Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 15

{ မထင်မှတ်ထားပါသော }


Jaehyunတစ်ယောက်ကျောင်းကနေဆင်းပြီးအိမ်ပြန်ရောက်ကတည်းကသူ့ရဲ့မူမမှန်နေသည့်နှလုံးသားလေးအားလုံးဝလျစ်လျူရှု၍မရသေးချေ။

သူ့ဘက်ကစနမ်းမိတာဟုတ်ပေမဲ့လည်းသူကပဲပို၍တောင်ရှက်နေသလိုပင်။စောနကJuyeonစက်ဘီးပေါ်ကဆင်းပြီးနှုတ်ဆက်တော့သူ့မှာJuyeonမျက်နှာတောင်သေချာစေ့စေ့မကြည့်ရဲ။အမြန်နှုတ်ဆက်ပြီးအမြန်အိမ်ထဲဝင်လာခဲ့ရသည်။

Juyeonစာမေးပွဲမှာအဆင့်တက်လာတော့သူဒီလိုလေးနမ်းဖို့ကိုတွေးမိပါခဲ့သည်။အတွေးထက်လက်တွေ့ကပိုခက်ခဲနေမယ်မှန်းJaehyunသတိမထားမိခဲ့တာလား။လျှော့တွက်မိခဲ့တာလားတော့မသိ။

ယခုသူ့နှလုံးသားထဲမှာတော့ဆိုင်ကလုန်းမုန်တိုင်းတိုက်နေသည့်အလားပင်ဂနာမငြိမ်တွေဖြစ်ရပါတော့သည်။ရေသောက်လည်းမရ။ထလိုက်ထိုင်လိုက်လုပ်တော့လည်းမရ။ညစာချက်ကူတော့လည်းဆားနဲ့သကြားတွေမှားထည့်လို့ထည့်။တစ်ခါမှမဖြစ်ဖူးခဲ့သည့်ကြက်ဥကြော်ကလည်းတူးလို့တူးနဲ့။စိတ်နဲ့လူနဲ့လည်းမကပ်ချေ။

အိမ်အကူမမကတောင်မနည်းတားယူရသည့်အဖြစ်မလို့Jaehyunဆိုဖာပေါ်မှာပဲငြိမ်ငြိမ်လေးထိုင်ကာနေမိသည်။ထိုင်နေသည်ဆိုပေမဲ့စိတ်ကတော့ဘေးအိမ်ကတစ်ယောက်သူလေးဆီမှာသာ။

"သူကော.....ဒီအချိန်ဘယ်လိုဖြစ်နေလောက်မှာလည်း......ငါနမ်းတာခံရလို့ငါ့လိုပဲစိတ်လှုပ်ရှားနေမလား?"

Jaehyunတွေးမိပါသည်။ဒါတောင်ပါးလေးကိုပဲနမ်းမိတာနော်။သူတွေးနေတဲ့တစ်ခြားနေရာများသာနမ်းရင်းအမလေး....ဘုရားဘုရား။

Jaehyunတစ်ယောက်သူ့အတွေးထဲကိုဝင်ရောက်လာသည့်အတွေးတစ်ခုကြောင့်တစ်ကိုယ်လုံးကျဥ်စက်နဲ့တို့လိုက်သည့်နှယ်တုန်တတ်သွားပြီးခေါင်းကိုလည်းခါကာအတွေးကိုမြန်မြန်မောင်းထုတ်လိုက်ရပါသည်။
....................

တစ်ဖက်အိမ်မှာတော့......

Juyeonတစ်ယောက်ထုံးစံအတိုင်းသူ့ပထွေးရယ်သူ့ရယ်အတွက်ညစာလုပ်နေရပါသည်။သင်ပေးမဲ့သူလည်းမရှိခဲ့ ဒီလိုပဲမလုပ်တတ်လို့အရိုက်ခံရရင်းနောက်တစ်ခါအရိုက်မခံရအောင်ဆိုကာမနည်းကိုသူ့ဟာသူကြိုးစားပြီးချက်ခဲ့ရသည်မလို့ဟင်းတွေများများစားစားမချက်တတ်ပေမဲ့စားလို့ရလောက်သည့်အထိတော့သူလုပ်တတ်ပါသည်။

အရင်ဆုံးဟိုနေ့ကဝယ်လာသည့်ကြက်သားကိုအတုံးသေးသေးလေးတွေဖြစ်အောင်လှီးပြီးကြက်သွန်ဆီသတ် ငရုတ်သီးလေးလည်းထည့်ကာနယ်ရင်းစပ်စပ်လေးကြော်လိုက်သည်။ပြီးတော့အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးဖြစ်သည့်ရေညှိဟင်းရည်နှင့်အတူကင်မ်ချီလေးဘာလေးနဲ့ဆိုတော့ညစာဟာစားလို့တော့ရသွားပါသည်။
....................

"မင်းငါပြောသလိုအလုပ်ထွက်ပြီးပြီမလား"

ညစာစားနေရင်းရုတ်တစ်ရက်မေးလိုက်သည့်မေးခွန်းကြောင့်Juyeonစားနေရာမှခနရပ်လိုက်သည်။သူပြန်မဖြေဘဲငြိမ်နေတုန်းမှာပဲဒုန်းခနဲအသံနဲ့အတူထမင်းစားစားပွဲပေါ်သို့ရောက်လာသောစာအိတ်ထုတ်တစ်ခု။

Juyeonလည်းပထွေးဖြစ်သူရဲ့မျက်နှာကိုတစ်ချက်ဇက်ခနဲမော့ကြည့်မိတော့

"မင်းလိုအပ်တာဒါနဲ့သုံး.....ကျောင်းလခကလည်းသပ်သပ်ပေးမယ် ကျူရှင်ယူချင်တယ်ဆိုလည်းပြောအဲ့အတွက်လည်းသပ်သပ်ပေးမယ်"

"ဟို.........ကျွန်တော်.........မယူလို့......"

အဟမ်း!!!!!......ဒီတစ်ခါငါသေလောက်အောင်ရိုက်ပေးရမလား"

ပြောလာသည့်စကားကြောင့်Juyeonပြောမညံစကားလုံးများကလည်ချောင်းဝမှာတင်တစ်သွားခဲ့သည်။ပြီးတော့မှစားပွဲပေါ်မုပိုက်ဆံပါသည့်စာအိတ်ထုတ်ကိုယူလိုက်ရင်း

"ကျွန်တော်ယူထားလိုက်ပါ့မယ်"

"အေး......မင်းသာပညာတတ်အောင်သင်....ပြီးမှအလုပ်ကောင်းကောင်းလုပ်ပြီးငါ့ပြန်ရှာကျွေး"

ဆိုကာစားလက်စထမင်းကိုခပ်သွက်သွက်စားပြီးရေခဲသေတ္တာထဲမှဆိုဂျူပုလင်းယူကာထသွားလေသည်။Juyeonကတော့ပိုက်ဆံထုတ်လေးအိပ်ကပ်ထဲထည့်ရင်းပန်းကန်များသိမ်းကာလုပ်စရာရှိတာလုပ်လိုက်သည်။

သူ့ခေါင်းထဲမှာတွေးနေသည်ကဘာလို့ဒီလူကအလုပ်လည်းမလုပ်ဘဲပိုက်ဆံရနေတာလည်းဆိုတာပင်ဖြစ်သည်။သူမှတ်မိသလောက်ဆိုရင်မေမေကသူနဲ့လာမိတ်ဆက်ပေးတုန်းကသားရဲ့ဖေဖေအသစ်ကလုပ်ငန်းကြီးတစ်ခုလုပ်တယ်ပဲပြောခဲ့တာ။ဘာလုပ်ငန်းရယ်လည်းမပြောခဲ့ချေ။

ဒီလောက်သူ့တစ်သက်စာစားမကုန်နေသည့်ပိုက်ဆံများရှိနေတော့တရားမဝင်သည့်လုပ်ငန်းဖြစ်မှာလည်းကြောက်ရပြန်သည်။
..............

Juyeonတစ်ယောက်ပန်းကန်ဆေးပြီးသွားတော့စာလည်းလုပ်စရာမရှိတာမလို့ရေခဲသေတ္တာထဲမှဘီယာဘူးလေးယူကာခြံနောက်ဘက်ထိုင်နေကျနေရာလေးကိုထွက်လာလိုက်သည်။သူဘီယာသောက်တတ်တာတော့သိပ်မကြာသေးပေ။အသက်ရွယ်လည်းမပြည့်သေး မကောင်းမှန်းလည်းသိပေမဲ့ဟိုတစ်ခါစိတ်ညစ်လို့သောက်ကြည့်တော့ခါးသက်သည့်ဘီယာရဲ့အရသာလည်ချောင်းထဲကိုပူပြီးဆင်းသွားသည်မလို့ထိုအရာပေါ်စိတ်ရောက်သွားရင်သူစိတ်ညစ်သည်များကိုလည်းမေ့ပျောက်နိုင်သည်လေ။သူဘီယာသောက်တတ်တာJaehyunတောင်မသိသေးချေ။သူကလည်းမပြောဘဲနေသည်။တော်ကြာသိသွားရင်မဟုတ်တာလုပ်နေပါတယ်ဆိုပြီးနှုတ်ခမ်းလေးဆူ စိတ်လေးကောက်ပြီးသူ့ကိုဆရာကြီးလုပ်ကာဆူလေမလား။

Jaehyunစိတ်ကောက်တဲ့ပုံလေးကိုတောင်မျက်လုံးထဲပြန်မြင်လာသည်မလို့သူပြုံးမိလေသည်။ဒီနေ့ကတော့စိတ်ညစ်လို့ဘီယာသောက်ခြင်းတော့မဟုတ်။စိတ်ကူးပေါက်၍သောက်ခြင်းသာ။

ဒီနေ့သူJaehyunဆီကအနမ်းလေးတစ်ပွင့်ရခဲ့ပါသည်။နှင်းဆီဖူးလိုရဲရဲလေးဖြစ်နေသည့်နှုတ်ခမ်းလေးကနေပေါ့။အဲ့တာကြောင့်ပျော်ပြီးသူ့ပါးသူကိုင်ကြည့်နေမိသည်မှာလည်းခနခန။ပထွေးဖြစ်သူရှေ့မှာသာအနည်းငယ်ထိန်းနေရသည်။သူသိတတ်စအရွယ် အလယ်တန်းလောက်တုန်းကမှတ်မှတ်ရရJaehyunနဲ့တူတူရေခဲမုန့်ဝယ်စားကြရင်းJaehyunလေးရဲ့နှုတ်ခမ်းပါးလေးဟာအေးတာစားလို့လာမသိနီရဲပြီးချယ်ရီသီးရောင်လေးသမ်းနေလေသည်။

ထိုအရာကိုမြင်ပြီးသကာလကတည်းကJuyeonတစ်ယောက်Jaehyunလေးရဲ့နှုတ်ခမ်းကိုစမ်းပြီးထိချင်ဖူးခဲ့သည်။လက်နဲ့တော့မဟုတ်။သူ့ရဲ့နှုတ်ခမ်းနဲ့ပင်။ငယ်ငယ်ကတည်းကနှာဘူးထခြင်းတော့မဟုတ်ရပေမဲ့အနမ်းပေးခြင်းရဲ့သဘောသဘာဝကိုနားလည်သိတတ်စအရွယ်ရောက်လာတော့အတွေးကဝင်ခဲ့လေခြင်းဖြစ်သည်။ထိုအတွေးလေးဟာလည်းခုချိန်ထိရှိနေပေမဲ့လက်တွေ့တော့အကောင်ထည်မဖော်ရသေးပေ။

ညအချိန်ခါမလို့လင်းထိန်နေသည့်လရောင်ဖြာရဲ့အောက်မှာထိုင်နေရင်းဘီယာလေးလည်းမော့ရင်းနှလုံးသားထဲမှာနေရာယူနေသူလေးကိုတွေးမိရင်းဘဝကြီးကသာသာယာယာပင်။ထိုစဥ်......

"Ju.....ဘာလုပ်နေတာလည်း"

ဆိုကာအနားကိုရောက်လာသည့်ကောင်ကလေး။

"Jae......မအိပ်သေးဘူးလား"

"ဟင့်အင်း....အခန်းထဲကနေJuထိုင်နေတာတွေ့လို့လာကြည့်တာ"

"အော်....."

"Ju......ဒါ.....ဘီယာတွေမလား......Juဘီယာတွေသောက်နေတာလား!!!!!"

ထင်သည့်အတိုင်းကောင်လေးကစိတ်ကောက်တော့မည်။

"အင်း.....ဟုတ်တယ်"

"ဘာလို့လည်းJuရဲ့.....အသက်လည်းပြည့်သေးတာမဟုတ်ဘူး.....ပြီးတော့ဘီယာကမကောင်းဘူးလေမသောက်နဲ့ပေး....သွားလွှင့်ပစ်မယ်!!!"

ဇွတ်အတင်းယူမယ်လုပ်တော့Juyeonကတားရင်း

"ဒီတစ်ဘူးပဲသောက်မှာပါ.....မသွန်ပါနဲ့Jaeရဲ့"

"ဒါပေမဲ့...မကောင်းဘူးလေ......ဘီယာကမူးကလည်းမူးသေးတယ်....Juသောက်တတ်တာကြာပြီလား"

"အင်း....တစ်လလောက်တော့ရှိပြီ"

"ဟယ်....အဲ့လောက်တောင်...တစ်ကယ်ပါပဲဘာများကောင်းနေလို့လည်းတဲ့ ခါးလည်းခါးသေးတယ် ကောင်းကျိုးလည်မပေးဘူး"

သူ့ဘေးမှာထိုင်ကာနှုတ်ခမ်းလေးဆူပြီးပွစိပွစိရွတ်နေသောJaehyunအားJuyeonအသည်းတစ်ယားယားပင်ဖြစ်နေရပါတော့သည်။ဘီယာလေးနည်းနည်းဝင်ထားလို့လားတော့မသိ။စိတ်ခံစားချက်တို့ကပို၍ပင်တက်ကြွနေသယောင်။

"ဘီယာကအဲ့လောက်လည်းမခါးပါဘူးJaeရဲ့"

"ခါးတာပေါ့"

"မခါးပါဘူး.....မယုံရင်Jaeစမ်းသောက်ကြည့်လေရော့"

Juyeonမှဘီယာဘူးကိုကမ်းပေးလာတော့Jaehyunကပြန်တွန်းထုတ်ရင်း

"မသောက်ပါဘူး.....ခါးပါတယ်ဆို"

Jaehyunထပ်ပြောလာတော့Juyeonကတစ်ချက်ပြုံးလိုက်ရင်း

"ဒါဆိုချိုအောင်သောက်လို့ရတဲ့နည်းရှိတယ်"

ဆိုကာသူကတစ်ငုံအရင်သောက်လိုက်လေသည်။ပြီးတော့အနားမှာထိုင်နေသည့်Jaehyunလေးရဲ့ခါးကိုသူ့လက်တစ်ဖက်နဲ့လှမ်းဆွဲကာဖက်လိုက်ပြီးJaehyunလေးရဲ့ချယ်ရီသီးရောင်နှုတ်ခမ်းပါးလေးကိုသူ့ရဲ့နှုတ်ခမ်းနဲ့ထိကပ်ကာခံတွင်းထဲမှဘီယာအားပြောင်းထည့်ပေးလိုက်လေသည်။

ရုတ်တစ်ရက်ဆန်သွားသည်မလို့Jaehyunမျက်လုံးပင်ပြူးသွားရပြီးသူ့အားအနမ်းမမည်သည့်အနမ်းတစ်ခုကိုပေးသည့်Juyeonကတော့မျက်လုံးများပင်မှိတ်ကာထားလို့နေသည်။

ခံတွင်းထဲသို့ရောက်လာသည့်ဘီယာခါးခါးကြီးကိုလည်းမခံစားနိုင်တော့ဘဲမျိုချမိလေသည်။ထိကပ်​နေသည့်နှုတ်ခမ်းပါးလေးရယ်......ခါးသွယ်သွယ်လေးကိုဖက်ထားသည့်လက်တို့ရယ်....ရစ်မူးဖွယ်ကောင်းလောက်အောင်ကြည့်ကောင်းနေပါသောသူရယ်ကြောင့်Jaehyunနှလုံးသားငယ်လေးဟာအတိုင်းဆမရှိစွာခုန်လာပြီးအရှက်တစ်ရားတို့ရဲ့ရလဒ်အဖြစ်နို့နှစ်ရောင်ပါးနှစ်ဖက်လေးမှာလည်းပန်းသီးလေးလိုနီမြန်းလာရတော့သည်။

စက္ကန့်ပိုင်းလောက်ကြာတော့Juyeonကထိကပ်ထားသည့်နှုတ်ခမ်းကိုခွာလိုက်ရင်း

"ဘယ်လိုလည်း.....ချိုလား" တဲ့။

သူဘယ်လိုပြန်ဖြေရမလည်းဟင်....Juyeonမေးချင်တာဘီယာရဲ့အရသာလား.....နှုတ်ခမ်းရဲ့အရသာလား......

ဘီယာရဲ့အရသာဆိုရင်တော့ခါးပေမဲ့မျိုချလိုက်မိတာမလို့ဘာမှန်းတောင်မသိလိုက်။နှုတ်ခမ်းရဲ့အရသာဆိုရင်တော့ကောင်းကောင်းမမြည်းစမ်းလိုက်ရပေမဲ့.......အင်း....ချိုပါတယ်။သူတွေးနေတုန်းမှာပဲခါးမှာဖက်ထားသည့်Juyeonရဲ့လက်တို့ဟာပိုမိုတင်းကြပ်လာပြီးပိုလို့ပင်နီးကပ်အောင်ဆွဲလိုက်လေသည်ကိုခံစားမ်သည်။

"ဘာလို့ပါးတွေနီနေတာလည်း.....ရှက်သွားတာလားJaeက....."

Juyeonမေးသည့်မေးခွန်းအားJaehyunမဖြေနိုင်။စကားပြောဖို့ရန်ပင်မနည်းအားယူနေရပါသည်။အော်.....Lee Juyeonကဒီလိုတွေလည်းပြုစားတတ်တာပါလား။

Juyeonကသူ့မျက်နှာနားပိုနီးကပ်လာရင်း...

"ဒါတောင်နမ်းတာမဟုတ်သေးဘူးနော်....ဘီယာပဲတိုက်သေးတာ"

Jaehyunမျက်နှာလွှဲမိလိုက်သည်။

"Ju.......မူးနေပြီထင်တယ်"

"အင်း......ဟုတ်တယ်.....Jaeနှုတ်ခမ်းလေးကြောင့်မူးနေတာလေ"

Juyeonတစ်ယောက်ဘီယာလေးတစ်ဝက်လောက်ဝင်အောင်သောက်ပြီးစိတ်မမှန်တော့ဘူးထင်ပါတယ်။ပြောလိုက်သည့်စကားကြောင့်Jaehyunလေးတစ်ယောက်ကျဥ်စက်နဲ့တို့လိုက်သလိုပင်ကြက်သီးတစ်ဖျန်းဖျန်းထလာရတော့သည်။

"Juရာ....ဘာတွေလျှောက်ပြောနေတာလည်း....မူးနေရင်လည်းသွားအိပ်တော့"

ဆိုကာထမယ်လုပ်တော့Juyeonကပေးမထဘဲ

"Jaeနဲ့တူတူအိပ်မယ်လေ"

Lee Juyeonတစ်ကယ်ပဲဆေးမမှီတော့ဘူးပဲ။ပါးစပ်ကထွက်သမျှစကားလုံးတိုင်းဟာJaehyunနှလုံးသားလေးကိုအပြင်ကိုပြုတ်ထွက်ကျတော့မတတ်ကိုခုန်စေပါသည်။

"Juနော်......ခွင့်ပြုချက်လည်းမတောင်းဘဲနမ်းသေးတယ်"

"နမ်းတာမဟုတ်ပါဘူး....ဘီယာတိုက်တာပါ"

"အတူတူပဲလေ......နှုတ်ခမ်းကိုလာထိတာကို"

"ဒါဆို........ညနေတုန်းကပါးကိုနမ်းတုန်းကကောဘယ်သူလေးပါလိမ့်"

"အဲ့......အဲ့...အဲ့တာက......ဒီအတိုင်း.......ဟို......."

Jaehyunရဲ့ဖြေရှင်းချက်ကိုထစ်အထစ်အရှာနေပုံလေးကJuyeonမျက်လုံးထဲမှာတော့သေလောက်အောင်ချစ်ဖို့ကောင်းနေပါသည်။

ဒါကြောင့်Jaehyunလေးရဲ့ရင်ခွင်ထဲကိုကြောင်ပေါက်လေးလိုခေါင်းလေးတိုးကာဝင်သွားပြီး

"မပြောနဲ့တော့....ရပြီ.......အခုတော့ဒီအတိုင်းလေးကိုယ့်ကိုမှီခွင့်ပေး"

ဆိုကာပြောလာတော့Jaehyunကအလိုလျောက်Juyeonမှီရလွယ်အောင်လုပ်ပေးပြီးသားပင်။

ပြီးတော့ခနလေးပဲရှိသေး။Juyeonတစ်ယောက်ကတော့Jaehyunရဲ့ရင်ခွင်လေးထဲမှာအိပ်ပျော်သွားခဲ့လေတော့သည်။

Jaehyunကတော့သူ့ရင်ခွင်ထဲမှာမှီပြီးအိပ်ပျော်နေတဲ့Juyeonကိုကြည့်ကာတစ်ချက်ပြုံးရင်းJuyeonခေါင်းလေးကိုနမ်းလိုက်မိသည်။

"Juက....ရင်ခုန်အောင်သိပ်လုပ်တာပဲ......နမ်းချင်ရင်နမ်းချင်တယ်မပြောဘူး......"

Jaehyunလေးကလည်းမနမ်းချင်ဘဲနေပါ့မလားနော်။ငယ်ငယ်လေးကတည်းကသူငယ်ချင်းလိုခင်မင်လာခဲ့တယ်ဆိုပြီးတွေးနေပေမဲ့အလယ်တန်းအရွယ်ကတည်းကတစ်ချက်တစ်ချက်ဝင်ဝင်လာတတ်သည့်မူမမှန်အတွေးလေးတွေရယ်...ခံစားချက်တွေရယ် ကိုရင်ဝယ်ပိုက်ရင်းနေလာရသည်မလို့သူလည်းJuyeonကိုတစ်ခါလောက်တော့နမ်းဖူးချင်မိပါသည်။

ဒါကြောင့်နမ်းဖို့အတွက်ဇာတ်ကားတွေကြည့်ဝတ္ထုတွေဖတ်ပြီးတောင်လေ့လာခဲ့ရသည်ကိုJuyeonတစ်ယောက်မသိခဲ့ပါလေ။

ထိုနေ့ညလေးကတော့ငွေရောင်သွန်းလောင်းတဲ့လရောင်ထိန်ထိန်အောက်မှာချစ်ရသူလေးရဲခေါင်းကိုတစ်ဖွဖွနမ်းနေကာကြည်နူးနေသည့်ကောင်ငယ်လေးရှိသလို ချစ်ရသူဆီမှတစ်ဖွဖွအနမ်းခံနေရလို့အိပ်ပျော်ချင်ယောင်ဆောင်ပြီးဝမ်းသာပီတိဂွမ်းဆီထိနေသည့်ကောင်ငယ်လေးလည်းရှိပါသည်တဲ့လေ။
___________________________________________

Thanks for reading🌸


Zawgyi

{ မထင္မွတ္ထားပါေသာ }


Jaehyunတစ္ေယာက္ေက်ာင္းကေနဆင္းၿပီးအိမ္ျပန္ေရာက္ကတည္းကသူ႕ရဲ႕မူမမွန္ေနသည့္ႏွလုံးသားေလးအားလုံးဝလ်စ္လ်ဴရႈ၍မရေသးေခ်။

သူ႕ဘက္ကစနမ္းမိတာဟုတ္ေပမဲ့လည္းသူကပဲပို၍ေတာင္ရွက္ေနသလိုပင္။ေစာနကJuyeonစက္ဘီးေပၚကဆင္းၿပီးႏႈတ္ဆက္ေတာ့သူ႕မွာJuyeonမ်က္ႏွာေတာင္ေသခ်ာေစ့ေစ့မၾကည့္ရဲ။အျမန္ႏႈတ္ဆက္ၿပီးအျမန္အိမ္ထဲဝင္လာခဲ့ရသည္။

Juyeonစာေမးပြဲမွာအဆင့္တက္လာေတာ့သူဒီလိုေလးနမ္းဖို႔ကိုေတြးမိပါခဲ့သည္။အေတြးထက္လက္ေတြ႕ကပိုခက္ခဲေနမယ္မွန္းJaehyunသတိမထားမိခဲ့တာလား။ေလွ်ာ့တြက္မိခဲ့တာလားေတာ့မသိ။

ယခုသူ႕ႏွလုံးသားထဲမွာေတာ့ဆိုင္ကလုန္းမုန္တိုင္းတိုက္ေနသည့္အလားပင္ဂနာမၿငိမ္ေတြျဖစ္ရပါေတာ့သည္။ေရေသာက္လည္းမရ။ထလိုက္ထိုင္လိုက္လုပ္ေတာ့လည္းမရ။ညစာခ်က္ကူေတာ့လည္းဆားနဲ႕သၾကားေတြမွားထည့္လို႔ထည့္။တစ္ခါမွမျဖစ္ဖူးခဲ့သည့္ၾကက္ဥေၾကာ္ကလည္းတူးလို႔တူးနဲ႕။စိတ္နဲ႕လူနဲ႕လည္းမကပ္ေခ်။

အိမ္အကူမမကေတာင္မနည္းတားယူရသည့္အျဖစ္မလို႔Jaehyunဆိုဖာေပၚမွာပဲၿငိမ္ၿငိမ္ေလးထိုင္ကာေနမိသည္။ထိုင္ေနသည္ဆိုေပမဲ့စိတ္ကေတာ့ေဘးအိမ္ကတစ္ေယာက္သူေလးဆီမွာသာ။

"သူေကာ.....ဒီအခ်ိန္ဘယ္လိုျဖစ္ေနေလာက္မွာလည္း......ငါနမ္းတာခံရလို႔ငါ့လိုပဲစိတ္လႈပ္ရွားေနမလား?"

Jaehyunေတြးမိပါသည္။ဒါေတာင္ပါးေလးကိုပဲနမ္းမိတာေနာ္။သူေတြးေနတဲ့တစ္ျခားေနရာမ်ားသာနမ္းရင္းအမေလး....ဘုရားဘုရား။

Jaehyunတစ္ေယာက္သူ႕အေတြးထဲကိုဝင္ေရာက္လာသည့္အေတြးတစ္ခုေၾကာင့္တစ္ကိုယ္လုံးက်ဥ္စက္နဲ႕တို႔လိုက္သည့္ႏွယ္တုန္တတ္သြားၿပီးေခါင္းကိုလည္းခါကာအေတြးကိုျမန္ျမန္ေမာင္းထုတ္လိုက္ရပါသည္။
....................

တစ္ဖက္အိမ္မွာေတာ့......

Juyeonတစ္ေယာက္ထုံးစံအတိုင္းသူ႕ပေထြးရယ္သူ႕ရယ္အတြက္ညစာလုပ္ေနရပါသည္။သင္ေပးမဲ့သူလည္းမရွိခဲ့ ဒီလိုပဲမလုပ္တတ္လို႔အရိုက္ခံရရင္းေနာက္တစ္ခါအရိုက္မခံရေအာင္ဆိုကာမနည္းကိုသူ႕ဟာသူႀကိဳးစားၿပီးခ်က္ခဲ့ရသည္မလို႔ဟင္းေတြမ်ားမ်ားစားစားမခ်က္တတ္ေပမဲ့စားလို႔ရေလာက္သည့္အထိေတာ့သူလုပ္တတ္ပါသည္။

အရင္ဆုံးဟိုေန႕ကဝယ္လာသည့္ၾကက္သားကိုအတုံးေသးေသးေလးေတြျဖစ္ေအာင္လွီးၿပီးၾကက္သြန္ဆီသတ္ င႐ုတ္သီးေလးလည္းထည့္ကာနယ္ရင္းစပ္စပ္ေလးေၾကာ္လိုက္သည္။ၿပီးေတာ့အလြယ္ကူဆုံးနဲ႕အရိုးရွင္းဆုံးျဖစ္သည့္ေရညွိဟင္းရည္ႏွင့္အတူကင္မ္ခ်ီေလးဘာေလးနဲ႕ဆိုေတာ့ညစာဟာစားလို႔ေတာ့ရသြားပါသည္။
....................

"မင္းငါေျပာသလိုအလုပ္ထြက္ၿပီးၿပီမလား"

ညစာစားေနရင္း႐ုတ္တစ္ရက္ေမးလိုက္သည့္ေမးခြန္းေၾကာင့္Juyeonစားေနရာမွခနရပ္လိုက္သည္။သူျပန္မေျဖဘဲၿငိမ္ေနတုန္းမွာပဲဒုန္းခနဲအသံနဲ႕အတူထမင္းစားစားပြဲေပၚသို႔ေရာက္လာေသာစာအိတ္ထုတ္တစ္ခု။

Juyeonလည္းပေထြးျဖစ္သူရဲ႕မ်က္ႏွာကိုတစ္ခ်က္ဇက္ခနဲေမာ့ၾကည့္မိေတာ့

"မင္းလိုအပ္တာဒါနဲ႕သုံး.....ေက်ာင္းလခကလည္းသပ္သပ္ေပးမယ္ က်ဴရွင္ယူခ်င္တယ္ဆိုလည္းေျပာအဲ့အတြက္လည္းသပ္သပ္ေပးမယ္"

"ဟို.........ကြၽန္ေတာ္.........မယူလို႔......"

အဟမ္း!!!!!......ဒီတစ္ခါငါေသေလာက္ေအာင္ရိုက္ေပးရမလား"

ေျပာလာသည့္စကားေၾကာင့္Juyeonေျပာမညံစကားလုံးမ်ားကလည္ေခ်ာင္းဝမွာတင္တစ္သြားခဲ့သည္။ၿပီးေတာ့မွစားပြဲေပၚမုပိုက္ဆံပါသည့္စာအိတ္ထုတ္ကိုယူလိုက္ရင္း

"ကြၽန္ေတာ္ယူထားလိုက္ပါ့မယ္"

"ေအး......မင္းသာပညာတတ္ေအာင္သင္....ၿပီးမွအလုပ္ေကာင္းေကာင္းလုပ္ၿပီးငါ့ျပန္ရွာေကြၽး"

ဆိုကာစားလက္စထမင္းကိုခပ္သြက္သြက္စားၿပီးေရခဲေသတၱာထဲမွဆိုဂ်ဴပုလင္းယူကာထသြားေလသည္။Juyeonကေတာ့ပိုက္ဆံထုတ္ေလးအိပ္ကပ္ထဲထည့္ရင္းပန္းကန္မ်ားသိမ္းကာလုပ္စရာရွိတာလုပ္လိုက္သည္။

သူ႕ေခါင္းထဲမွာေတြးေနသည္ကဘာလို႔ဒီလူကအလုပ္လည္းမလုပ္ဘဲပိုက္ဆံရေနတာလည္းဆိုတာပင္ျဖစ္သည္။သူမွတ္မိသေလာက္ဆိုရင္ေမေမကသူနဲ႕လာမိတ္ဆက္ေပးတုန္းကသားရဲ႕ေဖေဖအသစ္ကလုပ္ငန္းႀကီးတစ္ခုလုပ္တယ္ပဲေျပာခဲ့တာ။ဘာလုပ္ငန္းရယ္လည္းမေျပာခဲ့ေခ်။

ဒီေလာက္သူ႕တစ္သက္စာစားမကုန္ေနသည့္ပိုက္ဆံမ်ားရွိေနေတာ့တရားမဝင္သည့္လုပ္ငန္းျဖစ္မွာလည္းေၾကာက္ရျပန္သည္။
..............

Juyeonတစ္ေယာက္ပန္းကန္ေဆးၿပီးသြားေတာ့စာလည္းလုပ္စရာမရွိတာမလို႔ေရခဲေသတၱာထဲမွဘီယာဘူးေလးယူကာၿခံေနာက္ဘက္ထိုင္ေနက်ေနရာေလးကိုထြက္လာလိုက္သည္။သူဘီယာေသာက္တတ္တာေတာ့သိပ္မၾကာေသးေပ။အသက္႐ြယ္လည္းမျပည့္ေသး မေကာင္းမွန္းလည္းသိေပမဲ့ဟိုတစ္ခါစိတ္ညစ္လို႔ေသာက္ၾကည့္ေတာ့ခါးသက္သည့္ဘီယာရဲ႕အရသာလည္ေခ်ာင္းထဲကိုပူၿပီးဆင္းသြားသည္မလို႔ထိုအရာေပၚစိတ္ေရာက္သြားရင္သူစိတ္ညစ္သည္မ်ားကိုလည္းေမ့ေပ်ာက္နိုင္သည္ေလ။သူဘီယာေသာက္တတ္တာJaehyunေတာင္မသိေသးေခ်။သူကလည္းမေျပာဘဲေနသည္။ေတာ္ၾကာသိသြားရင္မဟုတ္တာလုပ္ေနပါတယ္ဆိုၿပီးႏႈတ္ခမ္းေလးဆူ စိတ္ေလးေကာက္ၿပီးသူ႕ကိုဆရာႀကီးလုပ္ကာဆူေလမလား။

Jaehyunစိတ္ေကာက္တဲ့ပုံေလးကိုေတာင္မ်က္လုံးထဲျပန္ျမင္လာသည္မလို႔သူၿပဳံးမိေလသည္။ဒီေန႕ကေတာ့စိတ္ညစ္လို႔ဘီယာေသာက္ျခင္းေတာ့မဟုတ္။စိတ္ကူးေပါက္၍ေသာက္ျခင္းသာ။

ဒီေန႕သူJaehyunဆီကအနမ္းေလးတစ္ပြင့္ရခဲ့ပါသည္။ႏွင္းဆီဖူးလိုရဲရဲေလးျဖစ္ေနသည့္ႏႈတ္ခမ္းေလးကေနေပါ့။အဲ့တာေၾကာင့္ေပ်ာ္ၿပီးသူ႕ပါးသူကိုင္ၾကည့္ေနမိသည္မွာလည္းခနခန။ပေထြးျဖစ္သူေရွ႕မွာသာအနည္းငယ္ထိန္းေနရသည္။သူသိတတ္စအ႐ြယ္ အလယ္တန္းေလာက္တုန္းကမွတ္မွတ္ရရJaehyunနဲ႕တူတူေရခဲမုန့္ဝယ္စားၾကရင္းJaehyunေလးရဲ႕ႏႈတ္ခမ္းပါးေလးဟာေအးတာစားလို႔လာမသိနီရဲၿပီးခ်ယ္ရီသီးေရာင္ေလးသမ္းေနေလသည္။

ထိုအရာကိုျမင္ၿပီးသကာလကတည္းကJuyeonတစ္ေယာက္Jaehyunေလးရဲ႕ႏႈတ္ခမ္းကိုစမ္းၿပီးထိခ်င္ဖူးခဲ့သည္။လက္နဲ႕ေတာ့မဟုတ္။သူ႕ရဲ႕ႏႈတ္ခမ္းနဲ႕ပင္။ငယ္ငယ္ကတည္းကႏွာဘူးထျခင္းေတာ့မဟုတ္ရေပမဲ့အနမ္းေပးျခင္းရဲ႕သေဘာသဘာဝကိုနားလည္သိတတ္စအ႐ြယ္ေရာက္လာေတာ့အေတြးကဝင္ခဲ့ေလျခင္းျဖစ္သည္။ထိုအေတြးေလးဟာလည္းခုခ်ိန္ထိရွိေနေပမဲ့လက္ေတြ႕ေတာ့အေကာင္ထည္မေဖာ္ရေသးေပ။

ညအခ်ိန္ခါမလို႔လင္းထိန္ေနသည့္လေရာင္ျဖာရဲ႕ေအာက္မွာထိုင္ေနရင္းဘီယာေလးလည္းေမာ့ရင္းႏွလုံးသားထဲမွာေနရာယူေနသူေလးကိုေတြးမိရင္းဘဝႀကီးကသာသာယာယာပင္။ထိုစဥ္......

"Ju.....ဘာလုပ္ေနတာလည္း"

ဆိုကာအနားကိုေရာက္လာသည့္ေကာင္ကေလး။

"Jae......မအိပ္ေသးဘူးလား"

"ဟင့္အင္း....အခန္းထဲကေနJuထိုင္ေနတာေတြ႕လို႔လာၾကည့္တာ"

"ေအာ္....."

"Ju......ဒါ.....ဘီယာေတြမလား......Juဘီယာေတြေသာက္ေနတာလား!!!!!"

ထင္သည့္အတိုင္းေကာင္ေလးကစိတ္ေကာက္ေတာ့မည္။

"အင္း.....ဟုတ္တယ္"

"ဘာလို႔လည္းJuရဲ႕.....အသက္လည္းျပည့္ေသးတာမဟုတ္ဘူး.....ၿပီးေတာ့ဘီယာကမေကာင္းဘူးေလမေသာက္နဲ႕ေပး....သြားလႊင့္ပစ္မယ္!!!"

ဇြတ္အတင္းယူမယ္လုပ္ေတာ့Juyeonကတားရင္း

"ဒီတစ္ဘူးပဲေသာက္မွာပါ.....မသြန္ပါနဲ႕Jaeရဲ႕"

"ဒါေပမဲ့...မေကာင္းဘူးေလ......ဘီယာကမူးကလည္းမူးေသးတယ္....Juေသာက္တတ္တာၾကာၿပီလား"

"အင္း....တစ္လေလာက္ေတာ့ရွိၿပီ"

"ဟယ္....အဲ့ေလာက္ေတာင္...တစ္ကယ္ပါပဲဘာမ်ားေကာင္းေနလို႔လည္းတဲ့ ခါးလည္းခါးေသးတယ္ ေကာင္းက်ိဳးလည္မေပးဘူး"

သူ႕ေဘးမွာထိုင္ကာႏႈတ္ခမ္းေလးဆူၿပီးပြစိပြစိ႐ြတ္ေနေသာJaehyunအားJuyeonအသည္းတစ္ယားယားပင္ျဖစ္ေနရပါေတာ့သည္။ဘီယာေလးနည္းနည္းဝင္ထားလို႔လားေတာ့မသိ။စိတ္ခံစားခ်က္တို႔ကပို၍ပင္တက္ႂကြေနသေယာင္။

"ဘီယာကအဲ့ေလာက္လည္းမခါးပါဘူးJaeရဲ႕"

"ခါးတာေပါ့"

"မခါးပါဘူး.....မယုံရင္Jaeစမ္းေသာက္ၾကည့္ေလေရာ့"

Juyeonမွဘီယာဘူးကိုကမ္းေပးလာေတာ့Jaehyunကျပန္တြန္းထုတ္ရင္း

"မေသာက္ပါဘူး.....ခါးပါတယ္ဆို"

Jaehyunထပ္ေျပာလာေတာ့Juyeonကတစ္ခ်က္ၿပဳံးလိုက္ရင္း

"ဒါဆိုခ်ိဳေအာင္ေသာက္လို႔ရတဲ့နည္းရွိတယ္"

ဆိုကာသူကတစ္ငုံအရင္ေသာက္လိုက္ေလသည္။ၿပီးေတာ့အနားမွာထိုင္ေနသည့္Jaehyunေလးရဲ႕ခါးကိုသူ႕လက္တစ္ဖက္နဲ႕လွမ္းဆြဲကာဖက္လိုက္ၿပီးJaehyunေလးရဲ႕ခ်ယ္ရီသီးေရာင္ႏႈတ္ခမ္းပါးေလးကိုသူ႕ရဲ႕ႏႈတ္ခမ္းနဲ႕ထိကပ္ကာခံတြင္းထဲမွဘီယာအားေျပာင္းထည့္ေပးလိုက္ေလသည္။

႐ုတ္တစ္ရက္ဆန္သြားသည္မလို႔Jaehyunမ်က္လုံးပင္ျပဴးသြားရၿပီးသူ႕အားအနမ္းမမည္သည့္အနမ္းတစ္ခုကိုေပးသည့္Juyeonကေတာ့မ်က္လုံးမ်ားပင္မွိတ္ကာထားလို႔ေနသည္။

ခံတြင္းထဲသို႔ေရာက္လာသည့္ဘီယာခါးခါးႀကီးကိုလည္းမခံစားနိုင္ေတာ့ဘဲမ်ိဳခ်မိေလသည္။ထိကပ္​ေနသည့္ႏႈတ္ခမ္းပါးေလးရယ္......ခါးသြယ္သြယ္ေလးကိုဖက္ထားသည့္လက္တို႔ရယ္....ရစ္မူးဖြယ္ေကာင္းေလာက္ေအာင္ၾကည့္ေကာင္းေနပါေသာသူရယ္ေၾကာင့္Jaehyunႏွလုံးသားငယ္ေလးဟာအတိုင္းဆမရွိစြာခုန္လာၿပီးအရွက္တစ္ရားတို႔ရဲ႕ရလဒ္အျဖစ္နို႔ႏွစ္ေရာင္ပါးႏွစ္ဖက္ေလးမွာလည္းပန္းသီးေလးလိုနီျမန္းလာရေတာ့သည္။

စကၠန့္ပိုင္းေလာက္ၾကာေတာ့Juyeonကထိကပ္ထားသည့္ႏႈတ္ခမ္းကိုခြာလိုက္ရင္း

"ဘယ္လိုလည္း.....ခ်ိဳလား" တဲ့။

သူဘယ္လိုျပန္ေျဖရမလည္းဟင္....Juyeonေမးခ်င္တာဘီယာရဲ႕အရသာလား.....ႏႈတ္ခမ္းရဲ႕အရသာလား......

ဘီယာရဲ႕အရသာဆိုရင္ေတာ့ခါးေပမဲ့မ်ိဳခ်လိဳက္မိတာမလို႔ဘာမွန္းေတာင္မသိလိုက္။ႏႈတ္ခမ္းရဲ႕အရသာဆိုရင္ေတာ့ေကာင္းေကာင္းမျမည္းစမ္းလိုက္ရေပမဲ့.......အင္း....ခ်ိဳပါတယ္။သူေတြးေနတုန္းမွာပဲခါးမွာဖက္ထားသည့္Juyeonရဲ႕လက္တို႔ဟာပိုမိုတင္းၾကပ္လာၿပီးပိုလို႔ပင္နီးကပ္ေအာင္ဆြဲလိုက္ေလသည္ကိုခံစားမ္သည္။

"ဘာလို႔ပါးေတြနီေနတာလည္း.....ရွက္သြားတာလားJaeက....."

Juyeonေမးသည့္ေမးခြန္းအားJaehyunမေျဖနိုင္။စကားေျပာဖို႔ရန္ပင္မနည္းအားယူေနရပါသည္။ေအာ္.....Lee Juyeonကဒီလိုေတြလည္းျပဳစားတတ္တာပါလား။

Juyeonကသူ႕မ်က္ႏွာနားပိုနီးကပ္လာရင္း...

"ဒါေတာင္နမ္းတာမဟုတ္ေသးဘူးေနာ္....ဘီယာပဲတိုက္ေသးတာ"

Jaehyunမ်က္ႏွာလႊဲမိလိုက္သည္။

"Ju.......မူးေနၿပီထင္တယ္"

"အင္း......ဟုတ္တယ္.....Jaeႏႈတ္ခမ္းေလးေၾကာင့္မူးေနတာေလ"

Juyeonတစ္ေယာက္ဘီယာေလးတစ္ဝက္ေလာက္ဝင္ေအာင္ေသာက္ၿပီးစိတ္မမွန္ေတာ့ဘူးထင္ပါတယ္။ေျပာလိုက္သည့္စကားေၾကာင့္Jaehyunေလးတစ္ေယာက္က်ဥ္စက္နဲ႕တို႔လိုက္သလိုပင္ၾကက္သီးတစ္ဖ်န္းဖ်န္းထလာရေတာ့သည္။

"Juရာ....ဘာေတြေလွ်ာက္ေျပာေနတာလည္း....မူးေနရင္လည္းသြားအိပ္ေတာ့"

ဆိုကာထမယ္လုပ္ေတာ့Juyeonကေပးမထဘဲ

"Jaeနဲ႕တူတူအိပ္မယ္ေလ"

Lee Juyeonတစ္ကယ္ပဲေဆးမမွီေတာ့ဘူးပဲ။ပါးစပ္ကထြက္သမွ်စကားလုံးတိုင္းဟာJaehyunႏွလုံးသားေလးကိုအျပင္ကိုျပဳတ္ထြက္က်ေတာ့မတတ္ကိုခုန္ေစပါသည္။

"Juေနာ္......ခြင့္ျပဳခ်က္လည္းမေတာင္းဘဲနမ္းေသးတယ္"

"နမ္းတာမဟုတ္ပါဘူး....ဘီယာတိုက္တာပါ"

"အတူတူပဲေလ......ႏႈတ္ခမ္းကိုလာထိတာကို"

"ဒါဆို........ညေနတုန္းကပါးကိုနမ္းတုန္းကေကာဘယ္သူေလးပါလိမ့္"

"အဲ့......အဲ့...အဲ့တာက......ဒီအတိုင္း.......ဟို......."

Jaehyunရဲ႕ေျဖရွင္းခ်က္ကိုထစ္အထစ္အရွာေနပုံေလးကJuyeonမ်က္လုံးထဲမွာေတာ့ေသေလာက္ေအာင္ခ်စ္ဖို႔ေကာင္းေနပါသည္။

ဒါေၾကာင့္Jaehyunေလးရဲ႕ရင္ခြင္ထဲကိုေၾကာင္ေပါက္ေလးလိုေခါင္းေလးတိုးကာဝင္သြားၿပီး

"မေျပာနဲ႕ေတာ့....ရၿပီ.......အခုေတာ့ဒီအတိုင္းေလးကိုယ့္ကိုမွီခြင့္ေပး"

ဆိုကာေျပာလာေတာ့Jaehyunကအလိုေလ်ာက္Juyeonမွီရလြယ္ေအာင္လုပ္ေပးၿပီးသားပင္။

ၿပီးေတာ့ခနေလးပဲရွိေသး။Juyeonတစ္ေယာက္ကေတာ့Jaehyunရဲ႕ရင္ခြင္ေလးထဲမွာအိပ္ေပ်ာ္သြားခဲ့ေလေတာ့သည္။

Jaehyunကေတာ့သူ႕ရင္ခြင္ထဲမွာမွီၿပီးအိပ္ေပ်ာ္ေနတဲ့Juyeonကိုၾကည့္ကာတစ္ခ်က္ၿပဳံးရင္းJuyeonေခါင္းေလးကိုနမ္းလိုက္မိသည္။

"Juက....ရင္ခုန္ေအာင္သိပ္လုပ္တာပဲ......နမ္းခ်င္ရင္နမ္းခ်င္တယ္မေျပာဘူး......"

Jaehyunေလးကလည္းမနမ္းခ်င္ဘဲေနပါ့မလားေနာ္။ငယ္ငယ္ေလးကတည္းကသူငယ္ခ်င္းလိုခင္မင္လာခဲ့တယ္ဆိုၿပီးေတြးေနေပမဲ့အလယ္တန္းအ႐ြယ္ကတည္းကတစ္ခ်က္တစ္ခ်က္ဝင္ဝင္လာတတ္သည့္မူမမွန္အေတြးေလးေတြရယ္...ခံစားခ်က္ေတြရယ္ ကိုရင္ဝယ္ပိုက္ရင္းေနလာရသည္မလို႔သူလည္းJuyeonကိုတစ္ခါေလာက္ေတာ့နမ္းဖူးခ်င္မိပါသည္။

ဒါေၾကာင့္နမ္းဖို႔အတြက္ဇာတ္ကားေတြၾကည့္ဝတၳဳေတြဖတ္ၿပီးေတာင္ေလ့လာခဲ့ရသည္ကိုJuyeonတစ္ေယာက္မသိခဲ့ပါေလ။

ထိုေန႕ညေလးကေတာ့ေငြေရာင္သြန္းေလာင္းတဲ့လေရာင္ထိန္ထိန္ေအာက္မွာခ်စ္ရသူေလးရဲေခါင္းကိုတစ္ဖြဖြနမ္းေနကာၾကည္ႏူးေနသည့္ေကာင္ငယ္ေလးရွိသလို ခ်စ္ရသူဆီမွတစ္ဖြဖြအနမ္းခံေနရလို႔အိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ၿပီးဝမ္းသာပီတိဂြမ္းဆီထိေနသည့္ေကာင္ငယ္ေလးလည္းရွိပါသည္တဲ့ေလ။
___________________________________________

Thanks for reading🌸






Bạn đang đọc truyện trên: Truyen4U.Com