Chapter 22
"လွမ်းဆွတ်ခြင်းအနုပညာ"
ဒီနေ့တော့Jaehyunဆေးရုံကနေဆင်းလို့ရတဲ့နေ့။ တစ်ပတ်လောက်တက်လိုက်ရတော့အားဆေးသွင်းရတာနဲ့တင်လူကအားတော့အနည်းငယ်ရှိလာပါပြီလေ။ အပြင်ပန်းအတွက်ကတော့ကုသလို့ပြီးပေမဲ့သူ့ရဲ့ရင်ဘတ်ထဲမှာနာကျင်မှုကိုတော့ဘယ်လိုမှပျောက်ကင်းအောင်ကုမရ။
သူဆေးရုံတက်နေစဥ်အတွင်းမိဘတွေမအားတဲ့အခါတိုင်းYounghoonနဲ့Yuriကလာရောက်ပြီးသူနဲ့အတူနေပေးလေ့ရှိသည်။စိတ်အားမငယ်အောင်အားပေးစကားတွေပြောပေးပြီးJaehyunနားမှာသူငယ်ချင်းကောင်းပီသစွာရှိနေပေးခဲ့သည်မလို့သူတစ်ကယ်ကျေးဇူးလည်းတင်သလိုအားလည်းနာမိပါသည်။
ဆေးရုံကနေအိမ်ကိုAppaကပို့ပေးပြီးOmmaကသူ့အခန်းပါရှင်းပေးထားသည်။ဒါကြောင့်ပြန်ရောက်သည်နှင့်Jaehyunစာရေးစားပွဲခုံမှာထိုင်ကာပြတင်းပေါက်ကနေအပြင်ဘက်ကိုအကြောင်းမဲ့ငေးကြည့်နေမိသည်။
"ဒေါက် ဒေါက်"
"Jaehyunအထဲမှာရှိတယ်မလား ငါတို့ဝင်လာပြီနော်"
အသံကားတစ်ခြားသူတော့မဟုတ်။Younghoonနဲ့Yuriပင်ဖြစ်သည်။
"နင်ဒီနေ့ဆေးရုံဆင်းတယ်ဆိုတာကြားလို့လေ အဲ့တာမုန့်အတူတူစားရအောင်လာလိုက်တာ ပြီးတော့သတင်းကောင်းပြောစရာလည်းရှိသေးလို့"
Yuriကပါလာသည့်မုန့်ထုတ်တွေကိုချရင်းပြောလိုက်တော့Jaehyunကသိချင်သည့်မျက်နှာထားလေးဖြင့်။
"ဘာပြောမလို့လည်း"
Yuriကမပြောခင်Younghoonကိုလည်းတစ်ချက်ကြည့်လိုက်သေးသည်။Younghoonကခေါင်းငြိမ့်ပြတော့မှ
"ငါတို့ထင်ထားသလိုဟိုဦးလေးကြီးကိုJuyeonသတ်တာမဟုတ်ဘူး"
"ဟမ်!!!! တစ်ကယ်လား!!!"
"အေးတစ်ကယ် ငါ့Appaပြောပြတာ အခုသူတို့ဓားကိုစစ်ဆေးကြည့်လိုက်တော့လက်ဗွေရာကသုံးခုတွေ့တယ်တဲ့ Juyeonလက်ဗွေရာရယ် သူ့ပထွေးလက်ဗွေရာရယ် ပြီးတော့နောက်လူတစ်ယောက်ဟာတဲ့"
"ဒါဆိုနောက်လူတစ်ယောက်ကသတ်သွားတာပေါ့"
"အင်းဖြစ်နိုင်တယ်ဟ ငါ့Appaပြောပုံအရဆိုရင် Juyeonရဲ့လက်ဗွေရာကတွေ့ပေမဲ့ပမာဏအရမ်းနည်းတယ် အဲ့တော့ကယ်ဖို့ပြန်ဆွဲထုတ်ရင်းနဲ့ကိုင်မိတာဖြစ်နိုင်တယ်လို့လည်းပြောနေကြတယ်"
Yuriအပြောကြောင့်အနည်းငယ်တော့စိတ်သက်သာရာရစေပါသည်လေ။
"ဒါနဲ့နင့်Appaဆိုတော့ ဘယ်သူက"
"အော်....Jaehyunကမသိသေးဘူးကို ငါ့Appaကရဲမှူးလေ Younghoonဦးလေး။ ငါတို့ကမောင်နှမဝမ်းကွဲတော်တယ်"
"အော်.....အဲ့တာကြောင့်မင်းတို့နှစ်ယောက်ကိုငါအမြဲအတူတူတွေ့နေရတာကိုး မသိပါဘူးအစကတွဲနေကြတယ်တောင်ထင်တာ"
Jaehyunကပြောတော့Yuriကမုန့်ထုတ်လည်းဖောက်ရင်းYounghoonကိုမဲ့ရွဲ့ပြကာ
"အမလေး.....ငါကဒီလိုကောင်မျိုးနဲ့တွဲစရာလား သေတောင်မတွဲဘူး"
"ငါကလည်းနင့်လိုချေးများတဲ့မိန်းကလေးမျိုးနဲ့မတွဲချင်ပါဘူး ပစိပစပ်ကများသေး"
"ဟုတ်ပါတယ်လေ နင်ကဟိုကောင်လေးကိုသွားသွားကြူးနေတာငါမသိရှာဘူးဆိုတော့"
မောင်နှမနှစ်ယောက်သားပြောနေကြရင်းကြားထဲကJaehyunအနည်းငယ်ပြုံးသည်ဆိုရုံမျှပုံးမိပါသည်။ဒီနှစ်ယောက်ကသူ့အတွက်တစ်ကယ်အကူညီဖြစ်စေတာပဲ။
"ဘယ်က ကောင်လေးတုန်း "
Jaehyunကမေးတော့Yuriက
"အခုမှအထက်တန်းပထမနှစ်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ပါဟယ်နာမည်တောင်ဘာMinဆိုလား....ဟိုနေ့ကဆရာမခေါ်လို့လိုက်သွားရင်းတွေ့တာ အမလေး...မပြောချင်ပါဘူးKim Younghoonတို့များ ငမ်းနေတာ စာတမ်းတွေမှားရေးမိလို့ငါးမျက်နှာလောက်ပြန်ကူးလိုက်ရသေးတယ်"
Younghoonကတော့Yuriကိုလှမ်းရိုက်ရင်းမောင်နှမနှစ်ယောက်သားကျီစားနေကြပြန်သည်။Jaehyunကတော့ပြုံးပြုံးလေးဖြင့်သာကြည့်လျက်။
.................
"သားJaehyunလေး ထမင်းစားမယ်လေကွယ်"
Ommaမှလာခေါ်တော့Yuriနဲ့Younghoonတို့ပြန်သွားပြီးကတည်းကအခန်းထဲမှမထွက်ဘဲတစ်ယောက်တည်းငိုင်နေသည့်Jaehyunညစာစားရန်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
"ငါ့သားဘယ်လိုလည်း နေလို့ကောင်းလား"
ထမင်းစားစားပွဲတွင်ရှိနှင့်နေပြီးသားAppaမှမေးတော့Jaehyunခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။တစ်ကယ်တမ်းကသူနေလို့လုံးဝမကောင်းသေးပါ။
"သားအတွက်Ommaကြက်သားဆန်ပြုတ်လည်းလုပ်ထားတယ် အသားပြားကြော်လေးကော ငါ့သားအကြိုက်လေ"
"ဟုတ်"
သူနေလို့ထိုင်လို့မကောင်းနေသည်ကိုမိဘဖြစ်သူများကသိနေသောကြောင့်အတတ်နိုင်ဆုံးပြန်လည်ကျန်းမာလာစေရန်ကြိုးစားနေသည်ကိုJaehyunနားလည်ပါသည်။သို့ပေမဲ့လည်းတစ်ကယ်တမ်းရင်ထဲမှာခံစားနေရသည့်နာကျင်မှုကပြောမတတ်လောက်အောင်ပင်ဖြစ်နေရသည်ကိုမိဘနှစ်ပါးမရိပ်မိခဲ့ပါလေ။
"သားတော်ပြီ Omma"
ပန်းကန်ထဲတွင်မစားနိုင်မှန်းသိသောကြောင့်အများကြီးမထည့်ထားပေမဲ့လည်းတစ်ဇွန်းနှစ်ဇွန်းလောက်သာစားပြီးတော်ပြီဟုပြောလာသောကြောင့်Ommaလည်းမတတ်နိုင်။
"နည်းနည်းလောက်ထပ်စားပါဦးလား ဒါမှအားမြန်မြန်ပြည့်အောင်လို့လေ"
"ဒါပေမဲ့သားဗိုက်ပြည့်သွားလို့ပါ စောနကYounghoonတို့နဲ့လည်းမုန့်တွေစားထားတော့"
"အော်....ဒါဆိုလည်းကောင်းပါပြီကွယ် သွား အပေါ်တက်ပြီးနားတော့လေ"
"ဟုတ်ကဲ့"
Jaehyunအပေါ်ထပ်ကိုတက်သွားတော့OmmaမှAppaနားကပ်ကာ
"Jaehyunက အဲ့Juyeonဆိုတဲ့ကောင်လေးကြောင့်အခုလိုဖြစ်နေတာလားမသိဘူးနော်"
"အင်း......သူတို့နှစ်ယောက်ကိုသာမန်သူငယ်ချင်းပဲလို့ ကိုယ်တော့မထင်ဘူး "
"ဒါဆို.....နှစ်ယောက်ကတွဲနေတာလို့ပြောချင်တာလား"
"အင်း....အဲ့လိုပေါ့ သေချာအောင်တော့မနက်ဖြန်မှပဲ ဖြစ်ဖြစ်မေးလိုက်တော့မယ်လေ "
"အကယ်လို့ဟုတ်နေခဲ့ရင်ကော"
"ဟုတ်နေခဲ့တော့လည်းဘာဖြစ်တုန်း အဲ့ကောင်လေးမရှိတော့သွားရမှာတောင်စိတ်ပိုဖြောင့်တယ်လေ"
"အေးနော်......"
.........................
ပြတင်းပေါက်မှဝင်လာသောဆောင်းရာသီညရဲ့လေပြင်းတို့အားJaehyunတစ်ယောက်အအေးဓာတ်ကိုမမှုတော့ပါဘဲနဲ့ကောင်းစွာခံယူနေလေသည်မှာဝရံတာအပြင်ဘက်တွင်ကိုထိုင်နေခြင်းဖြစ်သည်။
မှဲ့နက်လေးတည်ရှိရာနှာတံထိပ်ဖျားလေးမှာလည်းနီရဲနေပြီးလေတစ်ခါရှူသွင်းရှူထုတ်လုပ်လိုက်တိုင်းနှုတ်ခမ်းပါးမှအငွေ့များပင်ထွက်လာလေသည်။
ရာသီဥတုဟာအတော်လေးပင်အေးစက်လွန်းလှပါသည်။အနွေးထည်ရဲ့အနွေးဓာတ်နှင့်heaterမှအနွေးဓာတ်တို့ထက်သူအေးလာသည့်အခါတိုင်းနွေးထွေးလှပါသောရင်ခွင်ကျယ်ကြီးနှင့်ဖက်ပေးတတ်သည့်တစ်ယောက်သောသူအားလွမ်းဆွတ်လာရပြန်သည်။
Jaehyunနှာခေါင်းထိပ်ဖျားလေးတွေနှင့်နားရွက်ဖျားလေးတွေနီရဲလာလျှင်
"Jae အေးနေပြီမလား လာ ငါဖက်ထားပေးမယ်"
ဆိုပြီးငယ်ငယ်ကတည်းကသွင်းခဲ့သည့်တစ်ယောက်သောသူရဲ့ရင်ခွင်ကျယ်ကြီး။
အခုအဲ့ရင်ခွင်ကျယ်ကြီးကအနွေးဓာတ်ကိုလိုချင်လိုက်တာ။
ညဘက်အိပ်ရင်လည်းထိုရင်ခွင်ကျယ်ကြီးထဲကိုလှိမ့်ဝင်ကာအိပ်ပြီးမသိမသာနဖူးလေးကိုလာနမ်းသည်ကိုလည်းလွမ်းပါသည်။
ကိုယ့်လက်ကိုကိုင်ကြည့်မိရင်းလက်ကောက်ဝတ်ပေါ်မှာနေရာယူထားသောသူပေးထားသည့်ဖန်စီလက်ကောက်လေး။
သေသေချာချာပြန်စဥ်းစားကြည့်တော့မှထိုလက်ကောက်လေးပေးခဲ့သည့်နေ့ကသူပထမဦးဆုံးJuyeonပါးလေးကိုနမ်းဖူးတဲ့နေ့ပဲ။ အဲ့တုန်းကဆိုရင်တွေအတိုင်းဆမရှိခုန်နေသည်ကိုလည်းကောင်းကောင်းကြီးမှတ်မိပါသေးသည်။သူရုတ်တစ်ရက်နမ်းသည်ကိုခံလိုက်ရတော့အံ့သြမှင်သက်သွားသည့်Juyeonရဲ့မျက်နှာလေးကိုပြန်တွေးရင်းJaehyunပြုံးမိသည်။
သက်ပြင်းလေးတစ်ခုကိုမသိမသာချရင်းရင်ထဲမှလေးလံနေသည့်စိတ်တို့ကြောင့်လည်းသူအဆင်မပြေပါလေ။ တစ်ခြားသူတွေအတွက်တော့ချစ်ခြင်းကဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြသလည်းမသိပေမဲ့သူ့အတွက်ချစ်ခြင်းဟာလွမ်းဆွတ်စရာ နာကျင်စရာအတိဖြစ်နေခဲ့သည်လား။
ချစ်ခြင်းကလူတစ်ယောက်ကိုဒီလောက်ထိပင်ပန်းစေတာလား။သူမထင်ထားခဲ့။ ဇာတ်ကားတွေထဲကလိုမျိုးချစ်ခြင်းဟာချိုမြိန်တွေခြင်းတွေနဲ့ပဲပြည့်နှက်နေမယ်လို့ထင်ထားခဲ့ပေမဲ့လက်တွေ့ဘဝကရုပ်ရှင်တွေဝတ္ထုတွေမဟုတ်တော့ကိုယ်တိုင်ဖန်တီးလို့မရသည့်တိုင်နာကျင်ဖွယ်ရာကောင်းနေလှပါသည်။
အချစ်ကိုပါးစပ်ကထုတ်မပြောလည်းသိနိုင်သလိုချစ်ခြင်းကြောင့်ရရှိလာတဲ့နာကျင်ခြင်းတွေကလည်းပါးစပ်ကထုတ်မပြောပေမဲ့သိနိုင်ခဲ့လေမလား။
လွမ်းဆွတ်တမ်းတခြင်းဆိုသည့်ဒြပ်မဲ့နာမ်တစ်ခုဟာလူတစ်ယောက်ကိုဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလောက်တဲ့အထိကိုအားအင်ကုန်ခမ်းစေသည်လား။
သူလွမ်းရပါသည်။
ကျောင်းသွားရင်အနောက်ကနေဖက်လို့ရသည့်ကျောပြင်လေးရယ်....
ထိုကျောပြင်လေးကိုဖက်တွယ်ရင်းခိုးရှုလေ့ရှိသည့်ကိုယ်သင်းရနံ့လေးရယ်....
သူ့ရဲ့လက်တွေကိုဆုပ်ကိုင်ပေးလေ့ရှိသည့်လက်ကလေးတွေရယ်....
နွေးထွေးမှုအတိရှိလှပါသောရင်ခွင်ကျယ်ကြီးရယ်....
အိပ်ပျော်နေရင်းမသိမသာခိုးနမ်းမိသည့်ခေါင်းလုံးလုံးလေးရယ်....
ရယ်လိုက်ပြုံးလိုက်ရင်မှေးသွားတတ်သည့်မျက်ဝန်းတစ်စုံရယ်....
နှာတံချွန်ချွန်လေးရယ်....
သူ့အားထိတွေ့ဖူးပါသောနှုတ်ခမ်းတစ်စုံရယ်.....
သူ့ရဲ့နာမည်ကိုအဖျားဆွတ်ခေါ်တတ်သည့်အသံလေးရယ်....
အတူတူဖြတ်သန်းခဲ့ဖူးသောနေ့ရက်တွေရယ်....
အို......အလုံးစုံသာပြောရရင်သူနဲ့ပတ်သက်သမျှအရာအားလုံးကိုလွမ်းဆွတ်ရပါသည်။Juyeonနဲ့အတူရှိခဲ့တဲ့နေ့ရက်တိုင်းဟာသူ့မတွက်ဘယ်အရာနှင့်မျှအဖိုးဖြတ်လို့မရပါသောနေ့ရက်တွေဖြစ်ပေမဲ့လာမည့်နေ့ရက်တွေမှာJuyeonမပါဘဲဖြတ်သန်းရတော့မည်ကိုတွေးရင်သူကြောက်လာမိသည်။
Juyeonမရှိဘဲသူနေနိုင်ပါ့မလားဟင်။
ပါးပြင်ပေါ်ကိုတစ်လှိမ့်ချင်းစီးဆင်းလာသည့်မျက်ရည်စက်တို့ကိုခံစားမိတော့မှသူငိုနေမှန်းသိတော့သည်။
မျက်ရည်တွေဟာလည်းမကုန်ခမ်းနိုင်စီးဆင်းဆဲ။ သူ့ရဲ့ရင်ဘတ်ထဲမှနာကျင်မှုဟာလည်းဆက်လက်နာကျင်နေဆဲ။
"Juရယ်....ဘာလို့Jaeကိုထားရက်နိုင်တာလည်း....Juသတ်တာမဟုတ်ဘူးဆိုရင်ထွက်ပြေးစရာမလိုတဲ့ဟာကို....Juက ကတိမတည်ဘူးပဲ"
ဝရံတာလေးနားမှာထိုင်ရင်းတစ်ယောက်သူကိုလွမ်းဆွတ်ရင်းတစ်ယောက်တည်းစကားတွေပြောနေမိသည်မှာအရူးလေးတစ်ယောက်ဖွယ်။အရူးတောင်မှJuyeonဆိုသည့်သူကိုစွဲစွဲလန်းလန်းချစ်နေမိတဲ့အချစ်ရူးလေး။
အခုတော့အချစ်ရူးလေးတစ်ယောက်လွမ်းဆွတ်ခြင်းအနုပညာဆိုသောချစ်ခြင်းရဲ့နောက်ဆက်တွဲဒဏ်ကိုကောင်းကောင်းကြီးခံနေရပြီလေ။
"လေတိုးလို့ဆံနွယ်ဝဲလွင့်သွားချိန်မှာJuကိုလွမ်းမိတယ်။ကောင်းကင်ပေါ်ကကြယ်ကလေးလင်းလက်သွားချိန်မှာJuကိုလွမ်းမိတယ်။ခရီးမိုင်ပေါင်းများစွာဖြတ်သန်းပြီးJuကိုတွေ့ချင်မိတယ်။အရိပ်လိုနောက်ကနေထပ်ကြပ်မကွာလိုက်ချင်နေမိတယ်။
နှမြောစရာကောင်းတာလေးတစ်ခုကသတိရလွမ်းဆွတ်ခြင်းတွေမှာအသံမပါဘူးလေ။ "
__________________________________________
Thanks for reading🌸
Zawgyi
"လြမ္းဆြတ္ျခင္းအႏုပညာ"
ဒီေန႕ေတာ့Jaehyunေဆး႐ုံကေနဆင္းလို႔ရတဲ့ေန႕။ တစ္ပတ္ေလာက္တက္လိုက္ရေတာ့အားေဆးသြင္းရတာနဲ႕တင္လူကအားေတာ့အနည္းငယ္ရွိလာပါၿပီေလ။ အျပင္ပန္းအတြက္ကေတာ့ကုသလို႔ၿပီးေပမဲ့သူ႕ရဲ႕ရင္ဘတ္ထဲမွာနာက်င္မႈကိုေတာ့ဘယ္လိုမွေပ်ာက္ကင္းေအာင္ကုမရ။
သူေဆး႐ုံတက္ေနစဥ္အတြင္းမိဘေတြမအားတဲ့အခါတိုင္းYounghoonနဲ႕Yuriကလာေရာက္ၿပီးသူနဲ႕အတူေနေပးေလ့ရွိသည္။စိတ္အားမငယ္ေအာင္အားေပးစကားေတြေျပာေပးၿပီးJaehyunနားမွာသူငယ္ခ်င္းေကာင္းပီသစြာရွိေနေပးခဲ့သည္မလို႔သူတစ္ကယ္ေက်းဇူးလည္းတင္သလိုအားလည္းနာမိပါသည္။
ေဆး႐ုံကေနအိမ္ကိုAppaကပို႔ေပးၿပီးOmmaကသူ႕အခန္းပါရွင္းေပးထားသည္။ဒါေၾကာင့္ျပန္ေရာက္သည္ႏွင့္Jaehyunစာေရးစားပြဲခုံမွာထိုင္ကာျပတင္းေပါက္ကေနအျပင္ဘက္ကိုအေၾကာင္းမဲ့ေငးၾကည့္ေနမိသည္။
"ေဒါက္ ေဒါက္"
"Jaehyunအထဲမွာရွိတယ္မလား ငါတို႔ဝင္လာၿပီေနာ္"
အသံကားတစ္ျခားသူေတာ့မဟုတ္။Younghoonနဲ႕Yuriပင္ျဖစ္သည္။
"နင္ဒီေန႕ေဆး႐ုံဆင္းတယ္ဆိုတာၾကားလို႔ေလ အဲ့တာမုန့္အတူတူစားရေအာင္လာလိုက္တာ ၿပီးေတာ့သတင္းေကာင္းေျပာစရာလည္းရွိေသးလို႔"
Yuriကပါလာသည့္မုန့္ထုတ္ေတြကိုခ်ရင္းေျပာလိုက္ေတာ့Jaehyunကသိခ်င္သည့္မ်က္ႏွာထားေလးျဖင့္။
"ဘာေျပာမလို႔လည္း"
Yuriကမေျပာခင္Younghoonကိုလည္းတစ္ခ်က္ၾကည့္လိုက္ေသးသည္။Younghoonကေခါင္းၿငိမ့္ျပေတာ့မွ
"ငါတို႔ထင္ထားသလိုဟိုဦးေလးႀကီးကိုJuyeonသတ္တာမဟုတ္ဘူး"
"ဟမ္!!!! တစ္ကယ္လား!!!"
"ေအးတစ္ကယ္ ငါ့Appaေျပာျပတာ အခုသူတို႔ဓားကိုစစ္ေဆးၾကည့္လိုက္ေတာ့လက္ေဗြရာကသုံးခုေတြ႕တယ္တဲ့ Juyeonလက္ေဗြရာရယ္ သူ႕ပေထြးလက္ေဗြရာရယ္ ၿပီးေတာ့ေနာက္လူတစ္ေယာက္ဟာတဲ့"
"ဒါဆိုေနာက္လူတစ္ေယာက္ကသတ္သြားတာေပါ့"
"အင္းျဖစ္နိုင္တယ္ဟ ငါ့Appaေျပာပုံအရဆိုရင္ Juyeonရဲ႕လက္ေဗြရာကေတြ႕ေပမဲ့ပမာဏအရမ္းနည္းတယ္ အဲ့ေတာ့ကယ္ဖို႔ျပန္ဆြဲထုတ္ရင္းနဲ႕ကိုင္မိတာျဖစ္နိုင္တယ္လို႔လည္းေျပာေနၾကတယ္"
Yuriအေျပာေၾကာင့္အနည္းငယ္ေတာ့စိတ္သက္သာရာရေစပါသည္ေလ။
"ဒါနဲ႕နင့္Appaဆိုေတာ့ ဘယ္သူက"
"ေအာ္....Jaehyunကမသိေသးဘူးကို ငါ့Appaကရဲမႉးေလ Younghoonဦးေလး။ ငါတို႔ကေမာင္ႏွမဝမ္းကြဲေတာ္တယ္"
"ေအာ္.....အဲ့တာေၾကာင့္မင္းတို႔ႏွစ္ေယာက္ကိုငါအၿမဲအတူတူေတြ႕ေနရတာကိုး မသိပါဘူးအစကတြဲေနၾကတယ္ေတာင္ထင္တာ"
Jaehyunကေျပာေတာ့Yuriကမုန့္ထုတ္လည္းေဖာက္ရင္းYounghoonကိုမဲ့႐ြဲ႕ျပကာ
"အမေလး.....ငါကဒီလိုေကာင္မ်ိဳးနဲ႕တြဲစရာလား ေသေတာင္မတြဲဘူး"
"ငါကလည္းနင့္လိုေခ်းမ်ားတဲ့မိန္းကေလးမ်ိဳးနဲ႕မတြဲခ်င္ပါဘူး ပစိပစပ္ကမ်ားေသး"
"ဟုတ္ပါတယ္ေလ နင္ကဟိုေကာင္ေလးကိုသြားသြားၾကဴးေနတာငါမသိရွာဘူးဆိုေတာ့"
ေမာင္ႏွမႏွစ္ေယာက္သားေျပာေနၾကရင္းၾကားထဲကJaehyunအနည္းငယ္ၿပဳံးသည္ဆို႐ုံမွ်ပုံးမိပါသည္။ဒီႏွစ္ေယာက္ကသူ႕အတြက္တစ္ကယ္အကူညီျဖစ္ေစတာပဲ။
"ဘယ္က ေကာင္ေလးတုန္း "
Jaehyunကေမးေတာ့Yuriက
"အခုမွအထက္တန္းပထမႏွစ္ပဲရွိေသးတဲ့ေကာင္ေလးတစ္ေယာက္ပါဟယ္နာမည္ေတာင္ဘာMinဆိုလား....ဟိုေန႕ကဆရာမေခၚလို႔လိုက္သြားရင္းေတြ႕တာ အမေလး...မေျပာခ်င္ပါဘူးKim Younghoonတို႔မ်ား ငမ္းေနတာ စာတမ္းေတြမွားေရးမိလို႔ငါးမ်က္ႏွာေလာက္ျပန္ကူးလိုက္ရေသးတယ္"
Younghoonကေတာ့Yuriကိုလွမ္းရိုက္ရင္းေမာင္ႏွမႏွစ္ေယာက္သားက်ီစားေနၾကျပန္သည္။Jaehyunကေတာ့ၿပဳံးၿပဳံးေလးျဖင့္သာၾကည့္လ်က္။
.................
"သားJaehyunေလး ထမင္းစားမယ္ေလကြယ္"
Ommaမွလာေခၚေတာ့Yuriနဲ႕Younghoonတို႔ျပန္သြားၿပီးကတည္းကအခန္းထဲမွမထြက္ဘဲတစ္ေယာက္တည္းငိုင္ေနသည့္Jaehyunညစာစားရန္ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္သည္။
"ငါ့သားဘယ္လိုလည္း ေနလို႔ေကာင္းလား"
ထမင္းစားစားပြဲတြင္ရွိႏွင့္ေနၿပီးသားAppaမွေမးေတာ့Jaehyunေခါင္းၿငိမ့္ကာျပန္ေျဖလိုက္သည္။တစ္ကယ္တမ္းကသူေနလို႔လုံးဝမေကာင္းေသးပါ။
"သားအတြက္Ommaၾကက္သားဆန္ျပဳတ္လည္းလုပ္ထားတယ္ အသားျပားေၾကာ္ေလးေကာ ငါ့သားအႀကိဳက္ေလ"
"ဟုတ္"
သူေနလို႔ထိုင္လို႔မေကာင္းေနသည္ကိုမိဘျဖစ္သူမ်ားကသိေနေသာေၾကာင့္အတတ္နိုင္ဆုံးျပန္လည္က်န္းမာလာေစရန္ႀကိဳးစားေနသည္ကိုJaehyunနားလည္ပါသည္။သို႔ေပမဲ့လည္းတစ္ကယ္တမ္းရင္ထဲမွာခံစားေနရသည့္နာက်င္မႈကေျပာမတတ္ေလာက္ေအာင္ပင္ျဖစ္ေနရသည္ကိုမိဘႏွစ္ပါးမရိပ္မိခဲ့ပါေလ။
"သားေတာ္ၿပီ Omma"
ပန္းကန္ထဲတြင္မစားနိုင္မွန္းသိေသာေၾကာင့္အမ်ားႀကီးမထည့္ထားေပမဲ့လည္းတစ္ဇြန္းႏွစ္ဇြန္းေလာက္သာစားၿပီးေတာ္ၿပီဟုေျပာလာေသာေၾကာင့္Ommaလည္းမတတ္နိုင္။
"နည္းနည္းေလာက္ထပ္စားပါဦးလား ဒါမွအားျမန္ျမန္ျပည့္ေအာင္လို႔ေလ"
"ဒါေပမဲ့သားဗိုက္ျပည့္သြားလို႔ပါ ေစာနကYounghoonတို႔နဲ႕လည္းမုန့္ေတြစားထားေတာ့"
"ေအာ္....ဒါဆိုလည္းေကာင္းပါၿပီကြယ္ သြား အေပၚတက္ၿပီးနားေတာ့ေလ"
"ဟုတ္ကဲ့"
Jaehyunအေပၚထပ္ကိုတက္သြားေတာ့OmmaမွAppaနားကပ္ကာ
"Jaehyunက အဲ့Juyeonဆိုတဲ့ေကာင္ေလးေၾကာင့္အခုလိုျဖစ္ေနတာလားမသိဘူးေနာ္"
"အင္း......သူတို႔ႏွစ္ေယာက္ကိုသာမန္သူငယ္ခ်င္းပဲလို႔ ကိုယ္ေတာ့မထင္ဘူး "
"ဒါဆို.....ႏွစ္ေယာက္ကတြဲေနတာလို႔ေျပာခ်င္တာလား"
"အင္း....အဲ့လိုေပါ့ ေသခ်ာေအာင္ေတာ့မနက္ျဖန္မွပဲ ျဖစ္ျဖစ္ေမးလိုက္ေတာ့မယ္ေလ "
"အကယ္လို႔ဟုတ္ေနခဲ့ရင္ေကာ"
"ဟုတ္ေနခဲ့ေတာ့လည္းဘာျဖစ္တုန္း အဲ့ေကာင္ေလးမရွိေတာ့သြားရမွာေတာင္စိတ္ပိုေျဖာင့္တယ္ေလ"
"ေအးေနာ္......"
.........................
ျပတင္းေပါက္မွဝင္လာေသာေဆာင္းရာသီညရဲ႕ေလျပင္းတို႔အားJaehyunတစ္ေယာက္အေအးဓာတ္ကိုမမႈေတာ့ပါဘဲနဲ႕ေကာင္းစြာခံယူေနေလသည္မွာဝရံတာအျပင္ဘက္တြင္ကိုထိုင္ေနျခင္းျဖစ္သည္။
မွဲ႕နက္ေလးတည္ရွိရာႏွာတံထိပ္ဖ်ားေလးမွာလည္းနီရဲေနၿပီးေလတစ္ခါရႉသြင္းရႉထုတ္လုပ္လိုက္တိုင္းႏႈတ္ခမ္းပါးမွအေငြ႕မ်ားပင္ထြက္လာေလသည္။
ရာသီဥတုဟာအေတာ္ေလးပင္ေအးစက္လြန္းလွပါသည္။အႏြေးထည္ရဲ႕အႏြေးဓာတ္ႏွင့္heaterမွအႏြေးဓာတ္တို႔ထက္သူေအးလာသည့္အခါတိုင္းႏြေးေထြးလွပါေသာရင္ခြင္က်ယ္ႀကီးႏွင့္ဖက္ေပးတတ္သည့္တစ္ေယာက္ေသာသူအားလြမ္းဆြတ္လာရျပန္သည္။
Jaehyunႏွာေခါင္းထိပ္ဖ်ားေလးေတြႏွင့္နား႐ြက္ဖ်ားေလးေတြနီရဲလာလွ်င္
"Jae ေအးေနၿပီမလား လာ ငါဖက္ထားေပးမယ္"
ဆိုၿပီးငယ္ငယ္ကတည္းကသြင္းခဲ့သည့္တစ္ေယာက္ေသာသူရဲ႕ရင္ခြင္က်ယ္ႀကီး။
အခုအဲ့ရင္ခြင္က်ယ္ႀကီးကအႏြေးဓာတ္ကိုလိုခ်င္လိုက္တာ။
ညဘက္အိပ္ရင္လည္းထိုရင္ခြင္က်ယ္ႀကီးထဲကိုလွိမ့္ဝင္ကာအိပ္ၿပီးမသိမသာနဖူးေလးကိုလာနမ္းသည္ကိုလည္းလြမ္းပါသည္။
ကိုယ့္လက္ကိုကိုင္ၾကည့္မိရင္းလက္ေကာက္ဝတ္ေပၚမွာေနရာယူထားေသာသူေပးထားသည့္ဖန္စီလက္ေကာက္ေလး။
ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္ေတာ့မွထိုလက္ေကာက္ေလးေပးခဲ့သည့္ေန႕ကသူပထမဦးဆုံးJuyeonပါးေလးကိုနမ္းဖူးတဲ့ေန႕ပဲ။ အဲ့တုန္းကဆိုရင္ေတြအတိုင္းဆမရွိခုန္ေနသည္ကိုလည္းေကာင္းေကာင္းႀကီးမွတ္မိပါေသးသည္။သူ႐ုတ္တစ္ရက္နမ္းသည္ကိုခံလိုက္ရေတာ့အံ့ၾသမွင္သက္သြားသည့္Juyeonရဲ႕မ်က္ႏွာေလးကိုျပန္ေတြးရင္းJaehyunၿပဳံးမိသည္။
သက္ျပင္းေလးတစ္ခုကိုမသိမသာခ်ရင္းရင္ထဲမွေလးလံေနသည့္စိတ္တို႔ေၾကာင့္လည္းသူအဆင္မေျပပါေလ။ တစ္ျခားသူေတြအတြက္ေတာ့ခ်စ္ျခင္းကဘယ္လိုအဓိပၸါယ္ဖြင့္ဆိုၾကသလည္းမသိေပမဲ့သူ႕အတြက္ခ်စ္ျခင္းဟာလြမ္းဆြတ္စရာ နာက်င္စရာအတိျဖစ္ေနခဲ့သည္လား။
ခ်စ္ျခင္းကလူတစ္ေယာက္ကိုဒီေလာက္ထိပင္ပန္းေစတာလား။သူမထင္ထားခဲ့။ ဇာတ္ကားေတြထဲကလိုမ်ိဳးခ်စ္ျခင္းဟာခ်ိဳၿမိန္ေတြျခင္းေတြနဲ႕ပဲျပည့္ႏွက္ေနမယ္လို႔ထင္ထားခဲ့ေပမဲ့လက္ေတြ႕ဘဝက႐ုပ္ရွင္ေတြဝတၳဳေတြမဟုတ္ေတာ့ကိုယ္တိုင္ဖန္တီးလို႔မရသည့္တိုင္နာက်င္ဖြယ္ရာေကာင္းေနလွပါသည္။
အခ်စ္ကိုပါးစပ္ကထုတ္မေျပာလည္းသိနိုင္သလိုခ်စ္ျခင္းေၾကာင့္ရရွိလာတဲ့နာက်င္ျခင္းေတြကလည္းပါးစပ္ကထုတ္မေျပာေပမဲ့သိနိုင္ခဲ့ေလမလား။
လြမ္းဆြတ္တမ္းတျခင္းဆိုသည့္ျဒပ္မဲ့နာမ္တစ္ခုဟာလူတစ္ေယာက္ကိုဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေလာက္တဲ့အထိကိုအားအင္ကုန္ခမ္းေစသည္လား။
သူလြမ္းရပါသည္။
ေက်ာင္းသြားရင္အေနာက္ကေနဖက္လို႔ရသည့္ေက်ာျပင္ေလးရယ္....
ထိုေက်ာျပင္ေလးကိုဖက္တြယ္ရင္းခိုးရႈေလ့ရွိသည့္ကိုယ္သင္းရနံ႕ေလးရယ္....
သူ႕ရဲ႕လက္ေတြကိုဆုပ္ကိုင္ေပးေလ့ရွိသည့္လက္ကေလးေတြရယ္....
ႏြေးေထြးမႈအတိရွိလွပါေသာရင္ခြင္က်ယ္ႀကီးရယ္....
အိပ္ေပ်ာ္ေနရင္းမသိမသာခိုးနမ္းမိသည့္ေခါင္းလုံးလုံးေလးရယ္....
ရယ္လိုက္ၿပဳံးလိုက္ရင္ေမွးသြားတတ္သည့္မ်က္ဝန္းတစ္စုံရယ္....
ႏွာတံခြၽန္ခြၽန္ေလးရယ္....
သူ႕အားထိေတြ႕ဖူးပါေသာႏႈတ္ခမ္းတစ္စုံရယ္.....
သူ႕ရဲ႕နာမည္ကိုအဖ်ားဆြတ္ေခၚတတ္သည့္အသံေလးရယ္....
အတူတူျဖတ္သန္းခဲ့ဖူးေသာေန႕ရက္ေတြရယ္....
အို......အလုံးစုံသာေျပာရရင္သူနဲ႕ပတ္သက္သမွ်အရာအားလုံးကိုလြမ္းဆြတ္ရပါသည္။Juyeonနဲ႕အတူရွိခဲ့တဲ့ေန႕ရက္တိုင္းဟာသူ႕မတြက္ဘယ္အရာႏွင့္မွ်အဖိုးျဖတ္လို႔မရပါေသာေန႕ရက္ေတြျဖစ္ေပမဲ့လာမည့္ေန႕ရက္ေတြမွာJuyeonမပါဘဲျဖတ္သန္းရေတာ့မည္ကိုေတြးရင္သူေၾကာက္လာမိသည္။
Juyeonမရွိဘဲသူေနနိုင္ပါ့မလားဟင္။
ပါးျပင္ေပၚကိုတစ္လွိမ့္ခ်င္းစီးဆင္းလာသည့္မ်က္ရည္စက္တို႔ကိုခံစားမိေတာ့မွသူငိုေနမွန္းသိေတာ့သည္။
မ်က္ရည္ေတြဟာလည္းမကုန္ခမ္းနိုင္စီးဆင္းဆဲ။ သူ႕ရဲ႕ရင္ဘတ္ထဲမွနာက်င္မႈဟာလည္းဆက္လက္နာက်င္ေနဆဲ။
"Juရယ္....ဘာလို႔Jaeကိုထားရက္နိုင္တာလည္း....Juသတ္တာမဟုတ္ဘူးဆိုရင္ထြက္ေျပးစရာမလိုတဲ့ဟာကို....Juက ကတိမတည္ဘူးပဲ"
ဝရံတာေလးနားမွာထိုင္ရင္းတစ္ေယာက္သူကိုလြမ္းဆြတ္ရင္းတစ္ေယာက္တည္းစကားေတြေျပာေနမိသည္မွာအ႐ူးေလးတစ္ေယာက္ဖြယ္။အ႐ူးေတာင္မွJuyeonဆိုသည့္သူကိုစြဲစြဲလန္းလန္းခ်စ္ေနမိတဲ့အခ်စ္႐ူးေလး။
အခုေတာ့အခ်စ္႐ူးေလးတစ္ေယာက္လြမ္းဆြတ္ျခင္းအႏုပညာဆိုေသာခ်စ္ျခင္းရဲ႕ေနာက္ဆက္တြဲဒဏ္ကိုေကာင္းေကာင္းႀကီးခံေနရၿပီေလ။
"ေလတိုးလို႔ဆံႏြယ္ဝဲလြင့္သြားခ်ိန္မွာJuကိုလြမ္းမိတယ္။ေကာင္းကင္ေပၚကၾကယ္ကေလးလင္းလက္သြားခ်ိန္မွာJuကိုလြမ္းမိတယ္။ခရီးမိုင္ေပါင္းမ်ားစြာျဖတ္သန္းၿပီးJuကိုေတြ႕ခ်င္မိတယ္။အရိပ္လိုေနာက္ကေနထပ္ၾကပ္မကြာလိုက္ခ်င္ေနမိတယ္။
ႏွေျမာစရာေကာင္းတာေလးတစ္ခုကသတိရလြမ္းဆြတ္ျခင္းေတြမွာအသံမပါဘူးေလ။ "
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com