Chapter 2
"ကိုကိုရေ!!!"
ပထွေးဖြစ်သူမှအရက်သွားဝယ်ခိုင်း၍လမ်းထိပ်သို့သွားနေတုန်းသူ့အားရင်းနှီးနေသည့်နာမ်စားလေးဖြင့်ခေါ်လာသောကလေးလေး။အဝါဖျော့ရောင်ဝမ်းဆက်လေးနဲ့သူ့ဆီလုံးတုံးလုံးတုံးပြေးလာကာသူ့ရှေ့လည်းရောက်ရောပြေးလာသည့်အရှိန်ကြောင့်ဟောဟဲဆိုက်နေသည်။
"Jaeကကွာ......ဘာလို့ပြေးလာတာလည်း"
"ဟိုလေ.....ဒီမှာကျန်း!!!"
ထုတ်ပြလာတော့သူ့လက်ထဲမှကြက်ဥနှစ်လုံး"
"အဲ့တာဘာလုပ်ဖို့လည်းJaeရဲ့"
"ကိုကို့အတွက်လေဒီနေ့မေမေနဲ့အတူကြက်ဥပြုတ်ထားတာ ကိိုကို့ကိုJaeပြုတ်ထားတာလေးစားစေချင်လို့"
"အာ....ဟုတ်ပါပြီ"
"ဒါနဲ့ကိုကိုဘယ်သွားမလို့လည်း"
"ဟင်.......ဟို....ဒီနားလမ်းထိပ်ခနပါ"
"Jaeကောလိုက်ခဲ့လို့ရမလား"
သူသွားမဲ့နေရာကမကောင်းတာမလို့ထိုကလေးကိုမခေါ်ချင်။
"မလိုက်ခဲ့ပါနဲ့Jaeရဲ့အကိုသွားမှာကဒီနားလေးတင်"
သူ့ကိုမလိုက်ခိုင်းတော့ချက်ချင်းနှုတ်ခမ်းလေးဆူကာစိတ်ကောက်သွားသည်။
"ကိုကိုကJaeကို့မခေါ်ချင်ဘူးပေါ့"
ပြောနေသည့်ထဲမှာငိုသံလေးပါပေါက်လာတာမလို့Juyeonတစ်ယောက်ထိုကလေးလေးအားဒူးလေးထောက်ကာကြည့်လိုက်သည်။ထင်သည့်အတိုင်းသူ့ကိုမခေါ်လို့ဆိုကာငိုတော့မည့်ကလေးလေးအားJuyeonပြုံးပြရင်း
"Jaeကလည်း.....မငိုရဘူးလေကွာ.....ကိုကိုသွားမှာဒီနားလေးတင်မလို့"
သူဘယ်လောက်ပြောပြောကလေးငယ်ကမရတော့ပါ။ဒါကြောင့်ခေါင်းလေးငုံ့ကာစိတ်ကောက်နေသည့်ကလေးငယ်ရဲ့ပါးနုနုလေးနှစ်ဖက်ကိုညင်သာစွာဆုပ်ကိုင်လိုက်ရင်း
"ကိုကိုခနလေးပဲသွားမှာ.....Jaeကအကို့ကိုဟိုနားလေးကအပင်အောက်မှာထိုင်စောင့်နေ ပြန်လာရင်ကြက်ဥပြုတ်တူတူစားကြမယ် နော်"
"တစ်ကယ်လား"
ခေါင်းငြိမ့်ပြလိုက်တော့သူ့ကိုပြန်ပြုံးပြလာကာ
"ဒါဆိုJaeစောင့်နေမယ်...ကိုကိုမြန်မြန်လာခဲ့နော်"
"အင်း"
..................
"ရော့....ဒီမှာဝယ်ခိုင်းတာရပြီ"
"အေး......"
Juyeonလည်းပထွေးဖြစ်သူအားဆက်မတွေ့ချင်တော့၍ပေးစရာရှိတာမြန်မြန်ပေးပြီးလှည့်ထွက်ရန်ပြင်တော့
"ခနလေး.........."
ခေါ်လိုက်သောကြောင့်လှည့်ထွက်ခါနီးJuyeonခြေလှမ်းတွေကိုရပ်တန့်ကာပထွေးဖြစ်သူဘာပြောမလည်းဆက်စောင့်နေလိုက်သည်။
"ငါ့ကိုစားပွဲပေါ်ကအသားကင်သွားယူပေး"
"ဟုတ်ကဲ့"
ခိုင်းသည့်အတိုင်းယူပေးပြီးသွားတော့Juyeonလည်းဘာမှလုပ်ပေးစရာမရှိတော့တာနဲ့သွားဖို့ပြင်လိုက်သည်။
"မင်းအဲ့တာဘယ်သွားမလို့လည်း"
"ဒီနားလမ်းထိပ်ခန"
ဘာမှတော့ပြန်မပြောဘဲခေါင်းသာငြိမ့်ပြ၍သူလည်းထွက်လာခဲ့လိုက်သည်။သူ့ရဲ့သူငယ်ချင်းအသစ်လေးဆီကိုပေါ့။သူစောင့်ခိုင်းထားသည့်အပင်နားရောက်တော့ကလေးငယ်ကပြောသည့်အတိုင်းကြက်ဥလေးနှစ်လုံးကိုကိုင်ကာထိုင်စောင့်နေလေသည်။
"Jae!!!"
သူခေါ်လိုက်တော့ပြုံးပြလာကာ
"ကိုကို....ဒီကိုလာ"
Juyeonလည်းထိုကလေးငယ်ရဲ့ဘေးနားသွားထိုင်လိုက်ပြီးတော့
"စောင့်နေတာကြာသွားလား"
"ဟင့်အင်း.....ဒါနဲ့ကိုကို့လက်ကအနာတွေပျောက်သွားပြီလား"
သူ့ကိုစိတ်ပူစွာမေးလာတော့Juyeonရင်ထဲနွေးခနဲဖြစ်သွားရသည်။ဒီလူ့လောကကြီးမှာမေမေကလွဲလို့သူ့ကိုဘယ်သူမှစိုးရိမ်တစ်ကြီးနဲ့စိတ်ပူပေးတတ်တဲ့သူမရှိခဲ့ဘဲ။အခုတော့ဒီကလေးလေးရှိလာပြီလေ။
"အင်း....ပျောက်သွားပါပြီ Jaeဆေးလိမ်းပေးလို့လေ"
"အာ....တော်ပါသေးရဲ့......ဒါဆိုရော့....ကြက်ဥစား"
သူ့ဆီကိုပေးလာသည့်ကြက်ဥပြုတ်လေးအားJuyeonယူလိုက်သည်။
"ဒါနဲ့လေ.....ကိုကို"
"အင်းပြောလေ"
"ဟို......Jaeကြက်ဥမခွာတတ်လို့....ခွာပေးပါလားJaeခွာရင်အနှစ်တွေပါပါကုန်လို့"
"အော်....ခွာပေးမှာပေါ့"
ဒီလိုနဲ့ရပ်ကွက်တစ်ခုရဲ့အပင်ကြီးအောက်မှာကြက်ဥပြုတ်စားနေကြသည့်ကောင်ငယ်လေးနှစ်ယောက်ရှိလေသည်ပေါ့နော်။
...................
"ခွမ်း!!!!!!"
ညစာစားပြီးပန်းကန်တွေဆေးနေရင်းဆပ်ပြာနဲ့ချော်ကာပန်းကန်တစ်ချပ်ကျကွဲသွားခြင်းဖြစ်သည်။Juyeonအရပ်နဲ့ဘေစင်နဲ့ကအနည်းငယ်ကွာတော့မမှီတစ်မှီနဲ့လှမ်းဆေးတာချော်သွားခြင်းဖြစ်သည်။လက်မှာပေနေသည့်ဆပ်ပြာရည်တို့ကိုသုတ်လိုက်ပြီးမြေပြင်ပေါ်ကျကွဲနေသည့်ပန်းကန်ကွဲစတို့ကိုJuyeonရှင်းရန်ပြင်လိုက်သည်။
မလုပ်တတ်လုပ်တတ်နဲ့လုပ်တော့ကွဲနေသည့်ပန်းကန်စတစ်ခုကလက်ကိုရှပါတော့သည်။
"အာ့!!!!"
ထွက်လာသည့်သွေးတွေကိုလည်းသုတ်ရသေး။ကျန်တဲ့ဟာတွေကိုလည်းရှင်းနေရသေးဆိုတော့Juyeonဘယ်လိုမှအဆင်မပြေချေ။ရှသွားသည့်ဒဏ်ရာမှာကြီးတော့မကြီးပေမဲ့သေးလည်းမသေးပေ။
"ဘာဖြစ်ပြန်ပြီလည်း!!!"
ပန်းကန်ကွဲစတွေကိုရှင်းနေတုန်းမှာပဲနောက်ကနေပြောလာသည့်သူ့ပထွေးအသံကြောင့်Juyeonတုန်သွားသည်။
"ဟို.......ပန်းကန်.....ကွဲသွားလို့"
ပြန်ဖြေသည့်အသံထဲမှာတုန်ရီကြောက်လန့်နေမှုတို့ဟာပါဝင်နေခဲ့သည်။
"ထပ်လုပ်ပြန်ပြီ....ထစမ်း!!!!!"
Juyeonကြောက်ကြောက်လန့်လန့်နဲ့ထလိုက်သည်။
"မင်းကိုငါဘာပြောထားလည်း!!!!နမော်နမဲ့မလုပ်နဲ့လို့ပြောထားတယ်လေ!!!!"
အော်ပြီးပြောတော့Juyeonကိုယ်လေးတုန်တက်သွားပြီးကြောက်လန့်မှုရဲ့ရလဒ်အဖြစ်မျက်ရည်တို့ဟာပါးပြင်နှစ်ဖက်ပေါ်တွင်နေရာယူလာခဲ့တော့သည်။
"ငိုနေပြန်ပြီလား!!"
ပြောရင်းနှင့်ပင်လေးမှာကျနေသည့်ပန်းကန်ကွဲစတစ်ခုကိုယူကာJuyeonမျက်နှာနားကိုရွယ်ထားရင်း
"မကျနဲ့!!!!အဲ့မျက်ရည်တွေမကျစမ်းနဲ့!!!ယောကျာ်းဆိုတာမငိုရဘူးလို့ပြောထားတယ်လေ!!!ငိုတာပျော့ညံ့တဲ့သူတွေလုပ်တာ!!!ခုချက်ချင်းအဲ့မျက်ရည်တွေကိုသုတ်!!!!"
"ဟု...ဟုတ်ကဲ့"
ရှိုက်သံလေးဖြင့်ပြောကာပါးပေါ်မှာကျစီးနေသည့်မျက်ရည်စီးကြောင်းတို့ကိုအမြန်သုတ်လိုက်ရသည်။
"ပန်းကန်စတွေရှင်းပြီးရင်လက်ကအနာကိုသေချာဆေး!!!"
"ဟုတ်ကဲ့"
ပြောပြီးသွားတော့ရေခဲသေတ္တာထဲမှအရက်ပုလင်းယူကာသူအခန်းထဲသူဝင်သွားလေသည်။အဲ့တော့မှပဲJuyeonအသက်ကိုသေချာရှူရဲတော့သည်။တော်ပါသေးရဲ့...သူ့ကိုထပ်မရိုက်တာကံကောင်း။
..................
9နာရီလောက်ရောက်တော့Juyeonအိပ်ချင်ပေမဲ့အိပ်မပျော်ချေ။အရင်လိုသူ့ကိုအိပ်မပျော်ရင်ချော့သိပ်ပေးမဲ့မေမေမှမရှိတော့ဘဲ။အရင်ကဆိုမေမေ့ရင်ခွင်ထဲမှာမေမေ့အသံချိုချိုအေးအေးလေးနဲ့သီချင်းလေးနားထောင်ပြီးအိပ်ရသည်ကိုJuyeonသဘောကျသည်။နွေးထွေးလှတဲ့မေမေ့ရင်ခွင်ထဲမှာခါးကိုတင်းကြပ်နေအောင်ဖက်ပြီးအိပ်ရသည်ကိုလည်းJuyeonသဘောကျသည်။
ဒါပေမဲ့အခုတော့မေမေကလူ့လောကထဲမှာမရှိတော့ပေ။Juyeonပြန်တွေးမိရင်းသွေးအိုင်ထဲမှာလဲကျနေခဲ့သည့်မေမေ့ရဲ့ပုံရိပ်တို့ဟာမှတ်ဉာဏ်ထဲသို့ပြန်ဝင်လာခဲ့သည်။Juyeonမျက်လုံးများကိုမှိတ်လိုက်ရင်းခေါင်းကိုလည်းကိုင်ကာအတွေးတို့ကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့အချည်းနှီးသာ။
ဘာလို့လည်းနော်......သူ့ကိုမှဘာလို့လည်း။သူ့အသက်ငယ်သေးတယ်လေကွယ်။ဒီလိုတွေခံစားနေရဖို့သူ့အသက်ကငယ်လွန်းနေတယ်လို့။ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ဆင်းရဲမှုဒဏ်ကိုခံနေရသည်မှာသေလောက်အောင်စိတ်ရှုပ်ပါသည်။
ရင်ဘတ်ထဲမှအသက်ရှူကြပ်သလိုလိုဖြစ်လာ၍သူ့ရင်ဘတ်ကိုလည်းလက်လေးဖြင့်ထုကာသူငိုမိပြန်သည်။အသံတော့ဘယ်ထွက်ရဲမလည်း။ဘယ်လောက်ပဲသူ့ရင်ဘတ်ကိုနာကျင်အောင်ထုထု မွန်းကြပ်နေသည့်စိတ်တို့ဟာလုံးဝမပြောင်းလဲပေ။ဒါကြောင့်အောက်ထပ်ကိုအမြန်ဆင်းပြီးအနောက်ဘက်ခြံထဲသို့သူသွားလိုက်သည်။
အဲ့တော့မှဆောင့်ကြောင့်ထိုင်ချရင်းအသံအနည်းငယ်ထွက်ကာငိုမိသည်။ပါးစပ်ကလည်းမေမေကိုရွတ်ရင်းရင်ဘတ်လေးကိုလည်းတစ်ဘုန်းဘုန်းထုရင်းငိုကြွေးနေသည့်ကောင်ငယ်လေးဟာသနားဖွယ်ရာအတိ။
ထိုစဥ်သူ့ကိုယ်လုံးလေးဟာတစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲသို့ဆွဲယူခြင်းခံလိုက်ရပြီးအနွေးဓာတ်လေးကိုလည်းကောင်းကောင်းခံစားမိလိုက်သည်။ပခုံးနှင့်ခါးတစ်လျှောက်တို့မှာလည်းဖက်တွယ်ခြင်းခံလိုက်ရပြီးသူ့အားနှစ်သိမ့်ပေးခြင်းကိုလည်းခံလိုက်ရသည်။ငိုထားသဖြင့်အမြင်အာရုံတို့ဟာဝေဝါးနေသောကြောင့်မည်သူမှန်းသူမသိ။
"ကိုကိုငိုချင်သေးရင်Jaeရင်ခွင်ထဲမှာငိုနော်"
ငိုသံပါလေးနဲ့ပြောလာသည့်အသံသေးသေးလေးကိုကြားတော့မှသာသူရောက်သည့်ရင်ခွင်ပိုင်ရှင်ကိုသိတော့အနည်းငယ်ပြုံးမိသည်။သူလည်းထိုကလေးလေးကိုပြန်လည်ဖက်တွယ်လိုက်ရင်းမကုန်ဆုံးနိုင်သည့်ငိုခြင်းနှင့်အတူမျက်ရည်ပူတို့ကိုဆက်လက်ကျဆင်းစေတော့သည်။
............................
လွန်ခဲ့သောမိနစ်အနည်းငယ်က.....
"Jaeလေးရေ....အိပ်ချိန်ရောက်ပြီလေကွယ်!!"
အိမ်ထဲမှမေမေဖြစ်သူမှအော်တော့ခြံထဲမှာဆော့နေသည့်Jaehyunတစ်ယောက်ဆော့လက်စအရုပ်လေးများကိုခြင်းဖြင့်သိမ်းကာအိမ်ထဲသို့ဝင်မည်အလုပ်Juyeonတို့အိမ်ဘက်ကိုကြည့်မိလိုက်သည်။သူကြည့်နေတုန်းမှာပဲအိမ်ထဲကနေပြေးထွက်ကာအိမ်နောက်ဘက်ခြံသို့ရောက်သွားသည့်Juyeonကိုမြင်တော့Jaehyunလေးက
"မေမေ.....Jae....ဘူဘူးပါချင်သေးလို့အနောက်ထဲခနသွားဦးမယ်နော်"
"ဒါဆိုဘာလို့နောက်ဘက်ကtoiletသွားနေမှာတုန်းJaeJaeအခန်းထဲမှာလည်းရှိတယ်လေ"
"အော်.....အဲ့တာကဟိုလေ.......ရေပိုက်မလာလို့Jaeအနောက်ကိုပဲသွားလိုက်မယ်နော်"
"Jaeလေး....နေဦးလေ...မေမေလိုက်ခဲ့ပေးမယ်!!"
"ရတယ်မေမေ....အိပ်နှင့်တော့နော်!!!"
ဆိုကာအိမ်နောက်ဘက်ကိုပြေးထွက်သွားသည့်Jaehyunလေးကိုသူ့မေမေတောင်တားချိန်မရလိုက်။
Jaehyunလည်းသူ့မေမေအထဲဝင်သွားတာမြင်တော့မှJuyeonတို့ခြံအနောက်ဘက်ကိုသူဟိုတစ်ခါကတွေ့ထားသည့်ခွေးတိုးပေါက်သေးသေးလေးကနေဝင်ကြည့်သည်။သူ့ကိုယ်လုံးလေးဟာသေးတော့အသာလေးဝင်လို့ရလေသည်။Juyeonတို့ခြံထဲရောက်လျှင်ရောက်ခြင်းအသံလုံလုံဖြင့်သွားတော့Juyeonငိုနေသံကိုကြားလေသည်။
မေမေဟုခေါ်ကာရင်ဘတ်ကိုတစ်ဘုန်းဘုန်းထုပြီးငိုနေသည့်Juyeonကြောင့်Jaehyunလေးပါမျက်ရည်ကျလုနီးနီးဖြစ်လေသည်။
"ကိုကိုဘယ်လောက်တောင်သူ့မေမေကိုလွမ်းနေတာပါလည်း......"
သူ့စိတ်ထဲကနေရေရွတ်လိုက်ရင်းအရင်နေ့များကလိုJuyeonကိုယ်လေးကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးနှစ်သိမ့်ပေးလိုက်သည်။Juyeonအတွက်အနည်းငယ်အားလေးပဲဖြစ်ဖြစ်ရသွားစေချင်သောစေတနာလေးကြောင့်ပင်။
................
"Jaeဘယ်လိုဖြစ်ပြီးဒီဘက်ထဲရောက်လာတာလည်း"
"ဟိုနားမှာခွေးတိုးပေါက်သေးသေးလေးရှိတယ်လေ....အဲ့ကနေဝင်လာတာ....ဟဲဟဲ"
"အော်....ဒီကလေးကတော့......."
ခနငိုလို့ပြီးသွားတော့သူတို့နှစ်ယောက်ခြံနောက်ကမြက်ခင်းပေါ်လေးမှာထိုင်ပြီးစကားပြောနေကြခြင်းဖြစ်သည်။
"ကိုကို့မေမေကိုလွမ်းလို့လားဟင်"
"အင်း......"
ပြောပြီးရုပ်ကလေးညှိုးကျသွားသောJuyeonအားJaehyunလေးမှာကြည့်ပြီးစိတ်မကောင်း။
"ကိုကိုစိတ်မပူပါနဲ့....ကိုကို့မေမေကလေဟိုး....မိုးပေါ်မှာကြယ်ကလေးတွေနဲ့အတူတူရှိနေမှာသိလား"
သူ့အား အားပေးစကားပြောလာသည့်ကလေးလေးကြောင့်Juyeonဝမ်းသာမိသည်။
"JaeJaeရေ!!!!"
ဟိုဘက်ခြံမှခေါ်သည့်အသံကြားတော့
"အာ...ဟုတ်သားပဲမေမေ့ကိုဘူဘူးပါမယ်ပြောပြီးလာခဲ့တာ.....သွားတော့မယ်နော်ကိုကိုလည်းအိပ်တော့နော်"
"အင်းပါ...ဖြေးဖြေးလည်းသွားဦး"
"Nae....."
ဒီနေ့ညတော့ကလေးလေးကြောင့်နဲ့Juyeonအိပ်ပျော်နိုင်ပြီထင်ပါရဲ့။
___________________________________________
Thanks for reading🌸
Zawgyi
"ကိုကိုေရ!!!"
ပေထြးျဖစ္သူမွအရက္သြားဝယ္ခိုင္း၍လမ္းထိပ္သို႔သြားေနတုန္းသူ႕အားရင္းႏွီးေနသည့္နာမ္စားေလးျဖင့္ေခၚလာေသာကေလးေလး။အဝါေဖ်ာ့ေရာင္ဝမ္းဆက္ေလးနဲ႕သူ႕ဆီလုံးတုံးလုံးတုံးေျပးလာကာသူ႕ေရွ႕လည္းေရာက္ေရာေျပးလာသည့္အရွိန္ေၾကာင့္ေဟာဟဲဆိုက္ေနသည္။
"Jaeကကြာ......ဘာလို႔ေျပးလာတာလည္း"
"ဟိုေလ.....ဒီမွာက်န္း!!!"
ထုတ္ျပလာေတာ့သူ႕လက္ထဲမွၾကက္ဥႏွစ္လုံး"
"အဲ့တာဘာလုပ္ဖို႔လည္းJaeရဲ႕"
"ကိုကို႔အတြက္ေလဒီေန႕ေမေမနဲ႕အတူၾကက္ဥျပဳတ္ထားတာ ကိိုကို႔ကိုJaeျပဳတ္ထားတာေလးစားေစခ်င္လို႔"
"အာ....ဟုတ္ပါၿပီ"
"ဒါနဲ႕ကိုကိုဘယ္သြားမလို႔လည္း"
"ဟင္.......ဟို....ဒီနားလမ္းထိပ္ခနပါ"
"Jaeေကာလိုက္ခဲ့လို႔ရမလား"
သူသြားမဲ့ေနရာကမေကာင္းတာမလို႔ထိုကေလးကိုမေခၚခ်င္။
"မလိုက္ခဲ့ပါနဲ႕Jaeရဲ႕အကိုသြားမွာကဒီနားေလးတင္"
သူ႕ကိုမလိုက္ခိုင္းေတာ့ခ်က္ခ်င္းႏႈတ္ခမ္းေလးဆူကာစိတ္ေကာက္သြားသည္။
"ကိုကိုကJaeကို႔မေခၚခ်င္ဘူးေပါ့"
ေျပာေနသည့္ထဲမွာငိုသံေလးပါေပါက္လာတာမလို႔Juyeonတစ္ေယာက္ထိုကေလးေလးအားဒူးေလးေထာက္ကာၾကည့္လိုက္သည္။ထင္သည့္အတိုင္းသူ႕ကိုမေခၚလို႔ဆိုကာငိုေတာ့မည့္ကေလးေလးအားJuyeonၿပဳံးျပရင္း
"Jaeကလည္း.....မငိုရဘူးေလကြာ.....ကိုကိုသြားမွာဒီနားေလးတင္မလို႔"
သူဘယ္ေလာက္ေျပာေျပာကေလးငယ္ကမရေတာ့ပါ။ဒါေၾကာင့္ေခါင္းေလးငုံ႕ကာစိတ္ေကာက္ေနသည့္ကေလးငယ္ရဲ႕ပါးႏုႏုေလးႏွစ္ဖက္ကိုညင္သာစြာဆုပ္ကိုင္လိုက္ရင္း
"ကိုကိုခနေလးပဲသြားမွာ.....Jaeကအကို႔ကိုဟိုနားေလးကအပင္ေအာက္မွာထိုင္ေစာင့္ေန ျပန္လာရင္ၾကက္ဥျပဳတ္တူတူစားၾကမယ္ ေနာ္"
"တစ္ကယ္လား"
ေခါင္းၿငိမ့္ျပလိုက္ေတာ့သူ႕ကိုျပန္ၿပဳံးျပလာကာ
"ဒါဆိုJaeေစာင့္ေနမယ္...ကိုကိုျမန္ျမန္လာခဲ့ေနာ္"
"အင္း"
..................
"ေရာ့....ဒီမွာဝယ္ခိုင္းတာရၿပီ"
"ေအး......"
Juyeonလည္းပေထြးျဖစ္သူအားဆက္မေတြ႕ခ်င္ေတာ့၍ေပးစရာရွိတာျမန္ျမန္ေပးၿပီးလွည့္ထြက္ရန္ျပင္ေတာ့
"ခနေလး.........."
ေခၚလိုက္ေသာေၾကာင့္လွည့္ထြက္ခါနီးJuyeonေျခလွမ္းေတြကိုရပ္တန့္ကာပေထြးျဖစ္သူဘာေျပာမလည္းဆက္ေစာင့္ေနလိုက္သည္။
"ငါ့ကိုစားပြဲေပၚကအသားကင္သြားယူေပး"
"ဟုတ္ကဲ့"
ခိုင္းသည့္အတိုင္းယူေပးၿပီးသြားေတာ့Juyeonလည္းဘာမွလုပ္ေပးစရာမရွိေတာ့တာနဲ႕သြားဖို႔ျပင္လိုက္သည္။
"မင္းအဲ့တာဘယ္သြားမလို႔လည္း"
"ဒီနားလမ္းထိပ္ခန"
ဘာမွေတာ့ျပန္မေျပာဘဲေခါင္းသာၿငိမ့္ျပ၍သူလည္းထြက္လာခဲ့လိုက္သည္။သူ႕ရဲ႕သူငယ္ခ်င္းအသစ္ေလးဆီကိုေပါ့။သူေစာင့္ခိုင္းထားသည့္အပင္နားေရာက္ေတာ့ကေလးငယ္ကေျပာသည့္အတိုင္းၾကက္ဥေလးႏွစ္လုံးကိုကိုင္ကာထိုင္ေစာင့္ေနေလသည္။
"Jae!!!"
သူေခၚလိုက္ေတာ့ၿပဳံးျပလာကာ
"ကိုကို....ဒီကိုလာ"
Juyeonလည္းထိုကေလးငယ္ရဲ႕ေဘးနားသြားထိုင္လိုက္ၿပီးေတာ့
"ေစာင့္ေနတာၾကာသြားလား"
"ဟင့္အင္း.....ဒါနဲ႕ကိုကို႔လက္ကအနာေတြေပ်ာက္သြားၿပီလား"
သူ႕ကိုစိတ္ပူစြာေမးလာေတာ့Juyeonရင္ထဲႏြေးခနဲျဖစ္သြားရသည္။ဒီလူ႕ေလာကႀကီးမွာေမေမကလြဲလို႔သူ႕ကိုဘယ္သူမွစိုးရိမ္တစ္ႀကီးနဲ႕စိတ္ပူေပးတတ္တဲ့သူမရွိခဲ့ဘဲ။အခုေတာ့ဒီကေလးေလးရွိလာၿပီေလ။
"အင္း....ေပ်ာက္သြားပါၿပီ Jaeေဆးလိမ္းေပးလို႔ေလ"
"အာ....ေတာ္ပါေသးရဲ႕......ဒါဆိုေရာ့....ၾကက္ဥစား"
သူ႕ဆီကိုေပးလာသည့္ၾကက္ဥျပဳတ္ေလးအားJuyeonယူလိုက္သည္။
"ဒါနဲ႕ေလ.....ကိုကို"
"အင္းေျပာေလ"
"ဟို......Jaeၾကက္ဥမခြာတတ္လို႔....ခြာေပးပါလားJaeခြာရင္အႏွစ္ေတြပါပါကုန္လို႔"
"ေအာ္....ခြာေပးမွာေပါ့"
ဒီလိုနဲ႕ရပ္ကြက္တစ္ခုရဲ႕အပင္ႀကီးေအာက္မွာၾကက္ဥျပဳတ္စားေနၾကသည့္ေကာင္ငယ္ေလးႏွစ္ေယာက္ရွိေလသည္ေပါ့ေနာ္။
...................
"ခြမ္း!!!!!!"
ညစာစားၿပီးပန္းကန္ေတြေဆးေနရင္းဆပ္ျပာနဲ႕ေခ်ာ္ကာပန္းကန္တစ္ခ်ပ္က်ကြဲသြားျခင္းျဖစ္သည္။Juyeonအရပ္နဲ႕ေဘစင္နဲ႕ကအနည္းငယ္ကြာေတာ့မမွီတစ္မွီနဲ႕လွမ္းေဆးတာေခ်ာ္သြားျခင္းျဖစ္သည္။လက္မွာေပေနသည့္ဆပ္ျပာရည္တို႔ကိုသုတ္လိုက္ၿပီးေျမျပင္ေပၚက်ကြဲေနသည့္ပန္းကန္ကြဲစတို႔ကိုJuyeonရွင္းရန္ျပင္လိုက္သည္။
မလုပ္တတ္လုပ္တတ္နဲ႕လုပ္ေတာ့ကြဲေနသည့္ပန္းကန္စတစ္ခုကလက္ကိုရွပါေတာ့သည္။
"အာ့!!!!"
ထြက္လာသည့္ေသြးေတြကိုလည္းသုတ္ရေသး။က်န္တဲ့ဟာေတြကိုလည္းရွင္းေနရေသးဆိုေတာ့Juyeonဘယ္လိုမွအဆင္မေျပေခ်။ရွသြားသည့္ဒဏ္ရာမွာႀကီးေတာ့မႀကီးေပမဲ့ေသးလည္းမေသးေပ။
"ဘာျဖစ္ျပန္ၿပီလည္း!!!"
ပန္းကန္ကြဲစေတြကိုရွင္းေနတုန္းမွာပဲေနာက္ကေနေျပာလာသည့္သူ႕ပေထြးအသံေၾကာင့္Juyeonတုန္သြားသည္။
"ဟို.......ပန္းကန္.....ကြဲသြားလို႔"
ျပန္ေျဖသည့္အသံထဲမွာတုန္ရီေၾကာက္လန့္ေနမႈတို႔ဟာပါဝင္ေနခဲ့သည္။
"ထပ္လုပ္ျပန္ၿပီ....ထစမ္း!!!!!"
Juyeonေၾကာက္ေၾကာက္လန့္လန့္နဲ႕ထလိုက္သည္။
"မင္းကိုငါဘာေျပာထားလည္း!!!!နေမာ္နမဲ့မလုပ္နဲ႕လို႔ေျပာထားတယ္ေလ!!!!"
ေအာ္ၿပီးေျပာေတာ့Juyeonကိုယ္ေလးတုန္တက္သြားၿပီးေၾကာက္လန့္မႈရဲ႕ရလဒ္အျဖစ္မ်က္ရည္တို႔ဟာပါးျပင္ႏွစ္ဖက္ေပၚတြင္ေနရာယူလာခဲ့ေတာ့သည္။
"ငိုေနျပန္ၿပီလား!!"
ေျပာရင္းႏွင့္ပင္ေလးမွာက်ေနသည့္ပန္းကန္ကြဲစတစ္ခုကိုယူကာJuyeonမ်က္ႏွာနားကို႐ြယ္ထားရင္း
"မက်နဲ႕!!!!အဲ့မ်က္ရည္ေတြမက်စမ္းနဲ႕!!!ေယာက်ာ္းဆိုတာမငိုရဘူးလို႔ေျပာထားတယ္ေလ!!!ငိုတာေပ်ာ့ညံ့တဲ့သူေတြလုပ္တာ!!!ခုခ်က္ခ်င္းအဲ့မ်က္ရည္ေတြကိုသုတ္!!!!"
"ဟု...ဟုတ္ကဲ့"
ရွိုက္သံေလးျဖင့္ေျပာကာပါးေပၚမွာက်စီးေနသည့္မ်က္ရည္စီးေၾကာင္းတို႔ကိုအျမန္သုတ္လိုက္ရသည္။
"ပန္းကန္စေတြရွင္းၿပီးရင္လက္ကအနာကိုေသခ်ာေဆး!!!"
"ဟုတ္ကဲ့"
ေျပာၿပီးသြားေတာ့ေရခဲေသတၱာထဲမွအရက္ပုလင္းယူကာသူအခန္းထဲသူဝင္သြားေလသည္။အဲ့ေတာ့မွပဲJuyeonအသက္ကိုေသခ်ာရႉရဲေတာ့သည္။ေတာ္ပါေသးရဲ႕...သူ႕ကိုထပ္မရိုက္တာကံေကာင္း။
..................
9နာရီေလာက္ေရာက္ေတာ့Juyeonအိပ္ခ်င္ေပမဲ့အိပ္မေပ်ာ္ေခ်။အရင္လိုသူ႕ကိုအိပ္မေပ်ာ္ရင္ေခ်ာ့သိပ္ေပးမဲ့ေမေမမွမရွိေတာ့ဘဲ။အရင္ကဆိုေမေမ့ရင္ခြင္ထဲမွာေမေမ့အသံခ်ိဳခ်ိဳေအးေအးေလးနဲ႕သီခ်င္းေလးနားေထာင္ၿပီးအိပ္ရသည္ကိုJuyeonသေဘာက်သည္။ႏြေးေထြးလွတဲ့ေမေမ့ရင္ခြင္ထဲမွာခါးကိုတင္းၾကပ္ေနေအာင္ဖက္ၿပီးအိပ္ရသည္ကိုလည္းJuyeonသေဘာက်သည္။
ဒါေပမဲ့အခုေတာ့ေမေမကလူ႕ေလာကထဲမွာမရွိေတာ့ေပ။Juyeonျပန္ေတြးမိရင္းေသြးအိုင္ထဲမွာလဲက်ေနခဲ့သည့္ေမေမ့ရဲ႕ပုံရိပ္တို႔ဟာမွတ္ဉာဏ္ထဲသို႔ျပန္ဝင္လာခဲ့သည္။Juyeonမ်က္လုံးမ်ားကိုမွိတ္လိုက္ရင္းေခါင္းကိုလည္းကိုင္ကာအေတြးတို႔ကိုတြန္းထုတ္ဖို႔ႀကိဳးစားေပမဲ့အခ်ည္းႏွီးသာ။
ဘာလို႔လည္းေနာ္......သူ႕ကိုမွဘာလို႔လည္း။သူ႕အသက္ငယ္ေသးတယ္ေလကြယ္။ဒီလိုေတြခံစားေနရဖို႔သူ႕အသက္ကငယ္လြန္းေနတယ္လို႔။ငယ္ငယ္႐ြယ္႐ြယ္နဲ႕စိတ္ဆင္းရဲမႈဒဏ္ကိုခံေနရသည္မွာေသေလာက္ေအာင္စိတ္ရႈပ္ပါသည္။
ရင္ဘတ္ထဲမွအသက္ရႉၾကပ္သလိုလိုျဖစ္လာ၍သူ႕ရင္ဘတ္ကိုလည္းလက္ေလးျဖင့္ထုကာသူငိုမိျပန္သည္။အသံေတာ့ဘယ္ထြက္ရဲမလည္း။ဘယ္ေလာက္ပဲသူ႕ရင္ဘတ္ကိုနာက်င္ေအာင္ထုထု မြန္းၾကပ္ေနသည့္စိတ္တို႔ဟာလုံးဝမေျပာင္းလဲေပ။ဒါေၾကာင့္ေအာက္ထပ္ကိုအျမန္ဆင္းၿပီးအေနာက္ဘက္ၿခံထဲသို႔သူသြားလိုက္သည္။
အဲ့ေတာ့မွေဆာင့္ေၾကာင့္ထိုင္ခ်ရင္းအသံအနည္းငယ္ထြက္ကာငိုမိသည္။ပါးစပ္ကလည္းေမေမကို႐ြတ္ရင္းရင္ဘတ္ေလးကိုလည္းတစ္ဘုန္းဘုန္းထုရင္းငိုေႂကြးေနသည့္ေကာင္ငယ္ေလးဟာသနားဖြယ္ရာအတိ။
ထိုစဥ္သူ႕ကိုယ္လုံးေလးဟာတစ္စုံတစ္ေယာက္ရဲ႕ရင္ခြင္ထဲသို႔ဆြဲယူျခင္းခံလိုက္ရၿပီးအႏြေးဓာတ္ေလးကိုလည္းေကာင္းေကာင္းခံစားမိလိုက္သည္။ပခုံးႏွင့္ခါးတစ္ေလွ်ာက္တို႔မွာလည္းဖက္တြယ္ျခင္းခံလိုက္ရၿပီးသူ႕အားႏွစ္သိမ့္ေပးျခင္းကိုလည္းခံလိုက္ရသည္။ငိုထားသျဖင့္အျမင္အာ႐ုံတို႔ဟာေဝဝါးေနေသာေၾကာင့္မည္သူမွန္းသူမသိ။
"ကိုကိုငိုခ်င္ေသးရင္Jaeရင္ခြင္ထဲမွာငိုေနာ္"
ငိုသံပါေလးနဲ႕ေျပာလာသည့္အသံေသးေသးေလးကိုၾကားေတာ့မွသာသူေရာက္သည့္ရင္ခြင္ပိုင္ရွင္ကိုသိေတာ့အနည္းငယ္ၿပဳံးမိသည္။သူလည္းထိုကေလးေလးကိုျပန္လည္ဖက္တြယ္လိုက္ရင္းမကုန္ဆုံးနိုင္သည့္ငိုျခင္းႏွင့္အတူမ်က္ရည္ပူတို႔ကိုဆက္လက္က်ဆင္းေစေတာ့သည္။
............................
လြန္ခဲ့ေသာမိနစ္အနည္းငယ္က.....
"Jaeေလးေရ....အိပ္ခ်ိန္ေရာက္ၿပီေလကြယ္!!"
အိမ္ထဲမွေမေမျဖစ္သူမွေအာ္ေတာ့ၿခံထဲမွာေဆာ့ေနသည့္Jaehyunတစ္ေယာက္ေဆာ့လက္စအ႐ုပ္ေလးမ်ားကိုျခင္းျဖင့္သိမ္းကာအိမ္ထဲသို႔ဝင္မည္အလုပ္Juyeonတို႔အိမ္ဘက္ကိုၾကည့္မိလိုက္သည္။သူၾကည့္ေနတုန္းမွာပဲအိမ္ထဲကေနေျပးထြက္ကာအိမ္ေနာက္ဘက္ၿခံသို႔ေရာက္သြားသည့္Juyeonကိုျမင္ေတာ့Jaehyunေလးက
"ေမေမ.....Jae....ဘူဘူးပါခ်င္ေသးလို႔အေနာက္ထဲခနသြားဦးမယ္ေနာ္"
"ဒါဆိုဘာလို႔ေနာက္ဘက္ကtoiletသြားေနမွာတုန္းJaeJaeအခန္းထဲမွာလည္းရွိတယ္ေလ"
"ေအာ္.....အဲ့တာကဟိုေလ.......ေရပိုက္မလာလို႔Jaeအေနာက္ကိုပဲသြားလိုက္မယ္ေနာ္"
"Jaeေလး....ေနဦးေလ...ေမေမလိုက္ခဲ့ေပးမယ္!!"
"ရတယ္ေမေမ....အိပ္ႏွင့္ေတာ့ေနာ္!!!"
ဆိုကာအိမ္ေနာက္ဘက္ကိုေျပးထြက္သြားသည့္Jaehyunေလးကိုသူ႕ေမေမေတာင္တားခ်ိန္မရလိုက္။
Jaehyunလည္းသူ႕ေမေမအထဲဝင္သြားတာျမင္ေတာ့မွJuyeonတို႔ၿခံအေနာက္ဘက္ကိုသူဟိုတစ္ခါကေတြ႕ထားသည့္ေခြးတိုးေပါက္ေသးေသးေလးကေနဝင္ၾကည့္သည္။သူ႕ကိုယ္လုံးေလးဟာေသးေတာ့အသာေလးဝင္လို႔ရေလသည္။Juyeonတို႔ၿခံထဲေရာက္လွ်င္ေရာက္ျခင္းအသံလုံလုံျဖင့္သြားေတာ့Juyeonငိုေနသံကိုၾကားေလသည္။
ေမေမဟုေခၚကာရင္ဘတ္ကိုတစ္ဘုန္းဘုန္းထုၿပီးငိုေနသည့္Juyeonေၾကာင့္Jaehyunေလးပါမ်က္ရည္က်လဳနီးနီးျဖစ္ေလသည္။
"ကိုကိုဘယ္ေလာက္ေတာင္သူ႕ေမေမကိုလြမ္းေနတာပါလည္း......"
သူ႕စိတ္ထဲကေနေရ႐ြတ္လိုက္ရင္းအရင္ေန႕မ်ားကလိုJuyeonကိုယ္ေလးကိုသူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီးႏွစ္သိမ့္ေပးလိုက္သည္။Juyeonအတြက္အနည္းငယ္အားေလးပဲျဖစ္ျဖစ္ရသြားေစခ်င္ေသာေစတနာေလးေၾကာင့္ပင္။
................
"Jaeဘယ္လိုျဖစ္ၿပီးဒီဘက္ထဲေရာက္လာတာလည္း"
"ဟိုနားမွာေခြးတိုးေပါက္ေသးေသးေလးရွိတယ္ေလ....အဲ့ကေနဝင္လာတာ....ဟဲဟဲ"
"ေအာ္....ဒီကေလးကေတာ့......."
ခနငိုလို႔ၿပီးသြားေတာ့သူတို႔ႏွစ္ေယာက္ၿခံေနာက္ကျမက္ခင္းေပၚေလးမွာထိုင္ၿပီးစကားေျပာေနၾကျခင္းျဖစ္သည္။
"ကိုကို႔ေမေမကိုလြမ္းလို႔လားဟင္"
"အင္း......"
ေျပာၿပီး႐ုပ္ကေလးညွိုးက်သြားေသာJuyeonအားJaehyunေလးမွာၾကည့္ၿပီးစိတ္မေကာင္း။
"ကိုကိုစိတ္မပူပါနဲ႕....ကိုကို႔ေမေမကေလဟိုး....မိုးေပၚမွာၾကယ္ကေလးေတြနဲ႕အတူတူရွိေနမွာသိလား"
သူ႕အား အားေပးစကားေျပာလာသည့္ကေလးေလးေၾကာင့္Juyeonဝမ္းသာမိသည္။
"JaeJaeေရ!!!!"
ဟိုဘက္ၿခံမွေခၚသည့္အသံၾကားေတာ့
"အာ...ဟုတ္သားပဲေမေမ့ကိုဘူဘူးပါမယ္ေျပာၿပီးလာခဲ့တာ.....သြားေတာ့မယ္ေနာ္ကိုကိုလည္းအိပ္ေတာ့ေနာ္"
"အင္းပါ...ေျဖးေျဖးလည္းသြားဦး"
"Nae....."
ဒီေန႕ညေတာ့ကေလးေလးေၾကာင့္နဲ႕Juyeonအိပ္ေပ်ာ္နိုင္ၿပီထင္ပါရဲ႕။
___________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com