Chapter 18
နောက်နေ့မနက်ရောက်တော့လည်းJuyeonရင်ခွင်ထဲကJaehyunကနွေးထွေးမှုလေးနဲ့အတူပင်ကျက်သရေရှိလှတဲ့မနက်ခင်းကိုစတင်ရလေသည်။နှစ်ယောက်သားအတူတူထလိုက်ကြပြီးလုပ်စရာရှိသည်များလုပ်ကာကျောင်းသွားရန်အဆင်သင့်ပြင်ကြလေသည်။
မသွားခင်Jaehyunကသူ့အိမ်ဘက်ကိုလှမ်းကြည့်လိုက်တော့အိမ်တံခါးပွင့်နေတာကိုတွေ့လိုက်ရပြီးအိမ်ထဲမှာလည်းလူရိပ်မြင်လိုက်ရသည်မလို့
"Juရေ....Ommaတို့လားမသိဘူး...အိမ်မှာလူရိပ်တွေ့လိုက်တယ်"
"ဟုတ်လား....ဒါဆိုသွားကြည့်ကြမယ်လေ"
နှစ်ယောက်သားလည်းအိမ်ဘက်ကိုသွားကြည့်လိုက်ကြတော့ထင်သည့်အတိုင်းJaehyunရဲ့မိဘတွေပြန်ရောက်နေကြလေသည်။
"Omma!!! Appa!!!!"
Jaehyunရဲ့ခေါ်သံလည်းကြားတော့မိဘဖြစ်သူနှစ်ယောက်ကလှည့်ကြည့်ကြသည်။
"Jaehyunသားလေး.....ဘယ်ရောက်နေတာလည်း"
Ommaမှမေးတော့Jaehyunကအပေါက်ဝမှာရှိနေသည့်Juyeonကိုလည်းပြရင်းနဲ့
"မနေ့ကမိုးမိတာလေ အဲ့တာအိမ်တံခါးကလည်းပိတ်ထားတော့Juအိမ်မှာပဲအိပ်လိုက်တာ"
"အော်......"
"ဒါနဲ့Ommaတို့ဘယ်တုန်းကပြန်ရောက်တာလည်း အိမ်အကူမမကကောဘယ်မှာလည်း"
ဒိတစ်ခေါက်မေးခွန်းကိုတော့Jaehyunရဲ့အဖေဖြစ်သူမှဖြေလေသည်။
"Appaတို့စောနလေးတင်မှရောက်တာ အိမ်အကူမမက........သူ့အမေနေမကောင်းလို့ဆိုပြီးမွေးရပ်မြေပြန်သွားတယ်"
"အော်....အဲ့တာသားကိုလည်းဖုန်းမဆက်သွားဘူး"
"အော်...အဲ့တာကတော့သူလည်းအလျင်လိုနေလို့ဖြစ်မှာပါ"
"အင်း....ဒါဆိုသားတို့ကျောင်းသွားလိုက်ဦးမယ်နော်"
"အော်...အေး ဖြေးဖြေးသွားကြဦး"
"ဟုတ်ကဲ့ပါ"
Jaehyunနဲ့Juyeonလည်းမိဘတွေကိုနှုတ်ဆက်ခဲ့ပြီးတော့ကျောင်းကိုလမ်းလျှောက်လာလိုက်ကြလေသည်။မနေ့ကမိုးရွာတော့စက်ဘီးကိုကျောင်းမှာထားခဲ့သည်မလို့ဒီနေ့တော့ကိုယ့်ခြေထောက်ကိုသာအားကိုးရတော့လေသည်။ကျောင်းကအရမ်းတော့မဝေးပေမဲ့နီးလည်းမနီးတာမလို့လမ်းလျှောက်ရတာတော့ညောင်းလှပါသည်။
"Jaeညောင်းနေပြီလား"
သိသိသာသာမျက်နှာလေးအနည်းငယ်ပျက်နေသည့်Jaehyunကိုသတိထားမိတော့Juyeonမေးလိုက်သည်။ဒါပေမဲ့ကောင်လေးကတော့
"ဟင့်အင်း....မညောင်းပါဘူးခနနေရင်ရောက်တော့မှာပဲကို"
မညောင်းဘူးသာပြောနေတာJaehyunလေးညောင်းနေတယ်ဆိုတာကိုJuyeonသိတာပေါ့။ဒါကြောင့်မလို့လမ်းလျှောက်နေရာကနေရပ်လိုက်ပြီးသူ့ရဲ့ကျောပိုးအိတ်ကိုချွတ်ကာJaehyunဆီသို့ပေးလိုက်လေသည်။Jaehyunကလည်းဘုမသိဘမသိJuyeonလက်ထဲမှကျောပိုးအိတ်ကိုလှမ်းယူလိုက်မိသည်။
JuyeonကJaehyunရဲ့ရှေ့မှာကျောပေးပြီးဒူးအနည်းငယ်ညွှတ်လိုက်ကာ
"လာတက်....ကုန်းပိုးပေးမယ်"
"ဟာ...ရပါတယ်Juကလည်းJuညောင်းမှာပေါ့"
"ကိုယ်မညောင်းတက်တာJaeသိတယ်မလား တက်စမ်းပါ"
"တစ်ကယ်ရတယ်နော်"
"အင်း...ရပါတယ်ဆို"
JaehyunကJuyeonကိုမပင်ပန်းစေချင်တာမှန်ပေမဲ့လည်းJuyeonကုန်းပိုးတာကိုခံဖူးချင်ရှာတော့လွယ်အိတ်လေးကိုသယ်ကာJuyeonကျောပေါ်တက်လိုက်လေသည်။
"Jaeကမလေးဘူးလား"
"မလေးပါဘူး....သစ်ရွက်လေးလိုပဲပေါ့တယ်"
"အမလေး....သစ်ရွက်လောက်ကတော့တစ်အားပိုသွားပြီLee Juyeon ssi"
"ဟဟ...."
ဆောင်းဦးရာသီအငွေ့သက်လေးတွေလွှမ်းခြုံနေတဲ့လမ်းပေါ်မှာရွက်စိမ်းညို့ညို့တို့နေရာယူသည့်သစ်ပင်ကြီးများနဲ့အတူကောင်လေးနှစ်ယောက်ရဲရယ်သံလေးဟာလည်းပျံ့လွှင့်လာသည်မှာနားဝင်ချိုလှပါသည်။
ကုန်းပိုးထားတဲ့ကောင်လေးဟာလည်းအပြုံးမပျက်သလိုကုန်းပိုးခြင်းခံထားရသည့်ကောင်လေးရဲ့မျက်နှာပေါ်မှာလည်းပျော်ရွှင်ခြင်းတို့နဲ့ပြည့်ဝလို့နေသည်။
Juyeonရဲ့ဂုတ်ပိုးလေးကိုတဲ့Jaehyunတစ်ယောက်ဖက်ထားရင်းမှာတင်မသိမသာလေးJuyeonဂုတ်လေးအားသွားနမ်းမိလေတော့သူ့ဟာသူရှက်ပြီးပြုံးလို့နေပြန်သည်။သူဘယ်လောက်ပဲခိုးနမ်းပါစေဦးတော့အနမ်းခံရသည့်ကောင်လေးကလည်းသတိထားမိသွားသည်ထင်။
"ကိုယ့်ကိုခိုးနမ်းရတာသဘောကျနေတာလား"
"ဟင်.....မဟုတ်ပါဘူးဒီအတိုင်းထိမိသွားတာပါJuကလည်း"
ကောင်လေးကရှက်တော့အမှန်တိုင်းဝန်မခံချင်နေဘူးထင်ပါရဲ့။
"Juရေ....."
"ပြောလေJae"
"ဒီတစ်ခေါက်ကျောင်းပိတ်ရက်ရှည်ကျရင်လေ တစ်နေရာကိုအတူတူသွားလည်ရအောင်မြို့ထဲမှာပဲဖြစ်ဖြစ်"
"Dateလုပ်ချင်လို့လား"
"အင်း....Juနဲ့တစ်ခါမှသေချာမdateဖူးသေးဘူးလေ"
"အင်းပါ....ဒါဆိုJaeဘယ်သွားချင်လို့လည်း"
"ဒီအတိုင်းပဲ...တစ်ခုခုသွားစားရင်းနဲ့ကြောင်လေးတွေသွားကြည့်ကြမလားလို့"
"ကောင်းတယ်လေ သွားကြတာပေါ့....ဒါနဲ့Jaeကကြောင်လေးတွေချစ်တာလား"
"အင်းချစ်တယ်လေ....(Juကိုကော)"
"(ကိုယ့်ကိုကောမချစ်ဘူးလား)"
စိတ်ထဲကနေရေရွတ်လိုက်တဲ့စကားလုံးလေးတွေဖြစ်သည်မလို့လေညင်းလေးကကြားအောင်မသယ်ဆောင်နိုင်ပေးတော့ကောင်လေးနှစ်ယောက်ဘယ်သိပါ့မလည်းနော်။
...................
ကျောင်းရဲ့ကာယအချိန်ကိုရောက်တော့အထက်တန်းကျောင်းသားကျောင်းသူတွေအကုန်လုံးအခန်းအသီးသီးမှထွက်လာကြပြီးဝတ်စုံလဲကာကျောင်းအားကစားရုံထဲသို့ဝင်လာလိုက်ကြလေသည်။
ဒီတစ်ခေါက်တော့ဆရာမကလွတ်လပ်ခွင့်ပေးထားသည်မလို့အပြင်ကွင်းထဲမှာဘောလုံးကန်သည့်သူကကန်နဲ့ရုံထဲမှာပဲဘက်စကတ်ဘောဆော့သည့်သူကဆော့နဲ့မိန်းကလေးများကတော့တင်းနစ်ရိုက်တာတို့ကြက်တောင်ရိုက်တာတို့ဆော့နေကြလေသည်မလို့ကျောင်းလေးဟာလည်းစိုစိုပြေပြေလေးနှင့်ရှိလို့နေသည်။
Juyeonနဲ့Jaehyunကတော့Younghoonကခေါ်သည်မလို့ဘက်စကတ်ဘောအတူတူဆော့နေကြလေသည်။အကုန်လုံးမထင်မှတ်ထားသလိုJuyeonကဆော့တာတော်သည့်အတွက်ကြောင့်အံ့သြလို့နေကြလေသည်။သူ့ထက်အရပ်ရှည်သည့်Younghoonတောင်Juyeonကိုမနိုင်ပါ။
ဒီလိုနဲ့ပဲပျော်ပျော်ပါးပါးကစားနေကြတုန်းမှာတစ်ဖက်အခန်းရဲ့ကောင်လေးအုပ်စုကသူတို့နဲ့လာဆော့လေသည်။Juyeonကတော့သိပ်သဘောမကျချင်ပေမဲ့အများနဲ့ဆော့ကစားရသည်မလို့သူဘာမှတော့ဝင်မပြော။
ထိုကောင်လေးအုပ်စုကအပျော်ဆော့သည်ဆိုတာထက်အနိုင်ယူချင်လို့လာဆော့တာနဲ့ပိုတူနေလေသည်။တစ်ဖက်သူကိုလည်းညှာတာမှုမရှိသလိုအားနဲ့ဆောင့်ကာတွန်းဆော့နေသည်မလို့Juyeonပိုလို့ပင်မကြည်ချင်တော့ပါ။
ထိုကောင်လေးအုပ်စုထဲမှာအားကောင်းမောင်းသန်တစ်ယောက်ကဘောလုံးကိုဝင်ချင်ဇောနဲ့အရှေံမှာလာပိတ်ပြီးဘောလုံးလုသည့်Jaehyunလေးအား အားဖြင့်ဆောင့်ကာတွန်းလိုက်လေသည်။ရုတ်တစ်ရက်လည်းဖြစ် အင်အားခြင်းလည်းမမျှသည်မလို့Jaehyunလေးမှာအဝေးကိုလွှင့်ထွက်သွားပြီးလဲကျသွားတော့သည်။
"Jae!!!!"
JuyeonမှာJaehyunလဲကျသွားသည်နှင့်တသ်ပြိုင်နက်ချက်ချင်းပင်ပြေးသွားလေသည်။ကျန်သည့်ကျောင်းသားများမှာလည်းရုတ်တစ်ရက်ဖြစ်သွားသည်မလို့ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ။
"Jae....အဆင်ပြေလား.....ဘာဖြစ်သွားသေးလည်း!!"
Juyeonမေးသည်ကိုJaehyunကချက်ချင်းပြန်မဖြေနိုင်သေးချေ။မနည်းအားယူကာထပြီးတော့မှ
"ရတယ်....အဆင်ပြေပါတယ်"
Jaehyunစကားပြန်ပြောနိုင်ပြီးထနိုင်တော့မှဒေါသထွက်နေသည့်JuyeonဟာJaehyunကိုတွန်းခဲ့သည့်ကောင်လေးနားအားသွားလိုက်ပြီးမျက်ခွက်ကိုတစ်ချက်ပိတ်ထိုးလိုက်သည်မှာမည်သူမျှတောင်တားချိန်မရလိုက်။
"ဟာ....Juyeon စိတ်ထိန်းဦး!!!"
Younghoonကမနည်းJuyeonကိုဆွဲရင်တားနေရသည်။
Juyeonထိုးလိုက်တာဘယ်လောက်တောင်အားပါသွားသည်မသိ။အထိုးခံလိုက်ရသည့်ကောင်လေးကတစ်ချက်တည်းနဲ့လဲကျသွားသလိုနှုတ်ခမ်းထောင့်မှာတောင်သွေးထွက်သွားလေသည်။
"မင်းတစ်မင်သက်သက်လုပ်တာငါမသိဘူးထင်မနေနဲ့ "
"သူ့ဘာသာသူမခံနိုင်လို့လဲတာလေ!! ယောကျာ်းလေးဖြစ်ပြီးဒါလေးတောင်မခံနိုင်တာအခြောက် မလို့လား!!!!!"
လဲကျနေတာတောင်မမှတ်သေးဘဲမျက်နှာပြောင်တိုက်စွာပြောလာသည်စကားကြောင့်Juyeonဒေါသပိုထွက်လာကာYounghoonကတားနေရင်းမှာပင်ထိုကောင်လေးအားပြေးပြီးဆောင့်ကန်ပစ်လေသည်။
"အဲ့စောက်ပါးစပ်ကိုပိတ်ထား!!!"
ပြီးတော့မကျေနပ်နိုင်သေးဘဲအပေါ်မှခွကာထပ်ထိုးလေသည်။ထိုကောင်လေးရဲ့သူငယ်ချင်းအပါအဝင်YounghoonကပါJuyeonကိုဆွဲနေပေမဲ့လုံးဝမရ။အထိုးခံရသည့်ကောင်လေးရဲ့မျက်နှာမှာတော့သွေးတွေအလိမ်းလိမ်းဖြစ်လာတော့သည်။
"Juတော်တော့!!!!"
အနောက်ကနေထွက်ပေါ်လာသည့်Jaehyunလေးရဲ့အသံကြားမှသာJuyeonထိုးနေတဲ့လက်တို့လေထဲမှာပင်ရပ်တန့်သွားတော့သည်။အနောက်ကိုလှည့်ကြည့်လိုက်တော့ကောင်လေးကအနည်းငယ်ငိုနေပြီးJuyeonကိုတော်ပါတော့ဆိုသည့်အသနားခံမျက်လုံးများဖြင့်ကြည့်နေလေသည်မလို့Juyeonထိုးနေရာမှရပ်ကာထလိုက်မိသည်။
Younghoonကလည်း
"တော်တော့ကွာJuyeon ပြီးတော့မင်းတို့တွေစဆော့ကတည်းကငါတို့ကိုအငြိုးနဲ့လာဆော့မှန်းငါသိတယ် Jaehyunကိုတစ်မင်တွန်းထုတ်မှန်းလည်းငါသိတယ် အချင်းချင်းတွေပဲကိုဘာတွေမနာလိုဖြစ်နေတာလည်း!!!"
အတန်းရဲ့အားကိုးရသူပီသစွာYounghoonကပြောတော့မှဟိုကောင်လေးအုပ်စုလည်းမျက်နှာတွေအောက်ငုံ့သွားကြလေသည်။
ထိုစဥ်အားကစားရုံထဲသို့ဆရာမဝင်လာပြီးရန်ဖြစ်သည့်Juyeonနှင့်ထိုကောင်လေးတို့အားခေါ်သွားလေသည်။နောက်ကနေJaehyunနဲ့Younghoonကလည်းလိုက်သွားသည်။
...............
"ကဲ ပြောစမ်းပါဦး ငါကတော့နင်တို့တွေကိုလွတ်လွတ်လပ်လပ်ဆော့ပါစေဆိုပြီးပေးဆော့ထားတာကိုရန်ဖြစ်ရတဲ့အကြောင်းရင်းလေး!!!!"
အတန်းပိုင်ဆရာမရဲ့လေသံဟာရုံးခန်းတစ်ခုလုံးဖုံးလွှမ်းနေပြီးဒေါသဘယ်လောက်တောင်ထွက်နေမလညးဆ်ိုတာကြားရုံနဲတင်ခန့်မှန်းမိစေနိုင်ပါသည်။
"သူသားကိုအရင်ထိုးတာSam သားဘာမှမလုပ်ရသေးဘူး"
မျက်နှာပြောင်တိုက်စွာပင်အပြစ်မရှိသည့်လေသံဖြင့်ပြောနေသောထိုကောင်လေးအားJuyeonကြည့်ပြီးစိတ်ပျက်လျက်။
"နင်ကအရင်ထိုးတာလားLee Juyeon!!"
"ဟုတ်ပါတယ်Sam"
"ဘာလို့လည်း"
"ကြည့်မရလို့"
ခပ်ပြတ်ပြတ်ပြောလိုက်သည့်Juyeonရဲ့စကားကြောင့်ဆရာမကိုယ်တိုင်တောင်အံ့သြမိပါသည်။ဂျစ်ကန်ကန်ပြန်ဖြေနေသည့်Juyeonနဲ့ဘယ်လိုမှအဆင်မပြေနိုင်တာကိုသိတဲ့အတွက်ကြောင့်နောက်ကရောက်လာသည့်Younghoonကအဖြစ်ပျက်ကိုပြန်လည်ရှင်းပြရတော့သည်။
"Sam....Juyeonကစထိုးတာမှန်ပေမဲ့အဲ့ကောင်တွေကကျွန်တော်တို့စဆော့ကတည်းကအငြိုးနဲ့လုပ်နေတာပါ အဲ့တာJaehyunကိုတွန်းထုတ်လိုက်လို့Juyeonကစိတ်တိုပြီးထိုးလိုက်တာပါပြီးတော့အဲ့ကောင်ကJaehyunကိုအခြောက်လို့လည်းခေါ်တယ်"
"Younghoonပြောတာတွေအကုန်ဟုတ်လား!!"
ဆရာမမှမေးလာတော့ဟိုကောင်လေးကJuyeonကိုစေ့စေ့တောင်မကြည့်ရဲ။
"အဲ့တာက......."
"တော်ပြီ တော်ပြီ!!!! မင်းတို့နှစ်ယောက်လုံးမှာအပြစ်ရှိတာမလို့အမှိုက်သွန်တာနှစ်ပတ်တိတိလုပ်ရမယ်"
ဆရာမလည်းပြောဆိုပြီးတော့အကုန်လုံးလည်းရုံးခန်းထဲမှထွက်လာလိုက်ကြလေသည်။Jaehyunကတော့ထွက်ထွက်လာချင်းမှာJuyeonကိုကျောင်းရဲ့နားနေရာခုံတန်းတွေနားကိုဆွဲခေါ်သွားလေသည်။
"လက်ပေး......"
ပြောသလိုလက်ပေးလိုက်တော့JaehyunကJuyeonရဲ့လက်မှာထိုးထားလို့ရသွားသည့်ဒဏ်ရာလေးအားအနာကပ်ပလာစတာကပ်ပေးလေသည်။
"Jaeကိုကျတော့ရန်မဖြစ်နဲ့ပြောပြီးသူကျတော့ဖြစ်တယ်နော်"
"ဒေါသထွက်သွားလို့ပါ"
"ဘယ်လောက်ပဲဒေါသထွက်ထွက်လေ Juကအဲ့လိုမျိုးတစ်ဖက်သားကိုနာကျင်အောင်လုပ်တတ်တဲ့လူစားမျိူးမှမဟုတ်တာ နောက်ဆိုဒီလိုထပ်မလုပ်ပါနဲ့ ဒါတောင်ဟိုကပြန်မထိုးလို့ ထိုးရင်Juပဲထပ်နာရဦးမှာ"
သူ့အားဆူနေသောJaehyunလေးကိုကြည့်ပြီးJuyeonသဘောကျစွာပြုံးမိပါသည်။ညာဘက်လက်မှာသူပေးထားသည့်လက်ကောင်လေးဝတ်ထားသည်ကြောင့်လည်းထင်ပါရဲ့။
"Jaeက ကိုယ့်ကိုစိတ်ပူပေးတာလား"
"မပူဘဲနေပါ့မလား နောက်တစ်ခါဒီလိုထပ်ပြီးရန်ဖြစ်ကြည့်အဲ့ကျရင်Jaeကိုယ်တိုင်Juကိုထိုးမှာ"
"နှုတ်ခမ်းနဲ့လား"
"အင်း...အဲမဟုတ်ပါဘူး ဘာတွေပြောနေတာလည်း!! လက်သီးနဲ့ထိုးမှာပြောနေတာ"
Juyeonစလိုက်တော့Jaehyunဘယ်လောက်တောင်ရှက်သွားသည်မသိနားရွက်ဖျားလေးတွေတောင်နီရဲလာလေသည်။ဒါကိုလည်းJuyeonကသဘောကျစွာမျက်လုံးများမှေးသည်အထိပြုံးနေလျက်ပင်။
__________________________________________
Thanks for reading🌸
Zawgyi
"Omma!!! Appa!!!!"
"အော်......"
"ဟုတ်ကဲ့ပါ"
"Jaeညောင်းနေပြီလား"
"တစ်ကယ်ရတယ်နော်"
"အင်း...ရပါတယ်ဆို"
"Jaeကမလေးဘူးလား"
"ဟဟ...."
"Juရေ....."
"ပြောလေJae"
"Dateလုပ်ချင်လို့လား"
...................
"Jae!!!!"
"ရတယ်....အဆင်ပြေပါတယ်"
"ဟာ....Juyeon စိတ်ထိန်းဦး!!!"
"Juတော်တော့!!!!"
Younghoonကလည်း
...............
အတန်းပိုင်ဆရာမရဲ့လေသံဟာရုံးခန်းတစ်ခုလုံးဖုံးလွှမ်းနေပြီးဒေါသဘယ်လောက်တောင်ထွက်နေမလညးဆိုတာကြားရုံနဲတင်ခန့်မှန်းမိစေနိုင်ပါသည်။
"ဟုတ်ပါတယ်Sam"
"ဘာလို့လည်း"
"ကြည့်မရလို့"
"အဲ့တာက......."
"လက်ပေး......"
"ဒေါသထွက်သွားလို့ပါ"
"ဘယ်လောက်ပဲဒေါသထွက်ထွက်လေ Juကအဲ့လိုမျိုးတစ်ဖက်သားကိုနာကျင်အောင်လုပ်တတ်တဲ့လူစားမျိုးမှမဟုတ်တာ နောက်ဆိုဒီလိုထပ်မလုပ်ပါနဲ့ ဒါတောင်ဟိုကပြန်မထိုးလို့ ထိုးရင်Juပဲထပ်နာရဦးမှာ"
"နှုတ်ခမ်းနဲ့လား"
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com