Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 14

{ ညင်သာလှသောအနမ်းလေးတစ်ပွင့် }

ဒီနေ့ကကျောင်းဖွင့်ရက်ဖြစ်တာမလို့JuyeonကောJaehyunပါကျောင်းကိုထုံးစံအတိုင်းအတူတူသွားကြလေသည်။ပြီးခဲ့တဲ့ပိတ်ရက်တွေအတွင်းJuyeonကိုJaehyunကဂရုစိုက်ပေးတာမလို့ဒဏ်ရာတွေတောင်အတော်လေးသက်သာနေပြီဖြစ်သည်။

Juyeonရဲ့ပထွေးဖြစ်သူကတော့ပိတ်ရက်နှစ်ရက်လုံးလည်းအိမ်ကိုပြန်မလာခဲ့တာမလို့Jaehyunအတွက်လည်းလွတ်လွတ်လပ်လပ်ဝင်ထွက်လို့လွယ်ကူနေခြင်းဖြစ်လေသည်။

"Juစက်ဘီးစီးလို့တစ်ကယ်အဆင်ပြေပြီလားဟင်"

"အင်းပြေပါတယ်......အခုတောင်သက်သာနေပြီပဲကို"

"အင်းပါ......တစ်ကယ်တမ်းဆိုJaeကစက်ဘီးစီးသင်ထားရမှာကို"

"မသင်လည်းရတာပဲ....ငါရှိနေတယ်လေ"

"ဟုတ်တာတော့ဟုတ်ပေမဲ့လေ....အခုလိုဖြစ်တော့Juမသက်သာမှာစိုးနေတာ"

"Jaeရယ်....ငါဘယ်လောက်သန်မာလည်းJaeအသိဆုံးပဲကို...ဘာမှစိတ်မပူနဲ့တော့ကျောင်းသွားကြမယ်...မဟုတ်ရင်နောက်ကျနေမယ်"

Jaehyunလည်းခေါင်းငြိမ့်ပြလိုက်လေသည်။

Juyeonလည်းစက်ဘီးနောက်ထိုင်ခုံမှာထိုင်နေပြီးသူ့ခါးကိုဖက်ထားသည့်Jaehyunအားတင်ခေါ်လာရသည်မှာပင်ပန်းသည်ဟုပင်မထင်။တစ်ယောက်တည်းစီးရတာထက်အနောက်မှာတစ်ယောက်ယောက်.....မဟုတ်ဘူး....Jaehyunပါမှသာသူစီးတတ်လေသည်။နောက်ကျောပြင်ကနွေးထွေးမှုလေးကစက်ဘီးနင်းနေရသူကိုပင်ပန်းလို့ပင်ပန်းမှန်းတောင်မသိနိုင်လောက်သည်အထိအားဖြစ်စေသည်။

Juyeonရှေ့ခြင်းထဲမှာထည့်ထားသည့်သူ့ကျောပိုးအိတ်ထဲမှတစ်စုံတစ်ခုအားသွားသတိရမိတော့ပြုံးမိပါသည်။အနောက်ကထိုင်နေတဲ့ကောင်လေးကတော့ဘယ်သိရှာမလည်းနော်။

အမှန်ကကျောင်းမပိတ်ခင်ရက်ကတည်းကပေးရမည့်ဟာကိုကြားထဲမှာကတောက်ကဆလေးတွေရှိသွားခဲ့တော့ဒီနေ့မှသာပေးရန်ဆုံးဖြတ်လိုက်သည်။

ခါးကိုလာရောက်ဖက်ထားသည့်လက်ဖြူဖြူအုအုလေးကိုလည်းတစ်ချက်ငုံကြည့်လိုက်ရင်းပေးမည့်ပစ္စည်းလေးနှင့်ဘယ်လောက်တောင်လိုက်ဖက်လေမလည်းဆိုတာတွေးရင်းကြည်နူးရပြန်သည်။အခွင့်အရေးသာရမယ်ဆိုရင်ထိုလက်ဖြူဖြူအုအုလေးကိုတစ်ခါလောက်တော့နမ်းရှုံ့ချင်မိပါရဲ့။ရုတ်တစ်ရက်ခေါင်းထဲကိုဝင်ရောက်လာသည့်အတွေးဖြစ်သည်မလို့စိတ်ပြန်ထိန်းကာချုပ်တည်းလိုက်သည်။ဘာကြောင့်များသူဒီလိုအတွေးတွေဝင်လာပါလိမ့်။

...............

"Yah!! နင်တို့မနေ့ကဟိုသုံးယောက်ကိုတွေ့လိုက်လား"

"ဘယ်သုံးယောက်လည်း"

"ဟာ....Yuri,Younghoon,Jaehyunလေ"

"အော်....တွေ့လိုက်တယ်တွေ့လိုက်တယ်"

"အေး...သူတို့သုံးယောက်ကလေမသိရင်သူငယ်ချင်းအရင်းကြီးတွေအတိုင်းပဲနော်Jaehyunကိုငါအရင်တုန်းကသတိမထားမိခဲ့ပေမဲ့လေ....အခုလိုYounghoonတို့နဲ့မြင်ရတော့မှသတိထားမိတာ"

"အေး..ငါကောပဲဟ....ဒါနဲ့နင်ကောလဟာလတွေကြားပြီးပြီလား"

"ဘယ်ဟာလည်း"

"YuriကJaehyunကိုစိတ်ဝင်စားနေတာတဲ့"

"ဟင်....တစ်ကယ်ကြီးလား"

"အေးဟ....."

ကျောင်းခန်းထဲမှကောင်မလေးနှစ်ယောက်စကားပြောနေသည်များကိုအတန်းရဲ့နောက်ဆုံးခုံမှာထိုင်နေကာနားမထောင်ပါသော်လည်းအတိုင်းသားကြားနေရသည်မလို့Juyeonမသိမသာတော့နားစွင့်မိလေသည်။ကြားလိုက်ရသည့်စကားကြောင့်အနည်းငယ်လန့်သွားပေမဲ့ထပ်ပြောလိုက်ကြသည်က

"ပြောနေကြတာတော့​မနေ့ကသူတို့သွားတော့လေJaehyunနဲ့Yuriကရေခဲမုန့်တစ်ခုကိုတောင်အတူတူစားနေကြတာတဲ့"

"ဟယ်...တစ်ကယ်ကြီးလားဒါဆိုJaehyunကလည်းYuriကိုကြိုက်နေတာလား"

"အေးပေါ့ဟ....ဘယ်သူကတော့မ​ကြိုက်နေဘဲရေခဲမုန့်အတူတူစားမှာလည်း"

ကြားလိုက်ရသည့်စကားကြောင့်Juyeonစိတ်ထဲဒေါသပဲထွက်သလိုလိုမွန်းကြပ်လာသလိုလိုဖြစ်လာတော့သည်။ဘာကြောင့်လည်းဆိုတာသူမသိ။အတန်းထဲမှာလည်းလောလောဆယ်သူရယ်အဲ့ကောင်မလေးနှစ်ယောက်ရယ်နဲ့ကျန်တဲ့ကျောင်းသားတစ်ချို့သာရှိလေသည်။Jaehyunကတော့ဆရာမခေါ်သည့်အတွက်ခနသွားလိုက်ရခြင်းဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ်ကောလဟာလများဖြစ်နေသည်ကတစ်ကြောင်းJaehyunကိုယ်တိုင်ကလည်းသူ့ကိုမပြောပြသည်ကတစ်ကြောင်းမလို့မဖြစ်နိုင်ပါဘူးလေဟုဖြေတွေးလိုက်မိလေသည်။ဒါပေမဲ့သူ့အပေါ်ဆိုဘယ်သောအခါမျှကောင်းလေ့မရှိတဲ့ကံကြမ္မာဟာဆက်ပြီးတော့လည်းမကောင်းနေပြန်ချေ။

သိပ်မကြာလိုက်အတန်းထဲကိုပြန်ရောက်လာကြသည့်Jaehyun။တစ်ယောက်တည်းတော့မဟုတ်ချေ။ဘေးမှာYuriကပါလာပြီးJaehyunလက်မောင်းကိုတွဲချိတ်ထားလေသည်။စကားလည်းပြောကြရယ်မောရင်းနှင့်ပင်မြင်လိုက်ရသည့်မြင်ကွင်းဟာJuyeonသူ့မျက်လုံးသူပင်ဖောက်ထုတ်လိုက်ချင်သည်အထိကိုဖြစ်လွန်းပါသည်။

Younghoonတောင်ခနလေးထိတာမကြိုက်တာအခုလိုမျိုးတစ်ခြားမိန်းကလေးတစ်ယောက်ကလက်မောင်းကိုတွဲချိတ်ထားတော့Juyeonပိုလို့ပင်ဆိုးပါတော့သည်။ဘာကြောင့်ရယ်လို့လည်းအကြောင်းပြချက်ရေရေရာရာမရှိပါဘဲနဲ့သူမဟုတ်တဲ့တစ်ခြားသူကJaehyunကိုထိတာမ​ကြိုက်ချေ။ဒါပေမဲ့အဲ့လိုတွေးရအောင်Jaehyunကသူပိုင်တာမှမဟုတ်တာလေ။

Jaehyunလည်းဝင်လာသည်နှင့်မျက်နှာအနည်းငယ်ပျက်ချင်နေသောJuyeonကြောင့်စိုးရိမ်တစ်ကြီးနှင့်ဘေးကိုအမြန်ဝင်ထိုင်လိုက်လေသည်။

"Ju....ဘာဖြစ်လို့လည်းဟင်....နေလို့မကောင်းလို့လား....ဘယ်နေရာနာနေသေးလို့လည်း"

"မဟုတ်ပါဘူး....ငါနေလို့ကောင်းပါတယ်ဘာမှမဖြစ်ဘူး"

"အော်အင်းပါ....တစ်ခုခုဖြစ်ရင်လည်းပြောဦးနော်"

"အင်း"

Juyeonခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။မဟုတ်ပါစေနဲ့။JaehyunကYuriကိုကြိုက်နေတာမဟုတ်ပါစေနဲ့။Juyeonစိတ်ထဲမှာထိုအရာတစ်ခုတည်းကိုပင်တွေးနေမိပါသည်။
..............

ဒီလိုနဲ့နောက်အတန်းချိန်တွေရောက်တော့ဆရာမကလွတ်လပ်ခွင့်ပေးထား၍တစ်ခန်းလုံးဂိမ်းဆော့ကြလေသည်။ဆော့သည့်ဂိမ်းမှာလည်းအမှန်ဖြေရမည့်ဂိမ်းဖြစ်တာမလို့အားလုံးကစိတ်ပါဝင်စားစွာနဲ့ဆော့နေကြလေသည်။မဲနှိုက်လို့ကျသည့်သူကအတန်းရဲ့ရှေ့ကျောက်သင်ပုန်းနားမှာထွက်ပြီးမေးသည့်မေးခွန်းကိုဖြေရမှာဖြစ်ပါတယ်။

"ကဲ......ဒီတစ်ခေါက်မဲကျတဲ့သူကတော့...........Seo Han Ji ငါတို့ရဲ့အတန်းခေါင်းဆောင်ကြီးဖြစ်ပါတယ်"

ကျောင်းသားအားလုံးကအတန်းခေါင်းဆောင်ကိုမေးခွန်းမေးပြီးသွားတော့နောက်တစ်ခေါက်မဲထပ်နှိုက်ကြလေသည်။ဒီတစ်ခေါက်မဲကျသွားသည့်သူကတော့အခြားသူမဟုတ်။

"ငါတို့အတန်းရဲ့အငြိမ်ဆုံးလေးJaehyunပါ"

Jaehyunလည်းထိုင်နေရာမှထလိုက်ပြီးအတန်းရှေ့ရပ်လိုက်တော့ကျောင်းသားတစ်ယောက်မှ

"မင်းဆီမှာကြိုက်နေတဲ့သူရှိလား"

"အေး...ဟုတ်တယ်ငါလည်းဒါမေးချင်နေတာ"

ဤမေးခွန်းအားကျန်တဲ့သူတွေမေးတုန်းကနည်းနည်းလေးတောင်စိတ်ဝင်စားမှုမရှိခဲ့သည့်JuyeonကJaehyunကိုမေးခံရတော့သူလည်းနားစွင့်မိလေသည်။

"ငါ့မှာ..........ကြိုက်နေတဲ့သူ...........ရှိတယ်"

"ဝိုးးးးးးးးးးး"

တစ်တန်းလုံးမှထအော်ကြလေသည်။Jaehyunပြောလိုက်သည့်စကားကြောင့်Juyeon
မျက်နှာလေးညိုးကျသွားလေသည်မလို့တစ်ဖက်ကိုလွှဲထားလိုက်မိလေသည်။

"ဟျောင့်.....Jaehyunမင်းမျက်လုံးကဘာလို့Yuriဆီရောက်နေတာလည်း အမယ်.....မဟုတ်မှလွဲရော.....မင်းကြိုက်နေတာYuriများလား"

"ဟမ်"

ကျောင်းသားတစ်ယောက်မှပြောလိုက်သည့်စကားကြောင့်Juyeonတစ်ချက်Jaehyunမျက်နှာကိုလှမ်းကြည့်မိလိုက်လေသည်။အနည်းငယ်ရှက်နေပုံရပေမဲ့ပျော်ရွင်နေပုံပေါက်တာကြောင့်Juyeonမျက်ရည်မကျမိအောင်ထိန်းရင်းတစ်ဖက်ကိုလွှဲလိုက်မိပြန်သည်။
စားပွဲခုံစောင်းအောက်မှာထည့်ထားသည့်ဘူးလေးကိုလည်းကြည့်ကာနောင်တရနေမိပြန်သည်။

"နောက်တစ်ယောက်မဲပေါက်တဲ့သူကတော့..........Yuriဖြစ်ပါတယ်"

"နေဦး....Yuriကိုငါမေးမယ်"

ဆိုကာကျောင်းသူလေးတစ်ယောက်မှပြောတော့Yuriကလည်းဖြေရန်ပြင်လိုက်လေသည်။

"Yuri!!! နင့်မှာကြိုက်နေတဲ့သူရှိတယ်မလား အဲ့သူကလည်းJaehyunဟုတ်တယ်မလား!!!!"

"Yah!!!! မေးခွန်းကတိုက်ရိုက်ကြီး"

နောက်တစ်ယောက်မှပြောလာတော့စောနကမေးခဲ့သည့်ကောင်မလေးမှပဲ

"ဟုတ်တယ်မလား....Yuri နင်Jaehyunကိုကြိုက်နေတာမလား"

Yuriပြုံးပြုံးလေးနှင့်Jaehyunမျက်နှာကိုတစ်ချက်ကြည့်ကာ

"အင်း....ဟုတ်တယ်"

"အိုးးးးးးးးးးးးးးးး"

ထိုအခါနောက်ကျောင်းသားတစ်ယောက်မှ

"ဟျောင့်....Jaehyunသွား....ကောင်မလေးဘက်ကတောင်စပြောနေပြီလေ မင်းတွဲခွင့်သွားပြောတော့သွား"

ဆိုကာJaehyunကိုYuriနားအတင်းပို့ကြလေသည်။မျက်ရည်လေးစမ်းစမ်းနဲ့ထိုင်နေသည့်Juyeonမှာတော့ဒီထက်ဆက်ပြီးလည်းမကြည့်ချင်မကြားချင်တော့တာမလို့တစ်ခန်းလုံးကနှစ်ယောက်သားအတွက်တွန်းပို့ပေးနေကြတဲ့အချိန်မှာတစ်ယောက်တည်းခုံကနေဝုန်းခနဲထလိုက်တော့အားလုံးရဲ့အကြည့်တွေကသူ့ဆီရောက်သွားကာတိတ်ဆိတ်သွားကြလေသည်။

Juyeonကတော့ဘာစကားမှလည်းမပြောဘဲခုံစောင်းထဲမှဘူးလေးကိုယူကာအခန်းထဲမှထွက်သွားလေသည်။Jaehyunမျက်နှာကိုတစ်ချက်တောင်လှည့်မကြည့်ဘဲနဲ့ပေါ့။Jaehyunကတော့Juyeonတစ်ခုခုဖြစ်နေပြီဆိုတာသိလိုက်ပါပြီ။

"အမ်....အဲ့တစ်ယောက်ဘာဖြစ်သွားတာလည်း"

"ငါလည်းမပြောတတ်ဘူး......သူ့ကြည့်ရတာစိတ်မမှန်ဘူးထင်ပါတယ်...ထားလိုက်ခုကပိုအရေးကြတယ်"

"Jaehyunကြိုက်နေတယ်ဆိုတာလည်းYuriကိုမလား"

ကောင်မလေးတစ်ယောက်မှပြောလာတော့Jaehyunမှ

"ဟိုလေ......ငါအားနာပေမဲ့.......ငါကြိုက်နေတယ်ဆိုတာYuriကိုမဟုတ်ဘူး...တစ်ခြားတစ်ယောက်ကို"

Jaehyunဖြေလိုက်သည့်အဖြေကြောင့်အခန်းထဲရှိလူအကုန်လုံးYuriအပါအဝင်ကြောင်သွားကြလေသည်။ပြီးတော့Jaehyunမှထပ်ပြီး

"ပြီးတော့Juyeonကစိတ်မမှန်တာမဟုတ်ဘူး...သူနေမကောင်းဖြစ်နေလို့အဲ့လိုဖြစ်တာပါ....အဲ့တာကြောင့်ငါသူ့နောက်ခနလိုက်သွားလိုက်ဦးမယ်....မင်းတို့တွေဆက်ဆော့နေကြနော်"

ဆိုကာJuyeonနောက်ပြေးလိုက်သွားလိုက်သည်မှာဘယ်သူမှတားချိန်တောင်မရလိုက်။
..............

"Ju.....နေဦး!!!!!"

Jaehyunမနည်းပြေးလိုက်လာရသည်မလို့Juyeonကိုမှီလာပေမဲ့ဟိုကဖြင့်တစ်ချက်လေးမှတောင်လှည့်မကြည့်ဘဲသွားနေသည်မှာအားကစားရုံထဲတောင်ရောက်လာလေသည်။

"Ju...နေပါဦးလို့....Jaeခေါ်နေတယ်လေ!!!"

မှီလာတော့Juyeonလက်ကိုဆွဲကာပြောလိုက်သည်မလို့ရပ်တော့ရပ်သွားပါသည်။

"Juရယ်....ဘာလို့အတင်းထွက်ပြေးနေရတာလည်းဒီမှာလိုက်ရတာမောတယ်လေ"

"Jaeကိုလည်းမလိုက်လာခိုင်းပါဘူး.....သွားသူတို့နဲ့ပဲသွားဆော့နေ"

Juyeonလေသံဟာအနည်းငယ်စိတ်တိုနေပုံပေါက်တာမလို့

"Jaeကိုစိတ်ဆိုးနေတာလား"

"မဟုတ်ပါဘူး!!! ငါကဘာလို့စိတ်ဆိုးရမှာလည်း"

"Juစိတ်ဆိုးနေတာမှန်ပါတယ်......ဘာလို့လည်းစောနကကိစ္စကြောင့်လား"

JaehyunမှJuyeonမျက်လုံးကိုသေချာစွာကြည့်ပြီးမေးတော့Juyeonကအကြည့်လွှဲလိုက်လေသည်။ဒါကိုJaehyunကလည်းသိတော့ပြုံးရင်း

"Juကသဝန်တိုနေတာလား"

ဟုမေးလာတော့Juyeonကမျက်မှောင်ကြီးကြုတ်ပြီးပြန်ကြည့်ကာ

"Jae......အဲ့Yuriဆိုတဲ့တစ်ယောက်ကိုကြိုက်နေတာမလား"

"မဟုတ်ရပါဘူး......."

"တစ်ကယ်လား"

"အင်း.....တစ်ခန်းလုံးကသာသဘောတူနေကြတာJaeကYuriကိုစိတ်တောင်မဝင်စားဘူး"

Jaehyunပြောသည့်အဖြေကြောင့်Juyeonရင်ထဲကအပူလုံးကြီးကျသွားပေမဲ့

"ဒါဆို....ကြိုက်နေတဲ့သူရှိတယ်ဆိုတာကရောဘယ်သူလည်း"

"အယ်......အဲ့တာက......Juသိတယ်ဘယ်သူလည်းဆိုတာ"

"ဟမ်.....ဘယ်သူလည်းYounghoonလား"

"ဟာ...ပေါက်ပေါက်ရှာရှာသူ့ကိုကြိုက်စရာလား"

"ဒါဆိုဘယ်သူ........."

"Juသိလာပါလိမ့်မယ်....ဒါနဲ့လက်ထဲကဘူးလေးကဘာလေးလည်း"

Jaehyunမှစကားလမ်းကြောင်းပြောင်းကာမေးလာတော့JuyeonကJaehyunလက်ကိုပြန်ဆွဲရင်း

"ဒီမှာအရင်ထိုင်ရအောင်"

ဆိုကာဘေးနားမှာရှိတဲ့ခုံတန်းလေးပေါ်ထိုင်လိုက်လေသည်။

"ရော့....ဖွင့်ကြည့်"

Juyeonမှကမ်းပေးလာတော့Jaehyunလည်းဘူးလေးကိုယူကာဖွင့်ကြည့်လိုက်လေသည်။

"ဟယ်....လှလိုက်တာရော်.....ဖန်စီလက်ကောက်လေး"

ဘူးလေးကိုဖွင့်ပြီးပြီးချင်းမြင်လိုက်ရသည့်ဖန်စီလက်ကောက်လေးကြောင့်ပြုံးပျော်သွားသည့်Jaehyunမျက်နှာလေးအားကြည့်ပြီးJuyeonပီတိဖြစ်ရပါသည်။

"Jaeအတွက်လေ......ငါကိုယ်တိုင်ရွေးထားတာ"

"အော်.....ဒါစျေးတော့နည်းမဲ့ပုံမပေါ်ဘူး...ဘာလို့ပေးတာလည်းဟင်"

ငယ်ငယ်လေးကတည်းကJuyeonကိုအပိုဝင်ငွေကုန်မှာစိုးရိမ်တတ်သည့်Jaehyunဖြစ်တာမလို့အခုလည်းစိုးရိမ်ကာမေးခြင်းဖြစ်လေသည်။Juyeonကပြန်ရယ်ပြရင်း

"အများကြီးမကုန်ပါဘူး.....Jaeကိုဒိအတိုင်းငါဝယ်ပေးထားတာလေးဝတ်ထားစေချင်လို့"

"ဒါဆို...ကိုယ်တိုင်ဝတ်ပေး"

ဆိုကာသူ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ်နေရာလေးအားJuyeonရှေ့ထိုးပေးလာသည်။နို့နှစ်ရောင်လေးလိုဖြူဖွေးနုအုပြီးသွယ်သွယ်လေးဖြစ်နေတဲ့Jaehyunရဲ့လက်ကောက်ဝတ်လေးမှာစေတနာမေတ္တာတို့ဖြင့်ဝယ်ပေးထားသောဖန်စီလက်ကောက်လေးက်ုတန်ဆာဆင်လိုက်တော့ပိုလို့ပင်ပြီးပြည့်စုံသွားခဲ့ပါတော့သည်။

သိပ်ကိုလိုက်ဖက်လွန်းပါသောလက်ဖြူဖြူအုအုလေးပေါ်မှာတည်ရှိနေသည့်ဖန်စီလက်ကောက်လေး။

Juyeonလည်းဝတ်ပေးပြီးသွားတော့ပါးစပ်မှမထိန်းနိုင်ဘဲ

"လှတယ်......"

ဟုထွက်သွားမိတော့Jaehyunမျက်နှာလေးဟာပန်းရောင်လေးသမ်းလာတော့သည်။

"အင်း....Juဝယ်ပေးထားတာမလို့တန်ဖိုးထားပါ့မယ်"

Juyeonကလည်းခေါင်ငြိမ့်ပြလိုက်လေသည်။

"အော်...ဒါနဲ့လေJu.....ရောက်လာလက်စနဲ့ဘက်စကတ်ဘောတစ်ခါလောက်သွင်းပြပါလား....Juဆော့တာကြည့်ချင်လို့"

"အင်းပါ"

Juyeonလည်းဂိုးဝင်အောင်သွင်းပြလိုက်တော့Jaehyunမှလက်ခုပ်တီးကာချီးကျူးလေသည်။

"Jaeလည်းတစ်ခါလောက်ဝင်အောင်ပစ်ကြည့်ပါလား"

"ဟာ....Jaeမှမဆော့တတ်တာ"

"ငါချီပေးမှာပေါ့"

ဟုJuyeonမှပြောလာတော့Jaehyunကခနနေပြီးမှထလာလေသည်။ပြီးတော့ဘောလုံးလေးကိုင်ကာJuyeonရှေ့မှာရပ်လိုက်တော့Juyeonကအလိုက်တစ်သိနဲ့Jaehyunခြေသလုံးလေးကနေမပေးလေသည်။ဒီလိုမျိုးသူတို့ငယ်ငယ်တုန်းကလည်းကစားဖူးခဲ့ကြလေသည်။

Juyeonလည်းချီပေးလိုက်တော့ဝင်အောင်ပစ်နိုင်သွားလေသည်မလို့Jaehyunက

"တွေ့လား....Jaeဝင်အောင်ပစ်နိုင်သွားတာ"

"အင်း........"

ဆိုကာJaehyunမှမျက်နှာအားJuyeonဘက်ကိုလှည့်လိုက်တော့နှစ်ယောက်သားမျက်လုံးချင်းဆုံမိသွားကြလေသည်။ပုံမှန်အနေအထားကနေကြည့်ရင်တောင်ပြီးပြည့်စုံနေသည့်မျက်နှာလေးဟာအခုလိုအနီးကပ်တွေ့လိုက်ရသည့်အခါမှာတော့Juyeonနှလုံးသားတစ်ခုလုံးကိုကြီးမားသည့်လှိုင်းလုံးကြီးရိုက်ခတ်သွားသည့်နှယ်ဖြစ်သည့်တိုင်အောင်သူမှင်သက်စွာငေးကြည့်နေမိလေသည်။

သူသိပ်ကိုမြတ်နိုးရပါသည်။တန်ဖိုးထားရပါသည်။Lee Jaehyunဆိုတဲ့လူသားလေးဟာသူ့အတွက်တော့ဘာနဲ့မှတန်ဖိုးဖြတ်လို့မရအောင်ကိုတန်ဖိုးကြီးမားလွန်းလှပါသည်။သူမှင်သက်စွာငေးကြည့်နေတုန်းမှာပဲသူ့ဂုတ်ပေါ်ရောက်နေတဲ့Jaehyunရဲ့လက်တို့ဟာပိုမိုတင်းကြပ်စွာဖက်လာသည်ကိုခံစားမိတော့Jaehyunကိုယ်လုံးလေးအားမပြုတ်ကျအောင်ထိန်းရင်းပိုတိုးကာဖက်လိုက်မိလေသည်။

ဘယ်ဘက်ရင်အုံထဲမှအကောင်ပေါက်ဟာလည်းလုံးဝကိုအငြိမ်မနေတော့။တစ်ဒုတ်ဒုတ်နဲ့ခုန်နေသည်မှာအပြင်တောင်ပေါက်ထွက်တော့မတတ်။

Juyeonပဲလားဆိုတော့လည်းမဟုတ်။Jaehyunတစ်ယောက်မှာလည်းအနီးကပ်ဆုံးဖြစ်နေသည့်သူကြောင့်ရင်ခုန်သံတို့ဟယအတိုင်းဆမရှိကိုမြန်နေလေသည်။ပခုံးပေါ်တင်ထားသည့်သူ့လက်များနှင့်လည်းပိုမြဲအောင်ဖက်မိတော့သူ့ကိုပါပြန်လည်ထိန်းဖက်လာသည့်Juyeon။

နှစ်ယောက်လုံးရုပ်ရှင်များထဲကလိုတစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ကာအကြည့်ချင်းဆုံရင်းနေနေကြသည်မှာကိုယ်ကိုတိုင်ပင်သတိမထားမိနိုင်လောက်အောင်မှင်သက်နေပါသည်။

တစ်ထပ်တည်းတူညီနေသည့်ခံစားချက်တို့နဲ့အတူအကြည့်များဟာလည်းအသက်ဝင်အဓိပ္ပါယ်ရှိလှသည်။မျက်လုံးချင်းစကားပြောသည်ဆိုတာဒါမျိုးကိုပြောတာထင်ပါရဲ့။

အားကစားရုံတစ်ခုလုံးမှာလည်းသူတို့နှစ်ယောက်ကလွဲ၍မည်သူမျှမရှိတာကြောင့်Jaehyunလေးအတွက်သူ့လက်ဆောင်ပေးဖို့အချိန်ကိုကျရောက်လာလေသည်ဟုတွေးမိလိုက်သည်။

ဒါကြောင့်စိတ်ကိုတင်းကာမျက်လုံးလေးအသာမှိတ်ရင်း....ခေါင်းလေးကိုလည်းအနည်းငယ်စောင်းကာငုံ့ရင်း....Juyeonရဲ့ပါးပြင်ထက်ကိုသူ့ရဲ့နှုတ်ခမ်းပါးလေးနဲ့ညင်သာလှသောအနမ်းလေးတစ်ပွင့်အားခြွေချလိုက်ပါတော့သည်။

အနမ်းခံလိုက်ရသည့်Juyeonမှာတော့ရုတ်တစ်ရက်ဆန်သွားသည်မလို့ခန္ဓာကိုယ်တစ်ခုလုံးအားရေခဲရိုက်ထားသလိုပင်အေးစက်တောင့်တင်းသွားပြီးရင်ဘတ်ထဲအားလိပ်ပြာအကောင်တစ်သန်းလောက်ရောက်လာသလိုလိုပင်ဖြစ်တော့လေသည်။

Jaehyunကတော့နမ်းပြီးသူမဟုတ်သည့်အတိုင်းJuyeonပေါ်မှအသာလေးဆင်းကာမျက်နှာလေးလည်းပန်းရောင်သမ်းလို့ရှက်နေပါသည်။

"Jae..........ဘာလို့..........နမ်းတာလည်း"

"ဟိုတစ်ခါပြောထားတဲ့လက်ဆောင်ဆိုတာလေ"

ဆိုပြီးလှည့်ပြေးသွားပါတော့သည်။ကျန်ခဲ့သည့်Juyeonမှာတော့ပြုံးပြုံးကြီးကိုဖြစ်လို့နေသည်မှာသူ့ကိုယ်သူတောင်မသိလိုက်။

ဒီလောက်ဆို....သူလောဘတက်ခွင့်ရှိတယ်မလား........Jaehyunလေးရဲ့သူငယ်ချင်းအဆင့်ကနေနောက်တစ်ဆင့်ကိုလောဘတက်ခွင့်ရှိသွားပြီမလားဟင်။
_________________________________________

Thanks for reading🌸

Zawgyi

{ ညင္သာလွေသာအနမ္းေလးတစ္ပြင့္ }

ဒီေန႕ကေက်ာင္းဖြင့္ရက္ျဖစ္တာမလို႔JuyeonေကာJaehyunပါေက်ာင္းကိုထုံးစံအတိုင္းအတူတူသြားၾကေလသည္။ၿပီးခဲ့တဲ့ပိတ္ရက္ေတြအတြင္းJuyeonကိုJaehyunကဂ႐ုစိုက္ေပးတာမလို႔ဒဏ္ရာေတြေတာင္အေတာ္ေလးသက္သာေနၿပီျဖစ္သည္။

Juyeonရဲ႕ပေထြးျဖစ္သူကေတာ့ပိတ္ရက္ႏွစ္ရက္လုံးလည္းအိမ္ကိုျပန္မလာခဲ့တာမလို႔Jaehyunအတြက္လည္းလြတ္လြတ္လပ္လပ္ဝင္ထြက္လို႔လြယ္ကူေနျခင္းျဖစ္ေလသည္။

"Juစက္ဘီးစီးလို႔တစ္ကယ္အဆင္ေျပၿပီလားဟင္"

"အင္းေျပပါတယ္......အခုေတာင္သက္သာေနၿပီပဲကို"

"အင္းပါ......တစ္ကယ္တမ္းဆိုJaeကစက္ဘီးစီးသင္ထားရမွာကို"

"မသင္လည္းရတာပဲ....ငါရွိေနတယ္ေလ"

"ဟုတ္တာေတာ့ဟုတ္ေပမဲ့ေလ....အခုလိုျဖစ္ေတာ့Juမသက္သာမွာစိုးေနတာ"

"Jaeရယ္....ငါဘယ္ေလာက္သန္မာလည္းJaeအသိဆုံးပဲကို...ဘာမွစိတ္မပူနဲ႕ေတာ့ေက်ာင္းသြားၾကမယ္...မဟုတ္ရင္ေနာက္က်ေနမယ္"

Jaehyunလည္းေခါင္းၿငိမ့္ျပလိုက္ေလသည္။

Juyeonလည္းစက္ဘီးေနာက္ထိုင္ခုံမွာထိုင္ေနၿပီးသူ႕ခါးကိုဖက္ထားသည့္Jaehyunအားတင္ေခၚလာရသည္မွာပင္ပန္းသည္ဟုပင္မထင္။တစ္ေယာက္တည္းစီးရတာထက္အေနာက္မွာတစ္ေယာက္ေယာက္.....မဟုတ္ဘူး....Jaehyunပါမွသာသူစီးတတ္ေလသည္။ေနာက္ေက်ာျပင္ကႏြေးေထြးမႈေလးကစက္ဘီးနင္းေနရသူကိုပင္ပန္းလို႔ပင္ပန္းမွန္းေတာင္မသိနိုင္ေလာက္သည္အထိအားျဖစ္ေစသည္။

Juyeonေရွ႕ျခင္းထဲမွာထည့္ထားသည့္သူ႕ေက်ာပိုးအိတ္ထဲမွတစ္စုံတစ္ခုအားသြားသတိရမိေတာ့ၿပဳံးမိပါသည္။အေနာက္ကထိုင္ေနတဲ့ေကာင္ေလးကေတာ့ဘယ္သိရွာမလည္းေနာ္။

အမွန္ကေက်ာင္းမပိတ္ခင္ရက္ကတည္းကေပးရမည့္ဟာကိုၾကားထဲမွာကေတာက္ကဆေလးေတြရွိသြားခဲ့ေတာ့ဒီေန႕မွသာေပးရန္ဆုံးျဖတ္လိုက္သည္။

ခါးကိုလာေရာက္ဖက္ထားသည့္လက္ျဖဴျဖဴအုအုေလးကိုလည္းတစ္ခ်က္ငုံၾကည့္လိုက္ရင္းေပးမည့္ပစၥည္းေလးႏွင့္ဘယ္ေလာက္ေတာင္လိုက္ဖက္ေလမလည္းဆိုတာေတြးရင္းၾကည္ႏူးရျပန္သည္။အခြင့္အေရးသာရမယ္ဆိုရင္ထိုလက္ျဖဴျဖဴအုအုေလးကိုတစ္ခါေလာက္ေတာ့နမ္းရႈံ႕ခ်င္မိပါရဲ႕။႐ုတ္တစ္ရက္ေခါင္းထဲကိုဝင္ေရာက္လာသည့္အေတြးျဖစ္သည္မလို႔စိတ္ျပန္ထိန္းကာခ်ဳပ္တည္းလိုက္သည္။ဘာေၾကာင့္မ်ားသူဒီလိုအေတြးေတြဝင္လာပါလိမ့္။

...............

"Yah!! နင္တို႔မေန႕ကဟိုသုံးေယာက္ကိုေတြ႕လိုက္လား"

"ဘယ္သုံးေယာက္လည္း"

"ဟာ....Yuri,Younghoon,Jaehyunေလ"

"ေအာ္....ေတြ႕လိုက္တယ္ေတြ႕လိုက္တယ္"

"ေအး...သူတို႔သုံးေယာက္ကေလမသိရင္သူငယ္ခ်င္းအရင္းႀကီးေတြအတိုင္းပဲေနာ္Jaehyunကိုငါအရင္တုန္းကသတိမထားမိခဲ့ေပမဲ့ေလ....အခုလိုYounghoonတို႔နဲ႕ျမင္ရေတာ့မွသတိထားမိတာ"

"ေအး..ငါေကာပဲဟ....ဒါနဲ႕နင္ေကာလဟာလေတြၾကားၿပီးၿပီလား"

"ဘယ္ဟာလည္း"

"YuriကJaehyunကိုစိတ္ဝင္စားေနတာတဲ့"

"ဟင္....တစ္ကယ္ႀကီးလား"

"ေအးဟ....."

ေက်ာင္းခန္းထဲမွေကာင္မေလးႏွစ္ေယာက္စကားေျပာေနသည္မ်ားကိုအတန္းရဲ႕ေနာက္ဆုံးခုံမွာထိုင္ေနကာနားမေထာင္ပါေသာ္လည္းအတိုင္းသားၾကားေနရသည္မလို႔Juyeonမသိမသာေတာ့နားစြင့္မိေလသည္။ၾကားလိုက္ရသည့္စကားေၾကာင့္အနည္းငယ္လန့္သြားေပမဲ့ထပ္ေျပာလိုက္ၾကသည္က

"ေျပာေနၾကတာေတာ့​မေန႕ကသူတို႔သြားေတာ့ေလJaehyunနဲ႕Yuriကေရခဲမုန့္တစ္ခုကိုေတာင္အတူတူစားေနၾကတာတဲ့"

"ဟယ္...တစ္ကယ္ႀကီးလားဒါဆိုJaehyunကလည္းYuriကိုႀကိဳက္ေနတာလား"

"ေအးေပါ့ဟ....ဘယ္သူကေတာ့မ​ႀကိဳက္ေနဘဲေရခဲမုန့္အတူတူစားမွာလည္း"

ၾကားလိုက္ရသည့္စကားေၾကာင့္Juyeonစိတ္ထဲေဒါသပဲထြက္သလိုလိုမြန္းၾကပ္လာသလိုလိုျဖစ္လာေတာ့သည္။ဘာေၾကာင့္လည္းဆိုတာသူမသိ။အတန္းထဲမွာလည္းေလာေလာဆယ္သူရယ္အဲ့ေကာင္မေလးႏွစ္ေယာက္ရယ္နဲ႕က်န္တဲ့ေက်ာင္းသားတစ္ခ်ိဳ႕သာရွိေလသည္။Jaehyunကေတာ့ဆရာမေခၚသည့္အတြက္ခနသြားလိုက္ရျခင္းျဖစ္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ေကာလဟာလမ်ားျဖစ္ေနသည္ကတစ္ေၾကာင္းJaehyunကိုယ္တိုင္ကလည္းသူ႕ကိုမေျပာျပသည္ကတစ္ေၾကာင္းမလို႔မျဖစ္နိုင္ပါဘူးေလဟုေျဖေတြးလိုက္မိေလသည္။ဒါေပမဲ့သူ႕အေပၚဆိုဘယ္ေသာအခါမွ်ေကာင္းေလ့မရွိတဲ့ကံၾကမၼာဟာဆက္ၿပီးေတာ့လည္းမေကာင္းေနျပန္ေခ်။

သိပ္မၾကာလိုက္အတန္းထဲကိုျပန္ေရာက္လာၾကသည့္Jaehyun။တစ္ေယာက္တည္းေတာ့မဟုတ္ေခ်။ေဘးမွာYuriကပါလာၿပီးJaehyunလက္ေမာင္းကိုတြဲခ်ိတ္ထားေလသည္။စကားလည္းေျပာၾကရယ္ေမာရင္းႏွင့္ပင္ျမင္လိုက္ရသည့္ျမင္ကြင္းဟာJuyeonသူ႕မ်က္လုံးသူပင္ေဖာက္ထုတ္လိုက္ခ်င္သည္အထိကိုျဖစ္လြန္းပါသည္။

Younghoonေတာင္ခနေလးထိတာမႀကိဳက္တာအခုလိုမ်ိဳးတစ္ျခားမိန္းကေလးတစ္ေယာက္ကလက္ေမာင္းကိုတြဲခ်ိတ္ထားေတာ့Juyeonပိုလို႔ပင္ဆိုးပါေတာ့သည္။ဘာေၾကာင့္ရယ္လို႔လည္းအေၾကာင္းျပခ်က္ေရေရရာရာမရွိပါဘဲနဲ႕သူမဟုတ္တဲ့တစ္ျခားသူကJaehyunကိုထိတာမ​ႀကိဳက္ေခ်။ဒါေပမဲ့အဲ့လိုေတြးရေအာင္Jaehyunကသူပိုင္တာမွမဟုတ္တာေလ။

Jaehyunလည္းဝင္လာသည္ႏွင့္မ်က္ႏွာအနည္းငယ္ပ်က္ခ်င္ေနေသာJuyeonေၾကာင့္စိုးရိမ္တစ္ႀကီးႏွင့္ေဘးကိုအျမန္ဝင္ထိုင္လိုက္ေလသည္။

"Ju....ဘာျဖစ္လို႔လည္းဟင္....ေနလို႔မေကာင္းလို႔လား....ဘယ္ေနရာနာေနေသးလို႔လည္း"

"မဟုတ္ပါဘူး....ငါေနလို႔ေကာင္းပါတယ္ဘာမွမျဖစ္ဘူး"

"ေအာ္အင္းပါ....တစ္ခုခုျဖစ္ရင္လည္းေျပာဦးေနာ္"

"အင္း"

Juyeonေခါင္းၿငိမ့္ကာျပန္ေျဖလိုက္သည္။မဟုတ္ပါေစနဲ႕။JaehyunကYuriကိုႀကိဳက္ေနတာမဟုတ္ပါေစနဲ႕။Juyeonစိတ္ထဲမွာထိုအရာတစ္ခုတည္းကိုပင္ေတြးေနမိပါသည္။
..............

ဒီလိုနဲ႕ေနာက္အတန္းခ်ိန္ေတြေရာက္ေတာ့ဆရာမကလြတ္လပ္ခြင့္ေပးထား၍တစ္ခန္းလုံးဂိမ္းေဆာ့ၾကေလသည္။ေဆာ့သည့္ဂိမ္းမွာလည္းအမွန္ေျဖရမည့္ဂိမ္းျဖစ္တာမလို႔အားလုံးကစိတ္ပါဝင္စားစြာနဲ႕ေဆာ့ေနၾကေလသည္။မဲႏွိုက္လို႔က်သည့္သူကအတန္းရဲ႕ေရွ႕ေက်ာက္သင္ပုန္းနားမွာထြက္ၿပီးေမးသည့္ေမးခြန္းကိုေျဖရမွာျဖစ္ပါတယ္။

"ကဲ......ဒီတစ္ေခါက္မဲက်တဲ့သူကေတာ့...........Seo Han Ji ငါတို႔ရဲ႕အတန္းေခါင္းေဆာင္ႀကီးျဖစ္ပါတယ္"

ေက်ာင္းသားအားလုံးကအတန္းေခါင္းေဆာင္ကိုေမးခြန္းေမးၿပီးသြားေတာ့ေနာက္တစ္ေခါက္မဲထပ္ႏွိုက္ၾကေလသည္။ဒီတစ္ေခါက္မဲက်သြားသည့္သူကေတာ့အျခားသူမဟုတ္။

"ငါတို႔အတန္းရဲ႕အၿငိမ္ဆုံးေလးJaehyunပါ"

Jaehyunလည္းထိုင္ေနရာမွထလိုက္ၿပီးအတန္းေရွ႕ရပ္လိုက္ေတာ့ေက်ာင္းသားတစ္ေယာက္မွ

"မင္းဆီမွာႀကိဳက္ေနတဲ့သူရွိလား"

"ေအး...ဟုတ္တယ္ငါလည္းဒါေမးခ်င္ေနတာ"

ဤေမးခြန္းအားက်န္တဲ့သူေတြေမးတုန္းကနည္းနည္းေလးေတာင္စိတ္ဝင္စားမႈမရွိခဲ့သည့္JuyeonကJaehyunကိုေမးခံရေတာ့သူလည္းနားစြင့္မိေလသည္။

"ငါ့မွာ..........ႀကိဳက္ေနတဲ့သူ...........ရွိတယ္"

"ဝိုးးးးးးးးးးး"

တစ္တန္းလုံးမွထေအာ္ၾကေလသည္။Jaehyunေျပာလိုက္သည့္စကားေၾကာင့္Juyeon
မ်က္ႏွာေလးညိုးက်သြားေလသည္မလို႔တစ္ဖက္ကိုလႊဲထားလိုက္မိေလသည္။

"ေဟ်ာင့္.....Jaehyunမင္းမ်က္လုံးကဘာလို႔Yuriဆီေရာက္ေနတာလည္း အမယ္.....မဟုတ္မွလြဲေရာ.....မင္းႀကိဳက္ေနတာYuriမ်ားလား"

"ဟမ္"

ေက်ာင္းသားတစ္ေယာက္မွေျပာလိုက္သည့္စကားေၾကာင့္Juyeonတစ္ခ်က္Jaehyunမ်က္ႏွာကိုလွမ္းၾကည့္မိလိုက္ေလသည္။အနည္းငယ္ရွက္ေနပုံရေပမဲ့ေပ်ာ္႐ြင္ေနပုံေပါက္တာေၾကာင့္Juyeonမ်က္ရည္မက်မိေအာင္ထိန္းရင္းတစ္ဖက္ကိုလႊဲလိုက္မိျပန္သည္။
စားပြဲခုံေစာင္းေအာက္မွာထည့္ထားသည့္ဘူးေလးကိုလည္းၾကည့္ကာေနာင္တရေနမိျပန္သည္။

"ေနာက္တစ္ေယာက္မဲေပါက္တဲ့သူကေတာ့..........Yuriျဖစ္ပါတယ္"

"ေနဦး....Yuriကိုငါေမးမယ္"

ဆိုကာေက်ာင္းသူေလးတစ္ေယာက္မွေျပာေတာ့Yuriကလည္းေျဖရန္ျပင္လိုက္ေလသည္။

"Yuri!!! နင့္မွာႀကိဳက္ေနတဲ့သူရွိတယ္မလား အဲ့သူကလည္းJaehyunဟုတ္တယ္မလား!!!!"

"Yah!!!! ေမးခြန္းကတိုက္ရိုက္ႀကီး"

ေနာက္တစ္ေယာက္မွေျပာလာေတာ့ေစာနကေမးခဲ့သည့္ေကာင္မေလးမွပဲ

"ဟုတ္တယ္မလား....Yuri နင္Jaehyunကိုႀကိဳက္ေနတာမလား"

Yuriၿပဳံးၿပဳံးေလးႏွင့္Jaehyunမ်က္ႏွာကိုတစ္ခ်က္ၾကည့္ကာ

"အင္း....ဟုတ္တယ္"

"အိုးးးးးးးးးးးးးးးး"

ထိုအခါေနာက္ေက်ာင္းသားတစ္ေယာက္မွ

"ေဟ်ာင့္....Jaehyunသြား....ေကာင္မေလးဘက္ကေတာင္စေျပာေနၿပီေလ မင္းတြဲခြင့္သြားေျပာေတာ့သြား"

ဆိုကာJaehyunကိုYuriနားအတင္းပို႔ၾကေလသည္။မ်က္ရည္ေလးစမ္းစမ္းနဲ႕ထိုင္ေနသည့္Juyeonမွာေတာ့ဒီထက္ဆက္ၿပီးလည္းမၾကည့္ခ်င္မၾကားခ်င္ေတာ့တာမလို႔တစ္ခန္းလုံးကႏွစ္ေယာက္သားအတြက္တြန္းပို႔ေပးေနၾကတဲ့အခ်ိန္မွာတစ္ေယာက္တည္းခုံကေနဝုန္းခနဲထလိုက္ေတာ့အားလုံးရဲ႕အၾကည့္ေတြကသူ႕ဆီေရာက္သြားကာတိတ္ဆိတ္သြားၾကေလသည္။

Juyeonကေတာ့ဘာစကားမွလည္းမေျပာဘဲခုံေစာင္းထဲမွဘူးေလးကိုယူကာအခန္းထဲမွထြက္သြားေလသည္။Jaehyunမ်က္ႏွာကိုတစ္ခ်က္ေတာင္လွည့္မၾကည့္ဘဲနဲ႕ေပါ့။Jaehyunကေတာ့Juyeonတစ္ခုခုျဖစ္ေနၿပီဆိုတာသိလိုက္ပါၿပီ။

"အမ္....အဲ့တစ္ေယာက္ဘာျဖစ္သြားတာလည္း"

"ငါလည္းမေျပာတတ္ဘူး......သူ႕ၾကည့္ရတာစိတ္မမွန္ဘူးထင္ပါတယ္...ထားလိုက္ခုကပိုအေရးၾကတယ္"

"Jaehyunႀကိဳက္ေနတယ္ဆိုတာလည္းYuriကိုမလား"

ေကာင္မေလးတစ္ေယာက္မွေျပာလာေတာ့Jaehyunမွ

"ဟိုေလ......ငါအားနာေပမဲ့.......ငါႀကိဳက္ေနတယ္ဆိုတာYuriကိုမဟုတ္ဘူး...တစ္ျခားတစ္ေယာက္ကို"

Jaehyunေျဖလိုက္သည့္အေျဖေၾကာင့္အခန္းထဲရွိလူအကုန္လုံးYuriအပါအဝင္ေၾကာင္သြားၾကေလသည္။ၿပီးေတာ့Jaehyunမွထပ္ၿပီး

"ၿပီးေတာ့Juyeonကစိတ္မမွန္တာမဟုတ္ဘူး...သူေနမေကာင္းျဖစ္ေနလို႔အဲ့လိုျဖစ္တာပါ....အဲ့တာေၾကာင့္ငါသူ႕ေနာက္ခနလိုက္သြားလိုက္ဦးမယ္....မင္းတို႔ေတြဆက္ေဆာ့ေနၾကေနာ္"

ဆိုကာJuyeonေနာက္ေျပးလိုက္သြားလိုက္သည္မွာဘယ္သူမွတားခ်ိန္ေတာင္မရလိုက္။
..............

"Ju.....ေနဦး!!!!!"

Jaehyunမနည္းေျပးလိုက္လာရသည္မလို႔Juyeonကိုမွီလာေပမဲ့ဟိုကျဖင့္တစ္ခ်က္ေလးမွေတာင္လွည့္မၾကည့္ဘဲသြားေနသည္မွာအားကစား႐ုံထဲေတာင္ေရာက္လာေလသည္။

"Ju...ေနပါဦးလို႔....Jaeေခၚေနတယ္ေလ!!!"

မွီလာေတာ့Juyeonလက္ကိုဆြဲကာေျပာလိုက္သည္မလို႔ရပ္ေတာ့ရပ္သြားပါသည္။

"Juရယ္....ဘာလို႔အတင္းထြက္ေျပးေနရတာလည္းဒီမွာလိုက္ရတာေမာတယ္ေလ"

"Jaeကိုလည္းမလိုက္လာခိုင္းပါဘူး.....သြားသူတို႔နဲ႕ပဲသြားေဆာ့ေန"

Juyeonေလသံဟာအနည္းငယ္စိတ္တိုေနပုံေပါက္တာမလို႔

"Jaeကိုစိတ္ဆိုးေနတာလား"

"မဟုတ္ပါဘူး!!! ငါကဘာလို႔စိတ္ဆိုးရမွာလည္း"

"Juစိတ္ဆိုးေနတာမွန္ပါတယ္......ဘာလို႔လည္းေစာနကကိစၥေၾကာင့္လား"

JaehyunမွJuyeonမ်က္လုံးကိုေသခ်ာစြာၾကည့္ၿပီးေမးေတာ့Juyeonကအၾကည့္လႊဲလိုက္ေလသည္။ဒါကိုJaehyunကလည္းသိေတာ့ၿပဳံးရင္း

"Juကသဝန္တိုေနတာလား"

ဟုေမးလာေတာ့Juyeonကမ်က္ေမွာင္ႀကီးၾကဳတ္ၿပီးျပန္ၾကည့္ကာ

"Jae......အဲ့Yuriဆိုတဲ့တစ္ေယာက္ကိုႀကိဳက္ေနတာမလား"

"မဟုတ္ရပါဘူး......."

"တစ္ကယ္လား"

"အင္း.....တစ္ခန္းလုံးကသာသေဘာတူေနၾကတာJaeကYuriကိုစိတ္ေတာင္မဝင္စားဘူး"

Jaehyunေျပာသည့္အေျဖေၾကာင့္Juyeonရင္ထဲကအပူလုံးႀကီးက်သြားေပမဲ့

"ဒါဆို....ႀကိဳက္ေနတဲ့သူရွိတယ္ဆိုတာကေရာဘယ္သူလည္း"

"အယ္......အဲ့တာက......Juသိတယ္ဘယ္သူလည္းဆိုတာ"

"ဟမ္.....ဘယ္သူလည္းYounghoonလား"

"ဟာ...ေပါက္ေပါက္ရွာရွာသူ႕ကိုႀကိဳက္စရာလား"

"ဒါဆိုဘယ္သူ........."

"Juသိလာပါလိမ့္မယ္....ဒါနဲ႕လက္ထဲကဘူးေလးကဘာေလးလည္း"

Jaehyunမွစကားလမ္းေၾကာင္းေျပာင္းကာေမးလာေတာ့JuyeonကJaehyunလက္ကိုျပန္ဆြဲရင္း

"ဒီမွာအရင္ထိုင္ရေအာင္"

ဆိုကာေဘးနားမွာရွိတဲ့ခုံတန္းေလးေပၚထိုင္လိုက္ေလသည္။

"ေရာ့....ဖြင့္ၾကည့္"

Juyeonမွကမ္းေပးလာေတာ့Jaehyunလည္းဘူးေလးကိုယူကာဖြင့္ၾကည့္လိုက္ေလသည္။

"ဟယ္....လွလိုက္တာေရာ္.....ဖန္စီလက္ေကာက္ေလး"

ဘူးေလးကိုဖြင့္ၿပီးၿပီးခ်င္းျမင္လိုက္ရသည့္ဖန္စီလက္ေကာက္ေလးေၾကာင့္ၿပဳံးေပ်ာ္သြားသည့္Jaehyunမ်က္ႏွာေလးအားၾကည့္ၿပီးJuyeonပီတိျဖစ္ရပါသည္။

"Jaeအတြက္ေလ......ငါကိုယ္တိုင္ေ႐ြးထားတာ"

"ေအာ္.....ဒါေစ်းေတာ့နည္းမဲ့ပုံမေပၚဘူး...ဘာလို႔ေပးတာလည္းဟင္"

ငယ္ငယ္ေလးကတည္းကJuyeonကိုအပိုဝင္ေငြကုန္မွာစိုးရိမ္တတ္သည့္Jaehyunျဖစ္တာမလို႔အခုလည္းစိုးရိမ္ကာေမးျခင္းျဖစ္ေလသည္။Juyeonကျပန္ရယ္ျပရင္း

"အမ်ားႀကီးမကုန္ပါဘူး.....Jaeကိုဒိအတိုင္းငါဝယ္ေပးထားတာေလးဝတ္ထားေစခ်င္လို႔"

"ဒါဆို...ကိုယ္တိုင္ဝတ္ေပး"

ဆိုကာသူ႕ရဲ႕ဘယ္ဘက္လက္ေကာက္ဝတ္ေနရာေလးအားJuyeonေရွ႕ထိုးေပးလာသည္။နို႔ႏွစ္ေရာင္ေလးလိုျဖဴေဖြးႏုအုၿပီးသြယ္သြယ္ေလးျဖစ္ေနတဲ့Jaehyunရဲ႕လက္ေကာက္ဝတ္ေလးမွာေစတနာေမတၱာတို႔ျဖင့္ဝယ္ေပးထားေသာဖန္စီလက္ေကာက္ေလးက္ုတန္ဆာဆင္လိုက္ေတာ့ပိုလို႔ပင္ၿပီးျပည့္စုံသြားခဲ့ပါေတာ့သည္။

သိပ္ကိုလိုက္ဖက္လြန္းပါေသာလက္ျဖဴျဖဴအုအုေလးေပၚမွာတည္ရွိေနသည့္ဖန္စီလက္ေကာက္ေလး။

Juyeonလည္းဝတ္ေပးၿပီးသြားေတာ့ပါးစပ္မွမထိန္းနိုင္ဘဲ

"လွတယ္......"

ဟုထြက္သြားမိေတာ့Jaehyunမ်က္ႏွာေလးဟာပန္းေရာင္ေလးသမ္းလာေတာ့သည္။

"အင္း....Juဝယ္ေပးထားတာမလို႔တန္ဖိုးထားပါ့မယ္"

Juyeonကလည္းေခါင္ၿငိမ့္ျပလိုက္ေလသည္။

"ေအာ္...ဒါနဲ႕ေလJu.....ေရာက္လာလက္စနဲ႕ဘက္စကတ္ေဘာတစ္ခါေလာက္သြင္းျပပါလား....Juေဆာ့တာၾကည့္ခ်င္လို႔"

"အင္းပါ"

Juyeonလည္းဂိုးဝင္ေအာင္သြင္းျပလိုက္ေတာ့Jaehyunမွလက္ခုပ္တီးကာခ်ီးက်ဴးေလသည္။

"Jaeလည္းတစ္ခါေလာက္ဝင္ေအာင္ပစ္ၾကည့္ပါလား"

"ဟာ....Jaeမွမေဆာ့တတ္တာ"

"ငါခ်ီေပးမွာေပါ့"

ဟုJuyeonမွေျပာလာေတာ့Jaehyunကခနေနၿပီးမွထလာေလသည္။ၿပီးေတာ့ေဘာလုံးေလးကိုင္ကာJuyeonေရွ႕မွာရပ္လိုက္ေတာ့Juyeonကအလိုက္တစ္သိနဲ႕Jaehyunေျခသလုံးေလးကေနမေပးေလသည္။ဒီလိုမ်ိဳးသူတို႔ငယ္ငယ္တုန္းကလည္းကစားဖူးခဲ့ၾကေလသည္။

Juyeonလည္းခ်ီေပးလိုက္ေတာ့ဝင္ေအာင္ပစ္နိုင္သြားေလသည္မလို႔Jaehyunက

"ေတြ႕လား....Jaeဝင္ေအာင္ပစ္နိုင္သြားတာ"

"အင္း........"

ဆိုကာJaehyunမွမ်က္ႏွာအားJuyeonဘက္ကိုလွည့္လိုက္ေတာ့ႏွစ္ေယာက္သားမ်က္လုံးခ်င္းဆုံမိသြားၾကေလသည္။ပုံမွန္အေနအထားကေနၾကည့္ရင္ေတာင္ၿပီးျပည့္စုံေနသည့္မ်က္ႏွာေလးဟာအခုလိုအနီးကပ္ေတြ႕လိုက္ရသည့္အခါမွာေတာ့Juyeonႏွလုံးသားတစ္ခုလုံးကိုႀကီးမားသည့္လွိုင္းလုံးႀကီးရိုက္ခတ္သြားသည့္ႏွယ္ျဖစ္သည့္တိုင္ေအာင္သူမွင္သက္စြာေငးၾကည့္ေနမိေလသည္။

သူသိပ္ကိုျမတ္နိုးရပါသည္။တန္ဖိုးထားရပါသည္။Lee Jaehyunဆိုတဲ့လူသားေလးဟာသူ႕အတြက္ေတာ့ဘာနဲ႕မွတန္ဖိုးျဖတ္လို႔မရေအာင္ကိုတန္ဖိုးႀကီးမားလြန္းလွပါသည္။သူမွင္သက္စြာေငးၾကည့္ေနတုန္းမွာပဲသူ႕ဂုတ္ေပၚေရာက္ေနတဲ့Jaehyunရဲ႕လက္တို႔ဟာပိုမိုတင္းၾကပ္စြာဖက္လာသည္ကိုခံစားမိေတာ့Jaehyunကိုယ္လုံးေလးအားမျပဳတ္က်ေအာင္ထိန္းရင္းပိုတိုးကာဖက္လိုက္မိေလသည္။

ဘယ္ဘက္ရင္အုံထဲမွအေကာင္ေပါက္ဟာလည္းလုံးဝကိုအၿငိမ္မေနေတာ့။တစ္ဒုတ္ဒုတ္နဲ႕ခုန္ေနသည္မွာအျပင္ေတာင္ေပါက္ထြက္ေတာ့မတတ္။

Juyeonပဲလားဆိုေတာ့လည္းမဟုတ္။Jaehyunတစ္ေယာက္မွာလည္းအနီးကပ္ဆုံးျဖစ္ေနသည့္သူေၾကာင့္ရင္ခုန္သံတို႔ဟယအတိုင္းဆမရွိကိုျမန္ေနေလသည္။ပခုံးေပၚတင္ထားသည့္သူ႕လက္မ်ားႏွင့္လည္းပိုၿမဲေအာင္ဖက္မိေတာ့သူ႕ကိုပါျပန္လည္ထိန္းဖက္လာသည့္Juyeon။

ႏွစ္ေယာက္လုံး႐ုပ္ရွင္မ်ားထဲကလိုတစ္ေယာက္မ်က္လုံးတစ္ေယာက္ၾကည့္ကာအၾကည့္ခ်င္းဆုံရင္းေနေနၾကသည္မွာကိုယ္ကိုတိုင္ပင္သတိမထားမိနိုင္ေလာက္ေအာင္မွင္သက္ေနပါသည္။

တစ္ထပ္တည္းတူညီေနသည့္ခံစားခ်က္တို႔နဲ႕အတူအၾကည့္မ်ားဟာလည္းအသက္ဝင္အဓိပၸါယ္ရွိလွသည္။မ်က္လုံးခ်င္းစကားေျပာသည္ဆိုတာဒါမ်ိဳးကိုေျပာတာထင္ပါရဲ႕။

အားကစား႐ုံတစ္ခုလုံးမွာလည္းသူတို႔ႏွစ္ေယာက္ကလြဲ၍မည္သူမွ်မရွိတာေၾကာင့္Jaehyunေလးအတြက္သူ႕လက္ေဆာင္ေပးဖို႔အခ်ိန္ကိုက်ေရာက္လာေလသည္ဟုေတြးမိလိုက္သည္။

ဒါေၾကာင့္စိတ္ကိုတင္းကာမ်က္လုံးေလးအသာမွိတ္ရင္း....ေခါင္းေလးကိုလည္းအနည္းငယ္ေစာင္းကာငုံ႕ရင္း....Juyeonရဲ႕ပါးျပင္ထက္ကိုသူ႕ရဲ႕ႏႈတ္ခမ္းပါးေလးနဲ႕ညင္သာလွေသာအနမ္းေလးတစ္ပြင့္အားေႁခြခ်လိဳက္ပါေတာ့သည္။

အနမ္းခံလိုက္ရသည့္Juyeonမွာေတာ့႐ုတ္တစ္ရက္ဆန္သြားသည္မလို႔ခႏၶာကိုယ္တစ္ခုလုံးအားေရခဲရိုက္ထားသလိုပင္ေအးစက္ေတာင့္တင္းသြားၿပီးရင္ဘတ္ထဲအားလိပ္ျပာအေကာင္တစ္သန္းေလာက္ေရာက္လာသလိုလိုပင္ျဖစ္ေတာ့ေလသည္။

Jaehyunကေတာ့နမ္းၿပီးသူမဟုတ္သည့္အတိုင္းJuyeonေပၚမွအသာေလးဆင္းကာမ်က္ႏွာေလးလည္းပန္းေရာင္သမ္းလို႔ရွက္ေနပါသည္။

"Jae..........ဘာလို႔..........နမ္းတာလည္း"

"ဟိုတစ္ခါေျပာထားတဲ့လက္ေဆာင္ဆိုတာေလ"

ဆိုၿပီးလွည့္ေျပးသြားပါေတာ့သည္။က်န္ခဲ့သည့္Juyeonမွာေတာ့ၿပဳံးၿပဳံးႀကီးကိုျဖစ္လို႔ေနသည္မွာသူ႕ကိုယ္သူေတာင္မသိလိုက္။

ဒီေလာက္ဆို....သူေလာဘတက္ခြင့္ရွိတယ္မလား........Jaehyunေလးရဲ႕သူငယ္ခ်င္းအဆင့္ကေနေနာက္တစ္ဆင့္ကိုေလာဘတက္ခြင့္ရွိသြားၿပီမလားဟင္။
_________________________________________

Thanks for reading🌸




Bạn đang đọc truyện trên: Truyen4U.Com