Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥

Chapter 16

{ လက်သန်းချင်းဆက်နွယ်ပြီးပေးလိုက်သောကတိလေးတစ်ခု }

နောက်တစ်နေ့မနက်ခင်းကိုရောက်တော့ကျောင်းဖွင့်ရက်မလို့ပုံမှန်လည်ပတ်နေကြသည့်နေ့ရက်များအတိုင်းမနက်စာစားပြီးသည်နှင့်Juyeonသူ့စက်ဘီးလေးအားခြံထဲထုတ်လာကာJaehyunအိမ်ဘက်ကိုလှည့်ကြည့်လိုက်တော့ကောင်လေးကကျောပိုးအိတ်လေးတစ်ဖက်လွယ်ပြီးပါးစပ်ထဲမှာလည်းပေါင်မုန့်လေးကိုက်ကာပြေးလာလေသည်။

"Jaeရာ....ဘာလို့ပြေးလာတာလည်း ချော်လဲတော့မယ်"

Jaehyunသူ့ကိုခနလေးဆိုသည့်ပုံဖြင့်လက်ထောင်ပြကာပါးစပ်ထဲမှပေါင်မုန့်အားမန​ည်းဝါးနေသေးသည်။အလိုက်သိတဲ့Juyeonကလည်းသူ့ကျောပိုးအိတ်ထဲမှရေဘူးလေးထုတ်ပြီးကမ်းပေးလိုက်သည်။

Jaehyunကလည်းJuyeonကမ်းပေးလာတဲ့ရေဘူးကိုယူလိုက်ပြီးတော့ရေသောက်ကာအမောဖြေရသေးသည်။

"ရပြီလား....."

"အင်း...ရပြီ"

"နောက်ဆိုဖြေးဖြေးစားလေ.....နင်နေရင်ဘာမှလုပ်မရပြုမရဖြစ်နေမယ်"

"အော.....မနက်ထတာနောက်ကျသွားလို့မြန်မြန်စားလာလိုက်ရတာ"

"ဟုတ်ပါပြီ...ဒါဆိုလည်းသွားမယ်လေ"

ဆိုကာJuyeonမှလှည့်လိုက်တော့JaehyunကJuyeonအင်္ကျီစလေးကိုလှမ်းဆွဲလိုက်သည်။

"Juခန........."

Jaehyunမှခေါ်တော့Juyeonကပြန်လှည့်ကြည့်လာရင်း....

"ဘာဖြစ်လို့လည်းJae"

JaehyunကJuyeonကိုမရဲတစ်ရဲကြည့်ရင်း

"ဟို.......မနေ့ညကကိစ္စလေ........အဲ့တာလေ........"

"မနေ့ညကဘာကိစ္စတုန်း"

Juyeonပြောလိုက်သောစကားကြောင့်Jaehyunတစ်ချက်အံ့သြမိသွားလေသည်။မနေ့ညကဘာကိစ္စတုန်းလို့ပြန်မေးရအောင်သူကျလုပ်ချင်တာလုပ်ခဲ့ပြီးတော့အခုမှမသိသလိုပုံနဲ့လာမေးနေသောကြောင့်Jaehyunစိတ်ပဲတိုလာသလိုလို။

မနေ့ညကJuyeonမူးပြီးတော့များမမှတ်မိတော့တာလား။ဒါဆိုသူကပဲညတောင်အိပ်လို့မပျော်တော့တဲ့အထိရင်တွေတစ်လှပ်လှပ်ခုန်ပြီးအရူးပမာဖြစ်နေခဲ့ရတာကိုJuyeonကျတော့မူးပြီးဘာမှမသိတော့တာလား။ဒါပေမဲ့လည်းဒါသူ့ရဲ့ပထမဦးဆုံးအနမ်းလေကွယ်။

"Ju.....ဘာစကားပြောနေတာလည်း!! မနေ့ညတုန်းကသူပဲလူကိုလုပ်ချင်တိုင်းလုပ်ခဲ့ပြီးတော့"

"မနေ့ညကငါဘာလုပ်ခဲ့မိလို့လည်းJaeရဲ့"

Juyeonထပ်မံပြောလိုက်သည့်စကားကြောင့်Jaehyunထိုးပစ်ချင်စိတ်ပါပေါက်လာတော့သည်။ရင်ခုန်အောင်လုပ်တော့လည်းသူပဲ။

"တော်ပြီ...ကျောင်းသွားမယ်!!"

ဆိုကာဆောင့်ကြီးအောင့်ကြီးနဲ့လုပ်တော့Juyeonကတစ်ချက်ပြုံးလိုက်ရင်းJaehyunနားနားလေးကိုကပ်ကာ

"မနေ့ညက...ဘီယာတိုက်တဲ့ကိစ္စကိုပြောတာလား"

ဟုပြောလာတော့Jaehyunနားရွက်ကမွှေးညှင်းပေါက်လေးမှစ၍တစ်ကိုက်လုံးကြက်သီးများပင်တစ်ဖြန်းဖြန်းထသွားတော့သည်။

"Ju.....မှတ်မိတယ်လား.....မူးပြီးမေ့သွားတာမဟုတ်ဘူးလား"

လို့Jaehyunကမေးတော့Juyeonကတစ်ချက်ခပ်ဖွဖွရယ်ရင်း

"ငါကမေ့စရာလား....ပြီးတော့ဘီယာလေးတစ်ဘူးလောက်နဲ့မူးစရာလား "

ထိုသို့ပြောတော့မှသာစောနကထွက်ခဲ့သည့်ဒေါသတို့ရေစုန်မြောပြီးမျက်နှာပေါ်မှာရှက်ပြုံးလေးတစ်ခုကရောက်လာကာ

"မသိဘူးလေ....စောနကသူပဲဘာကိစ္စတုံးဆိုပြီးတော့မသိသလိုလုပ်နေပြီးတော့"

"ဘာလည်းJaeက....အဲ့လိုနည်းနဲ့ဘီယာတိုက်စေချင်သေးလို့လား"

Juyeonမှထပ်စလာတော့Jaehyunမျက်နှာလေးပန်းရောင်သမ်းလာရတော့သည်။

"မဟုတ်ပါဘူး.....ဘာတွေလျှောက်ပြောနေတာလည်း!!! ကျောင်းနောက်ကျတော့မယ်သွားရအောင်!!"

ဆိုကာဇွတ်ကိုစကားလမ်းကြောင်းလွဲပြီးရှက်သွားသောJaehyunလေးရယ်ပါ။ဒါပေမဲ့Jaehyunလေးစိတ်ထဲမှာအဲ့လိုနည်းလေးနဲ့ဘီယာတိုက်တယ်ဆိုတာထက်ဘီယာမပါဘဲထိစေချင်နေတာကိုရှေ့မှစက်ဘီးနင်းနေသောJuyeonတစ်ယောက်မသိခဲ့ပါလေ။
...........................

"Jaehyun nah!!!"

Jaehyunနေ့လည်စာစားပြီးပြန်လာတော့သူ့အားခေါ်သံကြား၍လှည့်ကြည့်မိလိုက်သည်။ကျောင်းuniformပေါ်မှာမှနေကြာပန်းပုံပါသည့်အဝါရောင်အပေါ်ထပ်လေးနဲ့ရောက်လာတဲ့Yuri။

"အင်းပြောလေ....Yuri"

"ငါနင့်နဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့"

တစ်ကယ့်ကိုအတည်ပေါက်လေသံနဲ့ပြောလာသည်မလို့Jaehyunလည်းစိတ်ဝင်သွားလေသည်။

"အင်း....."

"ငါနင့်ကိုမနေ့ကဂိမ်းဆော့တော့ကြိုက်တယ်လို့ပြောတာလေ.....အမှန်တော့နင့်ကိုဟိုလိုသဘောမျိုးကြိုက်တာမဟုတ်ပါဘူး...ဒီအတိုင်းနင်ကစိတ်သဘောထားလည်းကောင်းပြီးခင်ဖို့ကောင်းတဲ့လူဖြစ်လို့အဲ့တာလေးကိုပဲသဘောကျမိတာ နင်တစ်မျိုးထင်နေမှာစိုးလို့"

"အာ......အင်း...ရပါတယ်"

ပြီးတော့YuriကအချိုသာဆုံးသောအပြုံးလေးကိုပြုံးပြီးJaehyunလက်မောင်းကိုသူ့အကျင့်အတိုင်းသွားတို့ကာ

"နင်ကြိုက်နေတဲ့သူသပ်သပ်ရှိတာဘယ်သူလည်းဆိုတာငါသိတယ်နော်"

"ဟင်.......ဘယ်သူလည်းသိလို့လား"

"အင်း.....သိတာပေါ့....ဟိုမှာလေ...နင့်နားကိုတောင်လာနေပြီ.....byebyeနော်ငါသွားပြီ"

ဆိုကာYuriကမျက်လုံးတစ်ဖက်မှိတ်ပြပြီးလှည့်ထွက်သွားလေသည်။Jaehyunလည်းကြောင်တောင်တောင်လေးဖြစ်နေတုန်းမှာYuriပြခဲ့သည့်အနောက်ကိုလှည့်ကြည့်လိုက်တော့Juyeonဖြစ်နေသည်။

"Jaeအဲ့တစ်ယောက်နဲ့ဘာတွေပြောနေတာလည်း!!"

"ဟင်.....အော်.....YuriကJaeကိုလာရှင်းပြနေတာပါ သူကြိုက်တယ်ဆိုတာJaeကိုဒီအတိုင်းသဘောကျတာပါပဲတဲ့အဲ့ထက်မပိုဘူးတဲ့"

"အော်....အဲ့လိုလား"

"အင်း.....သွားရအောင်လေ...ခနနေကျောင်းတက်တော့မယ်"

"အင်း"

ဆိုကာသွားမယ်ကြံလိုက်တော့Jaehyunရဲ့လက်ကောက်ဝတ်နှစ်ဖက်လုံးမှာသူပေးထားသည့်လက်ကောက်လေးမရှိတော့သည်ကိုသတိထားမိသွားလေသည်။

"Jae.....ငါပေးထားတဲ့လက်ကောက်ကော"

Juyeonမှရုတ်တစ်ရက်မေးလာတော့Jaehyunကသူ့လက်နှစ်ဖက်သူပြန်ကြည့်ရင်းအံ့သြထိတ်လန့်စွာနဲ့

"ဟမ်.....Jaeဝတ်လာပါတယ်...."

ဆိုကာစိုးရိမ်တစ်ကြီးနဲ့ငိုခါနီးပင်ဖြစ်လာရတော့သည်။ဒီလက်ကောက်လေးကသူ့အတွက်တော့ဘယ်လောက်အဖိုးတန်လိုက်သလည်း။နှလုံးသားထဲမှာနေရာယူနေသူပေးသည့်ပထမဦးဆုံးသောလက်ဆောင်လေးဖြစ်တာမလို့စိုးရိမ်ကြောင့်ကြလာကာမျက်ရည်ပင်စတင်ဝဲလာရတော့သည်။

ပြီးတော့Jaehyunသူ့အိပ်ကပ်ထဲက်ုရှာကြည့်တော့မှထွက်လာသည့်ဖန်စီလက်ကောက်လေး။ထိုမှသာရင်ထဲမှအပူလုံးကြီးကျသွားသည့်နှယ်သက်ပြင်းချလိုက်မိသည်။

"တော်ပါသေးရဲ့...ပျောက်သွားပြီထင်နေတာ"

"ဒါနဲ့Jaeကဘာလို့မဝတ်ထားတာလည်း"

"မနက်တုန်းကရေချိုးတော့ခနချွတ်ပြီးအိပ်ကပ်ထဲထည့်ထားမိတာ"

"ရေချိုးလည်းဝတ်ထားပါ"

မဝတ်ချင်ပါဘူး...ရေတွေစိုကုန်ရင်သံချေးတက်ကုန်မှာပေါ့Juပေးထားတာလေးကိုအဲ့လိုအဖြစ်မခံပါဘူး"

Juyeonကတော့ပြုံးလျက်နဲ့ပင်ခေါင်းလေးတစ်ခါခါ။

...........................

ထိုညနေကျောင်းဆင်းချိန်ရောက်တော့အချိန်နဟုတ်အခါမဟုတ်ဘဲမိုးကစတင်ရွာချလေသည်။ကြိုတင်သတိထားချက်မရှိတာမလို့ကျောင်းသားကျောင်းသူတွေတော်တော်များများကလည်းထီးမယူလာမိခဲ့ကြ။ဒါကြောင့်ကျောင်းဆင်းသည်နှင့်ကျောင်းရှေ့မှာလွယ်အိတ်လေးတွေကာရင်းပြေးနေကြသည့်ကျောင်းသားကျောင်းသူများဟာလည်းအများသား။

ထိုထဲမှာJuyeonနဲ့Jaehyunကောပါလေသည်။ရေချိူးရင်တောင်လက်ကောက်လေးရေစိုမှာကြောက်နေသည့်Jaehyunအဖို့တော့အခုလိုမိုးရွာတော့လက်ကောက်လေးကိုသူ့ရဲ့ကျောပိုးအိတ်ထဲထည့်ကာJuyeonနဲ့အတူတူပြေးလေတော့သည်။

စက်ဘီးကိုတော့ကျောင်းမှာပဲထားခဲ့လိုက်ပြီးပြေးရင်းသာအိမ်ကိုပြန်လာလိုက်ကြသည်။မိုးရွာထဲမှာတစ်ယောက်လက်တစ်ယောက်ကိုင်ပြီးပြေးနေကြသည်ကောင်လေးနှစ်ယောက်ရဲ့မြင်ကွင်းဟာလည်းကြည်နူးဖွယ်ရာအတိ။

ငယ်ငယ်ကမိုးရွာလျှင်မိုးရေထဲမှာဆော့ကြသလိုမျိူးအခုလည်းပြေးနေရသည်မှာပျော်ဖို့ပင်ကောင်းလှလေသည်။Juyeonကရှေ့ကနေJaehyunလက်လေးကိုကိုင်ကာပြေးရင်းJaehyunချော်မလဲစေရန်လည်းဂရုစိုက်ပေးသေးသည်။

သိပ်မကြာလိုက်အိမ်ကိုရောက်တော့ထူးဆန်းစွာပင်Jaehyunရဲ့အိမ်ကအပြင်ကနေသော့ခတ်ထားလေသည်။သူ့ရဲ့မိဘတွေလည်းပြန်မရောက်သေးပါဘဲအိမ်မှာအိမ်အကူမမတစ်ယောက်သာရှိနေရမှာကိုအခုလိုသော့ခတ်ထားတော့Jaehyunကြောင်သွားလေသည်။

"အယ်....Jaeဆီမှာအိမ်သော့မရှိဘူးလား"

"ဟင့်အင်း...မရှိဘူးပဲ....Jaeကိုဘာမှလည်းမပြောသွားဘူး"

"ဖုန်းကောဆက်ကြည့်ပါလား"

"အင်း....."

Jaehyunလည်းသူ့ရဲလက်ကိုင်ဖုန်းလေးမှတစ်ဆင့်အိမ်အကူမမဆီတက်ကြည့်တော့မကိုင်ချေ။မိဘတွေကိုခေါ်ကြည့်တော့လည်းတစ်ယောက်မှမကိုင်သည်မလို့စိတ်ပင်ရှုပ်ထွေးလာရတော့သည်။

"ဟက်ချိူး!!!!"

မိုးရေထဲမှာပြေးလာခဲ့ရပြီးအခုထိအဝတ်မလဲရသေးတော့Jaehyunတစ်ယောက်နှာချောလာပြီဖြစ်လေသည်မလို့Juyeonစိတ်ပူလာရသည်။

"Jae....ဘယ်သူမှဖုန်းမကိုင်ရင်လည်းထားလိုက်တော့အရင်ဆုံးငါ့အိမ်မှာပဲအဝတ်လဲရအောင်...ဒီအတိုင်းဆိုJaeဖျားလိမ့်မယ်"

"အင်း....."

Jaehyunကြည့်ရသည်မှာလည်းအေးနေလို့ထင်ပါရဲ့။ကိုယ်လေးကတုန်နေလေသည်။

Juyeonသူ့အိမ်ထဲဝင်လိုက်တော့ထုံးစံအတိုင်းပထွေးဖြစ်သူကမရှိနေပါ။ဒါကြောင့်Jaehyunနဲ့အတူအိမ်ထဲမြန်မြန်ဝင်လိုက်ပြီးJaehyunကိုအရင်ဆုံးသူ့အခန်းထဲမှာအဝတ်စိုလဲပြီးရေချိုးစေသည်။သူနဲ့Jaehyunရဲ့ခန္ဓာကိုယ်ဆိုဒ်ချင်းဟာလည်းသိပ်မကွာသည်မလို့ပေါ့ပေါ့ပါးပါးHoodieတစ်ထည်နှင့်အနွေးဘောင်းဘီရှည်တို့အားထုတ်ထားလိုက်သည်။

Jaehyunရေချိုးလို့ပြီးတော့ထုတ်ထားသည့်အဝတ်များအားလဲစေပြီးသူကိုယ်တိုင်လည်းရေချိုးအဝတ်စားလဲလိုက်သည်။အားလုံးပြီးသွားတော့

"Jae...နွေးကောနွေးရဲ့လား"

"အင်းနွေးပါတယ်"

သူ့ရဲ့Hoodieလေးထဲမှာမြှုပ်နေရှာသောJaehyunလေးကပြန်ဖြေလေသည်။

"ဒီညစာကိုခေါက်ဆွဲပြုတ်ပဲစားလိုက်ကြမလားမိုးအေးအေးနဲ့ဆိုတော့"

"အင်းကောင်းတယ် ချဥ်စပ်ခေါက်ဆွဲပြုတ်လေးဆိုပိုကောင်းတယ်"

"Okလေ....ဒါဆိုခေါက်ဆွဲသွားပြုတ်လိုက်ဦးမယ်"

"Jaeလည်းလိုက်မယ်"

ဒီလိုနဲ့Juyeonကခေါက်ဆွဲပြုတ်နေတုန်းJaehyunကထမင်းစားစားပွဲရဲ့ထိုင်ခုံမှာထိုင်ရင်းJuyeonကိုငေးနေမိလေသည်။အရပ်မောင်းလည်းရှည်သလိုအနည်းငယ်တောင့်တင်းသည့်ခန္ဓာကိုယ်နဲ့JuyeonဟာJaehyunအတွက်တော့ကြည့်ကောင်းသည့်ယောကျာ်းလေးတစ်ယောက်ဆိုတာထက်ကိုပိုပါသည်။

"ဘာတွေအဲ့လောက်တောင်ကြည့်နေတာလည်း"

"Juခေါက်ဆွဲပြုတ်နေတဲ့ပုံလေးကကြည့်ကောင်းလို့"

Jaehyunကပြောတော့Juyeonကခပ်ဖွဖွလေးရယ်လေသည်။Jaehyunမှထပ်ပြီး

"Jaeတို့ကြီးလာရင်လည်းလေ အတူတူနေရအောင် အတူတူနေပြီးJaeကJuကိုဟင်းတွေအများကြီးချက်ကျွေးမယ် Juကတစ်ခါတစ်လေလောက်မှချက်ပေါ့"

"အင်း.....ကောင်းသားပဲ"

Juyeonရဲ့ဖြေပုံကိုJaehyunသဘောမကျချင်ပါ။ဒါကြောင့်

"Juဖြေပုံကလည်းဘယ်လိုကြီးလည်းအတူတူမနေချင်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူးJaeရာ....ဒီမှာခေါက်ဆွဲပြုတ်ထဲခနစိတ်ရောက်သွားလို့ပါ"

"ဒါဆိုဘာလည်း...Jaeပြောတဲ့စကားထက်အဲ့ခေါက်ဆွဲပြုတ်ကပိုအရေးကြီးနေတယ်ပေါ့"

ရစ်စရာမရှိရှာကြံကာရစ်နေသောJaehyunနားအားJuyeonသွားလိုက်ရင်းခေါင်းလေးကိုလည်းဖွကာ

"အိုက်ဂူး....ဒီဝက်ဝံပေါက်လေးဘာတွေလာရစ်နေကြောင်း"

JaehyunကJuyeonလက်ကိုအသာလေးတွန်းဖယ်ရင်း....

"ဖယ်ပါ....သူများကိုဝက်ဝံပေါက်တဲ့"

"ချစ်လို့စတာကို"

"ထားပါ....ဟိုမှခေါက်ဆွဲတွေပွတော့မယ်လုပ်လိုက်ဦး"

"ဟုတ်ကဲ့ပါဗျာ"

မိုးအေးသည့်ညလေးမှာအလိုက်ဖက်ဆုံးညစာဖြသည့်ခေါက်ဆွဲပြုတ်ကိုကောင်လေးနှစ်ယောက်စားနေကြရင်းတစ်ယောက်နဲ့တစ်ယောက်ကျီစယ်နေကြပါသည်။အိမ်လေးဟာနှစ်ယောက်တည်းပေမဲ့ပျော်ရွှင်ကြည်နူးစရာလေးပင်။

နှစ်ယောက်သားညစာလည်းစားပြီးသွားကြတော့ကျန်ရှိနေသည့်အိမ်စာများကိုလည်းအတူတူလုပ်ရင်းအချိန်တွေအတူတူကုန်ဆုံးကြပြန်သည်။နာရီပိုင်းလောက်စာလုပ်ပြီးသွားတော့10နာရီထိုးနေသဖြင့်Jaehyunတစ်ယောက်ငိုက်လာလေသည်မလို့စာရေးစားပွဲပေါ်လေးမှာမှောက်ရက်သားလေးမှိန်းနေလိုက်မိသည်။

စာလုပ်နေရင်းတန်းလန်းtoiletခနသွားကာပြန်ရောက်လာသည့်Juyeonမှမြင်တော့Jaehyunလေးကိုတစ်ချက်ကြည့်မိပြီးပြုံးမိလိုက်သည်။သူမြတ်နိုးရာလေးကသူ့Hoodieလေးထဲမှာနစ်မြုပ်နေရှာပြီးအိပ်ပျော်နေသည်မှာလည်းတစ်ကယ့်ကိုဝက်ဝံပေါက်လေးအတိုင်းပင်။

အိပ်ပျော်နေသည့်ဝက်ဝံပေါက်လေးနားကိုJuyeonသွားလိုက်ပြီးအသာလေးခုံပေါ်ကနေမချီလိုက်ကာဘေးကကုတင်ပေါ်ညင်သာစွာချပေးလိုက်လေသည်။မနိုးမိစေရန်လည်းသတိထားရင်းခေါင်းလေးကိုလည်းအသာတည့်ပေးပြီးစောင်လေးပါခြုံပေးလိုက်လေသည်။

ပြီးတော့စားပွဲပေါ်မှသိမ်းစရာရှိတာကိုလည်းသိမ်းနေရင်းJaehyunရဲ့ရေးလက်စစာအုပ်ကိုကြည့်မိတော့စာအုပ်ရဲ့ထိပ်ပိုင်းနေရာလေးမှာသူ့နာမည်နဲ့Jaehyunနာမည်ကိုရေးထားပြီးကြားထဲမှာအသည်းပုံလေးထည့်ထားလေသည်။

"ဟ....ဒီလိုလေးတွေလည်းတတ်တာပဲလား"

ကျေနပ်နေသောအပြုံးတစ်ခုကိုမျက်နှာမှာတပ်ဆင်ရင်းကုတင်ပေါ်မှာအိပ်မောကျနေသည့်ကောင်လေးကိုလည်းတစ်ချက်လှမ်းကြည့်မိလိုက်သည်။ပြီးတော့မီးပိတ်ကာသူလည်းJaehyumဘေးမှာဝင်လှဲရင်းအိပ်စက်ခြင်းဆီသို့ဥိးတည်လိုက်လေသည်။

ဒါပေမဲ့Juyeonချီကတည်းကမအိပ်ပျော်နေသေးသည့်Jaehyunလေးကတော့Juyeonသူ့ဘေးနားလှဲလာသည်နှင့်ရင်ခွင်ထဲလှိမ့်ကာဝင်သွားလေသည်။

"ဟင်....Jaeကမအိပ်သေးဘူးလား"

"အင်း....စောနကတည်းကမအိပ်ပျော်သေးတာJuချီပေးတာခံချင်လို့အိပ်ချင်ယောင်ဆောင်နေတာ"

"တစ်ကယ်လူလည်လေးပဲ"

"ဟိဟိ....ဒါပေမဲ့အခုတော့အိပ်တော့မယ်"

"အင်းအင်း....အိပ်တော့မနက်ဖြန်လည်းကျောင်းသွားရဥိးမယ်"

ဟုပြောရင်းဆိုရင်းလက်ကလည်းအော်တိုဖက်ပေးပြီးသားပင်။ပြီးတော့မှJaehyunလေးကအိပ်မပျော်သေးဘူးထင်ပါရဲ့။Juyeonကိုအသာလေးခေါ်လာပြန်သည်။

"Ju......အိပ်ပြီလားဟင်"

"ဟင်....ပြောလေJae"

JaehyunကJuyeonကိုရင်ခွင်ထဲနေမော့ကြည့်ရင်း

"ကြီးလာရင်Jaeနဲ့အတူတူနေမယ်မလားဟင်"

ကောင်လေးကဒီကိစ္စနဲ့ပတ်သက်ပြီးအတွေးများကာအိပ်မရနေဘူးထင်ပါရဲ့။သူ့အားမေးလာသည်မှာJuyeonကငြင်းလိုက်မှာကိုကြောက်နေသည့်လေသံလေးဖြင်။

"နေမှာပေါ့Jaeရဲ့"

"တစ်ကယ်နေမှာနော်......Jaeနားကနေမထွက်သွားဘူးနော်"

"အင်းပါ....တစ်ကယ်"

"ဒါဆိုကတိပေး"

ဆိုကာကလေးငယ်လေးတစ်ယောက်လိုမျိုးလက်သန်းလေးထောင်ရင်းသူ့အားကတိတောင်းလာလေသည်။Juyeonကလည်းသူ့ရဲ့လက်သန်းလေးနဲ့ဆက်နွယ်ကာကတိတစ်ခုကိုလည်းပေးလိုက်တော့မှကျေနပ်သွားသည်ထင်ပါရဲ့။Juyeonကလည်းစိုးရိမ်နေသည့်Jaehyunလေးရဲ့နှဖူးပြင်မှာအနမ်းတစ်ပွင့်ကိုညင်သာစွာခြေခြွလိုက်ရင်း

"အိပ်တော့Jae....မဖြစ်နိုင်တာတွေကိုမတွေးပူပါနဲ့"

ထိုသို့ပြောလိုက်မှသာသူ့အားပြန်လည်ဖက်တွယ်လာပြီးရင်ခွင်ထဲမှာတင်အိပ်ပျော်သွားလေတော့သည်။

__________________________________________

Thanks for reading🌸


Zawgyi

{ လက္သန္းခ်င္းဆက္ႏြယ္ၿပီးေပးလိုက္ေသာကတိေလးတစ္ခု }

ေနာက္တစ္ေန႕မနက္ခင္းကိုေရာက္ေတာ့ေက်ာင္းဖြင့္ရက္မလို႔ပုံမွန္လည္ပတ္ေနၾကသည့္ေန႕ရက္မ်ားအတိုင္းမနက္စာစားၿပီးသည္ႏွင့္Juyeonသူ႕စက္ဘီးေလးအားၿခံထဲထုတ္လာကာJaehyunအိမ္ဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ေကာင္ေလးကေက်ာပိုးအိတ္ေလးတစ္ဖက္လြယ္ၿပီးပါးစပ္ထဲမွာလည္းေပါင္မုန့္ေလးကိုက္ကာေျပးလာေလသည္။

"Jaeရာ....ဘာလို႔ေျပးလာတာလည္း ေခ်ာ္လဲေတာ့မယ္"

Jaehyunသူ႕ကိုခနေလးဆိုသည့္ပုံျဖင့္လက္ေထာင္ျပကာပါးစပ္ထဲမွေပါင္မုန့္အားမန​ည္းဝါးေနေသးသည္။အလိုက္သိတဲ့Juyeonကလည္းသူ႕ေက်ာပိုးအိတ္ထဲမွေရဘူးေလးထုတ္ၿပီးကမ္းေပးလိုက္သည္။

Jaehyunကလည္းJuyeonကမ္းေပးလာတဲ့ေရဘူးကိုယူလိုက္ၿပီးေတာ့ေရေသာက္ကာအေမာေျဖရေသးသည္။

"ရၿပီလား....."

"အင္း...ရၿပီ"

"ေနာက္ဆိုေျဖးေျဖးစားေလ.....နင္ေနရင္ဘာမွလုပ္မရျပဳမရျဖစ္ေနမယ္"

"ေအာ.....မနက္ထတာေနာက္က်သြားလို႔ျမန္ျမန္စားလာလိုက္ရတာ"

"ဟုတ္ပါၿပီ...ဒါဆိုလည္းသြားမယ္ေလ"

ဆိုကာJuyeonမွလွည့္လိုက္ေတာ့JaehyunကJuyeonအကၤ်ီစေလးကိုလွမ္းဆြဲလိုက္သည္။

"Juခန........."

Jaehyunမွေခၚေတာ့Juyeonကျပန္လွည့္ၾကည့္လာရင္း....

"ဘာျဖစ္လို႔လည္းJae"

JaehyunကJuyeonကိုမရဲတစ္ရဲၾကည့္ရင္း

"ဟို.......မေန႕ညကကိစၥေလ........အဲ့တာေလ........"

"မေန႕ညကဘာကိစၥတုန္း"

Juyeonေျပာလိုက္ေသာစကားေၾကာင့္Jaehyunတစ္ခ်က္အံ့ၾသမိသြားေလသည္။မေန႕ညကဘာကိစၥတုန္းလို႔ျပန္ေမးရေအာင္သူက်လဳပ္ခ်င္တာလုပ္ခဲ့ၿပီးေတာ့အခုမွမသိသလိုပုံနဲ႕လာေမးေနေသာေၾကာင့္Jaehyunစိတ္ပဲတိုလာသလိုလို။

မေန႕ညကJuyeonမူးၿပီးေတာ့မ်ားမမွတ္မိေတာ့တာလား။ဒါဆိုသူကပဲညေတာင္အိပ္လို႔မေပ်ာ္ေတာ့တဲ့အထိရင္ေတြတစ္လွပ္လွပ္ခုန္ၿပီးအ႐ူးပမာျဖစ္ေနခဲ့ရတာကိုJuyeonက်ေတာ့မူးၿပီးဘာမွမသိေတာ့တာလား။ဒါေပမဲ့လည္းဒါသူ႕ရဲ႕ပထမဦးဆုံးအနမ္းေလကြယ္။

"Ju.....ဘာစကားေျပာေနတာလည္း!! မေန႕ညတုန္းကသူပဲလူကိုလုပ္ခ်င္တိုင္းလုပ္ခဲ့ၿပီးေတာ့"

"မေန႕ညကငါဘာလုပ္ခဲ့မိလို႔လည္းJaeရဲ႕"

Juyeonထပ္မံေျပာလိုက္သည့္စကားေၾကာင့္Jaehyunထိုးပစ္ခ်င္စိတ္ပါေပါက္လာေတာ့သည္။ရင္ခုန္ေအာင္လုပ္ေတာ့လည္းသူပဲ။

"ေတာ္ၿပီ...ေက်ာင္းသြားမယ္!!"

ဆိုကာေဆာင့္ႀကီးေအာင့္ႀကီးနဲ႕လုပ္ေတာ့Juyeonကတစ္ခ်က္ၿပဳံးလိုက္ရင္းJaehyunနားနားေလးကိုကပ္ကာ

"မေန႕ညက...ဘီယာတိုက္တဲ့ကိစၥကိုေျပာတာလား"

ဟုေျပာလာေတာ့Jaehyunနား႐ြက္ကေမႊးညွင္းေပါက္ေလးမွစ၍တစ္ကိုက္လုံးၾကက္သီးမ်ားပင္တစ္ျဖန္းျဖန္းထသြားေတာ့သည္။

"Ju.....မွတ္မိတယ္လား.....မူးၿပီးေမ့သြားတာမဟုတ္ဘူးလား"

လို႔Jaehyunကေမးေတာ့Juyeonကတစ္ခ်က္ခပ္ဖြဖြရယ္ရင္း

"ငါကေမ့စရာလား....ၿပီးေတာ့ဘီယာေလးတစ္ဘူးေလာက္နဲ႕မူးစရာလား "

ထိုသို႔ေျပာေတာ့မွသာေစာနကထြက္ခဲ့သည့္ေဒါသတို႔ေရစုန္ေျမာၿပီးမ်က္ႏွာေပၚမွာရွက္ၿပဳံးေလးတစ္ခုကေရာက္လာကာ

"မသိဘူးေလ....ေစာနကသူပဲဘာကိစၥတုံးဆိုၿပီးေတာ့မသိသလိုလုပ္ေနၿပီးေတာ့"

"ဘာလည္းJaeက....အဲ့လိုနည္းနဲ႕ဘီယာတိုက္ေစခ်င္ေသးလို႔လား"

Juyeonမွထပ္စလာေတာ့Jaehyunမ်က္ႏွာေလးပန္းေရာင္သမ္းလာရေတာ့သည္။

"မဟုတ္ပါဘူး.....ဘာေတြေလွ်ာက္ေျပာေနတာလည္း!!! ေက်ာင္းေနာက္က်ေတာ့မယ္သြားရေအာင္!!"

ဆိုကာဇြတ္ကိုစကားလမ္းေၾကာင္းလြဲၿပီးရွက္သြားေသာJaehyunေလးရယ္ပါ။ဒါေပမဲ့Jaehyunေလးစိတ္ထဲမွာအဲ့လိုနည္းေလးနဲ႕ဘီယာတိုက္တယ္ဆိုတာထက္ဘီယာမပါဘဲထိေစခ်င္ေနတာကိုေရွ႕မွစက္ဘီးနင္းေနေသာJuyeonတစ္ေယာက္မသိခဲ့ပါေလ။
...........................

"Jaehyun nah!!!"

Jaehyunေန႕လည္စာစားၿပီးျပန္လာေတာ့သူ႕အားေခၚသံၾကား၍လွည့္ၾကည့္မိလိုက္သည္။ေက်ာင္းuniformေပၚမွာမွေနၾကာပန္းပုံပါသည့္အဝါေရာင္အေပၚထပ္ေလးနဲ႕ေရာက္လာတဲ့Yuri။

"အင္းေျပာေလ....Yuri"

"ငါနင့္နဲ႕ရွင္းရွင္းလင္းလင္းျဖစ္ေအာင္လို႔"

တစ္ကယ့္ကိုအတည္ေပါက္ေလသံနဲ႕ေျပာလာသည္မလို႔Jaehyunလည္းစိတ္ဝင္သြားေလသည္။

"အင္း....."

"ငါနင့္ကိုမေန႕ကဂိမ္းေဆာ့ေတာ့ႀကိဳက္တယ္လို႔ေျပာတာေလ.....အမွန္ေတာ့နင့္ကိုဟိုလိုသေဘာမ်ိဳးႀကိဳက္တာမဟုတ္ပါဘူး...ဒီအတိုင္းနင္ကစိတ္သေဘာထားလည္းေကာင္းၿပီးခင္ဖို႔ေကာင္းတဲ့လူျဖစ္လို႔အဲ့တာေလးကိုပဲသေဘာက်မိတာ နင္တစ္မ်ိဳးထင္ေနမွာစိုးလို႔"

"အာ......အင္း...ရပါတယ္"

ၿပီးေတာ့Yuriကအခ်ိဳသာဆုံးေသာအၿပဳံးေလးကိုၿပဳံးၿပီးJaehyunလက္ေမာင္းကိုသူ႕အက်င့္အတိုင္းသြားတို႔ကာ

"နင္ႀကိဳက္ေနတဲ့သူသပ္သပ္ရွိတာဘယ္သူလည္းဆိုတာငါသိတယ္ေနာ္"

"ဟင္.......ဘယ္သူလည္းသိလို႔လား"

"အင္း.....သိတာေပါ့....ဟိုမွာေလ...နင့္နားကိုေတာင္လာေနၿပီ.....byebyeေနာ္ငါသြားၿပီ"

ဆိုကာYuriကမ်က္လုံးတစ္ဖက္မွိတ္ျပၿပီးလွည့္ထြက္သြားေလသည္။Jaehyunလည္းေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနတုန္းမွာYuriျပခဲ့သည့္အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့Juyeonျဖစ္ေနသည္။

"Jaeအဲ့တစ္ေယာက္နဲ႕ဘာေတြေျပာေနတာလည္း!!"

"ဟင္.....ေအာ္.....YuriကJaeကိုလာရွင္းျပေနတာပါ သူႀကိဳက္တယ္ဆိုတာJaeကိုဒီအတိုင္းသေဘာက်တာပါပဲတဲ့အဲ့ထက္မပိုဘူးတဲ့"

"ေအာ္....အဲ့လိုလား"

"အင္း.....သြားရေအာင္ေလ...ခနေနေက်ာင္းတက္ေတာ့မယ္"

"အင္း"

ဆိုကာသြားမယ္ႀကံလိုက္ေတာ့Jaehyunရဲ႕လက္ေကာက္ဝတ္ႏွစ္ဖက္လုံးမွာသူေပးထားသည့္လက္ေကာက္ေလးမရွိေတာ့သည္ကိုသတိထားမိသြားေလသည္။

"Jae.....ငါေပးထားတဲ့လက္ေကာက္ေကာ"

Juyeonမွ႐ုတ္တစ္ရက္ေမးလာေတာ့Jaehyunကသူ႕လက္ႏွစ္ဖက္သူျပန္ၾကည့္ရင္းအံ့ၾသထိတ္လန့္စြာနဲ႕

"ဟမ္.....Jaeဝတ္လာပါတယ္...."

ဆိုကာစိုးရိမ္တစ္ႀကီးနဲ႕ငိုခါနီးပင္ျဖစ္လာရေတာ့သည္။ဒီလက္ေကာက္ေလးကသူ႕အတြက္ေတာ့ဘယ္ေလာက္အဖိုးတန္လိုက္သလည္း။ႏွလုံးသားထဲမွာေနရာယူေနသူေပးသည့္ပထမဦးဆုံးေသာလက္ေဆာင္ေလးျဖစ္တာမလို႔စိုးရိမ္ေၾကာင့္ၾကလာကာမ်က္ရည္ပင္စတင္ဝဲလာရေတာ့သည္။

ၿပီးေတာ့Jaehyunသူ႕အိပ္ကပ္ထဲက္ုရွာၾကည့္ေတာ့မွထြက္လာသည့္ဖန္စီလက္ေကာက္ေလး။ထိုမွသာရင္ထဲမွအပူလုံးႀကီးက်သြားသည့္ႏွယ္သက္ျပင္းခ်လိဳက္မိသည္။

"ေတာ္ပါေသးရဲ႕...ေပ်ာက္သြားၿပီထင္ေနတာ"

"ဒါနဲ႕Jaeကဘာလို႔မဝတ္ထားတာလည္း"

"မနက္တုန္းကေရခ်ိဳးေတာ့ခနခြၽတ္ၿပီးအိပ္ကပ္ထဲထည့္ထားမိတာ"

"ေရခ်ိဳးလည္းဝတ္ထားပါ"

မဝတ္ခ်င္ပါဘူး...ေရေတြစိုကုန္ရင္သံေခ်းတက္ကုန္မွာေပါ့Juေပးထားတာေလးကိုအဲ့လိုအျဖစ္မခံပါဘူး"

Juyeonကေတာ့ၿပဳံးလ်က္နဲ႕ပင္ေခါင္းေလးတစ္ခါခါ။

...........................

ထိုညေနေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့အခ်ိန္နဟုတ္အခါမဟုတ္ဘဲမိုးကစတင္႐ြာခ်ေလသည္။ႀကိဳတင္သတိထားခ်က္မရွိတာမလို႔ေက်ာင္းသားေက်ာင္းသူေတြေတာ္ေတာ္မ်ားမ်ားကလည္းထီးမယူလာမိခဲ့ၾက။ဒါေၾကာင့္ေက်ာင္းဆင္းသည္ႏွင့္ေက်ာင္းေရွ႕မွာလြယ္အိတ္ေလးေတြကာရင္းေျပးေနၾကသည့္ေက်ာင္းသားေက်ာင္းသူမ်ားဟာလည္းအမ်ားသား။

ထိုထဲမွာJuyeonနဲ႕Jaehyunေကာပါေလသည္။ေရခ်ိဴးရင္ေတာင္လက္ေကာက္ေလးေရစိုမွာေၾကာက္ေနသည့္Jaehyunအဖို႔ေတာ့အခုလိုမိုး႐ြာေတာ့လက္ေကာက္ေလးကိုသူ႕ရဲ႕ေက်ာပိုးအိတ္ထဲထည့္ကာJuyeonနဲ႕အတူတူေျပးေလေတာ့သည္။

စက္ဘီးကိုေတာ့ေက်ာင္းမွာပဲထားခဲ့လိုက္ၿပီးေျပးရင္းသာအိမ္ကိုျပန္လာလိုက္ၾကသည္။မိုး႐ြာထဲမွာတစ္ေယာက္လက္တစ္ေယာက္ကိုင္ၿပီးေျပးေနၾကသည္ေကာင္ေလးႏွစ္ေယာက္ရဲ႕ျမင္ကြင္းဟာလည္းၾကည္ႏူးဖြယ္ရာအတိ။

ငယ္ငယ္ကမိုး႐ြာလွ်င္မိုးေရထဲမွာေဆာ့ၾကသလိုမ်ိဴးအခုလည္းေျပးေနရသည္မွာေပ်ာ္ဖို႔ပင္ေကာင္းလွေလသည္။Juyeonကေရွ႕ကေနJaehyunလက္ေလးကိုကိုင္ကာေျပးရင္းJaehyunေခ်ာ္မလဲေစရန္လည္းဂ႐ုစိုက္ေပးေသးသည္။

သိပ္မၾကာလိုက္အိမ္ကိုေရာက္ေတာ့ထူးဆန္းစြာပင္Jaehyunရဲ႕အိမ္ကအျပင္ကေနေသာ့ခတ္ထားေလသည္။သူ႕ရဲ႕မိဘေတြလည္းျပန္မေရာက္ေသးပါဘဲအိမ္မွာအိမ္အကူမမတစ္ေယာက္သာရွိေနရမွာကိုအခုလိုေသာ့ခတ္ထားေတာ့Jaehyunေၾကာင္သြားေလသည္။

"အယ္....Jaeဆီမွာအိမ္ေသာ့မရွိဘူးလား"

"ဟင့္အင္း...မရွိဘူးပဲ....Jaeကိုဘာမွလည္းမေျပာသြားဘူး"

"ဖုန္းေကာဆက္ၾကည့္ပါလား"

"အင္း....."

Jaehyunလည္းသူ႕ရဲလက္ကိုင္ဖုန္းေလးမွတစ္ဆင့္အိမ္အကူမမဆီတက္ၾကည့္ေတာ့မကိုင္ေခ်။မိဘေတြကိုေခၚၾကည့္ေတာ့လည္းတစ္ေယာက္မွမကိုင္သည္မလို႔စိတ္ပင္ရႈပ္ေထြးလာရေတာ့သည္။

"ဟက္ခ်ိဴး!!!!"

မိုးေရထဲမွာေျပးလာခဲ့ရၿပီးအခုထိအဝတ္မလဲရေသးေတာ့Jaehyunတစ္ေယာက္ႏွာေခ်ာလာၿပီျဖစ္ေလသည္မလို႔Juyeonစိတ္ပူလာရသည္။

"Jae....ဘယ္သူမွဖုန္းမကိုင္ရင္လည္းထားလိုက္ေတာ့အရင္ဆုံးငါ့အိမ္မွာပဲအဝတ္လဲရေအာင္...ဒီအတိုင္းဆိုJaeဖ်ားလိမ့္မယ္"

"အင္း....."

Jaehyunၾကည့္ရသည္မွာလည္းေအးေနလို႔ထင္ပါရဲ႕။ကိုယ္ေလးကတုန္ေနေလသည္။

Juyeonသူ႕အိမ္ထဲဝင္လိုက္ေတာ့ထုံးစံအတိုင္းပေထြးျဖစ္သူကမရွိေနပါ။ဒါေၾကာင့္Jaehyunနဲ႕အတူအိမ္ထဲျမန္ျမန္ဝင္လိုက္ၿပီးJaehyunကိုအရင္ဆုံးသူ႕အခန္းထဲမွာအဝတ္စိုလဲၿပီးေရခ်ိဳးေစသည္။သူနဲ႕Jaehyunရဲ႕ခႏၶာကိုယ္ဆိုဒ္ခ်င္းဟာလည္းသိပ္မကြာသည္မလို႔ေပါ့ေပါ့ပါးပါးHoodieတစ္ထည္ႏွင့္အႏြေးေဘာင္းဘီရွည္တို႔အားထုတ္ထားလိုက္သည္။

Jaehyunေရခ်ိဳးလို႔ၿပီးေတာ့ထုတ္ထားသည့္အဝတ္မ်ားအားလဲေစၿပီးသူကိုယ္တိုင္လည္းေရခ်ိဳးအဝတ္စားလဲလိုက္သည္။အားလုံးၿပီးသြားေတာ့

"Jae...ႏြေးေကာႏြေးရဲ႕လား"

"အင္းႏြေးပါတယ္"

သူ႕ရဲ႕Hoodieေလးထဲမွာျမႇုပ္ေနရွာေသာJaehyunေလးကျပန္ေျဖေလသည္။

"ဒီညစာကိုေခါက္ဆြဲျပဳတ္ပဲစားလိုက္ၾကမလားမိုးေအးေအးနဲ႕ဆိုေတာ့"

"အင္းေကာင္းတယ္ ခ်ဥ္စပ္ေခါက္ဆြဲျပဳတ္ေလးဆိုပိုေကာင္းတယ္"

"Okေလ....ဒါဆိုေခါက္ဆြဲသြားျပဳတ္လိုက္ဦးမယ္"

"Jaeလည္းလိုက္မယ္"

ဒီလိုနဲ႕Juyeonကေခါက္ဆြဲျပဳတ္ေနတုန္းJaehyunကထမင္းစားစားပြဲရဲ႕ထိုင္ခုံမွာထိုင္ရင္းJuyeonကိုေငးေနမိေလသည္။အရပ္ေမာင္းလည္းရွည္သလိုအနည္းငယ္ေတာင့္တင္းသည့္ခႏၶာကိုယ္နဲ႕JuyeonဟာJaehyunအတြက္ေတာ့ၾကည့္ေကာင္းသည့္ေယာက်ာ္းေလးတစ္ေယာက္ဆိုတာထက္ကိုပိုပါသည္။

"ဘာေတြအဲ့ေလာက္ေတာင္ၾကည့္ေနတာလည္း"

"Juေခါက္ဆြဲျပဳတ္ေနတဲ့ပုံေလးကၾကည့္ေကာင္းလို႔"

Jaehyunကေျပာေတာ့Juyeonကခပ္ဖြဖြေလးရယ္ေလသည္။Jaehyunမွထပ္ၿပီး

"Jaeတို႔ႀကီးလာရင္လည္းေလ အတူတူေနရေအာင္ အတူတူေနၿပီးJaeကJuကိုဟင္းေတြအမ်ားႀကီးခ်က္ေကြၽးမယ္ Juကတစ္ခါတစ္ေလေလာက္မွခ်က္ေပါ့"

"အင္း.....ေကာင္းသားပဲ"

Juyeonရဲ႕ေျဖပုံကိုJaehyunသေဘာမက်ခ်င္ပါ။ဒါေၾကာင့္

"Juေျဖပုံကလည္းဘယ္လိုႀကီးလည္းအတူတူမေနခ်င္ဘူးလား"

"အဲ့လိုမဟုတ္ပါဘူးJaeရာ....ဒီမွာေခါက္ဆြဲျပဳတ္ထဲခနစိတ္ေရာက္သြားလို႔ပါ"

"ဒါဆိုဘာလည္း...Jaeေျပာတဲ့စကားထက္အဲ့ေခါက္ဆြဲျပဳတ္ကပိုအေရးႀကီးေနတယ္ေပါ့"

ရစ္စရာမရွိရွာႀကံကာရစ္ေနေသာJaehyunနားအားJuyeonသြားလိုက္ရင္းေခါင္းေလးကိုလည္းဖြကာ

"အိုက္ဂူး....ဒီဝက္ဝံေပါက္ေလးဘာေတြလာရစ္ေနေၾကာင္း"

JaehyunကJuyeonလက္ကိုအသာေလးတြန္းဖယ္ရင္း....

"ဖယ္ပါ....သူမ်ားကိုဝက္ဝံေပါက္တဲ့"

"ခ်စ္လို႔စတာကို"

"ထားပါ....ဟိုမွေခါက္ဆြဲေတြပြေတာ့မယ္လုပ္လိုက္ဦး"

"ဟုတ္ကဲ့ပါဗ်ာ"

မိုးေအးသည့္ညေလးမွာအလိုက္ဖက္ဆုံးညစာျဖသည့္ေခါက္ဆြဲျပဳတ္ကိုေကာင္ေလးႏွစ္ေယာက္စားေနၾကရင္းတစ္ေယာက္နဲ႕တစ္ေယာက္က်ီစယ္ေနၾကပါသည္။အိမ္ေလးဟာႏွစ္ေယာက္တည္းေပမဲ့ေပ်ာ္႐ႊင္ၾကည္ႏူးစရာေလးပင္။

ႏွစ္ေယာက္သားညစာလည္းစားၿပီးသြားၾကေတာ့က်န္ရွိေနသည့္အိမ္စာမ်ားကိုလည္းအတူတူလုပ္ရင္းအခ်ိန္ေတြအတူတူကုန္ဆုံးၾကျပန္သည္။နာရီပိုင္းေလာက္စာလုပ္ၿပီးသြားေတာ့10နာရီထိုးေနသျဖင့္Jaehyunတစ္ေယာက္ငိုက္လာေလသည္မလို႔စာေရးစားပြဲေပၚေလးမွာေမွာက္ရက္သားေလးမွိန္းေနလိုက္မိသည္။

စာလုပ္ေနရင္းတန္းလန္းtoiletခနသြားကာျပန္ေရာက္လာသည့္Juyeonမွျမင္ေတာ့Jaehyunေလးကိုတစ္ခ်က္ၾကည့္မိၿပီးၿပဳံးမိလိုက္သည္။သူျမတ္နိုးရာေလးကသူ႕Hoodieေလးထဲမွာနစ္ျမဳပ္ေနရွာၿပီးအိပ္ေပ်ာ္ေနသည္မွာလည္းတစ္ကယ့္ကိုဝက္ဝံေပါက္ေလးအတိုင္းပင္။

အိပ္ေပ်ာ္ေနသည့္ဝက္ဝံေပါက္ေလးနားကိုJuyeonသြားလိုက္ၿပီးအသာေလးခုံေပၚကေနမခ်ီလိုက္ကာေဘးကကုတင္ေပၚညင္သာစြာခ်ေပးလိုက္ေလသည္။မနိုးမိေစရန္လည္းသတိထားရင္းေခါင္းေလးကိုလည္းအသာတည့္ေပးၿပီးေစာင္ေလးပါၿခဳံေပးလိုက္ေလသည္။

ၿပီးေတာ့စားပြဲေပၚမွသိမ္းစရာရွိတာကိုလည္းသိမ္းေနရင္းJaehyunရဲ႕ေရးလက္စစာအုပ္ကိုၾကည့္မိေတာ့စာအုပ္ရဲ႕ထိပ္ပိုင္းေနရာေလးမွာသူ႕နာမည္နဲ႕Jaehyunနာမည္ကိုေရးထားၿပီးၾကားထဲမွာအသည္းပုံေလးထည့္ထားေလသည္။

"ဟ....ဒီလိုေလးေတြလည္းတတ္တာပဲလား"

ေက်နပ္ေနေသာအၿပဳံးတစ္ခုကိုမ်က္ႏွာမွာတပ္ဆင္ရင္းကုတင္ေပၚမွာအိပ္ေမာက်ေနသည့္ေကာင္ေလးကိုလည္းတစ္ခ်က္လွမ္းၾကည့္မိလိုက္သည္။ၿပီးေတာ့မီးပိတ္ကာသူလည္းJaehyumေဘးမွာဝင္လွဲရင္းအိပ္စက္ျခင္းဆီသို႔ဥိးတည္လိုက္ေလသည္။

ဒါေပမဲ့Juyeonခ်ီကတည္းကမအိပ္ေပ်ာ္ေနေသးသည့္Jaehyunေလးကေတာ့Juyeonသူ႕ေဘးနားလွဲလာသည္ႏွင့္ရင္ခြင္ထဲလွိမ့္ကာဝင္သြားေလသည္။

"ဟင္....Jaeကမအိပ္ေသးဘူးလား"

"အင္း....ေစာနကတည္းကမအိပ္ေပ်ာ္ေသးတာJuခ်ီေပးတာခံခ်င္လို႔အိပ္ခ်င္ေယာင္ေဆာင္ေနတာ"

"တစ္ကယ္လူလည္ေလးပဲ"

"ဟိဟိ....ဒါေပမဲ့အခုေတာ့အိပ္ေတာ့မယ္"

"အင္းအင္း....အိပ္ေတာ့မနက္ျဖန္လည္းေက်ာင္းသြားရဥိးမယ္"

ဟုေျပာရင္းဆိုရင္းလက္ကလည္းေအာ္တိုဖက္ေပးၿပီးသားပင္။ၿပီးေတာ့မွJaehyunေလးကအိပ္မေပ်ာ္ေသးဘူးထင္ပါရဲ႕။Juyeonကိုအသာေလးေခၚလာျပန္သည္။

"Ju......အိပ္ၿပီလားဟင္"

"ဟင္....ေျပာေလJae"

JaehyunကJuyeonကိုရင္ခြင္ထဲေနေမာ့ၾကည့္ရင္း

"ႀကီးလာရင္Jaeနဲ႕အတူတူေနမယ္မလားဟင္"

ေကာင္ေလးကဒီကိစၥနဲ႕ပတ္သက္ၿပီးအေတြးမ်ားကာအိပ္မရေနဘူးထင္ပါရဲ႕။သူ႕အားေမးလာသည္မွာJuyeonကျငင္းလိုက္မွာကိုေၾကာက္ေနသည့္ေလသံေလးျဖင္။

"ေနမွာေပါ့Jaeရဲ႕"

"တစ္ကယ္ေနမွာေနာ္......Jaeနားကေနမထြက္သြားဘူးေနာ္"

"အင္းပါ....တစ္ကယ္"

"ဒါဆိုကတိေပး"

ဆိုကာကေလးငယ္ေလးတစ္ေယာက္လိုမ်ိဳးလက္သန္းေလးေထာင္ရင္းသူ႕အားကတိေတာင္းလာေလသည္။Juyeonကလည္းသူ႕ရဲ႕လက္သန္းေလးနဲ႕ဆက္ႏြယ္ကာကတိတစ္ခုကိုလည္းေပးလိုက္ေတာ့မွေက်နပ္သြားသည္ထင္ပါရဲ႕။Juyeonကလည္းစိုးရိမ္ေနသည့္Jaehyunေလးရဲ႕ႏွဖူးျပင္မွာအနမ္းတစ္ပြင့္ကိုညင္သာစြာေျခႁခြလိုက္ရင္း

"အိပ္ေတာ့Jae....မျဖစ္နိုင္တာေတြကိုမေတြးပူပါနဲ႕"

ထိုသို႔ေျပာလိုက္မွသာသူ႕အားျပန္လည္ဖက္တြယ္လာၿပီးရင္ခြင္ထဲမွာတင္အိပ္ေပ်ာ္သြားေလေတာ့သည္။

__________________________________________

Thanks for reading🌸




Bạn đang đọc truyện trên: Truyen4U.Com