Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 13

{ ရင်ခွင်ထဲမှချစ်ရသူရဲ့မျက်ရည်စက် }

"Jaehyunလည်းထည့်စားလေ.....မ​ကြိုက်လို့လားဟင်"

Yuriမှအစားစားရန်တွန့်နေသောJaehyunကိုပြောတော့

"မဟုတ်ပါဘူး....ကြိုက်ပါတယ်"

"ဒါနဲ့.....Jaehyun Mathsကိုဘယ်လိုများဖြေန်ိုင်တာလည်းဟင်.....YuriဆိုMathsအမှတ်အနည်းဆုံးပဲ ဒီတစ်ခေါက်ကလည်းခက်သလားလို့"

"အာ.....ဟုတ်ဒီအတိုင်းပဲဖြေလိုက်တာ မရလောက်ဘူးတောင်ထင်နေခဲ့တာကို"

"အင်း......မဖြစ်တော့ပါဘူးနောက်ဆိုJaehyun ဆီမှာစာပြန်သင်ရတော့မယ်"

"အဲ့လောက်လည်းငါကမတော်ပါဘူး"

ထိုသို့ပြောတော့Younghoonမှ

"မင်းကစာတော်ပါတယ်ကွာ.....ကဲစားစား....ပြီးမှငါတို့စကားဆက်ပြောကြတာပေါ့"

ဒီလိုနဲ့သုံးယောက်သားလည်းစားနေရင်းကုန်ခါနီးလောက်ကျတော့စကားစမြည်ထပ်ပြောဖြစ်ကြလေသည်။Jaehyunကတော့မပြောချင်တာမဟုတ်ပေမဲ့Juyeonကိုတစ်ယောက်တည်းပြန်လွှတ်လိုက်ရသည်ကတစ်ကြောင်း သူ့လက်ဆောင်မပေးရသေးသည်ကတစ်ကြောင်းမလို့အိမ်ကိုသာမြန်မြန်ပြန်ချင်နေတော့သည်။ဒါပေမဲ့လည်းသူ့အားခင်တွယ်ပုံရသည့်Younghoonနဲ့Yuriကြောင့်လည်းအားနာရပြန်သည်လေ။

"ဒါနဲ့JaehyunကLee Juyeonဆိုတဲ့တစ်ယောက်နဲ့သူငယ်ချင်းတွေလားဟင်"

"ဟုတ်ပါတယ်"

"အော်......သူကတစ်မျိုးပဲနော်ဘယ်သူနဲ့မှလည်းမပေါင်းဘူး Yuriဆိုသူ့ကြည့်ရင်လန့်လာတယ်"

"ဘာလို့လန့်တာလည်း"

"ဟို.......အဲ့တစ်ယောက်သတင်းတွေနားစွန်နားဖျားကြားထားလို့ပါ "

"Juကမကောင်းတဲ့သူမဟုတ်ပါဘူး....ငါနဲ့ငယ်ငယ်လေးကတည်းကသူငယ်ချင်းတွေမလို့သူ့အကြောင်းငါသိတယ်"

"အော်...အင်းပါ....နောက်ဆိုလည်းငါတို့အတူတူသူငယ်ချင်းလုပ်ကြတာပေါ့Juyeonကိုပါခေါ်လိုက်မယ်လေ"

Yoounghoonမှပြောလာသည့်စကားအားYuriကလည်းထောက်ခံလေသည်။ဒါပေမဲ့Juyeonအကြောင်းသိနေတဲ့Jaehyunကတော့

"ဟို....သူကတော့မဖြစ်ချင်လောက်ဘူးထင်တယ်သူကငါနဲ့ကလွဲပြီးဘယ်သူနဲ့မှပေါင်းတာမဟုတ်ဘူး"

"အဲ့လိုဆိုလည်း.....အဲ့လိုပေါ့ကွာ"

"ကဲ...ထားပါအဲ့ကိစ္စကိုနင်တို့နှစ်ယောက်စားလို့ပြီးပြီဆိုရင်အချိုပွဲသွားစားရအောင်....ဒီဘက်နားလေးမှာငါသွားစားနေကျရေခဲမုန့်ဆိုင်ရှိတယ်...အရသာလည်းတော်တော်ကောင်းတယ်"

Yuriမှပြောလာတော့Younghoonကလည်းအားရဝမ်းသာဖြင့်

"ဟိုတစ်လောကမှဖွင့်ထားတဲ့ဆိုင်မလား...ငါသိတယ်နာမည်ကြီးနေတာလေ..."

"အင်းဟုတ်တယ်.....လာသွားစားရအောင်"

Yuriနဲ့Younghoonကတော့အတိုင်ဖောက်ညီစွာပြောလာပေမဲ့Juyeonကိုစိတ်မချသည့်Jaehyunကတော့အိမ်ကိုသာပြန်ချင်နေသည်မလို့ငြင်းလေသည်။

"ငါတော့မလိုက်တော့ဘူးနော်....."

"ဟင်...ဘာလို့လည်းလိုက်ခဲ့ပါကြုံတုန်းလေးငါဝယ်ကျွေးချင်လို့"

"ကျေးဇူးတင်ပါတယ်....ဒါပေမဲ့လေငါမလိုက်..."

"လိုက်ခဲ့စမ်းပါJaehyunရယ်..."

YounghoonမှပြောပြောဆိုဆိုJaehyunကိုပါဆွဲထစေလိုက်ပြီးပခုံးကိုပါဖက်လိုက်လေသည်။Yuriကလည်း

"အေးပါ....လိုက်ခဲ့စမ်းပါ.....နင့်အိမ်ကထွက်မပြေးပါဘူး"

Jaehyunလည်းအားနာနာနဲ့လိုက်သွားရလေတော့သည်။
....................

Juyeon ဘက်မှာတော့....

"မင်းခနဒီမှာလာထိုင်ဦးငါမေးစရာရှိတယ်"

ပထွေးဖြစ်သူမှထမင်းစားသောက်ပြီးတော့ဧည့်ခန်းမှာထိုင်နေကာအခုမှပန်းကန်တွေဆေးလို့ပြီးသည့်Juyeonအားခေါ်လိုက်လေသည်။လေသံကအနည်းတော့မာနေသယောင်ရှိတာမလို့သူ့အားတစ်ခုခုမတင်မကျဖြစ်နေပြီမှန်းနေလာခဲ့တဲ့သက်တမ်းအရJuyeonသတိထားမိပါသည်။ဒါကြောင့်တစ်ဖက်ခုံမှာပြန်ဝင်ထိုင်လိုက်ရင်း

"ဟုတ်ကဲ့..."

"မင်းအခုstoreဆိုင်မှာအလုပ်လုပ်နေတယ်ဆို"

"ဟုတ်ပါတယ်"

"ဘာလို့လည်း...ငါပေးတဲ့ပိုက်ဆံမလောက်လို့လား...မလောက်ရင်ထပ်တောင်းလို့ငါမင်းကိုပြောထားတယ်မဟုတ်ဘူးလား!!"

"ကျောင်းစရိတ်ကလောက်ပါတယ်ကျွန်တော့်အသုံးစရိတ်လိုလို့ရှာတာပါအသုံးစရိတ်အထိကတော့ကျွန်တော်မတောင်းချင်ပါဘူး"

"မင်းကိုဘာစရိတ်ပဲဖြစ်ဖြစ်လိုရင်တောင်းလို့ပြောထားပြီးသား!!!"

"အဲ့လောက်ထိတော့ကျွန်တော်မတောင်းချင်လို့ပါ"

"Lee Juyeonငါ့ကိုထပ်အတွန့်မတက်နဲ့....အခုလုပ်နေတဲ့အလုပ်ကိုလည်းထွက်!! "

"ကျွန်တော်မထွက်နိုင်ပါဘူး!!"

Juyeonရဲ့ပြန်ပြောလိုက်တဲ့လေသံဟာအနည်းငယ်တော့မာသွားလေသည်မလို့ပထွေးဖြစ်သူမျက်ခုံးလှုပ်လာလေသည်။

"မင်းကငါ့ကိုပြန်အာခံနေတာလား!!!"

"အဲ့လိုမဟုတ်ဘူး.....ကျွန်တော့်အသုံးစရိတ်လောက်ကိုတော့ကျွန်တော်ရှာတဲ့ငွေနဲ့ပဲစိတ်သန့်သန့်သုံးချင်ပါတယ်"

"အော်.....ဒါဆိုငါပေးတဲ့ပိုက်ဆံတွေကမသန့်ဘူးလို့ပြောချင်နေတာလား ဟမ်!!!!"

ပြောလည်းပြောလက်ထဲမှကိုင်ထားသည့်သတင်းစာအားJuyeonမျက်နှာတည့်တည့်ကောက်ပေါက်လိုက်လေသည်။ကျောင်းဆင်းလာကတည်းကစိတ်မကြည်ချင်နေတဲ့Juyeonတစ်ယောက်အခုလိုဖြစ်တော့ဒေါသထောင်းခနဲထွက်လာသည်မလို့ချက်ချင်းမတ်တပ်ရပ်ကာ

"ဟုတ်တယ်!!!! ခင်ဗျားပိုက်ဆံတွေကမသန့်ဘူးထင်လို့!!! ခင်ဗျားလို့တစ်နေကုန်နီးပါးဘာအလုပ်မှမလုပ်ဘဲအရက်ထိုင်သောက်ပြီးအချိန်ဖြုန်းနေတာဘယ်ကနေအဲ့လောက်ပိုက်ဆံတွေထွက်လာမှန်းမှမသိတာ!!!! အဲ့ပိုက်ဆံတွေကိုကျွန်တော်ကဘယ်လိုစိတ်သန့်သန့်နဲ့သုံးရဲမှာလည်း!!!!"

ပထမဦးဆုံးအကြိမ်အဖြစ်ပြန်အော်ပြောလိုက်ခြင်းမလို့ရလဒ်အနေနဲ့မျက်ခွပ်တည့်တည့်ပထွေးဖြစ်သူရဲ့လက်သီးတစ်ချက်ကိုရလိုက်ပါသည်။အားပြင်းသည်မပြင်းသည်တော့မသိ ထိုးလိုက်သည့်အရှိန်ကြောင့်မတ်တပ်ရပ်နေသည့်Juyeonကြမ်းပြင်ပေါ်လဲကျတော့သည်။

အားနဲ့လဲကျသွားသည်မလို့ပြန်မထနိုင်သေးခင်မှာပဲ

"မင်းကများငါ့ကိုပြန်အော်ပြောရဲနေတယ်ပေါ့!!! အေး.....မှတ်လောက်သားလောက်ဖြစ်အောင်လုပ်ပေးမယ်!!!!"

ဟုဆိုကာပြန်မထနိုင်သေးတဲ့Juyeonအားသူ့ခါးမှခါးပတ်ကိုချွတ်ပြီးအသားကုန်လွှဲရိုက်ပါတော့သည်။Shirt လက်တိုဝတ်ထားသည်မလို့အသားတွေတစ်ဆတ်ဆတ်တုန်လာသည်အထိကိုနာကျင်သည့်ရိုက်ချက်တို့အားအံတုနေရသည်မှာမလွယ်လှ။မျက်နှာကိုမရိုက်မိအောင်လက်တို့နဲ့ကာရင်းလက်တွေမှာပါသွေးအနည်းငယ်စို့လာလေသည်။

နာကျင်မှုရဲ့ရလဒ်အနေနဲ့မျက်ဝန်းထဲမှမျက်ရည်တို့နဲ့အတူရင်ထဲမှာနာကျည်းချက်တွေဟာလည်းတစ်စစတိုးပွားလာလေသည်။တစ်ချက်ရိုက်ရင်းတစ်ချက်နာကျင်ရင်းပိုပြီးတော့နာကျည်းရင်းဖြစ်လေမလို့Juyeonအားကိုသာအသားကုန်တင်းထားမိသည်။

ရိုက်ရတာမောတော့မှရပ်လိုက်ပြီးအရိုက်ခံထားရလို့လဲကျနေသည့်Juyeonရဲ့ဗိုက်ကိုတစ်ချက်ဆောင့်ကန်လိုက်ကာ

"မင်းနောက်တစ်ခါငါ့ပြန်ပြောကြည့်!!! အ​​သေသတ်ပစ်မယ်!!!!"

ပြောပြီးအရက်ပုလင်းဆွဲကာတစ်ချက်မော့သောက်လိုက်ပြီး

"ငါအပြင်သွားစရာရှိတယ်ညပြန်လာမှာမဟုတ်ဘူး...မင်ဘာသာမင်းထမရရင်လည်းအဲ့အတိုင်းပဲနေ"

ဆိုကာထွက်သွားလေသည်။လဲကျနေသည့်Juyeonမှာတော့နာကျင်စပ်ဖျဥ်းမှုနှင့်အတူအသက်ကိုပါမနည်းရှူနေရလေသည်။မျက်လုံးအိမ်ထဲမှမျက်ရည်စက်တို့ဟာလည်းတားဆီးလို့မရလောက်တဲ့အထိကိုကျဆင်းနေသည်မှာတောင်ကျရေအလား။

ထလည်းမထနိုင်သည်မလို့အဲ့အတိုင်းလေးလဲနေရင်းတမ်းတမိသည်မှာနှလုံးသားထဲမှတစ်ယောက်သောသူကိုပင်။

"Jae...."

နာမည်လေးကိုရေရွတ်ရင်းငိုမိပြန်သည်။ဒါ့အပြင်မဆီမဆိုင်မိသားစုတစ်ခုရဲ့ပုံရိပ်ဟာလည်းJuyeonမျက်လုံးထဲမှာမဖိတ်ခေါ်ပါပဲနဲ့ရောက်နေကြသည်။အတောမသတ်နိုင်သည့်မျက်ရည်တို့ကိုဆက်လက်ကျဆင်းစေရင်းJuyeonသူ့ကိုယ်သူလည်းစိတ်ပျက်မိပါသည်။

သူလည်းအပျော်တွေနဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါ။သူကဒီအတိုင်းပဲစိတ်မသန့်လို့မယူလိုက်တာလေနော်။ဘာများမှားနေလို့လည်းဟင်။သူငယ်ငယ်ကတည်းကအကြောင်းပြချက်ရေရေရာရာမရှိပါဘဲနဲ့အရိုက်ခံရသည်မှာအကြိမ်ပေါင်းလည်းမနည်းတော့ချေ။ဒါကြောင့်လည်းငိုခဲ့ရပေါင်းမှာလည်းမရေတွက်နိုင်။

အရိုက်ခံထားရလို့နာကျင်နေသည်မှာရင်ထဲတွင်တစ်နုံ့နုံ့နာကျင်ခံစားနေရသည်လောက်တော့ပြင်းထန်နိုင်မည်မထင်ပေ။ထဖို့ရန်ပင်အားမရှိ၍လဲလျက်သားနေနေရင်းငိုနေမိတုန်းမှာပဲ

"Ju!!!!!"

ဒါJaeအသံမလား~~~~
..................


"ဒါမင်းအိမ်မလား"

"အင်းဟုတ်တယ်....ကျေးဇူးပါနော်Younghoon အိမ်ထိပြန်လိုက်ပို့ပေးလို့"

"ရပါတယ်....မလိုပါဘူး....ဒါဆိုငါသွားပြီနော်"

"အင်းအင်း"

YounghoonကJaehyunနဲ့Yuriအားသူ့အိမ်ကကားနဲ့လာကြို၍လိုက်ပို့မယ်ဆိုတာကြောင့်Yuriကိုအရင်ပို့ခဲ့ပြီးJaehyunအားပြန်ပို့ခဲ့ခြင်းဖြစ်သည်။Jaehyunလည်းYounghoonကိုနှုတ်ဆက်ပြီးအိမ်ထဲဝင်မယ်လုပ်တော့တစ်ဖက်ခြံကိုကြည့်လိုက်မိသေးပါသည်။Juyeonကိုတွေ့မလားဆိုသည့်စိတ်ကလေးဖြင့်။

ဒါပေမဲ့မတွေ့တာမလို့အိမ်ကိုဝင်လိုက်တော့အိမ်အကူမမက

"အော်....Jaehyunလေးပြန်ရောက်ပြီလား"

"ဟုတ်မမ....ဒါနဲ့မေမေတို့ကောပြန်ရောက်တော့မှာလားတဲ့"

"အယ်....မေမေတို့ကနောက်အပတ်ထဲရောက်မယ်ထင်တယ်....."

"အော်...ဟုတ်"

"ဒါနဲ့လေ....ဟိုဘက်အိမ်ကကောင်လေးထပ်ပြီးသူ့ပထွေးဆီကအရိုက်ခံရပြန်ပြီထင်တယ်"

အိမ်အကူမမပြောလိုက်သည့်စကားကြောင့်Jaehyunစိုးရိမ်မှုကချက်ချင်းတက်လာတော့သည်။

"ဘယ်လိုဖြစ်တာတဲ့လည်း"

"မမလည်းသေချာမသိဘူး....ရိုက်တဲ့အသံတော့ကြားလိုက်တယ်အဲ့တာ......."

အိမ်အကူမမစကားမဆုံးသေးခင်မှာပဲကျောပိုးအိတ်ကိုစားပွဲကိုချခဲ့ကာJuyeonတို့အိမ်ဘက်ကိုအမြန်ပြေးသွားသည်မှာတားချိန်တောက်မရလိုက်။

Jaehyunလည်းစိုးရိမ်းစိတ်တို့နဲ့အတူမြေကြီးတောင်ခြေထောက်နဲ့ထိရဲ့လားမသိ။ပြေးသွားပြီးအိမ်ထဲရောက်တော့တွေ့လိုက်ရသည်ကကြမ်းပြင်ပေါ်တွင်လဲနေသောJuyeon။အရိုက်ခံထားရ၍တုပ်တုပ်မျှပင်မလှုပ်နိုင်ဘဲခန္ဓာကိုယ်ရဲ့နေရာတစ်ချို့မှာလည်းနီရဲကာသွေးစို့လို့နေသည်။

"Ju!!!!"

တွေ့တွေ့ချင်းမှာပဲJuyeonဘေးကိုအမြန်ပြေးထိုင်လိုက်ပြီးJuyeonကိုနှိုးလိုက်သည်။သတိတော့ရှိနေသေးတာမလို့Juyeonလက်မောင်းလေးကိုကိုင်လှုပ်ကာသူ့အားသတိထားမိစေလိုက်သည်။

"Ju.....သတိထားပါဦး.....Juရေ....ထပါဦးလို့!!!"

Jaehyunလေးရဲ့အသံမှာတုန်ရီနေပြီးငိုသံလေးပါစတင်ပေါက်လာတော့သည်ကိုကြည့်ခြင်းဖြင့်သူဘယ်လောက်တောင်စိတ်ပူနေမလည်းခန့်မှန်းမိနိုင်ပါသည်လေ။

"Juရေ.....Jaeခေါ်နေတယ်လေကွာ!!!"

အနည်းငယ်လှုပ်ပြီးခေါ်တော့မှသူ့အားဖြည်းဖြည်းချင်းအားယူကာကြည့်လာသည်။

"Jae......."

မျက်နှာရဲ့နေရာတစ်ချိုု့မှာလည်းအရိုက်ခံထားရ၍သွေးစတို့ထွက်နေပြီးတစ်ချို့နေရာမှာကျတော့ညိုမဲနေသည်မလို့Jaehyunရဲ့စိုးရိမ်မှုဟာပိုလို့ပင်ကြီးထွားရလာရတော့သည်။

"Juရယ်....ဘယ်လိုဖြစ်ရတာလည်း......ထလို့ရမလားဟင်"

သူမေးတော့မျက်လုံးမှိတ်ကာဖြေလာသည်။ဒါကြောင့်Juyeonရဲ့ကိုယ်အားမကာဆွဲယူလိုက်ပြီးသူ့ရင်ခွင်ထဲထည့်ထားလိုက်သည်။

"Ju.....ဆေးရုံသွားမှဖြစ်မယ်နော်....."

သူပြောတော့ခေါင်းကိုဖြေးညင်းစွာခါပြလေသည်။

"ဒါဆိုဒီလောက်ဒဏ်ရာတွေအများကြီးရနေတာJuဘယ်လိုလုပ်မှာလည်း!!!"

"ရတယ်......"

Juyeonကဆေးရုံမသွားချင်မှန်းJaehyunသိတာမလို့ဆက်မပြောတော့ဘဲ

"ဒါဆိုJuကိုခုံပေါ်ထိုင်လို့ရအောင်လုပ်ပေးမယ်နော်"

"အင်း....."

Jaehyunလည်းJuyeonကိုယ်ကိုဆွဲမလိုက်ပြီးအနီးရှိတဲ့ဆိုဖာပေါ်ထိုင်ကာမှီထားစေလိုက်သည်။

"Juခနလေးနော်....Jaeဆေးသေတ္တာနဲ့ရေယူ​ပြီးပြန်လာခဲ့မယ်"

Juyeonခေါင်းကိုဖြေးဖြေးချင်းငြိမ့်ပြလေသည်။
Jehyunလည်းအရင်ဆုံးရေတစ်ခွက်ခပ်ခဲ့ပြီးဆိုထာပေါ်တွင်မှီနေသောJuyeonအားတိုက်လိုက်သည်။နှုတ်ခမ်းနေရာမှာထိုးခံထားရ၍ရေသောက်ဖို့ပင်မနည်းအားယူနေသည့်Juyeonကိုကြည့်ပြီးJaehyunလေးမှာမျက်ရည်ကျလုနီးနီးကိုစိတ်မကောင်းဖြစ်ရတော့သည်။

ရေသောက်ပြီးသွားတော့အနာတွေပေါ်မှာJaehyunကဆေးလိုက်ထည့်ပေးလေသည်။လက်မောင်းတွေမှာလည်းရစရာမရှိအောင်နီရဲနေသည်မှာမြင်လို့ပင်မကောင်း။နောက်ကျောနေရာတွင်လည်းအင်္ကျီကိုလှန်ကာကြည့်လိုက်တော့ရိုက်ခံထားရသည့်ခါးပတ်ရာတွေမှာထင်းလို့။

"ဖြစ်မှဖြစ်ရလေ....Juရယ်...."

Jaehyunစိတ်ထဲကနေရေရွတ်ရင်းအနာများကိုဆေးသေချာလိမ်းပေးလိုက်မိသည်။မငိုမိအောင်လည်းစိတ်ကိုမနည်းတင်းထားရပြန်သည်။ဆေးလိမ်းပေးပြီးရေအနည်းငယ်ထပ်တိုက်လိုက်တော့Juyeonနေရတာအနည်းငယ်တော့ပိုကောင်းသွားပြီထင်ပါရဲ့။လှုပ်ရှားလာနိုင်လေသည်။

"Juမသက်သာရင်ဆေးရုံပဲဖြစ်ဖြစ်သွားရအောင်လေ"

"ရတယ်...သက်သာတယ်....ဒါမျိုးကဖြစ်နေကျပါ ပြီးရင်သူ့ဟာသူပျောက်သွားလိမ့်မယ်"

ဖြစ်နေကြတဲ့လား။ဒါဆိုဒီလိုအရိုက်ခံရတာတစ်ခါနှစ်ခါမကဘူးလား။သူဘာလို့မသိခဲ့ရတာလည်း။Jaehyunတွေးရင်းတွေးရင်းစိတ်မကောင်းဖြစ်လာသည်မလို့တားမရတဲ့အဆုံးမှာတော့မျက်ဝန်းထဲမှမျက်ရည်တို့ဟာကျဆင်းလာပါတော့သည်။

တစ်ရှုံ့ရှုံ့နဲ့ထငိုသောJaehyunကြောင့်Juyeonအနည်းငယ်လန့်သွားရပါတော့သည်။

"Jae....ဘာလို့ငိုတာလည်း"

"Ju.....ဒီလိုအရိုက်ခံခဲ့ရတာတွေJaeမသိခဲ့ဘူး....အမှန်ဆိုဒီနေ့အတူတူရှိနေပေးရမှာကို.....သူတို့နဲ့သွားလိုက်မိတာ....."

ဆိုကာထပ်ငိုနေသောJaehyunကြောင့်Juyeonမှာအားနာရပြန်ပါသည်။ဒါJaehyunရဲ့လွတ်လပ်ပိုင်ခွင့်ပဲလေ။သူသွားချင်တဲ့သူနဲ့အတူတူထွက်လည်ခွင့်ရှိတာပဲကို။ဒါပေမဲ့အခုလိုမျိုးသူ့အတွက်စိတ်မကောင်းဖြစ်ကာငိုနေသည့်JaehyunပုံလေးကJuyeonမျက်လုံးထဲမှာဘာကြောင့်ဒီလောက်ထိချစ်ဖို့ကောင်းနေမှန်းမသိ။
ဒါကြောင့်Juyeonတစ်ချက်ပြုံးလိုက်မိပြီး

"အိုဟို.....Jaeကလည်းဒါငိုစရာမှမဟုတ်တာ....လာပါဦးဒီကို"

လက်နှစ်ဖက်ကိုဆန့်တန်းပြီးခေါ်လိုက်တော့ရင်ခွင်ထဲကိုအော်တိုဝင်လာသည့်Jaehyunလေးရယ်ပါ။သူ့ရင်ခွင်ထဲလည်းရောက်တော့ခါးကိုရစ်သိုင်းဖက်ကာရင်ခွင်မှာမျက်နှာအပ်ရင်းငိုနေသေးပြန်သည်။

Juyeonကလည်းJaehyunကိုပြန်ဖက်ပေးထားရင်းကျောလေးကိုပါအသာပုတ်ပေးနေမိသည်။သူတို့အဲ့အတိုင်းလေးဘာစကားမှလည်းမပြောဘဲဖက်ပြီးနေလိုက်တာမိနစ်အနည်းငယ်ကြာသွားလေသည်။Juyeonရင်ခွင်ထဲမှကောင်လေးရဲ့မျက်ရည်စက်တို့ဟာလည်းJuyeonအင်္ကျီတစ်ခုလုံးရွှဲစိုတော့မှသာရပ်တော့သည်။

"ငိုလို့ဝပြီလားJae"

"အင်း..........ဒီနေ့တော့JuဆီမှာJaeလာအိပ်မယ်ရတယ်မလား"

"ရတယ်လေ.....ဒါပေမဲ့ငါ့ကုတင်ကနည်းနည်းတော့ကျဥ်းတယ်နော်"

"ပိုတောင်ကောင်းတာပေါ့Juနဲ့ပိုကပ်ပြီးအိပ်လို့ရပြီ"

Jaehyunပြောလိုက်သည့်စကားကြောင့်Juyeonခပ်ဖွဖွလေးရယ်မိပါသည်။

ညအိပ်ချိန်ရောက်တော့Jaehyunကအိမ်ကိုခနအဝတ်အစားပြန်လဲကာအိမ်အကူမမကိုပြောခဲ့ပြီးJuyeonဆီမှာလာအိပ်လေသည်။မဟုတ်ရင်လည်းဒဏ်ရာတွေနဲ့Juyeonကိုသူဘယ်လိုမှစိတ်ချနိုင်မည်မထင်။

"Ju....."

"ပြောလေ....Jae"

JaehyunမှJuyeonရင်ခွင်ထဲတွင်လှဲနေပြီးခေါ်လိုက်ခြင်းဖြစ်သည်။Juyeonရဲ့ကုတင်ဟာတစ်ယောက်အိပ်ကုတင်ဖြစ်နေတာမလို့သူတို့နှစ်ယောက်ကိုအနည်းငယ်တော့ပိုပြီးနီးကပ်စေလေသည်။Juyeonရဲ့လက်တို့ဟာလည်းJaehyunခါးကိုဖက်ထားသလိုJaehyunဟာလည်းထိုနည်းတူစွာပင်Juyeonကိုဖက်ထားလေသည်မလို့နှစ်ယောက်သားကနွေးထွေးလို့နေကြသည်။

"ညနေကျောင်းဆင်းတုန်းကJu ပုံစံကစိတ်ဆိုးသွားသလိုပဲနော်"

"ဟင်...မဆိုးပါဘူး"

"ဟုတ်နေသလိုပါပဲ.....ဘာလည်းYounghoonကJaeလက်ကိုကိုင်လိုက်လို့လား"

Juyeonခနတော့ငြိမ်သက်နေပြီးမှ

"အင်း....ဟုတ်တယ်......ငါမ​ကြိုက်လို့......Jaeကိုငါမဟုတ်တဲ့တစ်ခြားသူထိတာမကြိုက်လို့"

Juyeonပြန်ဖြေလိုက်သည့်အဖြေကြောင့်JaehyunပြုံးမိကာJuyeonကိုပိုလို့ပင်တိုးဖက်လိုက်မိလေသည်။Juyeonမှထပ်ပြီး.....

"ဒါနဲ့.....Jaeလက်ဆောင်ပေးမယ်ဆိုပြီးမပေးရသေးဘူးနော်"

"အာ....အဲ့တာက.....မနက်ဖြန်မှပေးတော့မယ်လေ"

"အင်းပါရပါတယ်.......ဒါဆိုအိပ်ရအောင်ညနက်နေပြီ"

"အင်းအင်း....."

ဒီလိုနဲ့အခန်းငယ်လေးတစ်ခုရဲ့ကုတင်ပေါ်မှာheaterမလိုလောက်အောင်နွေးထွေးမှုအပြည့်နဲ့ဖက်ထားကာအိပ်ပျော်သွားကြပါသောကောင်လေးနှစ်ယောက်ရှိလေသည်ပေါ့နော်။

JuyeonကောJaehyunကောမအိပ်ခင်စဥ်းစားမိလိုက်ကြသည်က

"သူငယ်ချင်းတွေကဒီလိုနေကြလားဟင်"

ဟူသောမေးခွန်းပင်ဖြစ်လေသည်။
_________________________________________

Thanks for reading🌸

Zawgyi

{ ရင္ခြင္ထဲမွခ်စ္ရသူရဲ႕မ်က္ရည္စက္ }

"Jaehyunလည္းထည့္စားေလ.....မ​ႀကိဳက္လို႔လားဟင္"

Yuriမွအစားစားရန္တြန့္ေနေသာJaehyunကိုေျပာေတာ့

"မဟုတ္ပါဘူး....ႀကိဳက္ပါတယ္"

"ဒါနဲ႕.....Jaehyun Mathsကိုဘယ္လိုမ်ားေျဖန္ိုင္တာလည္းဟင္.....YuriဆိုMathsအမွတ္အနည္းဆုံးပဲ ဒီတစ္ေခါက္ကလည္းခက္သလားလို႔"

"အာ.....ဟုတ္ဒီအတိုင္းပဲေျဖလိုက္တာ မရေလာက္ဘူးေတာင္ထင္ေနခဲ့တာကို"

"အင္း......မျဖစ္ေတာ့ပါဘူးေနာက္ဆိုJaehyun ဆီမွာစာျပန္သင္ရေတာ့မယ္"

"အဲ့ေလာက္လည္းငါကမေတာ္ပါဘူး"

ထိုသို႔ေျပာေတာ့Younghoonမွ

"မင္းကစာေတာ္ပါတယ္ကြာ.....ကဲစားစား....ၿပီးမွငါတို႔စကားဆက္ေျပာၾကတာေပါ့"

ဒီလိုနဲ႕သုံးေယာက္သားလည္းစားေနရင္းကုန္ခါနီးေလာက္က်ေတာ့စကားစျမည္ထပ္ေျပာျဖစ္ၾကေလသည္။Jaehyunကေတာ့မေျပာခ်င္တာမဟုတ္ေပမဲ့Juyeonကိုတစ္ေယာက္တည္းျပန္လႊတ္လိုက္ရသည္ကတစ္ေၾကာင္း သူ႕လက္ေဆာင္မေပးရေသးသည္ကတစ္ေၾကာင္းမလို႔အိမ္ကိုသာျမန္ျမန္ျပန္ခ်င္ေနေတာ့သည္။ဒါေပမဲ့လည္းသူ႕အားခင္တြယ္ပုံရသည့္Younghoonနဲ႕Yuriေၾကာင့္လည္းအားနာရျပန္သည္ေလ။

"ဒါနဲ႕JaehyunကLee Juyeonဆိုတဲ့တစ္ေယာက္နဲ႕သူငယ္ခ်င္းေတြလားဟင္"

"ဟုတ္ပါတယ္"

"ေအာ္......သူကတစ္မ်ိဳးပဲေနာ္ဘယ္သူနဲ႕မွလည္းမေပါင္းဘူး Yuriဆိုသူ႕ၾကည့္ရင္လန့္လာတယ္"

"ဘာလို႔လန့္တာလည္း"

"ဟို.......အဲ့တစ္ေယာက္သတင္းေတြနားစြန္နားဖ်ားၾကားထားလို႔ပါ "

"Juကမေကာင္းတဲ့သူမဟုတ္ပါဘူး....ငါနဲ႕ငယ္ငယ္ေလးကတည္းကသူငယ္ခ်င္းေတြမလို႔သူ႕အေၾကာင္းငါသိတယ္"

"ေအာ္...အင္းပါ....ေနာက္ဆိုလည္းငါတို႔အတူတူသူငယ္ခ်င္းလုပ္ၾကတာေပါ့Juyeonကိုပါေခၚလိုက္မယ္ေလ"

Yoounghoonမွေျပာလာသည့္စကားအားYuriကလည္းေထာက္ခံေလသည္။ဒါေပမဲ့Juyeonအေၾကာင္းသိေနတဲ့Jaehyunကေတာ့

"ဟို....သူကေတာ့မျဖစ္ခ်င္ေလာက္ဘူးထင္တယ္သူကငါနဲ႕ကလြဲၿပီးဘယ္သူနဲ႕မွေပါင္းတာမဟုတ္ဘူး"

"အဲ့လိုဆိုလည္း.....အဲ့လိုေပါ့ကြာ"

"ကဲ...ထားပါအဲ့ကိစၥကိုနင္တို႔ႏွစ္ေယာက္စားလို႔ၿပီးၿပီဆိုရင္အခ်ိဳပြဲသြားစားရေအာင္....ဒီဘက္နားေလးမွာငါသြားစားေနက်ေရခဲမုန့္ဆိုင္ရွိတယ္...အရသာလည္းေတာ္ေတာ္ေကာင္းတယ္"

Yuriမွေျပာလာေတာ့Younghoonကလည္းအားရဝမ္းသာျဖင့္

"ဟိုတစ္ေလာကမွဖြင့္ထားတဲ့ဆိုင္မလား...ငါသိတယ္နာမည္ႀကီးေနတာေလ..."

"အင္းဟုတ္တယ္.....လာသြားစားရေအာင္"

Yuriနဲ႕Younghoonကေတာ့အတိုင္ေဖာက္ညီစြာေျပာလာေပမဲ့Juyeonကိုစိတ္မခ်သည့္Jaehyunကေတာ့အိမ္ကိုသာျပန္ခ်င္ေနသည္မလို႔ျငင္းေလသည္။

"ငါေတာ့မလိုက္ေတာ့ဘူးေနာ္....."

"ဟင္...ဘာလို႔လည္းလိုက္ခဲ့ပါႀကဳံတုန္းေလးငါဝယ္ေကြၽးခ်င္လို႔"

"ေက်းဇူးတင္ပါတယ္....ဒါေပမဲ့ေလငါမလိုက္..."

"လိုက္ခဲ့စမ္းပါJaehyunရယ္..."

YounghoonမွေျပာေျပာဆိုဆိုJaehyunကိုပါဆြဲထေစလိုက္ၿပီးပခုံးကိုပါဖက္လိုက္ေလသည္။Yuriကလည္း

"ေအးပါ....လိုက္ခဲ့စမ္းပါ.....နင့္အိမ္ကထြက္မေျပးပါဘူး"

Jaehyunလည္းအားနာနာနဲ႕လိုက္သြားရေလေတာ့သည္။
....................

Juyeon ဘက္မွာေတာ့....

"မင္းခနဒီမွာလာထိုင္ဦးငါေမးစရာရွိတယ္"

ပေထြးျဖစ္သူမွထမင္းစားေသာက္ၿပီးေတာ့ဧည့္ခန္းမွာထိုင္ေနကာအခုမွပန္းကန္ေတြေဆးလို႔ၿပီးသည့္Juyeonအားေခၚလိုက္ေလသည္။ေလသံကအနည္းေတာ့မာေနသေယာင္ရွိတာမလို႔သူ႕အားတစ္ခုခုမတင္မက်ျဖစ္ေနၿပီမွန္းေနလာခဲ့တဲ့သက္တမ္းအရJuyeonသတိထားမိပါသည္။ဒါေၾကာင့္တစ္ဖက္ခုံမွာျပန္ဝင္ထိုင္လိုက္ရင္း

"ဟုတ္ကဲ့..."

"မင္းအခုstoreဆိုင္မွာအလုပ္လုပ္ေနတယ္ဆို"

"ဟုတ္ပါတယ္"

"ဘာလို႔လည္း...ငါေပးတဲ့ပိုက္ဆံမေလာက္လို႔လား...မေလာက္ရင္ထပ္ေတာင္းလို႔ငါမင္းကိုေျပာထားတယ္မဟုတ္ဘူးလား!!"

"ေက်ာင္းစရိတ္ကေလာက္ပါတယ္ကြၽန္ေတာ့္အသုံးစရိတ္လိုလို႔ရွာတာပါအသုံးစရိတ္အထိကေတာ့ကြၽန္ေတာ္မေတာင္းခ်င္ပါဘူး"

"မင္းကိုဘာစရိတ္ပဲျဖစ္ျဖစ္လိုရင္ေတာင္းလို႔ေျပာထားၿပီးသား!!!"

"အဲ့ေလာက္ထိေတာ့ကြၽန္ေတာ္မေတာင္းခ်င္လို႔ပါ"

"Lee Juyeonငါ့ကိုထပ္အတြန့္မတက္နဲ႕....အခုလုပ္ေနတဲ့အလုပ္ကိုလည္းထြက္!! "

"ကြၽန္ေတာ္မထြက္နိုင္ပါဘူး!!"

Juyeonရဲ႕ျပန္ေျပာလိုက္တဲ့ေလသံဟာအနည္းငယ္ေတာ့မာသြားေလသည္မလို႔ပေထြးျဖစ္သူမ်က္ခုံးလႈပ္လာေလသည္။

"မင္းကငါ့ကိုျပန္အာခံေနတာလား!!!"

"အဲ့လိုမဟုတ္ဘူး.....ကြၽန္ေတာ့္အသုံးစရိတ္ေလာက္ကိုေတာ့ကြၽန္ေတာ္ရွာတဲ့ေငြနဲ႕ပဲစိတ္သန့္သန့္သုံးခ်င္ပါတယ္"

"ေအာ္.....ဒါဆိုငါေပးတဲ့ပိုက္ဆံေတြကမသန့္ဘူးလို႔ေျပာခ်င္ေနတာလား ဟမ္!!!!"

ေျပာလည္းေျပာလက္ထဲမွကိုင္ထားသည့္သတင္းစာအားJuyeonမ်က္ႏွာတည့္တည့္ေကာက္ေပါက္လိုက္ေလသည္။ေက်ာင္းဆင္းလာကတည္းကစိတ္မၾကည္ခ်င္ေနတဲ့Juyeonတစ္ေယာက္အခုလိုျဖစ္ေတာ့ေဒါသေထာင္းခနဲထြက္လာသည္မလို႔ခ်က္ခ်င္းမတ္တပ္ရပ္ကာ

"ဟုတ္တယ္!!!! ခင္ဗ်ားပိုက္ဆံေတြကမသန့္ဘူးထင္လို႔!!! ခင္ဗ်ားလို႔တစ္ေနကုန္နီးပါးဘာအလုပ္မွမလုပ္ဘဲအရက္ထိုင္ေသာက္ၿပီးအခ်ိန္ျဖဳန္းေနတာဘယ္ကေနအဲ့ေလာက္ပိုက္ဆံေတြထြက္လာမွန္းမွမသိတာ!!!! အဲ့ပိုက္ဆံေတြကိုကြၽန္ေတာ္ကဘယ္လိုစိတ္သန့္သန့္နဲ႕သုံးရဲမွာလည္း!!!!"

ပထမဦးဆုံးအႀကိမ္အျဖစ္ျပန္ေအာ္ေျပာလိုက္ျခင္းမလို႔ရလဒ္အေနနဲ႕မ်က္ခြပ္တည့္တည့္ပေထြးျဖစ္သူရဲ႕လက္သီးတစ္ခ်က္ကိုရလိုက္ပါသည္။အားျပင္းသည္မျပင္းသည္ေတာ့မသိ ထိုးလိုက္သည့္အရွိန္ေၾကာင့္မတ္တပ္ရပ္ေနသည့္Juyeonၾကမ္းျပင္ေပၚလဲက်ေတာ့သည္။

အားနဲ႕လဲက်သြားသည္မလို႔ျပန္မထနိုင္ေသးခင္မွာပဲ

"မင္းကမ်ားငါ့ကိုျပန္ေအာ္ေျပာရဲေနတယ္ေပါ့!!! ေအး.....မွတ္ေလာက္သားေလာက္ျဖစ္ေအာင္လုပ္ေပးမယ္!!!!"

ဟုဆိုကာျပန္မထနိုင္ေသးတဲ့Juyeonအားသူ႕ခါးမွခါးပတ္ကိုခြၽတ္ၿပီးအသားကုန္လႊဲရိုက္ပါေတာ့သည္။Shirt လက္တိုဝတ္ထားသည္မလို႔အသားေတြတစ္ဆတ္ဆတ္တုန္လာသည္အထိကိုနာက်င္သည့္ရိုက္ခ်က္တို႔အားအံတုေနရသည္မွာမလြယ္လွ။မ်က္ႏွာကိုမရိုက္မိေအာင္လက္တို႔နဲ႕ကာရင္းလက္ေတြမွာပါေသြးအနည္းငယ္စို႔လာေလသည္။

နာက်င္မႈရဲ႕ရလဒ္အေနနဲ႕မ်က္ဝန္းထဲမွမ်က္ရည္တို႔နဲ႕အတူရင္ထဲမွာနာက်ည္းခ်က္ေတြဟာလည္းတစ္စစတိုးပြားလာေလသည္။တစ္ခ်က္ရိုက္ရင္းတစ္ခ်က္နာက်င္ရင္းပိုၿပီးေတာ့နာက်ည္းရင္းျဖစ္ေလမလို႔Juyeonအားကိုသာအသားကုန္တင္းထားမိသည္။

ရိုက္ရတာေမာေတာ့မွရပ္လိုက္ၿပီးအရိုက္ခံထားရလို႔လဲက်ေနသည့္Juyeonရဲ႕ဗိုက္ကိုတစ္ခ်က္ေဆာင့္ကန္လိုက္ကာ

"မင္းေနာက္တစ္ခါငါ့ျပန္ေျပာၾကည့္!!! အ​​ေသသတ္ပစ္မယ္!!!!"

ေျပာၿပီးအရက္ပုလင္းဆြဲကာတစ္ခ်က္ေမာ့ေသာက္လိုက္ၿပီး

"ငါအျပင္သြားစရာရွိတယ္ညျပန္လာမွာမဟုတ္ဘူး...မင္ဘာသာမင္းထမရရင္လည္းအဲ့အတိုင္းပဲေန"

ဆိုကာထြက္သြားေလသည္။လဲက်ေနသည့္Juyeonမွာေတာ့နာက်င္စပ္ဖ်ဥ္းမႈႏွင့္အတူအသက္ကိုပါမနည္းရႉေနရေလသည္။မ်က္လုံးအိမ္ထဲမွမ်က္ရည္စက္တို႔ဟာလည္းတားဆီးလို႔မရေလာက္တဲ့အထိကိုက်ဆင္းေနသည္မွာေတာင္က်ေရအလား။

ထလည္းမထနိုင္သည္မလို႔အဲ့အတိုင္းေလးလဲေနရင္းတမ္းတမိသည္မွာႏွလုံးသားထဲမွတစ္ေယာက္ေသာသူကိုပင္။

"Jae...."

နာမည္ေလးကိုေရ႐ြတ္ရင္းငိုမိျပန္သည္။ဒါ့အျပင္မဆီမဆိုင္မိသားစုတစ္ခုရဲ႕ပုံရိပ္ဟာလည္းJuyeonမ်က္လုံးထဲမွာမဖိတ္ေခၚပါပဲနဲ႕ေရာက္ေနၾကသည္။အေတာမသတ္နိုင္သည့္မ်က္ရည္တို႔ကိုဆက္လက္က်ဆင္းေစရင္းJuyeonသူ႕ကိုယ္သူလည္းစိတ္ပ်က္မိပါသည္။

သူလည္းအေပ်ာ္ေတြနဲ႕ထိုက္တန္တဲ့သူတစ္ေယာက္ပါ။သူကဒီအတိုင္းပဲစိတ္မသန့္လို႔မယူလိုက္တာေလေနာ္။ဘာမ်ားမွားေနလို႔လည္းဟင္။သူငယ္ငယ္ကတည္းကအေၾကာင္းျပခ်က္ေရေရရာရာမရွိပါဘဲနဲ႕အရိုက္ခံရသည္မွာအႀကိမ္ေပါင္းလည္းမနည္းေတာ့ေခ်။ဒါေၾကာင့္လည္းငိုခဲ့ရေပါင္းမွာလည္းမေရတြက္နိုင္။

အရိုက္ခံထားရလို႔နာက်င္ေနသည္မွာရင္ထဲတြင္တစ္ႏုံ႕ႏုံ႕နာက်င္ခံစားေနရသည္ေလာက္ေတာ့ျပင္းထန္နိုင္မည္မထင္ေပ။ထဖို႔ရန္ပင္အားမရွိ၍လဲလ်က္သားေနေနရင္းငိုေနမိတုန္းမွာပဲ

"Ju!!!!!"

ဒါJaeအသံမလား~~~~
..................


"ဒါမင္းအိမ္မလား"

"အင္းဟုတ္တယ္....ေက်းဇူးပါေနာ္Younghoon အိမ္ထိျပန္လိုက္ပို႔ေပးလို႔"

"ရပါတယ္....မလိုပါဘူး....ဒါဆိုငါသြားၿပီေနာ္"

"အင္းအင္း"

YounghoonကJaehyunနဲ႕Yuriအားသူ႕အိမ္ကကားနဲ႕လာႀကိဳ၍လိုက္ပို႔မယ္ဆိုတာေၾကာင့္Yuriကိုအရင္ပို႔ခဲ့ၿပီးJaehyunအားျပန္ပို႔ခဲ့ျခင္းျဖစ္သည္။Jaehyunလည္းYounghoonကိုႏႈတ္ဆက္ၿပီးအိမ္ထဲဝင္မယ္လုပ္ေတာ့တစ္ဖက္ၿခံကိုၾကည့္လိုက္မိေသးပါသည္။Juyeonကိုေတြ႕မလားဆိုသည့္စိတ္ကေလးျဖင့္။

ဒါေပမဲ့မေတြ႕တာမလို႔အိမ္ကိုဝင္လိုက္ေတာ့အိမ္အကူမမက

"ေအာ္....Jaehyunေလးျပန္ေရာက္ၿပီလား"

"ဟုတ္မမ....ဒါနဲ႕ေမေမတို႔ေကာျပန္ေရာက္ေတာ့မွာလားတဲ့"

"အယ္....ေမေမတို႔ကေနာက္အပတ္ထဲေရာက္မယ္ထင္တယ္....."

"ေအာ္...ဟုတ္"

"ဒါနဲ႕ေလ....ဟိုဘက္အိမ္ကေကာင္ေလးထပ္ၿပီးသူ႕ပေထြးဆီကအရိုက္ခံရျပန္ၿပီထင္တယ္"

အိမ္အကူမမေျပာလိုက္သည့္စကားေၾကာင့္Jaehyunစိုးရိမ္မႈကခ်က္ခ်င္းတက္လာေတာ့သည္။

"ဘယ္လိုျဖစ္တာတဲ့လည္း"

"မမလည္းေသခ်ာမသိဘူး....ရိုက္တဲ့အသံေတာ့ၾကားလိုက္တယ္အဲ့တာ......."

အိမ္အကူမမစကားမဆုံးေသးခင္မွာပဲေက်ာပိုးအိတ္ကိုစားပြဲကိုခ်ခဲ့ကာJuyeonတို႔အိမ္ဘက္ကိုအျမန္ေျပးသြားသည္မွာတားခ်ိန္ေတာက္မရလိုက္။

Jaehyunလည္းစိုးရိမ္းစိတ္တို႔နဲ႕အတူေျမႀကီးေတာင္ေျခေထာက္နဲ႕ထိရဲ႕လားမသိ။ေျပးသြားၿပီးအိမ္ထဲေရာက္ေတာ့ေတြ႕လိုက္ရသည္ကၾကမ္းျပင္ေပၚတြင္လဲေနေသာJuyeon။အရိုက္ခံထားရ၍တုပ္တုပ္မွ်ပင္မလႈပ္နိုင္ဘဲခႏၶာကိုယ္ရဲ႕ေနရာတစ္ခ်ိဳ႕မွာလည္းနီရဲကာေသြးစို႔လို႔ေနသည္။

"Ju!!!!"

ေတြ႕ေတြ႕ခ်င္းမွာပဲJuyeonေဘးကိုအျမန္ေျပးထိုင္လိုက္ၿပီးJuyeonကိုႏွိုးလိုက္သည္။သတိေတာ့ရွိေနေသးတာမလို႔Juyeonလက္ေမာင္းေလးကိုကိုင္လႈပ္ကာသူ႕အားသတိထားမိေစလိုက္သည္။

"Ju.....သတိထားပါဦး.....Juေရ....ထပါဦးလို႔!!!"

Jaehyunေလးရဲ႕အသံမွာတုန္ရီေနၿပီးငိုသံေလးပါစတင္ေပါက္လာေတာ့သည္ကိုၾကည့္ျခင္းျဖင့္သူဘယ္ေလာက္ေတာင္စိတ္ပူေနမလည္းခန့္မွန္းမိနိုင္ပါသည္ေလ။

"Juေရ.....Jaeေခၚေနတယ္ေလကြာ!!!"

အနည္းငယ္လႈပ္ၿပီးေခၚေတာ့မွသူ႕အားျဖည္းျဖည္းခ်င္းအားယူကာၾကည့္လာသည္။

"Jae......."

မ်က္ႏွာရဲ႕ေနရာတစ္ခ်ိဳု႔မွာလည္းအရိုက္ခံထားရ၍ေသြးစတို႔ထြက္ေနၿပီးတစ္ခ်ိဳ႕ေနရာမွာက်ေတာ့ညိုမဲေနသည္မလို႔Jaehyunရဲ႕စိုးရိမ္မႈဟာပိုလို႔ပင္ႀကီးထြားရလာရေတာ့သည္။

"Juရယ္....ဘယ္လိုျဖစ္ရတာလည္း......ထလို႔ရမလားဟင္"

သူေမးေတာ့မ်က္လုံးမွိတ္ကာေျဖလာသည္။ဒါေၾကာင့္Juyeonရဲ႕ကိုယ္အားမကာဆြဲယူလိုက္ၿပီးသူ႕ရင္ခြင္ထဲထည့္ထားလိုက္သည္။

"Ju.....ေဆး႐ုံသြားမွျဖစ္မယ္ေနာ္....."

သူေျပာေတာ့ေခါင္းကိုေျဖးညင္းစြာခါျပေလသည္။

"ဒါဆိုဒီေလာက္ဒဏ္ရာေတြအမ်ားႀကီးရေနတာJuဘယ္လိုလုပ္မွာလည္း!!!"

"ရတယ္......"

Juyeonကေဆး႐ုံမသြားခ်င္မွန္းJaehyunသိတာမလို႔ဆက္မေျပာေတာ့ဘဲ

"ဒါဆိုJuကိုခုံေပၚထိုင္လို႔ရေအာင္လုပ္ေပးမယ္ေနာ္"

"အင္း....."

Jaehyunလည္းJuyeonကိုယ္ကိုဆြဲမလိုက္ၿပီးအနီးရွိတဲ့ဆိုဖာေပၚထိုင္ကာမွီထားေစလိုက္သည္။

"Juခနေလးေနာ္....Jaeေဆးေသတၱာနဲ႕ေရယူ​ၿပီးျပန္လာခဲ့မယ္"

Juyeonေခါင္းကိုေျဖးေျဖးခ်င္းၿငိမ့္ျပေလသည္။
Jehyunလည္းအရင္ဆုံးေရတစ္ခြက္ခပ္ခဲ့ၿပီးဆိုထာေပၚတြင္မွီေနေသာJuyeonအားတိုက္လိုက္သည္။ႏႈတ္ခမ္းေနရာမွာထိုးခံထားရ၍ေရေသာက္ဖို႔ပင္မနည္းအားယူေနသည့္Juyeonကိုၾကည့္ၿပီးJaehyunေလးမွာမ်က္ရည္က်လဳနီးနီးကိုစိတ္မေကာင္းျဖစ္ရေတာ့သည္။

ေရေသာက္ၿပီးသြားေတာ့အနာေတြေပၚမွာJaehyunကေဆးလိုက္ထည့္ေပးေလသည္။လက္ေမာင္းေတြမွာလည္းရစရာမရွိေအာင္နီရဲေနသည္မွာျမင္လို႔ပင္မေကာင္း။ေနာက္ေက်ာေနရာတြင္လည္းအကၤ်ီကိုလွန္ကာၾကည့္လိုက္ေတာ့ရိုက္ခံထားရသည့္ခါးပတ္ရာေတြမွာထင္းလို႔။

"ျဖစ္မွျဖစ္ရေလ....Juရယ္...."

Jaehyunစိတ္ထဲကေနေရ႐ြတ္ရင္းအနာမ်ားကိုေဆးေသခ်ာလိမ္းေပးလိုက္မိသည္။မငိုမိေအာင္လည္းစိတ္ကိုမနည္းတင္းထားရျပန္သည္။ေဆးလိမ္းေပးၿပီးေရအနည္းငယ္ထပ္တိုက္လိုက္ေတာ့Juyeonေနရတာအနည္းငယ္ေတာ့ပိုေကာင္းသြားၿပီထင္ပါရဲ႕။လႈပ္ရွားလာနိုင္ေလသည္။

"Juမသက္သာရင္ေဆး႐ုံပဲျဖစ္ျဖစ္သြားရေအာင္ေလ"

"ရတယ္...သက္သာတယ္....ဒါမ်ိဳးကျဖစ္ေနက်ပါ ၿပီးရင္သူ႕ဟာသူေပ်ာက္သြားလိမ့္မယ္"

ျဖစ္ေနၾကတဲ့လား။ဒါဆိုဒီလိုအရိုက္ခံရတာတစ္ခါႏွစ္ခါမကဘူးလား။သူဘာလို႔မသိခဲ့ရတာလည္း။Jaehyunေတြးရင္းေတြးရင္းစိတ္မေကာင္းျဖစ္လာသည္မလို႔တားမရတဲ့အဆုံးမွာေတာ့မ်က္ဝန္းထဲမွမ်က္ရည္တို႔ဟာက်ဆင္းလာပါေတာ့သည္။

တစ္ရႈံ႕ရႈံ႕နဲ႕ထငိုေသာJaehyunေၾကာင့္Juyeonအနည္းငယ္လန့္သြားရပါေတာ့သည္။

"Jae....ဘာလို႔ငိုတာလည္း"

"Ju.....ဒီလိုအရိုက္ခံခဲ့ရတာေတြJaeမသိခဲ့ဘူး....အမွန္ဆိုဒီေန႕အတူတူရွိေနေပးရမွာကို.....သူတို႔နဲ႕သြားလိုက္မိတာ....."

ဆိုကာထပ္ငိုေနေသာJaehyunေၾကာင့္Juyeonမွာအားနာရျပန္ပါသည္။ဒါJaehyunရဲ႕လြတ္လပ္ပိုင္ခြင့္ပဲေလ။သူသြားခ်င္တဲ့သူနဲ႕အတူတူထြက္လည္ခြင့္ရွိတာပဲကို။ဒါေပမဲ့အခုလိုမ်ိဳးသူ႕အတြက္စိတ္မေကာင္းျဖစ္ကာငိုေနသည့္JaehyunပုံေလးကJuyeonမ်က္လုံးထဲမွာဘာေၾကာင့္ဒီေလာက္ထိခ်စ္ဖို႔ေကာင္းေနမွန္းမသိ။
ဒါေၾကာင့္Juyeonတစ္ခ်က္ၿပဳံးလိုက္မိၿပီး

"အိုဟို.....Jaeကလည္းဒါငိုစရာမွမဟုတ္တာ....လာပါဦးဒီကို"

လက္ႏွစ္ဖက္ကိုဆန့္တန္းၿပီးေခၚလိုက္ေတာ့ရင္ခြင္ထဲကိုေအာ္တိုဝင္လာသည့္Jaehyunေလးရယ္ပါ။သူ႕ရင္ခြင္ထဲလည္းေရာက္ေတာ့ခါးကိုရစ္သိုင္းဖက္ကာရင္ခြင္မွာမ်က္ႏွာအပ္ရင္းငိုေနေသးျပန္သည္။

Juyeonကလည္းJaehyunကိုျပန္ဖက္ေပးထားရင္းေက်ာေလးကိုပါအသာပုတ္ေပးေနမိသည္။သူတို႔အဲ့အတိုင္းေလးဘာစကားမွလည္းမေျပာဘဲဖက္ၿပီးေနလိုက္တာမိနစ္အနည္းငယ္ၾကာသြားေလသည္။Juyeonရင္ခြင္ထဲမွေကာင္ေလးရဲ႕မ်က္ရည္စက္တို႔ဟာလည္းJuyeonအကၤ်ီတစ္ခုလုံး႐ႊဲစိုေတာ့မွသာရပ္ေတာ့သည္။

"ငိုလို႔ဝၿပီလားJae"

"အင္း..........ဒီေန႕ေတာ့JuဆီမွာJaeလာအိပ္မယ္ရတယ္မလား"

"ရတယ္ေလ.....ဒါေပမဲ့ငါ့ကုတင္ကနည္းနည္းေတာ့က်ဥ္းတယ္ေနာ္"

"ပိုေတာင္ေကာင္းတာေပါ့Juနဲ႕ပိုကပ္ၿပီးအိပ္လို႔ရၿပီ"

Jaehyunေျပာလိုက္သည့္စကားေၾကာင့္Juyeonခပ္ဖြဖြေလးရယ္မိပါသည္။

ညအိပ္ခ်ိန္ေရာက္ေတာ့Jaehyunကအိမ္ကိုခနအဝတ္အစားျပန္လဲကာအိမ္အကူမမကိုေျပာခဲ့ၿပီးJuyeonဆီမွာလာအိပ္ေလသည္။မဟုတ္ရင္လည္းဒဏ္ရာေတြနဲ႕Juyeonကိုသူဘယ္လိုမွစိတ္ခ်နိဳင္မည္မထင္။

"Ju....."

"ေျပာေလ....Jae"

JaehyunမွJuyeonရင္ခြင္ထဲတြင္လွဲေနၿပီးေခၚလိုက္ျခင္းျဖစ္သည္။Juyeonရဲ႕ကုတင္ဟာတစ္ေယာက္အိပ္ကုတင္ျဖစ္ေနတာမလို႔သူတို႔ႏွစ္ေယာက္ကိုအနည္းငယ္ေတာ့ပိုၿပီးနီးကပ္ေစေလသည္။Juyeonရဲ႕လက္တို႔ဟာလည္းJaehyunခါးကိုဖက္ထားသလိုJaehyunဟာလည္းထိုနည္းတူစြာပင္Juyeonကိုဖက္ထားေလသည္မလို႔ႏွစ္ေယာက္သားကႏြေးေထြးလို႔ေနၾကသည္။

"ညေနေက်ာင္းဆင္းတုန္းကJu ပုံစံကစိတ္ဆိုးသြားသလိုပဲေနာ္"

"ဟင္...မဆိုးပါဘူး"

"ဟုတ္ေနသလိုပါပဲ.....ဘာလည္းYounghoonကJaeလက္ကိုကိုင္လိုက္လို႔လား"

Juyeonခနေတာ့ၿငိမ္သက္ေနၿပီးမွ

"အင္း....ဟုတ္တယ္......ငါမ​ႀကိဳက္လို႔......Jaeကိုငါမဟုတ္တဲ့တစ္ျခားသူထိတာမႀကိဳက္လို႔"

Juyeonျပန္ေျဖလိုက္သည့္အေျဖေၾကာင့္JaehyunၿပဳံးမိကာJuyeonကိုပိုလို႔ပင္တိုးဖက္လိုက္မိေလသည္။Juyeonမွထပ္ၿပီး.....

"ဒါနဲ႕.....Jaeလက္ေဆာင္ေပးမယ္ဆိုၿပီးမေပးရေသးဘူးေနာ္"

"အာ....အဲ့တာက.....မနက္ျဖန္မွေပးေတာ့မယ္ေလ"

"အင္းပါရပါတယ္.......ဒါဆိုအိပ္ရေအာင္ညနက္ေနၿပီ"

"အင္းအင္း....."

ဒီလိုနဲ႕အခန္းငယ္ေလးတစ္ခုရဲ႕ကုတင္ေပၚမွာheaterမလိုေလာက္ေအာင္ႏြေးေထြးမႈအျပည့္နဲ႕ဖက္ထားကာအိပ္ေပ်ာ္သြားၾကပါေသာေကာင္ေလးႏွစ္ေယာက္ရွိေလသည္ေပါ့ေနာ္။

JuyeonေကာJaehyunေကာမအိပ္ခင္စဥ္းစားမိလိုက္ၾကသည္က

"သူငယ္ခ်င္းေတြကဒီလိုေနၾကလားဟင္"

ဟူေသာေမးခြန္းပင္ျဖစ္ေလသည္။
_________________________________________

Thanks for reading🌸


Bạn đang đọc truyện trên: Truyen4U.Com