Chapter 20
{ ပြန်လည်ခေါ်လိုက်သည့်နာမ်စားလေးရယ် ရမ္မက်ဆန်သည့်အနမ်းများရယ် }
Intro ပိုင်းမှအဆက်~~~
1997ခုနှစ်,တစ်နိုင်ငံလုံးမှာရှိတဲ့လူဆိုးဂိုဏ်းတွေအကုန်လုံးကိုလှုပ်ခတ်လိုက်သွားသောသတင်းတစ်ခု။
"သခင်လေးပျောက်သွားပြီ!!!!!"
"ဘာပြောတယ်!!!!!"
တပည့်ဖြစ်ပုံရသည့်ဝတ်စုံနဲ့လူမှသူ့ရဲ့အထက်အရာရှိကိုပြောလိုက်သည့်စကားကြောင့်အိမ်ထဲရှိသမျှလူအကုန်လုံးစိုးရိမ်ထိတ်လန့်ကုန်ကြသည်။
"Bossကိုဘယ်လိုပြောကြမလည်းဗျ"
သူတို့ရဲ့ခေါင်းဆောင်အထက်အရာရှိမှသက်ပြင်းတစ်ခုကိုချလိုက်ပြီးစိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားကာ
"ငါပြောမယ်....မင်းကဘယ်ကနေဘယ်လိုစဖြစ်တာလည်းငါ့ကိုပြော"
"ဟုတ်ကဲ့.........ကျွန်တော့်ကိုBossကတော်က အိမ်နောက်ဘက်ခြံထဲမှာသခင်လေးနဲ့အတူဆော့ခိုင်းနေတုန်း......ကျွန်တော့်ဆီကိုဖုန်းလာတယ် အမည်မသိနံပါတ်တစ်ခုကဆက်တာ အဲ့တာကျွန်တော်လည်းခနထပြီးကိုင်လိုက်တာ ဘယ်သူမှလည်းမဖြေဘူး ပြန်လည်းသွားကြည့်တော့သခင်လေးကအဲ့နေရာမှမရှိတော့ဘူး! ကျွန်တော့်ကိုအဲ့ဖုန်းနံပါတ်ကပဲဒီmessageပို့လာတယ်"
ဆိုကာဖုန်းကိုပြလိုက်တော့ရေးထားသည်က
"မင်းတို့Bossကိုပြောလိုက် ကလေးကိုတစ်သက်လုံးတွေ့ရဖို့မမျှော်လင့်နဲ့တော့လို့ ငါတို့ကပဲသေသေချာချာမွေးမြူပြီးခေါ်ထားလိုက်မယ် "
"တောက်!!!!!"
ခေါင်းဆောင်ဖြစ်သူမှာစာကိုဖတ်ပြီးသည်နှင့်အသားများတစ်ဆတ်ဆတ်တုန်လာသည်အထိဒေါသထွက်သွားလေသည်။
"ဒီကိစ္စအခုပဲ ငါBossကိုသွားပြောမယ် မင်းတို့ထဲကအဖွဲ့ Aလိုက်ခဲ့"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
............
ခေါင်းဆောင်လည်းBossဖြစ်သူကိုပြောလိုက်တော့လက်သီးတစ်ချက်ကိုကောင်းကောင်းခံလိုက်ရပါသည်။
"မင်းတို့ကို့ငါယုံကြည်လို့ငါ့သားနဲ့အတူထားခဲ့တာလေ!!!!!!! အခုချက်ချင်းငါ့သားကိုဘယ်ကခွေးမသားတွေခေါ်သွားတာလည်းစုံစမ်း!!!!!"
"ဟုတ်ကဲ့ပါ Boss!!"
သို့နှင့်ပျောက်သွားသည့်ကလေးအားရှာကြသည်မှာနှစ်တွေလတွေအလီလီပြောင်းလဲလာခဲ့ပေမဲ့ကလေးကိုတော့လုံးဝရှာမတွေ့ကြတော့ချေ။
ဒီလောက်ထိနာမည်ကြီးလှပါသောလူဆိုးဂိုဏ်းတောင်ရှာမတွေ့နိုင်သည်အထိလက်စဖျောက်သွားသောသူတွေကားအဘယ်သူတွေဖြစ်မည်နည်း။
ထိုအချိန်မှစ၍Leeမျိုးရိုးရဲ့ပထမဆုံးသောမျိုးဆက်ငယ်လေးဟာအသက်နှစ်နှစ်အရွယ်မှာတင်ပျောက်ခြင်းမလှပျောက်ခဲ့ရပါသည်။
Leeမျိုးရိုးရဲ့ဂိုဏ်းဟာလည်းကလေးလေးပျောက်ပြီးဆယ်နှစ်အကြာမှာပျက်သုဥ်းသွားခဲ့ရပြီးBossရဲ့မိန်းမဖြစ်သူဟာလည်းသားကိုလွမ်းတဲ့ဇောနဲ့တင်အိပ်ရာထဲလဲ နာတာရှည်ရောဂါနဲ့အတူကွယ်လွန်ကာလောကကြီးကိုနှုတ်ဆက်သွားခဲ့သည်။
ကျန်ရစ်သူBossဖြစ်သည့်သူ့ရဲ့ယောကျာ်းမှာတော့မိန်းမဖြစ်သူကိုနှမြောရုံကလွဲဘာမှမတတ်နိုင်ခဲ့။သားလေးဖြစ်သူဟာလည်းပျောက်ဆုံး မိန်းမဖြစ်သူကလည်းသေဆိုတော့ကျန်ရစ်သူမုဆိုးဖိုကြီးခမျာမှာအရူးမီးဝိုင်းနေသည့်နှယ်ဖြစ်ပျက်ရတော့သည်။
ဒါပေမဲ့Bossကဘယ်တော့မှလက်လျှော့သည့်သူမဟုတ်တော့သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူကိုရအောင်ရှာရမည်။မသမာသူတွေကများမိသားစုယောင်ဆောင်ပြီးခေါ်ထားလေမလား။နှိပ်စက်ညှင်းပန်းခံနေရလေမလား။မည်သူမျှမသိနိုင်ခဲ့ပါလေ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Juyeonအိမ်၌........
Juyeonလည်းJaehyunနဲ့အတူတူDateခဲ့ပြီးပြန်လာတော့အိမ်ထဲဝင်ဝင်ခြင်းမှာတင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူကြောက်လန့်သွားလေသည်။
အိမ်ထဲရဲ့ဧည့်ခန်းထဲမှာပထွေးဖြစ်သူဟာလဲကျနေပြီးဗိုက်မှာလည်းဓားရှည်တစ်ချောင်းဟာစိုက်လိုက် ဘေးပတ်ပတ်လည်မှာလည်းသွေးများအိုင်ထွန်းနေသည်မှာမြင်မကောင်းလှ။
အသက်ကိုမနည်းလုကာရှူနေရင်းJuyeonကိုမြင်တော့ပထွေးဖြစ်သူကခေါင်းလေးမော့ကြည့်လာရှာသည်။
Juyeonလည်းရုတ်တစ်ရက်ဆန်နေသည့်အဖြစ်ပျက်များကြောင့်ကြက်သေသေနေပေမဲ့သွေးတွေကိုမြင်တော့မှစိတ်ကိုပြန်ထိန်းကာအနားကိုပြေးသွားလိုက်သည်။
"ခင်ဗျား!!! ဘာဖြစ်တာလည်းသွေးတွေနဲ့!!! ဆေး....ဆေးရုံ...သွားမှဖြစ်-"
Juyeonကြောက်ကြောက်လန့်လန့်နဲ့ပြောနေရင်းမှာပင်Juyeonရဲ့လက်အားလာဆုပ်ကိုင်ပြီးမရှိရှိတဲ့အားကိုညှစ်ထုတ်ကာ
"ပြေး.......ပြေးတော့......."
"ပြေးရမယ်? ဘယ်ကိုပြေးရမှာလည်း ခင်ဗျားသွေးတွေအများကြီးထွက်နေတယ်လေ သေသွားမှာပေါ့ ဆေးရုံသွားရမယ်!!!!!"
"ငါပြောတာနားထောင်စမ်းLee Juyeon!!!!"
သွေးတွေထွက်ကာအားမရှိနေပါသော်လည်းရအောင်ငေါက်လိုက်တော့Juyeonတုန်တတ်သွားသည်။
"မင်း....ဒီမြို့ထဲကနေပြေးတော့......ပြေးပြီး...ဘယ်သူမှ.....ရှာမတွေ့လောက်တဲ့အထိပြေး....."
"ဘာလို့လည်း!!!! ဘာလို့ကျွန်တော်ကပြေးရမှာလည်း!!!!"
Juyeonမျက်ရည်များပင်စတင်ဝဲလာရတော့သည်။ဗိုက်မှာထွက်နေသည့်သွေးတွေကလည်းအလိမ်းလိမ်းဖြင့်ကြောက်စရာပင်ကောင်းလှသည်။
"မင်း....မင်းကောင်လေး....Jaehyunကိုချစ်တယ်မလား........"
"အင်း....."
ပထွေးဖြစ်သူမေးလာသည့်မေးခွန်းအားJuyeonမတုံ့ဆိုင်းဘဲပြန်ဖြေမိသည်။
ပထွေးဖြစ်သူကအားယူလိုက်ပြီးJuyeonလက်ကိုလည်းတင်းတင်းဆုပ်ကာ
"ဒါဆိုမင်းကောင်လေးလုံခြုံအောင်မင်းပြေးမှဖြစ်မယ်!! မင်းနဲ့မင်းကောင်လေးအတူတူရှိနေရင်သူတို့ကနှစ်ယောက်လုံးက်ုလိုက်သတ်လိမ့်မယ်!"
"ဘယ်သူတွေကလည်း!!!!"
ပထွေးဖြစ်သူပြောနေသောစကားတွေအားJuyeonနားမလည်နိုင်တော့ချေ။
"စာအုပ်...........ငါ့အခန်းထဲကစားပွဲပေါ်မှာ--"
ဆိုကာဆက်ပြောမယ်လုပ်နေရင်းမှာပင်အသက်ရှုခြင်းလုပ်ငန်းဟာရပ်တန့်သွားလေသည်။
ရုတ်တစ်ရက်ကြီးပြောနေရင်းရပ်သွားတော့Juyeonလန့်သွားမိသည်။ဒါကြောင့်ပထွေးဖြစ်သူရဲ့ကိုယ်ကိုဆွဲထူလိုက်ပြီးပါးကိုပုတ်ကာနိုးလေသည်။
"ဟေ့လူ....ခင်ဗျား....ထဦး!!!စာအုပ်ကဘာဖြစ်လည်းဆက်ပြောဦးလေ!!!!!!"
သူဘယ်လောက်ပဲအော်ကာနှိုးနှိုးပထွေးဖြစ်သူကတော့ဗိုက်ကသွေးထွက်သည့်ဒဏ်နဲ့အတူလောကကြီးကိုကျောခိုင်းသွားလေတော့သည်။
Juyeonတစ်ယောက်သွေးပျက်ဖွယ်ရာမြင်ကွင်းများနဲ့အတူသူ့ရင်ခွင်ထဲမှာတင်အသက်ထွက်သွားခဲ့သည့်သူကြောင့်ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ။ပါးပြင်ထက်ကိုလည်းမျက်ရည်စီးကြောင်းတို့ဟာကိုယ်တိုင်ပင်သတိမထားမိလောက်အောင်ကိုကျဆင်းလာခဲ့သည်။
ဘယ်လိုပဲသူ့ကိုနှိပ်စက်ရိုက်နှက်ခဲ့သည့်သူဖြစ်ပါစေ။Ommaဆုံးကတည်းကအတူတူရှိလာသည်မှာယခုအရွယ်ထိပင်ဖြစ်တာမလို့သူ့ဝမ်းနည်းမိပါသည်။ပထွေးဟူဆိုသော်လည်းဒုတိယအဖေပဲမလား။
Juyeonခေါင်းကိုငိုက်စိုက်ချကာငိုနေပြီးဘေးမှာအသက်မရှိတော့သည့်ခန္ဓာကိုယ်ရုပ်အလောင်းကိုကြည့်ကာစိတ်ပျက်လျက်။
သူဘာဆက်လုပ်ရမလည်း။ရုတ်တစ်ရက်ကြီးအကောင်းကနေအခုလိုအခြေအနေမျ်ုးကြောင့်သူဘာဆက်လုပ်ရတော့မလည်းဟင်။
အရုပ်ကြိုးပျက်သည့်နှယ်ထိုင်နေမိသည်မှာဘေးကသွေးတွေသူ့ဘက်ကိုစီးကျလာတော့မှသာသတိပြန်ကပ်လာလေသည်။ထိုစဥ်သူသွားပြီးသတိရသည်က
"စာအုပ်.....ဟုတ်တယ်.....စားပွဲပေါ်ကစာအုပ်တဲ့"
Juyeonမတုံ့ဆိုင်းဘဲချက်ချင်းထကာသူ့ပထွေးရဲ့အခန်းထဲကိုပထမဆုံးအကြိမ်အဖြစ်ဝင်ရောက်သွားလိုက်တော့တစ်ခန်းလုံးဟာမှောင်မည်းနေပြီးဘေးနားမှာလည်းအရက်ပုလင်းတွေကပြန့်ကျဲလို့နေသည်။
ဝင်ဝင်ခြင်းချဥ်စူးစူးအနံ့ကြီးကနှာခေါင်းထဲကိုတ်ုးဝင်လာသည်မလို့Juyeonအော့အန်ချင်စိတ်ကိုမနည်းထိန်းထားရလေသည်။
အောက်မှာကျနေသည့်အရက်ပုလင်းတွေကိုကျော်ကာကုတင်ဘေးမှာရှိသည့်စားပွဲပေါ်ကြည့်လိုက်တော့အနက်ရောင်သားရေဖြင့်အဖုံးအုပ်ထားသည့်စာအုပ်လေးတစ်အုပ်အားတွေ့လေသည်။ဒါကြောင့်မီးတိုင်လေးဖွင့်ကာစာအုပ်အားဖတ်ရန်ပြင်လိုက်သည်။
Juyeonလည်းစာအုပ်လေးကိုယူလိုက်ပြီးကုတင်ပေါ်မှာထိုင်ကာပထမစာမျက်နှာကိုလှန်ကြည့်လိုက်တော့ polaroid ဓာတ်ပုံလေးတစ်ပုံကိုကပ်ထားလေသည်။
ဓာတ်ပုံလေးထဲမှာJuyeonခြောက်နှစ်သားအရွယ်တုန်းကရယ် သူ့ရဲ့မေမေရယ် ပထွေးဖြစ်သူရယ်နဲ့အတူတူရိုက်ထားခဲ့သည့်တစ်ခုတည်းတော့ဓာတ်ပုံလေးကိုတွေ့လိုက်ရသည်မလို့Juyeonရင်ထဲစိတ်မကောင်းချင်ပေ။
နောက်တစ်ရွက်ကိုလှန်ကာကြည့်တော့ရက်စွဲတပ်ထားသည့်အောက်တစ်ကြောင်းရဲ့ပထမဆုံးစကားလုံးလေးက
"သားJuyeon~~" တဲ့။
Juyeonဖတ်ပြီးမျက်ရည်တစ်ပေါက်ဟာမဖိတ်ခေါ်ပါဘဲနဲ့ကျဆင်းလာလေသည်။နောက်ထပ်ရေးထားသည့်စာတွေကိုဖတ်ကြည့်တော့Juyeonရဲ့ပထွေးဖြစ်သူဟာJuyeonကိုတောင်းပန်ထားသည့်စာများကိုတွေ့လိုက်ရသည်။
သူ့အပေါ်မကောင်းခဲ့သည်များကိုလည်းပြန်ရေးထားပြီးသေသေချာချာပြန်တောင်းပန်ထားလေသည်။ပြီးတော့စာအုပ်ထဲမှာရေးထားသည့်အတိုင်းသိလိုက်ရသည်က ပထွေးဖြစ်သူဟာJuyeonရဲ့အမေကိုဟိုးအရင်Juyeonအဖေနဲ့မရခင်ကတည်းကတိတ်တိတ်လေးတစ်ဖက်သတ်ကြိတ်ချစ်နေခဲ့ရကြောင်းကိုသိရတော့သည်။
ဒါဆိုဘာလို့များJuyeonရဲ့အမေနဲ့သူ့ကိုရိုက်နှက်ခဲ့တာပါလိမ့်။နောက်စာမျက်နှာကိုလှန်ကြည့်လိုက်တော့မှJuyeonခေါင်းထဲတွင်ရှိနေခဲ့သည့်မေးခွန်းများရဲ့အဖြေကိုသိလိုက်ရပါသည်။
စာထဲတွင်ရေးထားသည်က.......
" ငါ့သား Juyeon....မင်းကငါ့သားအရင်းတော့မဟုတ်ပေမဲ့လည်းငါ့သားလို့ပဲသတ်မှတ်ပါတယ်။မင်းကတော့ငါ့ကိုနာကျည်းနေလောက်ရောပေါ့။ မင့းအမေကိုရိုက်နှက်နေပြီးမင့းက်ုလည်းကလေးဘဝကတည်းကနှိပ်စက်နေခဲ့တယ်ဆိုပြီး။
ဒါပေမဲ့လေ....မင်းသိထားဖို့က ငါကမင်းထင်သလိုမကောင်းတဲ့သူမဟုတ်ပါဘူး။ ငါကလူဆိုးဂိုဏ်းရဲ့ခေါင်းဆောင်ဆိုလည်းမှန်တယ်။ ဒါပေမဲ့ငါဘယ်တုန်းကမှအပြစ်မရှိတဲ့သူကိုမသတ်ဖူးဘူး။ ငါထွက်ပြေးလာရတဲ့အကြောင်းရင်းက ငါ့ကိုလုပ်ကြံသတ်ဖြတ်ချင်တဲ့သူရှိနေလို့ပဲ။
အဲ့တာကြောင့်ငါခြေရာဖျောက်လာရင်းမင်းအမေနဲ့ပြန်တွေ့လို့အကျိုးကြောင်းပြောပြပြီးအတူနေဖို့ဆုံးဖြတ်လိုက်တာပဲ။ ငါလည်းမင်းအမေကို မင်းအဖေနဲ့မရခင်ကတည်းကကြိုက်နေခဲ့တာ။ ဒါပေမဲ့ငါနဲ့တော့ဘယ်သဘောတူမှာလည်း။ငါကလူဆိုးတစ်ယောက်လေ။
ငါလည်းမြင်မြင်ချင်းမင်းကိုတွေ့တော့ငါ့သားအရင်းတစ်ယောက်လိုသတ်မှတ်ပြီးအတူတူနေမယ်လို့ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမဲ့ ငါ့ကိုလုပ်ကြံချင်တဲ့ကောင်တွေထဲမှာငါ့လူယုံလည်းပါတယ်။ငါဒိကိုထွကမပြေးလာခင်တုန်းက ငါ့ကိုသူညတိုင်းဆေးတိုက်တယ်။ငါလည်းအားဆေးဆိုပြီးသောက်နေခဲ့တာပဲ။မင်းတို့နဲ့အတူနေပြီးတော့မှအဲ့ဆေးကစိတ်ကြွဆေးပြားတွေမှန်းအစွမ်းပြတော့မှငါသိတော့တယ်။
အဲ့တာကြောင့်မလို့ငါအသိစိတ်တွေလွတ်ပြီးမင်းအမေကိုရိုက်မိတာပါ။ ငါအဲ့ဆေးတွေဆက်မသုံးမိအောင်လို့အရက်တွေချည်းလှိမ့်သောက်ခဲ့တာ။ အဲ့လိုနဲ့ပဲအရက်စွဲသွားခဲ့တယ်။
မင်းဆီကခွင့်လွှတ်ပေးဖို့ငါမပြောရဲပေမဲ့ငါတောင်းပန်တာကိုတော့လက်ခံပေးပါ သားရယ်။"
Juyeonမျက်ရည်ကျမိပြန်ပါသည်။သူ့ရဲ့ပထွေးဖြစ်သူအကြောင်းက်ုအခုလိုသိလိုက်ရတော့သူစိတ်လည်းမကောင်းချေ။
"ဘာလို့အစောကတည်းကမပြောခဲ့တာလည်း!!
အစောကတည်းကသာပြောခဲ့ရင်ခင်ဗျားအခုလိုဖြစ်မှာမဟုတ်ဘူးလေ!!!!"
Juyeonသူ့ကိုယ်သူပြောကာအော်ငိုနေမိသည်။
နောက်ထပ်စာမျက်နှာကိုလှန်ကာဖတ်ကြည့်တော့ဘာကြောင့်သူ့ကိုထွက်ပြေးခိုင်းသလည်းဆိုတဲ့အကြောင်းရင်းရယ် အခုလိုမျိုးပထွေးဖြစ်သူသေသွားရတဲ့အကြောင်းရင်းရယ်ကိုသိလိုက်ရပါတော့သည်။
"Juyeonသားလေး......မင်းဒီစာကိုဖတ်နေချိန်ငါကအသက်ရှင်ချင်မှရှင်တော့မှာပါ။ ငါ့ကိုသူတို့ရှာတွေ့သွားတယ်။ ဘယ်မှာနေလည်းကအစသိနေတာမလို့မင်းက်ုပါအန္တရာယ်ပြုလာနိုင်တယ်။ မင်းကိုရော မင်းကောင်လေးJaehyunကိုရော။ ဒါကြောင့်နောက်ဘာတွေပဲဆက်ဖြစ်လာပါစေ။ အကယ်လို့ငါ့က်ုသူတို့လာသတ်ခဲ့ရင်တောင်မင်းရဲကိုအမှုမဖွင့်ဘဲထွက်ပြေးပါ။ ဒီကနေဝေးတဲ့တစ်နေရာကိုသာထွက်ပြေး။
ငါ့အခန်းရဲ့ဗီရိုအောက်ဆုံးထပ်မှာမင်းအရေးပေါ်လိုရင်သုံးဖို့ဘဏ်ကဒ်ထည့်ပေးထားတယ်။ အဲ့တာကိုယူသွားပြီးရင်ထွက်ပြေး။ မင်းကောင်လေးကိုတော့ထားခဲ့မှရမယ်။ မဟုတ်ရင်သူတို့ကဓားစာခံလုပ်ပြီးမင်းကိုပါဒုက္ခပေးမှာ။
အဲ့တာကြောင့်ထွက်ပြေးပြီးဒီထက်ပိုသန်မာလာအောင်လုပ်။ မင်းကောင်လေးကိုလည်းမင်းကာကွယ်ပေးနိုင်တဲ့အနေထားရောက်မှပြန်လာရှာ။ အခုအရေးကြီးတာကမင်းထွက်သွားဖို့ပဲ။
ပြီးတော့ သားJuyeon....မင်းကိုငါအခုချိန်ထိမပြောရသေးတဲ့ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုရှိတယ်။အဲ့တာကငါမင်းကိုထွက်ပြေးခိုင်းရတဲ့အကြောင်းတွေထဲကလည်းတစ်ခုပဲ။
မင်းရဲ့အမေကသာမန်မင်းထင်သလိုဆုံးသွားတာမဟုတ်ဘူး။ ရပ်ကွက်ထဲကလူတွေကလည်းငါမူးပြီးရိုက်လို့ဆုံးသွားတယ်ထင်နေတာ အမှန်တော့မင်းအမေဆုံးသွားရတာ မင်းရဲ့အဖေအရင်းကြောင့်ပဲ။
အဲ့နေ့က အိမ်ကိုမင်းအဖေလာခဲ့တယ်။လာပြီးတော့မင်းအမေနဲ့စကားများရန်ဖြစ်ကြရင်းလှေကားပေါ်ကနေတွန်းချလိုက်တာမင်းအမေဆုံးသွားတာပဲ။
မင်းလည်းမူကြိုကနေပြန်ရောက်လာတော့သူကထွက်ပြေးသွားပြီးငါလုပ်ခဲ့သလိုပုံစံမျိုးထားခဲ့တာ။
Juyeonဖတ်နေရင်းမှာတင်စာအုပ်ကိုင်ထားသည့်လက်တို့တုန်ယင်လာရတော့သည်မှာသူဘယ်လောက်တောင်ဒေါသထွက်နေလည်းဆိုတာသိနိုင်လေသည်။
နောက်စာပိုဒ်အနည်းငယ်ကိုဖတ်ကြည့်လိုက်တော့
"ဒါကြောင့်....ထွက်သွားပါ ဒီနေရာကနေထွက်သွားပြီးပျော့ညံ့တဲ့ Lee Juyeonမဟုတ်ဘဲ သန်မာတဲ့Lee Juyeonဖြစ်အောင်လုပ်ပြီးမှမင့းကောင်လေးကိုကာကွယ်ပေးပါ။ မင်းအဖေကကောင်းတဲ့သူတွေထဲမှာမပါဝင်ပေမဲ့လက်စားချေတာမျိုးတော့မလုပ်စေချင်ဘူး။မင်းအဖေအရင်းမလား။"
ဆိုကာစာအုပ်အနက်ရောင်လေးထဲကစာကြောင်းတွေကာအဆုံးသတ်သွားခဲ့လေသည်။
Juyeonစာကိုဖတ်ပြီးသည်နှင့်သက်ပြင်းတစ်ခုကိုလေးကန်စွာချလိုက်ပြီးစာထဲမှာရေးထားသည့်အတိုင်းဗီရိုထဲမှဘဏ်ကဒ်ကိုယူ သူ့ရဲ့အဝတ်အစားအနည်းငယ်ကိုကျောပိုးအိတ်ဖြင့်ထုပ်ပိုးကာထွက်သွားရန်ပြင်တော့သည်။
ဘယ်လောက်ပဲJaehyunနားကမထွက်သွားပါဘူးပြောပြော အခုလိုအခြေအနေမျိုးနဲ့ဆိုရင်သူ့ကြောင့်Jaehyunဒုက္ခရောက်မှာကိုမလိုလား။
ဒါကြောင့်ပထွေးဖြစ်သူမှာကြားသည့်အတိုင်းသန်မာတဲ့Lee Juyeonဖြစ်အောင်လုပ်တော့မည်ဟူသောဆုံးဖြတ်ချက်တစ်ခုအားလည်းခိုင်မာစွာချလိုက်တော့သည်။
"Jaeကိုမသွားခင်တော့နှုတ်ဆက်ရမယ်"
သူတွေးတောလိုက်ရင်းလက်မှာပေနေသည့်သွေးတွေကိုရေဆေးချကာအဝတ်အစားလည်းလဲလိုက်ပြီးပုံမှန်ပုံစံပြန်နေကာတစ်ဖက်ခြံကိုကျော်ရင်းJaehyumအခန်းဆီသို့ဦးတည်လိုက်လေသည်။
.....................
"ခွမ်း!!!!!!!"
Jaehyunတစ်ယောက်ညဘက်မအိပ်ခင်ရေသောက်နေတုန်းဖန်ခွက်ကလက်ကနေချော်ပြီးကျကွဲသွားသည်။တစ်ခါမှလည်းမဖြစ်ဖူးပေမဲ့အနည်းငယ်ထူးဆန်းသည့်အငွေ့အသက်ကိုတော့သူရနေလေသည်။
ဖန်ခွက်ကျကွဲသည်ဆိုတာမကောင်းတဲ့အတိတ်နိမိတ်ကိုပြတဲ့သဘောလည်းဖြစ်တယ်မလား။ဒါပေမဲ့လည်းလျစ်လျူရှူကာဖန်ကွဲစတွေကိုသေချာသိမ်းကျုံးအမှိုက်ပုံးထဲထည့်လိုက်သည်။
"ဒေါက် ဒေါက်"
အခန်းပြတင်းပေါက်မှန်ကိုခေါက်လာတော့Juyeonဖြစ်နေသည်မလို့အပြေးလေးသွားဖွင့်ပေးမိသည်။
"Ju...အေးနေတာကိုဘာလို့တက်လာတာလည်း"
Juyeonကဘာစကားမှမပြောသေးဘဲအခန်းထဲရောက်မှသာပြုံးပြရင်း
"မအေးပါဘူး ဒီအတိုင်း.......တစ်ယောက်တည်းပျင်းလို့လာခဲ့တာ"
"အမယ်....ထူးထူးဆန်းဆန်း....ဒါဆိုJaeနဲ့အတူအိပ်မလို့လား"
"အင်း...............ဟိုလေ....Jae ကိုယ်ပြောစရာရှိတယ်"
"ပြောလေ"
Juyeonပုံဟာပြောရမှာကိုတွန့်ဆုတ်နေပုံပေါက်တာမလို့Jaehyunကပြုံးလိုက်ရင်း
"ပြောပါJuရဲ့ ဘာအကြောင်းမလို့လည်း"
Juyeonသက်ပြင်းတစ်ခုကိုထပ်ချလိုက်ပြီးJaehyunရဲ့လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်မိသည်။ပြီးတော့လက်ကလေးကိုင်ကာJaehyunအားကုတင်ပေါ်မှာထိုင်စေလေသည်။
Juyeonရဲ့အနည်းငယ်မူမမှန်နေသည့်လုပ်ရပ်များကြောင့်Jaehyunစူးစမ်းချင်မိသည်။
"Ju.....ဘာဖြစ်နေတာလည်း ဘာပြောမလို့လည်း"
"ကိုယ်...........သွားရမယ်"
အစမရှိအဆုံးမရှိပြောလာသည့်Juyeonရဲ့စကားဟာJaehyunအားမေးခွန်းထပ်ထုတ်စေမိသည်။
"Juဘာတွေပြောနေတာလည်း ဘယ်ကိုသွားရမှာလည်း"
"အဝေးတစ်နေရာကို"
Jaehyunရဲ့မျက်ဝန်းများကိုသေချာစွာစိုက်ကြည့်ကာပြောလိုက်တော့မျက်လုံးအိမ်ထဲမှမျက်ရည်များအားJaehyunလေးကသတိထားမိသွားလေသည်။
"Jaeကိုရှင်းအောင်ပြော....ဘယ်ကိုသွားရမှာလည်း"
"အဲ့လိုပဲ.....ရှိတယ်......တစ်နေရာကို ကိုယ်သွားရမှာ"
"ဒါဆိုဘာလည်း Jaeကိုထားခဲ့မယ်ဆိုတဲ့သဘောလား"
"အင်း....."
Juyeonမရဲတစ်ရဲလေးပြန်ဖြေမိပါသည်။
"Ju Jaeကိုကတိပေးထားတယ်လေ ဘယ်တော့မှJaeအနားကနေထွက်မသွားပါဘူးဆို!!"
အနည်းငယ်တုန်ရီလာသည့်စကားသံလေးထဲမှာဝမ်းနည်းမှုတို့ဟာတစ်စွန်းတစ်စပါဝင်နေခဲ့သည်။
"ကိုယ်ကတိမတည်တာမဟုတ်ပါဘူး "
"ဒါဆို ဘာလို့ထွက်သွားမယ်ပြောနေတာလည်း!!!"
Jaehyunအော်လိုက်မိသည်။
"Juနောက်နေတာမလား Jaeကိုနောက်နေတာမလားဟင်!"
Jaehyunလေးရဲ့အမေးကိုJuyeonကခေါင်းအသာခါပြရင်း
"မဟုတ်ဘူး ကိုယ်နောက်နေတာမဟုတ်ဘူးJae ကိုယ်တစ်ကယ်မဖြစ်မနေသွားရမဲ့ကိစ္စလေးရှိလာလို့ပါ"
"ဘာကြောင့်လည်းပြော!! အကြောင်းရင်းသိရမှJuကိုသွားခွင့်ပေးမှာ"
Juyeonပြောပြဖို့ခက်နေတော့သည်။အခုအချိန်မှာမှအမှန်တစ်ရားတွေပြောလိုက်မိရင်Jaehyunလက်ခံရခက်လိမ့်မည်ကိုသိသောကြောင့်သူမပြောဖို့ဆုံးဖြတ်လိုက်လေသည်။
"အဲ့တာတော့ ကိုယ်ပြောပြလို့မရလို့ပါJae"
"ဘာကိုပြောပြလို့မရတာလည်း!!!!!"
ကိုင်ထားခံရသည့်Juyeonရဲ့လက်တို့ကိုJaehyunတစ်ယောက်ဆောင့်ကာဆွဲလိုက်ရင်းအော်လိုက်မိပြန်သည်။
JuyeonကJaehyunပခုံးလေးကိုအသာကိုင်ကာ
"ကိုယ့်ကိုနားလည်ပေးပါJae ကိုယ်အခုလိုလုပ်ရပ်လုပ်ရတယ်ဆိုတာ Jaeရဲ့လုံခြုံမှုကြောင့်ပါ ကိုယ်သွားမှJaeဒီကိစ္စတွေကနေလွတ်မှာ မဟုတ်ရင်Jaeကိုပါအန္တရာယ်ရှိလာနိုင်တာမလို့"
Juyeonပြောသည်များကိုJaehyunတစ်လုံးမှနားမလည်နိုင်တော့ချေ။နားလည်ချင်စိတ်လည်းသူ့မှာမရှိတော့။သူဖြစ်ချင်နေတာတစ်ခုတည်း။
Juyeonကိုထွက်မသွားစေချင်မိဘူး။
Jaehyunလေးရဲ့မျက်ဝန်းထဲမှမျက်ရည်ပေါက်တို့ဟာပါးပြင်ထက်ကိုစီးဆင်းလို့လာခဲ့လေပြီ။အလားတူစွာJuyeonရဲ့ပါးပြင်ထက်မှာလည်းမည်သည့်အချိန်ကမှန်းမသိ။ မျက်ရည်စီးကြောင်းတို့ဟာနေရာယူလျက်။
စောနကဖန်ခွက်ကျကွဲခြင်းရဲ့မကောင်းသည့်အတိတ်နိမိတ်ဟာဤအရာကိုများဆောင်ကျဥ်းလေသလား။
ဝမ်းနည်းစွာငိုနေသည့်Jaehyunလေးရဲ့မျက်နှာကိုJuyeonဘယ်လိုမှမကြည့်ရက်တော့ချေ။သူအကြည့်လွှဲလိုက်တော့ဟိုကထသွားမည်ထင်ကာJuyeonရဲ့ခါးကိုဖက်လာသည်။
"မသွားပါနဲ့Juရယ်......Jaeတောင်းပန်ပါတယ် မသွားပါနဲ့နော်!!! Jaeအနားကနေဘယ်ကိုမှမထွက်သွားပါနဲ့!!"
ငိုသံပါလေးနဲ့ပြောလာသည့်Jaehyunရဲ့စကားတို့အားJuyeonဘယ်လိုမှမလွန်ဆန်နိုင်။
ဖက်ထားသည့်Jaehyunရဲ့ကိုယ်လုံးကိုခွာစေလိုက်ပြီးမျက်ရည်တွေနှင့်စိုရွှဲကာနေသည့်Jaehyunလေးရဲ့မျက်နှာအားသေချာစွာကြည့်လိုက်မိသည်။
နို့နှစ်ရောင်လိုဖြူဖွေးနေသောအသားရည်လေးမှာငိုထား၍နီရဲနေပြီးတောက်ပနေသောမျက်ဝန်းလေးမှာမျက်ရည်ဥလေးတွေလဲ့လျက်။ ဒါ့အပြင်နီရဲရဲနှာခေါင်းလုံးလေးပေါ်ကမှဲ့နက်လေးဟာလည်းထင်းလို့ပင်။
သူသိပ်ကိုမြတ်နိုးရပါသောဤကောင်လေး။
သူသိပ်ကိုတန်ဖိုးထားရပါသောဤကောင်လေး။
သူသိပ်ကိုချစ်ရပါသောဤကောင်လေး။
ဘယ်ထားခဲ့ရက်ပါ့မလည်းကွယ်။ဒါပေမဲ့ဘယ်လောက်ပဲချစ်မြတ်နိုးတန်ဖိုးထားပါစေ။ကံကြမ္မာကမျက်နှာသာမပေးခဲ့လေခြင်း။
ခွဲခွာရတော့မည်တဲ့။ သိပ်ကိုချစ်ကြတဲ့ကောင်လေးနှစ်ယောက်ကခွဲခွာရတော့မည်တဲ့လေ။
"ကိုကို~~"
တိမ်ဝင်သွားသည့်အသံလေးဖြင့်ခေါ်လာသောနာမ်စားလေး။ ထိုနာမ်စားလေးကိုသူမကြားရတာဘယ်လောက်တောင်ကြာခဲ့ပြီလည်း။ငယ်ငယ်ကငိုနေခဲ့သည့်ကိုသူ့လာနှစ်သိမ့်ပေးရင်းစခေါ်ခဲ့သည့်နာမ်စားလေး။
Juyeonလက်တို့ဟာပန်းရောင်သမ်းနေသည့်Jaehyunရဲ့ပါးပြင်နုနုလေးနှစ်ဖက်ကိုအုပ်မိုးကာကိုင်လိုက်ပြီးမျက်ဝန်းတို့ဟာလည်းနှာတံပေါ်မှမှဲ့နက်လေးထံကိုရောက်ရှိသွားလေတော့အလိုအလျောက်မျက်နှာနှစ်ခုနီးစပ်သွားကြလေသည်။
Juyeonလည်းသူ့ရဲ့နှုတ်ခမ်းပါးလေးဖြင့်Jaehyunနှာတံသွယ်သွယ်လေးပေါ်မှာရှိနေသောသူမြတ်နိုးရသည့်Jaehyunရဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်သည့်မှဲ့နက်လေးအားညင်သာစွာထိကာအနမ်းလေးတစ်ပွင့်ပေးလိုက်မိသည်။
စက္ကန့်ပိုင်းမျှသာကြာသည့်အနမ်းလေးဆိုပေမဲ့JuyeonကောJaehyunကောသိပ်သဘောကျရပါသည်။
မျက်နှာနှစ်ခုဟာနီးစပ်နေမှတော့သူတို့ရဲ့မျက်ဝန်းတွေဟာလည်းမတွေ့ဆုံနိုင်စရာအကြောင်းမရှိ။
ချစ်ရည်ရွှန်းလဲ့နေသည့်မျက်ဝန်းများနဲ့အတူတစ်ဖန်ထပ်မံကာမျက်လုံးချင်းစကားပြောမိကြပြန်သည်။သို့သော်Juyeonရဲ့မျက်ဝန်းတွေဟာJaehyunမျက်ရည်စီးကျရာနှုတ်ခမ်းပါးလေးဆီကိုရောက်မိတော့သူ့စိတ်တွေဘယ်လိုမှထိန်းမရနိုင်ဖြစ်လာရတော့သည်။
တစ်ဖန်JuyeonဟာJaehyunမျက်နှာနားကိုဖြေးဖြေးချင်းပိုမိုစွာနီးကပ်သွားလိုက်ပြီးဒီတစ်ခေါက်မှာတော့သူထိရုံသာနမ်းဖူးခွင့်ရခဲ့သည့်Jaehyunရဲ့နှုတ်ခမ်းပါးလေးအားနမ်းမိပြန်ပါတော့သည်။
Juyeonရဲ့စနမ်းခြင်းကိုခံရတော့Jaehyunမျက်လုံးများကိုစုံမှိတ်မိလိုက်ပြီးအနမ်းရဲ့အရသာကိုကောင်းကောင်းခံစားနေမိသည်။
ထိရုံမျှမဟုတ်သည့်အနမ်းလေးဟာနှစ်ယောက်စလုံးအဖို့တော့လုံလောက်သည့်ကျေနပ်လှပါသောစိတ်ခံစားချက်မျိိုးကိုပေးလေသည်။
Jaehyunရဲ့လက်တို့ဟာလည်းJuyeonလည်တိုင်ထက်ကိုဖက်တွယ်လာပြီးခန္ဓာကိုယ်နှစ်ခုကိုပိုမိုနီးကပ်စေလိုက်ပြန်သည်။
အပေးယူမျှတစွာနမ်းနေသည့်ကောင်လေးနှစ်ယောက်ရဲ့အနမ်းတို့ဟာရိုးရှင်းပွင့်လင်းလာပေမဲ့တစ်ဖြည်းဖြည်းနဲ့မွတ်သိပ်လာတော့သည်။
နမ်းနေရင်းမှာပင်JuyeonဟာJaehyunခါးလေးကိုကိုင်ရင်းကုတင်ထက်၌လဲလျောင်းစေလိုက်သည်။အနမ်းတွေကိုတော့မပြတ်လပ်စေဘဲသူကလည်းအပေါ်ကနေအုပ်မိုးကာပိုပြီးတော့မွတ်သိပ်သည့်အနမ်းများကိုပေးနေလေသည်။
နမ်းရင်းနဲ့Jaehyunရဲ့ခံတွင်းထဲကိုဝင်ရန်ခွင့်တောင်းမိတော့ကောင်လေးကအသာတစ်ကြည်နဲ့နှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟပေးလာသည်။
သို့ကြောင့်ပင်ကောင်လေးနှစ်ယောက်နမ်းနေကြသည့်အနမ်းတွေဟာစီးချက်ညီစွာထွက်ပေါ်နေသည့်ကာရံညီသောသံစဥ်တွေလိုအစီစဥ်တစ်ကျဖြစ်နေတော့သည်။
ကဗျာစာပိုဒ်လေးကိုကဗျာဆရာကလှပအောင်သီကုံးပေးနေခြင်းဆိုတဲ့အဓိပ္ပါယ်ကိုများဖော်ဆောင်လေသလား။
ရမ္မက်ဆန်လာသည့်အနမ်းတို့နှင့်အတူJaehyunလေးဟာလည်းJuyeonလည်တိုင်မှတစ်ဆင့်Juyeonဆံပင်တို့ကိုထိုးဖွနေခဲ့လေသည်။
အတော်အတန်ကြာသောအနမ်းတစ်ခုကိုရပ်တန့်လိုက်မိတော့နှစ်ယောက်ကြားထဲကမပြီးပြတ်သေးတဲ့ငွေမျှင်ရောင်ကြိုးတန်းလေး။
သူနမ်းထား၍မောဟိုက်နေပုံရသည့်Jaehyunလေးရဲ့ပုံဟာJuyeonအတွက်တော့လှပသည့်ပန်းချီကားချပ်တစ်ခုအလား။အလွန်ပင်စွဲမက်ဖွယ်ကောင်းလေသည်။
ဒါကြောင့်Jaehyunလေးရဲ့လည်တိုင်ဖွေးဖွေးလေးအားထပ်မံအနမ်းပေးမည်လုပ်မိတော့Jaehyunကလည်းအသာတစ်ကြည်ခေါင်းလေးစောင်းပေးရှာသည်။
ဒါပေမဲ့Juyeonနမ်းခါနီးရပ်တန့်လိုက်မိသည်။
"ငါဒီထက်ပိုသွားလို့မဖြစ်ဘူး"
သူ့ကိုယ်သူစိတ်ထဲမှာရေရွတ်လိုက်ရင်းအနည်းငယ်ရမ္မက်ဆန်ချင်နေသည့်သူရဲ့စိတ်တို့အားထိန်းချုပ်လိုက်သည်။
"ဘာလို့ရပ်သွားတာလည်းကိုကို မနမ်းတော့ဘူးလားဟင်"
Jaehyunမေးလာသည်ကြောင့်Juyeonကပြုံးကာ
"နောက်မှဆက်ကြတာပေါ့....ဒီနေ့တော့ဒီလောက်ပဲလေ"
သူပြောသည်ကိုကောင်လေးကသိပ်ဘဝင်မကျချင်ဘူးထင်။မျက်နှာလေးဘေးလွှဲကာနှုတ်ခမ်းလေးကအနည်းငယ်ဆူလာသည်။
Juyeonကသဘောတစ်ကျပြုံးရင်းဆူနေသည့်Jaehyunရဲ့နှုတ်ခမ်းလေးအားတစ်ချက်ပြွတ်ခနဲထပ်နမ်းကာ
"နောက်ကျနေပြီလေ အိပ်ရအောင်"
"အင်း....ကိုကို့ရင်ခွင်ထဲမှာအိပ်မှာနော်"
"သဘောပါဗျာ"
ဆိုကာJuyeonကJaehyunအပေါ်ကနေဘေးကိုရွှေ့လိုက်ပြီးJaehyunကိုလည်းရင်ခွင်ထဲထည့်ကာချော့သိပ်လိုက်လေသည်။
Jaehyunကမအိပ်ခင်
"ကိုကို....."
"ဟင်"
"နောက်နေ့ကျဒီထက်ပိုနမ်းရအောင် Jaeအားမရသေးဘူး"
Juyeonခပ်ဖွဖွလေးရယ်မိပါသည်။
"အင်းပါ......"
ကောင်လေးကတော့ပြုံးပြီးJuyeonရင်ခွင်ထဲမှာအိပ်ပျော်သွားရှာလေရဲ့။ဒါပေမဲ့Juyeonကတော့မအိပ်နိုင်တော့ပါလေ။
နောက်နေ့ကျဒီထက်ပိုနမ်းကြမယ်ဆိုပေမဲ့အဲ့ဒီ့နောက်နေ့ဆိုတာက လနဲ့ချီကြာသွားလေမလား။ဒါမှမဟုတ် နှစ်နဲ့ချီကြာသွားလေမလား။
__________________________________________
ဇာတ်လမ်းကအခုမှစတော့မှာပါယောတောဘွန်းတို့👀
Thanks for reading🌸
Zawgyi
Intro ပိုင်းမှအဆက်~~~
"ဘာပြောတယ်!!!!!"
"တောက်!!!!!"
............
"ဟုတ်ကဲ့ပါ Boss!!"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Juyeonအိမ်၌........
"ပြေး.......ပြေးတော့......."
"အင်း....."
"ဘယ်သူတွေကလည်း!!!!"
သူဘာဆက်လုပ်ရမလည်း။ရုတ်တစ်ရက်ကြီးအကောင်းကနေအခုလိုအခြေအနေမ်ျုးကြောင့်သူဘာဆက်လုပ်ရတော့မလည်းဟင်။
"သားJuyeon~~" တဲ့။
စာထဲတွင်ရေးထားသည်က.......
.....................
"ခွမ်း!!!!!!!"
"ဒေါက် ဒေါက်"
"ပြောလေ"
"ကိုယ်...........သွားရမယ်"
"အဝေးတစ်နေရာကို"
"အင်း....."