Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 12

{ သဝန်တိုခြင်းမမည်သည့်သဝန်တိုခြင်း }

ယနေ့တော့JuyeonကောJaehyunကောအနည်းငယ်စိတ်လှုပ်ရှားနေကြသည်။အကြောင်းကားသူတို့ရဲ့လပတ်စာမေးပွဲအမှတ်စာရင်းတွေထွက်တော့မှာကြောင့်ဖြစ်လေသည်။စာမေးပွဲကြီးမဟုတ်ပေမဲ့လည်းကြိုးကြိုးစားစားလုပ်ခဲ့တာမလို့စိတ်တော့လှုပ်ရှားမိသား။Jaehyunထက်Juyeonကပိုစိတ်လှုပ်ရှားနေမိလေသည်။ဒီတစ်ခေါက်စာမေးပွဲအဆင့်1 to 10ဝင်ရင်သူ့အားလက်ဆောင်ပေးမည်ဟုပြောထားသောကြောင့်ပင်။

"Ju....ဒီတစ်ခေါက်တော့Jaeလည်းအမှတ်ကောင်းလောက်ပါတယ်နော်"

"ကောင်းလောက်ပါတယ်....Jaeအများကြီးလုပ်ထားတာပဲကို"

"အင်း....."

သိပ်မကြာလိုက်အတန်းထဲကိုအတန်းပိုင်းဆရာမဝင်လာလေသည်နှင့်အခန်းထဲရှိသူအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပုံကားလာမည့်အမှတ်စာရင်းကိုစိတ်ဝင်စားကြောင်းသိနိုင်လေသည်။Jaehyunတို့အခန်းထဲမှာကစာညံ့တဲ့သူခပ်ရှားရှားရယ်။မိန်းကလေးတွေဆိုတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်တွေပင်။ဒါကြောင့်လစဥ်အမှတ်ကောင်းသည့်အတန်းထဲမှာပါသည်မလို့ဒီတစ်ခေါက်ပါနိုင်ရန်အားလုံးကမျှော်လင့်စောင့်စားနေကြလေသည်။

ဆရာမရဲ့ပြုံးပျော်နေသည့်မျက်နှာရိပ်မျက်နှာကဲကြောင့်အမှတ်ကောင်းသည့်ဟုတော့မှတ်ယူလိုက်ပေမဲ့Juyeonတစ်ယောက်အဆင့်1 to 10မဝင်မှာကလည်းစိုးသေးသည်။

"ကဲ.....မင်းတို့လေးတွေရဲ့ပြီးခဲ့တဲ့လပတ်စာမေးပွဲအမှတ်စာရင်းတွေရလာပါပြီနော်!!! ဒီတစ်ခေါက်လည်းSamတို့အတန်းကအမှတ်ကောင်းတဲ့ထဲပါပါတယ်"

ဆရာမစကားဆုံးတော့အခန်းရှိသူအားလုံးပျော်သွားကြလေသည်။ထိုစဥ်ဆရာမကချောင်းထပ်ဟန့်လိုက်ပြီး

"ပြီးတော့.....ပိုကောင်းတာတစ်ခုကဒီလပတ်စာမေးပွဲSamတို့အတန်းထဲမှာ Chemistry ရယ် Mathsရယ် Bioရယ်မှာတောင်တစ်တန်းလုံးပထမရတဲ့သူပါပါတယ်"

"Wow!!!!! တစ်ကယ်ကြီးလား Sam!!!"

"တစ်ကယ်ပေါ့"

"ဘယ်သူဖြစ်မလည်းမသိဘူး....ဒီတစ်ခေါက်Mathsကခက်တာကိုပထမတောင်ရတယ်ဆိုတော့"

တစ်ယောက်တစ်ပေါက်နဲ့တိုးတိုးပြောနေကြသောအသံတွေကြောင့်Jaehyunနဲ့Juyeonပါစိတ်လှုပ်ရှားလာလေသည်။

"နာမည်တွေအရင်ပြောမယ်နော် Chemistryမှာက သမီးလေး Jo Yuri, Bioမှာကသားလေး Kim Younghoon"

"Wow!!!!! ငါတို့အတန်းရဲ့Kingနဲ့Queenဟေ့"

ကျောင်းသားတစ်ယောက်မှထပြောတော့Yuriနဲ့Younghoonကရယ်ကြလေသည်။ဒါထက်ကျန်တဲ့သူတွေပိုစိတ်ဝင်စားသည်ကMathsမှာပထမရသည့်သူကိုပင်ဖြစ်သည်။

"ကဲ.....မင်းတို့လေးတွေသိချင်နေကြတဲ့Mathsမှာပထမရတဲ့သူကိုသိချင်လား"

"သိချင်ပါတယ်!!!"

"ဒါကျတော့ကျန်တဲ့သူမဟုတ်ပါဘူး.....ဟိုးနောက်ဆုံးတန်းကသားလေး Lee Jaehyunပါ"

ဆရာမစကားဆုံးသည်နှင့်အားလုံးရဲ့အကြည့်တွေကနောက်ဆုံးတန်းမှာကြုံ့ကြုံ့လေးထိုင်နေသည့်Jaehyunဆီသို့အကြည့်တွေကရောက်သွားကြလေသည်။

"ဝါး......ငါတို့အတန်းရဲ့အငြိမ်ဆုံးလေးကတော်လိုက်တာ"

ဆိုကာတစ်တန်းလုံးမှလက်ခုပ်တီးဝိုင်းပြီးချီးကျူးကြလေတော့Jaehyunလေးခမျာမှာအံ့သြမှင်သက်စွာပြုံးပျော်လို့နေလေသည်။ဘေးမှာထိုင်နေတဲ့Juyeonကလည်းသူမဟုတ်ပေမဲ့သူငယ်ချင်းဖြစ်သူကမထင်မှတ်နိုင်လောက်အောင်ပျော်ရွှင်နေတော့ဝမ်းသာပီတိဖြစ်ရလေပြန်သည်။
.................

"ဟူး........."

Juyeonအမှတ်စာရင်းစာရွက်ကိုမကြည့်ရဲသေးဘဲသက်ပြင်းသာချလို့နေသည်မှာဆရာမစာရွက်ပေးပြီးတည်းကအကြိမ်ကြိမ်သာ။ဘေးကJaehyunကတော့သူ့ကိုသာစောင့်နေရှာသည်။

"Ju.....မြန်မြန်လှပ်ကြည့်တော့လေ...Jaeသိချင်နေပြီ"

"အင်းပါ......."

Juyeonလည်းနောက်တစ်ခါသက်ပြင်းချလိုက်ပြီးတော့မရဲတစ်ရဲနဲ့အမှတ်စာရင်းစာရွက်ကိုကြည့်လိုက်တာသူ့ရဲ့အဆင့်နေရာတွင်11ဆိုပြီးမြင်လိုက်ရသည်မလို့ချည်မျှင်စလောက်ထားခဲ့မိသည့်မျှော်လင့်ချက်ရောင်ချည်ကြိုးလေးဟာပျောက်ချင်းမလှပျောက်ခဲ့ရလေတော့သည်။

အဆင့်ကိုမြင်ပြီးပြီးချင်းမျက်နှာပျက်သွားသည့်JuyeonအားJaehyunသတိထားမိတာမလို့ချက်ချင်းပဲ

"Jaeရဲ့Juကတော်လိုက်တာ.....အဆင့်လည်းအများကြီးတက်လာတယ်"

"ဒါပေမဲ့......ငါ....... 1 to 10မဝင်ဘူးလေ....."

"ဟုတ်တော့ဟုတ်ပေမဲ့အရင်ကထက်အမှတ်တွေအများကြီးပိုကောင်းလာတယ်လေ"

"အဲ့လိုဆိုပေမဲ့လည်း.....Jaeပေးတဲ့လက်ဆောင်မှမရတော့တာ"

Juyeonမှစိတ်ပျက်လက်ပျက်အသံဖြင့်ပြောလာတော့Jaehyunလေးကပြုံးလာကာ

"လက်ဆောင်ကမပေးတော့ဘူးလို့ဘယ်သူကပြောလည်း"

"ဟင်.....ဒါဆိုပေးမှာလား"

"ပေးမှာပေါ့...."

"ဘာပေးမှာလည်း"

"အင်း...........မပြောပြဘူး ရရင်သိလိမ့်မယ်"

"Jaeကကွာ.....ပြောလိုက်တော့ဘာဖြစ်မှာမလို့လည်းတဲ့"

"ကဲပါ.....ဒီနေ့ကျောင်းဆင်းရင်သိလိမ့်မယ်ခနလေးသည်းခံပြီးစောင့်"

Jaehyunမှပြောလာတော့Juyeonကခေါင်းငြိမ့်ပြလေသည်။
...................

ကျောင်းဆင်းသော်....

"Jaehyun nah!!!"

ကျောင်းဆင်းပြီမလို့စာအုပ်တွေစီပြီးထည့်သိမ်းနေတုန်းခေါ်သံကြားလို့မော့ကြည့်လိုက်တော့အတန်းဖော်Younghoonဖြစ်နေလေသည်။

"အော်.....Younghoonပြောလေ"

Juyeonကတော့သူ့ခေါ်တာလည်းမဟုတ်တာမလို့သိမ်းစရာရှိသည်တို့ကိုသာဆက်သိမ်းနေပေမဲ့နားကလည်းစွင့်ထားမိလေသည်။

"ကျောင်းဆင်းပြီဆိုတော့မင်းအချိန်ရတယ်မလား"

"ဘာလုပ်မလို့လည်း"

"ငါရယ်....Yuriရယ်မင်းရယ်နဲ့ကိုဆရာမကဒီတစ်ခေါက်စာမေးပွဲမှာပထမရလို့တဲ့အဲ့တာဆုချတဲ့အနေနဲ့စားချင်တာစားဆိုပြီးမုန့်ဖိုးပေးလိုက်လို့....အဲ့တာYuriကတော့Hotpotစားချင်တယ်တဲ့ သွားစားမလို့လာခေါ်တာ"

"အော်....."

Jaehyunလည်းဘေးမှJuyeonကိုတစ်ချက်အကြည့်ကရောက်သွားပေမဲ့Juyeonကတော့မကြားချင်ယောင်ဆောင်ကာမျက်နှာလွှဲထားလေသည်။တစ်ကူးတစ်ကလာခေါ်နေသည့်Younghoonကြောင့်လည်းJaehyunလေးမှာငြင်းရခက်လက်ခံရခက်အနေအထားမှာရောက်နေသည်။

"ဟိုလေ.....လာခေါ်တာကျေးဇူးတင်ပေမဲ့ငါကJu......"

"လိုက်သွားလိုက်ပါ!!...."

Jaehyunစကားမဆုံးသေးခင်မှာပဲJuyeonမှဖြတ်ပြောလိုက်လေသည်။

"လိုက်သွားလိုက်လေ.....ဆရာမကဆုချတာဆိုတော့Jaeလည်းသွားမှရမှာပေါ့....."

"ဒါမဲ့Juတစ်ယောက်တည်းဖြစ်နေမှာပေါ့"

"ရပါတယ်....ငါကအလုပ်ရှိသေးတယ်"

"ပြောတော့ဒီနေ့ပိတ်တယ်ဆို"

"မဟုတ်ဘူး....ဖွင့်တယ်.....ငါသွားလိုက်မယ်Jaeလည်းYounghoonတို့နဲ့လိုက်သွားလိုက်ပါ"

"အေးလေ....Jaehyunကလည်းမင်းလည်းပထမရတာပဲကိုလိုက်ခဲ့စမ်းပါ"

"ဒါဆို..................ငါလိုက်ခဲ့ပါ့မယ်"

"အင်း....လာသွားမယ်"

ဟုဆိုကာYounghoonကဝမ်းသာအားရနဲ့Jaehyunလက်ကိုလှမ်းဆွဲလေသည်မလို့Juyeonမျက်နှာအနည်းငယ်ပျက်သွားလေသည်။ဒါပေမဲ့သူမျက်နှာပျက်နေရင်Jaehyunသွားရတာစိတ်မဖြောင့်မှာစိုးတာကြောင့်ချက်ချင်းပြန်ထိန်းလိုက်ကာ

"ငါသွားနှင့်ပြီနော်"

ဆိုကာပြုံးချင်ယောင်ဆောင်ပြီးလွယ်အိတ်ဆွဲကာအရင်ထွက်လာလိုက်မိလေသည်။ကျန်ခဲ့သည့်Jaehyunကတော့Younghoonကိုသာကြည့်ပြီးအားနာပြုံးပြုံးလျက်။
...................

Juyeonကျောင်းပြင်ရောက်သည်နှင့်အလုပ်လည်းသွားစရာမလိုတာမလို့စက်ဘီးလေးနင်းကာအိမ်ပြန်လမ်းအတိုင်းလာခဲ့လိုက်လေသည်။ပုံမှန်ဆိုအနောက်မှာJaehyunကလိုက်ပါလာလေ့ရှိသည်မလို့အခုလိုမျိုးစီးရတာပေါ့နေသည်ကိုလည်းသူမနေတတ်သလို အနောက်ကနေခါးကိုဖက်ထားပေးမဲ့သူမရှိတော့လေတိုက်၍ပဲအေးနေသလိုလိုလစ်ဟာမှုကြီးကိုJuyeonခံစားမိနေသည်။

လူကသာစက်ဘီးနင်းနေတာစိတ်ကတော့တစ်ယောက်သောသူအားလက်ဆွဲလိုက်သည့်မြင်ကွင်းကိုသာရောက်နေသည်မလို့အာရုံလည်းမရတော့။စိတ်ထဲတွင်လည်းတင်းကြပ်သလို စိတ်အားငယ်သလိုဖြစ်လာ၍အတွေးတို့ကိုခါထုတ်ကာသက်ပြင်းတစ်ချက်ချလိုက်မိသည်။

ဘာကြောင့်သူဒီလိုစိတ်က လေးနေရတာလည်းဆိုပြီးတွေးနေမိသည်မှာလည်းအဖြေမရှိသည့်ပုစ္ဆာတစ်ပုဒ်ကိုတွက်နေရသလိုပင်ခက်ခဲလှပေသည်။

"ငါဘာလို့Jaeလက်ကိုတစ်ခြားသူထိတာမ​ကြိုက်နေတာလည်း"

စိတ်ထဲကနေသူ့ကိုယ်သူပြန်မေးခွန်းထုတ်လိုက်မိသည်။ဒီလိုပဲတွေးရင်းတောရင်းနဲ့တစ်ရွေ့ရွေ့နင်းလာလိုက်တာအိမ်ရှေ့တောင်ရောက်လာပြီဖြစ်သည်။အိမ်မှာလည်းသူ့ပထွေးကရှိနေဦးမှာမလို့စိတ်ကိုပြန်ထိန်းပြီးစက်ဘီလေးဒေါက်ထောက်ကာဝင်လာလိုက်သည်။

အိမ်ထဲဝင်ဝင်ခြင်းမှာပဲထုံးစံအတိုင်းချဥ်စူးစူးအရက်နံ့ကိုရလိုက်ပေမဲ့ထုံနေသည်မလို့ဘာမှတော့မဖြစ်ချေ။ဒါပေမဲ့ဧည့်ခန်းထဲကဆိုဖာပေါ်မှမူးပြီးအိပ်ပျော်နေသည့်ပထွေးကိုတွေ့လိုက်ရတော့Juyeonသက်ပြင်းလေးတစ်ချက်ချမိပြန်သည်။

စားပွဲပေါ်မှာလည်းသောက်လက်စနှင့်သောက်ထားပြီးသားဆိုဂျူပုလင်းတွေပြန့်ကျဲလို့နေသည်မှာမြင်မကောင်း။ရာသီဥတုကလည်းဆောင်းဝင်လာတော့မှာမလို့ညနေခင်းဘက်ရောက်လျှင်အေးစပြုလာပြီဖြစ်ပေမဲ့shirtလက်ပြတ်အတိုနဲ့အိပ်မောကျနေသည်မှာလည်းလေဖြတ်ချင်စရာ။

ဒါကြောင့်Juyeonကပဲမနေနိုင်မထိုင်နိုင်ဘေးကစောင်တစ်ခုဆွဲယူလိုက်ပြီးဖြန့်ကာခြုံပေးလိုက်မိသည်။ပြီးတော့စားပွဲပေါ်မှရှုပ်နေသည်များကိုလည်းရှင်းလိုက်သည်မလို့အနည်းငယ်ကြည့်ရအဆင်ပြေသွားလေသည်။

ဒါပြီးတော့လုပ်နေကျအတိုင်းဆန်ဆေး ထမင်းအိုးတည်ခဲ့ပြီးအပေါ်ထပ်မှသူ့အခန်းထဲသို့ရောက်တော့မှကုတင်ပေါ်မှာပက်လက်လန်လှဲရင်းနှဖူးပေါ်လက်တင်ကာအတွေးရောက်သွားသည်ကနှာတံပေါ်မှမှဲ့နက်ပိုင်ရှင်လေးဆီကိုပင်။

ခုချိန်ဆိုဟိုနှစ်ယောက်နဲ့ပျော်နေပြီလား။သူငယ်ချင်းတွေလုပ်သွားကြပြီလား။ငါနဲ့ကောဆက်ပေါင်းဦးမှာလား။ဆိုသည့်အမျိုးမျိုးသောအတွေးတွေကိုတွေးမိရင်းနောက်ထပ်ချမိလိုက်သည့်သက်ပြင်းတစ်ခု။

ဒါ......သဝန်တိုနေတာလား။YounghoonကJaeလက်ကိုကိုင်လိုက်လို့ငါသဝန်တိုသွားတာလား။

သူ့ကိုယ်သူပြန်မေးလိုက်သည့်မေးခွန်းလေးတစ်ခုကိုအဖြေထုတ်ရန်ခက်နေရပြန်ပါသည်လေ။
_________________________________________

Thanks for reading🌸


Zawgyi

{ သဝန္တိုျခင္းမမည္သည့္သဝန္တိုျခင္း }

ယေန႕ေတာ့JuyeonေကာJaehyunေကာအနည္းငယ္စိတ္လႈပ္ရွားေနၾကသည္။အေၾကာင္းကားသူတို႔ရဲ႕လပတ္စာေမးပြဲအမွတ္စာရင္းေတြထြက္ေတာ့မွာေၾကာင့္ျဖစ္ေလသည္။စာေမးပြဲႀကီးမဟုတ္ေပမဲ့လည္းႀကိဳးႀကိဳးစားစားလုပ္ခဲ့တာမလို႔စိတ္ေတာ့လႈပ္ရွားမိသား။Jaehyunထက္Juyeonကပိုစိတ္လႈပ္ရွားေနမိေလသည္။ဒီတစ္ေခါက္စာေမးပြဲအဆင့္1 to 10ဝင္ရင္သူ႕အားလက္ေဆာင္ေပးမည္ဟုေျပာထားေသာေၾကာင့္ပင္။

"Ju....ဒီတစ္ေခါက္ေတာ့Jaeလည္းအမွတ္ေကာင္းေလာက္ပါတယ္ေနာ္"

"ေကာင္းေလာက္ပါတယ္....Jaeအမ်ားႀကီးလုပ္ထားတာပဲကို"

"အင္း....."

သိပ္မၾကာလိုက္အတန္းထဲကိုအတန္းပိုင္းဆရာမဝင္လာေလသည္ႏွင့္အခန္းထဲရွိသူအားလုံးတိတ္ဆိတ္ၿငိမ္သက္သြားပုံကားလာမည့္အမွတ္စာရင္းကိုစိတ္ဝင္စားေၾကာင္းသိနိုင္ေလသည္။Jaehyunတို႔အခန္းထဲမွာကစာညံ့တဲ့သူခပ္ရွားရွားရယ္။မိန္းကေလးေတြဆိုတစ္ေယာက္နဲ႕တစ္ေယာက္အၿပိဳင္အဆိုင္ေတြပင္။ဒါေၾကာင့္လစဥ္အမွတ္ေကာင္းသည့္အတန္းထဲမွာပါသည္မလို႔ဒီတစ္ေခါက္ပါနိုင္ရန္အားလုံးကေမွ်ာ္လင့္ေစာင့္စားေနၾကေလသည္။

ဆရာမရဲ႕ၿပဳံးေပ်ာ္ေနသည့္မ်က္ႏွာရိပ္မ်က္ႏွာကဲေၾကာင့္အမွတ္ေကာင္းသည့္ဟုေတာ့မွတ္ယူလိုက္ေပမဲ့Juyeonတစ္ေယာက္အဆင့္1 to 10မဝင္မွာကလည္းစိုးေသးသည္။

"ကဲ.....မင္းတို႔ေလးေတြရဲ႕ၿပီးခဲ့တဲ့လပတ္စာေမးပြဲအမွတ္စာရင္းေတြရလာပါၿပီေနာ္!!! ဒီတစ္ေခါက္လည္းSamတို႔အတန္းကအမွတ္ေကာင္းတဲ့ထဲပါပါတယ္"

ဆရာမစကားဆုံးေတာ့အခန္းရွိသူအားလုံးေပ်ာ္သြားၾကေလသည္။ထိုစဥ္ဆရာမကေခ်ာင္းထပ္ဟန့္လိုက္ၿပီး

"ၿပီးေတာ့.....ပိုေကာင္းတာတစ္ခုကဒီလပတ္စာေမးပြဲSamတို႔အတန္းထဲမွာ Chemistry ရယ္ Mathsရယ္ Bioရယ္မွာေတာင္တစ္တန္းလုံးပထမရတဲ့သူပါပါတယ္"

"Wow!!!!! တစ္ကယ္ႀကီးလား Sam!!!"

"တစ္ကယ္ေပါ့"

"ဘယ္သူျဖစ္မလည္းမသိဘူး....ဒီတစ္ေခါက္Mathsကခက္တာကိုပထမေတာင္ရတယ္ဆိုေတာ့"

တစ္ေယာက္တစ္ေပါက္နဲ႕တိုးတိုးေျပာေနၾကေသာအသံေတြေၾကာင့္Jaehyunနဲ႕Juyeonပါစိတ္လႈပ္ရွားလာေလသည္။

"နာမည္ေတြအရင္ေျပာမယ္ေနာ္ Chemistryမွာက သမီးေလး Jo Yuri, Bioမွာကသားေလး Kim Younghoon"

"Wow!!!!! ငါတို႔အတန္းရဲ႕Kingနဲ႕Queenေဟ့"

ေက်ာင္းသားတစ္ေယာက္မွထေျပာေတာ့Yuriနဲ႕Younghoonကရယ္ၾကေလသည္။ဒါထက္က်န္တဲ့သူေတြပိုစိတ္ဝင္စားသည္ကMathsမွာပထမရသည့္သူကိုပင္ျဖစ္သည္။

"ကဲ.....မင္းတို႔ေလးေတြသိခ်င္ေနၾကတဲ့Mathsမွာပထမရတဲ့သူကိုသိခ်င္လား"

"သိခ်င္ပါတယ္!!!"

"ဒါက်ေတာ့က်န္တဲ့သူမဟုတ္ပါဘူး.....ဟိုးေနာက္ဆုံးတန္းကသားေလး Lee Jaehyunပါ"

ဆရာမစကားဆုံးသည္ႏွင့္အားလုံးရဲ႕အၾကည့္ေတြကေနာက္ဆုံးတန္းမွာႀကဳံ႕ႀကဳံ႕ေလးထိုင္ေနသည့္Jaehyunဆီသို႔အၾကည့္ေတြကေရာက္သြားၾကေလသည္။

"ဝါး......ငါတို႔အတန္းရဲ႕အၿငိမ္ဆုံးေလးကေတာ္လိုက္တာ"

ဆိုကာတစ္တန္းလုံးမွလက္ခုပ္တီးဝိုင္းၿပီးခ်ီးက်ဴးၾကေလေတာ့Jaehyunေလးခမ်ာမွာအံ့ၾသမွင္သက္စြာၿပဳံးေပ်ာ္လို႔ေနေလသည္။ေဘးမွာထိုင္ေနတဲ့Juyeonကလည္းသူမဟုတ္ေပမဲ့သူငယ္ခ်င္းျဖစ္သူကမထင္မွတ္နိုင္ေလာက္ေအာင္ေပ်ာ္႐ႊင္ေနေတာ့ဝမ္းသာပီတိျဖစ္ရေလျပန္သည္။
.................

"ဟူး........."

Juyeonအမွတ္စာရင္းစာ႐ြက္ကိုမၾကည့္ရဲေသးဘဲသက္ျပင္းသာခ်လိဳ႕ေနသည္မွာဆရာမစာ႐ြက္ေပးၿပီးတည္းကအႀကိမ္ႀကိမ္သာ။ေဘးကJaehyunကေတာ့သူ႕ကိုသာေစာင့္ေနရွာသည္။

"Ju.....ျမန္ျမန္လွပ္ၾကည့္ေတာ့ေလ...Jaeသိခ်င္ေနၿပီ"

"အင္းပါ......."

Juyeonလည္းေနာက္တစ္ခါသက္ျပင္းခ်လိဳက္ၿပီးေတာ့မရဲတစ္ရဲနဲ႕အမွတ္စာရင္းစာ႐ြက္ကိုၾကည့္လိုက္တာသူ႕ရဲ႕အဆင့္ေနရာတြင္11ဆိုၿပီးျမင္လိုက္ရသည္မလို႔ခ်ည္မွ်င္စေလာက္ထားခဲ့မိသည့္ေမွ်ာ္လင့္ခ်က္ေရာင္ခ်ည္ႀကိဳးေလးဟာေပ်ာက္ခ်င္းမလွေပ်ာက္ခဲ့ရေလေတာ့သည္။

အဆင့္ကိုျမင္ၿပီးၿပီးခ်င္းမ်က္ႏွာပ်က္သြားသည့္JuyeonအားJaehyunသတိထားမိတာမလို႔ခ်က္ခ်င္းပဲ

"Jaeရဲ႕Juကေတာ္လိုက္တာ.....အဆင့္လည္းအမ်ားႀကီးတက္လာတယ္"

"ဒါေပမဲ့......ငါ....... 1 to 10မဝင္ဘူးေလ....."

"ဟုတ္ေတာ့ဟုတ္ေပမဲ့အရင္ကထက္အမွတ္ေတြအမ်ားႀကီးပိုေကာင္းလာတယ္ေလ"

"အဲ့လိုဆိုေပမဲ့လည္း.....Jaeေပးတဲ့လက္ေဆာင္မွမရေတာ့တာ"

Juyeonမွစိတ္ပ်က္လက္ပ်က္အသံျဖင့္ေျပာလာေတာ့Jaehyunေလးကၿပဳံးလာကာ

"လက္ေဆာင္ကမေပးေတာ့ဘူးလို႔ဘယ္သူကေျပာလည္း"

"ဟင္.....ဒါဆိုေပးမွာလား"

"ေပးမွာေပါ့...."

"ဘာေပးမွာလည္း"

"အင္း...........မေျပာျပဘူး ရရင္သိလိမ့္မယ္"

"Jaeကကြာ.....ေျပာလိုက္ေတာ့ဘာျဖစ္မွာမလို႔လည္းတဲ့"

"ကဲပါ.....ဒီေန႕ေက်ာင္းဆင္းရင္သိလိမ့္မယ္ခနေလးသည္းခံၿပီးေစာင့္"

Jaehyunမွေျပာလာေတာ့Juyeonကေခါင္းၿငိမ့္ျပေလသည္။
...................

ေက်ာင္းဆင္းေသာ္....

"Jaehyun nah!!!"

ေက်ာင္းဆင္းၿပီမလို႔စာအုပ္ေတြစီၿပီးထည့္သိမ္းေနတုန္းေခၚသံၾကားလို႔ေမာ့ၾကည့္လိုက္ေတာ့အတန္းေဖာ္Younghoonျဖစ္ေနေလသည္။

"ေအာ္.....Younghoonေျပာေလ"

Juyeonကေတာ့သူ႕ေခၚတာလည္းမဟုတ္တာမလို႔သိမ္းစရာရွိသည္တို႔ကိုသာဆက္သိမ္းေနေပမဲ့နားကလည္းစြင့္ထားမိေလသည္။

"ေက်ာင္းဆင္းၿပီဆိုေတာ့မင္းအခ်ိန္ရတယ္မလား"

"ဘာလုပ္မလို႔လည္း"

"ငါရယ္....Yuriရယ္မင္းရယ္နဲ႕ကိုဆရာမကဒီတစ္ေခါက္စာေမးပြဲမွာပထမရလို႔တဲ့အဲ့တာဆုခ်တဲ့အေနနဲ႕စားခ်င္တာစားဆိုၿပီးမုန့္ဖိုးေပးလိုက္လို႔....အဲ့တာYuriကေတာ့Hotpotစားခ်င္တယ္တဲ့ သြားစားမလို႔လာေခၚတာ"

"ေအာ္....."

Jaehyunလည္းေဘးမွJuyeonကိုတစ္ခ်က္အၾကည့္ကေရာက္သြားေပမဲ့Juyeonကေတာ့မၾကားခ်င္ေယာင္ေဆာင္ကာမ်က္ႏွာလႊဲထားေလသည္။တစ္ကူးတစ္ကလာေခၚေနသည့္Younghoonေၾကာင့္လည္းJaehyunေလးမွာျငင္းရခက္လက္ခံရခက္အေနအထားမွာေရာက္ေနသည္။

"ဟိုေလ.....လာေခၚတာေက်းဇူးတင္ေပမဲ့ငါကJu......"

"လိုက္သြားလိုက္ပါ!!...."

Jaehyunစကားမဆုံးေသးခင္မွာပဲJuyeonမွျဖတ္ေျပာလိုက္ေလသည္။

"လိုက္သြားလိုက္ေလ.....ဆရာမကဆုခ်တာဆိုေတာ့Jaeလည္းသြားမွရမွာေပါ့....."

"ဒါမဲ့Juတစ္ေယာက္တည္းျဖစ္ေနမွာေပါ့"

"ရပါတယ္....ငါကအလုပ္ရွိေသးတယ္"

"ေျပာေတာ့ဒီေန႕ပိတ္တယ္ဆို"

"မဟုတ္ဘူး....ဖြင့္တယ္.....ငါသြားလိုက္မယ္Jaeလည္းYounghoonတို႔နဲ႕လိုက္သြားလိုက္ပါ"

"ေအးေလ....Jaehyunကလည္းမင္းလည္းပထမရတာပဲကိုလိုက္ခဲ့စမ္းပါ"

"ဒါဆို..................ငါလိုက္ခဲ့ပါ့မယ္"

"အင္း....လာသြားမယ္"

ဟုဆိုကာYounghoonကဝမ္းသာအားရနဲ႕Jaehyunလက္ကိုလွမ္းဆြဲေလသည္မလို႔Juyeonမ်က္ႏွာအနည္းငယ္ပ်က္သြားေလသည္။ဒါေပမဲ့သူမ်က္ႏွာပ်က္ေနရင္Jaehyunသြားရတာစိတ္မေျဖာင့္မွာစိုးတာေၾကာင့္ခ်က္ခ်င္းျပန္ထိန္းလိုက္ကာ

"ငါသြားႏွင့္ၿပီေနာ္"

ဆိုကာၿပဳံးခ်င္ေယာင္ေဆာင္ၿပီးလြယ္အိတ္ဆြဲကာအရင္ထြက္လာလိုက္မိေလသည္။က်န္ခဲ့သည့္Jaehyunကေတာ့Younghoonကိုသာၾကည့္ၿပီးအားနာၿပဳံးၿပဳံးလ်က္။
...................

Juyeonေက်ာင္းျပင္ေရာက္သည္ႏွင့္အလုပ္လည္းသြားစရာမလိုတာမလို႔စက္ဘီးေလးနင္းကာအိမ္ျပန္လမ္းအတိုင္းလာခဲ့လိုက္ေလသည္။ပုံမွန္ဆိုအေနာက္မွာJaehyunကလိုက္ပါလာေလ့ရွိသည္မလို႔အခုလိုမ်ိဳးစီးရတာေပါ့ေနသည္ကိုလည္းသူမေနတတ္သလို အေနာက္ကေနခါးကိုဖက္ထားေပးမဲ့သူမရွိေတာ့ေလတိုက္၍ပဲေအးေနသလိုလိုလစ္ဟာမႈႀကီးကိုJuyeonခံစားမိေနသည္။

လူကသာစက္ဘီးနင္းေနတာစိတ္ကေတာ့တစ္ေယာက္ေသာသူအားလက္ဆြဲလိုက္သည့္ျမင္ကြင္းကိုသာေရာက္ေနသည္မလို႔အာ႐ုံလည္းမရေတာ့။စိတ္ထဲတြင္လည္းတင္းၾကပ္သလို စိတ္အားငယ္သလိုျဖစ္လာ၍အေတြးတို႔ကိုခါထုတ္ကာသက္ျပင္းတစ္ခ်က္ခ်လိဳက္မိသည္။

ဘာေၾကာင့္သူဒီလိုစိတ္က ေလးေနရတာလည္းဆိုၿပီးေတြးေနမိသည္မွာလည္းအေျဖမရွိသည့္ပုစ္ဆာတစ္ပုဒ္ကိုတြက္ေနရသလိုပင္ခက္ခဲလွေပသည္။

"ငါဘာလို႔Jaeလက္ကိုတစ္ျခားသူထိတာမ​ႀကိဳက္ေနတာလည္း"

စိတ္ထဲကေနသူ႕ကိုယ္သူျပန္ေမးခြန္းထုတ္လိုက္မိသည္။ဒီလိုပဲေတြးရင္းေတာရင္းနဲ႕တစ္ေ႐ြ႕ေ႐ြ႕နင္းလာလိုက္တာအိမ္ေရွ႕ေတာင္ေရာက္လာၿပီျဖစ္သည္။အိမ္မွာလည္းသူ႕ပေထြးကရွိေနဦးမွာမလို႔စိတ္ကိုျပန္ထိန္းၿပီးစက္ဘီေလးေဒါက္ေထာက္ကာဝင္လာလိုက္သည္။

အိမ္ထဲဝင္ဝင္ျခင္းမွာပဲထုံးစံအတိုင္းခ်ဥ္စူးစူးအရက္နံ႕ကိုရလိုက္ေပမဲ့ထုံေနသည္မလို႔ဘာမွေတာ့မျဖစ္ေခ်။ဒါေပမဲ့ဧည့္ခန္းထဲကဆိုဖာေပၚမွမူးၿပီးအိပ္ေပ်ာ္ေနသည့္ပေထြးကိုေတြ႕လိုက္ရေတာ့Juyeonသက္ျပင္းေလးတစ္ခ်က္ခ်မိျပန္သည္။

စားပြဲေပၚမွာလည္းေသာက္လက္စႏွင့္ေသာက္ထားၿပီးသားဆိုဂ်ဴပုလင္းေတြျပန့္က်ဲလို႔ေနသည္မွာျမင္မေကာင္း။ရာသီဥတုကလည္းေဆာင္းဝင္လာေတာ့မွာမလို႔ညေနခင္းဘက္ေရာက္လွ်င္ေအးစျပဳလာၿပီျဖစ္ေပမဲ့shirtလက္ျပတ္အတိုနဲ႕အိပ္ေမာက်ေနသည္မွာလည္းေလျဖတ္ခ်င္စရာ။

ဒါေၾကာင့္Juyeonကပဲမေနနိုင္မထိုင္နိုင္ေဘးကေစာင္တစ္ခုဆြဲယူလိုက္ၿပီးျဖန့္ကာၿခဳံေပးလိုက္မိသည္။ၿပီးေတာ့စားပြဲေပၚမွရႈပ္ေနသည္မ်ားကိုလည္းရွင္းလိုက္သည္မလို႔အနည္းငယ္ၾကည့္ရအဆင္ေျပသြားေလသည္။

ဒါၿပီးေတာ့လုပ္ေနက်အတိုင္းဆန္ေဆး ထမင္းအိုးတည္ခဲ့ၿပီးအေပၚထပ္မွသူ႕အခန္းထဲသို႔ေရာက္ေတာ့မွကုတင္ေပၚမွာပက္လက္လန္လွဲရင္းႏွဖူးေပၚလက္တင္ကာအေတြးေရာက္သြားသည္ကႏွာတံေပၚမွမွဲ႕နက္ပိုင္ရွင္ေလးဆီကိုပင္။

ခုခ်ိန္ဆိုဟိုႏွစ္ေယာက္နဲ႕ေပ်ာ္ေနၿပီလား။သူငယ္ခ်င္းေတြလုပ္သြားၾကၿပီလား။ငါနဲ႕ေကာဆက္ေပါင္းဦးမွာလား။ဆိုသည့္အမ်ိဳးမ်ိဳးေသာအေတြးေတြကိုေတြးမိရင္းေနာက္ထပ္ခ်မိလိုက္သည့္သက္ျပင္းတစ္ခု။

ဒါ......သဝန္တိုေနတာလား။YounghoonကJaeလက္ကိုကိုင္လိုက္လို႔ငါသဝန္တိုသြားတာလား။

သူ႕ကိုယ္သူျပန္ေမးလိုက္သည့္ေမးခြန္းေလးတစ္ခုကိုအေျဖထုတ္ရန္ခက္ေနရျပန္ပါသည္ေလ။
_________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: Truyen4U.Com