Chapter 11
{ နှာတံပေါ်မှမှဲ့နက်လေးအားအဖျားခံပြီးစီးဆင်းလာသောအချစ်မြစ်ငယ်လေးတစ်ခု }
Juyeonနဲ့Jaehyunတို့နေ့လည်ပိုင်းထမင်းစားနားပြီးစာကြည့်တိုက်ထဲတွင်အတူတူစာလုပ်နေကြသည်။လပတ်စာမေးပွဲလည်းမကြာခင်လာတော့မှာဖြစ်တာမလို့ကျောင်းရှိအထက်တန်းကျောင်းသားကျောင်းသူတွေအကုန်နီးပါးစာလုပ်နေကြလေသည်။
မြို့ငယ်လေးမှာတည်ရှိတဲ့ကျောင်းလေးဆိုပေမဲ့စာတော်သည့်ကျောင်းသားကျောင်းသူတွေကခပ်များများရယ်။စာအသင်ပြကောင်းမှုကြောင့်လည်းပါမည်ထင်။ကျောင်းရဲ့စာကြည့်တိုက်ရယ်...Canteenရယ်....အပြင်ဘက်ကျောင်းဝန်းတွေထဲမှာလည်းစာလုပ်နေကြသည့်သူများကအစီအရီတွေ့ရသည်မှာအားရကျေနပ်စရာ။
နေ့လည်ပိုင်းအချိန်ဆိုတော့အပြင်မှာစာလုပ်သည့်သူပိုများသည်မလို့စာကြည့်တိုက်ထဲတွင်Juyeonနဲ့Jaehyunရယ်နောက်ထပ်လူအနည်းငယ်သာရှိလေသည်။စာကြည့်တိုက်ဟုပြောစရာမလိုအောင်အပ်ကျသံတောင်မကြားရသည်အထိစည်းကမ်းရှိကြသည်မှာလည်းကျောင်းရဲ့အားသာချက်တစ်ခုပင်ဖြစ်သည်။
နှစ်ယောက်သားမျက်နှာချင်းဆိုင်စာလုပ်နေကြတုန်းမှာပဲJaehyunကJuyeonကိုအသာလေးတို့ကာ
"Ju......မအိပ်ချင်ဘူးလား"
ဟုလေသံလေးဖြင့်မေးလာလေသည်။Juyeonကအသာလေးခေါင်းပြန်ခါရင်း
"Jae...အိပ်ချင်နေလို့လား"
"ဟင့်အင်း.....ဒီအတိုင်းပဲမေးကြည့်တာ"
ဆိုကာစာဆက်ကြည့်လေသည်။Jaehyunကဒီနေ့နေ့လည်စာစားတာများပြီးအီစလံဝေကာအိပ်ငိုက်နေသည်ကိုJuyeonသိသော်လည်းမရမကတင်းခံကာစာလုပ်နေသည့်Jaehyunပုံလေးကချစ်ဖို့ကောင်းနေသည်မလို့ဘာမှမပြောဘဲနေလေသည်။
သိပ်မကြာလိုက် ဒေါက်ခနဲဘောပင်ကျသံနဲ့အတူမေးလေးထောက်ကာအိပ်ပျော်သွားသည့်Jaehyunကြောင့်Juyeonပြုံးမိလိုက်သည်။
"အိပ်ချင်နေတာပဲကို"
Juyeonစိတ်ထဲမှရေရွတ်လိုက်ရင်းဘာရယ်မဟုတ်အကြောင်းပြချက်မဲ့စွာအိပ်ပျော်နေသည့်ဝက်ဝံပေါက်လေးJaehyunကိုကြည့်မိလိုက်သည်။
ဒီဝက်ဝံပေါက်လေးကသူနဲ့အတူရှိလာခဲ့သည်မှာဆယ်နှစ်နီးနီးရှိတော့မည်ဖြစ်သည်။နေလာခဲ့တဲ့တစ်လျှောက်အတွင်းလည်းသူ့အားအနားမှာကူညီဖေးမစောင့်ရှောက်အဖော်ပြုပေးခဲ့သည်။ဝမ်းနည်းနေရင်တောင်ပျော်ရွှင်အောင်လုပ်ပေးသည့်တစ်ဦးတည်းသောလူသားလေး။
ငယ်ငယ်ကတည်းကဘယ်သူနဲ့မှမပေါင်းဘဲသူနဲ့ပဲအတူရှိလာပေးခဲ့ကာ ကာကွယ်ပေးချင်နေသည့်ကောင်လေးအားသူအခုထက်ထိအားနာနေမိသည်။အမှန်ဆိုသူကတောင်ကာကွယ်ပေးရမည့်ကောင်လေးဖြစ်သည်လေ။
ယခုသေချာစွာကြည့်မိတော့မှကောင်လေးနှာတံပေါ်ကမှဲ့နက်ထင်းထင်းလေးကိုသေချာစွာမြင်တော့သည်။ဒီမှဲ့နက်ကလေးကငယ်ငယ်ကတည်းကရှိခဲ့ပေမဲ့ရေးရေးလေးသာ။ကြီးလေလေမှဲ့နက်လေးကလည်းပိုထင်ရှားလာလေလေမလို့Juyeonအခုမှသေချာစွာကြည့်မိလေသည်။
သူတို့ထိုင်ပြီးစာလုပ်နေသည့်နေရာကပြတင်းပေါက်နဲ့နီးတာမလို့နေ့ခင်းဘက်နေရောင်ရှိန်ဟာJaehyunလေးဘက်ကိုမှန်ကနေထိုးနေတာကြောင့်Juyeonလက်နဲ့အသာလေးရှေ့တိုးကာကာမိလိုက်တော့ကောင်လေးရဲ့မျက်နှာအားပိုပြီးသေချာစွာကြည့်လိုက်မိသည်။
သဘာဝအတိုင်းပြေပြေလေးကောက်နေသည့်အညိုရောင်ဆံနွယ်လေးမှစ၍ထိုအညိုရောင်ဆံနွယ်လေးတွေအနည်းငယ်ဖုံးနေသည့်ပြေပြေပြစ်ပြစ်နဖူးပြင်လေးရယ်....မှဲ့နက်လေးတည်ရှိရာနှာတံသွယ်သွယ်လေးရယ်.....အိပ်ပျော်နေတော့စင်းကျနေသည့်မျက်တောင်လေးတွေရယ်....ဆေးဆိုးစရာမလိုအောင်ပန်းရောင်လေးသမ်းနေပါသောနှုတ်ခမ်းပါးလေးရယ်...ထိုမှဆက်၍ဘေးနှစ်ဖက်မှာတည်ရှိနေပါသောပါးပြင်နုနုလေးရယ်.....သွယ်လျစွာတည်ရှိနေသည့်မေးရိုးလေးရယ်ထိအဆုံးကိုJuyeonမျက်တောင်ခတ်မတတ်လိုက်ကြည့်မိလေသည်။
မေးရိုးနေရာမှာထောက်ထားသည့်လက်မှရှင်းလင်းကာဖြူအုနေသည့်လက်ကောက်ဝတ်လေးကိုပါအကြည့်ရောက်မိတော့တန်ဆာဆင်ပေးချင်သည့်စိတ်ကလေးကသူ့အလိုလိုရောက်ရှိလို့လာသည်။
တူတူရှိလာခဲ့သည့်သက်တမ်းတစ်လျှောက်မုန့်ဝယ်ကျွေးသည်ကလွဲ၍အထူးတစ်လည်လက်ဆောင်မျိုးမပေးခဲ့ဖူးတော့Juyeonအကြံတစ်ခုလည်းသူ့ခေါင်းထဲရောက်ရှိလာလေသည်။
ကောင်လေးအိပ်ပျော်နေရင်းနေပူမှာစိုး၍ကာထားပေးသည့်သူ့လက်အားနေထိုး၍ပူနေသည်ကိုပင်သတိမမူမိတော့ဘဲကောင်လေးရဲ့မျက်နှားအားတစ်စိမ့်စိမ့်ထိုင်ကြည့်ကာပေးမည့်လက်ဆောင်ကိုလည်းခေါင်းထဲတွေးတောရင်းစာလုပ်ဖို့ပင်မေ့နေသောJuyeonရယ်ပါ။
ကောင်လေးမှလက်ထောက်ကာအိပ်ပျော်နေတော့အငိုက်လွန်းရင်းအရှိန်ပျက်ကာစားပွဲခုံပေါ်သို့ခေါင်းကပြုတ်ကျလုနီးနီးဖြစ်သွားလေသည်။ဒါကိုလျင်မြန်သည့်Juyeonကလည်းအမြန်ထိန်းလိုက်သည်မလို့စားပွဲခုံပေါ်တော့မကျချေ။
"မဖြစ်တော့ပါဘူး....ဒီလိုဆို"
ဟုတွေးလိုက်ရင်းကောင်လေးအားနေထိုးနေသည့်ဘက်ကိုသွားထိုင်ကာနေကိုလည်းကာရင်း အိပ်ရတာပိုအဆင်ပြေစေရန်လည်းရည်ရွယ်ရင်းသူ့ပခုံးပေါ်တွင်အညိုရောင်ခေါင်းလုံးလုံးလေးအားမှီစေလိုက်လေသည်။
ဘယ်လောက်တောင်အိပ်ချင်နေသည်မသိ။အခုလိုပုံစံပြောင်းစေပြီးအိပ်စေတာတောင်ကောင်လေးကတစ်ချက်မှမနိုးလာပါ။ဒါလည်းJuyeonအတွက်ကောင်းသည်လေ။သူပိုငေးလို့ရတာပေါ့။
စာကြည့်တိုက်ကိုလာရသည့်ရည်ရွယ်ချက်ကစာအတူလုပ်ဖို့ဆိုပေမဲ့တစ်ယောက်သောသူကတော့ပခုံးထက်မှီအိပ်နေပြီးအမှီခံထားရသည့်ကောင်လေးကလည်းစာကြည့်ရမည့်အစားအိပ်ပျော်နေသည့်ကောင်လေးကိုသာတစ်စိမ့်စိမ့်ကြည့်မဝဖြစ်နေတော့သည်။
ကောင်လေးကလည်းအိပ်ပျော်နေရင်းJuyeonရဲ့လက်မောင်းလေးကိုပါဖက်လာသည်မို့ပြုံးမိရပြန်ပါသည်။အိပ်လို့ပိုအဆင်ပြေစေရန်လည်းကိုယ်ကိုအနည်းငယ်ပြင်လိုက်ပြီးမျက်လုံးကကောင်လေးရဲ့နှာတံပေါ်ကမှဲ့နက်လေးဆီရောက်မိတော့လက်ကလေးနဲ့အသာလေးသွားတို့ကြည့်မိသည်။
Juyeonအကြောင်းပြချက်မရှိပြုံးမိပြန်ပါသည်။ကောင်လေးနားကရနေသည့်ကိုယ်သင်းနံ့လေးကိုလည်းသူတိတ်တစ်ခိုးရှူရှိုက်မိသည်။သဘောကျရပါသည်။ဒီကောင်လေးနှင့်ပတ်သက်သမျှအရာအားလုံးကိုJuyeonနှစ်သက်မိပါသည်။
နှာတံပေါ်မှမှဲ့နက်လေးအားအဖျားခံပြီးဖြစ်တည်လာတဲ့သူ့ရင်ထဲကအချစ်မြစ်ငယ်လေးကိုတော့Juyeonစတင်ပြီးတော့သတိထားမိလာပြီးဖြစ်သည်။
_________________________________________
Thanks for reading🌸
Zawgyi
{ ႏွာတံေပၚမွမွဲ႕နက္ေလးအားအဖ်ားခံၿပီးစီးဆင္းလာေသာအခ်စ္ျမစ္ငယ္ေလးတစ္ခု }
Juyeonနဲ႕Jaehyunတို႔ေန႕လည္ပိုင္းထမင္းစားနားၿပီးစာၾကည့္တိုက္ထဲတြင္အတူတူစာလုပ္ေနၾကသည္။လပတ္စာေမးပြဲလည္းမၾကာခင္လာေတာ့မွာျဖစ္တာမလို႔ေက်ာင္းရွိအထက္တန္းေက်ာင္းသားေက်ာင္းသူေတြအကုန္နီးပါးစာလုပ္ေနၾကေလသည္။
ၿမိဳ႕ငယ္ေလးမွာတည္ရွိတဲ့ေက်ာင္းေလးဆိုေပမဲ့စာေတာ္သည့္ေက်ာင္းသားေက်ာင္းသူေတြကခပ္မ်ားမ်ားရယ္။စာအသင္ျပေကာင္းမႈေၾကာင့္လည္းပါမည္ထင္။ေက်ာင္းရဲ႕စာၾကည့္တိုက္ရယ္...Canteenရယ္....အျပင္ဘက္ေက်ာင္းဝန္းေတြထဲမွာလည္းစာလုပ္ေနၾကသည့္သူမ်ားကအစီအရီေတြ႕ရသည္မွာအားရေက်နပ္စရာ။
ေန႕လည္ပိုင္းအခ်ိန္ဆိုေတာ့အျပင္မွာစာလုပ္သည့္သူပိုမ်ားသည္မလို႔စာၾကည့္တိုက္ထဲတြင္Juyeonနဲ႕Jaehyunရယ္ေနာက္ထပ္လူအနည္းငယ္သာရွိေလသည္။စာၾကည့္တိုက္ဟုေျပာစရာမလိုေအာင္အပ္က်သံေတာင္မၾကားရသည္အထိစည္းကမ္းရွိၾကသည္မွာလည္းေက်ာင္းရဲ႕အားသာခ်က္တစ္ခုပင္ျဖစ္သည္။
ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္စာလုပ္ေနၾကတုန္းမွာပဲJaehyunကJuyeonကိုအသာေလးတို႔ကာ
"Ju......မအိပ္ခ်င္ဘူးလား"
ဟုေလသံေလးျဖင့္ေမးလာေလသည္။Juyeonကအသာေလးေခါင္းျပန္ခါရင္း
"Jae...အိပ္ခ်င္ေနလို႔လား"
"ဟင့္အင္း.....ဒီအတိုင္းပဲေမးၾကည့္တာ"
ဆိုကာစာဆက္ၾကည့္ေလသည္။Jaehyunကဒီေန႕ေန႕လည္စာစားတာမ်ားၿပီးအီစလံေဝကာအိပ္ငိုက္ေနသည္ကိုJuyeonသိေသာ္လည္းမရမကတင္းခံကာစာလုပ္ေနသည့္Jaehyunပုံေလးကခ်စ္ဖို႔ေကာင္းေနသည္မလို႔ဘာမွမေျပာဘဲေနေလသည္။
သိပ္မၾကာလိုက္ ေဒါက္ခနဲေဘာပင္က်သံနဲ႕အတူေမးေလးေထာက္ကာအိပ္ေပ်ာ္သြားသည့္Jaehyunေၾကာင့္Juyeonၿပဳံးမိလိုက္သည္။
"အိပ္ခ်င္ေနတာပဲကို"
Juyeonစိတ္ထဲမွေရ႐ြတ္လိုက္ရင္းဘာရယ္မဟုတ္အေၾကာင္းျပခ်က္မဲ့စြာအိပ္ေပ်ာ္ေနသည့္ဝက္ဝံေပါက္ေလးJaehyunကိုၾကည့္မိလိုက္သည္။
ဒီဝက္ဝံေပါက္ေလးကသူနဲ႕အတူရွိလာခဲ့သည္မွာဆယ္ႏွစ္နီးနီးရွိေတာ့မည္ျဖစ္သည္။ေနလာခဲ့တဲ့တစ္ေလွ်ာက္အတြင္းလည္းသူ႕အားအနားမွာကူညီေဖးမေစာင့္ေရွာက္အေဖာ္ျပဳေပးခဲ့သည္။ဝမ္းနည္းေနရင္ေတာင္ေပ်ာ္႐ႊင္ေအာင္လုပ္ေပးသည့္တစ္ဦးတည္းေသာလူသားေလး။
ငယ္ငယ္ကတည္းကဘယ္သူနဲ႕မွမေပါင္းဘဲသူနဲ႕ပဲအတူရွိလာေပးခဲ့ကာ ကာကြယ္ေပးခ်င္ေနသည့္ေကာင္ေလးအားသူအခုထက္ထိအားနာေနမိသည္။အမွန္ဆိုသူကေတာင္ကာကြယ္ေပးရမည့္ေကာင္ေလးျဖစ္သည္ေလ။
ယခုေသခ်ာစြာၾကည့္မိေတာ့မွေကာင္ေလးႏွာတံေပၚကမွဲ႕နက္ထင္းထင္းေလးကိုေသခ်ာစြာျမင္ေတာ့သည္။ဒီမွဲ႕နက္ကေလးကငယ္ငယ္ကတည္းကရွိခဲ့ေပမဲ့ေရးေရးေလးသာ။ႀကီးေလေလမွဲ႕နက္ေလးကလည္းပိုထင္ရွားလာေလေလမလို႔Juyeonအခုမွေသခ်ာစြာၾကည့္မိေလသည္။
သူတို႔ထိုင္ၿပီးစာလုပ္ေနသည့္ေနရာကျပတင္းေပါက္နဲ႕နီးတာမလို႔ေန႕ခင္းဘက္ေနေရာင္ရွိန္ဟာJaehyunေလးဘက္ကိုမွန္ကေနထိုးေနတာေၾကာင့္Juyeonလက္နဲ႕အသာေလးေရွ႕တိုးကာကာမိလိုက္ေတာ့ေကာင္ေလးရဲ႕မ်က္ႏွာအားပိုၿပီးေသခ်ာစြာၾကည့္လိုက္မိသည္။
သဘာဝအတိုင္းေျပေျပေလးေကာက္ေနသည့္အညိုေရာင္ဆံႏြယ္ေလးမွစ၍ထိုအညိုေရာင္ဆံႏြယ္ေလးေတြအနည္းငယ္ဖုံးေနသည့္ေျပေျပျပစ္ျပစ္နဖူးျပင္ေလးရယ္....မွဲ႕နက္ေလးတည္ရွိရာႏွာတံသြယ္သြယ္ေလးရယ္.....အိပ္ေပ်ာ္ေနေတာ့စင္းက်ေနသည့္မ်က္ေတာင္ေလးေတြရယ္....ေဆးဆိုးစရာမလိုေအာင္ပန္းေရာင္ေလးသမ္းေနပါေသာႏႈတ္ခမ္းပါးေလးရယ္...ထိုမွဆက္၍ေဘးႏွစ္ဖက္မွာတည္ရွိေနပါေသာပါးျပင္ႏုႏုေလးရယ္.....သြယ္လ်စြာတည္ရွိေနသည့္ေမးရိုးေလးရယ္ထိအဆုံးကိုJuyeonမ်က္ေတာင္ခတ္မတတ္လိုက္ၾကည့္မိေလသည္။
ေမးရိုးေနရာမွာေထာက္ထားသည့္လက္မွရွင္းလင္းကာျဖဴအုေနသည့္လက္ေကာက္ဝတ္ေလးကိုပါအၾကည့္ေရာက္မိေတာ့တန္ဆာဆင္ေပးခ်င္သည့္စိတ္ကေလးကသူ႕အလိုလိုေရာက္ရွိလို႔လာသည္။
တူတူရွိလာခဲ့သည့္သက္တမ္းတစ္ေလွ်ာက္မုန့္ဝယ္ေကြၽးသည္ကလြဲ၍အထူးတစ္လည္လက္ေဆာင္မ်ိဳးမေပးခဲ့ဖူးေတာ့Juyeonအႀကံတစ္ခုလည္းသူ႕ေခါင္းထဲေရာက္ရွိလာေလသည္။
ေကာင္ေလးအိပ္ေပ်ာ္ေနရင္းေနပူမွာစိုး၍ကာထားေပးသည့္သူ႕လက္အားေနထိုး၍ပူေနသည္ကိုပင္သတိမမူမိေတာ့ဘဲေကာင္ေလးရဲ႕မ်က္ႏွားအားတစ္စိမ့္စိမ့္ထိုင္ၾကည့္ကာေပးမည့္လက္ေဆာင္ကိုလည္းေခါင္းထဲေတြးေတာရင္းစာလုပ္ဖို႔ပင္ေမ့ေနေသာJuyeonရယ္ပါ။
ေကာင္ေလးမွလက္ေထာက္ကာအိပ္ေပ်ာ္ေနေတာ့အငိုက္လြန္းရင္းအရွိန္ပ်က္ကာစားပြဲခုံေပၚသို႔ေခါင္းကျပဳတ္က်လဳနီးနီးျဖစ္သြားေလသည္။ဒါကိုလ်င္ျမန္သည့္Juyeonကလည္းအျမန္ထိန္းလိုက္သည္မလို႔စားပြဲခုံေပၚေတာ့မက်ေခ်။
"မျဖစ္ေတာ့ပါဘူး....ဒီလိုဆို"
ဟုေတြးလိုက္ရင္းေကာင္ေလးအားေနထိုးေနသည့္ဘက္ကိုသြားထိုင္ကာေနကိုလည္းကာရင္း အိပ္ရတာပိုအဆင္ေျပေစရန္လည္းရည္႐ြယ္ရင္းသူ႕ပခုံးေပၚတြင္အညိုေရာင္ေခါင္းလုံးလုံးေလးအားမွီေစလိုက္ေလသည္။
ဘယ္ေလာက္ေတာင္အိပ္ခ်င္ေနသည္မသိ။အခုလိုပုံစံေျပာင္းေစၿပီးအိပ္ေစတာေတာင္ေကာင္ေလးကတစ္ခ်က္မွမနိုးလာပါ။ဒါလည္းJuyeonအတြက္ေကာင္းသည္ေလ။သူပိုေငးလို႔ရတာေပါ့။
စာၾကည့္တိုက္ကိုလာရသည့္ရည္႐ြယ္ခ်က္ကစာအတူလုပ္ဖို႔ဆိုေပမဲ့တစ္ေယာက္ေသာသူကေတာ့ပခုံးထက္မွီအိပ္ေနၿပီးအမွီခံထားရသည့္ေကာင္ေလးကလည္းစာၾကည့္ရမည့္အစားအိပ္ေပ်ာ္ေနသည့္ေကာင္ေလးကိုသာတစ္စိမ့္စိမ့္ၾကည့္မဝျဖစ္ေနေတာ့သည္။
ေကာင္ေလးကလည္းအိပ္ေပ်ာ္ေနရင္းJuyeonရဲ႕လက္ေမာင္းေလးကိုပါဖက္လာသည္မို႔ၿပဳံးမိရျပန္ပါသည္။အိပ္လို႔ပိုအဆင္ေျပေစရန္လည္းကိုယ္ကိုအနည္းငယ္ျပင္လိုက္ၿပီးမ်က္လုံးကေကာင္ေလးရဲ႕ႏွာတံေပၚကမွဲ႕နက္ေလးဆီေရာက္မိေတာ့လက္ကေလးနဲ႕အသာေလးသြားတို႔ၾကည့္မိသည္။
Juyeonအေၾကာင္းျပခ်က္မရွိၿပဳံးမိျပန္ပါသည္။ေကာင္ေလးနားကရေနသည့္ကိုယ္သင္းနံ႕ေလးကိုလည္းသူတိတ္တစ္ခိုးရႉရွိုက္မိသည္။သေဘာက်ရပါသည္။ဒီေကာင္ေလးႏွင့္ပတ္သက္သမွ်အရာအားလုံးကိုJuyeonႏွစ္သက္မိပါသည္။
ႏွာတံေပၚမွမွဲ႕နက္ေလးအားအဖ်ားခံၿပီးျဖစ္တည္လာတဲ့သူ႕ရင္ထဲကအခ်စ္ျမစ္ငယ္ေလးကိုေတာ့Juyeonစတင္ၿပီးေတာ့သတိထားမိလာၿပီးျဖစ္သည္။
_________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com