Chapter 25
Hyunjun Hur
(2nd lead)
Hyunjunက THEBOYZရဲ့former memberပါ။ Color Rush BL seriesထဲမှာလည်းပါဖူးပါတယ် ကြည့်ဖူးတဲ့သူတွေဆိုသူ့ကိုသိလောက်ပါတယ်နော်👀
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
{ ပြန်လည်တွေ့ဆုံချင်သော်လည်း.........}
"ဟယ်လို.....Jaehyun nah မင်းလာနေပြီလား"
"အေး....ငါအခုTaxiပေါ်မှာ သူတို့အကိုဆိုတဲ့သူရောက်နေပြီမလို့လား"
"ရောက်တော့မရောက်သေးပါဘူး မင်းလာဖို့မရသေးရင်ငါလာခေါ်ပေးမယ်လို့ပြောမလို့ပါ"
"အာ.....ရပါတယ်....ငါခနနေဆိုရောက်တော့မှာ"
"အေးအေး ပြီးရော"
Jaehyunလည်းမနက်ပိုင်းအတန်းချိန်တစ်ခုပြီးသည်နှင့်Younghoonချိန်းထားသည့်ကော်ဖီဆိုင်လေးသို့လာခဲ့လိုက်သည်။ရောက်တော့Taxiခရှင်းကာထွက်လိုက်တော့သူရဲ့လျင်လှပါသောမျက်ဝန်းတစ်နေရာမှတစ်စုံတစ်ဦးအားသတိထားမိသွားလေသည်။
ဝတ်ထားသည့်အပြာရောင်ဂျင်းကုတ်လေးကသူနဲ့ရင်းနှီးနေသယောင်ယောင်။သူဒီကုတ်ကိုသေချာပေါက်တစ်နေရာမှတွေ့ဖူးသည်ဆိုပြီးခေါင်းကိုတစ်ချက်ပြန်ကာအလုပ်ပေးလိုက်တော့
"ဟင်........မဟုတ်မှလွဲရော....."
Jaehyunတစ်ကိုယ်လုံးတုန်လာပြီးအသက်ရှူတွေပါပုံမှန်မဟုတ်တော့ချေ။ဒါဟာသူ့ရဲ့ဖြစ်လေ့ဖြစ်ထရှိသည့်ရောဂါတစ်မျိုးတောင်ဖြစ်နေလေသည်။တစ်ယောက်သောကိုလွမ်းဆွတ်ခြင်းကြောင့်ရခဲ့သည့်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတစ်ခုပေါ့။
Jaehyunတစ်ယောက်စိတ်ကိုအတတ်န်ိုင်ဆုံးထိန်းကာအသက်ကိုဝအောင်ရှူသွင်းလိုက်ရင်းသူကိုယ်တိုင်သတိမထားမိခင်အချိန်မှာပဲထိုဂျင်းကုတ်နှင့်လူနောက်အားအပြေးလေးလိုက်သွားမိသည်။
"Ju......Juဟုတ်တယ်မလား....."
သူ့ကိုယ်သူရေရွတ်ရင်းထိုလူကိုမှီသွားတဲ့အချိန်မှာတော့ရုတ်တစ်ရက်လက်ကိုလှန်းဆွဲလိုက်မိသည်။
"Ju!!!"
"ဟင်"
တစ်ဖက်မှထိုလူကလှည့်ကြည့်လာတော့Jaehyunရဲ့ချည်မျှင်စလောက်မျှော်လင့်ချက်ရောင်ချည်တန်းလေးဟာလုံးဝကိုပျက်သုဥ်းသွားခဲ့ရလေသည်။
"ဘယ်သူလည်းမသိဘူးခင်ဗျ"
"အော်....တောင်း....တောင်းပန်ပါတယ်...ကျွန်တော့်အသိတစ်ယောက်နဲ့လူမှားသွားလို့ပါ"
"အာ...ဟုတ်ကဲ့ရပါတယ်ဗျ"
သူဒါမျိုးဖြစ်တာတစ်ကြိမ်မကတော့ပါလေ။Juနဲ့တူတဲ့သူတွေ့တိုင်းလိုက်ပြီးအပူတစ်ပြင်းခေါ်တတ်သည့်အကျင့်ကိုလည်းဖျောက်ရပြန်ဦးမည်။
မျက်နှာငယ်လေးနဲ့Jaehyunမှရှက်ကို့ရှက်ကန်းဖြစ်ကာလှည့်ထွက်လိုက်တော့ လက်ကိုသွားဆွဲတုန်းထိမိသွားသည့်သူ့ရဲ့ဖန်စီလက်ကောက်လေးမှာထိုလူရဲ့အင်္ကျီလက်ကကြယ်သီးနဲ့ငြိပြီးပြတ်ခြင်းမလှပြတ်ကျသွားခဲ့ပါတော့သည်။
"ဟာ......သွားပါပြီ!!! Juပေးထားတာလေး!!!"
"အယ်....Sorryပါ ကျွန်တော့် အင်္ကျီကြယ်သီးနဲ့ငြိသွားတာဖြစ်မယ် ကျွန်တော်တစ်ကယ်တောင်းပန်ပါတယ် ဒီလက်ကောက်လေးအတွက်ပြန်အလျော်ပေးပါ့မယ်"
Jaehyunလည်းလက်ကောက်လေးပြတ်သွားသည်မလို့ငိုချင်မိပေမဲ့လည်းသူကအရင်သွားဆွဲမိသူဖြစ်တာမလို့
"ရပါတယ်....ကျွန်တော်ကလူမှားပြီးဆွဲမိလို့ဖြစ်တာပါ"
Jaehyunမှာပြောရင်းဆိုရင်းပြတ်ကျသွားသည့်လက်ကောက်အပိုင်းအစလေးတွေကိုလိုက်ကောက်နေရင်းထိုလူရဲ့လက်ချောင်းသွယ်သွယ်တို့နဲ့သွားပြီးမတော်တစ်ဆထိမိသွားလေသည်။
"ဒီကသူ တစ်ကယ်အဆင်ပြေရဲ့လား လက်တွေလည်းအေးစက်နေတာပဲ နှုတ်ခမ်းတွေလည်းတုန်နေတယ် တစ်ကယ်အဆင်ပြေတာမှန်လို့လားဟင်"
တစ်ခါမှမမြင်ဖူးပါသောသူစိမ်းတစ်ယောက်ကသူ့ရဲ့အေးစက်နေသည့်လက်ချောင်းများကိုဆုပ်ကိုင်လိုက်ကာပြောလာသည်မလို့နွေးထွေးမှုလေးကိုJaehyunစိတ်ထဲခံစားမိပါသည်။
"အဆင်မပြေဘူးဆိုရင် ဆေးရုံပဲဖြစ်ဖြစ်သွားမလား"
"ရ...ရပါတယ်....အဲ့လောက်ထိတော့..မ..မလိုပါဘူး....ကျွန်တော်ချိန်းထားတာလေးရှိလို့သွားလိုက်ပါဦးမယ်"
"ဟိတ်....ခနလေးနေဦး...!!! "
ထိုလူမှဘယ်လောက်အော်ခေါ်အော်ခေါ်Jaehyunကတော့တစ်ချိုးတည်းလှည့်ကာပြေးလေတော့သည်။
.
.
.
.
*Ring Ring*
"Hello...Younghoon hyung"
"အေး...Hyunjun မင်းမလာသေးဘူးလား ဂိုက်ပြပေးမဲ့ဆရာကရောက်နေပြီ"
"အော်...ဟုတ်ဟုတ် လာပြီHyung ကျွန်တော်ကိစ္စလေးတစ်ခုရှိသွားလို့"
"အေးအေး မြန်မြန်လာနော်"
.........................
"Jaehyun nah....မင်းအဆင်ပြေရဲ့လား မင်းပုံစံကြည့်ရတာလည်း တစ်မျိုးပဲ အသက်ရှူကြပ်ပြန်ပြီလား"
ခုံမှာစထိုင်ကတည်းကချွေးအနည်းငယ်ထွက်နေပြီးပုံမှန်မဟုတ်နေသည့်JaehyunအားYounghoonစိုးရိမ်စွာမေးတော့ဟိုကအပြုံးလေးတစ်ခုသာနဲ့ခေါင်းခါပြသည်။
"Younghoon hyung!!!!"
"အော်....လာလေ Hyunjun"
Hyunjunမှဝင်ထိုင်လိုက်ပေမဲ့Jaehyunကသူ့အာရုံနဲ့သူအတွေးများနေသည်မလို့Hyunjunကိုမမြင်သေးချေ။Younghoonကလည်းဝတ်ကျေတန်းကျေအရနှစ်ယောက်သားကိုမိတ်ဆက်ပေးလေသည်။
"Hyunjun....ဒါငါပြောတဲ့ဂိုက်ဆရာလေ Lee Jaehyunတဲ့"
"ဟုတ်ကဲ့....တွေ့ရတာဝမ်းသာ.......အယ်!!!....ခင်ဗျား....စောနကဟိုတစ်ယောက်!"
Hyunjunကပြောလာတော့မှJaehyunလည်းသတိထားမိသွားသည်ထင်။မျက်လုံးလေးကလယ်ကလယ်လုပ်ကာသေချာကြည့်နေမိသည်။
"ဘာလည်း....မင်းတို့ကသိတာလား"
"သိတာတော့မဟုတ်ပါဘူး စောနကHyungကိုပြောတဲ့ကိစ္စလေးတစ်ခုရှိနေတယ်ဆိုတာဒီကတစ်ယောက်ရဲ့လက်ကောက်နဲ့ကျွန်တော့်အင်္ကျီကာကြယ်သီးနဲ့ငြိသွားတာ ပြတ်သွားတော့ ကူပေးနေတာ"
"အော်......အဲ့လိုလား...ဟမ် နေပါဦး လက်ကောက်ဆိုတော့!!!!!"
Younghoonမှအလန့်တစ်ကြားနဲ့Jaehyunကိုကြည့်လိုက်တော့Jaehyunကမျက်နှာငယ်လေးနဲ့
"အင်း...ဟုတ်တယ် သူပေးထားတဲ့လက်ကောက်ပြတ်သွားတာ"
နောက်ဆုံးတော့Jaehyunဘာလို့ပုံမှန်မဖြစ်နေလည်းဆိုတာYounghoonသိသွားခဲ့ပါသည်။
"အဲ့လက်ကောက်ကအရေးကြီးတဲ့အရာမလို့လားဟင်....ကျွန်တော်တစ်ကယ်တောင်းပန်ပါတယ် ပြန်လည်းလျော်ပေးပါ့မယ်နော်"
အားနာနေပုံရသည့်Hyunjunမှပြောလာတော့Jaehyunကပြုံးပြကာ
"ရပါတယ်.....ကိစ္စမရှိပါဘူး လာရင်းကိစ္စပဲဆက်ပြောကြတာပေါ့"
"ဟုတ်....ဟုတ်ကဲ့"
Jaehyunစိတ်ထဲတော့လုံးဝအဆင်ပြေမနေပေမဲ့ရင့်ကျက်လာခဲ့ပြီမလို့ဝမ်းနည်းမှုကိုခနမျိုသိပ်ထားလိုက်ပါဦးမယ်လေ။သူလုပ်နေကြတိုင်းပေါ့။
.................
"ဒါဆို ကလေးနှစ်ယောက်က Rakwonနဲ့Yeonkyuတို့နဲ့ရွယ်တူပဲပေါ့"
"ဟုတ်ပါတယ် အဓိကကတော့ ကျွန်တော့်ညီမတွေက ကိုးရီယားလိုကျွမ်းကျွမ်းကျင်ကျင်မပြောတတ်နေသေးတာ ။ သူတို့ကျောင်းတွေဖွင့်လို့တက်ရင်လည်းစာမလိုက်နိုင်မှာစိုးတာလေ "
"ဟုတ်ကဲ့ ရပါတယ် သူတို့ကိုကိုရီးယားစာနဲ့ ကျောင်းစာကိုပါတစ်ခါတည်းလုပ်ပေးပါ့မယ်"
"ဟုတ်ကဲ့ Jaehyun shiကိုကျွန်တော်တစ်ကယ်အကူညီတောင်းပါတယ်ဗျာ....အော်...ဒါနဲ့လခကကောဘယ်လိုယူလည်းမသိဘူး"
"နှစ်ယောက်ဆိုတော့ကျွန်တော်လျှော့ပြီးယူပေးပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးပါJaehyun shi"
သူတို့နှစ်ယောက်လည်းစကားပြောနေတုန်းဘေးမှာရှိနေသည့်Younghoonမှ
"မင်းတို့....ခနနေခဲ့လိုက်ဦးနော် ငါဟိုမျောက်လောင်းလေးတွေကိုသင်တန်းကနေသွားကြိုလိုက်ဦးမယ် အော်...တစ်ခါတည်းHyunjunရဲ့ညီမတွေပါကြိုခဲ့လိုက်မယ်လေ"
"အာ...အဲ့လိုဆိုကျေးဇူးတင်တာပေါ့ Hyung"
"အေးအေး"
Younghoonထွက်သွားတော့ကျန်ခဲ့သည့်နှစ်ယောက်မှာကော်ဖီလေးသောက်ရင်းHyunjunဘက်မှစကားစလိုက်လေသည်။
"ဒါနဲ့ Jaehyun shi "
"ဟုတ်ကဲ့"
"ဟိုလေ.......ကျွန်တော်လက်ကောက်ကိစ္စနဲ့ပတ်သက်ပြီးJaehyun shiကိုအားနာနေတုန်းပဲ အဲ့တာ ကျွန်တော်တစ်ခုခုပြန်ဝယ်ပေးလို့ရမလားဟင်"
"အာ...ဟုတ်ကဲ့ရပါတယ် ပြန်ဝယ်ပေးဖို့မလိုပါဘူး"
"မဟုတ်တာ.....ကျွန်တော်ပြန်မှမဝယ်ပေးရရင်စိတ်မကောင်းလို့ပါနော် ဒီလိုလုပ်မလား အခုကျွန်တော်တို့ကော်ဖီသောက်ပြီးသွားရင် လက်ကောက်သွားကြည့်ကြမယ်လေ ကျွန်တော့်ညီမနှစ်ယောက်အတွက်လိုအပ်တဲ့စာအုပ်တွေလည်းဝယ်ရဦးမှာဆိုတော့ Jaehyun shiပါရင်ပိုကောင်းတာပေါ့"
"အာ......ဟုတ်ကဲ့........"
"ဘာလည်း...Jaehyun shiက ကျွန်တော်နဲ့အတူမသွားချင်လို့လား"
"အဲ့လိုမဟုတ်ပါဘူး လိုက်ပါ့မယ်"
.................
Hyunjunတစ်ယောက်သူ့ဘေးမှာထိုင်ကာလိုက်ပါလာသည့်ဂိုက်ဆရာဆိုသူအားကားမောင်းနေပေမဲ့တစ်ချက်ချက်လှမ်းကြည့်မိသည်။
ပြုံးပြနေပါသော်လည်းတစ်ကယ်တမ်းမျက်ဝန်းတွေထဲမှာဝမ်းနည်းမှုအရိပ်ယောင်များကိုသူတွေ့ရသည်မလို့Jaehyunရဲ့စိတ်ထဲဘာတွေကြောင့်ဝမ်းနည်းနေမလည်းဆိုတာသူသိချင်မိသည်။
ကြည့်ရတာလက်ကောက်တစ်ခုကြောင့်နဲ့တော့မဟုတ်လောက်ပေ။ ဖြူရော်ရော်မျက်နှာလေးနဲ့ကြည့်ရတာနေလည်းကောင်းမည့်ပုံမပေါ်ပါ။သူခေါ်လာမိတာများမှားသွားပြီလား။
"Hyunjun shiဘာတွေအဲ့လောက်တောင်ကြည့်နေတာလည်း ကျွန်တော့်မျက်နှာမှာတစ်ခုခုပေနေလို့လား"
"ဟင်.....အော်.....မ...မဟုတ်ပါ....အဲ.....ဟုတ်တယ်...မ...မဟ......အာ...ဟုတ်တယ်ဟုတ်တယ်"
"ဗျာ! Hyunjun shi ပြောတာ ဟုတ်တာလား မဟုတ်တာလား"
"ဟုတ်တယ်လို့....ဟုတ်တယ်လို့ပြောတာ"
Hyunjunတစ်ယောက်ခိုးခိုးကြည့်နေမိတာ လူမိသွားရှာတော့စကားတွေတောင်မှားကုန်လေသည်။ရှက်ရမ်းရမ်းမှပဲရတော့မည်။မဟုတ်လျှင်Jaehyunကသူ့အားနှာဘူးထင်နေမှဖြင့်။
"ဘယ်နားမှာပေနေတာလည်း မှန်ကြည့်ပြီးသုတ်လိုက်မယ် "
ဆိုကာJaehyunမှကားအပေါ်မှန်ကိုဆွဲယူမည်လုပ်တော့Hyunjunက လက်ကိုအမြန်တားရင်း
"အများကြီးမဟုတ်ပါဘူး...ဒီနားလေးတင် ကျွန်တော်သုတ်ပေးမယ်"
ဆိုကာကားကိုဘေးနည်းနည်းကပ်ကာအရှိန်လျှော့မောင်းလိုက်ပြီးJaehyunရဲ့နှာတံဖျားနားကိုသူ့ရဲ့လက်ချောင်းသွယ်သွယ်တို့နဲ့မရှိသည့်ပေနေသည်ဆိုသောအရာအားသုတ်လိုက်လေသည်။
Hyunjunရဲ့လက်ဟာJaehyunရဲ့နှာတံဖျားလေးကိုထိတွေ့လာချိန်မှာJaehyunရင်ထဲတစ်မျိုးလေးခံစားလိုက်ရပါသည်။ သူ့မျက်နှာကိုအခုလိုမျိုးတစ်ယုတစ်ယကိုင်ဖူးသည်ကJuyeonမှလွဲပြီးမရှိဘဲကို။
"ပြောင်သွားပြီ"
"ဟုတ်ကဲ့.....ကျေးဇူးပါ"
"အင်း....ဒါနဲ့လေ ကျွန်တော့်ကိုရင်းရင်းနှီးနှီးခေါ်ပြောလို့ရပါတယ် ကျွန်တော်လည်းHyungကိုရင်းရင်းနှီးနှီးပြောမယ်လေ"
"ရပါတယ်.....ဒါဆိုHyunjunလို့ပဲခေါ်မယ်နော်....ဒါနဲ့လေ အခုလိုလာလိုက်တာ Younghoonကိုရော ဘယ်လိုလုပ်မှာလည်း ညီမလေးတွေကောကြိုလာမယ်ဆို"
"ကျွန်တော်Messageပို့ပြီးသွားပြီHyung"
"အာ...ဟုတ်ပါပြီ အဲ့တာဆိုလည်း"
Hyunjunကဖော်ရွေသူမလို့စကားကိုတစ်ဖက်သားသဘောကျအောင်တော့ပြောတတ်ပါသည်။ဒါကြောင့်လည်းJaehyunနဲ့ခနလေးအတွင်းမှာခင်သွားခဲ့သည်။
ကားပေါ်မှာစကားပြောနေကြသည့်သူတို့နှစ်ယောက်မသိသည်က သူတို့ဆိုင်ကနေစထွက်လာကတည်းကနောက်ကနေလိုက်ခဲ့သည့်ကားတစ်စီးရှိသည်ဆိုတာပင်ဖြစ်သည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ပစ္စည်းရော?"
"ဒီမှာ "
ပြသည့်နေရာကိုကြည့်လိုက်တော့ခရီးဆောင်အိတ်တစ်လုံးကိုJuyeonတွေ့လေသည်။
"ဒါဆိုဒီထဲမှာအကုန်ပါတယ်နော်"
"ဟက်....ငါကလိမ်မဲ့သူမျိုးလား"
စကားပြောလျှင်ဘုကလန့်နှင့်ရန်စသလိုလိုပြောတတ်သည့်သူတွေရဲ့အကြောင်းအားJuyeonနောကြေနေပြီမလို့ခပ်ထေ့ထေ့အပြုံးတစ်ခုကိုသာတပ်ဆင်ရင်း
"ခင်ဗျားကိုလည်းလိမ်တယ်လို့ကျွန်တော်မပြောမိပါဘူး.....ပိုက်ဆံကခင်ဗျားကားထဲကိုအကုန်ထည့်ပေးပြီးသွားပြီဆိုတော့ ကျွန်တော်သွားတော့မယ်"
ဆိုကာလှည့်ထွက်မည်အလုပ်မှာ
"မင်းနေဦး!!! ပိုက်ဆံပြည့်မပြည့်အကုန်ရေပြီးမှသွား!!"
စိတ်မရှည်ချင်တော့သည့်Juyeonတစ်ယောက်အတွင်းအိပ်ကပ်ထဲမှသေနတ်ကိုထုတ်ပြီးထိုလူရဲ့ခေါင်းတည့်တည့်ကိုပစ်လိုက်ချင်ပါသော်လည်းBossကမှာထားသည်ကတစ်ကြောင်း public areaကြီးမှာပွဲထဖြစ်ရင်လည်းရဲတွေဘာတွေနဲ့ဇာတ်လမ်းရှုပ်ရမှာကိုမလိုလားသည်ကတစ်ကြောင်းမလို့လှောင်သလိုအပြုးတစ်ခုကိုမျက်နှာတပ်ဆင်ထားရင်းထိုလူ့ဘက်လှည့်ကာ
"ဒီမှာ ဟေ့လူ ခင်ဗျားရစ်ချင်တိုင်းရစ်နေရအောင်ကျွန်တော်ကခင်ဗျားယောကျာ်းလည်းမဟုတ်ဘူး ပြီးတော့ဒီလောကမှာLee Juyeonလိမ်သွားတယ်ဆိုတာမျိုးကောကြားဖူးလို့လား ကျွန်တော်ကရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်တာမလို့ ပိုက်ဆံရေချင်ရင်ခင်ဗျားဘာသာတစ်ယောက်တည်းရေ"
ဟုပြောကာstyle pantထဲလက်ထည့်ရင်းလှည့်ထွက်လာလိုက်သည်ကခန့်ညားမှုအတိ ယုံကြည့်ချက်အပြည့်နှင့်ပင်။
နှစ်ထပ်ရှိသည့်ကော်ဖီဆိုင်ဖြစ်သည်မလို့အပေါ်ထပ်ကနေJuyeonဆင်းလာရင်းနားစွန်နားဖျားကြားလိုက်ရသည့်အသံတစ်ခု။
"Jaehyun nah..............."
လှေကားကိုဆင်းနေသည့်Juyeonရဲ့ခြေလှမ်းများတုံ့ခနဲရပ်တန့်သွားပြီးအသံလာရာဘေးဘက်ကိုမရဲတစ်ရဲလှည့်ကြည့်မိလိုက်သည်။
"Jaeလား....."
Juyeonစိတ်ထဲရေရွတ်ရင်းကြည့်မိလိုက်တော့အောက်ထပ်ရဲ့စားပွဲတစ်နေရာမှာYounghoonကိုတွေ့လေသည်။ပြီးတော့Younghoonဘေးမှာထိုင်နေသည့်သူတစ်ယောက်။အနည်းငယ်ကွယ်နေ၍သိပ်မမြင်ရသောကြောင့်ခေါင်းစောင်းကာကြည့်လိုက်တော့Jaehyunမဟုတ်နေပါ။
"ငါသပ်သပ်မျှော်လင့်မိသွားတာပဲ"
စိတ်ထဲမှာပင်ရေရွတ်လို့မဆုံးသေးခင်မှာYounghoonမှထိုင်နေရာကထပြီးစောနကကောင်လေးကိုမဟုတ်ဘဲနောက်တစ်ဖက်ကိုပါလက်လှမ်းပြနေသည်မလို့သူနဲ့ကွယ်နေသည့်နေရာမှာလူတစ်ယာက်ရှိလိမ့်မည်ဟုခန့်မှန်းမိသည်။
ဒါကြောင့်အောက်ထပ်ကိုအနည်းငယ်ထပ်ဆင်းပြီးကြည့်လိုက်တော့အဖြူရောင်ဆွယ်တာလေးကိုဝတ်ထားပြီးအညိုမကျလိမ္မော်မကျဆံနွယ်ရောင်ခေါင်းလုံးလုံးလေးနဲ့သူအားမြင်တွေ့လိုက်ရတော့Juyeonရင်ဘတ်ထဲတွင်အတိုင်းအဆမရှိအခုန်မြန်လာရတော့သည်။
"Jae......Jaeလား"
သူ့စိတ်ထဲရှိသည့်အတိုင်းသာဆိုရင်တော့ထိုနေရာကိုပြေးပြီးသွားတွေ့လိုက်ချင်ပေမဲ့တစ်ကယ်တမ်းJaehyunဖြစ်နေရင်သူရင်ဆိုင်နိုင်ပါ့မလားဟုလည်းတွေးမိကာကြောက်နေမိပြန်သည်။
သူဒါလေးတောင်သတ္တိမရှိတော့ဘူးလား။ သူချစ်ရတဲ့သူကိုနှစ်အတော်ကြာမှပြန်တွေ့တာတောင်သူ့မှာသွားတွေ့ဖို့အတွက်သတ္တိမရှိတော့ဘူးလား။
Juyeonထိုနေရာမှာတင်တုံ့ဆိုင်းနေတုန်းမှာပဲတစ်ဖက်မှလူနှင့်အဖြူရောင်ဆွယ်တာပိုင်ရှင်လေးတို့ကနေရာမှထကာ ဆိုင်အပြင်သို့ဦးတည်ကြလေသည်။
ထလာတော့ဘေးတိုက်မြင်လိုက်ရသည့်အချိန်မှာJuyeonနှလုံးသားတစ်ခုလုံးဗြောင်းဆန်းကုန်ပါတော့သည်။
သူ့ရဲ့Jae....သူသိပ်ကိုချစ်ရတဲ့Jae။
နှစ်ယောက်မှဆိုင်ပြင်ကိုထွက်သွားတော့ချက်ချင်းပဲအနောက်ကနေလိုက်သွားပါသည်။သေချာပေါက်maskနဲ့ဦးထုပ်ကိုတော့သူအလျင်အမြန်ဆောင်းလိုက်တာပေါ့။
"Jae....အခုဘယ်သွားမှာလည်း....ဘေးကသူကရောဘယ်သူလည်း....ဘာလို့အရမ်းရင်းနှီးနေကြတာလည်း....."
လည်းပေါင်းများစွာသောမေးခွန်းတွေခေါင်းထဲမှာတန်းစီးနေသည်မှာသူ့ကိုယ်သူပင်သတိမထားမိချေ။Jaehyunကားပေါ်မတက်ခင်ထိုကောင်လေးမှဖွင့်ပေးတော့Juyeonသံသယစိတ်တို့ကပိုဆိုးလာခဲ့သည်။
ဒါကြောင့်ဒီတစ်ခါမှာတော့တုံ့ဆိုင်းခြင်းမရှိဘဲJaehyunတက်သွားရာကားနောက်သို့လိုက်ခဲ့ပါတော့သည်။
သူအနီးကပ်သွားထိတွေ့န်ိုင်ဖို့တော့အတင့်မရဲသေးပေမဲ့လည်းအနောက်ကနေတော့လိုက်ကြည့်ချင်မိသည်။
မမြင်ရတဲ့နှစ်အတော်ကြာမှာJaehyunတစ်ယောက်ပြောင်းလဲသွားမလား။ သူ့ကိုရောသတိရသေးရဲ့လား။သူ့အပေါ်ထားတဲ့စိတ်တွေကရောအရင်လိုရှိနေတုန်းပဲလားဟင်~~
__________________________________________
Thanks for reading🌸
Zawgyi
{ ျပန္လည္ေတြ႕ဆုံခ်င္ေသာ္လည္း.........}
"ဟယ္လို.....Jaehyun nah မင္းလာေနၿပီလား"
"ေအး....ငါအခုTaxiေပၚမွာ သူတို႔အကိုဆိုတဲ့သူေရာက္ေနၿပီမလို႔လား"
"ေရာက္ေတာ့မေရာက္ေသးပါဘူး မင္းလာဖို႔မရေသးရင္ငါလာေခၚေပးမယ္လို႔ေျပာမလို႔ပါ"
"အာ.....ရပါတယ္....ငါခနေနဆိုေရာက္ေတာ့မွာ"
"ေအးေအး ၿပီးေရာ"
Jaehyunလည္းမနက္ပိုင္းအတန္းခ်ိန္တစ္ခုၿပီးသည္ႏွင့္Younghoonခ်ိန္းထားသည့္ေကာ္ဖီဆိုင္ေလးသို႔လာခဲ့လိုက္သည္။ေရာက္ေတာ့Taxiခရွင္းကာထြက္လိုက္ေတာ့သူရဲ႕လ်င္လွပါေသာမ်က္ဝန္းတစ္ေနရာမွတစ္စုံတစ္ဦးအားသတိထားမိသြားေလသည္။
ဝတ္ထားသည့္အျပာေရာင္ဂ်င္းကုတ္ေလးကသူနဲ႕ရင္းႏွီးေနသေယာင္ေယာင္။သူဒီကုတ္ကိုေသခ်ာေပါက္တစ္ေနရာမွေတြ႕ဖူးသည္ဆိုၿပီးေခါင္းကိုတစ္ခ်က္ျပန္ကာအလုပ္ေပးလိုက္ေတာ့
"ဟင္........မဟုတ္မွလြဲေရာ....."
Jaehyunတစ္ကိုယ္လုံးတုန္လာၿပီးအသက္ရႉေတြပါပုံမွန္မဟုတ္ေတာ့ေခ်။ဒါဟာသူ႕ရဲ႕ျဖစ္ေလ့ျဖစ္ထရွိသည့္ေရာဂါတစ္မ်ိဳးေတာင္ျဖစ္ေနေလသည္။တစ္ေယာက္ေသာကိုလြမ္းဆြတ္ျခင္းေၾကာင့္ရခဲ့သည့္႐ုပ္ပိုင္းဆိုင္ရာနာက်င္မႈတစ္ခုေပါ့။
Jaehyunတစ္ေယာက္စိတ္ကိုအတတ္န္ိုင္ဆုံးထိန္းကာအသက္ကိုဝေအာင္ရႉသြင္းလိုက္ရင္းသူကိုယ္တိုင္သတိမထားမိခင္အခ်ိန္မွာပဲထိုဂ်င္းကုတ္ႏွင့္လူေနာက္အားအေျပးေလးလိုက္သြားမိသည္။
"Ju......Juဟုတ္တယ္မလား....."
သူ႕ကိုယ္သူေရ႐ြတ္ရင္းထိုလူကိုမွီသြားတဲ့အခ်ိန္မွာေတာ့႐ုတ္တစ္ရက္လက္ကိုလွန္းဆြဲလိုက္မိသည္။
"Ju!!!"
"ဟင္"
တစ္ဖက္မွထိုလူကလွည့္ၾကည့္လာေတာ့Jaehyunရဲ႕ခ်ည္မွ်င္စေလာက္ေမွ်ာ္လင့္ခ်က္ေရာင္ခ်ည္တန္းေလးဟာလုံးဝကိုပ်က္သုဥ္းသြားခဲ့ရေလသည္။
"ဘယ္သူလည္းမသိဘူးခင္ဗ်"
"ေအာ္....ေတာင္း....ေတာင္းပန္ပါတယ္...ကြၽန္ေတာ့္အသိတစ္ေယာက္နဲ႕လူမွားသြားလို႔ပါ"
"အာ...ဟုတ္ကဲ့ရပါတယ္ဗ်"
သူဒါမ်ိဳးျဖစ္တာတစ္ႀကိမ္မကေတာ့ပါေလ။Juနဲ႕တူတဲ့သူေတြ႕တိုင္းလိုက္ၿပီးအပူတစ္ျပင္းေခၚတတ္သည့္အက်င့္ကိုလည္းေဖ်ာက္ရျပန္ဦးမည္။
မ်က္ႏွာငယ္ေလးနဲ႕Jaehyunမွရွက္ကို႔ရွက္ကန္းျဖစ္ကာလွည့္ထြက္လိုက္ေတာ့ လက္ကိုသြားဆြဲတုန္းထိမိသြားသည့္သူ႕ရဲ႕ဖန္စီလက္ေကာက္ေလးမွာထိုလူရဲ႕အကၤ်ီလက္ကၾကယ္သီးနဲ႕ၿငိၿပီးျပတ္ျခင္းမလွျပတ္က်သြားခဲ့ပါေတာ့သည္။
"ဟာ......သြားပါၿပီ!!! Juေပးထားတာေလး!!!"
"အယ္....Sorryပါ ကြၽန္ေတာ့္ အကၤ်ီၾကယ္သီးနဲ႕ၿငိသြားတာျဖစ္မယ္ ကြၽန္ေတာ္တစ္ကယ္ေတာင္းပန္ပါတယ္ ဒီလက္ေကာက္ေလးအတြက္ျပန္အေလ်ာ္ေပးပါ့မယ္"
Jaehyunလည္းလက္ေကာက္ေလးျပတ္သြားသည္မလို႔ငိုခ်င္မိေပမဲ့လည္းသူကအရင္သြားဆြဲမိသူျဖစ္တာမလို႔
"ရပါတယ္....ကြၽန္ေတာ္ကလူမွားၿပီးဆြဲမိလို႔ျဖစ္တာပါ"
Jaehyunမွာေျပာရင္းဆိုရင္းျပတ္က်သြားသည့္လက္ေကာက္အပိုင္းအစေလးေတြကိုလိုက္ေကာက္ေနရင္းထိုလူရဲ႕လက္ေခ်ာင္းသြယ္သြယ္တို႔နဲ႕သြားၿပီးမေတာ္တစ္ဆထိမိသြားေလသည္။
"ဒီကသူ တစ္ကယ္အဆင္ေျပရဲ႕လား လက္ေတြလည္းေအးစက္ေနတာပဲ ႏႈတ္ခမ္းေတြလည္းတုန္ေနတယ္ တစ္ကယ္အဆင္ေျပတာမွန္လို႔လားဟင္"
တစ္ခါမွမျမင္ဖူးပါေသာသူစိမ္းတစ္ေယာက္ကသူ႕ရဲ႕ေအးစက္ေနသည့္လက္ေခ်ာင္းမ်ားကိုဆုပ္ကိုင္လိုက္ကာေျပာလာသည္မလို႔ႏြေးေထြးမႈေလးကိုJaehyunစိတ္ထဲခံစားမိပါသည္။
"အဆင္မေျပဘူးဆိုရင္ ေဆး႐ုံပဲျဖစ္ျဖစ္သြားမလား"
"ရ...ရပါတယ္....အဲ့ေလာက္ထိေတာ့..မ..မလိုပါဘူး....ကြၽန္ေတာ္ခ်ိန္းထားတာေလးရွိလို႔သြားလိုက္ပါဦးမယ္"
"ဟိတ္....ခနေလးေနဦး...!!! "
ထိုလူမွဘယ္ေလာက္ေအာ္ေခၚေအာ္ေခၚJaehyunကေတာ့တစ္ခ်ိဳးတည္းလွည့္ကာေျပးေလေတာ့သည္။
.
.
.
.
*Ring Ring*
"Hello...Younghoon hyung"
"ေအး...Hyunjun မင္းမလာေသးဘူးလား ဂိုက္ျပေပးမဲ့ဆရာကေရာက္ေနၿပီ"
"ေအာ္...ဟုတ္ဟုတ္ လာၿပီHyung ကြၽန္ေတာ္ကိစၥေလးတစ္ခုရွိသြားလို႔"
"ေအးေအး ျမန္ျမန္လာေနာ္"
.........................
"Jaehyun nah....မင္းအဆင္ေျပရဲ႕လား မင္းပုံစံၾကည့္ရတာလည္း တစ္မ်ိဳးပဲ အသက္ရႉၾကပ္ျပန္ၿပီလား"
ခုံမွာစထိုင္ကတည္းကေခြၽးအနည္းငယ္ထြက္ေနၿပီးပုံမွန္မဟုတ္ေနသည့္JaehyunအားYounghoonစိုးရိမ္စြာေမးေတာ့ဟိုကအၿပဳံးေလးတစ္ခုသာနဲ႕ေခါင္းခါျပသည္။
"Younghoon hyung!!!!"
"ေအာ္....လာေလ Hyunjun"
Hyunjunမွဝင္ထိုင္လိုက္ေပမဲ့Jaehyunကသူ႕အာ႐ုံနဲ႕သူအေတြးမ်ားေနသည္မလို႔Hyunjunကိုမျမင္ေသးေခ်။Younghoonကလည္းဝတ္ေက်တန္းေက်အရႏွစ္ေယာက္သားကိုမိတ္ဆက္ေပးေလသည္။
"Hyunjun....ဒါငါေျပာတဲ့ဂိုက္ဆရာေလ Lee Jaehyunတဲ့"
"ဟုတ္ကဲ့....ေတြ႕ရတာဝမ္းသာ.......အယ္!!!....ခင္ဗ်ား....ေစာနကဟိုတစ္ေယာက္!"
Hyunjunကေျပာလာေတာ့မွJaehyunလည္းသတိထားမိသြားသည္ထင္။မ်က္လုံးေလးကလယ္ကလယ္လုပ္ကာေသခ်ာၾကည့္ေနမိသည္။
"ဘာလည္း....မင္းတို႔ကသိတာလား"
"သိတာေတာ့မဟုတ္ပါဘူး ေစာနကHyungကိုေျပာတဲ့ကိစၥေလးတစ္ခုရွိေနတယ္ဆိုတာဒီကတစ္ေယာက္ရဲ႕လက္ေကာက္နဲ႕ကြၽန္ေတာ့္အကၤ်ီကာၾကယ္သီးနဲ႕ၿငိသြားတာ ျပတ္သြားေတာ့ ကူေပးေနတာ"
"ေအာ္......အဲ့လိုလား...ဟမ္ ေနပါဦး လက္ေကာက္ဆိုေတာ့!!!!!"
Younghoonမွအလန့္တစ္ၾကားနဲ႕Jaehyunကိုၾကည့္လိုက္ေတာ့Jaehyunကမ်က္ႏွာငယ္ေလးနဲ႕
"အင္း...ဟုတ္တယ္ သူေပးထားတဲ့လက္ေကာက္ျပတ္သြားတာ"
ေနာက္ဆုံးေတာ့Jaehyunဘာလို႔ပုံမွန္မျဖစ္ေနလည္းဆိုတာYounghoonသိသြားခဲ့ပါသည္။
"အဲ့လက္ေကာက္ကအေရးႀကီးတဲ့အရာမလို႔လားဟင္....ကြၽန္ေတာ္တစ္ကယ္ေတာင္းပန္ပါတယ္ ျပန္လည္းေလ်ာ္ေပးပါ့မယ္ေနာ္"
အားနာေနပုံရသည့္Hyunjunမွေျပာလာေတာ့Jaehyunကၿပဳံးျပကာ
"ရပါတယ္.....ကိစၥမရွိပါဘူး လာရင္းကိစၥပဲဆက္ေျပာၾကတာေပါ့"
"ဟုတ္....ဟုတ္ကဲ့"
Jaehyunစိတ္ထဲေတာ့လုံးဝအဆင္ေျပမေနေပမဲ့ရင့္က်က္လာခဲ့ၿပီမလို႔ဝမ္းနည္းမႈကိုခနမ်ိဳသိပ္ထားလိုက္ပါဦးမယ္ေလ။သူလုပ္ေနၾကတိုင္းေပါ့။
.................
"ဒါဆို ကေလးႏွစ္ေယာက္က Rakwonနဲ႕Yeonkyuတို႔နဲ႕႐ြယ္တူပဲေပါ့"
"ဟုတ္ပါတယ္ အဓိကကေတာ့ ကြၽန္ေတာ့္ညီမေတြက ကိုးရီယားလိုကြၽမ္းကြၽမ္းက်င္က်င္မေျပာတတ္ေနေသးတာ ။ သူတို႔ေက်ာင္းေတြဖြင့္လို႔တက္ရင္လည္းစာမလိုက္နိုင္မွာစိုးတာေလ "
"ဟုတ္ကဲ့ ရပါတယ္ သူတို႔ကိုကိုရီးယားစာနဲ႕ ေက်ာင္းစာကိုပါတစ္ခါတည္းလုပ္ေပးပါ့မယ္"
"ဟုတ္ကဲ့ Jaehyun shiကိုကြၽန္ေတာ္တစ္ကယ္အကူညီေတာင္းပါတယ္ဗ်ာ....ေအာ္...ဒါနဲ႕လခကေကာဘယ္လိုယူလည္းမသိဘူး"
"ႏွစ္ေယာက္ဆိုေတာ့ကြၽန္ေတာ္ေလွ်ာ့ၿပီးယူေပးပါ့မယ္"
"ဟုတ္ကဲ့ ေက်းဇူးပါJaehyun shi"
သူတို႔ႏွစ္ေယာက္လည္းစကားေျပာေနတုန္းေဘးမွာရွိေနသည့္Younghoonမွ
"မင္းတို႔....ခနေနခဲ့လိုက္ဦးေနာ္ ငါဟိုေမ်ာက္ေလာင္းေလးေတြကိုသင္တန္းကေနသြားႀကိဳလိုက္ဦးမယ္ ေအာ္...တစ္ခါတည္းHyunjunရဲ႕ညီမေတြပါႀကိဳခဲ့လိုက္မယ္ေလ"
"အာ...အဲ့လိုဆိုေက်းဇူးတင္တာေပါ့ Hyung"
"ေအးေအး"
Younghoonထြက္သြားေတာ့က်န္ခဲ့သည့္ႏွစ္ေယာက္မွာေကာ္ဖီေလးေသာက္ရင္းHyunjunဘက္မွစကားစလိုက္ေလသည္။
"ဒါနဲ႕ Jaehyun shi "
"ဟုတ္ကဲ့"
"ဟိုေလ.......ကြၽန္ေတာ္လက္ေကာက္ကိစၥနဲ႕ပတ္သက္ၿပီးJaehyun shiကိုအားနာေနတုန္းပဲ အဲ့တာ ကြၽန္ေတာ္တစ္ခုခုျပန္ဝယ္ေပးလို႔ရမလားဟင္"
"အာ...ဟုတ္ကဲ့ရပါတယ္ ျပန္ဝယ္ေပးဖို႔မလိုပါဘူး"
"မဟုတ္တာ.....ကြၽန္ေတာ္ျပန္မွမဝယ္ေပးရရင္စိတ္မေကာင္းလို႔ပါေနာ္ ဒီလိုလုပ္မလား အခုကြၽန္ေတာ္တို႔ေကာ္ဖီေသာက္ၿပီးသြားရင္ လက္ေကာက္သြားၾကည့္ၾကမယ္ေလ ကြၽန္ေတာ့္ညီမႏွစ္ေယာက္အတြက္လိုအပ္တဲ့စာအုပ္ေတြလည္းဝယ္ရဦးမွာဆိုေတာ့ Jaehyun shiပါရင္ပိုေကာင္းတာေပါ့"
"အာ......ဟုတ္ကဲ့........"
"ဘာလည္း...Jaehyun shiက ကြၽန္ေတာ္နဲ႕အတူမသြားခ်င္လို႔လား"
"အဲ့လိုမဟုတ္ပါဘူး လိုက္ပါ့မယ္"
.................
Hyunjunတစ္ေယာက္သူ႕ေဘးမွာထိုင္ကာလိုက္ပါလာသည့္ဂိုက္ဆရာဆိုသူအားကားေမာင္းေနေပမဲ့တစ္ခ်က္ခ်က္လွမ္းၾကည့္မိသည္။
ၿပဳံးျပေနပါေသာ္လည္းတစ္ကယ္တမ္းမ်က္ဝန္းေတြထဲမွာဝမ္းနည္းမႈအရိပ္ေယာင္မ်ားကိုသူေတြ႕ရသည္မလို႔Jaehyunရဲ႕စိတ္ထဲဘာေတြေၾကာင့္ဝမ္းနည္းေနမလည္းဆိုတာသူသိခ်င္မိသည္။
ၾကည့္ရတာလက္ေကာက္တစ္ခုေၾကာင့္နဲ႕ေတာ့မဟုတ္ေလာက္ေပ။ ျဖဴေရာ္ေရာ္မ်က္ႏွာေလးနဲ႕ၾကည့္ရတာေနလည္းေကာင္းမည့္ပုံမေပၚပါ။သူေခၚလာမိတာမ်ားမွားသြားၿပီလား။
"Hyunjun shiဘာေတြအဲ့ေလာက္ေတာင္ၾကည့္ေနတာလည္း ကြၽန္ေတာ့္မ်က္ႏွာမွာတစ္ခုခုေပေနလို႔လား"
"ဟင္.....ေအာ္.....မ...မဟုတ္ပါ....အဲ.....ဟုတ္တယ္...မ...မဟ......အာ...ဟုတ္တယ္ဟုတ္တယ္"
"ဗ်ာ! Hyunjun shi ေျပာတာ ဟုတ္တာလား မဟုတ္တာလား"
"ဟုတ္တယ္လို႔....ဟုတ္တယ္လို႔ေျပာတာ"
Hyunjunတစ္ေယာက္ခိုးခိုးၾကည့္ေနမိတာ လူမိသြားရွာေတာ့စကားေတြေတာင္မွားကုန္ေလသည္။ရွက္ရမ္းရမ္းမွပဲရေတာ့မည္။မဟုတ္လွ်င္Jaehyunကသူ႕အားႏွာဘူးထင္ေနမွျဖင့္။
"ဘယ္နားမွာေပေနတာလည္း မွန္ၾကည့္ၿပီးသုတ္လိုက္မယ္ "
ဆိုကာJaehyunမွကားအေပၚမွန္ကိုဆြဲယူမည္လုပ္ေတာ့Hyunjunက လက္ကိုအျမန္တားရင္း
"အမ်ားႀကီးမဟုတ္ပါဘူး...ဒီနားေလးတင္ ကြၽန္ေတာ္သုတ္ေပးမယ္"
ဆိုကာကားကိုေဘးနည္းနည္းကပ္ကာအရွိန္ေလွ်ာ့ေမာင္းလိုက္ၿပီးJaehyunရဲ႕ႏွာတံဖ်ားနားကိုသူ႕ရဲ႕လက္ေခ်ာင္းသြယ္သြယ္တို႔နဲ႕မရွိသည့္ေပေနသည္ဆိုေသာအရာအားသုတ္လိုက္ေလသည္။
Hyunjunရဲ႕လက္ဟာJaehyunရဲ႕ႏွာတံဖ်ားေလးကိုထိေတြ႕လာခ်ိန္မွာJaehyunရင္ထဲတစ္မ်ိဳးေလးခံစားလိုက္ရပါသည္။ သူ႕မ်က္ႏွာကိုအခုလိုမ်ိဳးတစ္ယုတစ္ယကိုင္ဖူးသည္ကJuyeonမွလြဲၿပီးမရွိဘဲကို။
"ေျပာင္သြားၿပီ"
"ဟုတ္ကဲ့.....ေက်းဇူးပါ"
"အင္း....ဒါနဲ႕ေလ ကြၽန္ေတာ့္ကိုရင္းရင္းႏွီးႏွီးေခၚေျပာလို႔ရပါတယ္ ကြၽန္ေတာ္လည္းHyungကိုရင္းရင္းႏွီးႏွီးေျပာမယ္ေလ"
"ရပါတယ္.....ဒါဆိုHyunjunလို႔ပဲေခၚမယ္ေနာ္....ဒါနဲ႕ေလ အခုလိုလာလိုက္တာ Younghoonကိုေရာ ဘယ္လိုလုပ္မွာလည္း ညီမေလးေတြေကာႀကိဳလာမယ္ဆို"
"ကြၽန္ေတာ္Messageပို႔ၿပီးသြားၿပီHyung"
"အာ...ဟုတ္ပါၿပီ အဲ့တာဆိုလည္း"
Hyunjunကေဖာ္ေ႐ြသူမလို႔စကားကိုတစ္ဖက္သားသေဘာက်ေအာင္ေတာ့ေျပာတတ္ပါသည္။ဒါေၾကာင့္လည္းJaehyunနဲ႕ခနေလးအတြင္းမွာခင္သြားခဲ့သည္။
ကားေပၚမွာစကားေျပာေနၾကသည့္သူတို႔ႏွစ္ေယာက္မသိသည္က သူတို႔ဆိုင္ကေနစထြက္လာကတည္းကေနာက္ကေနလိုက္ခဲ့သည့္ကားတစ္စီးရွိသည္ဆိုတာပင္ျဖစ္သည္။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ပစၥည္းေရာ?"
"ဒီမွာ "
ျပသည့္ေနရာကိုၾကည့္လိုက္ေတာ့ခရီးေဆာင္အိတ္တစ္လုံးကိုJuyeonေတြ႕ေလသည္။
"ဒါဆိုဒီထဲမွာအကုန္ပါတယ္ေနာ္"
"ဟက္....ငါကလိမ္မဲ့သူမ်ိဳးလား"
စကားေျပာလွ်င္ဘုကလန့္ႏွင့္ရန္စသလိုလိုေျပာတတ္သည့္သူေတြရဲ႕အေၾကာင္းအားJuyeonေနာေၾကေနၿပီမလို႔ခပ္ေထ့ေထ့အၿပဳံးတစ္ခုကိုသာတပ္ဆင္ရင္း
"ခင္ဗ်ားကိုလည္းလိမ္တယ္လို႔ကြၽန္ေတာ္မေျပာမိပါဘူး.....ပိုက္ဆံကခင္ဗ်ားကားထဲကိုအကုန္ထည့္ေပးၿပီးသြားၿပီဆိုေတာ့ ကြၽန္ေတာ္သြားေတာ့မယ္"
ဆိုကာလွည့္ထြက္မည္အလုပ္မွာ
"မင္းေနဦး!!! ပိုက္ဆံျပည့္မျပည့္အကုန္ေရၿပီးမွသြား!!"
စိတ္မရွည္ခ်င္ေတာ့သည့္Juyeonတစ္ေယာက္အတြင္းအိပ္ကပ္ထဲမွေသနတ္ကိုထုတ္ၿပီးထိုလူရဲ႕ေခါင္းတည့္တည့္ကိုပစ္လိုက္ခ်င္ပါေသာ္လည္းBossကမွာထားသည္ကတစ္ေၾကာင္း public areaႀကီးမွာပြဲထျဖစ္ရင္လည္းရဲေတြဘာေတြနဲ႕ဇာတ္လမ္းရႈပ္ရမွာကိုမလိုလားသည္ကတစ္ေၾကာင္းမလို႔ေလွာင္သလိုအျပဳးတစ္ခုကိုမ်က္ႏွာတပ္ဆင္ထားရင္းထိုလူ႕ဘက္လွည့္ကာ
"ဒီမွာ ေဟ့လူ ခင္ဗ်ားရစ္ခ်င္တိုင္းရစ္ေနရေအာင္ကြၽန္ေတာ္ကခင္ဗ်ားေယာက်ာ္းလည္းမဟုတ္ဘူး ၿပီးေတာ့ဒီေလာကမွာLee Juyeonလိမ္သြားတယ္ဆိုတာမ်ိဳးေကာၾကားဖူးလို႔လား ကြၽန္ေတာ္ကရႈပ္ရႈပ္ရွက္ရွက္ေတြမႀကိဳက္တာမလို႔ ပိုက္ဆံေရခ်င္ရင္ခင္ဗ်ားဘာသာတစ္ေယာက္တည္းေရ"
ဟုေျပာကာstyle pantထဲလက္ထည့္ရင္းလွည့္ထြက္လာလိုက္သည္ကခန့္ညားမႈအတိ ယုံၾကည့္ခ်က္အျပည့္ႏွင့္ပင္။
ႏွစ္ထပ္ရွိသည့္ေကာ္ဖီဆိုင္ျဖစ္သည္မလို႔အေပၚထပ္ကေနJuyeonဆင္းလာရင္းနားစြန္နားဖ်ားၾကားလိုက္ရသည့္အသံတစ္ခု။
"Jaehyun nah..............."
ေလွကားကိုဆင္းေနသည့္Juyeonရဲ႕ေျခလွမ္းမ်ားတုံ႕ခနဲရပ္တန့္သြားၿပီးအသံလာရာေဘးဘက္ကိုမရဲတစ္ရဲလွည့္ၾကည့္မိလိုက္သည္။
"Jaeလား....."
Juyeonစိတ္ထဲေရ႐ြတ္ရင္းၾကည့္မိလိုက္ေတာ့ေအာက္ထပ္ရဲ႕စားပြဲတစ္ေနရာမွာYounghoonကိုေတြ႕ေလသည္။ၿပီးေတာ့Younghoonေဘးမွာထိုင္ေနသည့္သူတစ္ေယာက္။အနည္းငယ္ကြယ္ေန၍သိပ္မျမင္ရေသာေၾကာင့္ေခါင္းေစာင္းကာၾကည့္လိုက္ေတာ့Jaehyunမဟုတ္ေနပါ။
"ငါသပ္သပ္ေမွ်ာ္လင့္မိသြားတာပဲ"
စိတ္ထဲမွာပင္ေရ႐ြတ္လို႔မဆုံးေသးခင္မွာYounghoonမွထိုင္ေနရာကထၿပီးေစာနကေကာင္ေလးကိုမဟုတ္ဘဲေနာက္တစ္ဖက္ကိုပါလက္လွမ္းျပေနသည္မလို႔သူနဲ႕ကြယ္ေနသည့္ေနရာမွာလူတစ္ယာက္ရွိလိမ့္မည္ဟုခန့္မွန္းမိသည္။
ဒါေၾကာင့္ေအာက္ထပ္ကိုအနည္းငယ္ထပ္ဆင္းၿပီးၾကည့္လိုက္ေတာ့အျဖဴေရာင္ဆြယ္တာေလးကိုဝတ္ထားၿပီးအညိုမက်လိေမၼာ္မက်ဆံႏြယ္ေရာင္ေခါင္းလုံးလုံးေလးနဲ႕သူအားျမင္ေတြ႕လိုက္ရေတာ့Juyeonရင္ဘတ္ထဲတြင္အတိုင္းအဆမရွိအခုန္ျမန္လာရေတာ့သည္။
"Jae......Jaeလား"
သူ႕စိတ္ထဲရွိသည့္အတိုင္းသာဆိုရင္ေတာ့ထိုေနရာကိုေျပးၿပီးသြားေတြ႕လိုက္ခ်င္ေပမဲ့တစ္ကယ္တမ္းJaehyunျဖစ္ေနရင္သူရင္ဆိုင္နိုင္ပါ့မလားဟုလည္းေတြးမိကာေၾကာက္ေနမိျပန္သည္။
သူဒါေလးေတာင္သတၱိမရွိေတာ့ဘူးလား။ သူခ်စ္ရတဲ့သူကိုႏွစ္အေတာ္ၾကာမွျပန္ေတြ႕တာေတာင္သူ႕မွာသြားေတြ႕ဖို႔အတြက္သတၱိမရွိေတာ့ဘူးလား။
Juyeonထိုေနရာမွာတင္တုံ႕ဆိုင္းေနတုန္းမွာပဲတစ္ဖက္မွလူႏွင့္အျဖဴေရာင္ဆြယ္တာပိုင္ရွင္ေလးတို႔ကေနရာမွထကာ ဆိုင္အျပင္သို႔ဦးတည္ၾကေလသည္။
ထလာေတာ့ေဘးတိုက္ျမင္လိုက္ရသည့္အခ်ိန္မွာJuyeonႏွလုံးသားတစ္ခုလုံးေျဗာင္းဆန္းကုန္ပါေတာ့သည္။
သူ႕ရဲ႕Jae....သူသိပ္ကိုခ်စ္ရတဲ့Jae။
ႏွစ္ေယာက္မွဆိုင္ျပင္ကိုထြက္သြားေတာ့ခ်က္ခ်င္းပဲအေနာက္ကေနလိုက္သြားပါသည္။ေသခ်ာေပါက္maskနဲ႕ဦးထုပ္ကိုေတာ့သူအလ်င္အျမန္ေဆာင္းလိုက္တာေပါ့။
"Jae....အခုဘယ္သြားမွာလည္း....ေဘးကသူကေရာဘယ္သူလည္း....ဘာလို႔အရမ္းရင္းႏွီးေနၾကတာလည္း....."
လည္းေပါင္းမ်ားစြာေသာေမးခြန္းေတြေခါင္းထဲမွာတန္းစီးေနသည္မွာသူ႕ကိုယ္သူပင္သတိမထားမိေခ်။Jaehyunကားေပၚမတက္ခင္ထိုေကာင္ေလးမွဖြင့္ေပးေတာ့Juyeonသံသယစိတ္တို႔ကပိုဆိုးလာခဲ့သည္။
ဒါေၾကာင့္ဒီတစ္ခါမွာေတာ့တုံ႕ဆိုင္းျခင္းမရွိဘဲJaehyunတက္သြားရာကားေနာက္သို႔လိုက္ခဲ့ပါေတာ့သည္။
သူအနီးကပ္သြားထိေတြ႕န္ိုင္ဖို႔ေတာ့အတင့္မရဲေသးေပမဲ့လည္းအေနာက္ကေနေတာ့လိုက္ၾကည့္ခ်င္မိသည္။
မျမင္ရတဲ့ႏွစ္အေတာ္ၾကာမွာJaehyunတစ္ေယာက္ေျပာင္းလဲသြားမလား။ သူ႕ကိုေရာသတိရေသးရဲ႕လား။သူ႕အေပၚထားတဲ့စိတ္ေတြကေရာအရင္လိုရွိေနတုန္းပဲလားဟင္~~
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen4U.Com