Chapter 21
{ ဝေးကွာဖို့အတွက်ချစ်ခဲ့လေခြင်းတော့မဟုတ်ပေမဲ့လည်း.......}
ဆောင်းရာသီရဲ့လေပြေတွေဟာညတုန်းကတစ်စုံတစ်ယောက်သောသူလာခဲ့ပြီးပြန်ထွက်ခဲ့သောကြောင့်ဖွင့်ထားမိသည့်ပြတင်းပေါက်မှတစ်ဆင့်ကုတင်ထက်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသောကောင်ငယ်လေးပေါ်သို့ကျရောက်လာသည့်အခါမှာအေးစက်မှုကြောင့်နိုးထလာခဲ့သည်။
စောင်နဲ့ ဖွင့်ထားသည့်heaterရဲ့အနွေးဓာတ်ကိုခံစားမိပေမဲ့တစ်ယောက်သောသူရဲ့ရှိနေရမည့်အငွေ့သက်ကိုမခံစားမိချေ။ဒါကြောင့်အိပ်ချင်နေသေးသည်ကိုပင်လျစ်လျူရှုကာထကြည့်လိုက်တော့သူ့ဘေးမှာရှိနေရမည့်သူကမရှိတော့လေပြီ။
"Juရေ!!!!"
မတွေ့တော့လန့်သွားပေမဲ့ခနtoiletသွားတာဖြစ်မှာပါလေဆိုပြီးဖြည့်တွေးကာထကြည့်ပြန်တော့လည်းဘယ်မှာမှရှာမတွေ့။
မဟုတ်လောက်ပါဘူးနော်......Juကသူ့ကိုမနေ့ညကပြောတဲ့အတိုင်းထွက်သွားတာမျိုးမဟုတ်လောက်ပါဘူးနော်။
ပါးပြင်ပေါ်တွင်လှိမ့်ဆင်းလာသည့်မျက်ရည်စီးကြောင်းတို့ကိုအကြမ်းပတမ်းသုတ်ပစ်ကာမတွေ့သောသူကိုပဲရှာနေမိသည်မှာအရူးတစ်ယောက်နှယ်။
ထိုစဥ်ခုံပေါ်တွင်ထားခဲ့သည့်စာရွက်ဖြူလေးတစ်ခုအားမျက်စိရောက်မိလေသည်။အလျင်မြန်ပဲဖွင့်ကာကြည့်လိုက်တော့နှစ်ယောက်မရှိပါသောချစ်ရတဲ့သူရဲ့လက်ရေးမူနဲ့ရေးထားသည့်စာများ။
" Jae......ကိုယ်တောင်းပန်ပါတယ် မဖြစ်မနေလုပ်လိုက်ရတာမလို့ပါ။ ကိုယ့်ကိုလိုက်ရှာဖို့လည်းမကြိုးစားပါနဲ့။အချိန်တန်ရင်ကိုယ်Jaeဆီပြန်လာပြီးကတိပေးထားခဲ့သလိုကိုယ်တို့အတူတူနေကြမယ်နော် ချစ်တယ်Jae"
သူ့ရဲ့နာမည်လေးနဲ့ပဲအစပြုခဲ့ပြီးထိုနာမည်လေးနဲ့ပဲအဆုံးသတ်ခဲ့သည့်စာတစ်ပိုဒ်လေးဟာJaehyunအဖို့တော့မျက်ရည်မဆည်နိုင်ဖြစ်ဖို့ရန်လုံလောက်နေခဲ့ပါသည်လေ။
ချစ်တယ်တဲ့။ Juကသူ့ကိုချစ်တယ်တဲ့။ အဲ့စကားလေးကိုအတူတူရှိနေတုန်းကပြောပါဦးလားJuရယ်။ အခုတော့စာလေးနဲ့ပဲရေးသွားခဲ့တာနားနဲ့ကိုယ်တိုင်မကြားနိုင်တော့ဘယ်ကျေနပ်နိုင်ပါ့မလည်း။ သူJuyeonကိုထားခဲ့လို့ဆိုပြီးပဲစိတ်ဆိုးပစ်ရမလား။
ဒါပေမဲ့နှစ်အတော်ကြာတည်ဆောက်ခဲ့ရတဲ့သူတို့နှစ်ယောက်ကြားကသံယောဇဥ်ကြိုးတန်းမျှင်လေးကြောင့်သူစိတ်မဆိုးရက်ပါ။ စာထဲမှာတော့ရှာဖို့မကြိုးစားပါနဲ့ဆိုပေမဲ့Jaehyunကတော့ခေါင်းမာစွာမတွေ့တွေ့အောင်ရှာရန်ကြိုးစားဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
သူတို့ကဒီလိုဝေးကွာဖို့ချစ်ခဲ့ကြတာမှမဟုတ်ဘဲ။
Jaehyunစာရွက်လေးကိုလက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ပြီးကျဆင်းနေသည့်မျက်ရည်များကိုလည်းသုတ်လိုက်သည်။ထိုစဥ်အိမ်အနီးနားမှဆူညံသံတွေ ရဲကားအသံကိုပါကြားလိုက်ရသည်မလို့အနည်းငယ်တော့ထိတ်လန့်သွားပြီးပြတင်းပေါက်ကနေလှမ်းကြည့်လိုက်သည်။
Juyeonတို့အိမ်ဘက်မှာရှိနေသောရဲကားနှစ်စီးနှင့်လူအများ။ Juyeonတို့အိမ်ကိုလည်းကြိုးအဝါဖြင့်စည်းတားနေပြီးဝတ်စုံအဖြူဝတ်ထားသည့်လူတွေမှလည်းအိမ်ထဲသို့ဝင်သွားသည်ကိုမြင်လိုက်ရသည်မလို့Jaehyunချက်ချင်းပဲအောက်ထပ်ကိုပြေးဆင်းသွားသည်မှာအိမ်ကြမ်းပြင်နှင့်ခြေထောက်တောင်ထိရဲ့လားမသိတော့။
ခြံထဲကိုရောက်တော့Ommaနဲ့Appaကလည်းရှိနေပြီးတစ်ဖက်အိမ်ကိုလှမ်းကြည့်နေကြသည်။
"Omma!!! Appa!!! "
"အော်....သားလေးနိုးပြီလား "
"Ju...Juတို့အိမ်ဘက်မှာဘာတွေဖြစ်နေတာလည်း"
"အခုရဲတွေပြောနေကြတာ အဲ့ဘက်အိမ်မှာဟိုကောင်လေးရဲ့ပထွေးသေဆုံးနေတာတွေ့လို့တဲ့ အသတ်ခံရတာလို့ပြောတယ် ရဲတွေကတော့Juyeonသတ်သွားတာလည်းဖြစ်နိုင်တယ်တဲ့"
"ဗျာ!!!!! Ommaဘာတွေပြောနေတာလည်း!!!"
"ရဲတွေကောက်ချက်ချအရပြောပါတယ်သားရယ် အဲ့တာကြောင့်သားကိုပြောတာပေါ့အဲ့ကောင်လေးနဲ့အပေါင်းသင်းမလုပ်- ဟဲ့သား!!!! Lee Jaehyun!!!!!!!"
Ommaစကားပြောလို့တောင်မပြီးသေးခင်အချိန်မှာJaehyunတစ်ယောက်Juyeonတို့အိမ်ဘက်ပြေးသွားကာရဲတွေတားနေသည်ကိုမမှုနိုင်ဘဲကြိုးတွေကိုဖြတ်ကာအိမ်ထဲကိုဇွတ်ဝင်သွားလေတော့သည်။
"ဟိတ် ဟိုကောင်လေး အိမ်ထဲကိုမဝင်နဲ့လေ!!! ဟိုကောင်တွေသူ့ကိုတားကြ!!!"
ရဲတစ်ယောက်မှလှမ်းပြောတော့သူ့တပည့်တွေကအိမ်ပေါက်ဝရောက်နေသည့်Jaehyunကိုတစ်ယောက်တစ်ဖက်ဆီလှမ်းဆွဲပေမဲ့ဒေါသလည်းအနည်းငယ်ထွက်ကာစိုးရိမ်စိတ်များနေသည့်Jaehyunအားကိုပင်မနိုင်တော့ချေ။
အိမ်ထဲကိုJaehyunရောက်သွားတော့ဧည့်ခန်းထဲမှာသွေးအလိမ်းလိမ်းဖြင့်လဲကျနေသည့်Juyeonရဲ့ပထွေးကိုတွေ့လိုက်ရတော့Jaehyunသူ့မျက်လုံးပင်သူမယုံနိုင်ဖြစ်ကာထိတ်လန့်သွားရသည်။
လူသေအလောင်းကိုစစ်ဆေးနေသည့်ဆရာဝန်တွေရဲ့အပြောကိုလည်းလျစ်လျူရှုကာအိမ်ပေါ်ထပ်ကိုအမြန်ပြေးတက်သွားပြီးJuyeonအခန်းထဲသို့ဝင်လိုက်တော့အဝတ်စားအနည်းငယ်ယူထားလို့ဖွင့်ဟနေသည့်အဝတ်ဗီဒိုရယ် အနည်းငယ်ပုံပျက်ကာယိုယွင်းနေသည့်စားပွဲပေါ်မှပစ္စည်းတွေရယ်ကြောင့်Juyeonဟာသူ့ကိုတစ်ကယ်ထားခဲ့ပြီဆိုတာကိုလက်မခံချင်ပေမဲ့လက်ခံရတော့သည်။
"Ju......"
နာမည်လေးကိုပါးစပ်ဖျားမှာရွတ်ကာရပ်ဖို့ပင်အားတောင်မရှိတော့ဘဲထိုင်ချကာငိုမိပြန်သည်။
"ဟိုကောင်လေး!!! မင်းကိုအိမ်ထဲမဝင်နဲ့လို့ပြောနေတယ်လေ!!! ဟာ....ဒီမှာဘာလုပ်နေတာလည်း ထအခုချက်ချင်း!!!!"
ဆိုကာရဲနှစ်ယောက်မှဆွဲထူကာထစေတော့ပြန်တွန်းထုတ်သည်။
"ကျွန်တော့်ကိုလာမထိနဲ့!!!!!"
ပြောလည်းပြောငိုလည်းငိုဆိုတော့ရဲတွေမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ထိုစဥ်ရဲတွေရဲ့အကြီးကဲဖြစ်သည့်တစ်ယောက်မှရောက်လာတော့ကျန်သည့်ရဲတွေကအလေးပြုကာနှုတ်ဆက်ကြသည်။
ရဲဦးစီးမှူးကလည်းပြန်ခေါင်းငြိမ့်ပြရင်းJaehyunကိုကြည့်ကာ
"ကောင်လေး မင်းကဒီအိမ်က LeeJuyeonဆိုတဲ့ကောင်လေးနဲ့သူငယ်ချင်းတွေမလား"
Jaehyunကခေါင်းငြိမ့်ပြသည်။
"အင်းပါ....မင်းသူငယ်ချင်းကြောင့်မင်းဘယ်လောက်ဝမ်းနည်းနေလည်းဆိုတာသိပါတယ် ဒါပေမဲ့ဦးလေးတို့လည်းအခုကအမှူစစ်ဆေးရဦးမှာမလို့ခနတော့အိမ်ထဲကထွက်ပေးနော်"
ချော့မြူပြီးပြောတော့မှJaehyunကငိုနေရင်းတန်းလန်းအိမ်ထဲကနေထွက်လာလေသည်။ဘေးကရဲနှစ်ယောက်ကလည်းတွဲကူပေးသည်။
အိမ်ပြင်ရောက်တော့
"Lee Jaehyun!!!! ဘာလို့အိမ်ထဲကိုဝင်သွားတာလည်း ဟမ်!!! "
Appaမှဆူတော့Jaehyunကခေါင်းလေးငုံ့ကာ
"တောင်းပန်ပါတယ် Appa သားJuyeonအတွက်စိုးရိမ်သွားလို့"
"အင်း သွားအခု အိမ်ထဲမှာသွားနေတော့!!!"
ကိုယ့်ခန္ဓာကိုယ်ပင်မသယ်ချင်လောက်အောင်လေးကန်စွာဝင်သွားလိုက်ပြီးအိပ်ကပ်ထဲမှJuyeonပေးခဲ့သည့်စာလေးကိုနောက်တစ်ခေါက်ထပ်ဖတ်ကြည့်ကာသူငိုရပြန်သည်။
ထိန်းချုပ်ထား၍မရသည့်မျက်ရည်တို့စီးဆင်းနေသည်မှာဆည်ကျိုး၍ထွက်လာသောမြစ်ချောင်းရေများအလားအဆက်မပြတ်စီးဆင်းနေသည်။ရင်ဘတ်ထဲတွင်လည်းမွန်းကြပ်လာပြီးအသက်ရှူပါမမှန်ချင်တော့။
Juကသူ့ကိုချစ်တယ်ဆိုဘာလို့ထားခဲ့ရတာလည်းဟင်။ ကတိတွေအတန်တန်ပေးပြီးအခုလိုမျိုးလက်လွတ်စပယ်လုပ်သွားတာကျန်ရစ်သူဘယမလိုခံစားရမယ်ဆိုတာကိုမသိလို့များလား။
မနေ့ညကတည်းကအခုလိုဖြစ်မယ်မှန်းသာသူကြိုသိခဲ့ရင်Juကိုဖွင့်ပြောပြီးဆွဲထားပါတယ်လေ။ဘယ်သိပါ့မလည်းနော်။
ပထမဦးဆုံးနက်ရှိုင်းစွာနမ်းလိုက်ရသည့်အနမ်းတို့ဟာနှုတ်ဆက်အနမ်းဖြစ်နေခဲ့မယ်ဆိုတာ......။
.................
ပိတ်ရက်ပြီးလို့ကျောင်းပြန်သွားရပေမဲ့သွားနေကျလိုစက်ဘီးနောက်ကနေထိုင်ပြီးလိုက်ရသည်တော့မဟုတ်။Appaကားရဲ့နောက်ခန်းထဲမှာထိုင်ပြီးလိုက်ခဲ့နေသည်သာဖြစ်သည်။
လွမ်းလိုက်တာ.....စက်ဘီးနောက်မှာထိုင်ပြီးဖက်တွယ်ခွင့်ရသည့်ခါးလေးကို။ကျောပြင်မှာလည်းမျက်နှာအပ်ရင်းကိုယ်သင်းနံ့လေးကိုပါရှူရှိုက်ခွင့်ရသည်ကို။
မနေ့ညကငိုထားမိသည့်ဒဏ်ကြောင့်မျက်လုံးများဟာလည်းကျိန်းစပ်နေပြီးမနက်စာတောင်အားပင်မရှိ၍ကောင်းကောင်းမစားခဲ့ရ။စားချင်စိတ်မရှိတာလည်းပါမည်ထင်။ဒီလောက်ရင်ထဲအသဲထဲကနာကျင်ခံစားနေရတာ ဘယ်လိုလုပ်ကောင်းကောင်းစားကောင်းကောင်းအိပ်နေနိုင်ပါ့မလည်း။
"သား ရောက်ပြီ"
"အော်...ဟုတ်"
"ဖြေးဖြေးသွားနော် အရမ်းလည်းဝမ်းနည်းမနေနဲ့ဦးသိလား ငါ့သားဘယ်လောက်ထိအဖော်မက်လည်းဆိုတာAppaသိပါတယ်ဒါပေမဲ့အခုလိုကြီးခံစားနေရတာမြင်တော့Appaလည်းစိတ်မကောင်းဘူးလေ နော်"
"ဟုတ်ကဲ့ပါAppa သားသွားလိုက်ပါဥိးမယ်"
"အေးအေး"
Jaehyunကားပေါ်မှဆင်းကာကျောင်းထဲကိုသာဝင်လာပေမဲ့စိတ်ကမရောက်နေပါ။ဖြေးညင်းလေးကန်စွာလျှောက်လာပေမဲ့လည်းသိပ်မကျယ်သည့်ကျောင်းရဲ့ဧရိယာကြောင့်ခနလေးအတွင်းပင်အခန်းထဲကိုရောက်သွားလေသည်။
အခန်းထဲရောက်ရောက်ချင်းမှာပဲ
"Jaehyun nah!!! "
ပြိုင်တူခေါ်လာသည့်ယောကျာ်းလေးတစ်ယောက်အသံနှင့်မိန်းကလေးတစ်ယောက်အသံ။
"အင်းပြော Younghoonနဲ့Yuri"
သိသိသာသာပိန်ကျသွားသည့်မျက်နှာလေးရယ် ညိုမှိုင်းကာဝမ်းနည်းနေသည့်မျက်လုံးတို့ရယ်ကြောင့်နှစ်ယောက်သားမှာကြည့်ပြီးစိတ်မကောင်း။
"ငါတို့Juyeonသတင်းကြားတယ် အဲ့တာ...."
"အင်း......ဟုတ်တယ် သူထွက်သွားပြီ သူ...ငါ့ကိုထားခဲ့ပြီ"
သူငါ့ကိုထားခဲ့ပြီဆိုသောစကားအားပြောတော့အသံမှာတုန်ယင်နေလေသည်။
"မင်းလည်းတော်တော်ခံစားရမှာပဲကွာ"
YounghoonကJaehyunပခုံးကိုအားပေးသည့်သဘောအနေနဲ့ပုတ်ကာပြောတော့Yuriကလည်းJaehyunလက်လေးကိုကိုင်ကာ
"နင်လည်းအားတင်းထားပါဟာ....Juyeonလည်းနင့်အပေါ်အဲ့လိုလုပ်ရက်မယ်မထင်ပါဘူး နင်ကပဲစိတ်တင်းထားနော်"
အခုလိုမျိုးအားပေးလာပေမဲ့လည်းJaehyunနှလုံးသားတစ်နေရာမှာနာကျင်နေသည်ကိုတော့ဘယ်လိုမှမကုစားနိုင်ခဲ့ပါလေ။
................
"ဟဲ့...နင်သတင်းကြားပြီးပြီလား"
"ဘာသတင်းတုန်း"
"Lee Juyeonသတင်းလေ"
နေ့လည်စာစားချင်စိတ်မရှိသောကြောင့်အခန်းထဲတွင်ထိုင်ကာစာလုပ်နေပါသော်လည်းJuyeonရဲ့နာမည်ကိုကြားလိုက်ရသည်မလို့လုပ်လက်စ စာကိုခနရပ်ကာနားစွငွထားမိလိုက်သည်။
"အေး....သူကထွက်ပြေးသွားတယ်ဆို"
"ဟုတ်တယ် သူ့ပထွေးကိုသတ်ပစ်ပြီးတော့တဲ့"
"ဟယ်......ဟုတ်လို့လား LeeJuyeonကလူတောင်သတ်ရဲတာလား"
"ဟဲ့ ရဲတွေကိုယ်တိုင်စစ်ဆေးပြီးပြောတာဟုတ်တယ်တဲ့ သူ့ပထွေးကိုထိုးခဲ့တဲ့ဓားမှာJuyeonလက်ဗွေရာတွေ့တယ်တဲ့ ငါ့အကိုဝမ်းကွဲကအဲ့အမှုကိုလိုက်ရတဲ့လေ သူပြောပြတာ ငါ့ကိုတောင်ယောကျ်ားလေးတွေနဲ့ကြည့်ပြီးပေါင်းတဲ့"
"အေးနော်....LeeJuyeonကလည်းနဂိုကတည်းကလူ့ဂွစာဖြစ်နေတာသိပေမဲ့အခုလိုမျိုးလူသတ်တာလောက်ကြီးကျတော့လုပ်ရဲမယ်မထင်ထားတာကို"
Jaehyunစာအုပ်ကိုတင်းတင်းဆုပ်ထားမိသည်မှာလက်ပင်တစ်ခုလုံးနီရဲလာရတော့သည်။သည်းခံနိုင်ခြင်းအတိုင်းတာကလည်းကျော်လွန်သွားပြီဖြစ်တာမလို့လက်ထဲစာအုပ်အထပ်နဲ့ကောက်ပေါက်မယ်လုပ်တော့လာတားသည့်လက်တစ်စုံ။
"မလုပ်နဲ့"
"Younghoon နင်ဖယ်!"
Younghoonကမဖယ်ဘဲJaehyunကိုတားထားကာစောနကအတင်းတုပ်နေကြသည့်ကျောင်းသူလေးနှစ်ယောက်ဘက်ကိုလှည့်ကာ
"နင်တို့နှစ်ယောက်အဲ့လောက်ထိအားယားနေရင်လည်းငါတို့အတန်းအမှတ်ပြန်ကောင်းဖို့အတွက်စာလုပ်နေပါလား ဟမ်!!!! သေချာလည်းမသိဘဲကိုယ့်ကိစ္စမဟုတ်တာကိုစကားလုပ်ပြောနေတာနင်တို့မရှက်ကြဘူးလား!!! "
"ငါတို့ကမှန်တာကိုပြောနေတာလေ ငါ့အကိုဝမ်းကွဲကိုယ်တိုင်ပြော-"
"အဲ့တာကသေချာconfirmမလုပ်ရသေးဘူး!!အခုထိထင်ကြေးပဲရှိသေးတာ!!!"
"နင်ကကောဘာမလို့အဲ့လိုပြောနေတာလည်းသေချာသိလို့လား"
သူများအတင်းတုပ်တာတောင်လွန်သည်ဟုမတွေးဘဲကတ်ကတ်လန်အောင်ပြန်ရန်တွေ့နေသည့်ကောင်မလေးအားYounghoonမှ
"ငါ့ဦးလေးက ရဲမှူး သူဘာမှသေချာမconfirmရသေးတဲ့ကိစ္စတွေကိုထင်ကြေးပေးမနေကြနဲ့ သူများကိစ္စဝင်ပါတာတော်ရုံပဲကောင်းတယ် တစ်ကျောင်းလုံးမှာလည်းနင်တို့နှစ်ယောက်ပဲဒါကိုစကားလုပ်ပြောနေကြတာ ရှက်ဖို့ကောင်းတယ်ဆိုတာသိလိုက်!!!"
ဆိုကာJaehyunကိုcanteenဘက်သို့လက်ဆွဲခေါ်လာခဲ့သည်။
"ထိုင်.....ပြီးတော့မင်းနေ့လည်စာမစားရသေးဘူးမလား စားလိုက်ရော့"
ကြိုရောက်နေသည့်Yuriကလည်း
"အေး ရော့ Jaehyunစား နင်ဘာကြိုက်တတ်မှန်းမသိနေတာနဲ့အသားပြားကြော်ပဲယူလာလိုက်တယ် ဒီနေ့ဟင်းရည်လေးလည်းကောင်းတယ်သောက်ကြည့်"
ဆိုကာလက်ထဲကိုဇွန်းထည့်ပေးလာပေမဲ့Jaehyunစားချင်သောက်ချင်စိတ်လည်းလုံးမရှိနေပါ။ဒါကြောင့်ခေါင်းခါကာငြင်းတော့
"မင်းနေ့လည်စာမစားတာကျောင်းပြန်ဖွင့်ကတည်းကမလား အိမ်မှာကောသေချာစားတာလည်းမဟုတ်ဘူးမလား ဒီနေ့တော့နည်းနည့းလောက်စားလိုက်ပါကွာ မဟုတ်ရင်မင်းနေမကောင်းဖြစ်လိမ့်မယ်"
"ငါဗိုက်မဆာဘူး"
ဗိုက်မဆာဘူးပြောလာသည့်အသံမှာလည်းအင်းအားမရှိဖျော့တော့နေသည့်လေသံလေးဖြင့်။အစားမပြောနှင့်ရေပင်ဝင်အောင်မသောက်တော့နှုတ်ခမ်းများမှာလည်းခြောက်သွေ့နေလေသည်။
"စားလိုက်ပါ Jaehyunရဲ့ နည်းနည်းလောက်လေနော်"
Yuriကချော့ပြီးပြောလာပေမဲ့လည်းJaehyunကထမင်းဗန်းကိုတွန်းကာထလိုက်တော့အစားမစားသည့်ဒဏ်ကြောင့်အားမရှိကာမိုက်ခနဲဖြစ်ပြီးမူးလဲပါတော့သည်။
"Jaehyun!!!!! YAH!!!! Lee Jaehyun!!!!!"
....................
လေးလံနေသည့်ခံစားချက်တို့နဲ့အတူမျက်လုံးကိုမတည်းအားယူကာဖွင့်လိုက်တော့အဖြူရောင်မျက်နှာကျက်ကိုတွေ့လိုက်ရသည်။ဒါပေမဲ့အမြင်များဟာဝေဝါးနေသေးသည်။
ဘယ်ဘက်လက်တစ်နေရာမှတစ်ခုခုခံနေသလိုစူးစူးကြီးခံစားမိ၍ကြည့်လိုက်မိတော့ဆေးအပ်ထည့်ထားသည်ကိုမြင်လေသည်။ထိုစဥ်နှာခေါင်းထဲသို့ပိုးသတ်ဆေးအနံ့ရောက်လာသောကြောင့်သူရောက်ရှိနေသည့်နေရာဟာဆေးရုံဖြစ်မှန်းခန့်မှန်းမိသည်။
"Jaehyun နိုးလာပြီ!"
နားထဲမှာကြားလိုက်ရသည့်Younghoonအသံကြောင့်သူအားယူကာထကြည့်ချင်မိသည်။ဒါကြောင့်မနည်းအားယူကာထမည်လုပ်တော့ယူစရာအားပင်မရှိတော့လောက်အောင်သူ့ခန္ဓာကိုယ်ကနွမ်းလျနေပြီဖြစ်သည်။
လွမ်းနာကျတဲ့ဒဏ်ကိုကောင်းကောင်းကြီးခံစားနေရတာပဲ။
"Yuri!!! Doctorကိုအမြန်သွားခေါ်!!!"
"အင်း"
"Jaehyun ငါ့ကိုမြင်ရလား မင်းထနိုင်လား"
"ဟင့်အင်း"
"ဒါဆိုခနလှဲနေဦးနော် ခနနေDoctorလာလိမ့်မယ်"
"အင်း.......ဒါနဲ့....ငါဘယ်လို.....ဆေးရုံရောက်....လာတာ...လဲ"
"မင်းcanteenမှာမူးလဲသွားလို့လေ မင်းအခြေနေကလည်းနည်းနည်းဆိုးတော့ဆေးရုံပဲတန်းပို့လိုက်တာ "
"အော်...အင်း....."
သိပ်မကြာလိုက်Yuriနဲ့အတူDoctorရယ်Nurseရယ်ရောက်လာကာJaehyunကိုလိုအပ်သည်များစစ်ဆေးပေးလေသည်။
"လူနာကအားတော်တော်လေးနည်းနေတာပါ အစားလည်းပုံမှန်မစားဘူးထင်တယ် ပြီးတော့အခုကစိတ်အခြေအနေအရကြည့်ရင်လည်းသူတော်တော်လေးပင်ပန်းနေတာ"
"ဟုတ်ကဲ့.....သူကျောင်းမှာတော့နေ့လည်စာမစားတာသုံးရက်ရှိပါပြီDoctor"
"အော်.....ဒါဆိုအခုတော့ဒီအကြောဆေးပဲကုန်အောင်သွင်းထားလိုက်ဦးမယ် သူ့မိဘတွေရောက်လာမှကျန်တဲ့သောက်ဆေးတို့ဘာတို့ပေးမယ်လေ အပြင်မှာတာဝန်ရှိအတန်းပိုင်နဲ့ခနစကားပြောလိုက်ပါဦးမယ်"
"ဟုတ်ကဲ့ကျေးဇူးပါDoctor"
Doctorထွက်သွားတော့Yuriနဲ့Younghoonကအနားမှာလာထိုင်ကာ
"ကဲ....အကိုJaehyun shi ကြားတယ်နော် မင်းအားဖြည့်ဖို့လိုနေတာ အဲ့တာကြောင့်အစားကိုပုံမှန်စားပါလို့ပြောနေတာကို"
Younghoonကရွှတ်နောက်နောက်ဖြင့်ပြောပေးလေသည်။
"ငါ့ကြောင့်...မင်းတို့အလုပ်ရှုပ်သွားရပြီ"
"ရပါတယ် အဓိကကနင်နေပြန်ကောင်းလာဖို့ပဲ"
သူတို့ခနလောက်တိတ်ဆိတ်သွားကြပြီး
"ငါ.........သူ့ကိုလွမ်းတယ်........."
ရုတ်တစ်ရက်ထပြောလာသည့်Jaehyunရဲ့စကားကြောင့်နှစ်ယောက်စလုံးစိတ်မကောင်းကြချေ။
ထိုစဥ်အခန်းထဲသို့Jaehyunမိဘများနဲ့အတူရဲတစ်ချို့ပါရောက်လာကြလေသည်။Younghoonရဲ့ဦးလေးဖြစ်သူရဲမှူးလည်းပါလာသည်။
"ဟိုလေ.....ဒီကLee Jaehyunကိုဆေးရုံတက်နေရတာအားနာပေမဲ့ဦးလေးတို့အမှုစုံစမ်းတဲ့နေရာမှာအရေးကြီးနေလို့သက်သေထွက်ဆိုပေးဖို့လာတောင်းဆိုတာပါ ဟို သိပ်အများကြီးလည်းမဟုတ်ပါဘူး ဦးလေးတို့မေးခွန်းတွေကိုဖြေပေးရုံပါပဲ"
Jaehyunမသိမသာလေးခေါင်းငြိမ့်ပြသည်။
"ဒါဆိုဦးလေးတို့ကို တရားခံLee Juyeonကသားအိမ်လာသွားတယ်ဆိုတော့သူဘာလုပ်သွားလည်းဘာတွေပြောသွားလည်း အကုန်ပြောပြပေးလို့ရမလား"
"မပြောခင်လေ ကျွန်တော်တောင်းဆိုပါရစေ"
"ဟုတ်ကဲ့ပြောပါ"
"Juကိုတရားခံလို့မခေါ်ပါနဲ့လား Juကအဲ့လိုအခေါ်ခံရမဲ့လူတန်းစားထဲမှာမပါဘူး"
"ဟုတ်ပါပြီ ဦးလေးမခေါ်တော့ပါဘူး "
Jaehyunမှာပြောချင်ပေမဲ့လည်းသူပြောဖို့ရန်ခက်နေတော့သည်။ပြောမထွက်သည်ကလည်းပါမည်။ပြောလိုက်လျှင်ထိုညက ကိစ္စတွေပြန်မြင်ယောင်ပြီးသူပိုဝမ်းနည်းလာမှာကိုလည်းကြိုသိနေသည်မလို့ပင်။
Younghoonနဲ့YuriကJaehyunပြောဖို့ခက်နေသည်ကိုသတိထားမိသောကြောင့်
"Appa သမီးတို့ပဲဆက်မေးလိုက်မယ် Appaတို့ထွက်နေပေးပါလားဟင် အသံဖမ်းစက်ကYounghoonကိုပေးခဲ့လိုက်လို့ရတယ်"
"အေးပါ သမီးတို့လူငယ်ချင်းကျတော့ပြောရတာပိုကောင်းတာပေါ့ရော့ သားYounghoonဒီမှာအသံဖမ်းစက်"
"ဟုတ်ကဲ့"
YuriကJaehyunလက်လေးကိုဆုပ်ကိုင်လိုက်ပြီး
"Jaehyun nah....အခုငါနဲ့Younghoonပဲရှိတော့တာမလို့နင်လွတ်လွတ်လပ်လပ်ပြောလို့ရပြီနော်"
ထိုမှသာJaehyunကစကားစပြောတော့သည်။
"ငါ.....အဲ့နေ့ညက အိပ်တော့မလို့လုပ်တော့....Juကသူလာနေကြအတိုင်းပြတင်းပေါက်ကနေတက်လာတယ်........ပြီးတော့ငါ့ကိုပြောစရာရှိတယ်ဆိုပြီးလက်ကိုလာကိုင်တယ် ငါလည်းဘာပြောမှာလည်းလို့မေးတော့ သူသွားရတော့မယ်တဲ့-"
ပြောရင်းအသံလေးတိမ်ဝင်သွားကာငိုမိလုနီပါးဖြစ်လာလေသည်။
"ဘယ်ကိုသွားမှာလည်းလို့မေးတော့မဖြေဘူး ဒီလိုပဲအဝေးတစ်နေရာလို့ပဲပြောတယ် ငါဘယ်လောက်မေးမေးသူဘယ်သွားမယ်ဆိုတာမဖြေဘူး လုံးဝမဖြေတာ ငါကငိုယိုပြီးတားတာတောင်မရဘူး "
ထင်သည့်အတိုင်းJaehyunကပြောပြီးငိုပါတော့သည်။
"ငါငိုနေတာသူသိတော့သူငါ့နှာခေါင်းလေးကိုစနမ်းတယ်"
Jaehyunမှာသူ့အားခြုံပေးထားသည့်စောင်အား လုံးချေကာပြောနေရင်းထိုနေ့ညကမြင်ကွင်းတို့ကိုပြန်ဖော်ကာဆက်လေသည်။
"ပြီးတော့ငါတို့နမ်းခဲ့ကြတယ် "
နှစ်ယောက်သားရဲ့သာမန်ထက်ပိုနေပါသောအခြေအနေကိုYounghoonကောYuriကောသိပေမဲ့ပြောလိုက်သည့်စကားကြောင့်အနည်းငယ်တော့အံ့အားသင့်သွားမိပါသည်။
"ငါ့ကိုတော့သူမထားခဲ့လောက်ပါဘူးလေ ဆိုပြီးတွေးနေခဲ့ပေမဲ့...........ငါမနက်ခင်းနိုးလာတော့သူမရှိတော့ဘူး ငါ့အနားမှာအိပ်နေရမဲ့သူကမရှိနေခဲ့ဘူး သူ့ငါ့ကိုထား-"
ဆိုကာစကားပင်ဆက်မပြောနိုင်လောက်အောင်ပင်ကိုJaehyunငိုပါတော့သည်။ငိုရလွန်း၍အသံလည်းမထွက်တော့။နောက်တစ်ခါပြန်ပြီးတော့လည်းမွန်းကြပ်လာပြန်သည်။မကြည့်ရက်တော့သည့်YounghoonကပဲJaehyunကိုအသာလေးဆွဲဖက်လိုက်ကာ
"ရပြီ.....ဒီလောက်ဆိုရပါပြီJaehyun မင်းပင်ပန်းသွားပြီ"
Younghoonမှဖက်ထားတာကိုခွာလိုက်တော့Jaehyunကသူ့ရင်ဘတ်သူအသာလေးထုကာ
"ငါလေ......ဒီနေရာကအရမ်းနာတယ် မသိရင်ငါ့ကိုဓားနဲ့ထိုးထားသလိုပဲ ငါဘယ်လောက်ပဲနာအောင်ထုထု ရင်ထဲမှာနာနေတာပြေမသွားဘူး!!"
ဘေးနားကကြားနေရသည့်နှစ်ယောက်ကပါJaehyunလေးအဖြစ်ကိုကြည့်ပြီးမျက်ရည်ပင်ဝဲလာရတော့သည်။
Yuriနားလည်လိုက်သည်က နှစ်ယောက်သားရဲ့ချစ်ခြင်းတရားကသိပ်ကိုမြင့်မြတ်လွန်းတာပါလား ဆိုတာပင်ဖြစ်သည်။
ဒီလိုစိတ်ကစားတတ်တဲ့အရွယ်မှာလူတစ်ယောက်ကိုသဘောကျမိဖို့ကစက္ကန့်ပိုင်းမျှသာကြာပေမဲ့အခုလိုမျိုးချစ်ခြင်းတရားနဲ့ ပြောရမည်ဆိုလျှင် အချစ်စစ်အချစ်မှန်နဲ့ချစ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပေ။
ဒါပေမဲ့အခုတော့Juyeonအပေါ်ထားရှိတဲ့Jaehyunရဲ့ချစ်ခြင်းတရားကစစ်မှန်နေတော့သိပ်ကိုကြီးမြတ်လွန်းပါပေတယ်လေ။
_________________________________________
Thanks for reading🌸
Maureen updateလေးကြာသွားလို့အားလုံးကိုတောင်းပန်ပါတယ်နော်🙏နောက်ဆိုဒီလောက်မကြာစေရပါဘူး❤
Zawgyi
{ ေဝးကြာဖို႔အတြက္ခ်စ္ခဲ့ေလျခင္းေတာ့မဟုတ္ေပမဲ့လည္း.......}
ေဆာင္းရာသီရဲ႕ေလေျပေတြဟာညတုန္းကတစ္စုံတစ္ေယာက္ေသာသူလာခဲ့ၿပီးျပန္ထြက္ခဲ့ေသာေၾကာင့္ဖြင့္ထားမိသည့္ျပတင္းေပါက္မွတစ္ဆင့္ကုတင္ထက္တြင္ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေသာေကာင္ငယ္ေလးေပၚသို႔က်ေရာက္လာသည့္အခါမွာေအးစက္မႈေၾကာင့္နိုးထလာခဲ့သည္။
ေစာင္နဲ႕ ဖြင့္ထားသည့္heaterရဲ႕အႏြေးဓာတ္ကိုခံစားမိေပမဲ့တစ္ေယာက္ေသာသူရဲ႕ရွိေနရမည့္အေငြ႕သက္ကိုမခံစားမိေခ်။ဒါေၾကာင့္အိပ္ခ်င္ေနေသးသည္ကိုပင္လ်စ္လ်ဴရႈကာထၾကည့္လိုက္ေတာ့သူ႕ေဘးမွာရွိေနရမည့္သူကမရွိေတာ့ေလၿပီ။
"Juေရ!!!!"
မေတြ႕ေတာ့လန့္သြားေပမဲ့ခနtoiletသြားတာျဖစ္မွာပါေလဆိုၿပီးျဖည့္ေတြးကာထၾကည့္ျပန္ေတာ့လည္းဘယ္မွာမွရွာမေတြ႕။
မဟုတ္ေလာက္ပါဘူးေနာ္......Juကသူ႕ကိုမေန႕ညကေျပာတဲ့အတိုင္းထြက္သြားတာမ်ိဳးမဟုတ္ေလာက္ပါဘူးေနာ္။
ပါးျပင္ေပၚတြင္လွိမ့္ဆင္းလာသည့္မ်က္ရည္စီးေၾကာင္းတို႔ကိုအၾကမ္းပတမ္းသုတ္ပစ္ကာမေတြ႕ေသာသူကိုပဲရွာေနမိသည္မွာအ႐ူးတစ္ေယာက္ႏွယ္။
ထိုစဥ္ခုံေပၚတြင္ထားခဲ့သည့္စာ႐ြက္ျဖဴေလးတစ္ခုအားမ်က္စိေရာက္မိေလသည္။အလ်င္ျမန္ပဲဖြင့္ကာၾကည့္လိုက္ေတာ့ႏွစ္ေယာက္မရွိပါေသာခ်စ္ရတဲ့သူရဲ႕လက္ေရးမူနဲ႕ေရးထားသည့္စာမ်ား။
" Jae......ကိုယ္ေတာင္းပန္ပါတယ္ မျဖစ္မေနလုပ္လိုက္ရတာမလို႔ပါ။ ကိုယ့္ကိုလိုက္ရွာဖို႔လည္းမႀကိဳးစားပါနဲ႕။အခ်ိန္တန္ရင္ကိုယ္Jaeဆီျပန္လာၿပီးကတိေပးထားခဲ့သလိုကိုယ္တို႔အတူတူေနၾကမယ္ေနာ္ ခ်စ္တယ္Jae"
သူ႕ရဲ႕နာမည္ေလးနဲ႕ပဲအစျပဳခဲ့ၿပီးထိုနာမည္ေလးနဲ႕ပဲအဆုံးသတ္ခဲ့သည့္စာတစ္ပိုဒ္ေလးဟာJaehyunအဖို႔ေတာ့မ်က္ရည္မဆည္နိုင္ျဖစ္ဖို႔ရန္လုံေလာက္ေနခဲ့ပါသည္ေလ။
ခ်စ္တယ္တဲ့။ Juကသူ႕ကိုခ်စ္တယ္တဲ့။ အဲ့စကားေလးကိုအတူတူရွိေနတုန္းကေျပာပါဦးလားJuရယ္။ အခုေတာ့စာေလးနဲ႕ပဲေရးသြားခဲ့တာနားနဲ႕ကိုယ္တိုင္မၾကားနိုင္ေတာ့ဘယ္ေက်နပ္နိုင္ပါ့မလည္း။ သူJuyeonကိုထားခဲ့လို႔ဆိုၿပီးပဲစိတ္ဆိုးပစ္ရမလား။
ဒါေပမဲ့ႏွစ္အေတာ္ၾကာတည္ေဆာက္ခဲ့ရတဲ့သူတို႔ႏွစ္ေယာက္ၾကားကသံေယာဇဥ္ႀကိဳးတန္းမွ်င္ေလးေၾကာင့္သူစိတ္မဆိုးရက္ပါ။ စာထဲမွာေတာ့ရွာဖို႔မႀကိဳးစားပါနဲ႕ဆိုေပမဲ့Jaehyunကေတာ့ေခါင္းမာစြာမေတြ႕ေတြ႕ေအာင္ရွာရန္ႀကိဳးစားဖို႔ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။
သူတို႔ကဒီလိုေဝးကြာဖို႔ခ်စ္ခဲ့ၾကတာမွမဟုတ္ဘဲ။
Jaehyunစာ႐ြက္ေလးကိုလက္ထဲမွာက်စ္က်စ္ပါေအာင္ဆုပ္ၿပီးက်ဆင္းေနသည့္မ်က္ရည္မ်ားကိုလည္းသုတ္လိုက္သည္။ထိုစဥ္အိမ္အနီးနားမွဆူညံသံေတြ ရဲကားအသံကိုပါၾကားလိုက္ရသည္မလို႔အနည္းငယ္ေတာ့ထိတ္လန့္သြားၿပီးျပတင္းေပါက္ကေနလွမ္းၾကည့္လိုက္သည္။
Juyeonတို႔အိမ္ဘက္မွာရွိေနေသာရဲကားႏွစ္စီးႏွင့္လူအမ်ား။ Juyeonတို႔အိမ္ကိုလည္းႀကိဳးအဝါျဖင့္စည္းတားေနၿပီးဝတ္စုံအျဖဴဝတ္ထားသည့္လူေတြမွလည္းအိမ္ထဲသို႔ဝင္သြားသည္ကိုျမင္လိုက္ရသည္မလို႔Jaehyunခ်က္ခ်င္းပဲေအာက္ထပ္ကိုေျပးဆင္းသြားသည္မွာအိမ္ၾကမ္းျပင္ႏွင့္ေျခေထာက္ေတာင္ထိရဲ႕လားမသိေတာ့။
ၿခံထဲကိုေရာက္ေတာ့Ommaနဲ႕Appaကလည္းရွိေနၿပီးတစ္ဖက္အိမ္ကိုလွမ္းၾကည့္ေနၾကသည္။
"Omma!!! Appa!!! "
"ေအာ္....သားေလးနိုးၿပီလား "
"Ju...Juတို႔အိမ္ဘက္မွာဘာေတြျဖစ္ေနတာလည္း"
"အခုရဲေတြေျပာေနၾကတာ အဲ့ဘက္အိမ္မွာဟိုေကာင္ေလးရဲ႕ပေထြးေသဆုံးေနတာေတြ႕လို႔တဲ့ အသတ္ခံရတာလို႔ေျပာတယ္ ရဲေတြကေတာ့Juyeonသတ္သြားတာလည္းျဖစ္နိုင္တယ္တဲ့"
"ဗ်ာ!!!!! Ommaဘာေတြေျပာေနတာလည္း!!!"
"ရဲေတြေကာက္ခ်က္ခ်အရေျပာပါတယ္သားရယ္ အဲ့တာေၾကာင့္သားကိုေျပာတာေပါ့အဲ့ေကာင္ေလးနဲ႕အေပါင္းသင္းမလုပ္- ဟဲ့သား!!!! Lee Jaehyun!!!!!!!"
Ommaစကားေျပာလို႔ေတာင္မၿပီးေသးခင္အခ်ိန္မွာJaehyunတစ္ေယာက္Juyeonတို႔အိမ္ဘက္ေျပးသြားကာရဲေတြတားေနသည္ကိုမမႈနိုင္ဘဲႀကိဳးေတြကိုျဖတ္ကာအိမ္ထဲကိုဇြတ္ဝင္သြားေလေတာ့သည္။
"ဟိတ္ ဟိုေကာင္ေလး အိမ္ထဲကိုမဝင္နဲ႕ေလ!!! ဟိုေကာင္ေတြသူ႕ကိုတားၾက!!!"
ရဲတစ္ေယာက္မွလွမ္းေျပာေတာ့သူ႕တပည့္ေတြကအိမ္ေပါက္ဝေရာက္ေနသည့္Jaehyunကိုတစ္ေယာက္တစ္ဖက္ဆီလွမ္းဆြဲေပမဲ့ေဒါသလည္းအနည္းငယ္ထြက္ကာစိုးရိမ္စိတ္မ်ားေနသည့္Jaehyunအားကိုပင္မနိုင္ေတာ့ေခ်။
အိမ္ထဲကိုJaehyunေရာက္သြားေတာ့ဧည့္ခန္းထဲမွာေသြးအလိမ္းလိမ္းျဖင့္လဲက်ေနသည့္Juyeonရဲ႕ပေထြးကိုေတြ႕လိုက္ရေတာ့Jaehyunသူ႕မ်က္လုံးပင္သူမယုံနိုင္ျဖစ္ကာထိတ္လန့္သြားရသည္။
လူေသအေလာင္းကိုစစ္ေဆးေနသည့္ဆရာဝန္ေတြရဲ႕အေျပာကိုလည္းလ်စ္လ်ဴရႈကာအိမ္ေပၚထပ္ကိုအျမန္ေျပးတက္သြားၿပီးJuyeonအခန္းထဲသို႔ဝင္လိုက္ေတာ့အဝတ္စားအနည္းငယ္ယူထားလို႔ဖြင့္ဟေနသည့္အဝတ္ဗီဒိုရယ္ အနည္းငယ္ပုံပ်က္ကာယိုယြင္းေနသည့္စားပြဲေပၚမွပစၥည္းေတြရယ္ေၾကာင့္Juyeonဟာသူ႕ကိုတစ္ကယ္ထားခဲ့ၿပီဆိုတာကိုလက္မခံခ်င္ေပမဲ့လက္ခံရေတာ့သည္။
"Ju......"
နာမည္ေလးကိုပါးစပ္ဖ်ားမွာ႐ြတ္ကာရပ္ဖို႔ပင္အားေတာင္မရွိေတာ့ဘဲထိုင္ခ်ကာငိုမိျပန္သည္။
"ဟိုေကာင္ေလး!!! မင္းကိုအိမ္ထဲမဝင္နဲ႕လို႔ေျပာေနတယ္ေလ!!! ဟာ....ဒီမွာဘာလုပ္ေနတာလည္း ထအခုခ်က္ခ်င္း!!!!"
ဆိုကာရဲႏွစ္ေယာက္မွဆြဲထူကာထေစေတာ့ျပန္တြန္းထုတ္သည္။
"ကြၽန္ေတာ့္ကိုလာမထိနဲ႕!!!!!"
ေျပာလည္းေျပာငိုလည္းငိုဆိုေတာ့ရဲေတြမွာဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ။ ထိုစဥ္ရဲေတြရဲ႕အႀကီးကဲျဖစ္သည့္တစ္ေယာက္မွေရာက္လာေတာ့က်န္သည့္ရဲေတြကအေလးျပဳကာႏႈတ္ဆက္ၾကသည္။
ရဲဦးစီးမႉးကလည္းျပန္ေခါင္းၿငိမ့္ျပရင္းJaehyunကိုၾကည့္ကာ
"ေကာင္ေလး မင္းကဒီအိမ္က LeeJuyeonဆိုတဲ့ေကာင္ေလးနဲ႕သူငယ္ခ်င္းေတြမလား"
Jaehyunကေခါင္းၿငိမ့္ျပသည္။
"အင္းပါ....မင္းသူငယ္ခ်င္းေၾကာင့္မင္းဘယ္ေလာက္ဝမ္းနည္းေနလည္းဆိုတာသိပါတယ္ ဒါေပမဲ့ဦးေလးတို႔လည္းအခုကအမႉစစ္ေဆးရဦးမွာမလို႔ခနေတာ့အိမ္ထဲကထြက္ေပးေနာ္"
ေခ်ာ့ျမဴၿပီးေျပာေတာ့မွJaehyunကငိုေနရင္းတန္းလန္းအိမ္ထဲကေနထြက္လာေလသည္။ေဘးကရဲႏွစ္ေယာက္ကလည္းတြဲကူေပးသည္။
အိမ္ျပင္ေရာက္ေတာ့
"Lee Jaehyun!!!! ဘာလို႔အိမ္ထဲကိုဝင္သြားတာလည္း ဟမ္!!! "
Appaမွဆူေတာ့Jaehyunကေခါင္းေလးငုံ႕ကာ
"ေတာင္းပန္ပါတယ္ Appa သားJuyeonအတြက္စိုးရိမ္သြားလို႔"
"အင္း သြားအခု အိမ္ထဲမွာသြားေနေတာ့!!!"
ကိုယ့္ခႏၶာကိုယ္ပင္မသယ္ခ်င္ေလာက္ေအာင္ေလးကန္စြာဝင္သြားလိုက္ၿပီးအိပ္ကပ္ထဲမွJuyeonေပးခဲ့သည့္စာေလးကိုေနာက္တစ္ေခါက္ထပ္ဖတ္ၾကည့္ကာသူငိုရျပန္သည္။
ထိန္းခ်ဳပ္ထား၍မရသည့္မ်က္ရည္တို႔စီးဆင္းေနသည္မွာဆည္က်ိဳး၍ထြက္လာေသာျမစ္ေခ်ာင္းေရမ်ားအလားအဆက္မျပတ္စီးဆင္းေနသည္။ရင္ဘတ္ထဲတြင္လည္းမြန္းၾကပ္လာၿပီးအသက္ရႉပါမမွန္ခ်င္ေတာ့။
Juကသူ႕ကိုခ်စ္တယ္ဆိုဘာလို႔ထားခဲ့ရတာလည္းဟင္။ ကတိေတြအတန္တန္ေပးၿပီးအခုလိုမ်ိဳးလက္လြတ္စပယ္လုပ္သြားတာက်န္ရစ္သူဘယမလိုခံစားရမယ္ဆိုတာကိုမသိလို႔မ်ားလား။
မေန႕ညကတည္းကအခုလိုျဖစ္မယ္မွန္းသာသူႀကိဳသိခဲ့ရင္Juကိုဖြင့္ေျပာၿပီးဆြဲထားပါတယ္ေလ။ဘယ္သိပါ့မလည္းေနာ္။
ပထမဦးဆုံးနက္ရွိုင္းစြာနမ္းလိုက္ရသည့္အနမ္းတို႔ဟာႏႈတ္ဆက္အနမ္းျဖစ္ေနခဲ့မယ္ဆိုတာ......။
.................
ပိတ္ရက္ၿပီးလို႔ေက်ာင္းျပန္သြားရေပမဲ့သြားေနက်လိဳစက္ဘီးေနာက္ကေနထိုင္ၿပီးလိုက္ရသည္ေတာ့မဟုတ္။Appaကားရဲ႕ေနာက္ခန္းထဲမွာထိုင္ၿပီးလိုက္ခဲ့ေနသည္သာျဖစ္သည္။
လြမ္းလိုက္တာ.....စက္ဘီးေနာက္မွာထိုင္ၿပီးဖက္တြယ္ခြင့္ရသည့္ခါးေလးကို။ေက်ာျပင္မွာလည္းမ်က္ႏွာအပ္ရင္းကိုယ္သင္းနံ႕ေလးကိုပါရႉရွိုက္ခြင့္ရသည္ကို။
မေန႕ညကငိုထားမိသည့္ဒဏ္ေၾကာင့္မ်က္လုံးမ်ားဟာလည္းက်ိန္းစပ္ေနၿပီးမနက္စာေတာင္အားပင္မရွိ၍ေကာင္းေကာင္းမစားခဲ့ရ။စားခ်င္စိတ္မရွိတာလည္းပါမည္ထင္။ဒီေလာက္ရင္ထဲအသဲထဲကနာက်င္ခံစားေနရတာ ဘယ္လိုလုပ္ေကာင္းေကာင္းစားေကာင္းေကာင္းအိပ္ေနနိုင္ပါ့မလည္း။
"သား ေရာက္ၿပီ"
"ေအာ္...ဟုတ္"
"ေျဖးေျဖးသြားေနာ္ အရမ္းလည္းဝမ္းနည္းမေနနဲ႕ဦးသိလား ငါ့သားဘယ္ေလာက္ထိအေဖာ္မက္လည္းဆိုတာAppaသိပါတယ္ဒါေပမဲ့အခုလိုႀကီးခံစားေနရတာျမင္ေတာ့Appaလည္းစိတ္မေကာင္းဘူးေလ ေနာ္"
"ဟုတ္ကဲ့ပါAppa သားသြားလိုက္ပါဥိးမယ္"
"ေအးေအး"
Jaehyunကားေပၚမွဆင္းကာေက်ာင္းထဲကိုသာဝင္လာေပမဲ့စိတ္ကမေရာက္ေနပါ။ေျဖးညင္းေလးကန္စြာေလွ်ာက္လာေပမဲ့လည္းသိပ္မက်ယ္သည့္ေက်ာင္းရဲ႕ဧရိယာေၾကာင့္ခနေလးအတြင္းပင္အခန္းထဲကိုေရာက္သြားေလသည္။
အခန္းထဲေရာက္ေရာက္ခ်င္းမွာပဲ
"Jaehyun nah!!! "
ၿပိဳင္တူေခၚလာသည့္ေယာက်ာ္းေလးတစ္ေယာက္အသံႏွင့္မိန္းကေလးတစ္ေယာက္အသံ။
"အင္းေျပာ Younghoonနဲ႕Yuri"
သိသိသာသာပိန္က်သြားသည့္မ်က္ႏွာေလးရယ္ ညိုမွိုင္းကာဝမ္းနည္းေနသည့္မ်က္လုံးတို႔ရယ္ေၾကာင့္ႏွစ္ေယာက္သားမွာၾကည့္ၿပီးစိတ္မေကာင္း။
"ငါတို႔Juyeonသတင္းၾကားတယ္ အဲ့တာ...."
"အင္း......ဟုတ္တယ္ သူထြက္သြားၿပီ သူ...ငါ့ကိုထားခဲ့ၿပီ"
သူငါ့ကိုထားခဲ့ၿပီဆိုေသာစကားအားေျပာေတာ့အသံမွာတုန္ယင္ေနေလသည္။
"မင္းလည္းေတာ္ေတာ္ခံစားရမွာပဲကြာ"
YounghoonကJaehyunပခုံးကိုအားေပးသည့္သေဘာအေနနဲ႕ပုတ္ကာေျပာေတာ့Yuriကလည္းJaehyunလက္ေလးကိုကိုင္ကာ
"နင္လည္းအားတင္းထားပါဟာ....Juyeonလည္းနင့္အေပၚအဲ့လိုလုပ္ရက္မယ္မထင္ပါဘူး နင္ကပဲစိတ္တင္းထားေနာ္"
အခုလိုမ်ိဳးအားေပးလာေပမဲ့လည္းJaehyunႏွလုံးသားတစ္ေနရာမွာနာက်င္ေနသည္ကိုေတာ့ဘယ္လိုမွမကုစားနိုင္ခဲ့ပါေလ။
................
"ဟဲ့...နင္သတင္းၾကားၿပီးၿပီလား"
"ဘာသတင္းတုန္း"
"Lee Juyeonသတင္းေလ"
ေန႕လည္စာစားခ်င္စိတ္မရွိေသာေၾကာင့္အခန္းထဲတြင္ထိုင္ကာစာလုပ္ေနပါေသာ္လည္းJuyeonရဲ႕နာမည္ကိုၾကားလိုက္ရသည္မလို႔လုပ္လက္စ စာကိုခနရပ္ကာနားစြငြထားမိလိုက္သည္။
"ေအး....သူကထြက္ေျပးသြားတယ္ဆို"
"ဟုတ္တယ္ သူ႕ပေထြးကိုသတ္ပစ္ၿပီးေတာ့တဲ့"
"ဟယ္......ဟုတ္လို႔လား LeeJuyeonကလူေတာင္သတ္ရဲတာလား"
"ဟဲ့ ရဲေတြကိုယ္တိုင္စစ္ေဆးၿပီးေျပာတာဟုတ္တယ္တဲ့ သူ႕ပေထြးကိုထိုးခဲ့တဲ့ဓားမွာJuyeonလက္ေဗြရာေတြ႕တယ္တဲ့ ငါ့အကိုဝမ္းကြဲကအဲ့အမႈကိုလိုက္ရတဲ့ေလ သူေျပာျပတာ ငါ့ကိုေတာင္ေယာက်္ားေလးေတြနဲ႕ၾကည့္ၿပီးေပါင္းတဲ့"
"ေအးေနာ္....LeeJuyeonကလည္းနဂိုကတည္းကလူ႕ဂြစာျဖစ္ေနတာသိေပမဲ့အခုလိုမ်ိဳးလူသတ္တာေလာက္ႀကီးက်ေတာ့လုပ္ရဲမယ္မထင္ထားတာကို"
Jaehyunစာအုပ္ကိုတင္းတင္းဆုပ္ထားမိသည္မွာလက္ပင္တစ္ခုလုံးနီရဲလာရေတာ့သည္။သည္းခံနိုင္ျခင္းအတိုင္းတာကလည္းေက်ာ္လြန္သြားၿပီျဖစ္တာမလို႔လက္ထဲစာအုပ္အထပ္နဲ႕ေကာက္ေပါက္မယ္လုပ္ေတာ့လာတားသည့္လက္တစ္စုံ။
"မလုပ္နဲ႕"
"Younghoon နင္ဖယ္!"
Younghoonကမဖယ္ဘဲJaehyunကိုတားထားကာေစာနကအတင္းတုပ္ေနၾကသည့္ေက်ာင္းသူေလးႏွစ္ေယာက္ဘက္ကိုလွည့္ကာ
"နင္တို႔ႏွစ္ေယာက္အဲ့ေလာက္ထိအားယားေနရင္လည္းငါတို႔အတန္းအမွတ္ျပန္ေကာင္းဖို႔အတြက္စာလုပ္ေနပါလား ဟမ္!!!! ေသခ်ာလည္းမသိဘဲကိုယ့္ကိစၥမဟုတ္တာကိုစကားလုပ္ေျပာေနတာနင္တို႔မရွက္ၾကဘူးလား!!! "
"ငါတို႔ကမွန္တာကိုေျပာေနတာေလ ငါ့အကိုဝမ္းကြဲကိုယ္တိုင္ေျပာ-"
"အဲ့တာကေသခ်ာconfirmမလုပ္ရေသးဘူး!!အခုထိထင္ေၾကးပဲရွိေသးတာ!!!"
"နင္ကေကာဘာမလို႔အဲ့လိုေျပာေနတာလည္းေသခ်ာသိလို႔လား"
သူမ်ားအတင္းတုပ္တာေတာင္လြန္သည္ဟုမေတြးဘဲကတ္ကတ္လန္ေအာင္ျပန္ရန္ေတြ႕ေနသည့္ေကာင္မေလးအားYounghoonမွ
"ငါ့ဦးေလးက ရဲမႉး သူဘာမွေသခ်ာမconfirmရေသးတဲ့ကိစၥေတြကိုထင္ေၾကးေပးမေနၾကနဲ႕ သူမ်ားကိစၥဝင္ပါတာေတာ္႐ုံပဲေကာင္းတယ္ တစ္ေက်ာင္းလုံးမွာလည္းနင္တို႔ႏွစ္ေယာက္ပဲဒါကိုစကားလုပ္ေျပာေနၾကတာ ရွက္ဖို႔ေကာင္းတယ္ဆိုတာသိလိုက္!!!"
ဆိုကာJaehyunကိုcanteenဘက္သို႔လက္ဆြဲေခၚလာခဲ့သည္။
"ထိုင္.....ၿပီးေတာ့မင္းေန႕လည္စာမစားရေသးဘူးမလား စားလိုက္ေရာ့"
ႀကိဳေရာက္ေနသည့္Yuriကလည္း
"ေအး ေရာ့ Jaehyunစား နင္ဘာႀကိဳက္တတ္မွန္းမသိေနတာနဲ႕အသားျပားေၾကာ္ပဲယူလာလိုက္တယ္ ဒီေန႕ဟင္းရည္ေလးလည္းေကာင္းတယ္ေသာက္ၾကည့္"
ဆိုကာလက္ထဲကိုဇြန္းထည့္ေပးလာေပမဲ့Jaehyunစားခ်င္ေသာက္ခ်င္စိတ္လည္းလုံးမရွိေနပါ။ဒါေၾကာင့္ေခါင္းခါကာျငင္းေတာ့
"မင္းေန႕လည္စာမစားတာေက်ာင္းျပန္ဖြင့္ကတည္းကမလား အိမ္မွာေကာေသခ်ာစားတာလည္းမဟုတ္ဘူးမလား ဒီေန႕ေတာ့နည္းနည့းေလာက္စားလိုက္ပါကြာ မဟုတ္ရင္မင္းေနမေကာင္းျဖစ္လိမ့္မယ္"
"ငါဗိုက္မဆာဘူး"
ဗိုက္မဆာဘူးေျပာလာသည့္အသံမွာလည္းအင္းအားမရွိေဖ်ာ့ေတာ့ေနသည့္ေလသံေလးျဖင့္။အစားမေျပာႏွင့္ေရပင္ဝင္ေအာင္မေသာက္ေတာ့ႏႈတ္ခမ္းမ်ားမွာလည္းေျခာက္ေသြ႕ေနေလသည္။
"စားလိုက္ပါ Jaehyunရဲ႕ နည္းနည္းေလာက္ေလေနာ္"
Yuriကေခ်ာ့ၿပီးေျပာလာေပမဲ့လည္းJaehyunကထမင္းဗန္းကိုတြန္းကာထလိုက္ေတာ့အစားမစားသည့္ဒဏ္ေၾကာင့္အားမရွိကာမိုက္ခနဲျဖစ္ၿပီးမူးလဲပါေတာ့သည္။
"Jaehyun!!!!! YAH!!!! Lee Jaehyun!!!!!"
....................
ေလးလံေနသည့္ခံစားခ်က္တို႔နဲ႕အတူမ်က္လုံးကိုမတည္းအားယူကာဖြင့္လိုက္ေတာ့အျဖဴေရာင္မ်က္ႏွာက်က္ကိုေတြ႕လိုက္ရသည္။ဒါေပမဲ့အျမင္မ်ားဟာေဝဝါးေနေသးသည္။
ဘယ္ဘက္လက္တစ္ေနရာမွတစ္ခုခုခံေနသလိုစူးစူးႀကီးခံစားမိ၍ၾကည့္လိုက္မိေတာ့ေဆးအပ္ထည့္ထားသည္ကိုျမင္ေလသည္။ထိုစဥ္ႏွာေခါင္းထဲသို႔ပိုးသတ္ေဆးအနံ႕ေရာက္လာေသာေၾကာင့္သူေရာက္ရွိေနသည့္ေနရာဟာေဆး႐ုံျဖစ္မွန္းခန့္မွန္းမိသည္။
"Jaehyun နိုးလာၿပီ!"
နားထဲမွာၾကားလိုက္ရသည့္Younghoonအသံေၾကာင့္သူအားယူကာထၾကည့္ခ်င္မိသည္။ဒါေၾကာင့္မနည္းအားယူကာထမည္လုပ္ေတာ့ယူစရာအားပင္မရွိေတာ့ေလာက္ေအာင္သူ႕ခႏၶာကိုယ္ကႏြမ္းလ်ေနၿပီျဖစ္သည္။
လြမ္းနာက်တဲ့ဒဏ္ကိုေကာင္းေကာင္းႀကီးခံစားေနရတာပဲ။
"Yuri!!! Doctorကိုအျမန္သြားေခၚ!!!"
"အင္း"
"Jaehyun ငါ့ကိုျမင္ရလား မင္းထနိုင္လား"
"ဟင့္အင္း"
"ဒါဆိုခနလွဲေနဦးေနာ္ ခနေနDoctorလာလိမ့္မယ္"
"အင္း.......ဒါနဲ႕....ငါဘယ္လို.....ေဆး႐ုံေရာက္....လာတာ...လဲ"
"မင္းcanteenမွာမူးလဲသြားလို႔ေလ မင္းအေျခေနကလည္းနည္းနည္းဆိုးေတာ့ေဆး႐ုံပဲတန္းပို႔လိုက္တာ "
"ေအာ္...အင္း....."
သိပ္မၾကာလိုက္Yuriနဲ႕အတူDoctorရယ္Nurseရယ္ေရာက္လာကာJaehyunကိုလိုအပ္သည္မ်ားစစ္ေဆးေပးေလသည္။
"လူနာကအားေတာ္ေတာ္ေလးနည္းေနတာပါ အစားလည္းပုံမွန္မစားဘူးထင္တယ္ ၿပီးေတာ့အခုကစိတ္အေျခအေနအရၾကည့္ရင္လည္းသူေတာ္ေတာ္ေလးပင္ပန္းေနတာ"
"ဟုတ္ကဲ့.....သူေက်ာင္းမွာေတာ့ေန႕လည္စာမစားတာသုံးရက္ရွိပါၿပီDoctor"
"ေအာ္.....ဒါဆိုအခုေတာ့ဒီအေၾကာေဆးပဲကုန္ေအာင္သြင္းထားလိုက္ဦးမယ္ သူ႕မိဘေတြေရာက္လာမွက်န္တဲ့ေသာက္ေဆးတို႔ဘာတို႔ေပးမယ္ေလ အျပင္မွာတာဝန္ရွိအတန္းပိုင္နဲ႕ခနစကားေျပာလိုက္ပါဦးမယ္"
"ဟုတ္ကဲ့ေက်းဇူးပါDoctor"
Doctorထြက္သြားေတာ့Yuriနဲ႕Younghoonကအနားမွာလာထိုင္ကာ
"ကဲ....အကိုJaehyun shi ၾကားတယ္ေနာ္ မင္းအားျဖည့္ဖို႔လိုေနတာ အဲ့တာေၾကာင့္အစားကိုပုံမွန္စားပါလို႔ေျပာေနတာကို"
Younghoonက႐ႊတ္ေနာက္ေနာက္ျဖင့္ေျပာေပးေလသည္။
"ငါ့ေၾကာင့္...မင္းတို႔အလုပ္ရႈပ္သြားရၿပီ"
"ရပါတယ္ အဓိကကနင္ေနျပန္ေကာင္းလာဖို႔ပဲ"
သူတို႔ခနေလာက္တိတ္ဆိတ္သြားၾကၿပီး
"ငါ.........သူ႕ကိုလြမ္းတယ္........."
႐ုတ္တစ္ရက္ထေျပာလာသည့္Jaehyunရဲ႕စကားေၾကာင့္ႏွစ္ေယာက္စလုံးစိတ္မေကာင္းၾကေခ်။
ထိုစဥ္အခန္းထဲသို႔Jaehyunမိဘမ်ားနဲ႕အတူရဲတစ္ခ်ိဳ႕ပါေရာက္လာၾကေလသည္။Younghoonရဲ႕ဦးေလးျဖစ္သူရဲမႉးလည္းပါလာသည္။
"ဟိုေလ.....ဒီကLee Jaehyunကိုေဆး႐ုံတက္ေနရတာအားနာေပမဲ့ဦးေလးတို႔အမႈစုံစမ္းတဲ့ေနရာမွာအေရးႀကီးေနလို႔သက္ေသထြက္ဆိုေပးဖို႔လာေတာင္းဆိုတာပါ ဟို သိပ္အမ်ားႀကီးလည္းမဟုတ္ပါဘူး ဦးေလးတို႔ေမးခြန္းေတြကိုေျဖေပး႐ုံပါပဲ"
Jaehyunမသိမသာေလးေခါင္းၿငိမ့္ျပသည္။
"ဒါဆိုဦးေလးတို႔ကို တရားခံLee Juyeonကသားအိမ္လာသြားတယ္ဆိုေတာ့သူဘာလုပ္သြားလည္းဘာေတြေျပာသြားလည္း အကုန္ေျပာျပေပးလို႔ရမလား"
"မေျပာခင္ေလ ကြၽန္ေတာ္ေတာင္းဆိုပါရေစ"
"ဟုတ္ကဲ့ေျပာပါ"
"Juကိုတရားခံလို႔မေခၚပါနဲ႕လား Juကအဲ့လိုအေခၚခံရမဲ့လူတန္းစားထဲမွာမပါဘူး"
"ဟုတ္ပါၿပီ ဦးေလးမေခၚေတာ့ပါဘူး "
Jaehyunမွာေျပာခ်င္ေပမဲ့လည္းသူေျပာဖို႔ရန္ခက္ေနေတာ့သည္။ေျပာမထြက္သည္ကလည္းပါမည္။ေျပာလိုက္လွ်င္ထိုညက ကိစၥေတြျပန္ျမင္ေယာင္ၿပီးသူပိုဝမ္းနည္းလာမွာကိုလည္းႀကိဳသိေနသည္မလို႔ပင္။
Younghoonနဲ႕YuriကJaehyunေျပာဖို႔ခက္ေနသည္ကိုသတိထားမိေသာေၾကာင့္
"Appa သမီးတို႔ပဲဆက္ေမးလိုက္မယ္ Appaတို႔ထြက္ေနေပးပါလားဟင္ အသံဖမ္းစက္ကYounghoonကိုေပးခဲ့လိုက္လို႔ရတယ္"
"ေအးပါ သမီးတို႔လူငယ္ခ်င္းက်ေတာ့ေျပာရတာပိုေကာင္းတာေပါ့ေရာ့ သားYounghoonဒီမွာအသံဖမ္းစက္"
"ဟုတ္ကဲ့"
YuriကJaehyunလက္ေလးကိုဆုပ္ကိုင္လိုက္ၿပီး
"Jaehyun nah....အခုငါနဲ႕Younghoonပဲရွိေတာ့တာမလို႔နင္လြတ္လြတ္လပ္လပ္ေျပာလို႔ရၿပီေနာ္"
ထိုမွသာJaehyunကစကားစေျပာေတာ့သည္။
"ငါ.....အဲ့ေန႕ညက အိပ္ေတာ့မလို႔လုပ္ေတာ့....Juကသူလာေနၾကအတိုင္းျပတင္းေပါက္ကေနတက္လာတယ္........ၿပီးေတာ့ငါ့ကိုေျပာစရာရွိတယ္ဆိုၿပီးလက္ကိုလာကိုင္တယ္ ငါလည္းဘာေျပာမွာလည္းလို႔ေမးေတာ့ သူသြားရေတာ့မယ္တဲ့-"
ေျပာရင္းအသံေလးတိမ္ဝင္သြားကာငိုမိလုနီပါးျဖစ္လာေလသည္။
"ဘယ္ကိုသြားမွာလည္းလို႔ေမးေတာ့မေျဖဘူး ဒီလိုပဲအေဝးတစ္ေနရာလို႔ပဲေျပာတယ္ ငါဘယ္ေလာက္ေမးေမးသူဘယ္သြားမယ္ဆိုတာမေျဖဘူး လုံးဝမေျဖတာ ငါကငိုယိုၿပီးတားတာေတာင္မရဘူး "
ထင္သည့္အတိုင္းJaehyunကေျပာၿပီးငိုပါေတာ့သည္။
"ငါငိုေနတာသူသိေတာ့သူငါ့ႏွာေခါင္းေလးကိုစနမ္းတယ္"
Jaehyunမွာသူ႕အားၿခဳံေပးထားသည့္ေစာင္အား လုံးေခ်ကာေျပာေနရင္းထိုေန႕ညကျမင္ကြင္းတို႔ကိုျပန္ေဖာ္ကာဆက္ေလသည္။
"ၿပီးေတာ့ငါတို႔နမ္းခဲ့ၾကတယ္ "
ႏွစ္ေယာက္သားရဲ႕သာမန္ထက္ပိုေနပါေသာအေျခအေနကိုYounghoonေကာYuriေကာသိေပမဲ့ေျပာလိုက္သည့္စကားေၾကာင့္အနည္းငယ္ေတာ့အံ့အားသင့္သြားမိပါသည္။
"ငါ့ကိုေတာ့သူမထားခဲ့ေလာက္ပါဘူးေလ ဆိုၿပီးေတြးေနခဲ့ေပမဲ့...........ငါမနက္ခင္းနိုးလာေတာ့သူမရွိေတာ့ဘူး ငါ့အနားမွာအိပ္ေနရမဲ့သူကမရွိေနခဲ့ဘူး သူ႕ငါ့ကိုထား-"
ဆိုကာစကားပင္ဆက္မေျပာနိုင္ေလာက္ေအာင္ပင္ကိုJaehyunငိုပါေတာ့သည္။ငိုရလြန္း၍အသံလည္းမထြက္ေတာ့။ေနာက္တစ္ခါျပန္ၿပီးေတာ့လည္းမြန္းၾကပ္လာျပန္သည္။မၾကည့္ရက္ေတာ့သည့္YounghoonကပဲJaehyunကိုအသာေလးဆြဲဖက္လိုက္ကာ
"ရၿပီ.....ဒီေလာက္ဆိုရပါၿပီJaehyun မင္းပင္ပန္းသြားၿပီ"
Younghoonမွဖက္ထားတာကိုခြာလိုက္ေတာ့Jaehyunကသူ႕ရင္ဘတ္သူအသာေလးထုကာ
"ငါေလ......ဒီေနရာကအရမ္းနာတယ္ မသိရင္ငါ့ကိုဓားနဲ႕ထိုးထားသလိုပဲ ငါဘယ္ေလာက္ပဲနာေအာင္ထုထု ရင္ထဲမွာနာေနတာေျပမသြားဘူး!!"
ေဘးနားကၾကားေနရသည့္ႏွစ္ေယာက္ကပါJaehyunေလးအျဖစ္ကိုၾကည့္ၿပီးမ်က္ရည္ပင္ဝဲလာရေတာ့သည္။
Yuriနားလည္လိုက္သည္က ႏွစ္ေယာက္သားရဲ႕ခ်စ္ျခင္းတရားကသိပ္ကိုျမင့္ျမတ္လြန္းတာပါလား ဆိုတာပင္ျဖစ္သည္။
ဒီလိုစိတ္ကစားတတ္တဲ့အ႐ြယ္မွာလူတစ္ေယာက္ကိုသေဘာက်မိဖို႔ကစကၠန့္ပိုင္းမွ်သာၾကာေပမဲ့အခုလိုမ်ိဳးခ်စ္ျခင္းတရားနဲ႕ ေျပာရမည္ဆိုလွ်င္ အခ်စ္စစ္အခ်စ္မွန္နဲ႕ခ်စ္နိုင္ဖို႔ဆိုတာမျဖစ္နိုင္ေပ။
ဒါေပမဲ့အခုေတာ့Juyeonအေပၚထားရွိတဲ့Jaehyunရဲ႕ခ်စ္ျခင္းတရားကစစ္မွန္ေနေတာ့သိပ္ကိုႀကီးျမတ္လြန္းပါေပတယ္ေလ။
_________________________________________
Thanks for reading🌸
Maureen updateေလးၾကာသြားလို႔အားလုံးကိုေတာင္းပန္ပါတယ္ေနာ္🙏ေနာက္ဆိုဒီေလာက္မၾကာေစရပါဘူး❤
Bạn đang đọc truyện trên: Truyen4U.Com