Chào các bạn! Truyen4U chính thức đã quay trở lại rồi đây!^^. Mong các bạn tiếp tục ủng hộ truy cập tên miền Truyen4U.Com này nhé! Mãi yêu... ♥
Chapter 19
A/N - ဒီအပိုင်းအတွက်ကတော့အပေါ်မှာပြထားတဲ့Juyeonနဲ့Jaehyunတို့ရဲ့boylogထဲကဟာကိုinspiredယူပြီးရေးမှာဖြစ်ပါတယ်။တစ်ထပ်တည်းတော့မတူပါဘူးနော်👀 readernimတို့အားရင်လည်းboylogလေးကြည့်လိုက်ကြပါဦး😆 မသိရင်တစ်ကယ့်အတွဲတွေdateနေသလိုနဲ့​တောင်တူသေးတယ်😅
...........................................................................
~ First or last ~
"Omma....Jaeဒီနေ့Juyeonနဲ့အပြင်သွားမလို့ရတယ်မလား"
"သွားလေ သားရဲ့"
"ဟုတ်....အာ...ဒါနဲ့လေ အိမ်အကူမမကအိမ်ပြန်သွားတာဆိုမေမေပြောတော့"
"အင်းဟုတ်တယ်လေ ဘာလို့လည်း"
"အဲ့တာဆိုမမကဖုန်းဘာလို့မယူသွားတာလည်းမသိပါဘူး Jaeအခန်းရှေ့ကစင်အောက်နားမှာမမရဲ့ဖုန်းပြုတ်ကျနေတာ"
Jaehyunပြောတော့သူ့ရဲ့Ommaကအနည်းငယ်အံ့သြသွားသည့်မျက်နှာထားဖြင့်
"အယ်....ဟူတ်လား.....အော်သူကျကျန်ခဲ့တာဖြစ်လိမ့်မယ် ထားလိုက် Ommaသိမ်းထားပေးလိုက်မယ်"
"ဟုတ်ကဲ့ ဒါဆိုသားသွားပြီနော်"
"အင်းအင်း"
................
"အဲ့တာဘယ်သွားမလို့လည်း!!"
Juyeonတစ်ယောက်Jaehyunနဲ့ချိန်းထားသည်ဖြစ်တာမလို့ဝတ်ကောင်းစားလှလေးဝတ်ပြီးအိမ်အောက်ထပ်ဆင်းအလာဘယ်တုန်းကတည်းကပြန်ရောက်နေမှန်းမသိသည့်ပထွေးဖြစ်သူမှမေးလာလေသည်။
"ကျွန်တော်အပြင်ခနသွားမလို့"
"ဘယ်သူနဲ့လည်း"
"Jaehyunနဲ့ပါ"
Jaehyunနဲ့လို့ပြောလိုက်တော့မျက်နှာထားဟာပိုတင်းသွားပြီးထိုင်နေရာမှလည်းထလာကာJuyeonအနားကိုရောက်လာလေသည်။
"မင်းအဲ့ကောင်လေးနဲ့သူငယ်ချင်းတွေပဲလား"
မေးလာသည့်မေးခွန်းကဘယ်ကိုဦးတည်နေသလည်းဆိုတာJuyeonကောင်းကောင်းသဘောပေါက်ပါသည်။ဒါပေမဲ့သူပြန်မဖြေ။သူငယ်ချင်းတွေပဲလားဆိုတော့လည်းဟုတ်ပေမဲ့သူတို့ကအဲ့ထက်ပိုသည်လေ။
"ငါမေးတာမဖြေဘူးဆိုတော့ သူငယ်ချင်းထက်ပိုနေလို့လား!!"
ဒါလည်းJuyeonကပြန်မဖြေပဲရပ်သာနေလေသည်။
"ငါမင်းတို့ကိုအဲ့နေ့ညကမြင်လိုက်တယ် ခြံနောက်ဘက်မှာမင်းအဲ့ကောင်လေးကိုနမ်းလိုက်တာ"
Juyeonအနည်းငယ်တုန်လှုပ်သွားလေသည်။ဒါပေမဲ့စိတ်ကိုပြန်တင်းကာ
"ဟုတ်တယ်.....ကျွန်တော့်သူ့ကိုသူငယ်ချင်းထက်ပိုနေတာ"
"Lee Juyeon!!!! မင်းကိုငါဒီအရွယ်ရောက်တဲ့အထိထိန်းကျောင်းလာတာအခုလိုမျိုးအဓိပ္ပါယ်မရှိယောကျာ်းတစ်ယောက်နဲ့ချစ်ကြိုက်ဖို့မဟုတ်ဘူး!!!!"
"ဘာ.....ထိန်းကျောင်းခဲ့တယ်....ခင်ဗျားက ကျွန်တော့်ကိုထိန်းကျောင်းခဲ့တာလား ထိန်းသိမ်းခဲ့တာလား ကိုယ့်ဟာကိုပြန်မေးကြည့်ဦး!!! ပြီးတော့Jaeကိုလည်းအဓိပ္ပါယ်မရှိဘူးလို့မပြောနဲ့!!"
ပြန်ခံပြောလိုက်မိတော့လက်သီးတစ်ချက်ကိုကောင်းကောင်းရလိုက်ပြန်ပါသည်။ဒါပေမဲလည်းအရေထူခဲ့လေပြီ။ရိုက်တိုင်းထိုးတိုင်းနာကျင်နေရအောင်သူဟာပျော့ညံ့သည့်သူမဟုတ်တော့။
အထိုးခံရသည်ကိုပင်အရေးမလုပ်ဘဲခပ်တည်တည်ဖြင့်
"ကျွန်တော်သွားလိုက်ပါဦးမယ် ချိန်းထားတာနောက်ကျနေမှာစိုးလို့"
ဆိုကာထွက်သွားလေသည်။
.............
"Ju!!"
"အင်း...သွားရအောင်လေ ကြောင်လေးတွေအရင်သွားကြည့်ကြမလား"
"အမ်....ခနလေး....Juဘာဖြစ်ခဲ့တာလည်း နှုတ်ခမ်းထောင့်မှာသွေးထွက်နေတယ်"
Juyeonကသွေးထွက်နေသည့်နှုတ်ခမ်းထောင့်အားအလျင်အမြန်သုတ်လိုက်ပြီးပြတ်ပြုံးပြကာ
"ဘာမှမဖြစ်ပါဘူး ရတယ် လာသွားမယ်လေ"
Juyeonတစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကိုသိနေပင်မဲ့လည်းမပြောချင်သည့်ပုံမလို့Jaehyunလည်းဆက်မမေးတော့ချေ။
"အင်းပါ.....cafeဆိုင်အရင်သွားမလားလို့ Jaeမနက်စာမစားလာခဲ့ဘူး"
"အာ...ဒါဆိုလည်းcafeကိုအရင်သွားတာပေါ့"
..........
နေရောင်အရှိန်မှာရေးရေးလေးသာရှိနေပြီးတိမ်များအုံ့ဆှိုင်းနေသည်မှာ​ဆောင်းရာသီရဲ့အငွေ့အသက်ကိုဖော်ကြူးနေသည့်အလား။ရာသီဥတုဟာလည်းအေးစိမ့်စိမ့်လေးဖြစ်နေသည်မလို့အနွေးထည်လေးမပါရင်တော့မခံနိုင်ဖြစ်လိမ့်မည်။
လမ်းမပေါ်တွင်လည်းကားတွေတန်းစီနေပေမဲ့မှန်များမှာအငွေ့ရိုက်၍ဝါးနေလေသည်။လမ်းကြားလေးထဲတွင်ပတ်ပြေးကာဆော့ကစားနေသောကလေးငယ်လေးများရှိသောကြောင့်ရပ်ကွက်ကတိတ်တော့မတိတ်ဆိတ်ပါချေ။
ထိုလမ်းကြားလေးတစ်ခုတွင်သွားနေကြသောကောင်လေးနှစ်ယောက်။Juyeonနဲ့Jaehyunတို့စီးနေကြစက်ဘီးလေးကိုထားခဲ့ကာနှစ်ယောက်အတူတူလမ်းလျှောက်လာခြင်းဖြစ်လေသည်။
"Jaeအေးနေတာလား"
"ဟမ်...."
အနွေးထည်တော့ဝတ်လာခဲ့ပေမဲ့အနည်းငယ်ပါးလွှာသောကြောင့်အေးနေပုံပေါ်သည့်Jaehyunလေးအားမေးလိုက်လေသည်။
"အင်း....နည်းနည်းပါ"
အကြောင်းသိသည့်Juyeonမှသူဝတ်လာသည့်coatကိုချွတ်လိုက်ကာJaehyunကိုဝတ်ပေးလိုက်လေသည်။
"Juအေးနေမှာပေါ့ "
"ရတယ်.....Jaeအေးလာရင်နှာစီးပြီးနေမကောင်းဖြစ်နေမယ်လေ"
"အင်းပါ"
ဒီလိုနဲ့cafeဆိုင်လေးဆီသို့ဆက်သွားကြလေတော့ဘေးချင်းယှဥ်သွားနေသည့်ကောင်လေးနှစ်ယောက်ရဲ့လက်တို့ဟာလည်းမထိတစ်ထိနှင့်။တစ်ယောက်မျက်နှာတော့တစ်ယောက်မကြည့်နေကြပေမဲ့မသိသာလေးလက်ကိုထိသွားတိုင်းခိုးခိုးကြည့်နေသည့်JaehyunလေးအားJuyeonသတိထားမိတာကြောင့်Jaehyunရဲ့လက်ကလေးကိုဆွဲကာဆုပ်ကိုင်ထွေးပွေ့လိုက်လေသည်။
လက်ကောက်ဝတ်လေးမှာကလည်းသူပေးထားတဲ့လက်ကောက်လေးကတစ်လက်လက်နဲ့နေရာယူလျက်။
ကောင်လေးနှစ်ယောက်သားရဲ့မျက်နှာမှာအပြုံးကိုယ်စီရောက်ရှိလို့နေကြသည်။အစတုန်းကအနည်းငယ်အေးစက်နေသည့်Jaehyunရဲ့လက်ဟာJuyeonလက်ထဲမှာတော့နွေးထွေးလို့နေပါသည်။
..............
"Juဘာသောက်မှာလည်း"
"Ice Americano Jaeကရော"
"အင်း........strawberry milkshakeသောက်ချင်တယ်"
"ရာသီဥတုအေးနေတာကိုmilkshakeသောက်မလို့လား"
"အင်း....အဲ့တာလေးသောက်ချင်နေတာကြာပြီ Jae strawberryကြိုက်တာကို"
"အဲ့တာဆိုလည်းသဘောဒါပေမဲ့ရေခဲလျှော့ထည့်ခိုင်းနော်မဟုတ်ရင်လည်ချောင်းနာမယ်"
"ဟုတ်ကဲ့ပါအကိုကြီးရယ်"
ဆိုကာလှုပ်တုပ်လှုပ်တုပ်ပြေးသွားသောJaehyunလေးအားကြည့်ပြီးJuyeonပြုံးနေလျက်။
သိပ်မကြာလိုက်ခွက်လေးနှစ်ခွက်ကိုင်ကာရောက်လာသည့်Jaehyun။ဒီဆိုင်က ကိုယ်တိုင်သွားယူရသည့်ဆိုင်မျိုးဖြစ်တာမလို့အကူဝန်ထမ်းတော့မရှိပေ။
"ဒါနဲ့လေ Ju....."
"အင်းပြောလေ"
"အပေါ်မှာဝရံတာတစ်ထပ်ရှိသေးတယ်တဲ့ အဲ့မှာသွားသောက်ကြမလား"
"Jaeသဘောလေ"
"ဟီး....ဒါဆိုသွားမယ်အဲ့ကို"
စိတ်တိုင်းကျလုပ်ချင်တာလုပ်ရတော့Jaehyunအတော်လေးပင်ပျော်နေပုံပေါက်ပါသည်။
"ဝါး.......လှလိုက်တာ မြို့ကအိမ်တွေကိုဒီလိုအပေါ်စီးကနေမြင်ရမှတော်တော်လှတာပဲနော်"
Jaehyunလေးပြောတာလည်းမှန်သည်။မြို့ရဲ့အိမ်ခေါင်မိုးရောင်စုံနဲ့အတူမြူအနည်းငယ်ပိတ်ချင်နေသည့်ရာသီဥတုကြောင့်တိမ်ထူထူများနှင့်ကြည့်ကောင်းကာလှပနေပါသည်။
ဒါပေမဲ့လည်းနော်Juyeonအတွက်ကတော့ပတ်ဝန်းကျင်မှအလှတရားတွေထက်နှာတံပေါ်မှာမှဲ့နက်လေးပါပြီးပြုံးလိုက်သည့်အခါတိုင်းစိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ကာနွေးထွေးနူးညံ့ပါသောJaehyunလေးကပိုလို့ပင်လှပနေပါသည်။
Jaeဟာသိပ်ကိုလှရက်လွန်းပါသည်။သူသီကုံးစရာမလိုလောက်အောင်ကိုပြီးပြည့်စုံကာလှပနေသောကဗျာစာပိုဒ်လေးပေါ့ကွယ်။ဒါပေမဲ့လည်းချစ်တော့ထပ်ပြီးကွန့်မြူးချင်တာဆန်းလား။
"Ju....ဘာတွေအဲ့လောက်တောင်ကြည့်နေတာလည်းJaeမေးတာလည်းမဖြေဘူး"
Jaehyunပြောတော့မှငေးနေကာကနေသတိပြန်ဝင်လာသောJuyeonရယ်ပါ။
"အော်....အင်း...Jaeဘာမေးနေတာလည်း"
"Ice americanoကသောက်လို့ကောင်းလားလို့ မခါးဘူးလား"
"ဟင့်အင်း....ကိုယ့်အတွက်ကတော့မခါးပါဘူးသောက်လို့ကောင်းတယ်"
ဆိုကာJuကတစ်ခေါက်သောက်ပြီးJaehyunကိုကမ်းပေးလိုက်လေသည်။Jaehyunကလည်းယူကာသောက်ကြည့်ရင်းမျက်နှာလေးအနည်းငယ်ရှုံ့သွားသည်။
"အဲ့လောက်ခါးတာကို "
Jaehyunဖြစ်သွားသည့်ရုပ်လေးကြည့်ပြီးJuyeonကရယ်နေလျက်။
"အာ....ခနလေး...အခုJuသောက်တဲ့ပိုက်နဲ့Jaeသောက်မိသွားတာပဲ"
"အင်းလေ အဲ့တာဘာဖြစ်လို့လည်း"
"ဒါ......သွယ်ဝိုက်ပြီးအနမ်းပေးတာမဟုတ်ဘူးလား"
စနောက်သလိုပုံစံဖြင့်ပြောနေသောJaehyunလေးအားJuyeonတစ်ချက်ပြုံးလိုက်ရင်း
"ကိုယ်တို့ကသွယ်ဝိုက်ပြီးပဲနမ်းဖူးတာမှမဟုတ်တာ တစ်ကယ်လည်းနမ်းဖူးတာကို"
ပြောလိုက်တော့ပြုံးနေရာကနေချက်ချင်းပြန်တည်သွားပြီးသူ့ကိုတောင်စေ့စေ့မကြည့်ရဲတော့ဘဲပါးနှစ်ဖက်ကလည်းချက်ချင်းရဲတက်လာလေသည်မှာရှက်သွားလို့ထင်ပါရဲ့။
"ဟို....အဲ့တာ.....ထိရုံလေးပဲထိတာကို....နမ်းတယ်လို့မှမခေါ်တာ...."
"ဒါဆို.....ထိရုံမဟုတ်ဘဲနမ်းဖူးချင်လို့လား"
အတည်ပြောနေတာလားစနေတာလားမသိပေမဲ့Juyeonရဲ့ပြုံးဖြီးဖြီးရုပ်ကိုကြည့်ပြီးJaehyunတံထွေးလေးမသိမသာမျိုချမိသည်။
"တော်တော့.....ဘာတွေပြောနေမှန်းလည်းမသိဘူး မြန်မြန်သောက်ပြီးရင်ကြောင်လေးတွေသွားကြည့်ရမယ်"
ဆိုကာရှက်ရမ်းတွေရမ်းပြီးJuyeonရဲ့ice americanoတွေမှားသောက်မိတော့ဟိုကလက်ခုပ်လက်ဝါးတီးကာထရယ်ပါတော့သည်။
...............
Cafeထိုင်ပြီးသွားကြတော့နှစ်ယောက်သားကြောင်လေးတွေသွားကြည့်ရန်ပြင်ကြလေသည်။ကြောင်ဂေဟာဆိုပေမဲ့အစကတော့ဒီအတိုင်းပိုင်ရှင်မိန်းမကြီးကကြောင်တွေချစ်လို့မွေးထားရာကနေများလာတော့ကြောက်ဂေဟာသဘောမျိုးဖြစ်လာခဲ့လေသည်။
ဒါကြောင့်ရိုးရိုးအိမ်ကလေးမှာပဲကြောင်တွေအများကြီးနဲ့ပေါ့။တစ်ခါတစ်ရံကြောင်ချစ်တတ်သည့်သူများကလာကြည့်တတ်ကြရင်းနာမည်ကြီးလာခြင်းလည်းဖြစ်သည်။
Juyeonနဲ့Jaehyunတို့ရောက်တော့ပိုင်ရှင်အမျိုးသမီးကြီးကဆီးကြိုလေသည်။အိမ်ကလေးဟာရိုးရာအိမ်လေးဖြစ်ပြီးတော့ခြံအကျယ်ကြီးထဲမှာသစ်ရိပ်ဝါးရိပ်လေးတွေနဲ့မလို့နေချင်စရာလေးဖြစ်နေလေသည်။
"Ju အိမ်လေးကနေချင်စရာလေးနော် ကြောင်လေးတွေလည်းပျော်မယ်ထင်တယ်"
"အင်း....သစ်ပင်ရိပ်ရှိတာတော်တော်ကောင်းတယ်"
"သားလေးတို့လာထိုင်ကြလေ ကြောင်လေးတွေကတော့အထဲမှာဆော့နေကြတယ်ကွယ်"
အိမ်ရှင်အမျိုးသမီးကြီးမှနေရာထိုင်ခင်းပေးတော့နှစ်ယောက်သားထိုင်လိုက်ကြရင်းကြောင်လေးတွေကိုအတူတူကြည့်ကြလေသည်။
"သားတို့သက်တောင့်သက်သာနေနော် အားမနာနဲ့သိလား ကြောင်လေးတွေကတော့ယဥ်ပြီးသားမလို့စိတ်ပူစရာမလိုဘူး ဒေါ်လေးထမင်းသွားချက်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါဗျ"
နှစ်ယောက်သားလည်းထိုင်ကာကြောင်လေးတွေနဲ့အတူတူဆော့နေကြလေသည်။ကြောင်လေးတွေအရွယ်စုံဆိုဒ်စုံအမျိုးစုံရှိလေသည်။ဒါပေမဲ့အကုန်လုံးကပိုင်ရှင်ဒေါ်လေးပြောသလိုခင်မင်ကြပါသည်။
ကြောင်နက်လေးတစ်ကောင်တောင်Jaehyunပေါ်တက်လာပြီးလာအိပ်နေသေးသည်။Jaehyunကလည်းသဘောကျစွာနဲ့ပွတ်သပ်ပေးတော့ဇိမ်ပဲပေါ့။
ဒါကိုကပ်သီးကပ်ဖဲ့ကလေးလည်းမဟုတ်သည့်Juyeonကကြောင်ကိုတောင်သဝန်တိုနေပါသေးသည်။
"ကြောင်ကကံကောင်းလိုက်တာနော် ကိုယ်တောင်တစ်ခါမှဒီလိုအပွတ်သပ်မခံရဖူးဘူး"
ဒါကိုသိသည့်Jaehyunကလည်းခပ်ဖွဖွရယ်ရင်း
"ကြောင်ကိုတောင်သဝန်လာတိုနေတာလား"
"ဟင်...မဟုတ်ပါဘူး "
ဆိုကာလေးမှာရှိနေသည့်ကြောင်လေးတစ်ကောင်နဲ့တောင်ဆော့နေသောJuyeonရယ်ပါ။
ခနလောက်ကြာတော့ပိုင်ရှင်ဒေါ်လေးကမီးဖိုဆောင်ထဲကနေထွက်လာပြီး
"သားတို့နေ့လည်စာမစားရသေးဘူးမလား ဒေါ်လေးဆီမှာပဲစားလိုက်တော့နော်"
ဆိုကာအတင်းတွေထမင်းဟင်းခူးခပ်ပေးနေသည်မလို့Juyeonနဲ့Jaehyunအားနာရပါသည်။ဒါပေမဲ့လည်းမစားရင်ရိုင်းရာကျမှာစိုးလို့သူတို့နှစ်ယောက်လည်းအားနာနာနဲ့စားလိုက်ရပါသည်။ကြောင်လေးတွေလည်းကျွေးရင်းသူတို့လည်းစားရင်းပေါ့။
................
တစ်နေကုန်တိမ်တွေထူနေသည်မလို့နေရောင်ကောင်းကောင်းမမြင်ရပေမဲ့ညနေရောက်သည်ကိုတော့သတိထားမိကြပါသည်။နေလုံးနီနီကြီးကအနောက်ရပ်ကိုဝင်သွားတာကို။
"Jaeဒီနေ့ပျော်ရဲ့လား"
"ပျော်ပါတယ် Jaeတို့ရဲ့first dateပဲကို"
Jaehyunအပြောလေးကြောင့်Juyeonပြုံးမိပြန်သည်။
"နောက်ဆိုများများdateရအောင်လေ ပိတ်ရက်တိုင်းတစ်နေရာရာလျှောက်လည်ကြမယ်"
"အင်း....Juနဲ့အမှတ်တရတွေအများကြီးဖန်တီးလို့ရတယ်"
စကားတစ်ပြောပြောနဲ့နှစ်ယောက်သားလည်းတူတူလာနေကြရင်းအိမ်ကိုတောင်ပြန်ရောက်တော့ညနေ5နာရီတောင်ထိုးနေလေသည်။
"ဒါနဲ့အိမ်အကူမမ မရှိတော့Jaeတစ်ယောက်တည်းဖြစ်နေမှာပေါ့"
"ဖြစ်တော့မဖြစ်ပါဘူး Ommaလည်းလုပ်ပေးနေတာဆိုတော့ အာ....ဟုတ်သားဒါနဲ့လေ မမကအိမ်ကိုသာပြန်သွားတာဖုန်းမယူသွားဘူးသိလား"
"ဟမ်....မယူသွားဘူးလား"
"အင်း....Jaeအခန်းရှေ့ကစင်အောက်မှာကျနေတာတွေ့တာ Ommaကိုပြောကြည့်တော့ကျကျန်ခဲ့တာထင်တယ်တဲ့"
Jaehyunပြောသည်ကိုJuyeonကခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြီးတစ်ခုခုကိုသတိရသွားသည့်ဟန်ဖြင့်
"အာ...ဒါနဲ့လေ Jae အဲ့မမအိမ်နဲ့ဒိမြို့နဲ့ကဝေးလား"
"အင်းဝေးတယ်လေ "
"ဒါပေမဲ့လေ ကိုယ်သေတော့မသေချာပေမဲ့ကိုယ်မနက်အစောပိုင်းရေထသောက်တော့အိမ်ဘက်မှာအဲ့မမကိုတွေ့လိုက်သလားလို့ "
"ဟမ်....မဖြစ်နိုင်ပါဘူး အဲ့တာဆိုမမကအခုလမ်းမှာလောက်ပဲရှိနေရမှာပေါ့ Juမှားမြင်တာဖြစ်မယ်ထင်တယ်"
"အင်း.........အဲ့လိုပဲဖြစ်မှာပါ "
"ဒါဆိုJaeအထဲဝင်တော့မယ်နော် မနက်ဖြန်မှတွေ့မယ် "
"အင်းအင်း....ဖြေးဖြေးသွားဦး"
...................
Juyeonလည်းချစ်ရသူလေးနဲ့လည်ပတ်ခဲ့ရသည်မလို့အတော်လေးပင်ပျော်နေလေသည်။ဒီလိုနဲ့အိမ်ထဲဝင်လာတုန်းမှာပဲတွေ့လိုက်ရသည့်မြင်ကွင်းတစ်ခု။
ဘယ်သူပြောနိုင်မလည်းနော်........Juyeonနဲ့Jaehyunတို့ရဲ့dateလေးဟာပထမဆုံးအကြိမ်လည်းဖြစ်သလိုနောက်ဆုံးအကြိမ်လည်းဖြစ်သွားနိုင်မလားဆိုတာ.............
___________________________________________
Thansk for reading🌸
Zawgyi
...........................................................................
~ First or last ~
"သွားလေ သားရဲ့"
"အင်းအင်း"
................
"ဘယ်သူနဲ့လည်း"
"Jaehyunနဲ့ပါ"
ဆိုကာထွက်သွားလေသည်။
.............
"Ju!!"
..........
"Jaeအေးနေတာလား"
"ဟမ်...."
အနွေးထည်တော့ဝတ်လာခဲ့ပေမဲအနည်းငယ်ပါးလွှာသောကြောင့်အေးနေပုံပေါ်သည့်Jaehyunလေးအားမေးလိုက်လေသည်။
"အင်း....နည်းနည်းပါ"
"Juအေးနေမှာပေါ့ "
"အင်းပါ"
..............
"Juဘာသောက်မှာလည်း"
"Ice Americano Jaeကရော"
"အင်း........strawberry milshakeသောက်ချင်တယ်"
"ဒါနဲ့လေ Ju....."
"အင်းပြောလေ"
"Jaeသဘောလေ"
"အဲ့လောက်ခါးတာကို "
...............
"ဟုတ်ကဲ့ပါဗျ"
"ဟင်...မဟုတ်ပါဘူး "
................
"Jaeဒီနေ့ပျော်ရဲ့လား"
"ဟမ်....မယူသွားဘူးလား"
"အင်းဝေးတယ်လေ "
...................
___________________________________________
Thansk for reading🌸
Bạn đang đọc truyện trên: Truyen4U.Com