပာျပခ်င္လိုက္တာဆိုၿပီးေျပာဖူးသည္ကိုလည္းJaehyumမွတ္မိသည္။တစ္ခါသားJaehyun AppaကJaehyunအတြက္လက္ေဆာင္ေတြဝယ္လာေပးတာျမင္ေတာ့လည္းသူ႕Appaေပးတဲ့လက္ေဆာင္ရဖူးခ်င္လိုက္တာဟုေျပာဖူးေလသည္။
အဲ့တာေတြေၾကာင့္JaehyunေလးမွာJuyeonကိုသနားမိတာလည္းအႀကိမ္ႀကိမ္ပင္။ဒီေန႕လိုမ်ိဳးJuyeonေတြ႕လိုက္ရေတာ့သူေတာင္အေတာ္ေလးဝမ္းနည္းသြားတာJuyeonသာဆိုဘယ္ေလာက္ေတာင္ဝမ္းနည္းလိုက္မလည္းဟုကိုယ္ခ်င္းစာနာမိပါသည္။ငိုခ်င္မဲ့မဲ့ျဖစ္ေနသည့္Juyeonရဲ႕မ်က္ႏွာကိုJaehyunၾကည့္လိုက္ၿပီး
"Ju......ဒီညေတာ့Jaeနဲ႕ပဲအိပ္ပါေတာ့လား...Juေျပာဖူးတယ္ေလဝမ္းနည္းတဲ့ညေတြဆိုအိပ္လို႔မေပ်ာ္ဘူးဆို.....ဒါေၾကာင့္Jaeနဲ႕အိပ္ေလေနာ္...."
Juyeonကမျငင္းဘဲေခါင္းၿငိမ့္ျပရွာသည္။
Jaehyunလည္းJuyeonေခါင္းၿငိမ့္ျပသည္ႏွင့္သူ႕အိပ္ယာေပၚေလးကိုသြားၿပီးေနရာႏွစ္ခုစာျဖစ္ရန္ျပင္ေနေလသည္။နဂိုကတည္းကႏွစ္ေယာက္အိပ္ကုတင္ျဖစ္ေနလို႔ေတာ္ေတာ့သည္။
"လာ....Jaeေဘးမွာလာအိပ္"
"ရတယ္....ငါေအာက္မွာပဲအိပ္လိုက္ေတာ့မယ္"
"ေအာက္မွာအိပ္ရင္ေအးတယ္ေလ လာပါ...အေပၚမွာပဲအိပ္ Juကိုဖက္အိပ္ခ်င္လို႔"
ေျပာလိုက္ေတာ့သူ႕ေဘးကိုေရာက္လာၿပီးလွဲအိပ္လာသည့္Juyeon။Jaehyunကလည္းေစာင္ေသခ်ာၿခဳံေပးရင္း
"Ju ငိုခ်င္ေနရင္ငိိုခ်လိဳက္ေနာ္....မၿမိဳသိပ္ထားနဲ႕အဲ့တာပိုပင္ပန္းတယ္"
Jaehyunေလးရဲ႕စကားသံအဆုံးမွာေတာ့Juyeonရွိုက္သံဟာထြက္ေပၚလာခဲ့သည္။တစ္ရႈံ႕ရႈံ႕နဲ႕နာက်င္စြာငိုေနေသာJuyeonရဲ႕ကိုယ္ေလးအားJaehyunဆြဲကာသူ႕ရင္ခြင္ထဲသြင္းလိုက္ေတာ့သူ႕ရဲ႕ခါးကိုပါျပန္ဖက္ၿပီးငိုေနသည့္Juyeon။
"ငါ....ငါေလ.......Appaလို႔ေတာင္အဲ့လူကိုမေခၚနိုင္ခဲ့ဘူး.......ၿပီးေတာ့.....သူကေနာက္သားတစ္ေယာက္ရေနၿပီ.........ငါမဟုတ္တဲ့သူကိုသားလို႔ေခၚေနတာ......ငါ့ကိုက်ေတာ့....ေတာင္းပန္ပါတယ္ေျပာၿပီးထားခဲ့တာ............"
ရင္နာနာႏွင့္တစ္လုံးခ်င္းငိုကာေျပာေနသည့္JuyeonအားJaehyunဘယ္လိုမွမခံစားနိုင္တဲ့အဆုံးသူပါမ်က္ရည္က်ရေတာ့သည္။JuyeonကJaehyunရင္ခြင္မွာမ်က္ႏွာအပ္ရင္းဆက္ေျပာသည္က
"ငါမွတ္မိေနတယ္....အဲ့ေန႕ကAppaကငါ့ကိုေျပာတာ.....ေတာင္းပန္ပါတယ္တဲ့.....သားရဲ႕Ommaနဲ႕Appaနဲ႕ဘယ္လိုမွအဆင္မေျပနိုင္ေတာ့လို႔ပါတဲ့..........ဒါဆိုလည္းဘာလို႔သူတို႔ယူခဲ့ၾကေသးလည္း!!......ဘာလို႔ငါ့ကိုဒုကၡခံၿပီးေမြးခဲ့ၾကလည္း!!!.........ငါငယ္ငယ္ေလးကတည္းကျဖစ္ခ်င္ခဲ့တဲ့အိပ္မက္ရွိတယ္......အဲ့တာက....ငါ့Appaနဲ႕Ommaလက္ကိုတြဲၿပီးေလွ်ာက္လည္တာ......ငါတို႔ညေစ်းမွာသူတို႔ေတြကိုေတြ႕လိုက္သလိုမ်ိဳး......ဒါေပမဲ့.....အဲ့တာဘယ္ေတာ့မွမျဖစ္နိုင္ေတာ့ဘူး!!...........ႏွစ္ေယာက္လုံးကငါ့အတြက္ဆိုမရွိၾကေတာ့ဘူး......ငါ့ကိုပစ္ထားခဲ့တာ......."
ငိုကာေျပာေနရင္းအသံေလးပါတိမ္ဝင္သြားေသာJuyeonအားJaehyunပိုတင္းၾကပ္စြာဖက္လိုက္ရင္းႏွစ္သိမ့္ေပးမိသည္။Jaehyunကလည္းငိုရင္း
"Ju.....တစ္ခုပဲမွတ္ထားေပးJuအတြက္ေတာ့Juမိဘေတြကမရွိၾကေတာ့ေပမဲ့ေလ.....Jaeတစ္ေယာက္လုံးJuဘက္မွာရွိေနေသးတယ္ေနာ္.....အဲ့တာေလးသိထားေပးေနာ္......"
Juyeonကလည္းJaehyumခါးေလးကိုပိုမိုတင္းၾကပ္စြာဖက္ရင္းေခါင္းၿငိမ့္လာသည္။Juyeonအတြက္ေတာ့ဤကဲ့သို႔ေသာႏြေးေထြးမႈေလးကသူ႕အားအားအင္ျဖစ္ေစသည္။ထိုကဲ့သို႔ေသာအားအင္မ်ိဳးကိုလည္းJaehyunကသာေပးစြမ္းနိုင္ေလသည္။
ရင္ထဲမွတိုက္ရိုက္လာသည့္ႏြေးေထြးမႈေလးကမေျပာပေလာက္ေပမဲ့လိုအပ္ေနသူအဖို႔ေတာ့အားအင္ျဖစ္ေစပါသည္ေလ။ဒါေၾကာင့္မလို႔JuyeonကိုJaehyunဂ႐ုဏာသက္မိသည္။
ေမတၱာ.....ဂ႐ုဏာတို႔ကိုတစ္ပါးသူအေပၚပုံအပ္ရင္းနဲ႕ေပးသည့္ေမတၱာအေရာင္ဟာမတူေတာ့သည္ကိုကာယကံရွင္ေကာင္ေလးကိုယ္တိုင္စတင္သတိထားမိလာျခင္းအားမသိမသာနမ္းရႈံ႕ေပးလိုက္သည့္ေခါင္းေပၚကအနမ္းေလးတစ္ပြင့္ေၾကာင့္သိလိုက္ရပါသည္။
__________________________________________
အရင္အပိုင္းေတြဖတ္ရတာေပါ့မလားေတာ့မသိေပမဲ့ခုေနာက္ပိုင္းေတြေတာ့ပိုေကာင္းေအာင္ေရးေပးပါ့မယ္ေနာ္😚
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com